ဆုကြေးငွေ မပေးရင်...
Vol. 23 Ch. 326
ရီယိုမြို့ အနောက်ဘက်ဆင်ခြေဖုံး တစ် နေရာတွင်..
လှပတဲ့ နှစ်လမ်းသွား ကတ္တရာလမ်းက အဝေးကို ဦးတည်နေပေသည်။ ဒီလမ်း တစ်လျှောက် ဆက်သွားရင် လမ်းရဲ့ ဘေး နှစ်ဖက်တွင် လှပတဲ့ ရှုခင်းများ ကို တွေ့ရ မှာပဲ ဖြစ်သည်။
လမ်းအဆုံးတွင် ဧက ရာပေါင်းများစွာ ကျယ်ဝန်းကာ ကြီးမားတဲ့ ခြံဝင်းတစ်ခုရှိပြီး တောင်များနဲ့ မြစ်များဖြင့် ဝန်းရံထားသည်။ ရှုခင်းများ လှပနေပြီး ထိုနေရာတွင် ဒီ လောက်ကြီးမားတဲ့ ခြံဝင်းတစ်ခု ပိုင်ဆိုင် ခြင်းက တကယ့်ပင် ပျော်ရွှင်စရာဖြစ်သည်။
ခြံဝင်းထဲတွင် လှပတဲ့ ဗီလာအချို့ရှိပြီး အကြီးဆုံးမှာ ငါးထပ်ရှိပြီး စတုရန်းမီတာ တစ်ထောင်ကျော် ကျယ်ဝန်းကာ ရဲတိုက်ကြီး တစ်ခုနှင့်တူသည်။
ဗီလာကြီးရဲ့ ရှေ့တွင် ကျယ်ဝန်းတဲ့ ကား ပါကင်ရှိပြီး ဇိမ်ခံကား တစ်ဒါဇင်ကျော် ရပ် ထားပြီး ခပ်လှမ်းလှမ်းတွင် ကြည်လင်တဲ့ လူလုပ်ရေကန်တစ်ခု ရှိသည်။ ဗီလာကြီး ရဲ့နောက်တွင်တော့ ဂေါက်ကွင်းတစ်ခု ရှိ ပေသည်။
ကွင်းပေါ်တွင် အလယ်အလတ်အရွယ်ရှိ အ မျိုးသားတစ်ဦးက ဂေါက်ရိုက်နေပြီး စူပါ သူဋေးကြီးများသာ ပိုင်ဆိုင်နိုင်တဲ့ ဘဝကို ခံစားနေသည်။
ထိုအမျိုးသားက အီဗန်ဂျွိုက်ဖြစ်ပြီး ရီယို မြို့ရဲ့ ဂိုဏ်းခေါင်းဆောင်လည်း ဖြစ်၏။ သူက ရီယိုမြို့ရှိ လောင်းကစားလုပ်ငန်း အားလုံးနီးပါးကို ထိန်းချုပ်ထားခဲ့သည်။ ဒါ့အပြင် ရီယိုမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု့နဲ့ လက်နက်အ ရောင်းအဝယ် ထက်ဝက်နီးပါးကိုလည်း ထိန်းချုပ်ထား၏။
သူက ဂေါက်တံကို ပေါ့ပေါ့ပါးပါးနဲ့ လှပစွာ ယမ်းလိုက်ရာ ဂေါက်သီးက လေထဲတွင် လှပတဲ့ အချိုးဖြင့် ပျံသန်းသွားပြီး အဝေးရှိ မြက်ခင်းပေါ်ကို ကျသွားခဲ့သည်။
ထိုအချိန်တွင် လူငယ်တစ်ဦးရောက်လာပြီး အီဗန်ဂျွိုက်စ်ဘေးနားတွင် လေးစားစွာ သတင်းပို့လိုက်သည်။
“ခေါင်းဆောင် ချန်းဟူက အမျိုးသားမီတာ ၂၀၀ ရွှေတံဆိပ်ကို နောက်တစ်ကြိမ် စံချိန် တင် ရရှိသွားပြန်ပါပြီ...”
ရုတ်တရက် အီဗန်ဂျွိုက်ရဲ့မျက်နှာက မည်းမှောင်သွား၏။
ရီယိုအိုလံပစ်ပွဲတော် အစတွင် လျူယောင် ဆိုတဲ့လူတစ်ယောက်က အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောင်းခဲ့သည်။ အီဗန်ဂျွိုက်ဟာ သူကသာ ငွေများစွာ ရရှိမယ်လို့ တွေးခဲ့ သည်။ သူ ဘယ်လို သိနိုင်မှာလဲ ချန်းဟူက ရွှေတံဆိပ်တစ်ခုပြီးတစ်ခု ရရှိခဲ့ပြီး သူ့ အ တွက် အခြေအနေ မကောင်းပုံ ဖြစ်လာခဲ့ သည်။
လေးနက်တဲ့ အသံနဲ့ အီဗန်ဂျိုက် မေးလိုက် သည်။
“ဒါက ချန်းဟူအတွက် ဘယ်နှစ်ခုမြောက် ရွှေတံဆိပ်လဲ...”
“ဒါက ခုနစ်ခုမြောက် ရွှေတံဆိပ်ပါ.. . မနက် ဖန်က အမျိုးသား မာရသွန် ဗိုလ်လုပွဲပါ ခဗျ…ချန်းဟူသာ နောက်ထပ်ရွှေတံဆိပ် တစ်ခု ရသွားရင် စုစုပေါင်း ရွှေတံဆိပ်ရှစ်ခု ဖြစ်ပါလိမ့်မယ်..”
အနိုင်ရမဲ့ လောင်းကြေးငွေက အီဗန်ဂျွိုက်ရဲ့ စိတ်ထဲတွင် ပေါ်လာခဲ့ပြီး သူက ဖြည်းဖြည်း ချင်း ပြောလိုက်၏။
“ မနက်ဖန် ချန်းဟူသာ ရွှေတံဆိပ်ရရင် ငါတို့ စုစုပေါင်း ဘယ်လောက် ပေးရမလဲ..”
လူငယ်က ရိုသေစွာ ပြန်ဖြေလိုက်၏။
“ကျွန်တော်တို့ တွက်ချက်ထားပါတယ် လျူယောင်က စုစုပေါင်း အမေရိကန်ဒေါ် လာ သန်း ၈၀၀ လောင်းခဲ့တာမို့လို့ .. ကိန်းဂဏန်းတွေအရ ကျွန်တော်တို့က စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံ ရှုံးပါလိမ့်မယ်..”
"အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံလား ဒါကသေးငယ်သောပမာဏ မဟုတ်ပေ.. "
အီဗန်ဂျွိုက် ငွေပမာဏကို ထုတ်ပေးနိုင် ပေမဲ့ ဒါက သူ့အတွက် အလွန်ဖိအားရှိနိုင်ပြီး ကြွက်သားများနှင့် အရိုးများကို ထိခိုက် စေ မှာပဲဖြစ်သည်။ နှစ်ပေါင်းများစွာ သူ ကြိုး စားအားထုတ်ပြီး စုဆောင်းထားတဲ့ ချမ်းသာ မှု့ တစ်ဝက်နီးပါးက လျူယောင်၏အိတ် ထဲသို့ ရောက်ရှိသွားတော့မှာပဲ ဖြစ်သည်။
“ဒါက လုံးဝလက်ခံနိုင်စရာ မရှိဘူး..”
ဂေါက်သီး ဆက်ရိုက်ရန် အန်ဗန်ဂျွက် စိတ် ပါဝင်စားမှု့ မရှိတော့ပေ။ ဂေါက်ရိုက်တံကို သူ ပစ်ချလိုက်ပြီး လက်ဝှေ့ယမ်းကာ ပြော လိုက်၏။
“သွားတော့… ချက်ခြင်း.. အကြောင်း ကြားလိုက် ဒီနေ့ည ၈ နာရီ ငါ့ ခြံဝင်းမှာ အစည်းအဝေးတစ်ခု လုပ်မယ်...”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်.. ”
အီဗန်ဂျွိုက်၏ အဓိပ္ပါယ်က ရှင်းလင်းနေ သည်။ သူက ဒီငွေကို မပေးရဖို့ အတွက် အောက်ခြေမှ ခေါင်းဆောင်များကို ဆွေး နွေးရန် ခေါ်ဆိုတာပဲ ဖြစ်သည်။
သူက ဒီလောက် များပြားတဲ့ငွေကို ဆုံးရှုံး ရန် လုံးဝဆန္ဒမရှိသလို ပေးဖို့ကလည်း လုံး ဝမဖြစ်နိုင်ပေ။
...
နောက်တစ်နေ့တွင်...
အမျိုးသား မာရသွန်ပြိုင်ပွဲကို ဆက်လက် ကျင်းပခဲ့ပြီး ဘာမှအံ့သြစရာမရှိဘဲ ချန်း ဟူကသာ စံချိန်တင်ပြီး ရွှေတံဆိပ်ဆု ရရှိ ခဲ့သည်။
အိုလံပစ်ပြိုင်ပွဲတွင် ချန်းဟူက စုစုပေါင်း ပွဲစဉ် ရှစ်ခု ပါဝင်ခဲ့ပြီး ကမ္ဘာ့စံချိန်ရှစ်ခုကို ချိုးဖျက်ကာ ရွှေတံဆိပ်ရှစ်ခုကို ဆွတ်ခူးခဲ့ ပေသည်။
ပွဲကြည့်ပြီးနောက် လျူယောင်က ဒေသ တွင်းရှိ အကောင်းဆုံးစားသောက်ဆိုင်ကို သွားရောက်ကာ ဂုဏ်ပြုပွဲဆင်နွှဲခဲ့သည်။
သီးသန့်ခန်းမှ စားပွဲကြီးတစ်ခုပေါ်တွင် အစားအစာများစွာရှိပြီး ဒါတွေက ဒီဒေသရှိ နာမည်ကြီးပြီး အထူးခြားဆုံး အစားအစာ များဖြစ်သည်။
လျူယောင် ၊လီချန်လဲ့နှင့် ကိုယ်ရံ တော် လေးဦးအပြင် ဟီချန်းနဲ့ ဂစ်လ်စနပ်တို့လည်း ရှိနေသည်။ အခြားလူများက လိုက်မလာခဲ့ ဘဲ အီဗန်ဂျွိုက်ရဲ့ လှုပ်ရှားမှု့များကို စောင့် ကြည့်ရန်အတွက် ရီယိုမြို့မှ နေရာအချို့ တွင် ပုန်းအောင်း နေကြသည်။
ဂစ်လ်စနတ်က ဝံပုလွေကြေးစားအဖွဲ့တွင် ပထမဆုံးဝင်ရောက်ခဲ့သူတစ်ဦး ဖြစ်သည်။ သူက ယန်စကားကို ကျွမ်းကျင်စွာ ပြောနိုင် ပြီး လေးပုံတစ်ပုံမှာ ယန်နိုင်ငံသွေး ဖြစ် သည်။ သူ့စွမ်းဆောင်ရည်ကလည်း ကောင်း မွန်လှသည်။
အခု သူက ဝံပုလွေကြေးစားအဖွဲ့ ၏ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည်။ လက် ရှိတွင် ဝံပုလွေစစ်သည်တော်များတွင် အဖွဲ့လေးဖွဲ့ ရှိနေသည်။
လျူယောင် အလွန်ပျော်ရွှင်နေခဲ့ပြီး ဖန်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။
“ငါ ..အစက ချန်းဟူကို ဒီကိုလာဖို့ ခေါ် ချင် ပေမဲ့ သူတို့ အားကစားအဖွဲ့မှာ စည်းကမ်း ရှိတယ်..ငါ ပြည်တွင်းကို ပြန်ရောက်မှပဲ သူ့ကို ကောင်းကောင်းဂုဏ်ပြုပေးပါ့မယ်...”
လူတိုင်းက သူတို့ရဲ့ဖန်ခွက်များကို မြှောက် လိုက်ကြသည်။
ချန်းဟူ ရွှေတံဆိပ် ၈ ခု ရရှိတာကို ဂုဏ်ပြု တဲ့အပြင် လျူယောင်က မကြာမီ ရရှိတော့မဲ့ များပြားလှတဲ့ လောင်းကြေးကိုလည်း ဂုဏ် ပြုခဲ့ကြသည်။
“သူဋေး ခင်ဗျားက အရမ်းအစွမ်းထက် တယ်ဗျာ ဒီလိုမှန်း သိရင် ခင်ဗျားနဲ့အတူ ဒေါ်လာ ထောင်ချီပြီး လောင်းရမှာပဲ... ဒါဆိုရင် အရမ်းကောင်းမှာ အခုတော့ ကျွန်တော် ဆုံးရုံးသွားပြီဗျာ... ”
လျူယောင် ရယ်မောလိုက်သည်။
“ဟားဟား ငါ အခုထိ ပိုက်ဆံမရသေးပါ ဘူးကွာ ..ပိုက်ဆံရဖို့အတွက် နည်းနည်းကြိုးစားရမယ်လို့ ထင်တယ်...”
ဂစ်လ်စနတ်က မေးလိုက်၏။
“သူဋေး သူတို့က အကြွေးကို မပေးရဲ တာ လားကျွန်တော် ညီအစ်ကိုတွေကို ခေါ်သွား ပြီး သူတို့ကို သင်ခန်းစာပေးရမလား...”
ဂစ်လ်စနတ်၏ အမြင်အရ သာမန်ဂိုဏ်းသာ းတစ်ယောက်ဆိုတာက သိုးမွေးထက် မပို ပေ။ဒီလူတွေသာ အကြွေးကို မပေးပဲ နေရဲ ရင် သူတို့ကို ဖယ်ရှားပစ်ရလိမ့်မည်။
လျူယောင်က အေးဆေး တည်ညိမ်စွာ ပြန်ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့.. အရင်ဆုံး ပြင်ဆင်ပြီးမှ စစ် ပွဲစမယ်.. ဒီနေ့တော့ ငါ ယာမို့စ် လောင်း ကစားရုံကို သွားကြည့်အုံးမယ်.. ငွေသားကို ချောမွေ့စွာ ထုတ်ယူနိုင်ရင်တော့ ပြဿနာ အချို့ကို သက်သာစေလိမ့်မယ်.. ငွေသားကို မထုတ်နိုင်ဘူးဆိုရင်တော့ ငါ တို့ အီဗန်ဂျွိုက် ဆီကို သွားပြီး ပြဿနာရှာမယ်”
ဒါပေမဲ့ ငွေသားထုတ်ယူနိုင်မဲ့ ဖြစ်နိုင် ခြေက သုညနီးပါးဖြစ်ကြောင်း လျူယောင် သိထားသည်။ အီဗန်ဂျွိုက်ဆိုတဲ့လူက ငွေကို သေချာပေါက် မပေးလောက်ပေ။
တကယ်လို့ ဒီလူသာ သူ့ရဲ့အကြွေးကို မပေး လိုပါက လျူယောင် စိတ်ထဲကနေ ရေရွတ် လိုက်သည်။
“အင်း ငါ အများကြီး တွေးနေတာပဲ. ငါ့ပိုက်ဆံတွေကိုတော့ မင်းမလိမ်နိုင်ပါဘူး ကွာ...”
လူတိုင်းက ဒီနေရာမှ အစားအစာကို အလွန်နှစ်သက်ကြသည်။
ချန်းဟူ ရွှေတံဆိပ် ၈ ခု ရတာကို ဂုဏ်ပြု ကြပြီး လျူယောင်ကလည်း ငွေကြေးများ စွာ ရရှိတော့မဲ့အတွက်လည်း ဂုဏ်ပြုခဲ့ ကြ သည်။
လျူယောင်က ကိုယ်ရံတော်တစ်ဦးသာ ခေါ်ဆောင်သွားခဲ့ပြီး အခြားကိုယ် ရံတော် သုံးဦးနှင့် လီချန်လဲ့တို့ကို ဟိုတယ်တွင် ခန စောင့်နေခိုင်းလိုက်သည်။
ယာမို့စ်လောင်းကစားရုံကို လျူယောင် ရောက်သွားရာ ပြီးခဲ့တဲ့ တစ်ကြိမ်က လျူ ယောင်ကို တွေ့ဆုံခဲ့တဲ့ အကြီးတန်း မန်နေ ဂျာပဲ ဖြစ်၏။
တစ်ဖက်လူက အလွန်စိတ်အား ထက်သန် နေပုံရပေမဲ့ လျူယောင် ငွေသားထုတ်ယူ ခြင်းအကြောင်း ပြောတဲ့အခါ ဒီလူက ဆင် ခြေအမျိုးမျိုးနဲ့ အကြောင်းပြချက်များ ပေးလာခဲ့သည်။
အမှန်ပါပဲ လျူယောင် စိတ်မပျော်မရွှင် ဖြစ် သွားခဲ့ရပြီး သဘောတူညီချက်တွင် ပြိုင်ပွဲ ရှစ်ခု ပြီးဆုံးပြီးနောက် ၂၄ နာရီအတွင်း ငွေသားထုတ်ပေးမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း ပြောလိုက်သည်။
ချန်းဟူက ရွှေတံဆိပ်ရှစ်ခုကို မနေ့က ရရှိခဲ့ တာကြောင့် ယခုအချိန်နဲ့ဆို နာရီ ၂၀ ကျော် ကြာမြင့်ခဲ့သည်။ ငွေသားထုတ်ယူရန် နော က်ဆုံးသတ်မှတ်ချိန်က သုံးနာရီကျော်သာ ကျန်တော့သည်။
တစ်ဖက်လူရဲ့ ဆင်ခြေအမျိုးမျိုးနှင့် အ ကြောင်းပြချက်များကို မြင်တဲ့အခါ လျူ ယောင် အဓိပ္ပါယ်မရှိတဲ့ စကားများ ဆက် ပြောရန် စိတ်မဝင်စားတော့ပေ။ သူက စကား တစ်ခွန်းချန်ခဲ့ လိုက်သည်။
“သဘောတူထားတဲ့ အချိန်အတွင်းမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံကို.. ငါ့ အကောင့်ထဲ ဝင်မလာရင် တော့ မင်းတို့ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားထားကြ...”
အကြီးတန်းမန်နေဂျာက လျူယောင်ရဲ့ စကားကို အလေးအနက်ထားပုံမရဘဲ စိတ်အားထက်သန်မှု့ကိုပင် ပြောင်းလဲသွား ခဲ့ပြီး သူ့မျက်နှာတွင် မထီမဲ့မြင်ပြုတဲ့ အမူ အရာ ပေါ်လာသည်။
လျူယောင် ခြေထောက်များကို မြှောက်၍ ထွက်လာခဲ့ပြီး လမ်းလျှောက်ရင်းနဲ့ ထပ် ပြောလိုက်၏။
“ မင်းတို့ ခေါင်းဆောင် အီဗန်ဂျွိုက်ကို ငါ ပြောတာ ပြန် ပြောလိုက်ပါ ..နောက်ဆုံးသ တ်မှတ်ချိန် ကျော်လွန်သွားတာနဲ့ အမေရိကန် ဒေါ်လာ ၃.၅၂ ဘီလီယံထက် ပိုကုန်ကျလိမ့် မယ်..ငါ အချိန်လွန်ကြေး ထပ်တောင်း မယ် ...”
အကြီးတန်းမန်နေဂျာ၏မျက်နှာက မှောင် မိုက်သွားပြီး ဘေးနားက လူက တိုးတိုးလေး ကပ်ကာ မေးလိုက်သည်။
“ဂျာကြီး ဒီလူ့ကို ဘာလို့မတားထားတာလဲ ပြီးတော့ သူ့ လက်ထဲက စာချူပ်ကို ဆွဲ မယူလိုက်တာလဲ...”
ဒီလူ့ အကြံက အလွန် ရိုးရှင်းလှသည်။ လျူယောင်ရဲ့ စာချုပ်ကို သူ ဆွဲယူလိုက်ပါ က သက်သေမရှိတော့ဘဲ သူတို့က လျူ ယောင်နဲ့ အလောင်း အစားပြုလုပ်ခဲ့တာကို ဝန်ခံရတော့မည် မဟုတ်ပေ။
အကြီးတန်းမန်နေဂျာက ထွက်သွားတဲ့ လျူ ယောင်ကို ကြည့်လိုက်ပြီးနောက် လှုပ်ရှား တော့မဲ့ လုံခြုံရေးဝန်ထမ်းများကို ကြည့် လိုက်ကာ နောက်ဆုံးတွင် ခေါင်းခါလိုက် သည်။
ဒီနည်းလမ်းက မသင့်လျော်ဘူးလို့ သူ ခံစားရကာ စိတ်ထဲကနေ တွေးလိုက်၏။
“ခေါင်းဆောင်မှာ ပိုကောင်းတဲ့ နည်းလမ်း ရှိလိမ့်မယ်...”
မန်နေဂျာက တစ်ခုကိုတော့ သေချာပြောနိုင် ၏။ လျူယောင်က စာချုပ် ကိုင်ဆောင်ထား ရင်တောင် အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီ ယံကို ရရှိနိုင်မှာမဟုတ်သလို လျူယောင် လောင်းခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကိုပင် ပြန်ရနိုင်မှာ မဟုတ်ပေ။