← Chapters

အီဗန်ဂျွိုက် ကြောက် ရွံ့တုန်လူပ် သွားခြင်း

Vol. 23 Ch. 328

အီဗန်ဂျွိုက် ကြောက် ရွံ့တုန်လူပ် သွားခြင်း

Vol. 23 Ch. 328

ကားသုံးစီးက အရှိန်မြှင့် မောင်းလာခဲ့ ကြ သည်။ သူတို့ရဲ့ပစ်မှတ်က ခြံဝင်းအတွင်းရှိ ဗီလာကြီးဆိုတာ ရှင်းနေသည်လေ။

ခြံဝင်းရဲ့ ဂိတ်ဝကို ရောက်တဲ့အခါ လူအချို့ က ရပ်ရန် ချက်ချင်း အချက်ပြလိုက်သည်။ သူတို့အနက် နှစ်ဦးက လက်နက်ကိုင်ထား တာ သိသာနေသည်။

“ငါတို့ ကားကို ဘာလို့ ရပ်ရမှာလဲ..”

ငါတို့ကို စစ်ဆေးဖို့ ရပ်တန့်ပေးစရာ အ ကြောင်းမရှိပေ။ ပထမဆုံး ကားရဲ့ပြတင်း ပေါက်မှန်ကို ချလိုက်ပြီး အသံတိတ် ပစ္စတို နှစ်လက်က ထို ဂိုဏ်းသားများကို နှုတ်ဆက် လိုက်သည်။

" ဘမ်း ဘမ်း ဘမ်း.. "

ပေါ့ပေါ့ပါးပါး အသံအနည်းငယ် ထွက် ပေါ် လာပြီး အသံ လုံးဝမကြား ရသလောက် ဖြစ် သည်။ ထိုလူများအားလုံး လုံးဝတုံ့ ပြန် ခြင်းမရှိဘဲ သူတို့အားလုံးနီးပါး ခေါင်း တည့် တည့်မှ အပစ်ခံခဲ့ရသည်။ဒီလို သေနတ် ပစ် ကျွမ်းကျင်မှု့ အမြန်နှုန်းက ဝံပုလွေကြေး စားများလို ကျွမ်းကျင်သူများသာ လုပ်ဆော င်နိုင်ပေသည်။

ကားသုံးစီးက ဗီလာကြီးရဲ့ ဂိတ်ဝကို တိုက်ရို က်ရောက်လာခဲ့ပြီး ကားများကို မရပ်တန့် ခဲ့ကြပေ။ ဝံပုလွေ ကြေးစားအဖွဲ့ဝင်များက ကားထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြသည်။

ဗီလာရှေ့ ပတ်ဝန်းကျင်တွင် လုံခြုံရေး ဝန်ထမ်းအချို့ရှိနေသည်။ လက်နက် ကိုင် ထားတဲ့ လူများအားလုံး ကားထဲမှ ဆင်း လာတာကို တွေ့တဲ့အခါ အံ့အား သင့်သွား ကြသည်။

သူတို့ မတုံ့ပြန်နိုင်မီတွင် ဝံပုလွေကြေးစား များက သေနတ်များ စတင်ပစ်ခတ် လိုက် ကြသည်။ လျူယောင်က ကန္တာရလင်းယုန် ပစ္စတိုကိုသာ အသုံးပြုခဲ့ပေမဲ့ အခြားသူများ ကတော့ ရိုင်ဖယ်များကို အသုံးပြုခဲ့ကြ သည်။

"ဒက် ဒက် ဒက် .."

ပြင်းထန်တဲ့ သေနတ်သံများ ထွက်ပေါ် လာ ပြီး ဒါက ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ဖြစ်သည်။ အီဗန်ဂျွိုက်ရဲ့ တပည့်များက လျင်မြန်စွာ အသတ်ခံခဲ့ရသည်။

လျူယောင်က ပစ္စတိုဖြင့် ရှေ့ကနေ သွား နေပြီး ဟီချန်းနဲ့ ဂစ်လ်စနပ်တို့က နောက်မှ လိုက်ပါလာခဲ့သည်။ သုံးဦးစလုံး ဗီလာရဲ့ ဂိတ်ဝကို တိုက်ရိုက်လျှောက် သွားခဲ့ကြ သည်။

ဂိတ်ဝတံခါးကို ပိတ်ထားပေသည်။ လျူ ယောင် အဲ့ဒါကို စောင့်ကန်လိုက်တဲ့အခါ ခိုင်ခံ့တဲ့ လုံခြုံရေးဂိတ်တံခါးက ချက်ချင်း ပွင့်သွားသည်။

ဒီကန်ချက်ကြောင့် ဝံပုလွေကြေးစားများက လျူယောင့်ကို လေးစားမိကြသည်။

“သူဋေး ဖြစ်ထိုက်တာပဲ အရမ်းစွမ်းအား ကြီးလိုက်တာ ”

သူတို့ စိတ်ထဲကနေ ထိုသို့ တွေးမိခဲ့ကြ၏။

မျိုးရိုးဗီဇပြောင်းဆေး သောက်ပြီးနောက် သူတို့ရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှု့က အလွန်အား ကောင်းနေပေမဲ့ လျူယောင်ရဲ့ အဆင့်နှင့် တော့ ဝေးကွာနေသေးသည်။

ဒါက သတ္တုလုံခြုံရေးတံခါးဖြစ်ပြီး အလွန် ပြင်းထန်တဲ့ ပေါက်ကွဲပစ္စည်းများဖြင့်သာ ဖွင့် နိုင်ပေသည်။ ဒါပေမဲ့ လျူယောင်က တံခါးကို တိုက်ရိုက်ကန် ဖွင့်လိုက်သည်။

ဗီလာထဲသို့ ဝင်ပြီးနောက် အစေခံများမှ လွဲပီး တွေ့မြင်ရသူတိုင်းကို ပစ်သတ် ခဲ့ ကြသည်။

“သူဋေး ..ကျွန်တော်တို့ သိထားတာက အီ ဗန်ဂျွိုက်က များသောအားဖြင့် ပဉ္စမထပ်မှာ နေပါတယ်”

လျူယောင် ခေါင်းညိတ်ပြလိုက်ပြီး လူတိုင်း ကို ပဉ္စမထပ်သို့ ခေါ်ဆောင်သွားသည်။ လက်နက်ကိုင်ထားတဲ့ လူများကို တွေ့တဲ့ အခါတိုင်း သူ့ လက်ကို မြှောက်ပြီး ပစ်သတ် ခဲ့သည်။

အီဗန်ဂျွိုက်က ပဉ္စမထပ်တွင် တကယ် ရှိ နေပြီး လက်အောက်ခံများနဲ့ အစည်း အဝေး တစ်ခု ကျင်းပနေပေသည်။ ရီယိုမြို့ရှိ အ ခြားမြေအောက်အဖွဲ့အစည်းတစ်ခုကို ဘယ် လိုဖယ်ရှားရမလဲဆိုတာ ဆွေးနွေး နေတဲ့ အ ပြင် သူတို့က လျူယောင်ရဲ့ အမေရိကန် ဒေါ်လာ သန်း ၈၀၀ လောင်းခြင်းကိုလည်း ဆွေးနွေးနေကြသည်။

“ခေါင်းဆောင် စုစုပေါင်း အမေရိကန်ဒေါ် လာ သန်း ၈၀၀ တောင်နော်..ဒီလောက်များ တဲ့ ငွေပမာဏကို ကျွန်တော်တို့ ပြန်ပေးစရာ အကြောင်းမရှိဘူး.."

“ဟုတ်တယ်.... အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို ပြန်မပေးရုံသာမက လျူယောင် နိုင်ခဲ့တဲ့ငွေကိုလည်း တပြားမှ ပေးစရာ မလိုဘူး... "

" ဒိုင်း ဒိုင်း ဒိုင်း.."

သူတို့ စကားပြောနေစဉ် ရုတ်တရက် အပြင် ဘက်မှ သေနတ်သံများ ထွက်ပေါ်လာ ခဲ့ သည်။

အီဗန်ဂျွိုက် ချက်ခြင်းမေးလိုက်၏။

" ဘာဖြစ်နေတာလဲ.. "

ခေါင်းဆောင်ငယ်တစ်ဦးက ပြန်ဖြေလိုက် သည်။

“ခေါင်းဆောင် ရန်သူတွေ လာတာ သေချာ တယ်”

သူတို့ထဲက တစ်ဦးတစ်ယောက်မှ အနည်း ငယ်ပင် စိုးရိမ်ပူပန်မှု့ မပြကြပေ။ ရန်သူ များ လက်စားချေရန် လာရောက်ခြင်း လို ကိစ္စမျိုးက တစ်နှစ်လျှင် အကြိမ်အနည်း ငယ်ခန့် ဖြစ်ပွားလေ့ရှိသည်။

သူတို့က အကြိမ်တိုင်းတွင် ပြန်လည် ခုခံနိုင် ခဲ့ပြီး ဒီတစ်ကြိမ်လည်း အတူတူပင် ဖြစ်ရ မည်။ဒီ ခြံဝင်းက အီဗန်ဂျွိုက်ရဲ့ ခံတပ် တစ် ခုဖြစ်ပြီး လက်နက်ကိုင်ထားတဲ့ လူ ၇၀ ၊ ၈၀ ထိ ရှိနေသည်လေ။

ဒီလို အစွမ်းထက်တဲ့ အဖွဲ့အစည်းဖြစ်လို့ စိုးရိမ်စရာမလိုပေ။ ဒါ့ကြောင့် အီဗန်ဂျွိုက် ၏ အိမ်ထဲတွင် ဘယ်သူ့မှ ဒီကိစ္စကို စိုးရိမ်ပုံ မပေါ်ခဲ့ပေ။

တစ်ခုခုမှားနေပုံရပြီး အီဗန်ဂျွိုက်က မ တည်မငြိမ်ဖြစ်နေပြီလို့ ခံစားရသည်။

အစည်းအဝေးခန်းရဲ့တံခါးကို တွန်းဖွင့် လိုက်ပြီး ခေါင်းဆောင်ငယ်တစ်ဦးက သွေး များဖြင့် ရွှဲနေကာ အပစ်ခံထားရပုံရသည်။ သူ ဝင်လာပြီးနောက် ထိတ်လန့်စွာ အော် ပြောလိုက်သည်။

“ခေါင်းဆောင် ကျွန်တော်တို့ မခုခံနိုင် တော့ ဘူး ခင်ဗျားသွားပါတော့..”

ခြံဝင်းထဲတွင် လက်နက်ကိုင်ထားတဲ့ လူ ၇၀ မှ ၈၀ အနည်းဆုံးရှိပြီး အားလုံးတွင် ပစ္စတို ဒါမှမဟုတ် စက်သေနတ်များဖြင့် တပ်ဆင် ထားသည်။ဒါကို သူတို့ ဘာလို့ မခုခံနိုင်ရ သနည်း။

အီဗန်ဂျွိုက် အသံကျယ်ကျယ် ပြန်မေး လိုက်၏။

“တစ်ဖက်က ..လူ ဘယ်နှစ်ယောက်လဲ...”

“သူတို့ ကိုးယောက်ပဲရှိမယ်ထင်တယ် ဒါပေ မယ့် အားလုံးက အရမ်းအစွမ်းထက်တယ်.. သူတို့က ကမ္ဘာ့ထိပ်တန်း စစ်သွေးကြွတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော် သံသယရှိ တယ်..ကျွန်တော်တို့ ဒီရန်သူတွေကို နိုင်မဲ့ ပုံမပေါ်ဘူး”

လက်အောက်ငယ်သားက ကြောက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

အီဗန်ဂျွိုက်ရဲ့ ရန်သူများက များသောအား ဖြင့် ရန်လိုတဲ့ ဂိုဏ်းသားများသာဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်က သိပ်မကောင်းကြ ပေ။သူ အနိုင်ရတာကလဲ များသော အား ဖြင့် လူအများအပြားရှိနေတာကြောင့် ဖြစ် သည်။

ခုတော့တစ်ဖက်တွင် လူ ၉ ယောက်သာ ရှိသည်လေ။

"ဒီလောက်တောင် အစွမ်းထက်တာလား..."

အီဗန်ဂျွိုက်က ဒီဖြစ်ရပ်ကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။အစည်းအဝေးခန်းရဲ့အပြင်ဘက်တွင် သေနတ်သံများ ထွက်ပေါ်လာပြီး နောက် တံခါးတွင် ရပ်နေပြီး သွေးများ ရွှဲနေ တဲ့ခေါင်းဆောင်ငယ်က လဲကျသွားသည်။

ဒီလူ့ ခေါင်းကို လျူယောင် ပစ်ချလိုက်ပြီး နောက် ကန္တာရလင်းယုန် ပစ္စတိုဖြင့် ဝင်လာ ခဲ့သည်။

သူ့နောက်တွင် ဟီချန်း ဂစ်လ်စနပ်နှင့် ဝံပု လွေ အဖွဲ့ဝင်နှစ်ဦး လိုက်ပါလာခဲ့သည်။

အခြားအဖွဲ့ဝင်များက ခြံဝင်းကို ထိန်းချုပ် နေပြီး ကျန်ရှိနေတဲ့ လက်နက်ကိုင်များကို ရှင်းလင်းနေခဲ့သည်။ တစ်ခါတစ်ရံ သေနတ် သံများ ထွက်ပေါ်နေခဲ့၏။

လျူယောင် ပေါ့ပေါ့ဆဆ ဝင်လာပြီး အသံ ကျယ်ကျယ် မေးလိုက်သည်။

“ဘယ်သူက အီဗန်ဂျွိုက်လဲ...”

အစည်းအဝေးခန်းထဲမှ လူများအားလုံး အံ့ အားသင့်သွားကြသည်။ ရုတ်တရက် ခေါင်း ဆောင်တစ်ဦးက သေနတ်ကို တိတ်တိတ် လေး ထုတ်ယူနေသည်။

" ဒိုင်း.. အား... "

လျူယောင် မကြည့်ဘဲ လက်ကို မြှောက်၍ ထို ခေါင်းဆောင်ရဲ့ခေါင်းကို တိုက်ရိုက် ပစ် ချလိုက်သည်။

ရုတ်တရက် အစည်းအဝေးခန်းထဲမှ လူများအားလုံး တိတ်ဆိတ်သွားကြသည်။

သူတို့ရှေ့တွင် မြင်ရတဲ့လူက မျက်တောင် မခတ်ဘဲ လူသတ်နိုင်တဲ့ နတ်ဆိုးတစ်ပါး ဖြစ်ကြောင်း သိလိုက်ရသည်။

အီဗန်ဂျွိုက်က မတ်တပ်ရပ်လိုက်ပြီး ပြန် ဖြေ လိုက်၏။

“ကျွန်တော်က အီဗန်ဂျွိုက်ပါ..ခင်ဗျားတို့ ဘယ်သူတွေလဲ...”

အစည်းအဝေးစားပွဲပေါ်တွင် လျူယောင် ပေါ့ပေါ့ဆဆ ထိုင်လိုက်သည်။

“မင်းက အီဗန်ဂျွိုက်စ်လား ငါက လျူယောင်ပဲ အကြွေးလာတောင်းတာ...”

“အကြွေးလာတောင်းတယ်”

“ဘယ်လိုအကြွေးလဲ..”

ခဏတာ တွေဝေပြီးနောက် အီဗန်ဂျွိုက် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး လျူ ယောင်ဆိုတာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောင်းခဲ့သူဖြစ်ကြောင်း သိသွား ခဲ့သည်။

အီဗန်ဂျွိုက် ချက်ခြင်း ဒေါသထွက်သွားကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

“ငါက အမှားတစ်ခုလုပ်ယုံပဲလေ.. ဒါပေမယ့် မင်းက တကယ်ပဲ ငါ့ တံခါးဝကို ရောက်လာ ပြီး ငါ့လူအားလုံးကို သတ်ပစ်လိုက်တယ်..”

အီဗန်ဂျိုက် ပြန်ပြောလိုက်၏။

“မင်းက ငါ့ လူတွေအများကြီးကို သတ် လိုက်တာမို့လို့ တစ်ပြားမှ ရမှာမဟုတ်ဘူး.."

သူ စကားမဆုံးမီ လျူယောင် လက်ကို မြှောက်ကာ ထပ်မံပစ်ခတ်လိုက်သည်။ ဘေးနားက ခေါင်းဆောင်တစ်ဦးရဲ့ ရင် ဘတ်တွင် အပစ်ခံရပြီး မြေပေါ် လဲကျ သွားသည်။

အဓိပ္ပါယ်မရှိတဲ့ စကားများပြောရန် လျူ ယောင် ပျင်းရိနေသည်။ သူ့လက်ထဲရှိ သေနတ်က စကား အပြောဆုံး ဖြစ်သည်။ ထိုခေါင်းဆောင်ကို တစ်ချက်တည်းနဲ့ သတ်လိုက်ပြီးနောက် လျူယောင် ပြုံးကာ ပြောလိုက်၏။

“မူလစုစုပေါင်းက အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံပဲ ဒါပေမယ့်.. အချိန်လွန်ကြေး မင်းရဲ့ တံခါးဝကိုလာတဲ့ အလုပ်ကြေး ..စတာတွေနဲ့ဆိုရင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဘီလီယံဖြစ်သွားပြီ..”

အီဗန်ဂျွိုက် စိတ်ထဲကနေ တုန်လူပ်စွာ ရေရွတ်လိုက်၏။

“ မင်းမိသားစုရဲ့ အချိန်လွန်ကြေးနဲ့ အလုပ် ကြေးတွေက ဒီလောက်များလား ဘီလီယံ တစ်ရာလောက် ယူသွားပါလား... "

အခြား လူတစ်ဦးကို လျူယောင် သေနတ် နဲ့ ချိန်လိုက်သည်။ ထိုသူက ကြောက် လန့်တ ကြား ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး တုန်ရီစွာ ငိုပြောလိုက်သည်။

"ခေါင်းဆောင် မြန်မြန်လုပ်ပါ သူ့ကို ပိုက်ဆံ ပေးလိုက်ပါ..ကျွန့်တော့်ကို သတ်တော့မယ် ဒီနတ်ဆိုးက...”

အီဗန်ဂျွိုက်က တုံ့ဆိုင်းနေ၏။

ဒီလူ့ကို သုံး လေး ငါးစက္ကန့်သာ အချိန် ပေး ခဲ့သည်။ အီဗန်ဂျွိုက် ငွေမပေးရန် ငြင်းဆန် တာကို မြင်တဲ့ အခါ တုံ့ဆိုင်းမှု့မရှိဘဲ ခလုတ် ဆွဲလိုက်သည်။ သေနတ်သံမြည်လာပြီး ထိုလူ ခေါင်းတည့်တည့်မှ အပစ်ခံခဲ့ရသည်။

လျူယောင် သေနတ်ကို အီဗန်ဂျွိုက်ဆီ ချိန်လိုက်ပြီး လေးနက်စွာ ထပ်ပြောလိုက် သည်။

“နောက်တစ်ချက်က ခင်ဗျား ခေါင်းကို ထိလိမ့်မယ်.. စိတ်မပူပါနဲ့ ဘာမှ မဖြစ်စေချင်ရင် ငါ့ ကို ငွေပဲ ပေးလိုက်ပါ..”

သေနတ်ရဲ့ အနက်ရောင်ပြောင်းဝကို မြင်တဲ့ အခါ အီဗန်ဂျွိုက် ချွေးအေးများ ထွက်လာ သည်။

သူ သေရမှာကို မကြောက်ဘူး လို့ဘယ်သူ ပြောခဲ့လဲ ဒါပေမဲ့ အခု သူ အလွန်ကြောက် နေခဲ့သည်။

“ဒါပေမယ့် ကျွန်တော့်မှာ အဲဒီလောက် ငွေမ ရှိဘူး”

" ဒိုင်း.. . " " အား.."

စကားမဆုံးမီ လျူယောင် ပေါင်ကို ပစ် လိုက်ရာ အီဗန်ဂျွိုက်စ် အော်ဟစ်လိုက်ပြီး မျက်နှာက အလွန်ဖြူရော်သွားသည်။

လျူယောင် ထပ်ပြောလိုက်၏။

“မင်းမှာ ငွေမရှိဘူးဆိုတဲ့ စကားကို ငါ မ ကြားချင်ဘူး ငွေကို မြန်မြန်လွှဲပေး မဟုတ် ရင် နောက်ကျည်ဆန်က မင်း ရင်ဘတ်ကို ထိလိမ့်မယ်..”

“ ကျွန်တော့ မှာ ငွေမရှိဘူး”

လို့ ပြောတာကို ရပ်လိုက်ပြီး အီဗန်ဂျွိုက် လက်တော့ပ်ပေါ်တွင် ငွေလွဲရန် စတင်ခဲ့ပေမဲ့ လုပ်ဆောင်မှု့တစ်ခုလုံးတွင် အနည်းငယ် တုန်ရီနေပြီး သူ ကြောက်ရွံ့နေပုံရသည်။

လုပ်ဆောင်မှု့အပြီးတွင် သူ့ အကောင့်သုံးခု ထဲမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကို လျူ ယောင်ရဲ့ ပြည်ပအကောင့်ထဲ လွှဲပြောင်းပေး လိုက်သည်။

“မစ္စတာလျူ ငွေလွှဲပြီးပါပြီဗျာ..”

လို့ ပြောပြီးနောက် အီဗန်ဂျိုက်က တုန်ရီ နေကာ လျူယောင် လက် ထပ်မြှောက်ပြီး ပစ်မှာကို ကြောက်နေခဲ့သည်။

All Chapters