အကြွေး သွားတောင်းပြီ
Vol. 23 Ch. 327
"ဒီလူ မလုပ်ရဲပါဘူးကွာ.. "
ပဉ္စမအာရုံက သူ့ကိုပြောပြနေသည်။ဒီလူက လူနှစ်ယောက်တည်းနဲ့ ရောက်လာပြီး သတိ ပေးစကားကို ပြောရဲတဲ့အတွက် မှီခိုအား ထားစရာ တစ်ခုခုတော့ ရှိရမည်။
မန်နေဂျာ နေရာမှာပင် တစ်ယောက်တည်း ရပ်နေကာ တွေဝေစွာ တွေးနေခဲ့သည်။ လျူ ယောင် အပြင် ထွက်သွားတဲ့အထိ သူ လုံးဝ မလှုပ်ရဲခဲ့ပေ။
ဒီအချိန်တွင် လျူယောင် အနည်းငယ် ဒေါသထွက်နေသည်။
လျူယောင် ဒီနေရာကို မလာခင်ကပင် ဒီ တစ်ကြိမ်မှာ ငွေရနိုင်ခြေ မရှိကြောင်း သိ ပေမဲ့ စိတ်ထဲမှ ဒေါသကို ထိန်းချုပ်လို့ မရ နိုင် သေးပေ။
လျူယောင် ဟိုတယ်ကို ပြန်ရောက်လာရာ အခန်းထဲဝင်လာတာနဲ့ လီချန်လဲ့က ချက်ချ င်းစိုးရိမ်စွာ မေးလိုက်သည်။
“အစ်ကိုယောင် အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ် ကိုယ် ဘာမှမဖြစ်ဘူး ကိုယ်ထင်ထားတဲ့အတိုင်းပဲ အီဗန်ဂျွိုက်က တကယ်ကို ငွေပေးချင်စိတ် မရှိဘူး ဒီလူ အကြွေးကို မပေးချင်တာ ဖြစ်နိုင်တယ်..”
လီချန်လဲ့က စိုးရိမ်တကြီး ပြောလိုက်၏။
“အစ်ကိုယောင် ဒါဆိုဘယ်လိုလုပ်ကြမလဲ...”
လျူယောင် နှစ်သိမ့်လိုက်သည်။
“မင်း စိတ်ပူစရာမလိုပါဘူး ကိုယ့်မှာ အဖြေ ရှိပါတယ်..”
ချစ်သူနဲ့ ခဏစကားပြောပြီးနောက် သူမကို အတွင်းခန်းထဲ ပို့လိုက်ပြီး ဟီချန်းနဲ့ ဂစ်လ် စနပ် တို့ကို လျူယောင် ဖုန်းခေါ် လိုက် သည်။
သူတို့နှစ်ဦးလည်း ဒီဟိုတယ်တွင် တည်း နေကြကာ သူတို့ ဝင်လာသောအခါ တပြိုင် နက်တည်း မေးလိုက်သည်။
“သူဋေး ကျွန်တော်တို့ကို ရှာနေတာလား..”
လျူယောင် ခေါင်းညိတ်ပြလိုက်ပြီး သူ အခုလေးတင် ယာမို့စ်အဆောက်အအုံကို သွားရောက်ခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ ပြီးနောက် ညွှန်ကြားလိုက်သည်။
“ ငါ ထင်ထားတဲ့အတိုင်းပဲ အီဗန်ဂျွိုက်က... ငါ့ ကို့ ပိုက်ဆံပေးဖို့ လုံးဝရည်ရွယ်ချက် မရှိ ဘူး ငါ မင်းတို့ကို အလုပ်တစ်ခုပေးမယ်...”
“သွားပြီး စုံစမ်းလိုက်.. အီဗန်ဂျွိုက်ရဲ့ ကိုယ် ပိုင်ဖုန်းနံပါတ်ကို ငါ လိုချင်တယ် ဒါ့အပြင် အီဗန်ဂျွိုက် ဘယ်မှာရှိလဲဆိုတာကိုလည်း သိချင်တယ်..ဆိုလိုတာက သူ့ လက်ရှိနေတဲ့ နေရာကိုပေါ့..”
ဒီစကားကိုကြားတဲ့အခါ နှစ်ယောက်လုံး အနည်းငယ်စိတ်လှုပ်ရှား သွားကြသည်။
သူတို့နှစ်ဦးက စိတ်ထဲကနေ တစ်ချိန်တည်း တွေးလိုက်ကြ၏။
“သူဋေးက အီဗန်ဂျွိုက်စ်ကို ရှင်းဖို့လုပ် တော့မှာလား ဒါက အရမ်းကောင်းတယ်.. ငါတို့ ရီယိုမှာ တစ်ပတ်ကျော်နေပြီး ဘာမှ မလုပ်ရလို့ အရမ်းပျင်းနေတာ... ”
သူတို့လို လူများက အေးချယ်ဖွယ် ကောင်း တဲ့ ဘဝကို သေချာပေါက်မနေနိုင်ကြပေ။ တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းတို့ကသာ ပျော်ရွှင်စရာ ဖြစ်ပေသည်။
ဟီချန်းက ရိုသေစွာ ပြန်ဖြေလိုက်၏။
“ကျွန်တော် ချက်ချင်းစုံစမ်းပါ့မယ် သူဋေး..”
သူတို့နှစ်ဦး ထွက်သွားပြီးနောက် လျူ ယောင် ဟိုတယ်မှ မထွက်သေးပေ။ သူက သမ္မတအခန်းတွင် ဆက်နေပြီး ကော်ဖီ သောက်ခြင်း လေသာဆောင်ကနေ ရှုခင်း များကို ကြည့်ခြင်း ဒါမှမဟုတ် လီချန်လဲ့ နှင့်အတူ တီဗွီကြည့်ခြင်းတို့ဖြင့်သာ အချိန် ကုန်ဆုံးခဲ့သည်။
အချိန် သုံးနာရီ လေးနာရီက လျင်မြန်စွာ ကုန်သွားခဲ့ပြီး နေ့လယ်ပိုင်းကို ရောက် လာ ခဲ့သည်။ လျူယောင် အချိန်ကို စစ် ဆေးရန် လက်ကို မြှောက်လိုက်သည်။ သဘောတူညီ ချက်တွင် ပါတဲ့ ၂၄ နာရီက ကျော်လွန်သွား ပြီပဲ ဖြစ်သည်။
ဒါပေမဲ့ မက်ဆေ့စ်လေးနဲ့တောင်အ ကြောင်း ကြားချက် မရှိ အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံလည်း ရောက်လာခြင်း မရှိပေ။ ဒီ အီဗန်ဂျွိုက်က. တကယ်ပဲ ငွေမပေးရန် ဆုံးဖြတ်ထားကြောင်း ထင်ရှားနေသည်။
ခဏအကြာတွင် ဟီချန်း ရောက်လာပြီး သတင်းပို့လိုက်သည်။
“သူဋေး..ကျွန်တော်တို့ အီဗန်ဂျွိုက်ရဲ့ တည် နေရာကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပါပြီ.. ဒီလူက ဒီရက်ပိုင်း ရီယိုမြို့ရဲ့ အနောက် ဘက်ဆင်ခြေဖုံးက ခြံဝင်းမှာ နားနေပြီး အ ခုထိ အဲဒီ့မှာရှိနေတုန်းပဲ..”
ဒီကိစ္စက ခက်ခဲသည့် ကိစ္စ မဟုတ်ပေ။
ဟီချန်းနဲ့ အခြားသူများက ဒါကို လျင်မြန်စွာ စုံစမ်းခဲ့ကြသည်။ အနည်းငယ်ခက်ခဲတဲ့ တစ်ခုတည်းသောအရာက အီဗန်ဂျွိုက်ရဲ့ လက်ရှိ ကိုယ်ပိုင်ဖုန်းခေါ်ဆိုမှု့ပဲ ဖြစ်သည်။
အီဗန်ဂျွိုက်လို လူတစ်ဦးက ရီယိုမြို့မှ မြေ အောက်အဖွဲ့အစည်းများရဲ့ ဂိုဏ်းခေါင်း ဆောင် သူဋေး ဖြစ်ကြောင်း မိမိကိုယ်ကို ယူဆထားသည်။ အစိုးရအရာရှိအချို့ကိုပင် သူ မကြောက်ခဲ့ပေ။
သူ့မှာ ရန်သူများစွာရှိနိုင်ပေမဲ့ အနည်းငယ်အ ားကောင်းသူများကို ကိုင်တွယ်ဖြေရှင်းပြီး သား ဖြစ်နိုင်လောက်သည်။ ကျန်လူများက သာမန်ခွန်အားသာရှိပြီး သူ့ကို လုံးဝခြိမ်း ခြောက်နိုင်ခြင်း မရှိတာကြောင့် ဒီလူက ပိုထင်ရှားလာပြီး တည်နေရာများကိုပင် လျှို့ဝှက်ခဲ့ခြင်း မရှိပေ။
“ဧက ရာပေါင်းများစွာ ကျယ်ဝန်းတဲ့ ခြံဝင်းတစ်ခုမှာပါ သူဋေး..အီဗန်ဂျွိုက်စ်က များသောအားဖြင့် အဲဒီဗီလာကြီးထဲမှာ နေပါတယ် ..ကျွန်တော်တို့ရဲ့ စုံစမ်းမှု့အရ ခြံဝင်းကို လူ ၇၀ ၊ ၈၀လောက်နဲ့ လုံခြုံရေးတင်းကျပ်ထားပြီး အီဗန်ဂျွိုက်ကို ဘယ်ညာ ကာကွယ်ပေးနေပါတယ်ခဗျ..”
ဟီချန်းက စုံစမ်းမှုကို အသေးစိတ်ပြောပြပြီး နောက် အီဗန်ဂျွိုက်ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ် ပါ တဲ့ စာရွက်အဖြူကို လျူယောင့်အား ပေး လိုက်သည်။
လျူယောင် ယူပြီးနောက် လျှောက်သွားကာ ထို နံပါတ်ကို ခေါ်လိုက်သည်။
ဒီဖုန်းနံပါတ်က သမ္မတအခန်းရဲ့ နဲ့ပါတ်ဖြစ် တာကြောင့် နိုင်ငံတကာခေါ်ဆိုမှု့များပင် ပြုလုပ်နိုင်ပေသည်။ ဒီဖုန်းနံပါတ်အတွက် စိတ်ပူစရာမလိုပေ။
မကြာမီ ဖုန်းက တကယ်ပင် ချိတ်ဆက်သွား ခဲ့၏။
လျူယောင် ဖုန်းကို ကိုင်ပြီး အင်္ဂလိပ်လို ပြောလိုက်သည်။
“မစ္စတာ အီဗန်ဂျွိုက် ကျွန်တော် လျူယောင် ပါ.. ဒေါ်လာ သန်း ၈၀၀ လောင်းခဲ့တဲ့သူပါ..”
ဖုန်း တစ်ဖက်မှ အီဗန်ဂျွိုက်က အနည်းငယ် တွေဝေသွားပြီး လျူယောင်က သူ့အား ဖုန်း ခေါ်ဆိုလိမ့်မယ်လို့ မမျှော်လင့် ထား ခဲ့ပေ။
ခဏတာ တွေဝေပြီးနောက် အီဗန်ဂျွိုက်က အေးစက်တဲ့အသံဖြင့် မေးလိုက်သည်။
“ခင်ဗျား ဘာလုပ်ချင်တာလဲ”
လျူယောင် အေးဆေးတည်ငြိမ်စွာ ပြန်ဖြေ လိုက်၏။
“ကျွန်တော် ဒီဖုန်းကို အကြောင်း ပြချက် နှစ်ခုနဲ့ ခေါ်တာပါ..ပထမတစ်ခုက ၂၄ နာရီ ကျော်သွားပြီဖြစ်ပေမယ့် ခင်ဗျားပေးရမယ့် ငွေကို ကျွန်တော် မရသေးဘူး..”
“ဒုတိယအချက်ကတော့ ငွေကို ၂၄ နာရီ ကျော်သွားတဲ့အထိ အကောင့်ထဲကို မ ရောက်သေးတဲ့အတွက် ကျွန်တော် အကြွေး လာတောင်းရတော့မှာပဲ.. ဒါပေမယ့် အချိန်လွန်ကြေးနဲ့ အလုပ်ကြေးအနည်း ငယ်တော့ တောင်းပါမယ်..”
လျူယောင် စကားမဆုံးမီ အီဗန်ဂျွိုက် ဖုန်း ချသွားပြီး အလုပ်များနေတဲ့ အသံ ထွက်ပေါ် လာခဲ့သည်။
ဒီအချိန်တွင် အီဗန်ဂျွိုက်က လျူယောင်ကို ရူးနေတယ်လို့ ဆဲဆိုနေပြီး စိတ်ထဲကနေ ဒေါသထွက်ကာ ရေရွတ်လိုက်သည်။
"မင်းက ငွေကို လိုချင်နေသေးတယ် ..အ ချိန်လွန်ကြေးဆိုတာ ဘာလဲ မင်းက ကိုယ့်ကိုယ်ကို ဘယ်သူလို့ ထင်နေတာလဲ..."
လျူယောင်ကတော့ ဒေါသထွက်ပုံမရပေ။ သူ က လက်ကို ဝှေ့ယမ်းကာ အမိန့် ပေး လိုက်၏။
“ဒါဆို ညီအစ်ကိုတွေကို အသိပေးလိုက် ငါတို့ အကြွေးသွားတောင်းကြမယ်..”
ဟီချန်း စိတ်အားထက်သန်သွားပြီး အကြွေး တောင်းရမှာက ရီယိုမြို့ဂိုဏ်းခေါင်း ဆောင် လို လူတစ်ဦးထံမှ ဖြစ်သည်လေ။
“သူဋေး ကျွန်တော်တို့ အဆင်သင့်ပြင်ဆင် ထားပြီးပါပြီ သူဋေးရဲ့အမိန့်ကို အချိန်မရွေး စောင့်နေပါတယ်ခဗျ..”
နာရီအနည်းငယ်အကြာတုန်းက. အီဗန် ဂျွိုက်ရဲ့ တည်နေရာကို စုံစမ်းရန် လျူ ယောင် အမိန့်ပေးခဲ့တဲ့အခါ ဟီချန်းက ထိုအရာကို ခန့်မှန်းမိခဲ့ပြီး သူ့လူများကို အရာအားလုံး အဆင်သင့် ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သည်။
ဟီချန်းကို ကျေနပ်တဲ့အကြည့်နဲ့ လျူ ယောင် ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“ဒါဆို သွားကြစို့...”
လျူယောင်ရဲ့ ဘေးကင်းရေးကို လီချန်လဲ့ က အနည်းငယ်စိုးရိမ်နေခဲ့သည်။
လျူယောင် နှစ်သိမ့်ကာ ပြောလိုက်၏။
“လဲ့လဲ့ စိတ်မပူပါနဲ့..မင်း ဟိုတယ်မှာ ကိုယ့်ကို စောင့်နေ ..ညနေမှာ ကိုယ်တို့ အတူတူ ညစာစားပြီး အိမ်ပြန်ကြမယ်...”
လျူယောင့်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်က ရီယိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက် ရှိနေပြီး ညနေပိုင်းတွင် ဟွာဟိုင်းမြို့ကို ပြန်ရန် ပြင်ဆင်ထားခဲ့သည်။
အိုလံပစ်ပွဲတော်က မပြီးသေးပေမဲ့ ချန်းဟူရဲ့ ပွဲစဉ်ရှစ်ခုစလုံးကို ပြီးသွားပြီမို့လို့ လျူယောင် တကယ်ပင် ပြန်ချင်ခဲ့သည်။
လီချန်လဲ့က ခေါင်းညိတ် သဘောတူ လိုက် သည်။
“အစ်ကိုယောင် ဒါဆို မြန်မြန်ပြန်လာခဲ့နော်..”
“ဟုတ်ပြီ ကိုယ်တို့ ညစာ အတူတူစား ကြ မယ်..”
လီချန်လဲ့ရဲ့နဖူးကို လျူယောင် ညင်သာစွာ နမ်းလိုက်ပြီး အပြင်ကို ထွက်လာခဲ့သည်။
ဟိုတယ်ရဲ့အဝင်ဝတွင် ကားသုံးစီး ရှိနေပြီး ဂစ်လ်စနပ်အပါအဝင် အဖွဲ့ဝင်ခုနစ်ဦးက လက်နက်အပြည့်အစုံနဲ့ အဆင်သင့် ရှိနေ ကြသည်။
လီချန်လဲ့က ဟိုတယ်တွင် ခဏ နေခဲ့သည်။ ဒါ့အပြင် ယန်နိုင်ငံမှ လျူယောင် ခေါ်လာ တဲ့ ကိုယ်ရံတော်လေးဦးကလည်း သူမအား ကာကွယ်ပေးထားတာကြောင့် လျူယောင် စိတ်သက်သာရာရခဲ့သည်။
ကားသုံးစီးဖြင့် ရီယိုမြို့ရဲ့ အနောက်ဘက် ဆင်ခြေဖုံးကို လျူယောင်တို့ ထွက်ခွာ လာ ခဲ့ကြသည်။ အဖွဲ့ဝင်များက လမ်းတစ် လျှောက်တွင် အနည်းငယ်မျှ စိုးရိမ်ပူ ပန် ခြင်းမရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့အားလုံးက စိတ်လှုပ်ရှားမှု့များကို ပြ သနေကြသည်။
သူတို့က စစ်ပွဲအတွက် မွေးဖွားလာတဲ့ လူ အုပ်စုဖြစ်ပြီး ဒီတစ်ကြိမ်တွင် တိုက်ခိုက်ခြင်း နဲ့ ပစ်ခတ်ခြင်းတို့ကို လုပ်နိုင်မယ်လို့ ခန့်မှန်း ခဲ့ကြသည်။ဒါကြောင့် သူတို့ရဲ့ သွေးများက ဆူပွက်နေပြီပဲ ဖြစ်၏။
ကားပေါ်တွင် ထိုင်နေပြီး လမ်းဘေး နှစ်ဖက် မှ ရှုခင်းများကို သတိထားမိတဲ့အခါ လျူ ယောင် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
“ဒီ အီဗန်ဂျွိုက်က ဒီလိုနေရာမျိုးမှာ ခြံဝင်းကို တည်ဆောက်ထားတာ.. ဒီလူ တကယ့်ကို ခံစားတတ်တာပဲ...”
ကားကို ဆယ်ကီလိုမီတာခန့် မောင်းနှင် ပြီးနောက် လူတိုင်းက သူတို့ရှေ့တွင် ကြီးမ ားတဲ့ ရေကန်တစ်ကန်နဲ့ ခြံဝင်းတစ်ခုကို တွေ့ခဲ့ရသည်။
အထူးသဖြင့် ခြံဝင်းထဲက ဗီလာကြီးမှာ အ လွန်သိသာထင်ရှားနေပြီး ကြီးမားတဲ့ ရဲတိုက် တစ်လုံးနဲ့ပင် ဆင်တူလှသည်။