ဟွာဟိုင်းသို့ ပြန်ပြီ
Vol. 23 Ch. 329
လျူယောင် ကြည့်လိုက်ရာ စုစုပေါင်း အမေ ရိကန်ဒေါ်လာ ၅ ဘီလီယံရှိသည်။ထိုငွေများ အားလုံး ဝင်ပြီးသွားပြီ ဖြစ်၏။
အီဗန်ဂျွိုက်က တောင်းပန်နေသည်။
"မစ္စတာလျူ ကျေးဇူးပြုပြီးကျွန်တော့်ကို မသတ်ပါနဲ့ စိတ်မပူပါနဲ့.. ဒီကိစ္စတွေကို ဘာမှမဖြစ်ခဲ့သလို သဘောထားပါ့မယ်.. ရဲကိုလည်း လုံးဝဖုန်းဆက်မှာ မဟုတ်ပါဘူး"
အီဗန်ဂျွိုက်ကို ကြည့်ကာ လျူယောင် ဖြည်း ဖြည်းချင်းပြောလိုက်သည်။
" ဒါဆို မင်းကိုငါ သတ်သင့်လား... သနား သင့်လား.."
"ဒုန်း.."
ခေါင်းဆောင်အချို့က ဒူးထောက်ပြီး ဦးညွှတ်ကာ တောင်းပန်နေကြသည်။
"မစ္စတာလျူ.. ကျေးဇူးပြုပြီး.."
"ဒုန်း.. ဒုန်းခနဲ."
အီဗန်ဂျွိုက်စ် အပါအဝင် လူတိုင်း ဒူး ထောက်၍ တောင်းပန်ခဲ့ကြသည်။
အီဗန်ဂျွိုက်က သူ စိတ်နာမှာမဟုတ် ကြောင်း လျူယောင်အား ဒုက္ခပေးမှာ မ ဟုတ်ကြောင်းနဲ့ ရဲကို တိုင်မှာလဲ မဟုတ် ကြောင်း စသည်တို့ကိုပင် ကတိပေးခဲ့သည်။
ဒီလူတွေကို လျူယောင် မထီမဲ့မြင် ကြည့်လိုက်သည်။ ရိုးရိုးသားသားပြောရရင် ဒီလူဆိုးများကို သူ ဂရုမစိုက်ပေ။ သူတို့ လက်စားချေရန် ရဲရဲတင်းတင်းလုပ်ပါက ရှင်းပစ်မှာပဲ ဖြစ်သည်။
လျူယောင် လက်ဝှေ့ယမ်းကာ ပြောလိုက် ၏။
"သွားမယ် ..ပြန်ကြစို့"
အကြွေးတောင်းဖို့ ရောက်လာခဲ့တဲ့အတွက် ရည်မှန်းချက် အောင်မြင်ပြီဖြစ်ရာ ပြန်သွား ၍ ပြောဆိုဆွေးနွေးရမည်မှာ သေချာသည်။
ခဏအကြာတွင် ကားသုံးစီး ထွက်ခွာ သွားခဲ့ သည်။ အလာတုန်းကနဲ့ မတူဘဲ ယခုခြံဝိုင်း တစ်ခုလုံးတွင် အလောင်းများဖြင့် ပြည့်နှက် နေသည်။ လက်နက်မဲ့ အစေခံများကိုတော့ မသတ်ခဲ့ဘဲ ကျန်လူဆိုးများအားလုံး သတ် ဖြတ်ခံခဲ့ရသည်။
ကားသုံးစီး အဝေးကို ရောက်ရှိသွားခဲ့ပြီး ထိုနေရာမှ လျင်မြန်စွာ ပြောက်ကွယ်သွား ခဲ့ သည်။
အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင် တစ်ဦးက ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ခေါင်းဆောင် ..ကျွန်တော်တို့ ဒီအတိုင်းပဲ ထားလိုက်ရတော့မလား..."
အီဗန်ဂျွိုက် မတတ်နိုင်စွာ ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့က ဘာလုပ်နိုင်မှာလဲ ..ဒီလူတွေက အယောက် ၇၀ ၈၀ကိုတောင် လူကိုးယောက်တည်းနဲ့ သတ်သွားတာ.. သူတို့မှာ ဘာအနာအဆာမှမရှိဘူး..ငါတို့က သူတို့နဲ့ ယှဉ်ပြိုင်ဖို့ အစွမ်းမရှိဘူး.. ဒီကိစ္စ ဒီလောက်နှင့်ပဲ ပြီးရမှာပေါ့..."
ဒီအချိန်တွင် အီဗန်ဂျွိုက် အလွန်နောင်တ ရနေ၏။ ဒီလိုဖြစ်မယ်ဆိုတာသာ သိရင် အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံအားလုံး ကို လျူယောင်ရဲ့ ဘဏ်အကောင့်ထဲ လွှဲပေး လိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲဟု တွေးမိသည်။
သူ၏ ဒေါ်လာတစ်ဘီလီယံကျော်ကို ချွေတာနိုင်ရုံသာမက လက်အောက်ငယ်သား ၇၀ ၈၀ လည်း အသတ်ခံရမည်မဟုတ်ပေ။
ယခုတစ်ကြိမ်တွင် အီဗန်ဂျွိုက်အတွက် ဆုံးရှုံးမှု့ များစွာ ရခဲ့ပြီး အလွန်နောင်တ ရတာပဲ ဖြစ်သည်။
......
ဟိုတယ်၏ သမ္မတအခန်း...
လျူယောင် ပြန်ရောက်လာခဲ့သည်။ လမ်း လျှောက်ထွက်ခဲ့သလိုမျိုး အလွန်သက် သောင့်သက်သာ အမူအရာဖြင့် ရှိနေခဲ့ သည်။
လီချန်လဲ့က အမြဲစိုးရိမ်ပူပန်နေပြီး လျူ ယောင်ပြန်လာတာကို မြင်တဲ့အခါ သက် ပြင်းချလိုက်သည်။
"အစ်ကိုယောင် ရှင်ပြန်လာပြီ အဆင် ပြေရဲ့ လား"
"အဆင်ပြေပါတယ် အီဗန်ဂျွိုက်ဆီကို ကိုယ်တိုင်သွားပြီး အကြွေးတောင်းတော့ ပိုက်ဆံအားလုံးကို ပေးလိုက်တယ်လေ.."
လျူယောင် လွယ်လွယ်ကူကူ ပြောလိုက် ၏။
ဖြစ်စဉ်တစ်ခုလုံးမှာ မလွယ်ကူကြောင်း လီချန်လဲ့ ခန့်မှန်းမိပေမဲ့ သူမက ဉာဏ် ကောင်းတာကြောင့် ဘာမေးခွန်းမှ မမေးခဲ့ပေ။
လျူယောင် အချိန်ကိုကြည့်ပြီး လက် ဝှေ့ ယမ်းကာ ပြောလိုက်သည်။
"သွားရအောင် ညစာစားကြစို့.. ပြီးရင် ကိုယ်တို့ လေယာဉ်နဲ့ ပြန်ကြမယ်..."
ဒီဟိုတယ်တွင် လျူယောင် ဟင်းပွဲများစွာကို မှာယူကာ အရသာရှိတဲ့ ညစာစားပြီးနောက် လေဆိပ်ကို ကားမောင်းသွားခဲ့သည်။
ဘိုးရင်း ၇၇၇ ကိုယ်ပိုင်ဂျက်လေယာဉ်လည်း အသင့်ပြင်ထားသည်။ လျူယောင်နှင့် အ ခြားသူများ လေယာဉ်ပေါ် တက်ပြီး မကြာ မီတွင် လေယာဉ်က ဟွားဟိုင် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပျံသန်းသွားတော့သည်။
ရီယိုမြို့ ခရီးစဉ်အတွင်း လျူယောင်ရဲ့ အကျိုးအမြတ်များက များလှသည်။ ချန်းဟူ ရွှေတံဆိပ်ဆုရတာကို မြင်ရုံသာမက အမေရိကန်ဒေါ်လာ ၅ ဘီလီယံကိုလည်း ရရှိခဲ့သည်။
......
တောင်အတ္တလန္တိတ် တစ်နေရာ. ..
ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ပေါ်တွင် ဘ လူးဝေးလ်က ရွက်လွှင့်နေသည်။ ဟွာဟိုင်း မြို့ကို ပြန်လာရာတွင် အမြန်ရွက်လွှင့်ခြင်း စနစ်ကို မသုံးဘဲ ပုံမှန်အမြန်နှုန်းကိုသာ သုံးခဲ့သည်။
ရက်များစွာ ရွက်လွှင့်ပြီးနောက် ရေမိုင် ထော င်ပေါင်းများစွာ ရွက်လွှင့်ခဲ့ပြီး ဖြစ်သည်။
ဘလူးဝေးလ်က မြေထဲပင်လယ်ထဲ ဝင် ရောက်ကာ ဆူးအက်တူးမြောင်းကို ဖြတ် သန်းမဲ့အစား အာဖရိကတိုက်ကနေ ဖြတ် သန်းရန် ပြင်ဆင်နေခဲ့သည်။
အခု ဘလူးဝေးလ်က မြောက် အတ္တလန္တိတ် သမုဒ္ဒရာမှ တောင်ဘက်သို့ ဆက်လက်ခ ရီးနှင်ပြီး တောင်အတ္တလန္တိတ်သမုဒ္ဒရာသို့ ဝင်ရောက်နေသည်။ ယခုအခါ အာဖရိ က တိုက်ရဲ့ တောင်ဘက်စွန်းကို ရောက်ရှိနေပြီ ဖြစ်သည်။
ကပ္ပတိန် ရမ်ဇီကွမ်းက မှန်ပြောင်းကိုကိုင်ပြီး အဝေးမှ ကျယ်ပြန့်တဲ့ပင်လယ်ရေပြင်ကို သက်သောင့်သက်သာရှိတဲ့ အမူအရာဖြင့် ကြည့်နေသည်။
"ကပ္ပတိန် ကျွန်တော်တို့ မျှော်လင့်ခြင်း အငူကို ဖြတ်ကျော်နေပြီး မနက်ဖြန်ဆို အိန္ဒိယသမုဒ္ဒရာထဲ ဝင်ရောက်တော့မှာပါ..."
ကပ္ပတိန်ရမ်ဇီကွမ်း ခေါင်းညိတ်ပြပြီး သက်ပြင်းချကာပြောလိုက်သည်။
"ခရီးစဥ်က ချောမွေ့လို့ တော်သေးတယ် နောက်ဆုံးတော့ အိန္ဒိယသမုဒ္ဒရာထဲကို ငါတို့ ဝင်တော့မယ်.."
စကားပြောပြီးနောက် သူ မှန်ပြောင်းကို ချ ကာ ဂြိုလ်တုဖုန်းကိုကိုင်ပြီး သူတို့ရဲ့ လက် ရှိတည်နေရာ အား လျူယောင့်ထံ အစီရင်ခံ လိုက်သည်။
အိုလံပစ်ပြိုင်ပွဲမှ လျူယောင် ပြန်ရောက် လာတာ နှစ်ရက်ရှိပြီး ဖြစ်လို့ ယနေ့တွင် ပ ထမဆုံးအကြိမ် ကုမ္ပဏီကို လာခြင်း ဖြစ် သည်။သူရောက်တဲ့ အချိန်က ဆယ်နာရီ ထိုးနေပြီ ဖြစ်၏။
ရုံးခန်းထဲ ဝင်ရောက်ပြီး မကြာမီတွင် ပြီးခဲ့ တဲ့ ရက်အနည်းငယ်က စာရွက်စာတမ်းများ နဲ့ အစီရင်ခံစာများကို သူ ကြည့်ရှုတော့မဲ့ အချိန်တွင် ကျိုးယန် တံခါး ခေါက်ပြီး ဝင် လာခဲ့သည်။
"သူဋေး' ဘလူးဝေးလ်က အာဖရိကရဲ့ တောင်ဘက်အစွန်ဆုံးဖြစ်တဲ့ မျှော်လင့်ခြင်း အငူကို ရောက်နေပြီး အတ္တလန္တိတ်သမုဒ္ဒရာ ထဲကို ဝင်တော့မယ်လို့ အစီရင်ခံပါတယ်..."
လျူယောင် ချက်ချင်းပျော်ရွှင်သွား၏။
"သူတို့ရဲ့အရှိန်က မနှေးဘူးပဲ သူတို့မြန်မြန် ပြန်ရောက်ဖို့ ငါ တကယ်မျှော်လင့်မိတယ်.."
'ဘလူးဝေးလ် ' ပေါ်တွင် စုစုပေါင်း စက် လေးလုံး တင်လာခဲ့သည်။ Universal ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ကို ထူထောင် ပြီး ဖြစ်လို့ စက်ရုံနှစ်ရုံရဲ့ ဆောက်လုပ်ရေးကို စတင်တော့မှာပဲ ဖြစ်သည်။
"အများဆုံး ရက် ၃၀ အတွင်း ' ဘလူးဝေးလ် 'က ဟွာဟိုင်းမြို့ကို ရောက်ရှိလာမှာပါ.. အဲဒီ အချိန်ကျရင် ကျွန်တော်တို့ရဲ့ စက်ရုံနှစ်ရုံရဲ့ ဆောက်လုပ်ရေးကလည်း အရှိန်အဟုန်ပြင်း စွာ စတင်နေလိမ့်မယ်..."
သူတို့နှစ်ဦးသား ကုမ္ပဏီရဲ့ လက်ရှိ အခြေ အနေ အထူးသဖြင့် မကြာခင် တည်ဆောက် တော့မဲ့ စက်ရုံအသစ်နှစ်ရုံအကြောင်း ဆွေး နွေးခဲ့ကြသည်။
ဒီချပ်ပြားထုတ်လုပ်ရေးစက်ရုံ နှစ်ရုံရဲ့ စုစု ပေါင်းရင်းနှီးမြှုပ်နှံမှု့က ဘီလီယံ ၃၀ မှ ၄၀ ဖြစ်ပေသည်။ စက်ရုံတစ်ခုချင်းစီကို အထူး ပညာရှင်အဖွဲ့များက စီမံကိန်း ရေးဆွဲ ထား ခဲ့သည်။ဒါက ကမ္ဘာပေါ်တွင် ခေတ် အ မီဆုံးနဲ့ သိပ္ပံနည်းအကျဆုံး ချပ်ပြား ထုတ် လုပ်ရေးစက်ရုံများထဲမှ တစ်ခု ဖြစ်လာပေ တော့မည်။
....
မြောက်အတ္တလန္တိတ်တွင်...
ရေအောက်မီတာ ဆယ်ဂဏန်းခန့်တွင် လိပ် ကြီး ကူးခပ်နေသည်။သူက အခုလေးတင် ကြီး မားတဲ့ ဝေလငါးကြီးတစ်ကောင်ကို ဖမ်း မိခဲ့ပြီး စားလိုက်ရာ ဗိုက်တစ်ဝက်ပြည့်သွား ခဲ့သည်။
သူရဲ့ လက်ရှိတည်နေရာက မြောက် အတ္တ လန္တိတ်သမုဒ္ဒရာရဲ့ နက်ရှိုင်းတဲ့နေရာတွင် ရှိနေပြီး မြောက်အမေရိကတိုက် ဒါမှမဟုတ် ဥရောပတိုက်မှ ရေမိုင်ထောင်ပေါင်းများစွာ ကွာဝေးလှသည်။
လိပ်ကြီးက ဖြည်းညှင်းစွာ ရေကူးရင်း ဒီနေရာက ရေအနက်မှာ လေးငါးကီလိုမီတာ ရှိပြီး ရေအောက်တွင် ဘာတွေရှိမလဲလို့ စိတ်ထဲကနေ တွေးနေမိသည်။
ရိုးရိုးသားသားပြောရရင် လိပ်ကြီး အိန္ဒိယ သမုဒ္ဒရာရဲ့ ချောက်နက်ထဲမှ ထူးဆန်းတဲ့ငါး ဖြူကို အနည်းငယ်လွမ်းဆွတ်မိသည်။
သူတို့က ကြီးမားပြီး အရသာရှိတာကြောင့် တစ်ကောင်ဖမ်းမိလိုက်ပါက ဗိုက်ပြည့် လောက်အောင်လိပ်ကြီး စားနိုင်သည်။
ဒီနေရာကလည်း ပင်လယ်နက်ပိုင်း ဖြစ်တာ ကြောင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာရဲ့ နက်နဲနေရာများတွင်
" တစ်စုံတစ်ရာများ ရှိ နေမလား မသိ သေးတဲ့ဧရာမသတ္တဝါ တွေကို ငါ စားနိုင်ပါ့ မလား အရသာကရော ဘယ်လိုလဲ "
ထိုအတွေးဖြင့် လိပ်ကြီး ပင်လယ်ထဲကို ပိုမိုန က်ရှိုင်းစွာ ရေကူးခပ်သွားသည်။ရေအနက် မီတာတစ်ရာကျော်မှ ရာဂဏန်းအထိ တ ဖြည်းဖြည်း တိုးလာကာ မီတာတစ်ထောင် ကျော်အထိ တိုးလာသည်။
ထိုအနက်တွင် ပတ်ဝန်းကျင်က မှောင်မိုက် နေပြီး အစက်အပြောက် မီးရောင်အချို့ သာ ရှိ၏။ထိုအကောင်တွေက ကိုယ်တိုင်အလင်း ထုတ်လွှတ်နိုင်တဲ့ ငါးများဖြစ်လိမ့်မည်။
လိပ်ကြီးက ပိုမိုနက်ရှိုင်းစွာ ကူးခတ်နေ၏။ သူ့ရဲ့ အာရုံခံနိုင်တဲ့ အတွင်းတွင် ကြီးမားတဲ့ သတ္တဝါများကို ရှာမတွေ့ဘဲ အရွယ်အစား အမျိုးမျိုးရှိတဲ့ သတ္တဝါအချို့သာရှိပြီး အ ကြီးဆုံးကောင်က တစ်မီတာ နှစ်မီတာသာ ရှိသည်။
မီတာ ၄,၀၀၀ ကျော်အနက်တွင် လိပ်ကြီး ပင်လယ်ကြမ်းပြင်အောက်ကို နောက်ဆုံး တွင် ရောက်ရှိလာခဲ့သည်။ ဒီနေရာက ပြန့်ပြူးသော လွင်ပြင် ဖြစ်နေပုံရသည်။
လိပ်ကြီးက မီတာ ၄,၀၀၀ ကျော် နက်တဲ့ ပင်လယ်ကြမ်းပြင်ပေါ်တွင် ဖြည်းညှင်းစွာ ရေကူးနေပြီး မီတာ ၅၀၀ အတွင်းရှိ အရာ အားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။
ရေမိုင် ဆယ်ဂဏန်း ကြာအောင် ဖြည်းညှင်း စွာ လိပ်ကြီး ရေကူးနေပေမဲ့ ပင်လယ်ကြမ်း ပြင်ကပြန့်ပြူးနေဆဲဖြစ်သည်။ဒီနေရာက အဆုံးမရှိတဲ့ ပင်လယ် ကြမ်းပြင် လွင်ပြင် ဖြစ်လောက်သည်။
ရုတ်တရက် လိပ်ကြီးရဲ့ ရှေ့တွင် အောက် ခြေမရှိတဲ့ တွင်းတစ်တွင်း ရှိနေတယ်လို့ ခံစားလိုက်ရသည်။
လိပ်ကြီး ထိုနေရာသို့ ရေကူးခပ်သွား၏။ အမှန်ပါပဲ ဒါက သာမာန် တွင်းကြီး တစ်ခု မဟုတ်ဘဲ စက်ဝိုင်းပုံစံ ဧရာမ တွင်းနက်ကြီး ဖြစ်နေလေသည်။