← Chapters

နောက်ထပ် အံ့အားသင့်အောင် လုပ်ပြခြင်း

Vol. 23 Ch. 325

နောက်ထပ် အံ့အားသင့်အောင် လုပ်ပြခြင်း

Vol. 23 Ch. 325

ကျိုးရှန်းရှင်းဆိုသူက အားကစားပွဲများကို စွဲလမ်းသူတစ်ဦးပဲ ဖြစ်သည်။

ဒီအချိန်တွင် ရီယိုအိုလံပစ်ပွဲတော်ရဲ့ အမျိုး သားမီတာ ၁၀၀ ပြိုင်ပွဲက ကျင်းပနေခဲ့ပြီး တရုတ်တွင် ည ၁၀ နာရီကျော်ဖြစ်ကာ သူတို့ အဖွဲ့က တီဗွီရှေ့တွင် မတ်တပ် ရပ် စောင့် ကြည့်နေကြသည်။

သူတို့အားလုံးက စိတ်လှုပ်ရှားနေပြီး အာ ရုံစူးစိုက်မှုအပြည့်ဖြင့် တီဗွီကြီးကို ကြည့် နေခဲ့ကြသည်။ ချန်းဟူ ပန်းဝင်စည်းကို အရင်ဆုံး ဖြတ်သွားတဲ့အခါ အားလုံး အော်ဟစ်လိုက်ကြသည်။

“အရမ်းမိုက်တယ် အရမ်းစိတ် လှုပ်ရှားဖို့ ကောင်းတာပဲဗျာ..”

“နောက်ထပ် ရွှေတံဆိပ်တစ်ခုလား..."

ရလဒ်များ ထွက်ပေါ်လာတဲ့အခါ သူတို့ ပိုလို့ ပင် မတည်မငြိမ် ဖြစ်လာကြပြီး အော်ဟစ် ကာ ရေရွတ်နေကြသည်။ ဘီယာပုလင်းများ ကိုပင် ဆွဲယူကာ အကြမ်းပတမ်း သောက် ကြပြီး ခဏတာ ထိန်းချုပ်မှု့ လွတ်သွား ခဲ့သည်။

ဒီလို အခြေအနေက တစ်နိုင်ငံလုံးတွင် ဖြစ် ပေါ်နေခဲ့ပြီး ချန်းဟူရဲ့ စံချိန်တင် ရွှေတံဆိပ် ဆုက ယန်နိုင်ငံကို ဆူပွက်သွားစေခဲ့သည်။

မီဒီယာအကုန်လုံး ညလုံးပေါက် မအိပ်ခဲ့ ကြ ပေ။ သတင်းထောက်များက သတင်းများ ရေးသားရန် အလုပ်များနေကြပြီး မီဒီယာ သမားများက ဗီဒီယိုများပြုလုပ်ရန် အလုပ် များနေကြသည်။

......

အိုလံပစ်ပွဲတော်နေရာတွင်..

လူတိုင်းနီးပါး မတ်တပ်ရပ်နေခဲ့ ကြသည်။ ဒီအချိန်တွင် နိုင်ငံနဲ့ လူမျိုး မခွဲခြားဘဲ လူ တိုင်းက အားသွန်ခွန်စိုက် လက်ခုပ်တီးနေ ကြသည်။

ချန်းဟူက ယန်နိုင်ငံအလံကို ဝတ်ဆင်ကာ ကွင်းပတ်ပတ်လည်တွင် ပြေးနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး အထွဋ်အထိပ်ကို ရောက်ရှိသွားခဲ့ရသည်။

လျူယောင် တကယ်ပင် ပျော်ရွှင်နေခဲ့သည်။ ဒါက ချန်းဟူအတွက် နောက်ထပ်ရွှေ တံဆိပ် တစ်ခုဖြစ်ပြီး အိုလံပစ်ပွဲတော်တွင် ရွှေတံ ဆိပ် ၈ ခုရရှိရန် သူ့ရည်ရွယ်ချက်နဲ့ ခြေ တစ်လှမ်းနီးကပ်သွားပြီဖြစ်သည်။

လီချန်လဲ့ရဲ့မျက်နှာတွင်လည်း ပျော်ရွှင်တဲ့ အမူအရာရှိနေသည်။

“အစ်ကိုယောင် ချန်းဟူက တကယ် တော် တယ်နော် သူ လူတိုင်းကို စိတ်မပျက် စေခဲ့ ဘူး..."

“အင်း ခဏစောင့်... ပြီးရင် အမျိုးသားမီတာ ၁၅၀၀ ဗိုလ်လုပွဲရှိတယ်.. ချန်းဟူ နောက် ထပ်ရွှေတံဆိပ်တစ်ခု ရလိမ့်မယ်လို့ ကိုယ် ထင်တယ်..”

လီချန်လဲ့ အနည်းငယ်စိုးရိမ်သွားသည်။

“သူ ခုနကပဲ မီတာ ၁၀၀ ပြေးခဲ့တာလေ.. ပြီးရင် မီတာ ၁၅၀၀ ပြေးရဦးမယ်..ခံနိုင် ရည်ရှိပါ့မလား..”

လျူယောင်က ယုံကြည်မှု့အပြည့်နဲ့ ပြန် ပြောလိုက်၏။

“လဲ့လဲ့သိလား သူက ချန်းဟူပဲ. .သာမန်လူ မဟုတ်ဘူး...”

ချန်းဟူက သာမန်လူ မဟုတ်တာ သေချာပေ သည်။

ချန်းဟူရဲ့ ခွန်အား လျင်မြန်မှု့နှင့် ကိုယ်ခန္ဓာ ဆိုင်ရာ အရည်အချင်း သုံးခုစလုံးက အမှတ် ၂၀၀ ဝန်းကျင်ရှိပြီး သာမန်လူများက အ မှတ် ၃0 ၄၀ ဝန်းကျင်သာ ရှိသည်။ အလွန် ကောင်းမွန်တဲ့ အားကစားသမားများပင် အ မှတ် ၁၀၀ ကို ကျော်ဖြတ်ရန် ခက်ခဲနိုင်ပေ သည်။

ဥပမာအားဖြင့် ကမ္ဘာပေါ်ရှိ နာမည်ကြီး အ လေးမသူတစ်ဦးအတွက် သူ့ရဲ့ခွန်အား အ ရည်အချင်းက အမှတ် ၁၀၀ ကိုပင် ကျော် ဖြတ်နိုင်ပေမဲ့ သူ့ရဲ့ အခြား လျင်မြန်မှု့နဲ့ ကိုယ်ခန္ဓာဆိုင်ရာ အရည်အချင်းများက သေချာပေါက် မကောင်းပေ။

ချန်းဟူအတွက် အရည်အချင်းသုံးခုစလုံးက အမှတ် ၂၀၀ ဝန်းကျင်ရှိပေသည်။ဒီလို လူတစ်ဦးအတွက် အမျိုးသားမီတာ ၁၀၀ ပြိုင်ပွဲ ပြိုင်ပြီးနောက်ထပ် မီတာ ၁၅၀၀ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းက ပြဿနာ မရှိ ပေ။

ဒီအားကစားကွင်းမှာပဲ အမျိုးသားမီတာ ၁၀၀ ဗိုလ်လုပွဲနောက်တွင် အမျိုးသမီး အလျားခုန် ဗိုလ်လုပွဲကို ကျင်းပခဲ့သည်။

အမျိုးသမီးအလျားခုန် ဗိုလ်လုပွဲ၏ တစ် ဝက်ခန့်တွင် အမျိုးသားမီတာ ၁၅၀၀ ဗိုလ် လုပွဲအတွက် ပြင်ဆင်မှုများ စတင်ခဲ့သည်။

ချန်းဟူ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပြီး နောက် အစမှတ်သို့ လမ်းလျှောက်သွား ခဲ့သည်။ သူက မီတာ ၁၅၀၀ ဗိုလ်လုပွဲတွင် ပါဝင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ချန်းဟူက အမျိုးသားမီတာ ၁၀၀ ဗိုလ်လု ပွဲကို အခုလေးတင် ပြီးဆုံးသွားပြီး ယခု အ မျိုးသားမီတာ ၁၅၀၀ ဗိုလ်လုပွဲအတွက် ပြင်ဆင်နေတာကို မြင်တဲ့အခါ ပရိတ် သတ်များအားလုံး ထိတ်လန့်သွားကြသည်။

“ဘုရားရေ.."

“ဒီလူက သတ္တုနဲ့လုပ်ထားတာလား”

“သူ့ရဲ့ကိုယ်ခန္ဓာဆိုင်ရာ ခံနိုင်ရည်က လိုက်မီ နိုင်ပါ့မလား..အမျိုးသားမီတာ ၁၅၀၀ ဗိုလ် လုပွဲက ခံနိုင်ရည်ကို ပြင်းထန်စွာ စမ်းသပ် ခြင်းပဲကို ”

ချန်းဟူကတော့ ပတ်ဝန်းကျင်မှ ထိတ်လန့် နေတဲ့ အကြည့်များကို ဂရုမစိုက်ဘဲ အစမှ တ်တွင် စိတ်အေးအေးထားကာ စပြေးရန် ပြင်ဆင်နေသည်။

ခဏအကြာတွင် “လူတိုင်း နေရာယူပါ”

ဟူတဲ့ အသံက အသံချဲ့စက်မှ ထွက်ပေါ် လာပြီးနောက် သေနတ်သံမြည်လာခဲ့သည်။

အမျိုးသားမီတာ ၁၅၀၀ ဗိုလ်လုပွဲ တရား ဝင်စတင်ခဲ့ပြီး ပြိုင်ပွဲဝင်များ စတင်ပြေး ထွက်သွားကြသည်။

အစပိုင်းတွင် ချန်းဟူရဲ့ အမြန်နှုန်းက နှိုင်း ယှဉ်ချက်အရ မြန်နေခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ တစ်ခုခုမှားနေကြောင်း လူများစွာက သိ လိုက်ကြသည်။

“အစပိုင်းမှာ ဒီလောက် မြန်မြန်ပြေးရင် နောက်ဆုံးမှာ အမြန်ဆုံးပြေးဖို့အတွက် စွမ်း အင်နည်းနည်း ချန်မထားတော့ ဘူးလား ဟ ဒီလိုပြေးနေရင် သူ့ရဲ့ ခံနိုင်ရည်က လိုက် မီ နိုင်ပါ့မလား...”

ပထမတစ်ပတ်အပြီးတွင် ချန်းဟူက ဒုတိယ နေရာကို မီတာ ၃၀ ကျော် ဦးဆောင်နေခဲ့ပြီး သူ့ရဲ့ ပြေးနူန်းက တိုးပွားလာနေ ပုံရသည်။ ဘာလို့လဲဆိုတော့ ချန်းဟူက အမြန်နှုန်းကို လျှော့ချရန် ရည်ရွယ်ချက်မရှိတာကြောင့်ပဲ ဖြစ်၏။

“ပြီးပြီ ပြီးပြီကွာ..”

“ဒီလိုပြေးရင်တော့ သေချာပေါက် မဖြစ်နို င်တော့ဘူး..”

“အများဆုံး နောက်တစ်ပတ်ဆိုရင် ချန်းဟူ ရဲ့ကိုယ်ခန္ဓာဆိုင်ရာ ခံနိုင်ရည်က သိသိသာ သာ ကျဆင်းသွားပြီး နောက်က အပြေး သမားတွေ သူ့ကို ကျော်သွားလိမ့်မယ်...”

ယန်နိုင်ငံမှ ပရိသတ်များက စိုးရိမ်ပူပန် နေ ကြသည်။ ချန်းဟူကို သူ့နောက်က ကစား သမားတွေက ကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆု ဆုံးရှုံးသွားမှာကို ကြောက်ခဲ့ကြသည်။

CCTV မှတ်ချက်ပေးသူပင် အတူတူပင် ဖြစ်ခဲ့သည်။

“ကျွန်တော်တို့က ချန်းဟူရဲ့လုပ်ဆောင်မှု့ကို သိပ် နားမလည်သေးပါဘူး သူ နောက်တ စ်ပတ်ဆို သူ့ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ကို ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်..”

နောက်ထပ်မှတ်ချက်ပေးသူတစ်ဦးကလည်း ပြောလိုက်၏။

“ကျွန်တော် အရမ်းစိုးရိမ်နေပါတယ် ..ချန်း ဟူက ခုနကပဲ အမျိုးသားမီတာ ၁၀၀ ဗိုလ် လုပွဲကို ပြီးဆုံးသွားတာ တစ်နာရီတောင် မပြည့်သေးဘူး..ဆိုလိုတာက သူ ဒီပြိုင်ပွဲပြီ းနောက် အနားယူချိန်များစွာ မရခဲ့ဘူး...”

CCTV ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ မှတ်ချက် ပေးသူကပင် ဒီလိုပြောနေတာကြောင့် တီဗွီ ရှေ့မှ ကြည့်ရှုသူ သန်းပေါင်းများစွာမှာ စိတ်ပျက်ဝမ်းနည်းနေကြသည်။ လူတိုင်းက ချန်းဟူအတွက် ချွေးများထွက်နေကြသည်။

လီချန်လဲ့လည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး သူမရဲ့ မျက်နှာတွင် စိုးရိမ်တဲ့ အမူအရာများ ရှိနေသည်။

“အစ်ကိုယောင် ချန်းဟူက အစပိုင်းမှာ အ ရမ်းမြန်မြန် ပြေးတာလား ကာယဆရာ ကျွန် မတို့ကို သင်ပေးထားက ရေရှည် ပြေးဖို့ ဆို ရင် ပထမဆုံး တည်ငြိမ်အောင်လုပ်ရပြီး နောက်ဆုံးအဆင့်ရောက်မှ အရှိန်မြှင့်ရမယ် တဲ့”

လျူယောင် စိတ်အေးအေးနဲ့ ပြုံးပြလိုက် သည်။

“အဲဒါက ပုံမှန်ပြေးတဲ့ပုံစံပဲ ချန်းဟူမှာ စွမ်းအင်တွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အစကတည်းက ဦးဆောင်ပြေးရင် ပိုကောင်းပါတယ် လဲ့လဲ့ စိတ်မပူ နဲ့ သူ့ကို ဘယ်သူမှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး...”

လျူယောင်ပြောတာကို ကြားတဲ့အခါ လီချန် လဲ့က စိတ်သက်သာရာရသွားပြီး ချန်းဟူရဲ့ ပွဲကို အာရုံစိုက် ကြည့်ရှုနေခဲ့သည်။

ပထမအပတ်တွင် ချန်းဟူ ဦးဆောင်နေ သည်။

ဒုတိယပတ်တွင် ချန်းဟူက ဦးဆောင်နေ ဆဲဖြစ်သည်။

တတိယပတ်တွင်လည်း ချန်းဟူက အကွာအ ဝေးတော်တော်များများ ဦးဆောင်နေပြီပဲ ဖြစ်သည်။

တတိယပတ်အပြီးတွင် စတုတ္ထပတ် ကိုဝင် ရောက်တဲ့အခါ လူများစွာ အားပေးလိုက် ကြသည်။ အထူးသဖြင့် ပွဲကိုကြည့်နေတဲ့ ယန်နိုင်ငံသားများက စိတ်လှုပ်ရှားကာ အသံကျယ်ကျယ်နဲ့ အားပေးနေကြသည်။

“အစ်ကိုဟူက အရမ်းမိုက်တယ် မင်းက အစ်ကိုဟူဖြစ်သင့်တယ်..”

“ဒီလိုခွန်အားမျိုးနဲ့ အစကတည်းက ဦး ဆောင်ပြေးရဲတာ မဆန်းပါဘူး..”

“အရမ်းကောင်းတယ် ဒါက လုံးဝအနိုင်ယူ သွားတာပဲ...”

နောက်ဆုံးအဆင့် အမြန်ပြေးခြင်းက မကြာမီ စတင်တော့မှာပဲ ဖြစ်၏။

ချန်းဟူ၏အမြန်နှုန်းက ပို မြန်လာပုံရပြီး အခြားကစားသမားများကလည်း အရှိန် မြှင့်လာပုံရသည်။ ဒါပေမဲ့ ချန်းဟူရဲ့ အမြန် နှုန်းလည်း ပိုမြန်လာပုံရပြီး ဒုတိယနေရာနဲ့ သူ့ရဲ့အကွာအဝေးက ပိုပို ဝေးကွာလာ ခဲ့ သည်။

" ချန်းဟူ ဒုံးး ဒုံးး ဒူံးး "

" ပွမ် ပွမ် "

အားပေးသံများ အော်ဟစ်သံများနဲ့ နွေး ထွေးတဲ့လက်ခုပ်သံများကြားတွင် ချန်းဟူက ပန်းဝင်စည်းကို အရင်ဆုံး ဖြတ်သွားခဲ့သည်။

"၂ မိနစ် ၅၇ စက္ကန့် "

ဒီရလဒ်ထွက်လာတာနဲ့ လူများစွာက အသား အဖြူရောင် အနက်ရောင် ဒါမှမဟုတ် အဝါ ရောင်ကို မခွဲခြားဘဲ ထပ်မံ မတ်တပ် ထရပ် လိုက်ကြသည်။

ဒါက နောက်ထပ်မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှု့တစ်ခု ဖြစ်သည်လေ။

မီတာ ၁၅၀၀ ပွဲစဉ်တွင် လူတစ်ဦးက ပထမဆုံးအကြိမ်အဖြစ် ၃ မိနစ်အတွင်း ပြေးနိုင်ခဲ့သည်။ ဒီရလဒ်မပေါ်ပေါက်မီက အမျိုးသားမီတာ ၁၅၀၀ ကမ္ဘာ့စံချိန်မှာ ၃ မိနစ် ၂၆ စက္ကန့်ဖြစ်ပေမဲ့ ချန်းဟူက ဒါကို မိနစ်ဝက်နီးပါး ပိုလုပ်ပြခဲ့သည်။

“တော်လိုက်တာ..”

ဒီစံချိန်မွေးဖွားခြင်းကို မျက်မြင်သက်သေ ရှိခဲ့တဲ့ လူများက ချန်းဟူကို ဂုဏ်ပြုရန် မတ်တပ်ရပ်ခဲ့ကြသည်။ ဒါကလူသားအားလုံးနဲ့ သက်ဆိုင်တဲ့ နောက်ထပ်စံချိန်တစ်ခု ဖြစ်သည်လေ။

ပွဲကြည့်စင် တစ်ခုလုံး လုံးဝဆူပွက် သွား ခဲ့သည်။

ယန်နိုင်ငံ တစ်ခုလုံးလည်း ဆူပွက်နေခဲ့ သည်။ ညည့်နက်ပိုင်းဖြစ်ပေမဲ့ အဆောက် အအုံတစ်ဝက်နီးပါး မီးများလင်းထိန်နေပြီး အချို့မြို့များဆို မီးရှူးမီးပန်းများ ဖောက် ခဲ့ကြသည်။

နိုင်ငံမရွေး လူမျိုးမရွေး ဘာသာရေးကို မခွဲခြားဘဲ ကမ္ဘာတစ်ဝန်းမှ လူအားလုံးက ချန်းဟူ ဒီလောက်ကောင်းမွန်တဲ့ ရလဒ်ကို ရရှိခဲ့တာကြောင့် ပျော်ရွှင်နေကြသည်။

ဒါပေမဲ့ လူအနည်းငယ်ကတော့ မပျော်ရွှင် ခဲ့ ကြပေ။

ဥပမာအားဖြင့် ရီယိုမြို့၏ အကြီးဆုံးဂိုဏ်း ခေါင်းဆောင်ဖြစ်သူ လောင်းကစားလုပ် ငန်း ရဲ့ နောက်ကွယ်မှ သူဋေးကြီး အီဗန်ဂျွိုက် ကတော့ မပျော်ရွှင်နိုင်လောက်ပေ။

All Chapters