← Chapters

ဒီ အောင်မြင်မူ့က...

Vol. 23 Ch. 324

ဒီ အောင်မြင်မူ့က...

Vol. 23 Ch. 324

" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချန်းဟူ ပထမဆုံးအကြိမ် ခုန်လိုက်ခြင်းက ထရီဗီကိုနီယန် ဆင်းသက်တဲ့နေရာထက် အနည်းဆုံး ဆယ်စင်တီမီတာခန့် ဝေးကွာ နေသည်။

မူလက အလွန်စည်ကားနေတဲ့ မြင်ကွင်းက လုံးဝတိတ်ဆိတ်သွားပြီး အော်ဟစ်နေကြတဲ့ ပရိသတ်များပင် ရပ်တန့်သွားကြပြီး သူတို့ ၏ အကြည့်များအားလုံးက လူတစ်ယောက် ခုန်ဆင်းတဲ့ အတား အဆီးများပေါ်တွင် ရှိ နေသည်။

ဒိုင်လူကြီးရဲ့ အချက်ပြမှု့အောက်တွင် ဝန် ထမ်းများစွာက ချက်ချင်း တိုင်းတာ့မှုများ ပြုလုပ်ခဲ့ရာ ရလဒ်များက လျင်မြန်စွာ ထွက်ပေါ်လာသည်။

"၉.၀၃ မီတာ.."

ချန်းဟူ ပထမဆုံးအကြိမ် ခုန်တာနဲ့ နှစ် ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့သည့် ၈.၉၅ မီတာ ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ပြီး တိုက်ရိုက် ၉ မီတာအမှတ်ကို ဝင်သွားခဲ့ သည်။

ချန်းဟူ ခုန်သည့်ရလဒ်ကို စပီကာမှ ကြေ ညာတဲ့အခါ မူလက တိတ်ဆိတ်နေတဲ့ မြင် ကွင်း ယကရုတ်တရက် ဆူပွက်သွားခဲ့သည်။

"အော်ဟစ်သံများ.."

"ပွမ် ပွမ် "

" ဒုံး ဒုံး ဒုံး ချန်းဟူ "

"ဟွန်းသံများ "

အသံမျိုးစုံ ပေါင်းစပ်နေခဲ့သည်။ အချို့ လူများက ကြယ်ငါးပွင့်အလံကို ထုတ်ယူကာ သူတို့ရဲ့လက်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ဝှေ့ယမ်းနေကြသည်။ ဒီပျော်ရွှင်မှု့ကို အဝေးတစ်နေရာမှပင် ခံစားနိုင်သည်။

လျူယောင် အနည်းငယ်ပြုံးလိုက်ပြီး နှိုင်း ယှဉ်ချက်အရ တည်ငြိမ်နေသည်။ ချန်းဟူ ခုန်တဲ့ နူန်းက သူ မျှော်လင့်ထားတဲ့အတိုင်းပဲ ဖြစ်၏။ ချန်းဟူကို အမှတ် ၁၀၀ ပေးခဲ့ပြီး ပရော်ဖက်ရှင်နယ်သင်တန်းကို အချိန် အ ကြာကြီး လေ့ကျင့်ခဲ့ပြီးနောက် ကမ္ဘာ့စံချိန် ကို မချိုးဖျက်နိုင်ရင်သာ အံ့သြစရာ ဖြစ် လိမ့်မည်။

လီချန်လဲ့က ထိုမျှတည်ငြိမ်ခြင်းမရှိပေ။ သူမက မတ်တပ်ရပ်ပြီး အားပေးခြင်း၊ အော်ဟစ်ခြင်းနဲ့ လက်ခုပ်တီးခြင်းတို့ကို အချိန်တိုင်းလုပ်နေသည်။ သူမက ခုတော့ အလှအပကြီးသူတစ်ဦးနဲ့တူပုံမပေါ်ဘဲ တည်ငြိမ်တဲ့အမျိုးသမီးပုံသဏ္ဌာန်နှင့်လည်း မတူခဲ့ပေ။

ဘေးနားမှ ရှောင်ရှန်းရိုကရော ဘယ်လိုလဲ...

သူက အော်ဟစ်ခြင်းနဲ့ လက်ခုပ်တီးခြင်း တို့ အတွက် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိ ဘဲ တရီဗီကနီယန်အတွက် သက်ပြင်းချ နေသည်။

လျူယောင် ဒါကို အနည်းငယ် စိတ်မသက် မသာ ဖြစ်နေမိသည်။

“မင်း ခုနက မောက်မာနေတယ်မဟုတ်လား.. ယုံကြည်မှု့အပြည့်အဝ ရှိခဲ့တယ်မဟုတ်လား တရီဗီကနီယန်က ချန်ပီယံဆု သေချာပေါက် ရလိမ့်မယ်လို့ မပြောခဲ့ဘူးလား...”

ဒီကြယ်ပွင့်လေး ရှိရာကို လျူယောင် လှည့် ကြည့်လိုက်ကာ အသံကျယ်ကျယ်နဲ့ ပြော လိုက်၏။

“ဘယ်လိုလဲ ချန်းဟူက ရွှေတံဆိပ်ရ နိုင် တယ်လို့ ငါ မပြောဘူးလား.. ချန်းဟူရှိနေတဲ့ အတွက် ငါတို့ ယန်နိုင်ငံရဲ့ အားကစားက အားနည်းတော့မှာ မဟုတ်ဘူး..”

အံ့သြစရာကောင်းတာက ရှောင်ရှန်းရိုက မှားယွင်းမှု့ကို တောင်းပန်ရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိဘဲ ပြောနေသည်။

“ချန်းဟူက ဒီတစ်ခေါက် ကံကောင်းတာ .. သူက ပုံမှန်ထက် ပိုကောင်းအောင် လုပ် ဆောင်နိုင်ခဲ့တာပဲ ရှိတယ် တရီဗီကနီယန်က သူ့ကို သေချာပေါက် ကျော်လွန်သွားလိမ့် မယ်..”

လျူယောင် လှောင်ပြောင်လိုက်သည်။

“ဒါဆိုရင် စောင့်ကြည့်နေလိုက် လူတချို့ရဲ့ မျက်နှာတွေတော့ မကြာခင် ဖြတ်ရိုက်ခံရ တော့မယ်ထင်တယ်..”

အမှန်ပါပဲ တရီဗီကိုနီယန် ဒုတိယခုန်တာက လည်း ၈.၈၆ မီတာသာ ရှိပြီး ပထမခုန်တာ ထက် ၈.၉၁ မီတာထက်ပင် ပို၍ဆိုးရွားနေ လေသည်။

ချန်းဟူရဲ့ ပထမဆုံး စံချိန်တင် ခုန်ခြင်းက သူ့ကို ဖိအားများစွာ ပေးခဲ့တယ်လို့ ခန့်မှန်း ရသည်။

ချန်းဟူ ဒုတိယခုန်တာက ပိုတောင် အံ့သြဖွ ယ်ကောင်းပြီး ပထမခုန်တာထက် ပို ကောင်း ခဲ့သည်။ ၉.၀၆ မီတာ ခုန်ခဲ့ပြီး သုံးစင်တီမီ တာ တိုးတက်လာခဲ့သည်။

သုံးစင်တီမီတာကို ဖယ်ထား.ကမ္ဘာ့စံ ချိန် အခြေခံတွင် တစ်စင်တီမီတာတိုးရန်ပင် အလွန်ခက်ခဲသည်။ ချန်းဟူက ဒုတိယ ခုန် ခြင်းတွင် သုံးစင်တီမီတာခုန်ခဲ့တာကြောင့် ရွှေတံဆိပ်ဆုက သေချာသွားပြီပဲ ဖြစ် သည်။

ထို့နောက်တွင် မည်သည့်သံသယမှ မရှိတော့ ပေ။ ပြိုင်ပွဲဝင်အားလုံးက ချန်ဟူကြောင့် အ လဲထိုးခံခဲ့ရသည်။ ချန်းဟူ နောက်ဆုံး ရ လဒ်မှာ ၉.၁၀ မီတာတွင် အတည်ဖြစ်ခဲ့ သည်။ ဒီရလဒ်မျိုးက မရောက်နိုင်တဲ့ တော င်ထိပ်လိုပဲ ဖြစ်သည်။ နှစ်အနည်းငယ် ကြာပြီးနောက် မည်သူမဆို ဒီစံချိန်ကို ချိုး ဖျက်ရန် ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းရသည်။

ဒီရလဒ်ကို မြင်တဲ့အခါ ရှောင်ရှန်း ရိုရဲ့ မျက် နှာရိုက်ခံရသလိ ဖြစ်နေပြီး သူ့အိုင်ဒေါ တရီ ဗီကိုနီယန်က တစ်ကြိမ်ပြီးတစ်ကြိမ် ပို၍ဆို းရွားလာခဲ့ပြီး နောက်ဆုံးရမှတ်ကလည်း ၈.၉၁ မီတာသာ ရှိလေသည်။

အလျားခုန်ပြိုင်ပွဲတစ်ခုလုံး မပြီးဆုံးမှီမှာပဲ ကစားသမားအချို့ နောက်ဆုံးခုန်ခြင်း မလုပ်ခင်တွင် ရှောင်ရှန်းရိုက အရှက်တကွဲနဲ့ ပွဲ ကြည့်စင်မှ ထွက်ခွာသွားခဲ့သည်။

ရှောင်ရှန်းရိုက တောင်းပန်ရန် အနည်းငယ်မှ ရည်ရွယ်ချက်မရှိဘဲ ထွက်ခွာသွားတာကို မြင်တဲ့အခါ လျူယောင်ရဲ့ အကြည့်များက အနည်းငယ်အေးစက်သွားပြီး စိတ်ထဲကနေ ရေရွတ်လိုက်သည်။

“ငါ ပြန်ရောက်ရင် အခြေခံစည်းမျဉ်းမရှိတဲ့ ဒီ ကြယ်ပွင့်လေးကို ပိတ်ပင်ရမယ်..”

နောက်ရက်အနည်းငယ်တွင်..

ချန်းဟူက အကြိုပွဲများနဲ့ ဗိုလ်လုပွဲများစွာကို တစ်လှည့်စီ ပြိုင်ခဲ့ပြီး ပွဲစဉ်တစ်ပွဲချင်းစီတွင် ကောင်းစွာလုပ်ဆောင်နိုင်ခဲ့သည်။ အလျားခု န်အပြီးတွင် ချန်းဟူက အမျိုးသားလှံပစ်နဲ့ သံလုံးပစ် ချန်ပီယံဆုများကို ဆွတ်ခူးခဲ့၏။

ရက်အနည်းငယ်အတွင်းမှာပဲ ချန်းဟူက ရွှေတံဆိပ် ၃ ခု ရရှိခဲ့သည်။

ပြည်တွင်းမီဒီယာများက ရူးသွပ်သွားပြီး ချန်းဟူနဲ့ပတ်သက်တဲ့ သတင်းများနဲ့သာ ပြည့်နှက်နေသည်။ လျူယောင်က တောင်အမေရိကရှိ အိုလံပစ်ပွဲတော်ကို ကြည့်ရှုနေပေမဲ့ သူ့လက်ကိုင်ဖုန်းကို ဖွင့်လိုက်တာနဲ့ ပြည်တွင်းမီဒီယာများရဲ့ စိတ်အားထက်သန်မှု့ကို ခံစားနိုင်သည်။

ယနေ့က အမျိုးသားမီတာ ၁၀၀ နှင့် အမျိုး သားမီတာ ၁၅၀၀ ဗိုလ်လုပွဲများဖြစ်ပြီး အားကစားကွင်းတစ်ခုတည်းတွင် ကျင်းပ ခဲ့သည်။

အမျိုးသားမီတာ ၁၀၀ ဗိုလ်လုပွဲကို အရင် ကျင်းပခဲ့၏။ အားကစားသမား ၈ ဦးက ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်နေ ကြပြီး ချန်းဟူလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။

ဒီပွဲစဉ်တွင် ချန်းဟူက ချန်ပီယံဆုရရှိရန် အတွက် ​ထင်ကြေး အမြင့်ဆုံး ရရှိထားပေ သည်။ နောက်ဆုံး IAAF Diamond League တွင် ချန်းဟူက အမျိုးသားမီတာ ၁၀၀ ကမ္ဘာ့စံချိန်ကို ချိုးဖျက်ထားသည်လေ။

ဒီအိုလံပစ်ပွဲတော်တွင် နာမည်ကြီး အမျိုး သားမီတာ ၁၀၀ ကစားသမားအားလုံးက နိုင်ငံမျိုးစုံမှ ထွက်လာကြပြီး သူတို့က လုံး ဝမရှားပေ။ သူတို့က ချန်းဟူနှင့် ပြိုင်ဆိုင် လိုပြီး ချန်းဟူတွင် စွမ်းရည် တကယ်ရှိမရှိကို ကြည့်လိုကြသည်။

ဒီနာမည်ကြီးများအားလုံးက သူတို့စိတ်ထဲ တွင် မကျေမနပ်ဖြစ်နေကြပြီး အိုလံပစ် ပွဲတော်တွင် ချန်းဟူကို အနိုင်ယူလိုကြသည်။

ချန်းဟူကလည်း သူတို့အား မျှော်လင့်ချက် များ အလုံအလောက် ပေးခဲ့သည်။ မီတာ ၁၀၀ အကြိုပွဲစဉ်များတွင် ချန်းဟူ၏ စွမ်း ဆောင်ရည်က ကျေနပ်ဖွယ်ရာ ရလဒ်သာ ဖြစ်ပြီး ထူးထူးခြားခြား လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

ဥပမာအားဖြင့် မီတာ ၁၀၀ အကြိုပွဲစဉ်မျ ားတွင် ချန်းဟူက အုပ်စုတစ်စုတွင် ဒုတိယ သာ ပြေးနိုင်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်တဲ့ အား ကစားသမား သုံးဆယ်ကျော်အနက် အ ကြိုပွဲစဉ်များတွင် ဆဋ္ဌမနေရာသာ ရရှိခဲ့ သည်။

မီတာ ၁၀၀ ဗိုလ်လုပွဲ စတင်ခဲ့ပြီး ပြိုင်ပွဲ ဝင်များအားလုံး ပြေးလမ်းပေါ်တွင် ရပ်နေ ကြကာ စတင်ရန် ပြင်ဆင်နေကြသည်။

ဒုတိယပြေးလမ်းတွင် ချန်းဟူ ရှိနေပြီး သူ့ အနီရောင်အားကစားဝတ်စုံကလည်း အလွန်သိသာထင်ရှားနေသည်။

တဖြည်းဖြည်းနှင့် အစက စည်ကားပြီး ဆူညံနေတဲ့ အားကစားကွင်းက တိတ်ဆိတ် သွားကာ အကြည့်များအားလုံးက မီတာ ၁၀၀ ပြေးလမ်းပေါ်တွင် ရှိနေကြသည်။

အိုလံပစ်ပွဲတော်တစ်ခုလုံးတွင် အမျိုးသား မီတာ ၁၀၀ ဗိုလ်လုပွဲက အာရုံစိုက်မှု့ အမြင့်ဆုံး ပွဲစဉ်ဖြစ်ခဲ့သည်။ဒီပွဲတွင် မီဒီယာသတင်းထောက်အများဆုံးလည်း ရှိနေပြီး ကင်မရာအမြောက်အမြားက ထိုအားကစားသမားများဆီသို့ ဦးတည် ချိန်ထားကြသည်။

“လူတိုင်း နေရာယူပါ”

ဟူတဲ့ အသံက အသံချဲ့စက်မှ ထွက်ပေါ်လ ာပြီး ပြိုင်ပွဲဝင် ၈ ဦးက အာရုံစိုက်နေကာ စတင် ပြေးရန် ပြင်ဆင်နေကြသည်။

" ဒိုင်း.."

ဒိုင်လူကြီး ဆီမှ သေနတ်သံမြည်လာခဲ့၏။

အပြေးသမား ၈ ဦးက တစ်ချိန်တည်းနီးပါး ပြေးသွားခဲ့ကြသည်။ သာမန်လူများ၏ ရှုထောင့်မှကြည့်ရင် သူတို့ရဲ့ စတင်တုံ့ ပြန်မှု့က အတူတူနီးပါးဖြစ်နေခဲ့သည်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်များကတော့ ချန်းဟူ၏ စတင်တုံ့ပြန်မှု့ အရှိန်က အ နည်းငယ်ပိုမြန်ကြောင်း မြင်နိုင်ခဲ့ကြသည်။

ဥပမာအားဖြင့် M နိုင်ငံရဲ့ နည်းပြက ချန်းဟူရဲ့ စတင်တုံ့ပြန်မှု့ကို မြင်တဲ့အခါ သူ့အကြည့်များ ရပ်တန့်သွားပြီး တစ်ခုခုမှားနေတာလို့ တွေးလိုက်သည်။

အကြိုပွဲစဉ်များအတွင်း ချန်းဟူက ပြိုင် ဘက်များကို မလှုပ်ရှားနိုင်အောင် ပြုလုပ် ရန်အတွက် စွမ်းအားကို ထိန်းသိမ်းထားပြီး မရေရာတဲ့ ခံစားချက်တစ်ခုကို သူ ခံစားခဲ့ ရသည်။

မီတာ ၂၀ အပြီးတွင် M နိုင်ငံနည်းပြ ခန့်မှန်း ချက်က မှန်ကန်ကြောင်း သိလိုက်ရပြီး ချန်းဟူက အခြားကစားသမားများထက် နေရာတစ်နေရာစာ ရှေ့ ရောက်ရှိနေပြီ ဖြစ် သည်။

အသိပညာရှိတဲ့လူအချို့က မနေနိုင်တော့ဘဲ အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။

" ဘုရားရေ.."

“မီတာ ၂၀ ပြေးပြီးမှ နေရာတစ်နေရာစာ ရှေ့ရောက်နေပြီ.. ဒါ ဘယ်လိုလုပ် ဖြစ် နိုင်မှာလဲ.. မီတာ ၃၀ မီတာ ၅၀ လောက် ဆိုရင် ဘယ်လိုနေမလဲ တွေးတောင် မတွေး ရဲတော့ဘူး..”

မီတာ ၃၀ အပြီးတွင် ချန်းဟူရဲ့ ဦးဆောင် မှု့က ပိုသိသာလာခဲ့သည်။ မီတာ ၅၀ အ ပြီးတွင်တော့ ချန်းဟူကပဲ ဦးဆောင်ကာ ရှေ့မှပြေးနေပြီး အခြားကစားသမားများက သူ့နောက်မှ လိုက်လာခဲ့ကြသည်။

ပြိုင်ပွဲတွင် ဘာ သံသယမှ မရှိတော့ပေ။ လူတိုင်းက ချန်းဟူ ရွှေတံဆိပ်ရဖို့ သေ ချာကြောင်း သိထားကြသည်။ လူတိုင်း ဂရုစိုက်တာက ချန်းဟူ ဘယ်လိုရလဒ်ကို ရရှိနိုင်မလဲဆိုတာသာ ဖြစ်၏။

မီတာ ၇၀ အပြီးတွင် ချန်းဟူ၏ ဦးဆော င်မှု့က ပိုတိုးတက်လာခဲ့သည်။ နောက်ဆုံး တော့ အမြန်ဆုံးပြေးလိုက်ပြီး ချန်းဟူက အကောင်းဦးဆောင်မှု့ဖြင့် ပထမဆုံးပန်း ဝင်ခဲ့သည်။

ချန်းဟူရဲ့ရလဒ်များကို အားကစားကွင်းထဲရှိ ဧရာမမော်နီတာပေါ်တွင် ချက်ချင်း ဖော်ပြခဲ့ ပြီး အကြည့်များအားလုံးနီးပါးက ဒီဧရာ မမော်နီတာပေါ်တွင်သာ ရှိနေကြသည်။

ထို့နောက် အံ့သြဖွယ်ကောင်းတဲ့ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

“ဘုရားရေ..”

“ဘုရားရေ မဖြစ်နိုင်တာ..”

“ချန်းဟူက ၉.၃၈ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ တာလား… “

သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာ့စံချိန်ကို ချိုးဖျက် ခဲ့ရုံသာမက လူသားတစ်ဦးရဲ့သမိုင်းတွင် ၉.၄၀ စက္ကန့်အတွင်း ပြေးနိုင်တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။

မြင်ကွင်းတစ်ခုလုံးက လုံးဝရူးသွပ်သွား ခဲ့သည်။ သူတို့က ယန်လူမျိုးများဖြစ်စေ နိုင်ငံခြားသားများဖြစ်စေ အားလုံးက ရူးသွပ်မှု့ထဲ ကျရောက်သွားကြသည်။ ဒီအောင်မြင်မှု့က ယန်နိုင်ငံအတွက် ဒါမှမဟုတ် ချန်းဟူအတွက်သာမက လူသားအားလုံးအတွက်ပဲ ဖြစ်၏။

လူသားတို့ရဲ့ စွမ်းရည်ကန့်သတ်ချက်က ၉.၅၀ စက္ကန့် ၉.၄၀ စက္ကန့်လောက်သာ ရှိခဲ့သည်။ အံ့အားသင့်ဖွယ်ကောင်းတဲ့ ၉.၃၈ စက္ကန့်နူန်းဖြင့် ချန်းဟူက ပြေးပြခဲ့သည် လေ။

" ဖြောင်း ဖြောင်း ဖြောင်း.."

လျူယောင်လည်း မတ်တပ်ရပ်ပြီး လက်ခု ပ်တီးကာ ချန်းဟူကို ဂုဏ်ပြုလိုက်သည်။

All Chapters