← Chapters

(ဘယ်သူ့ကိုမှ အထင်မကြီးဘူး)

Vol. 14 Ch. 188

(ဘယ်သူ့ကိုမှ အထင်မကြီးဘူး)

Vol. 14 Ch. 188

နှင်းနဂါးတောင်ရဲ့တောင်ခြေ တပ်စခန်းတွင် လီယုဟန်သည် ပထမဦးဆုံးအကြိမ်အဖြစ် အစည်းအဝေးပွဲကို တက်နေခဲ့သည်။ ရှကျိုးယွီရဲ့လက်အောက်က လက်‌ရွေး‌စင်တပ်သားတွေအားလုံးလည်း ပထမဦးဆုံးအကြိမ် အစည်းအဝေးကို ကြုံတွေ့ရခြင်းပင်။

“ညီအကို ဖူမဲ့ ဒါဆိုရင်ဖြစ်နိုင်တာက…….”

ဟွမ်ပထျန်းသည် လီယုဟန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ထို့နောက်မှာ ရှကျိုးယွီရဲ့ အနားနားကိုကပ်ကာ ခပ်တိုးတိုးမေးလိုက်၏။

ရှိကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့ရဲ့မျက်နှာက တည်ငြိမ်နေဆဲပဲ။

“ထျန်းလင်ဂိုဏ်းရဲ့ တပည့်တယောက်က ဘာလုပ်နိုင်မှာမို့လို့လဲ။ အခု သူမက တရှားတိုင်းပြည်ကို ဖျက်ဆီးဖို့အတွက် ကူညီ ပေးနေတဲ့သူတစ်ယောက်ပဲ။ ဒီတော့ သူမက ငါတို့အတွက် အကူအညီတစ်ယောက်ထက် မပိုဘူး”

ဖူမဲ့က ပြောပြီးတာနဲ့ လီယုဟန်ကိုကြည့်လိုက်သည်။ သူရဲ့မျက်လုံးက အထင်နေသေးပုံပဲ။

လီယုဟန်ကို လုံးဝမကြောက်တာ သိသာသည်။

လီယုဟန် တော်တော်လေးစိတ်ပျက်နေတော့၏။

ထျန်းလင်ဂိုဏ်းက ဂိုဏ်းတစ်ခုဆိုတာမှန်ပါသည်။ ဒါပေမဲ့ နယ်မြေကြီးတစ်ခုလုံးမှာ အတော်ဆုံးဂိုဏ်းတစ်ခုပဲ။

ဒါကို ဘယ်လိုတောင်ပြောဆိုရဲတာလဲ..။

ဒါပေမဲ့ သူမ ချက်ချင်းပဲ အနည်းငယ်တွန့်ဆုတ်စွာဖြင့် ပြောလိုက်ပါသည်။

“မှန်ပါတယ်။ ကျမက ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ အခုကစပြီး အကုန်လုံးသင်ပြပေးဖို့မျှော်လင့်ပါတယ်”

သူမက ပြောပြီးတာနဲ့ မျက်လုံးမှိတ်လိုက်သည်။ နေရာမှာပင် အိပ်ပျော်နေသလိုမျိုး ဟန်ဆောင်လိုက်၏။ သူမရဲ့ပုံစံက အရှိန်အဝါတစ်ခု ထွက်ပေါ်နေ သလိုမျိုးပဲ။

“ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဟုတ်လား”

ကျန်တဲ့သူတွေအားလုံး အံ့ဩစွာပင့်သက်ရှိုက်လိုက်ကြသည်။

သူတို့အားလုံးရဲ့ကြားမှာ ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတာ အံ့ဩဖွယ်ရာအခြေအနေတစ်ခုပဲ။ ဒါ့အပြင် သူမက ထျန်းလင်ဂိုဏ်းက ရောက်လာခဲ့တာဖြစ်သည်။ သူမမှာ မရေမတွက်နိုင်အောင် များပြားထူးချွန်တဲ့ သိုင်းပညာတွေ ပိုင်ဆိုင် ထားမှာပဲ။ သူတို့အားလုံးရဲ့ စုပေါင်းတိုက်ခိုက်မှုကိုတောင်မှ သေချာပေါက် အနိုင်ယူနိုင်လောက်သည်။

ဒါပေမဲ့ ဟွမ်ပထျန်းကတော့ အများနဲ့မတူပေ။ သူရဲ့ပုံစံက အနည်းငယ်ရွံရှာနေဟန်ရှိ၏။

နတ်ဘုရားစာရင်းစာချုပ်ရဲ့ အစွမ်းကို လက်ခံပြီးကတည်းက သူ့ရဲ့သန်မာမှုသည် ဒုတိယအဆင့်ကို ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် သူမရဲ့ကျင့်ကြံမှုကို နည်းနည်းမှ မကြောက်ရွံ့မိပေ။

“ဒုတိယအဆင့် ကျင့်ကြံမှုဟုတ်လား။ တော်တော်လေးမြင့်တာပဲ။ အခုကစပြီး မင်းနဲ့ငါနဲ့နှစ်ယောက်စလုံးကြိုးစားပြီး ညီအစ်ကိုမဲ့ကို ကူညီမှဖြစ်တော့မယ်။ ဒါမှ ငါတို့ရဲ့အစီအစဉ်က ရှေ့ဆက်နိုင်မှာ”

ဟွမ်ပထျန်းကပြောပြီးတာနဲ့ လူအုပ်တစ်ခုလုံးကို တည်ငြိမ်စွာကြည့်လိုက်သည်။ သူ့ရဲ့ဆိုလိုရင်းက ရိုးရှင်း၏။ ဟွမ်ပထျန်း က အကုန်လုံးကို အတည်ပြုပေးချင်နေတာပင်။ ထိုကောင်မလေးအနေနဲ့ ဘယ်လောက်ပဲ သန်မာပါစေ သူမက ဖူမဲ့ရဲ့ လက်အောက်ခံတစ်ယောက်ပဲ ဖြစ်သည်။ ဒါ့အပြင် သူမကနောက်ကျမှ ရောက်လာတဲ့သူတစ်ယောက်ပဲ။ အစဉ်လိုက်အတိုင်း ရေတွက်မည်ဆိုလျှင် သူမက ဘယ်လိုပဲ ကျင့်ကြံဆင့်မြင့်နေပါစေ ဟွမ်ပထျန်းရဲ့ အနောက်တွင်သာ ရှိသည်။

“မိန်းခလေးလီက ဘယ်သိုင်းပညာမှာ ထူးချွန်တာလဲ သိချင်မိတယ်။ အချိန်ကျလာခဲ့ရင် အလုပ်ကို ကောင်းကောင်း ဖြေရှင်းနိုင်ပါ့မလား”

ဟွမ်ပထျန်းရဲ့စကားလုံးတွေက လေးစားမှုတစ်စက်မျှမရှိပေ။ ဆန့်ကျင်ဘက်အနေနဲ့ ဟွမ်ပထျန်းရဲ့နှလုံးသားက အနည်းငယ် စိုးရွံနေ၏။

ဒီကောင်မလေးက သူ့ရဲ့နေရာကို လုယူသွားရင် ဘယ်လိုလုပ်မလဲ။

ပုန်ကန်မဲ့အစီအစဉ်တွင် သူက ဒုတိယနေရာကနေ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်သည်။ တကယ်လို့ တန်ဖိုးရှိလှတဲ့ သူ့ရဲ့နေရာကို ဆုံးရှုံးလိုက်ရရင်……

ဒါလုံးဝ မဖြစ်နိုင်ဘူး။

ထိုအချိန်မှာပဲ လီယုဟန် သူမရဲ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။ သူမရဲ့နှုတ်ခမ်းထောင့်က အနည်းငယ်အပေါ် တက်သွား၏။ သူမ ချက်ချင်းပဲ တွေးမိသွားသည်။

'ဘာပဲဖြစ်နေပါစေ ငါက ဖူမဲ့ရဲ့နတ်ဘုရားစာရင်း စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ သူတစ်ယောက်ပဲ။ နင် ထိုးဖူးလို့လား? နင့်ရဲ့ သေးငယ်တဲ့ အရည်အချင်းလေးနဲ့ လက်မှတ်ထိုးနိုင်မယ်ဆိုရင်တောင်မှ…….. အဲ့ဒါက တခြားသူရဲ့မှော်လက်နက်ကို ညစ်ပတ်စေတာပဲဖြစ်လိမ့်မယ်’

“နင်ပြောတာကိုတော့ ငါသေချာမသိဘူး။ ဒါပေမဲ့ ငါ့ကိုသာ တာဝန်ပေးလိုက်မယ်ဆိုရင် သခင်ဖူမဲ့သေချာပေါက် စိတ်ကျေနပ်စေရမယ်လို့ပြောရဲတယ်။ တစ်ကယ်လို့ အနာဂါတ်မှာ ကျင့်ကြံသူတွေပေါ်လာခဲ့ပြီး သူတို့တွေကလည်း ကျင့်ကြံဆင့် မြင့်နေကြမယ် ဒါ့အပြင်သခင်ဖူမဲ့က တိုက်ခိုက်ဖို့ပျင်းနေမယ် အဲ့အချိန်ကျရင် ငါက ဝင်ဖြေရှင်းပေးလို့ရတယ်”

သူမရဲ့ဆိုလိုရင်းက ရိုးရှင်းပါသည်။

ငါ့ရဲ့သန်မာမှုက သေချာပေါက် နင့်ထက်သာတယ်။

ဒီနေရာမှာ သူမထက် ကျင့်ကြံဆင့်မြင့်တဲ့သူက ဖူမဲ့တစ်ယောက်ပဲရှိတာကို လီယုဟန် ရှင်းလင်းစွာပြောကြားလိုက်သည်။

လီယုဟန်နဲ့ဟွမ်ပထျန်းကလွဲရင် အကုန်လုံးချက်ချင်းပဲ သဘောပေါက်လိုက်၏။

ဒုတိယနေရာကိုရရှိဖို့အတွက် ဟွမ်ပထျန်းနဲ့ဒီကောင်မလေးနဲ့ ယှဉ်ပြိုင်နေကြတာပဲ။ အဆုံးမှာတော့ သူတို့အားလုံးက ဖူမဲ့ရဲ့ မျက်နှာသာပေးမှုရဖို့ သေမတတ်ကြိုးစားနေကြတာပဲမလား။

ထိုအချိန်မှာပဲ လေထုကအနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။ ထိုနှစ်ယောက်ရဲ့ ရန်လိုတဲ့စကားသံတွေအဆုံးမှာ ရှကျိုးယွီ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“မင်းတို့နှစ်ယောက်လုံး နှင်းနဂါးတောင်ကို စောင့်ကြည့်ရမယ်။ တစ်ယောက်က မနက်မှာ တာဝန်ယူပြီး ကျန်တစ်ယောက်က ည ဘက်မှာ စောင့်ကြည့်ရမယ်။ အချိန်ကတော့ မင်းတို့စိတ်ကြိုက်ရွေးလိုက်ကြ”

ပြောပြီးတာနဲ့ ရှကျိုးယွီသည်တစ်ချက်တောင် မကြည့်တော့ပဲ တည်းခိုခန်းအတွင်းကနေ ထွက်သွားခဲ့သည်။ အချင်းချင်း စိုက်ကြည့်နေကြတဲ့ ထိုနှစ်ယောက်ကို ပစ်ထားလိုက်တော့၏။

ရှကျိုးယွီကတော့ ထိုကိစ္စကိုအများကြီးမတွေးတောခဲ့ပေ။ ထိုကိစ္စက တကယ်တော့အရေးမပါတဲ့ကိစ္စတစ်ခုပဲ။ လုပ်နိုင်စွမ်း ရှိတဲ့လူအနေနဲ့ အလုပ်များများပိုလုပ်ရမည်။ ဒါကြောင့် ဒီကိစ္စက သူ့ရဲ့အာရုံစိုက်မှုနဲ့မထိုက်တန်ဘူး။ တကယ်လို့ ကောင်းမွန်စွာ မလုပ်ဆောင်တဲ့အပြင် အခြေအနေတွေဆိုးဝါးလာအောင် လုပ်ပါက သူ့အနေနဲ့သတ်ပစ်လိုက်ရုံပင်။ အစားထိုးလို့ရတဲ့ လူတွေလည်း အများကြီးရှိနေသေးသည်။

ရှကျိုးယွီရဲ့အမိန့်သံဆုံးတာနဲ့ ဟွမ်ပထျန်း ချက်ချင်းပဲ ထရပ်လိုက်သည်။

“မိန်းခလေးလီက ဒီနေရာမှာအသစ်ဆိုတော့ ကျွန်တော်အရင်လိုက်ပြပေးမယ်။ နှင်းနဂါးတောင်က ရှုပ်ထွေးတယ်။ ဒါ့အပြင် လမ်းကလည်းကြမ်းသေးတယ်။ နှင်းနဂါးတောင်တစ်ခုလုံးကို စောင့်ကြပ်ချင်တယ်ဆိုရင် လမ်းကြောင်းအားလုံးနဲ့ ရင်းနှီး နေမှဖြစ်မယ်”

လီယုဟန်ရဲ့ မျက်နှာတွင် ဂရုမစိုက်မှုတို့ ရှိနေခဲ့သည်။ ရှကျိုးယွီထွက်သွားတာနဲ့ သူမရဲ့မျက်နှာပေါ်က သတိထားနေမှု အားလုံးလည်း ပျောက်ကွယ်သွား၏။ သူမရဲ့မျက်နှာထက်တွင် ငါ စောက်ဂရုမစိုက်ဘူးဆိုတဲ့အထာကို တပ်ဆင် ထားသည်။

သူမအနေနဲ့ဂရုစိုက်သင့်တဲ့သူက ဖူမဲ့တစ်ယောက်သာရှိသည်။ ဒီလူတွေအားလုံးကို ဂရုစိုက်စရာမလိုအပ်ဘူး။ အကုန်လုံးကို သူမ ပုံမှန်လိုပဲရှင်းပစ်လိုက်လို့ရသည်။ ဖူမဲ့ကြောင့်သာမဟုတ်ဘူးဆိုရင် သူတို့‌တွေနဲ့စကားပြောနေမှာတောင် မဟုတ်ပေ။

လီယုဟန်ရဲ့ တုံ့ပြန်မှုကို မမြင်ရတဲ့အတွက် ဟွမ်ပထျန်း ဦးဆောင်ကာ အရှေ့က သွားလိုက်သည်။

“မိန်းကလေးလီ ငါတို့ရဲ့ဂိုဏ်း ခေါင်းဆောင်က တကယ်ကိုအင်အားကြီးတယ်။ မိန်းကလေးလည်း သူ့ရဲ့သန်မာမှုကို အထင်ကြီးပြီး ငါတို့နဲ့ပူးပေါင်းခဲ့တာမလား”

လီယုဟန်ကို ဘယ်လိုပဲ ပြိုင်ဖက်တစ်ယောက်လို့ မြင်နေပါစေ အရေးကြီးတဲ့ကိစ္စမှာတော့ ဟွမ်ပထျန်း ရှင်းလင်းစွာ ပြောဆိုခဲ့သည်။

ဒါပေမယ့် ထိုစကားကိုကြားတာနဲ့ လီယုဟန် အံကြိတ်လိုက်တော့သည်။

“မှန်တယ်။ ငါတစ်ကယ်ကို အထင်ကြီးခဲ့ရတယ်။ သူက တကယ်သန်မာတယ်”

ဟွမ်ပထျန်း ထိတ်လန့်သွားသည်။

‘ထျန်းလင်ဂိုဏ်းရဲ့ ပင်မတပည့်တစ်ယောက်ကတောင်မှ ညီအစ်ကိုဖူမဲ့ကို အထင်ကြီးရတာပါလား?’

ဟွမ်ပထျန်း တစ်ယောက် ဖူမဲ့ရဲ့ စစ်မှန်တဲ့သန်မာမှုကို အဖြေမရှာနိုင်သေးပုံပင်။

'ဖူမဲ့ရဲ့သန်မာမှုက ပထမအဆင့်ကျင့်ကြံမှုကိုမှ ထိပ်ပိုင်းကိုရောက်နေလောက်ပြီ.. မဟုတ်ဘူး။ အဲ့ဒီထက်ကို မြင့်လိမ့်မယ်’

“ကောင်းပြီ။ အဆင်ပြေပါတယ်။ ငါတို့အားလုံးက တူညီတဲ့ရည်ရွယ်ချက်အတွက် တိုက်ခိုက်နေကြတာပဲ။ အခုကစပြီး ငါတို့ တွေ အားလုံးက ဘက်တော်သားတွေဖြစ်လာခဲ့ပြီ”

ဒါပေမဲ့ လီယုဟန်ကတော့ ဟွမ်ပထျန်းရဲ့ မျက်နှာကိုတံတွေးနဲ့သာ ထွေးချင်သည်။

'နင့်လိုမျိုး အသုံးမကျတဲ့သူတစ်ယောက်နဲ့ ငါကတစ်ဖွဲ့တည်းဖြစ်စရာလား။ တရှားရဲ့ဘုရင်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီတာဝန် မှာ ငါဝင်ပါခဲ့မှာတောင်မဟုတ်ဘူး’

“ကောင်းပြီ။ အခုကစပြီး ငါတို့က အတူတူပဲ”

လီယုဟန် တုံံ့ပြန်လိုက်သည်။ ဒါပေမယ့် သူမရဲ့စိတ်ထဲမှာတော့ ဟွမ်ပထျန်းကို လွန်စွာအထင်သေးနေ၏။

ဟွမ်ပထျန်းကလည်း မတုံးအပါချေ။ သူမရဲ့မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ စိတ်ထဲက အတွေးကိုမြင်နိုင်သည်။ ဒါပေမယ့် ဟွမ်ပထျန်းမှာလည်း သူ့ရဲ့ကိုယ်ပိုင်မာနရှိသည်။ ဘယ်လိုပဲ ဖူမဲ့ရဲ့နောက်လိုက်တစ်ဦးဖြစ်နေပါစေ သူ့ရဲ့သန်မာမှုဟာလည်း သာမန်ထက်မြင့်မား၏။

'ငါက ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ ဘာကြောင့်များ ငါ့ကိုယ်ငါသိမ်ငယ်နေစေရမှာလဲ’

ဟွမ်ပထျန်း ချက်ချင်းပဲပြောလိုက်သည်။

“ညီအစ်ကိုဖူမဲ့က မင်းကိုအကျိုးအမြတ်များပေးခဲ့လား သိချင်တယ်။ ငါတို့တွေအားလုံး ညီအစ်ကိုဖူမဲ့ရဲ့ လက်ဆောင်ကို လက်ခံပြီးပြီ။ အဲ့ဒီကနေ ငါတို့ရဲ့သန်မာမှုတွေလည်း အများကြီးတိုးတက်ခဲ့တယ်”

သူ့ရဲ့မျက်လုံးတွေထဲမှာ ဂုဏ်ယူမှုတို့ရှိနေခဲ့သည်။ ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါတွေကို အပြည့်အဝ ဖော်ပြလိုက်၏။

လီယုဟန် ပိုလို့ ရွံရှာသွားခဲ့သည်။

'နင်ပြောတဲ့ ဆုလာဘ်က နတ်ဘုရားစာရင်း စာချုပ်ပေါ်မှာ နာမည်ရေးထိုးခံရတာထက် သာလွန်နိုင်မှာမိုလို့လား။ ဘယ်လိုပဲ ဝိဉာဏ်ကိုရောင်းစားတဲ့ စာချုပ်တစ်ခုဖြစ်နေ​ပါစေ အဲ့ဒီကရလိုက်တဲ့ စိတ်ဝိဉာဏ်စွမ်းအားမြင့်တင်မှုက တကယ်ကို စစ်မှန်ခဲ့တယ်။ အရမ်းကိုကောင်းမွန်တာ။ ဒီလိုအခွင့်အရေးကိုရရှိဖို့ လူဘယ်နှစ်ယောက်လောက်များ ဆုတောင်းနေခဲ့ရမလဲ’

“အကျိုးအမြတ်လား။ သေချာပေါက်ရတာပေါ့။ နင့်ထက်တောင်မှ မြင့်နေဦးမယ်။ တကယ်တော့ငါက အစကတည်းက ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ”

လီယုဟန်ကလည်း နောက်ကျမခံချင်စွာဖြင့် သူမရဲ့ မျက်နှာပေါ်တွင် မာနတို့တပ်ဆင်လိုက်သည်။ ဒီလိုနဲ့ပဲ ထိုနှစ်ယောက်က မျက်နှာချင်းဆိုင်ရပ်နေကြ၏။ အချိန်တစ်ချို့ကြာသည်အထိ အချင်းချင်းစိုက်ကြည့်နေပြီးနောက်မှာ နှင်းနဂါးတောင်ပေါ်ကို စတင်ထွက်သွားခဲ့ကြသည်။

သူတို့နှစ်ယောက်စလုံးက တိကျစွာမဖော်ပြခဲ့ကြပေ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အချင်းချင်းရွံရှာစက်ဆုပ်နေကြ၏။ ဖူမဲ့ရဲ့နှလုံးသားထဲမှာ တစ်ယောက်က တစ်ယောက်ထက် ပိုသာသည်ဟု အချင်းချင်းထင်မှတ်နေကြသည်။

ဒါပေမယ့် တစ်ကယ်တော့ ရှကျိုးယွီက ဘယ်သူ့ကိုမှအထင်မကြီးတာပင်။

………..

All Chapters