← Chapters

(ကြာပန်းဖြူဂိုဏ်း)

Vol. 14 Ch. 186

(ကြာပန်းဖြူဂိုဏ်း)

Vol. 14 Ch. 186

"ကြာပန်းဖြူဂိုဏ်းဟုတ်လား။ ငါဘာလို့ အရင်က မကြားဖူးတာလဲ။ ငါတို့လိုပဲ ဂိုဏ်းအသစ်လား”

ချန်ပန်ချက်ချင်းပဲ အဝတ်ဝတ်ဖို့ ပြင်လိုက်သည်။ သူလွန်စွာ စိတ်လှုပ်ရှားနေ၏။ ချက်ချင်းပဲ သွားရောက်စစ်ဆေးချင်ခဲ့သည်။ ဒါပေမယ့် လီရှီရဲ့ တားမြစ်ခြင်းကို ခံလိုက်ရသည်။

"ဂိုဏ်းခေါင်းဆောင် စိတ်ရှည်ရှည်ထားပါ၊ အခုချိန်မှာ ကြာပန်းဖြူဂိုဏ်းကို သွားတွေ့ဖို့ မလွယ်ကူလောက်သေးဘူး"

ချန်ပန် ရှုပ်ထွေးသွား၏။

"ဘာလို့လဲ။ အခုငါတို့ ဂိုဏ်းကတိုးတက်ဖို့ လိုအပ်နေသေးတဲ့ ဂိုဏ်းတစ်ခုပဲ၊ ငါတို့သာ ပေါင်းစည်းနိုင်မယ်ဆိုရင် အင်အားကိုပိုပြီးတော့ မပေါင်းစည်းနိုင်ဘူးလား"

ထိုအချိန်မှာ လီရှီက အလွန်ထူးဆန်းစွာဖြင့် ခေါင်းကုတ်လိုက်၏။

"အဲ့ဒီကြာပန်းဖြူဂိုဏ်းမှာ လူနှစ်ယောက်ထဲ ရှိတဲ့ပုံပဲ"

"တစ်ယောက်က သူ့ကိုယ်သူ ကြာပန်းဖြူသူတော်စင်လို့ပြောတယ် နောက်တစ်ယောက်ကတော့ ကြာပန်းဖြူမယ်တော်ကြီးတဲ့”

“မြို့ထဲက ပြည်သူတွေရဲ့ ဖယောင်းတိုင်ပူဇော်မှုကြောင့် သူတို့ထဲမှာ ငွေအများကြီး ရောက်နေတယ်၊ အခုကျွန်တော်တို့သာ ဂရုမစိုက်ဘဲ ပြုမူလိုက်မယ်ဆိုရင် သူတို့တွေ ချက်ချင်းပဲ ထွက်ပြေးသွားလိမ့်မယ်"

လီရှီသည် အဓိကအချက်ကို ထောက်ပြလိုက်သည်။ ရိုးသားကြိုးစားခဲ့သော ဖိုးသခွားလေးလည်း မြို့သားတွေရဲ့ တစ်ကွက်ပြခံရပြီးနောက်မှာ လူရည်နပ်လာခဲ့ပြီပင်။

"ဒီလိုဆိုမှတော့ ငါတို့သူတို့ကို ပြန်သွားရှာရမှာပေါ့၊ မင်းပြောခဲ့သလိုမျိုး သူတို့က လူလိမ်တွေဖြစ်နေခဲ့မယ်ဆိုရင် ငါတို့က ထိုင်ပြီးကြည့်နေရမှာလား? အဲ့လိုမဖြစ်ဘူးလေ"

ချန်ပန်ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေက စစ်မှန်နေ၏။

သူတို့ရဲ့ နှင်းတောင်တန်း ဂိုဏ်းကို ဒီတဟွမ်မြို့ရဲ့ သူရဲကောင်းများအဖြစ် သတ်မှတ်ထားခဲ့သည်။ အခုလိုမျိုး လူတွေဒုက္ခခံနေရတာကို မကြည့်နိုင်ဘူး။ သူ့အနေနဲ့ ပြည်သူတွေကို ကယ်တင်ရမည်။

ချန်ပန်ရဲ့ စစ်မှန်မှုကို သယ်ဆောင်ထားတဲ့ နှလုံးသားထဲတွင် တက်ကြွမှုတို့ လောင်မြိုက်နေ၏။

"ဒါဆိုရင် ဂိုဏ်းခေါင်းဆောင်... ကျွန်တော်အတူလိုက်ခဲ့မယ်"

ဂိုဏ်းခေါင်းဆောင်ရဲ့ ပုံစံက ဘယ်လိုမှတားလို့မရနိုင်တော့ပုံပင်။ လီရှီ ခဏလောက် တွေးတောပြီးနောက်မှာ ချက်ချင်းပဲ အတူလိုက်ပါဖို့ ပြောလိုက်သည်။

"ကျွန်တော်က တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ အဲ့ဒီလူတွေကို တိုက်ခိုက်ဖို့ ပြဿနာမရှိလောက်ဘူး"

ချန်ပန် ခေါင်း​ငြိမ့်လိုက်သည်။ ထို့နောက်မှာ နောက်ထပ်တတိယအဆင့်ရှိသော ကျင့်ကြံသူနှစ်ယောက်ကို ခေါ်ပြီး ကြာပန်းဖြူဂိုဏ်းရဲ့ နေရာသို့ ဦးတည်လေ၏။

လမ်းတစ်လျှောက်မှာ အခြေအနေနဲ့ ပတ်သတ်ပြီး လီရှီ ရှင်းပြပေးခဲ့သည်။

"လက်ရှိမှာ ပြည်သူတွေဆီက ပိုက်ဆံယူတဲ့ တာဝန်ကို ကြာပန်းဖြူမယ်တော်ကြီးက တာဝန်ယူထားတယ်”

“ပြီးရင် ကြာပန်းဖြူသူတော်စင်ကြီးက လူတွေရဲ့ ကိုယ်အတွင်းက မိစ္ဆာတွေကိုရှင်းလင်းပေးပြီး လူနေအိမ်တွေကို လိုက်ရောက်ပြီး ရိုးရာစီစဥ်ပွဲတွေ လုပ်ပေးနေတယ်"

"ကျွန်တော်သူ့ကို တွေ့ဖူးတယ်၊ သူက ကျွန်တော်နဲ့ ကျင့်ကြံမှုအတူတူလောက်ပဲ တတိယအဆင့် ထိပ်ဆုံးပိုင်းကိုရောက်နေခဲ့ပြီ၊ ဒါပေမယ့် ဒုတိယအဆင့်ကျင့်ကြံမှုထက်တော့ နိမ့်တယ်”

“ဒါပေမယ့် ကြာပန်းဖြူမယ်တော်ကြီးရဲ့ သန်မာမှုကိုတော့ မသိရသေးဘူး"

"သူတို့ရဲ့ သန်မာမှုကိုဆုံးဖြတ်လို့ စောလွန်းပါသေးတယ်"

ချန်းပန်ပြုံးကာ ပြောလိုက်သည်။

တကယ်တော့ တာအိုစုံတွဲတစ်တွဲနဲ့ ပတ်သတ်ပြီး သတင်းများကြားခဲ့ဖူးသည်။ ​ယောကျ်ားဖြစ်သူက ပိုမိုသန်မာတတ်၏။

"အဆင်ပြေပါတယ် တတိယအဆင့်ကျင့်ကြံသူလောက်ဆို ငါတို့ဖြေရှင်းလို့ရတယ်၊ ဒါ့အပြင် ငါတို့ဘက်က လူတွေ အများကြီးပဲ၊ ငါတို့ကသူ့ကို ကြောက်စရာမလိုဘူး။ ဒုတိယအဆင့် ကျင့်ကြံသူက တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို ကြောက်စရာလား"

ချန်ပန်ရဲ့ မျက်လုံးထဲမှာချက်ချင်းပဲ ယုံကြည်မှုတို့ ပြည့်နှက်သွားခဲ့သည်။

တချိန်တုန်းကတော့ အခုလိုမျိုး မပြုမူရဲပေ။ သူတို့အားလုံး ကြောက်ရွံ့မှုမှာပဲ ပုန်းနေခဲ့ရသည်။ ဒါပေမယ့် အခုချိန်မှာတော့ သူက ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီ။

သူ့ရဲ့နောက်ခံက မတူတော့ဘူး၊ ဒါကြောင့် အရင်လိုကြောက်ရွံ့နေစရာ မလိုတေ့ဘူး..

ချန်ပန်ရဲ့ စကားဆုံးတာနဲ့ ဘေးကအကြီးအကဲတွေအားလုံး အလွန်လေးစားစွာ လှည့်ကြည့်လာခဲ့ကြသည်။

ချန်ပန်ရဲ့ နောက်ကို လိုက်လာရတာက ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုဟု ခံစားရ၏။ ဒီရက်ပိုင်းအတွင်းမှာ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အားလုံးသည် အရင်ဂိုဏ်းအတွင်းမှာ ကြုံတွေ့ခဲ့ရသော သုံးနှစ်စာ အဖြစ်အပျက်ထပ် ပိုမိုကောင်းမွန်သည်။

ဒါပေမယ့် ချန်ပန်ကတော့ စိုးရိမ်ပူပန်နေသည်။ နှင်းတောင်တန်း ဂိုဏ်းကို စတင်တည်ထောင်စဥ်ကတည်းက ဘယ်လိုရန်ပွဲမှ မရှိခဲ့ဖူးချေ။ အခုပထမဆုံး ကြုံတွေ့ရခြင်းဖြစ်သည်။

ရင်ဆိုင်ရမယ့်သူတွေက လူနှစ်ယောက်ပဲဆိုရင်တောင်မှ ဂရုမစိုက်ဘဲ ပြုမူလို့မရပေ။ သေချာပေါက် သတိပေါ့လျော့လို့ မရဘူး။

"အကြီးအကဲ လီရှိ ကြာပန်းဖြူဂိုဏ်း သူတော်စင် အသုံးပြုခဲ့တဲ့ သိုင်းပညာကို မင်း မြင်ခဲ့လား။ မင်းသာအဲ့ဒီ ကြာပန်းဖြူ သူတော်စင်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် အောင်မြင်နိုင်ခြေဘယ်လောက်ရှိလဲ"

ချင်ပန်က သိချင်စွာမေးလိုက်သည်။ လီရှီလည်း ချက်ချင်း ပြန်ဖြေကြားလိုက်၏။

"ဂိုဏ်းခေါင်းဆောင် စိတ်မပူပါနဲ့ ဖယောင်းတိုင် တစ်တိုင်စာ အချိန်အတွင်းမှာပဲ အဲ့ဒီလူကို သတ်ပစ်လို့ ရတယ်။ စတွေ့တဲ့အချိန်မှာ မတိုက်ခိုက်ခဲ့တာက ကျွန်တော် လက်လွတ်စပယ် ရန်လုပ်မိသွားရင် ရန်သူကို သတိပေးမိသွားမှာ စိုးရိမ်လို့ပဲ ဒါပေမယ့် တကယ် တိုက်ခိုက်ရမယ့် အချိန်ရောက်လာရင် သူက ကျွန်‌တော့်အတွက် ပြိုင်ဘက်မဟုတ်ဘူး"

လီရှီတစ်ယောက် ယုံကြည်မှုတို့ ပြည့်ဝနေလေရဲ့။

ထိုနေ့က ကြာပန်းဖြူ သူတော်စင်သုံးခဲ့တဲ့ အကွက်တွေကလည်း သာမန်သိုင်းကွက်တချို့သာ ဖြစ်သည်။

သူ့လိုမျိုး အင်အားကြီးဂိုဏ်းတစ်ယောက်ရဲ့ တပည့်အနေနဲ့ ထိုအရာတွေက သေးငယ်တဲ့အရာများသာဖြစ်သည်။ ဂိုဏ်းကြီးတပည့်တစ်ယောက်အနေနဲ့ လီရှီထံတွင် ရှိသင့်သော မာနတို့ ရှိ၏။

ချန်ပန်ထိုစကားကိုကြားတဲ့အခါမှာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ဒါဆိုရင်..."

ဒီလိုနဲ့ မကြာခင်မှာပဲ ကြာပန်းဖြူဂိုဏ်းရဲ့ ကျောင်းတော်သို့ ရောက်လာခဲ့သည်။ မူလက ထိုကျောင်းတော်သည် ကွမ်ရင်မယ်တော်ကို ပူဇော်ပသသည့် ကျောင်းဆောင်တစ်ခုဖြစ်သည်။

ဒါပေမယ့် အခုချိန်မှာတော့ ဘုရားကျောင်းဝင်ပေါက်တွင် 'ကြာပန်းဖြူ သန့်စင်နယ်မြေ' ဟု စာတန်းထိုးထားသည်။ အကုန်လုံး ဒေါသထွက်သွားတော့၏။

"ငါတို့ နှင်းတောင်တန်း ဂိုဏ်းသားတွေတောင်မှာ တည်းခိုခန်းမှာပဲ တည်းခဲ့တာ မင်းတို့လူလိမ်နှစ်ယောက်က ဘာကြောင့် ဘုရားကျောင်းကိုအပိုင် စီးရဲတာလဲ။ ဒါက မလွန်လွန်းသွားဘူးလား"

လီရှီက တံခါးကို ပိတ်ကန်လိုက်သည်။ တစ်ဆက်တည်းမှာပဲ ကြိမ်းမောင်း လိုက်၏။

“ဒါက ငါတို့နှင်းတောင်တန်းဂိုဏ်းရဲ့ ဖြေရှင်းနည်းပဲ။ မဆိုင်တဲ့သူတွေ အပြင်ထွက်ကြ”

လီရှီတစ်ယောက် ထိုတိုက်ကွက်ကို ချန်ပန်ဆီက သင်ယူခဲ့တာပင်။ လီရှီရဲ့ ကန်ချက်က အလွန်အင်အားကြီးသည်။

ဘုရားကျောင်းထဲမှာ ရှိနေတဲ့သူတွေအားလုံး အလွန်အံ့သြသွားတော့သည်။ အထူးသဖြင့် ကြာပန်းဖြူဂိုဏ်းရဲ့ သူတော်စင်ပင်။

ထိုသူသည် အမွေးတိုင်အိုးရှေ့တွင် ရပ်ကာ ပြင်ဆင်စရာရှိတာများ ပြင်ဆင်နေခဲ့၏။ ထိုအချိန်တွင် သူ့ရဲ့မျက်နှာတစ်ခုလုံး တည်ငြိမ်သွားခဲ့သည်။

"မင်းတို့ဘာလုပ်နေတာလဲ။ ကျွန်တော်မင်းတို့ကို အနှောင့်အယှက်ပေးမိလို့လား"

ထိုသူက တစ်ချိန်တည်းမှာပဲ အတွင်းခန်းထဲမှာ ကျင့်ကြံနေတဲ့ ကြာပန်းဖြူမယ်တော်ဆီကို စိတ်ဝိညာဥ်စွမ်းအင်တစ်ချို့ ပို့ဆောင်ပေးလိုက်သည်။

ကြာပန်းဖြူ သူတော်စင်က သူ့ရဲ့အဖော်ကို ဆက်သွယ်လိုက်တာပင်။ ချန်ပန်ချက်ချင်းပဲ အကြီးအကဲတွေအားလုံးနဲ့ ဘုရားကျောင်းပတ်ပတ်လည် ဝန်းရံခိုင်းလိုက်သည်။ ကြားပန်းဖြူဂိုဏ်းသားနှစ်ယောက် ထွက်ပြေးမှာကို တားဆီးလိုက်၏။

ထို့နောက်မှာမှ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်က လိမ်ညာမှုတွေပြုလုပ်နေပြီး မြို့ထဲမှာမကောင်းမှုတွေ ပြုလုပ်နေခဲ့တယ်၊ ငါတို့ရဲ့ နှင်းတောင်တန်းဂိုဏ်းက စတင် စစ်ဆေးမယ်”

“အခု ကျုပ်ဂိုဏ်း‌ခေါင်းဆောင်ကို မြင်နေတာတောင်မှ မင်းဘာကိစ္စ အရှုံးမပေးသေးတာလဲ"

ကြာပန်းဖြူ သူတော်စင်သည် မျက်စိရှေ့က သူတွေကို အကြိမ်ကြိမ်စစ်ဆေးလိုက်သည်။ နှင်းတောင်တန်းဂိုဏ်းရဲ့ အသန်မာဆုံးကျင့်ကြံသူမှာ ဒုတိယအဆင့်သာဖြစ်သည်။ ချက်ချင်းပဲ ကြာပန်းဖြူသူတော်စင်က ရဲတင်းလာတော့သည်။

ထိုသူက စိတ်သက်သာစွာပင် သက်ပြင်းချလိုက်သေး၏။

"မင်းတို့တွေ လာနောက်နေတာလား။ ကျုပ်တို့ရဲ့ ကြာပန်းဖြူဂိုဏ်းက အမြဲတမ်းကောင်းတဲ့ ကိစ္စတွေကိုပဲ လုပ်ခဲ့တာ၊ လိမ်ညာမှု ဆိုတာ ဘယ်လိုတောင် ပြောရဲတာလဲ။ ဂိုဏ်းခေါင်းဆောင်က အခုလိုထုတ်ပြောတယ်ဆိုမှတော့ သက်သေရှိနေလို့ပဲမလား။ ဒါဆိုရင် အဲ့သက်သေကို ထုတ်ပြ"

လီရှိီချက်ချင်းပဲ ဖြေကြားလိုက်သည်။

"မင်းအိမ်တွေမှာ လိုက်လုပ်ပေးနေတဲ့ အစီအရင်တွေက သေးငယ်တဲ့ လှည့်ကွက်တွေပဲ။ မင်းသေမျိုးတွေကို လှည့်စားလို့ရမယ်။ ဒါပေမယ့် ငါတို့လိုမျိုး အင်အားကြီးဂိုဏ်းရဲ့ ကျင့်ကြံသူတွေကို လှည့်စားလို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

လီရှီက ချက်ချင်းပဲ နှင်းတောင်တန်းဂိုဏ်းကို အင်အားကြီးဂိုဏ်းတစ်ခုလိုမျိူး ခိုင်းနှိုင်းပြောဆိုလိုက်၏။

ကြာပန်းဖြူသူတော်စင် ချက်ချင်းပဲ တုန့်ပြန်ဖို့ပြင်လိုက်သည်။ ထိုအချိန်မှာပဲ အနားကို ရောက်လာတဲ့ ကြာပန်းဖြူမယ်တော်ကို သတိထားမိလိုက်၏။

ကြာပန်းဖြူ သူတော်စင်ရဲ့ မျက်နှာထားက ချက်ချင်းကို ရဲတင်းသွားတော့သည်။

"ငါ့ရဲ့ ပိုင်နက်ထဲမှာ ဘယ်ကောင်က ပြုမူချင်သလို ပြုမူရဲတာလဲ။ မင်းတို့ စည်းမရှိဘူးလား”

ကြာပန်းဖြူ သူတော်စင်ပေါ်ပေါက်လာတာနဲ့ နှင်းတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းသားတွေအားလုံး သတိထားမိသွားတော့သည်။

သူမက သာမန်ကျင့်ကြံသူမဟုတ်ဘူး။ သူမရဲ့ ကျင့်ကြံမှုက ပထမအဆင့်ကိုတောင် ရောက်လုနီးနေပြီ။

ခေါင်းဆောင် ချန်ပန်ဆိုရင်တောင်မှ သူမကိုယှဥ်ပြီး မတိုက်နိုင်လောက်ဘူး။

ကြာပန်းဖြူ သူတော်စင်က သူ့ရဲ့ အဖော်ကို တွေ့တာနဲ့ အမြီးနှံ့နေသော ခွေးတစ်ကောင်လိုမျိူး ချက်ချင်းပြေးသွား၏။ ထို့နောက်မှာ မြှောင့်ပင့်ပြောဆိုလိုက်သေးသည်။

"ဒီအသုံးမကျတဲ့သူတွေကို ကိုယ်ဖြေရှင်းပေးလိုက်မယ်.. သဲလေး ​ဘာလို့ ဒုက္ခရောက်ခံနေမှာလဲ"

တစ်ဆက်တည်းပဲ ကြာပန်းဖြူသူတော်စင်က ပြောဆိုလိုက်သည်။

"မင်းတို့ရဲ့ အသုံးမကျတဲ့ အရည်အချင်းတွေနဲ့ ငါ့ရဲ့အာရုံစိုက်မှုကို လိုချင်နေတာလား"

"ရှင် အနောက်နည်းနည်းဆုတ်.. မဟုတ်ရင် ရှင့်ရဲ့ မျက်နှာမှာ သွေးတွေ စင်သွားလိမ့်မယ်”

ချက်ချင်းပဲ မယ်တော်ကြီးက တိုက်ခိုက်ဖို့ ပြင်လာ၏။

………..

All Chapters