← Chapters

( အချိန်ဘယ်လောက် ခံနိုင်မှာလဲ)

Vol. 14 Ch. 187

( အချိန်ဘယ်လောက် ခံနိုင်မှာလဲ)

Vol. 14 Ch. 187

ထိုအချိန်မှာပဲ ကြာပန်းဖြူသူတော်စင်က အလျင်အမြန် တားဆီးလိုက်သည်။ သူ့ရဲ့မျက်နှာထက်မှာ စိတ်ပူနေတဲ့အပြုံးတစ်ခုကို တပ်ဆင်ထားပြီး ခန္ဓာကိုယ်ကလည်း အနည်းငယ် တောင့်တင်းနေ၏။

"အဲ့ဒီလူငယ်တွေကြောင့် စိတ်ဒုက္ခရောက်မခံပါနဲ့ သဲလေး၊ ကိုယ်တို့စလေ့ကျင့်တုန်းကဆိုရင် သူတို့တွေက မိခင်ဗိုက်ထဲကနေကို ထွက်ရအုံးမှာမဟုတ်ဘူး။ ဒီသေးငယ်တဲ့ ကိစ္စတွေကို ကိုယ် ကိုင်တွယ်လိုက်မယ်၊ သဲလေး စိတ်မပူနဲ့... သဲလေးစိတ်မဆိုးနဲ့"

ကြာပန်းဖြူသူတော်စင်ရဲ့ ပါးစပ်ထဲတွင် သကြားရည်ပုံးလိုက်ကြီး လောင်းချထားဟန်ရှိသည်။ သူ့ရဲ့စကားလုံးတွေက ချိုမြနေ၏။ ဒါပေမယ့် မကြာခင်မှာပဲ ထိုသကြားရည်တွေကို အေးစက်စွာ သွန်ချခံလိုက်ရတော့သည်။

"သူတို့က လူငယ်တွေဆိုတာ ရှင်သိတယ်မလား။ အဲ့တာတောင် ရှင်သူတို့ကို မတိုက်နိုင်ဘူးလား။ ရှင်က အရှုံးသမားတစ်ယောက်ပဲ။ အမြဲတမ်း ဘေးကနေပဲ စကားပြောနေတယ်၊ စကားပြောတာအပြင် ရှင်ဘာလုပ်တတ်သေးလဲ"

နှင်းတောင်တန်း ဂိုဏ်းသားတွေအားလုံး ချက်ချင်းပဲ ဆွံ့အသွားတော့သည်။ ကြာပန်းဖြူစုံတွဲနှစ်ယောက်တွင် အခုလိုဆက်ဆံရေးမျိုး ရှိမယ်လို့ မထင်ထားမိပေ။

သူတို့က... လမ်းပေါ်မှာ ရန်ဖြစ်နေကြတဲ့ လင်မယား လိုမျိုးပဲ..။

"သူတို့တွေ တိုက်ခိုက်လာတော့မယ်လို့ ထင်လား"

လီရှီ ခပ်တိုးတိုး ပြောလိုက်သည်။ အစကတော့ နှင်းတောင်တန်းဂိုဏ်းက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့ပြီး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့သည်။ အကုန်လုံးကလည်း တက်ကြွနေ၏။

ဒါပေမယ့် ဒီကိုရောက်လာအချိန်ကျမှ ဘာလို့ လင်မယားရန်ပွဲကို ကြည့်နေရတာလဲ။ ဘဝကြီးက ဖရဲသီးစားဖို့ အခွင့်အရေးပေးလာတာလဲ။

ချန်ပန်လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ဘာဆက်လုပ်ရမလဲ မသိတော့ပေ။

ရှုပ်ထွေးနေသော မျက်နှာထားနဲ့ နှုတ်ခမ်းနှစ်ဖက်ကို တင်းတင်းစေ့လိုက်သည်။

"အခြေအနေကို အရင်စောင့်ကြည့်ကြအောင် ..ဘာတွေဖြစ်လာမလဲ မသိနိုင်သေးဘူး"

ဒါပေမယ့် အဆုံးမှာတော့ ဘာမှဖြစ်မလာခဲ့ပေ။ ကြာပန်းဖြူမယ်တော်ကြီးက ကြာပန်းဖြူသူတော်စင်ရဲ့ နားရွက်ကို ဆွဲလိမ်ကာ အိမ်ခန်းထဲသို့ ခေါ်သွားလေ၏။ ထိုအချိန်မှာပဲ ချန်ပန်ရဲ့ လက်အတွင်းသို့ ရွှေရောင်တူနှစ်လက် ပေါ်ပေါက်လာခဲ့သည်။

"ဂိုဏ်းခေါင်းဆောင် ကျွန်တော်တို့ သူတို့ကို အနိုင်ယူနိုင်မှာ မလို့လား"

လီရှီအနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ တိတ်တဆိတ် ခြေလှမ်းတစ်လှမ်း အနောက်ဆုတ်လိုက်သည်။

"ငါတို့မတိုက်နိုင်ဘူးဆိုရင်တောင်မှ မဖြစ်မနေ တိုက်ခိုက်ရတော့မယ်"

ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီအချိန်မှ နောက်ဆုတ်လို့ရတော့ပေ။ ထို့ကြောင့် ချန်ပန်သည် ကြောက်ရွံ့မှုတွေကို အတင်းအကြပ် ထိန်းချုပ်လိုက်တော့သည်။ ထို့နောက်မှာ အားတင်းကာ ရှေ့ဆက်တိုးလိုက်သည်။

"ကြာပန်းဖြူ မကောင်းဆိုးဝါးတွေ မင်းတို့က မြို့သားတွေကိုလိမ်လည်ပြီးတော့ မကောင်းမှုပြုရဲတယ်၊ အခုမင်းတို့ရဲ့ ဘိုးဘေးရောက်လာခဲ့ပြီ... ဒါကိုမင်းတို့က ရဲတင်းနေသေးတာလား”

ချန်ပန်အနေနဲ့ တစ်ဖက်ဂိုဏ်းကို သန်မာမှုတွင် မနှိုင်းယှဥ်နိုင်ပေမယ့် စကားလုံးနဲ့ အနိုင်ယူရမည်။ ထို့ကြောင့် ချန်ပန်သည် အံကြိတ်ကာဖြင့် အရှေ့ကစုံတွဲကို ပြင်းထန်စွာ ​ကြိမ်းဝါးလိုက်တော့သည်။

မထင်ထားစွာပဲ ထိုစုံတွဲက ရယ်မောလာကြသည်။

"ကောင်ကလေး မင်းကတကယ်တော့ ငါတို့ထက် ငယ်တယ်မလား? နို့နံ့တောင် မစင်တဲ့ကောင်ကများ ဒါမျိုးကစကားပြောရဲတယ်လို့... မင်းရဲ့လျှာကို မိုးကြိုးပစ်လိုက်မှာ မကြောက်ဘူးလား"

သူမက ပြောပြီးတာနဲ့ ချန်ပန်ကို လှုပ်ရှားဖို့ အခွင့်အရေးမပေးခဲ့ပေ။ မိုးကြိုးလို လျင်မြန်မှုနဲ့ ချန်ပန်ရဲ့ အရှေ့ကိုရောက်လာခဲ့သည်။

တိုက်ကွက်ဆယ်ကွက် အတွင်းမှာပဲ ချန်ပန်တစ်ယောက် သူမထံမှာ ရှုံးနိမ့်သွားလေရဲ့။

တကယ်တော့ သူတို့ရဲ့ကြားက သန်မာမှုသည် အရမ်းမကွာခြားခဲ့ပေ။ ဒါပေမယ့် ချန်ပန်သည် သူ့ရဲ့ဘဝတစ်လျှောက်လုံးကို ဂိုဏ်းအတွင်းမှာသာ ကုန်ဆုံးခဲ့ရသည်။

ဂိုဏ်းတွင်းမှာသာ လေ့ကျင့်ခဲ့ရပြီး လက်တွေ့တိုက်ပွဲအတွေ့အကြုံ နည်းပါး၏။ အခုလိုမျိုး အနီးကပ်တိုက်ပွဲကို သူ့ဘဝတွင် အကြိမ်ရေတစ်ချို့သာ ကြုံတွေ့ဖူး၏။

ထို့ကြောင့် ကြာပန်းဖြူမယ်တော်ကြီးလိုမျိုး သက်တမ်းရသိုင်းသမားတစ်ယောက်နဲ့ နှိုင်းယှဥ်လိုက်တဲ့အချိန်မှာ သူ့ရဲ့ အရည်အချင်းက လွန်စွာနှိမ့်ကျနေလေ၏။ ထို့ကြောင့် ချန်ပန် ရှုံးနိမ့်ရတော့သည်။

ထိုဂိုဏ်းနှစ်ခုရဲ့ တိုက်ခိုက်မှုက မြို့သားတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဝိုင်းပြုံလာတဲ့ လူအုပ်က အစပိုင်းတွင် ကြာပန်းဖြူဂိုဏ်းနဲ့အတူ ရပ်တည်ခဲ့ကြသည်။

ဒါပေမယ့် လူငယ်များနဲ့ ဖွဲ့စည်းထားသော နှင်းတောင်တန်းဂိုဏ်းနဲ့ နှိုင်းယှဥ်လိုက်ရင် ကြာပန်းဖြူသူတော်စင်သည် အနည်းငယ်ကွဲပြားနေ၏။ ယခင်က ဘယ်လောက်ပဲ ယုံကြည်မှုပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်နေပါစေ အခုသူ့ရဲ့ပုံစံကို ကြည့်ရသလောက် အိမ်မှာထိုင်နေတဲ့ အသုံးမကျတဲ့ ယောကျ်ားကို ပြန်ပြီး မြင်ယောင်စေခဲ့သည်။

ဒီလိုနဲ့ မကြာခင်မှာပဲ မြို့သားတွေအားလုံးက နှင်းတောင်တန်းဂိုဏ်းကို စတင်စိတ်ပူလာခဲ့သည်။

"အဲ့ဒီကလေးတွေက ငါတို့မြို့သားတွေအတွက် ပိုက်ဆံတွေအများကြီး စတေးခဲ့ရတာ၊ ဒီနေရာမှာပဲ အသေခံခိုင်းလို့မဖြစ်ဘူး"

ပြည်သူတွေရဲ့ စိတ်ပူစွာပြောဆိုမှုကို လီရှီကြားခဲ့သည်။ ဒါပေမယ့် တစ်ခုခုလွှဲမှားနေသလို ခံစားရ၏။

ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လာတဲ့ ပွဲကြည့်ပရိသတ်က ပိုမိုများပြားလာခဲ့သည်။ မြို့ထဲမှာ ရှိနေတဲ့ နှင်းတောင်တန်းဂိုဏ်းနဲ့ ကြာပန်းဖြူဂိုဏ်းရဲ့ တိုက်ခိုက်နေမှုကြောင့် ပြည်သူတွေအားလုံး စိတ်ဝင်တစားနဲ့ရောက်ရှိလာ၏။

ထိုအချိန်မှာ ချန်ပန်ရဲနှလုံးသားက ပိုမိုစိုးရိမ်လာတော့သည်။

"အကြီးအကဲ လီရှိ.. ဒါကဖြေရှင်းချက်မဟုတ်ဘူး၊ ငါတို့ရဲ့ အင်အားတွေ ပေါင်းစည်းမှ သူတို့ကိုဖမ်းဆီးနိုင်လိမ့်မယ်၊ မဟုတ်လို့ ဒီမကောင်းဆိုးဝါးတွေဆီမှာ ငါတို့ရှုံးနိမ့်ခဲ့ရင် နှင်းတောင်တန်းဂိုဏ်း ဂုဏ်သိက္ခာမရှိတော့ဘူး"

ချန်ပန်သည် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ စိတ်ဝိညာဥ်စွမ်းအင်ကို အတင်းအကြပ် အသုံးပြုပြီး ခန္ဓာကိုယ်အတွင်းပိုင်းက ဒဏ်ရာတွေကို တားဆီးလိုက်၏။

ချန်ပန်အနေနဲ့ ခက်ခက်ခဲခဲ စကားပြောနေရတာပင်။

"ဒါပေမယ့် ဂိုဏ်းခေါင်းဆောင် ဒီတိုက်ပွဲက မျှတတဲ့တိုက်ပွဲတစ်ခု မဟုတ်ဘူး"

ချန်ပန်ဒေါသတကြီးနဲ့ လီရှီရဲ့ခေါင်းကို ပိတ်ရိုက်လိုက်တော့သည်။

"ချီးပဲ..။ မင်းရဲ့ ဂိုဏ်းခေါင်းဆောင်က သေမတတ် အရိုက်ခံရနေတာနော် ဘာကိစ္စတခြားအရာတွေကို တွေးပူနေတာလဲ။ မင်းရူးနေတာလား"

အရိုက်ခံပြီးတဲ့နောက်မှာတော့ လီရှီဝင်သတိလာခဲ့ပြီ။ ဒါကဂိုဏ်းတွေနဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စတစ်ခု မဟုတ်တော့ဘူး၊ ဒါက သိုင်းလောကအရေးတစ်ခုပဲ... သိုင်းလောကအတွင်းမှာ အနိုင်ရတဲ့သူကပဲ စကားပြောနိုင်ခွင့်ရှိသည်။

သိုင်းလောကမှာ လူသားဆန်မှုတွေဆိုတာ မရှိဘူး။ အနိုင်ရဖို့အတွက် ကလိမ်ကကျစ်ကျမှုတွေသာ ရှိသည်။

"ကောင်းပြီ ဂိုဏ်းခေါင်းဆောင် အခုပဲအစီအရင်ဖန်တီးလိုက်မယ်"

“သေမတတ်ကြိုးစားရမယ် ဆိုရင်တောင်မှ ဒီမကောင်းဆိုးဝါးတွေကို ဖမ်းဆီးပစ်မယ်”

ဒီလိုနဲ့ ချန်ပန်နဲ့ လီရှီရဲ့အမိန့်အောက်တွင် နှင်းတောင်တန်းဂိုဏ်းရဲ့ အကြီးအကဲ ရှစ်ယောက်သည် အစီအရင်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုအစီအရင်နဲ့ ကြာပန်းဖြူဂိုဏ်း စုံတွဲကို ပိတ်ပင်ဖို့ ပြင်လိုက်သည်။

ကြာပန်းဖြူ မယ်တော်ကြီးက လွယ်ကူတဲ့သူတစ်ယောက် မဟုတ်ပေ။ အခြေအနေမကောင်းတာကို ခံစားလိုက်မိသည်နှင့် သူမချက်ချင်းပဲ အော်ဟစ်လိုက်၏။

"အဖိုးကြီး ရှင်အခုလာခဲ့စမ်း၊ မလာဘူးဆိုရင် ငါရိုက်သတ်ပစ်မယ်"

ကြမ်းတမ်းတဲ့ စကားတွေကြောင့် ချန်ပန်ပင် အနည်းပင် အံ့သြသွားခဲ့သည်။ ဒါပေမယ့် မကြာခင်မှာပဲ အသံတစ်ခုထွက်ပေါ်လာ၏။ ကြာပန်းဖြူသူတော်စင်က တံခါးကို ပြင်းထန်စွာ ကန်ဖွင့်လိုက်သည်။

ထို့နောက်မှာ အလင်းအဖြစ်ပျောက်ကွယ်ကာ ကြာပန်းဖြူမယ်တော်ကြီး၏ ဘေးသို့ရောက်ရှိလာ၏။

"သဲလေး မကြောက်ပါနဲ့ ကိုယ့်သဲလေးအနားကို ကိုယ်ရောက်လာပြီ"

"ငါ့သဲလေးကိုများ ဘယ်ကောင်က အနိုင်ကျင့်ရဲတာလဲ"

ချက်ချင်းပဲ သူတော်စင်ရဲ့ မျက်လုံးတွေက ပြူးကျယ်လာခဲ့သည်။

ထိုလူရဲ့ ခန့်ညားတဲ့ရုပ်သွင်သည် ဒေါသတို့ဝင်ရောက်လာချိန်မှာ သခင်ကြီးတစ်ယောက်လိုမျိုး အရှိန်အဝါကို ​ဖော်ထုတ်လာတော့၏။

ဒါပေမယ့် ထိုအချိန်မှာပဲ မထင်ထားတဲ့အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မယ်တော်ကြီးက သတိလွတ်နေတဲ့အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး သူတောင်စင်ရဲ့လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

ထို့နောက်မှာ သူတောင်စင်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်အကုန်လုံးကို သူမခန္ဓာကိုယ်အတွင်းသို့ ပြောင်းလဲလိုက်၏။ နှင်းနဂါးဂိုဏ်းရဲ့ ဂိုဏ်းသားတွေအားလုံး လွန်စွာ ထိတ်လန့်သွားတော့သည်။

'ဒီစုန်းမက ဘယ်လောက်တောင် ရိုင်းစိုင်းနေတာလဲ။

စိတ်ဝိညာဥ်စွမ်းအင်အတွက်နဲ့ ကိုယ့်ရဲ့တာအိုလက်တွဲဖော်ကိုတောင်မှ အသုံးချရဲတယ်.. ဒါပေမယ့်ဒီလိုသိုင်းပညာမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး’

ချန်ပန် မှင်တက်သွားခဲ့သည်။ တစ်ဖက်က ရန်သူကိုပင် သတိမထားနိုင်တော့ပေ။

ယောကျ်ားဖြစ်သူရဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေကို အဆက်မပြတ်စုပ်ယူနေမှုကြောင့် မယ်တော်ကြီးရဲ့ အရှိန်အဝါက လွန်စွာမြင့်တက်လာတော့၏။

ပထမအဆင့် ​ကျင့်ကြံသူတစ်ယောက် နီးပါးဖြစ်လာခဲ့သည်။ ထိုအရှိန်အဝါက တောင်တစ်ခုလိုမျိုး လူတိုင်းရဲ့အပေါ်ကို ဖိသိပ်ထားသည်။

အစီအရင်ကို အသက်သွင်းထားတဲ့ ဂိုဏ်းသားရှစ်ယောက်ပင် အတတ်နိုင်ဆုံး တောင့်ခံထားရ၏။ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး လဲကျမတတ်ဖြစ်နေခဲ့သည်။

အရေးပေါ်အခြေအနေမှာပဲ လီရှီ ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။

"ဂိုဏ်းခေါင်းဆောင် မကြောက်နဲ့။ သူတို့ရဲ့ ကျင့်ကြံမှုက အချိန်အကြာကြီး မတောင့်ခံနိုင်ဘူး၊ ကျွန်တော်တို့သာ ဒီအစီအရင်ရဲ့ အစွမ်းကို ဆက်မြှင့်နေမယ်ဆိုရင် သူမသေချာပေါက် ရှုံးနိမ့်လိမ့်မယ်"

ချန်ပန် လွန်စွာစိတ်လှုပ်ရှားစွာဖြင့် ဆဲရေးလေတော့၏။

"လီရှီ မင်းရူးနေလား။ ညဏ်မပါဘူးလား။ ဒီကိစ္စကို ဘာကြောင့် အကျယ်ကြီးပြောနေရတာလဲ။ အဲ့ဒီစုန်းမက မင်းစကားကို မကြားနိုင်ဘူးထင်နေတာလား"

ထိုအချိန်မှာပဲ မိစ္ဆာမတစ်ကောင်လိုမျိုး ကြာပန်းဖြူမယ်တော်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်ငယ်လေးတွေ မင်းတို့က တကယ်ရယ်ရတာပဲ။ မင်းတို့အနေနဲ့ ငါ့ရဲ့ဖိနှိပ်မှုကို တောင့်ခံနိုင်မယ်ဆိုရင်တောင်မှ ဘယ်လောက် တောင့်ခံနိုင်မှာမလို့လဲ။ ငါကြည့်အုံးမယ်”

………

All Chapters