← Chapters

(ဒါက အစေခံမရှိတဲ့သူလား)

Vol. 14 Ch. 185

(ဒါက အစေခံမရှိတဲ့သူလား)

Vol. 14 Ch. 185

နဂါးနှင်းတောင်၏ တောင်ခြေတွင် လီယုဟန်သည် အလွန်ညှိုးငယ်စွာဖြင့် ရှကျိုးယွီ အနောက်ကို လိုက်ပါနေခဲ့သည်။ သူမရဲ့ ခြေတွေလက်တွေကို မတုပ်နှောင်ထားသော်ငြား စိုးရိမ်နေတဲ့ မျက်လုံးတစ်စုံကတော့ ဖမ်းဆီးခံထားရကြောင်း ဖော်ပြနေ၏။

"ညီကိုမဲ့၊ သူ့ကို ဖမ်းလာတာလား။ သူက ထျန်းလင်ဂိုဏ်းက တပည့်မလား"

ဟွမ်ပထျန်းရဲ့ လက်နှစ်ဖက်လုံး အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူ့ရဲ့မျက်လုံးတွေလည်း ပြူးကျယ်လာပြီး လေသံက အလွန်ကို မယုံကြည်နိုင် ဖြစ်နေ၏။

"ထျန်းလင်ဂိုဏ်းက တပည့်လား။ လက်ရှိတော့ သူမက ထျန်းလင်ဂိုဏ်းရဲ့ တပည့်ပဲ"

ရှကျိုးယွီရဲ့ မျက်နှာက အေးစက်နေခဲ့သည်။ ရှကျိုးယွီက ဟွမ်ပထျန်းကို တစ်ချက်တောင် မကြည့်ဘဲ ကျော်ဖြတ်သွား၏။

လီယုဟန်သည် ရှကျိုးယွီအနောက်က လိုက်ပါနေရင်း ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးနေခဲ့သည်။

သူမရဲ့အသက်က ဘယ်လိုပဲ ဖူမဲ့ရဲ့လက်ထဲ ကျရောက်နေပါစေ ဒီအခန်းထဲမှာရှိနေတဲ့ လူတွေအားလုံးက သူမကို မတိုက်ခိုက်နိုင်ဘူး။ ဒါက ပင်မ တပည့်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာပဲ။ ထျန်းလင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာပဲ။

"မင်းအထင် ငါ့ကို ပြောစမ်း။ ခေါင်းဆောင်ဖူမဲ့က အဲဒီကောင်မလေးကို ဘာလို့ ဖမ်းလာတာလဲ"

အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်က ဘေးကမိတ်ဆွေကို တီးတိုးကပ်ပြောလိုက်သည်။

"ငါ ဘယ်လိုလုပ် သိမှာလဲ။ ဒါက ကိစ္စကြီးတစ်ခုပဲလေ။ ငါနဲ့ မင်း ခန့်မှန်းနိုင်မယ်လို့ ထင်လား"

"သူ ဒီနေရာကို ရောက်လာတာက အတူအိပ်ဖို့တော့ မဟုတ်ဘူးမလား"

နောက်ထပ် မိတ်ဆွေတစ်ယောက်က ရွံရှာစွာဖြင့် ပြောလိုက်သည်။

"ငါတို့ရဲ့ ခေါင်းဆောင်ကို အိပ်ရာထဲမှာ အမှုထမ်းပေးဖို့လေ"

"မအံ့သြတော့ပါဘူး။ ခေါင်းဆောင်က ခေါင်းဆောင်ပဲလေ။ ငါတို့ထက် အမြင်စူးရှတယ်"

ကံကောင်းသည်က ထိုစကားလုံးတွေကို လီယုဟန် ကြားမသွားခဲ့ပေ။ သူမသာ ကြားသွားလို့ကတော့ နေရာမှာတင် ထိုနှစ်ယောက်ကို သတ်ပစ်လောက်သည်။ ရှကျိုးယွီ သူမကို အပြစ်ပေးလာမလားလည်း ဂရုမစိုက်လောက်ဘူး။

ဒါပေမဲ့ သူမလည်းပဲ ဘာလို့ အခုလိုမျိုး ခေါ်လာခံရလဲ မသိပါချေ။

"မင်း ဒီနေရာကို လာခဲ့"

အခန်းအတွင်းတွင် ရှကျိုးယွီသည် ထိုင်ခုံမှာ ပုံမှန်လိုပဲ ထိုင်နေခဲ့သည်။ ခြေထောက်နှစ်ဖက်ကို စားပွဲပေါ်တင်ထားပြီး အနောက်ကို မှီထားရင်း သူ့ရဲ့ပုံစံက အလွန်ပျော်မြူးနေ၏။

လီယုဟန် အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့သည်။ တစ်ဖက်လူက တိုက်ခိုက်လာရင် အဆင်သင့် တုံ့ပြန်နိုင်အောင် အသင့်ပြင်ထား၏။

'ငါ နာခံပြီး အသက်ရှင်အောင် ကြိုးစားသင့်လား။ ဒါမှမဟုတ် ခုခံရင်းနဲ့ အသေခံလိုက်ရမလား။ အကယ်လို့ ငါ ခုခံတယ်ဆိုရင်တောင်မှ သူ့ကို အနိုင်ယူနိုင်မှာမို့လို့လား’

"ကောင်းပြီ" လီယုဟန်သည် တွေးတောနေရင်း ရှကျိုးယွီရဲ့ ဘေးက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူမက အတွေးလွန်နေဆဲပဲ။

"မင်း ဘာလုပ်နေတာလဲ။ ဟိုမှာ သွားထိုင်"

သနားစရာကောင်းသည်က ရှကျိုးယွီရဲ့ အော်ဟစ်မှုကိုသာ ခံလိုက်ရသည်။

လီယုဟန် နေရာမှာတင် အံ့သြသွားတော့၏။

"ငါ့လိုမျိုး မိန်းကလေးတစ်ယောက်ကို ဖမ်းလာပြီး နင်တို့တွေ.."

သူမက အလွန် ဒေါသထွက်နေဟန် ရှိသည်။

'ငါက ဒီလောက်တောင် စွမ်းဆောင်ရည်မရှိလို့လား’

"ငါတို့တွေ ဘာဖြစ်သလဲ"

"ငါ ဒီအတိုင်း မင်းကို ဖမ်းချင်လို့ ဖမ်းလာခဲ့တာလေ။ မင်းကိုယ်မင်း အရမ်းလှတယ် ထင်နေသလား။ ဘာတွေ စိုးရိမ်နေတာလဲ"

ရှကျိုးယွီရဲ့ စကားသံက ကောင်းကင်ထက်က မိုးကြိုးပစ်ချလိုက်သလိုမျိုး လီယုဟန်ကို တိုက်ရိုက် ရိုက်ခတ်သွားခဲ့သည်။

သူမရဲ့ မျက်နှာက ဖြူဖွေးသွား၏။ မယုံကြည်နိုင်စွာ ထရပ်လိုက်ပြီး ခြေလှမ်းများစွာ အနောက်ကို ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူမ စိတ်သက်သာစွာ သက်ပြင်းချမိ၏။ အနည်းဆုံးတော့ သူမအနေနဲ့ အိပ်ရာထဲမှာ အမှုမထမ်းရတော့ဘူး။

ဒါပေမဲ့ လီယုဟန်ရဲ့ နှလုံးသားအတွင်းက ယှဥ်ပြိုင်လိုတဲ့ စိတ်ဝိညာဥ်သည် နှိုးထလာခဲ့သည်။

"နင် တကယ် ပြောနေတာလား။ ငါ့ကို ကြိုက်တဲ့သူတွေက ထျန်းလင်ဂိုဏ်းကနေ တန်းစီမယ်ဆိုရင်တောင် ဒီနှင်းနဂါးတောင်ထိ ရောက်လာလောက်တယ်။ ငါက နင့်အတွက် မလုံလောက်ဘူးလား"

ရုပ်ရည်သွင်ပြင်သည် မိန်းကလေးတစ်ယောက်ရဲ့ မာနဖြစ်သည်။ အထူးသဖြင့် လီယုဟန်လိုမျိုး အလှလေးအတွက်ပဲ။ သူမက ထိုအရာနဲ့ပတ်သက်ရင် အလွန် အထိမခံနိုင်ဖြစ်သည်။

ရှကျိုးယွီကတော့ လီယုဟန်ကို ပုံမှန်လိုသာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်မှာ အကြည့်လွှဲလိုက်တော့၏။

သူ့ရဲ့ဘဝမှာ အရာအားလုံး ရှိပြီးသားပဲ။ မိန်းမပြတ်လပ်နေတာလည်း မဟုတ်ဘူး။ မိန်းမတစ်ယောက်အနေနဲ့ လီယုဟန်က လှပသည်ကို ဝန်ခံပါသည်။

ဒါပေမဲ့ သူက အလှလေးတွေကို မမြင်ဖူးတဲ့သူ

မို့လို့လား။ သူ့ရဲ့ အနောက်ဆောင်ထဲမှာ အလှများစွာ ရှိသည်။ ဒါပေမဲ့ ရှကျိုးယွီက မိဖုရားဖူယွဲ့ကိုပဲ စိတ်ဝင်စားခဲ့၏။ ထို့ကြောင့် လီယုဟန် ဘယ်လောက်ပဲ လှပနေပါစေ ရှကျိုးယွီ သူမအပေါ် နည်းနည်းလေးမှ စိတ်မရှိဘူး။

"မင်း လှတာ မလှတာက ငါ့ကိစ္စ မဟုတ်ဘူး။ ငါ မင်းကို အော်လိုက်တာက အဲဒီနေရာက ဟွမ်ပထျန်းရဲ့ နေရာမို့လို့ပဲ"

လီယုဟန် အံ့သြသွားခဲ့သည်။ သူမ ချက်ချင်းပဲ ငုံ့ကြည့်လိုက်သည်။ ထိုထိုင်ခုံပေါ်တွင် ဟွမ်ဆိုသော စကားလုံးကို ထိုးထား၏။

"ဒါက..."

လီယုဟန် တစ်ခုချင်း စစ်ဆေးနေရင်း အနည်းငယ် အရှက်ရလာတော့သည်။ ထိုင်ခုံတိုင်းတွင် သက်ဆိုင်သူ၏ နာမည်ကို ထိုးထွင်းထား၏။ သူမရဲ့ လှပသောမျက်နှာသည် ချက်ချင်းပဲ နီရဲလာခဲ့သည်။

"ဒါဆိုရင် ငါ ဘာလုပ်ရမှာလဲ။ ထိုင်ခုံတွေအားလုံးက ပိုင်ရှင်ရှိပြီးသားပဲ"

ရှကျိုးယွီ အေးစက်စွာ ပြောလိုက်သည်။

"ဒီနေရာမှာ ဘာအစေခံမှ မရှိဘူး။ မင်းဟာမင်း ထိုင်ခုံ သွားယူလေ”

လီယုဟန် အအော်ခံလိုက်ရသည်။ သူမ ချက်ချင်းပဲ မျက်ရည်များ ဝဲလာတော့၏။

ထျန်းလင်ဂိုဏ်းမှာတုန်းက အခုလိုမျိုး အစော်ကားခံရမှုကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ အပြင်တပည့်တွေရဲ့ လေးစားမှုများစွာကို ခံခဲ့ရသည်။ လေ့ကျင့်မှုကလွဲရင် သူမ တစ်နေ့လုံး ဘာကိုမှ ဂရုစိုက်စရာ မလိုအပ်ဘူး။ ဒါပေမဲ့ ဒီနေရာမှာတော့ သူမကို ထိုင်ခုံ မ,ခိုင်းနေ၏။

"နင်တို့မှာ အစေခံတွေ မရှိဘူးလား။ ငါက ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ”

သူမက စိတ်ပျက်စွာ အော်ဟစ်လိုက်သည်။ လက်သီးနှစ်ဖက်ကိုလည်း တင်းကြပ်စွာ ဆုပ်ထား၏။

"အစေခံ ဟုတ်လား။ ငါ့မှာ ဘာအစေခံမှ မရှိဘူး။ အဲတော့ မင်း ဘာလုပ်ချင်သလဲ။ ဒါ့အပြင် ဒီနေရာမှာ မင်းက အစေခံတစ်ယောက်ပဲ။ မင်းရဲ့အသက်က ငါ့လက်ထဲမှာ ရှိနေတာနော်။ မင်းက ဘယ်သူ့ရဲ့ ခစားမှုကို လိုချင်နေတာလဲ"

ရှကျိုးယွီရဲ့ စကားဆုံးတာနဲ့ အခန်းထဲကို လှပတဲ့ မိန်းကလေးများစွာ ဝင်ရောက်လာခဲ့သည်။ တစ်ယောက်က အခါးရေ ငှဲ့ပေးနေချိန်မှာ တစ်ယောက်က ရှကျိုးယွီကို ပုံမှန်ဝတ်စုံ ဝတ်ဆင်နိုင်စေရန် ကူညီပေးနေ၏။ ကျန်တစ်ယောက်သည် အခန်းထဲရှိ မီးပုံကို စိတ်ဝိညာဥ်စွမ်းအင် အသုံးပြုရင်း အားဖြည့်ပေးနေခဲ့သည်။ ရှကျိုးယွီ အအေးသက်သာစေရန် ကူညီနေတာပင်။

လီယုဟန်ရဲ့ မျက်လုံးများ ပြူးကျယ်လာတော့သည်။

"နင်ပြောတော့ ဘာအစေခံမှ မရှိဘူးဆို…။ ဘယ်လိုတောင် လုပ်ရဲတာလဲ”

သူမ ထျန်းလင်ဂိုဏ်းမှာ ရှိနေတုန်းကတောင် အခုလိုမျိုး အလိုလိုက်မှုကို မခံခဲ့ရပေ။

သူမ မပြောနဲ့။ ထျန်းလင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်တောင်မှ ဒါမျိုး ခစားမှုကို မကြုံဖူးဘူး။

ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့ မျက်လုံးတစ်စုံက ကျဥ်းမြောင်းသွားခဲ့သည်။

"သူတို့ကို အစေခံတွေလို့ ဘယ်သူပြောသလဲ။ သူတို့အားလုံးက စိတ်ပါလို့ လုပ်ပေးနေကြတာ ဟုတ်တယ်မလား"

ထိုမိန်းကလေးတွေက ချက်ချင်းပဲ ခေါင်းညိတ်လာခဲ့သည်။ သူတို့ရဲ့ မျက်နှာပေါ်မှာ အလွန်လေးစားနေဟန် ရှိ၏။

"ငါတို့အားလုံးက သခင်လေးဖူကို အရမ်း တာဝန်ထမ်းဆောင်ပေးချင်လို့ပါ"

လီယုဟန် နေရာမှာပင် အံ့သြမှင်တက်သွားခဲ့သည်။ သူမရဲ့ မျက်လုံးတစ်စုံက ဗလာဖြစ်သွားခဲ့ပြီး အနည်းငယ် ပါးစပ်ဟသွား၏။ သူမ ဘာပြောရမလဲ မသိတော့ပေ။ နေ့တစ်ဝက်လောက် ကြာပြီးနောက်မှသာ သူမ ပုံမှန်လို ပြန်ဖြစ်ခဲ့သည်။ သူမရဲ့မျက်လုံးတွေက တည်ငြိမ်သွားပြီး သိုလှောင်ခန်းသို့ သွားကာ ထိုင်ခုံတစ်ခုကို ထုတ်ယူခဲ့သည်။ ထို့နောက်မှာ ရှကျိုးယွီရဲ့ ဘေးတွင် ချလိုက်၏။ ထိုင်ခုံပေါ်တွင် ချက်ချင်းပဲ လီဆိုသော စကားလုံးကို ထွင်းထားလိုက်သည်။

…

တဟန်မြို့တွင် နှင်းတောင်တန်းဂိုဏ်းသည် တစ်ပတ်ကြာသည်အထိ နေထိုင်ခဲ့ကြသည်။

ဒါပေမဲ့ အချိန်ပိုကြာလာတာနဲ့အမျှ ချန်ပန် အလွန် စိတ်ဓာတ်ကျနေတော့၏။

"ခေါင်းဆောင်၊ ကျွန်တော် တစ်ခုပြောလို့ရလား"

၈ရက်မြောက် မနက်ခင်းတွင် လီရှီသည် ရှက်ရွံ့နေဟန်ဖြင့် အခန်းထဲကို ချောင်းကြည့်လာခဲ့သည်။

ချန်ပန်ရဲ့အခန်းသည် တည်းခိုဆောင်ရဲ့ အကြီးဆုံးအခန်းဖြစ်သည်။ တတိယထပ်တွင် တည်ရှိသည်။ ချန်ပန် ချက်ချင်းပဲ နိုးလာတော့၏။ သူ့ရဲ့မျက်လုံးတွေက အိပ်ချင်မူးတူး ဖြစ်နေပေမဲ့ လီရှီကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ ထထိုင်လိုက်သည်။ အင်အားပြည့်စွာဖြင့် မေးလိုက်၏။

"ဘာဖြစ်နေတာလဲ။ ပြဿနာ တစ်ခုခု ရှိလို့လား"

ချန်ပန်ရဲ့ လျင်မြန်မှုကြောင့် လီရှီပင် ထိတ်လန့်သွားခဲ့သည်။ အခုလို လျင်မြန်တဲ့ ပြောင်းလဲမှုကို ဒါပထမဦးဆုံးပဲ တွေ့ဖူးတာပင်။ အိပ်ချင်မူးတူး အခြေအနေကနေ သခင်တစ်ယောက်ရဲ့ ဟန်ပန်အဖြစ် ဘယ်လိုလုပ် လျင်မြန်စွာ ပြောင်းလဲနိုင်ရတာလဲ။

ဒါပေမဲ့ ချန်ပန်က ဂရုမစိုက်စွာ ပြောလိုက်သည်။

"ခေါင်းဆောင် ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ ငွေရေးကြေးရေး ခက်ခဲနေပါတယ်။ အမှန်တော့ ကျွန်တော်တို့တင် မဟုတ်ဘူး။ မြို့တစ်ခုလုံး အနည်းငယ် မတူညီသလို ခံစားနေရတာပဲ"

ချန်ပန် တွေးလိုက်သည်။ မတူဘူး ဟုတ်လား? မင်းတို့အားလုံးက စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးတွေကို သူများတွေကို ပေးပစ်ခဲ့တာလေ။ ဒီလို ရက်ရောတဲ့ အလှူကြီး လုပ်ပြီးနောက်မှာ မြို့တစ်မြို့လုံးက ဆင်းရဲနေပါဦးမလား။

"အေး မှန်တယ်။ ငါတို့မှာ စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးတွေ အများကြီး မရှိတော့ဘူး။ အနည်းငယ် ရှာလို့ ရနိုင်သေးတယ်ဆိုပေမဲ့ ဒီနေရာမှာ ဆက်နေစရာ မလိုတော့ဘူး"

ချန်ပန် နောက်ဆုံးတော့ သက်ပြင်းချလိုက်သည်။ ဂိုဏ်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ဒီကိစ္စတွေကို ဖြေရှင်းပေးမှ ဖြစ်တော့မည်။

"မဟုတ်ဘူး ဂိုဏ်းခေါင်းဆောင်။ ကျွန်တော် အဲလိုမျိုး ပြောချင်တာ မဟုတ်ဘူး။ ပိုက်ဆံပြတ်လာတာက ကျွန်တော်တို့တင် မဟုတ်တော့ဘဲနဲ့ မြို့ထဲက ပြည်သူတွေပါ ပိုက်ဆံပြတ်နေပုံပဲ"

လီရှီက ပြောပြီးတာနဲ့ ခပ်ဖွဖွ ခေါင်းကုတ်လိုက်သည်။

"မြို့ထဲက လူတွေက ပိုက်ဆံမရှိဘူး ဟုတ်လား။ ဘာတွေဖြစ်နေကြတာလဲ။ ငါတို့ရဲ့ စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးတွေ အားလုံးကို သူတို့ကို ပေးထားတာ မဟုတ်ဘူးလား"

လီရှီက အနည်းငယ် ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

"ကျွန်တော်ကြားတာတော့..."

"ကျွန်တော်ကြားခဲ့တာ မြို့ထဲကလူတွေက ဒီရက်ပိုင်း နေရာတစ်ခုကို သွားနေတယ်တဲ့။ ကြာပန်းဖြူဂိုဏ်း ဆိုလားပဲ။ အဲဒီမှာ အမွှေးတိုင် ထွန်းနေကြတာတဲ့"

……..

All Chapters