← Chapters

( မင်းတို့အတွက် ပိုကြီးတဲ့အရာရှိတယ်)

Vol. 14 Ch. 192

( မင်းတို့အတွက် ပိုကြီးတဲ့အရာရှိတယ်)

Vol. 14 Ch. 192

"ထျန်းလင်ဂိုဏ်းကဟုတ်လား"

လီယုဟန်ရဲ့ မျက်နှာက အလွန်ထူးဆန်းသွားခဲ့သည်။

"သေချာပေါက်ပဲ"

"ငါတို့ နှင်းတောင်တန်းဂိုဏ်းက ထျန်းလင်ဟိုဏ်းအတွက် အလုပ်လုပ်ပေးဖို့ ဒီနေရာကို ရောက်လာခဲ့တာ။ တစ်ခြားသူတွေရဲ့ အာရုံစိုက်မှုကို မခံရအောင်လို့ ဒီအဖြစ်အပျက်ကို ငါတို့က ဖုံးကွယ်ထားခဲ့တယ်။ ဒါကြောင့် မင်းအနေနဲ့ သတိထားပါ။ ငါ့ကိုသတ်လိုက်မယ်ဆိုရင် ထျန်းလင်ဂိုဏ်းက မင်းကို သေချာပေါက် လက်စားချေလိမ့်မယ်”

ချန်ပန်သည် အလွန်ယုံကြည့်ချက် ရှိစွာဖြင့် ပြောလိုက်သည်။

လာသတ်လိုက်စမ်းပါ ဟူသောမျက်နှာထားနဲ့ အဖတ်မလုပ်စွာဖြင့် လီယုဟန်ကို စိုက်ကြည့်လိုက်၏။

ချန်ပန် သေချာပေါက်သိသည်။ ထျန်းလင်ဂိုဏ်းရဲ့ တပည့်တွေက အင်အားကြီးပုဂ္ဂိုလ်များဖြစ်သည်။ သူတို့တွေသည် ပုံမှန်အားဖြင့် သီးသန့်ကျင့်ကြံတတ်ကြသည်။ တောင်အောက်ကို အလွယ်တကူ မဆင်းကြပေ။ တောင်အောက်ဆင်းပြီ ဆိုရင်လည်း သူတို့ရဲ့မြင့်မားတဲ့ ကျင့်ကြံမှုကြောင့် လူကြားတွင် ထင်ပေါ်သည်။

အဲ့လိုမျိုး မြင့်မားတဲ့ ကျင့်ကြံဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေက နှင်းနဂါးတောင်ကို ဘာကြောင့် ရောက်လာရမှာလဲ? ဒီလိုသေးငယ်တဲ့ နေရာက သူတို့နဲ့ မထိုက်တန်ဘူး။

တစ်ကယ်တော့ ထိုအတွေးကို ချန်ပန်သည် စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးနဲ့ ပစ်ပေါက်ခံလိုက်ရစဉ်တည်းက တွေးခဲ့မိတာပင်။ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးသည် ရှားပါးရတနာတစ်ခုဖြစ်ပြီး သိုင်းလောကအတွင်းမှာ အလွယ်တကူ မသုံးရဲကြပေ။ ဂိုဏ်းကြီးတွေသာ အခုလိုမျိုး တိုက်ခိုက်ဖို့ သုံးတတ်ကြသည်။ သာမန်ဂိုဏ်းတွေက မချမ်းသာကြသလို အခုလိုမျိုးအင်အားကြီး သိုင်းပညာ ထုတ်မသုံးနိုင်ကြဘူး။

ထို့ကြောင့် လီယုဟန်ရဲ့ သရုပ်မှန်ကို အနည်းငယ်စဉ်းစားမိသေး၏။ ဒါပေမဲ့ သူ့အနေနဲ့ အဖြေထုတ်လို့မရခဲ့ပေ။

ထျန်းလင်ဂိုဏ်းရဲ့ နာမည်ကိုကြားတာနဲ့ လီယုဟန်ရဲ့မျက်နှာသည် သံသယတစ်ချို့ ဝင်ရောက်လာခဲ့သည်။ သူမချက်ချင်းပဲ ချန်ပန်ရဲ့အခြေအနေကို စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုပြီး စစ်ဆေးလိုက်၏။ ထူးဆန်းတဲ့အရာတစ်ခုကို သူမရှာဖွေတွေ့ရှိခဲ့သည်။

ထျန်းလင်ဂိုဏ်းရဲ့ တပည့်တိုင်းက တောင်အောက်ကို ဆင်းပြီဆိုရင် အနည်းဆုံး စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံး တစ်သောင်းကို ယူလာခဲ့သည်။ အဲ့လိုမျိုး မယူလာနိုင်တဲ့သူ အဘယ်မှာရှိလို့လဲ။

ဒါပေမဲ့ ချန်ပန်ထံတွင်တော့ စိတ်ဝိညာဉ်စွမ်းအင်‌ ကျောက်တုံးသည် ထောင်ဂဏန်းသာရှိ၏။

ဘာလဲ။ လမ်းမှာ သူတောင်းစားတွေ့လို့ ပေးပစ်လိုက်တာလား။

"ဒါဆိုရင် ပြောစမ်းပါ။ မင်းက ဘယ်သူ့ရဲ့ လက်အောက်ကနေ အမိန့်ကို နာခံရတာလဲ။ ထျန်းလင်ဂိုဏ်းမှာ ဂိုဏ်းခွဲတွေ အများကြီးရှိတယ်။ အဲဒီဂိုဏ်းခွဲတိုင်းမှာ သူတို့ရဲ့သခင်ဆိုတာရှိတယ်။ ဂိုဏ်းခွဲတွေက ဂိုဏ်းတစ်ခုအနေနဲ့ အလုပ်လုပ်ကြတယ်။ မင်းကတကယ်ပဲ ထျန်းလင်ဂိုဏ်းကဆိုရင် သက်သေပြစမ်း။ ငါမင်းရဲ့အသက်ကို ချမ်းသာပေးမယ်”

လီယုဟန်ရဲ့ မျက်လုံးသည် အနည်းငယ် ပျော်ရွှင်ရိပ် သန်းလာခဲ့သည်။ ထျန်းလင်ဂိုဏ်းရဲ့ နာမည်ကိုကြားလိုက်တာနဲ့ မျက်စိရှေ့ကလူကို လီယုဟန် လုံးဝမသတ်ချင်တော့ပေ။

"ငါက ချမ့်လင်ဂိုဏ်းခွဲရဲ့ ဂိုဏ်းခေါင်းဆောင် လီပဟန်ရဲ့ လက်အောက်ကတပည့်ပဲ။ ဂိုဏ်းခွဲခေါင်းဆောင်လီက ဒီနှင်းနဂါးတောင်မှာရှိတဲ့ မကောင်းတဲ့သူတွေကို ဖြေရှင်းနိုင်ဖို့အတွက် ငါ့ကို ဒီနေရာလွှတ်ခဲ့တာ”

လီပဟန်ရဲ့နာမည်ကို ချန်ပန် ကြားဖူးခဲ့သည်။ ယခင်အချိန်တုန်းက လီပဟန်သည် သူတို့ရဲ့ဂိုဏ်းကို လာရောက်တွေ့ဆုံခဲ့၏။ ထိုအချိန်တွင် သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ရိုကျိုးစွာဖြင့် နှုတ်ဆက်ခဲ့သည်။

ထိုအချိန်တည်းက ချန်ပန်သည် လီပဟန်ဆိုသော နာမည်ကိုမှတ်သားထားခဲ့၏။

အဘိုးဖြစ်သူရဲ့ နာမည်ကို ရုတ်တစ်ရက် ကြားလိုက်ရသောကြောင့် လီယုဟန် ချက်ချင်းဘဲ မျက်ရည်ကျလုနီးနီး ဖြစ်သွားခဲ့သည်။

နောက်ဆုံးတော့ သူမရဲ့အဘိုးက သူမကိုကယ်တင်ဖို့ လူတစ်ယောက်စေလွှတ်ခဲ့ပြီ။

ဒါပေမဲ့ ကမ္ဘာကြီးက ရက်စက်တဲ့ နေရာတစ်ခုပဲ။ ဘယ်လိုလုပ် လွယ်ကူစွာ လွတ်မြောက်နိုင်မှာလဲ။

ဒါပေမဲ့ ချက်ချင်းပဲ သူမရဲ့ပုံရိပ်ကို ပြန်လည်ထိန်းသိမ်းလိုက်သည်။ သူမရဲ့မျက်နှာထားက ချက်ချင်းပဲ တည်ငြိမ်သွား၏။ ထိုတည်ငြိမ်မှုရဲ့ နောက်ကွယ်မှာ သနားစိတ်တစ်ချို့ကို ဖုံးကွယ်လိုက်သည်။

ချန်ပန်ကို ကြည့်နေရင်း သူမရဲ့အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိသည်။ ထို့ကြောင့်သူမချက်ချင်းပဲ စဉ်းစားမိသွား၏၊ သူမ၏မျက်နှာထက်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဒီလိုဆိုမှတော့ ထျန်းလင်ဂိုဏ်းက လူကြားထဲမှာ နင့်ရဲ့သရုပ်မှန်ကို မပြောပြဖို့ မမှာကြားခဲ့ဘူးလား။ အဲ့လိုဆိုရင် ဘာအပြစ်ဒဏ်ကိုခံရမှာလဲ”

ဒီနှင်းနဂါးတောင်မှာ ဖူမဲ့ရဲ့လက်အောက်က လွန်မြောက်ချင်သူသည် လီယုဟန်ထက် ဘယ်သူမှ စိတ်အားမပြင်းနိုင်တော့ချေ။

ဒါပေမယ့် လီယုဟန်ရဲ့ လှည့်ကွက်ကို ချန်ပန်နားမလည်ခဲ့ပေ။ ချက်ချင်းပဲ သူမရဲ့လှည့်ကွက်အတွင်း ကျရောက်သွား၏။

"ဒါက..."

"ဘယ်လိုနေနေ ငါ့ကိုဖမ်းမိသွားပြီပဲမလား? လုပ်ချင်တာသာလုပ် သတ်ချင်ရင်လည်းသတ်ပစ်လိုက်”

ဆက်လက် မလိမ်ညာနိုင်‌တော့တာကို သဘောပေါက်သည့်အတွက် ချန်ပန်ချက်ချင်းပဲ မျက်လုံးများ မှိတ်လိုက်သည်။ လီယုဟန်ရဲ့ အမေးအတွက် သူ့မှာအဖြေမရှိချေ။ ထို့ကြောင့် ခက်ထန်စွာဖြင့် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

လီရှီ တစ်ယောက် တစ်ချိန်လုံးဘေးမှ နားထောင်နေခဲ့တာပင်။ ချန်ပန်ရဲ့စကားတွေကြောင့် အံ့သြမှင်တက် နေရ၏။

သူ့ရဲ့ဂိုဏ်းခေါင်းဆောင်က အခုလိုမျိုးလုပ်လိမ့်မယ်လို့ မ‌မျှော်လင့်ထားခဲ့ပေ။ အစကတော့ လီရှီသည် အသက်ချမ်းသာပေးဖို့ရန် အသနားခံဖို့ စိတ်ကူးခဲ့သည်။ ထိုသို့ဆိုရင်တောင်မှ အခွင့်အရေး ရှိခဲ့ဦးမည်။ အခုတော့ လွတ်လမ်းအားလုံး ပိတ်သွားပြီပင်။

"ကျွန်တော်တို့ကို တောက်‌လျှောက် ဖမ်းလာခဲ့တာ ကျေးဇူးပြုပြီး လွှတ်ပေးလို့ရမလား”

လီရှီသည် အားနည်းစွာ ပြောလိုက်သည်။

ဒါပေမဲ့ ချန်ပန်က စူးရဲစွာ စိုက်ကြည့်လိုက်၏။

"သူပြောတဲ့ စကားတွေကို နားထောင်မနေနဲ့။ ငါရောသူရောက ထျန်းလင်ဂိုဏ်းရဲ့တပည့်တွေပဲ။ မင်း သူတစ်ယောက်ထဲကိုပဲ လွှတ်ပေးလို့မရဘူး။ သတင်းတွေ ပေါက်ကြားသွားမယ်ဆိုရင် မင်းတို့အပေါ်မှာ ပြဿနာတွေ တက်လာလိမ့်မယ်”

ငါတောင် ထွက်ပြေးလို့မရမှတော့ မင်းကို ထွက်ပြေးခိုင်းစရာလား။

ချန်ပန်နှင့် လီရှီသည် အတူရှိလာခဲ့တာ အချိန်ကြာမြင့်ခဲ့၏။ အချင်းချင်းရဲ့ အတွေးတွေကို မခန့်မှန်းမိဘဲ မနေနိုင်ပေ။ ချန်ပန် ချက်ချင်းပဲ သတိထားမိခဲ့သည်။ ထို့ကြောင့် လီရှီအတွက် လွတ်လမ်းမရှိအောင် ပိတ်ပြောခဲ့လိုက်တာပင်။

တကယ်တော့ လီရှီက ဝမ်လန်ကို ရှာဖွေ့ချင်တာပင်။ ဝမ်လန်ကို တွေ့ရှိပြီးတာနဲ့ နှင်းတောင်တန်းဂိုဏ်းဆီကို ပြန်သွားပြီး ဂိုဏ်းခေါင်းဆောင်အတွက် တိုက်ခိုက်ဖို့ရန် တွေးထားခဲ့သည်။

ဒါပေမဲ့ ချန်ပန်ကတော့ လီရှိက ညီအစ်ကိုရဲ့ အသက်ကို စတေးပြီး ထွက်ပြေးဖို့ ကြံစည်နေသည်ဟု ထင်မှတ်သွား၏။ ထို့ကြောင့် လီရှီကိုပါ အတူတူ သေဖို့ရန် ဆွဲခေါ်ခဲ့သည်။

အရှေ့မှာ ဖြစ်ပျက်နေတဲ့ ချစ်လှစွာသော ညီအစ်ကိုနှစ်ယောက်ကြောင့် လီယုဟန် ဒေါသထွက်လာခဲ့သည်။

ကျေးဇူးမသိတတ်တဲ့ကောင်တွေ ကိုယ့်ကိုယ်ကို ချနင်းပြီး မြင့်မြတ်ချင်ယောင် ဆောင်နေကြတာလား။

ဒါကိုတောင်မှ ယုံကြည်မှုရှိရှိနဲ့ ပြောရဲသေးတယ်။

"ရန်ဖြစ်နေတာတော်လိုက်တော့။ နင်တို့နှစ်ယောက်လုံး တစ်ယောက်မှ ထွက်ပြေးလို့မရဘူး။ ဒီနေရာမှာ ငါ့ကိုစောင့်နေ။ ဘယ်မှမသွားနဲ့”

လီယုဟန်ကပြောပြီးတာနဲ့ ချန်ပန်နဲ့လီရှီတို့‌ နှစ်ယောက်လုံးရဲ့ ကြိုးတွေကို ဖြည်ပေးလိုက်သည်။

ချန်ပန်ရော လီရှီရော အံ့ဩသွား၏။ အကြောင်းအရင်းကို နားမလည်နိုင်ကြပေ။

ထျန်းလင်ဂိုဏ်းကို အသုံးပြုလိုက်လို့လား။

ဒါပေမဲ့ မျက်စိရှေ့က မိန်းကလေးက သူ့ကိုလုံးဝ မသတ်လောက်ဘူးဟု ချန်ပန် အတိအလင်း ခံစားနေမိ၏။

"လီရှီ မင်းခုနက ပြောလိုက်တဲ့စကားက...”

"ဂိုဏ်းခေါင်းဆောင် စကားပြောနေတာရပ်လိုက်တော့။ သူမကိုပဲ စောင့်ကြရအောင်”

လီရှီရဲ့ မျက်လုံးတွေက အနည်းငယ် လင်းလက်နေခဲ့သည်။ သူ့ရဲ့မျက်လုံးထဲမှာ နောက်ဆုံးတော့ မျှော်လင့်ချက်တွေ ဝင်ရောက်လာပြီပင်။

ဒီလိုနဲ့ မကြာခင်မှာပဲ ရှကျိုးယွီ စခန်းရှိရာသို့ ရောက်လာ၏။ မျက်စိရှေ့က လူနှစ်ယောက်ကို ကြည့်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတို့ရဲ့ နှင်းတောင်တန်းဂိုဏ်းမှာ လူဘယ်နှစ်ယောက် ရှိလဲ။ မင်းတို့ရဲ့ သန်မာမှုက ဘယ်လောက်လဲ”

ရှိကျိုးယွီ မေးလိုက်ပေမယ့် တကယ်တော့ အာရုံခံမိထားသည်။ နှင်းနဂါးတောင်ရဲ့ တောင်ခြေနဲ့ မိုင်တစ်ရာလောက် အဝေးတွင် ကျင့်ကြံသူတွေ ရှိနေသည်။ သူတို့ရဲ့ စိတ်ဝိဉာဉ်စွမ်းအင် တုံ့ပြန်မှုတစ်ချို့ကို ရှကျိုးယွီ ခံစားရ၏။

ဒါ့အပြင် ဟွမ်ပထျန်းသည်လည်း လမ်းတွင် ရှင်းပြပေးခဲ့သည်။ ဒါကြောင့် ရှကျိုးယွီ အနေနဲ့ အနည်းငယ် မှန်းဆလို့ရသည်။ ဒါပေမယ့် ထိုအချိန်မှာပဲ လီယုဟန်က ရှေ့တိုးလာပြီး ပြောလိုက်သည်။

“သူတို့တွေက ထျန်းလင်ဂိုဏ်းရဲ့ အပြင်တပည့်တွေပါ။ အခုကျွန်မ သူတို့ကို စည်းရုံးပြီးပြီ။ သူတို့တွေ အခုကစပြီး ကျွန်မတို့အတွက် ကူညီပေးလိမ့်မယ်”

လီယုဟန်က ချက်ချင်းပဲ ချန်ပန်ကို လှည့်ကြည့်လိုက်သည်။

ချန်ပန် နားလည်၏။ ချက်ချင်းပဲ လက်နှစ်ဖက်နဲ့ ဖူမဲ့ကို အရိုအသေ ပေးခဲ့သည်။

“ကျွန်တော်တို့က ထျန်းလင်ဂိုဏ်းရဲ့ အပြင်တပည့်တွေပါ။ ကျွန်တော်တို့ ကူညီပေးမယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တပည့်တွေကို ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ တခြားမတောင်းဆိုဘူး”

ဒါပေမဲ့ ချန်ပန်ရဲ့ ရင်ထဲမှာတော့ မုန်းတီးမှုအနည်းငယ် ရှိနေဆဲပဲ။

တကယ်တော့ သူသည် ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဂိုဏ်းတစ်ခုတည်ထောင်ပြီး လူတွေအားလုံးကို လွတ်လပ်ခွင့်ပေးမည်ဟု ကတိပေးထားသည်။ ဒါပေမဲ့ အခုတော့ ကျန်တဲ့သူတွေရဲ့ အမိန့်ကိုနာခံနေရ၏။ သူ့အနေနဲ့ သေချာပေါက် မသက်မသာ ခံစားနေရမှာပဲ။

ထိုအချိန်မှာပဲ ရှကျိုးယွီက ရွှေရောင်စာလိပ်တစ်ခုကို ကမ်းပေးလိုက်သည်။

"ဒါက…”

ထိုစာလိပ်နဲ့ ပက်သတ်ပြီး တစ်ခုခုထူးခြားနေမှန်း ချန်ပန်အာရုံခံမိလိုက်သည်။ ထို့နောက်မှာ သူ့ကိုဖမ်းဆီးလာတဲ့ လီယုဟန်နဲ့ဟွမ်ပထျန်းကို တစ်လှည့်ဆီကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ မုန်းတီးမှုတို့ရှိနေ၏။ ဒါပေမဲ့ မတတ်သာတဲ့ အခြေနေမှာ မာန်လျှော့လိုက်ရတော့သည်။

"ကောင်းပြီ။ ငါလက်မှတ်ထိုးမယ်”

ချန်ပန်နဲ့လီရှီ နှစ်ယောက်လုံး ချက်ချင်းပဲ သူတို့ရဲ့လက်ညိုးကို ကိုက်လိုက်သည်။ သွေးဖြင့် နာမည် ရေးထိုးလိုက်ကြသည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ သူတို့ရဲ့ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့လာတဲ့နွေးထွေးတဲ့ စွမ်းအင်လှိုင်းကို ခံစားမိလိုက်သည်။

ချန်ပန်ရဲ့ သန်မာမှုက ဒုတိယအဆင့်ထိပ်ပိုင်းအထိ တိုးတက်သွား၏။ ခန္ဓာကိုယ်ကနေလည်း အလင်းတစ်ချို့ ဖြာထွက်နေခဲ့သည်။

ချန်ပန် ဘာအသံမှ ထွက်မလာနိုင်တော့ပေ။ အလွန်မယုံကြည့်နိုင်စွာဖြင့် သူ့ရဲ့ ခန္ဓာကိုယ်ကို စိုက်ကြည့်နေမိတော့သည်။

လီရှီလည်း ထိုနည်းအတိုင်းပင်။ ရုတ်တရက်ရရှိလာသော သန်မာမှုကြောင့် သူတို့နှစ်ယောက်လုံး လွန်စွာ အံ့အားသင့်နေကြ၏။

“ခေါင်းဆောင်ဖူမဲ့က တကယ်ပဲ ဒီနှစ်ကောင်ကို နတ်ဘုရားစာရင်းစာချုပ်မှာ ရေးထိုးခိုင်းလိုက်တာလား”

ဟွမ်ပထျန်း ချက်ချင်းပဲ သူ့ရဲ့နေရာကို ရိုက်ခတ်လာတဲ့ စိန်ခေါ်မှုများအား ခံစားလိုက်ရ၏။ ဖူမဲ့ရဲ့ နှလုံးသားထဲမှာ သူကအရေးမပါ‌တော့ဘူးလား။

ဟွမ်ပထျန်းရဲ့မျက်နှာသည် အလွန်မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီက တည်ငြိမ်စွာပြောလိုက်၏။

"ဒါကသေးငယ်တဲ့ အကျိုးကျေးဇူးတွေပါ။ မင်းနဲ့လီယုဟန် ငါ့နောက်လိုက်ခဲ့ကြ။ ငါ့မှာမင်းတို့အတွက် ပိုကြီးမားတဲ့အရာရှိတယ်”

………

All Chapters