ထူးဆန်းသည့် စက်ဝိုင်းပုံစံ တွင်းနက်ကြီး
Vol. 23 Ch. 330
လိပ်ကြီး၏ရှေ့တွင် အောက်ခြေမရှိပဲ ကြီး မားတဲ့တွင်းကြီးတစ်ခုရှိနေပြီး ဒါက သာမန်တွင်းတော့ မဟုတ်လောက်ပေ။
တွင်းကြီး၏အစွန်းတွင် လိပ်ကြီး ရပ်ပြီး ဂရုတစိုက်ကြည့်နေကာ ဒီတွင်းကြီးက ထူးခြားကြောင်း ခံစားလိုက်ရသည်။
"သခင် .. သခင်ရေ ဒီတွင်းကြီးကို ကြည့်ပါ အုံး.."
ထိုအချိန်တွင် လျူယောင်က အလုပ်မှ ပြန် ရောက် လာပြီ ဖြစ်သည်။ အမေရိကန်ဒေါ် လာ သန်းရာနှင့်ချီတန်တဲ့ ဗီလာအိမ်ကြီးတွင် ရှိနေသည်။ ယခုအခါ ထိုနေရာတွင်သာ သူ အများအားဖြင့် နေထိုင်ခဲ့သည်။
သန်းရာနှင့်ချီတန်တဲ့ ဗီလာအိမ်ကြီးက အလွန်ခမ်းနားလှသည်။ ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြကာ အပူပေးစက် အအေးပေးစက် စသည့် ပစ္စည်းကိရိယာများအားလုံး ရှိပေသည်။ ဒီနေရာတွင် နေထိုင်ရတာကို လျူယောင် အလွန် နှစ်သက်၏။
အစောင့်အရှောက်များ၊ ဥယျာဉ်မှူးများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ စားဖိုမှူးများ စတဲ့အစေခံအမျိုးမျိုးကလည်း အခြေခံ အားဖြင့် ပြည့်စုံပေသည်။ စုစုပေါင်း လူ တစ်ဒါဇင်ကျော်က လျူယောင်ကို လုပ်ကိုင် ပေးနေကြသည်။
အမှန်ပါပဲ လီချန်လဲ့လည်း ဒီနေရာကို မကြာခဏ လာရောက် နေထိုင်လေ့ရှိ၏။ အခုက နွေရာသီကျောင်းပိတ်ရက် ဖြစ် နေတာကြောင့် သူမက ဒီနေရာတွင်သာ ပုံမှန်အားဖြင့် နေထိုင်ပေသည်။
လျူယောင်က စာကြည့်ခန်းထဲတွင် ရှိနေ ၏။ လိပ်ကြီး အသံက စိတ်ထဲကနေ ထွက် ပေါ်လာတဲ့အခါ လျူယောင် အိမ်မွေးတိ ရစ္ဆာန် ချပ်ပြား ကို ချက်ချင်းဖွင့်လိုက်ပြီး ပြင်ပအမြင်အာရုံကို ဖွင့်လိုက်သည်။
ချက်ချင်းဆိုသလို လိပ်ကြီးကို လျူယောင် မြင်လိုက်ရသည်။
လိပ်ကြီးက မီတာ ၄,၀၀၀ ကျော် နက်တဲ့ ပင်လယ်ကြမ်းပြင်တွင် ရှိနေပြီး သူ့ဘေးန ားရှိ မီတာ ၁,၀၀၀ ပတ်လည်တွင် အလွန် ပြန့်ပြူးနေသည်။
လျူယောင် အံ့ဩသွား၏။ လိပ်ကြီး ရဲ့ရှေ့ တွင် ကြီးမားတဲ့ စက်ဝိုင်းပုံစံတွင်းကြီး တစ် တွင်းရှိနေတာကြောင့် ပင်။
ဒီတွင်းကြီးက အောက်ဘက်ကို ဒေါင်လိုက် တည့်တည့် ရှိနေပြီး အောက်ခြေမရှိလို ဖြစ်နေသည်။ဒါက ကြီးမားလှပြီး အချင်း ၁ ကီလိုမီတာကျော်ရှိနေသည်။
ပင်လယ်ရေအောက်လွင်ပြင်တွင် ဒီလို ရုတ် တရက်ပေါ်လာပြီး ဒေါင်လိုက်အောက် ဘက် ကို တည့်တည့်ရှိနေပြီး အောက် ခြေမရှိ ပဲ ကြီးမားတဲ့ တွင်းက အလွန်အံ့အားသင့်စရာ ကောင်းလှသည်။
လျူယောင် အလွန်တုန်လှုပ်သွားသည်။ ဒီ ကြီးမားတဲ့တွင်းက အမှန်တကယ် ညီညီ ညာညာ ဆွဲထားသည့် စက်ဝိုင်း ပုံစံဖြစ်ပြီး အလွန့် အလွန်စံဖြစ်နေသည်။ အဲ့ဒါကို ပုံဆွဲ ကိရိယာဖြင့် ဆွဲထားသလိုမျိုး ဖြစ်နေသည်။
အမှန်ပါပဲ အဲ့ဒါကို ကိရိယာဖြင့် ဆွဲထားသ လို ညီညာနေတယ်လို့ လျူယောင် ခံစား နေရသည်။
"အမ် ဒီဟာက သဘာဝအလျောက် ဖြစ်ပေါ် လာတာလား ဒါမှမဟုတ် လူလုပ်တာလား.."
ဒါက သဘာဝအလျောက် ဖြစ်ပေါ်လာတာ ဆိုရင် သဘာဝရဲ့ထူးခြားတဲ့ လက်ရာကို အမှန်တကယ် ချီးကျူးရလိမ့်မည်။ဒီလို စံစက်ဝိုင်းပုံစံ ကြီးမားတဲ့ တွင်းတစ်တွင်း ရှိနေသည်လေ။
"လူလုပ်တာ ဆိုရင်ရော.. "
ဒီဟာက အလွန် ကြောက်စရာ ကောင်းလွန်း လိမ့်မည်။ဒီလို တွင်းကြီးတစ်ခုကို ဖန်တီးရန် ဘယ်လောက်အဆင့်မြင့်တဲ့ သိပ္ပံနှင့်နည်းပ ညာ လိုအပ်မည်နည်း။
လျူယောင် သိရသလောက် လူသားများရဲ့ လက်ရှိသိပ္ပံနဲ့ နည်းပညာအဆင့်ကဒီလို စွမ်းရည်မျိုး မရှိသေးပေ။
ဒါက သဘာဝအတိုင်း ဖြစ်ပေါ်တာဖြစ်စေ လူလုပ်ဖြစ်စေ ဝင်ကြည့်လိုက်ရင် သိရ လိမ့်မည်။
တတိယအမြင် ရှုထောင့်မှတဆင့် လျူ ယောင်ဘာအန္တရာယ်ကိုမှ မတွေ့ရပေ။ ထူးဆန်းတဲ့ ပင်လယ်သတ္တဝါအချို့ ရှိပေမဲ့ ဧရာမလိပ်ကြီးနဲ့ နှိုင်းယှဉ်ပါက သူတို့က သတ္တဝါငယ်များသာဖြစ်ပြီး လိပ်ကြီးကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
"သခင်ရေ ဒီတွင်းကြီးက အရမ်းထူးဆန်းနေ တယ်.."
"မင်းဝင်ပြီး ကြည့်ချင်လား"
လျူယောင် မေးလိုက်၏ ။
"ကျနော် ကြည့်ချင်တယ် သခင်... ဒီတွင်း ကြီးထဲမှာ စားလို့ကောင်းတာတွေရှိရင် အရမ်းကောင်းမှာပဲ..."
လိပ်ကြီးက လျှာသပ်ပြီး ပြန်ဖြေလိုက် သည်။
လိပ်ကြီးကို လျူယောင် အနည်းငယ် အ ထင် သေးသွားသည်။ဒါက ပုံမှန်အ စား အသောက် အာသာရှိသူရဲ့ အတွေးသာ ဖြစ်သည်။ ပထမဆုံးတွေးတာက
" တွင်းကြီးထဲတွင် စားလို့ကောင်းတာများ ရှိလား "ဟူ၍ပင် ဖြစ်သည်။
လိပ်ကြီး စားကောင်းသောက်ဖွယ်များကို တွေးရင်း ကြီးမားတဲ့ တွင်းထဲ ဆင်းလိုက် ကာ အောက်ခြေကို ဖြည်းဖြည်းချင်း ရေ ကူးခပ်သွားသည်။ရေ အနက်မှာ တဖြည်း ဖြည်း တိုးလာ၏။
လျူယောင် တတိယအမြင် အာရုံမှတစ်ဆင့် အရာအားလုံးကို အနီးကပ်ကြည့်နေပြီး ကြီးမားသည့်တွင်း နံရံကို အလေးထားကြ ည့်လိုက်သည်။
"လိပ်ကြီး ဖြည်းဖြည်းသွား အလျင်မလိုနဲ့..."
လျူယောင် ညွှန်ကြားချက်ကို နားထောင် ပြီးနောက် လိပ်ကြီးက တွင်းရဲ့ အောက် ခြေ ဘက်ကို ဖြည်းဖြည်းချင်း ဦးတည်သွား ခဲ့ သည်။
လျူယောင် သတိထားမိသွား၏။ ဒီကြီး မားတဲ့တွင်းက အမြဲတမ်း ပုံမှန် ရှိနေ သည်။ ဒီတွင်းဝက စံစက်ဝိုင်းတစ်ခုဖြစ်ရုံသာမက တွင်းရဲ့အတွင်းပိုင်းကလည်း အမြဲတမ်း စံစက်ဝိုင်းတစ်ခု ဖြစ်နေ သည်။
တွင်းနံရံက အလွန်ချောမွေ့ခြင်းမရှိပေမဲ့ ပြန့်ပြူးနေဆဲဖြစ်သည်။
"လိပ်ကြီး ခဏရပ်လိုက်ဦး တွင်းနံရံရဲ့ အခြေအနေကို ငါ ကြည့်ချင်လို့.."
လိပ်ကြီး ရပ်လိုက်သည်။ လျူယောင် ပြင် ပအမြင်အာရုံမှတစ်ဆင့် တွင်းနံရံရဲ့ အခြေ အနေကို ဂရုတစိုက် စစ်ဆေးလိုက်၏ ။ ကံမကောင်းစွာပင် တွင်းနံရံက အတော် လေး ပြန့်ပြူးပေမဲ့ လူလုပ်တဲ့ လက်ရာများ ကို မတွေ့ရပေ။
"ဒါက လွန်ခဲ့တဲ့နှစ် ပေါင်းများစွာက လား ဟ... "
"ကြီးမားသည့်တွင်းက နှစ်ထောင်ပေါင်းများ စွာ ဒါမှမဟုတ် နှစ်သောင်းပေါင်းများ စွာ ကြာနေတာ မို့လို့ လူလုပ်တဲ့ လက်ရာတွေက ပျောက်ကွယ်သွားပြီလား..."
ဒီခန့်မှန်းချက် သူ့စိတ်ထဲသို့ ပေါ်လာတာနဲ့ တပြိုင်နက် လျူယောင် ထိတ်လန့်သွား သည်။
" ဘုရားရေ ဒါက လွန်ခဲ့တဲ့ နှစ်ထောင် ပေါင်းများစွာ သောင်းပေါင်းများစွာ က တည်းက ပျောက်ကွယ်သွားတဲ့ ရှေးဟောင်း လက်ရာ ဒါမှမဟုတ် ဂြိုဟ်သားလက်ရာ လား..."
တတိယ အမြင်မှတစ်ဆင့် လျူယောင် တွင်းနံရံကို အချိန်အကြာကြီး စစ်ဆေးခဲ့ သည်။ ဒီကြီးမားတဲ့တွင်းက မကြာသေးမီက ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အလွန်ရှေးကျ တာလို့ အခြေခံအားဖြင့် လျူယောင် အ တည်ပြုခဲ့သည်။
သဘာဝအတိုင်း ဖြစ်ပေါ်လာတာနဲ့ နှိုင်း ယှဉ်ပါက ဒါကို ရှေးဟောင်းယဉ်ကျေးမှု့ ဒါမှမဟုတ် ဂြိုဟ်သားယဉ်ကျေးမှု့ ဖြစ်ပါ စေလို့ လျူယောင် မျှော်လင့်မိသည်။
"လိပ်ကြီး မင်းရဲ့အနက်ဆုံးခံနိုင်ရည်ရှိတဲ့ နေရာအထိ ဆက်ဆင်းသွား..."
"ဟုတ်ကဲ့ သခင်..."
"ဖြည်းဖြည်းလဲ သွားအုံး "
လျူယောင် ဆက်သတိပေးလိုက်၏။
"ဒီတွင်းကြီးက နည်းနည်းပုံမှန်မဟုတ်ဘူးလို့ ငါ ထင်တယ် သတိထားတာ ဘယ်တော့မှ မမှားဘူး.."
လိပ်ကြီးက အောက်ဘက်သို့ ဆက်လက် သွားခဲ့သည်။အရှိန်က မမြန်ပေ။ လျူ ယောင် တွင်းထဲတွင် တစ်စုံတစ်ရာ ရှိ နေမှာ ကို စိုးရိမ်နေတာကြောင့် ပြင်ပအမြင် အာရုံ ကို အမြဲဖွင့်ထားခဲ့သည်။ဒါပေမဲ့ ဒီတွင်းက ပင်လယ်ရေမှလွဲပြီး အခြားဘာမှမရှိဘဲ လွတ်နေပုံရသည်။အနက်တော်တော်များ ရောက်သွားတဲ့အခါ အလင်းရောင်ရှိတဲ့ ပင်လယ်သတ္တဝါများပင် ပျောက်ကွယ်သွား သည်။
ဆက်လက်ဆင်းသွားပြီးနောက် မီတာ ၆,၀၀၀ အနက်ကို လိပ်ကြီး ကျော်လွန် သွားခဲ့သည်။
ဒီအနက်တွင် လိပ်ကြီးက ပင်လယ်ရေ၏ ဖိအားကို ခံစားလာရသည်။ဒါပေမဲ့ သူ လက်မလျှော့ဘဲ ဆက်လက် ဆင်းသက် ခဲ့သည်။
၆,၈၀၀ မီတာက လိပ်ကြီး ရောက်ရှိနိုင်တဲ့ အမြင့်ဆုံးအနက်ပဲ ဖြစ်သည်။ ဒီအနက်တွင် မိနစ်အနည်းငယ်ကြာအောင် နေနိုင်ခြင်းက အမြင့်ဆုံးဖြစ်တယ်လို့ ခံစားရပြီး ကြေမွ တော့မည့်အလား လိပ်ကြီး ခံစားနေရသည်။
"အား သခင်ရေ ကျွန်တော် ဆက်မဆင်းနိုင် တော့ဘူး ပင်လယ်ရေရဲ့ဖိအားက အရမ်း များနေတယ်.."
လျူယောင် ကြည့်လိုက်ရာ အတော်လေး ကျေနပ်မိသည်။ အလေးချိန် တန် ၈၀၀ ရှိတဲ့ လိပ်ကြီးက မီတာ ၆,၈၀၀ အနက်ကို ရောက် နိုင်ခဲ့သည်။
တစ်ခုတည်းသော နောင်တက ဒီကြီးမားတဲ့ တွင်းက အောက်ခြေမရှိသေးခြင်းပင် ဖြစ် သည်။ လိပ်ကြီးရဲ့ လက်ရှိအနေအထားက မီတာ ၆,၈၀၀ ဖြစ်ပြီး တတိယအမြင်က အတိုင်းအတာကလည်း မီတာ ၁,၀၀၀ ပဲ မြင်ရ၏ ။
ဆိုလိုတာက လျူယောင် တတိယအမြင် အာရုံမှတစ်ဆင့် မီတာ ၇,၈၀၀ အနက်ကို မြင်နိုင်ပေမဲ့ ဒီ ကြီးမားသည့် စက်ဝိုင်း တွင်း ရဲ့ အောက်ခြေကို မတွေ့ရသေးပေ။ ဒါ့ကြောင့် အဲဒါက မည်မျှအနက်ရှိတာကို လျူယောင် မသိခဲ့ရပေ။
" ဘာလဲဟ ..တကယ် အောက်ခြေ မရှိတဲ့ စက်ဝိုင်းတွင်းကြီး ဖြစ်နေတာလား.."
လိပ်ကြီး ဆက်လက်ဆင်းနိုင် တော့မည် မ ဟုတ်ပဲ ဘာကိုမှ ရှာမတွေ့တဲ့ အတွက် လျူ ယောင် ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။
"လိပ်ကြီး ပြန်တက်တော့ ဒီတွင်းကြီးက အရမ်းနက်လွန်းတယ်..."
လိပ်ကြီး စိတ်သက်သာရာရသွား၏။
မီတာ ၆,၈၀၀ အနက်တွင် မိနစ်အနည်းငယ် မျှပင် မနေနိုင်တာကြောင့် ချက်ချင်းပင် ရေပေါ်ကို စတင်ကူးခတ်လိုက်သည်။
မီတာ ရာပေါင်းများစွာ တက်လာသောအခါ ပိုနေလို့ ကောင်းမွန်လာပြီလို့ ခံစားရသည်။ ပင်လယ်ရေဖိအားရဲ့ ပြင်းထန်တဲ့ ဖိအားကို ခံစားရပေမဲ့ လိပ်ကြီးက ဒီအနက်တွင် တစ် နာရီ ကြာကြာနေနိုင်ခဲ့သည်။
"ဟမ် "
တွင်းနံရံ လျူယောင် ကို အာရုံစိုက် ကြည့် နေရာ နောက်ဆုံးတွင် ပုံမှန်မဟုတ်တာကို မြင်လိုက်ရသည်။ အံ့အားသင့်စွာဖြင့် သူ
"ဟမ်" ဟု မပြောဘဲမနေနိုင်ပေ။
"လိပ်ကြီး ဖြည်းဖြည်းသွားအုံး တွင်းနံရံကို ငါ သေချာကြည့်အူံးမယ်..."
ဒီစကားကြားတဲ့အခါ လိပ်ကြီးက ဖြည်း ဖြည်းချင်း ကူးခတ်လိုက်ကာ နောက်ဆုံး တွင် ရပ်တန့်လိုက်သည်။