(အုပ်ချုပ်ရေးမှူး ဖြစ်လာခြင်း)
Vol. 14 Ch. 195
တစ်ရက်မှာ အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်လာမယ်လို့ ချန်ယုယန် တစ်ခါမှ စိတ်ကူးမယဥ်ခဲ့ဘူးပေ။ သူကသေးငယ်တဲ့ လက်ထောက်စစ်သူကြီးသာဖြစ််၏။ အခုလိုမျိုး တတိယအဆင့်ရာထူးရှိသော မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်လာခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးပါသော ရာထူးတစ်ခုဖြစ်သည်။ တရှားတိုင်းပြည်အတွင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဩဇာကိုရယူနိုင်၏။
"မင်းရဲ့နာမည်က ချန်ယုယန်မဟုတ်လား”
ရွှေကနုတ်ထွင်းထားသော ကြီးမားတဲ့ထိုင်ခုံပေါ်တွင် ထိုင်နေတဲ့ ကျောက်ကောင်းရဲ့မျက်လုံးတွေက ကျဥ်းမြောင်းနေခဲ့သည်။ သူ့ရဲ့ထိန်းချုပ်ထားမှုကြောင့် ဓားပျံသည် အခန်းအတွင်းတွင် လှည့်လည်သွားလာနေခဲ့သည်။ အသံမျိုးစုံကိုလည်း ထုတ်လွှတ်နေ၏။
"မှန်ပါတယ်!"
ချန်ယုယန်သည် ဒူးထောက်လျက်နှင့် ရိုသေစွာ ဖြေကြားလိုက်သည်။
"ကောင်းပြီ။ အခုကစပြီး မင်းက ဒီမြို့ရဲ့ တာဝန်ရှိသူပဲ။ နှင်းနဂါးတောင်ကို အပိုင်စီးထားတဲ့ ဓားပြတွေက တရှားတိုင်းပြည်ကို တိုက်ခိုက်ချင်နေတာလို့ ငါကြားထားတယ်။
သူတို့ကိုကိုင်တွယ်နိုင်မယ်လို့ မင်းထင်လား"
ကျောက်ကောင်းရဲ့ပုံစံကဘာကိုမှ ဂရုမစိုက်ဟန်ရှိသည်။
ဒါပေမဲ့ ချန်ယုယန်နားလည်ပါ၏။ ဒီဟာက သူ့ကိုစမ်းသပ်နေတာပဲ။ ဒီတာဝန်ကိုသာကျရှုံးခဲ့ရင် မြေပြင်ပေါ်မှာ လှဲနေရတဲ့သူက သူဖြစ်သွားလိမ့်မည်။
"ကျုပ်က ဒီနှင်းနဂါးတောင်ရဲ့ ကိစ္စတွေကို ဖြေရှင်းဖို့တာဝန်ရှိတဲ့သူပါ၊ သခင်ကျောက်။ အစပိုင်းမှာက အရင်အုပ်ချုပ်ရေးမှူးကြီးက တားမြစ်ခဲ့တယ်။ နှင်းနဂါးတောင်က ပတ်ဝန်းကျင် ကြမ်းတမ်းပြီး သာမန်လူတွေအနေနဲ့ သွားရောက်ဖို့ ခဲယဥ်းတာမလို့ ကျုပ်တို့ကို မစေလွှတ်ခဲ့ဘူး"
ချန်ယုယန်သည် ပြောနေရင်းနဲ့ မြေပြင်ပေါ်ကို လှမ်းကြည့်လိုက်သည်။ မြေပြင်ပေါ်မှာ အလောင်းက ရှိနေဆဲပဲ။ ကြီးမားတဲ့ ခန္ဓာကိုယ်သည် ဦးခေါင်းမပါတော့ပေ။ ထိုခန္ဓာကိုယ်ရဲ့ ဘေးမှာရှိနေတဲ့ ခေါင်းပြတ်ကြီးကတော့ မျက်လုံးကြီးပြူးနေလျက်နဲ့…။
အုပ်ချုပ်ရေးမှူးခမျာ မျက်လုံးပိတ်ဖို့တောင် အချိန်မရှိခဲ့ပေ။
ချန်ယုယန် အံကြိတ်လိုက်တော့သည်။ ထို့နောက်မှာ ဆက်ပြော၏။
"ဒါပေမဲ့ ကျုပ်ယုံကြည်ချက်ရှိပါတယ်။ သေချာပေါက် အဲဒီဓားပြတွေကို ကိုင်တွယ်နိုင်လိမ့်မယ်။ သခင်ကျောက် ကျုပ်ကို ရက်တစ်ချို့ အချိန်ပေးပါ။ သခင်ကျောက်ကို သန့်ရှင်းတဲ့ နှင်းနဂါးတောင်ပြန်ပေးမယ်"
သူ့ရဲ့စကားသံဆုံးတာနဲ့ ပျံဝဲနေတဲ့ ဓားပျံသည် ချန်ယုယန်ရဲ့ ဘေးကနေ ထပ်မံ ဖြတ်ပြေးသွားခဲ့သည်။ ထိုအချိန်မှာတော့ ချန်ယုယန်ရဲ့ ဆံပင်တချို့ အောက်သို့ ပြုတ်ကျသွား၏။
ချန်ယုယန် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
"ငါ့ကိုပြန်ပေးမယ်ဟုတ်လား။ ဘာလဲ ငါပြောထားတဲ့စကားကို မင်းက မမှတ်မိဘူးလား"
ကျောက်ကောင်း အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့သည်။ သူ့ရဲ့မျက်နှာက ခတ်ထန်လာသလိုပဲ။
"ကျုပ်အမှားကို သိပါပြီ။ တရှားတိုင်းပြည်က အရှင်မင်းကြီးရဲ့ တိုင်းပြည်ပါ။ သေချာပေါက် အရှင်မင်းကြီးကို သန့်ရှင်းတဲ့ နှင်းနဂါးတောင်ပြန်ပေးပါ့မယ်”
ချန်ယုယန် လွန်စွာကြောက်လန့်နေပေမဲ့ တစ်ဆက်တည်းမှာပဲ အံ့ဩနေမိ၏။
နှင်းနဂါးမြို့သည် နန်းတော်နှင့် အလွန်ဝေးကွာတဲ့ နေရာတစ်ခုဖြစ်သည်။ ဒီလိုမျိုး ဝေးကွာလှတဲ့နေရာမှာတောင်မှ မိန်းမဆိုးကျောက်က အရှင်မင်းကြီးကို ဘာလို့သစ္စာရှိနေရတာလဲ။ ဒါက သံသယဝင်ဖို့ကောင်းလွန်းလှသည်။
"ဖြစ်နိုင်တာ ဒီနေရာမှာ အရှင်မင်းကြီးရဲ့ လူယုံတွေရှိနေလို့လား"
ထိုအချိန်မှာ ကျောက်ကောင်း ခေါင်းငြိမ့်လိုက်သည်။ စိတ်ဝိညာဥ်စွမ်းအင်ကိုအသုံးပြုရင်း ဓားပျံကိုဆက်လက် ပြေးလွှားနေစေ၏။
"မင်းရဲ့ သေးမွှားတဲ့လှည့်ကွက်တွေကို ငါမမြင်နိုင်ဘူးလို့မထင်နဲ့ ။ အရှင်မင်းကြီးရဲ့အတွေးက မင်းနဲ့ငါ ခန့်မှန်းနိုင်တာထက်ပိုတယ်။ မင်း သူ့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းချင်တယ်ဆိုရင် သေချာပေါက်ကြိုးစားရမယ်"
"အကယ်လို့ မလုပ်နိုင်ဘူးဆိုလို့ကတော့..."
ကျောက်ကောင်းသည် ရည်ရွယ်ချက်မဖော်ပြဘဲ ဓားပျံကို မြေပြင်ပေါ်က ချိလန်ရှန် ရှိရာနေရာမှာ ရပ်လိုက်စေ၏။
"ကျုပ်မလုပ်ရဲပါဘူး!"
ချန်ယုယန်တစ်ယောက် ကြောက်လန့်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ စိုရွှဲနေခဲ့သည်။ အခုချိန်မှာ သူ့ရဲ့ချပ်ဝတ်တန်ဆာကို ချွတ်လိုက်တာနဲ့ စိုရွှဲနေတဲ့ အင်္ကျီကို မြင်တွေ့နိုင်သည်။ ရေထဲမှထုတ်ထားသလိုမျိုးကို စိုရွှဲနေ၏။ ဒီအချိန်မှာ ချန်ယုယန် လွန်စွာ ကြောက်လန့်နေခဲ့တာပင်။
မိန်းမဆိုးကျောက် ကတောင်မှ အရှင်မင်းကြီးကို အခုလိုမျိုး ကြောက်မက်ဖွယ်ကောင်းလှတဲ့အထိ လေးစားနေသည်။ ဒီလိုဆိုမှတော့ တရှားတိုင်းပြည်ကို ဘယ်သူကများရန်စရဲတော့မှာလဲ။
ကျောက်ကောင်းရဲ့ သန်မာမှုက တိုင်းပြည်တစ်ခုလုံးမှာ ထိပ်တန်းပင်။
ချက်ချင်းပဲ ချန်ယုယန် တွေးမိသွားသည်။
ဒါဆိုရင်အရှင်မင်းကြီးရဲ့ သန်မာမှုကရော ဘယ်လိုမျိုးဖြစ်မလဲ။
ချန်ယုယန် ချက်ချင်းပဲ သူ၏အတွေးတွေကို ရပ်တန့်လိုက်သည်။ သူဆက်လက်ပြီး မတွေးတောရဲတော့ပေ။
အင်အားကြီးမားတဲ့သူ ရှေ့မှာအသက်ရှင်ချင်ရင် ရိုးသားမှဖြစ်မည်ဆိုသော အချက်ကို ကောင်းစွာနားလည်၏။ သူ့အနေနဲ့ အကောင်းမွန်ဆုံး ပြုမူပြီး သစ္စာမဖောက်ဘူးဆိုရင် သူ့ရဲ့အသက်က ပြဿနာမရှိနိုင်ဘူး။
"ကောင်းပြီ။ ဒါဆိုရင် မင်းကိုအချိန်သုံးရက်ပေးမယ်။ တပ်သားတစ်သောင်းနဲ့ နှင်းနဂါးတောင်ကို သွားပြီးတော့ အဲ့ဒီဓားပြတွေကို ဖိနှိပ်လိုက်”
ကျောက်ကောင်းရဲ့အသံက ခံစားချက် မပါဘူး။ ဒါပေမဲ့ ချန်ယုယန်အတွက်တော့ နတ်ဆိုးတစ်ကောင်လိုမျိုး ကြောက်မက်ဖွယ်ကောင်းလှသည်။ ချန်ယုယန် အချိန်မဆွဲရဲပေ။ နောက်တစ်နေ့မနက်မှာပဲ စတင်ပြီး တပ်သားစုဆောင်းလေ၏။
သူ့အနေနဲ့ နှင်းနဂါးတောင်ကို လွန်ခဲ့တဲ့ခြောက်နှစ်ကသာ နောက်ဆုံးသွားခဲ့ဖူးသည်။
...
နှင်းနဂါးတောင်ရဲ့ တောင်ခြေရှိ စစ်စခန်းတွင် လီယုဟန်ရဲ့ သရုပ်မှန်ကို သိရှိလိုက်ရခြင်းကြောင့် ချန်ပန်နှင့်လီရှီသည် လွန်စွာထိပ်လန့်နေခဲ့သည်။
လီယုဟန်အရှေ့မှာ သူတို့အများကြီး ပြောခဲ့ပြီးပြီ။
ထို့ကြောင့် လီရှီသည် တွင်းတစ်တွင်းရှာပီးသာ ပုန်းနေချင်တော့သည်။ ချန်ပန်လိုမျိုး ဂိုဏ်းခေါင်းဆောင်ကို ရရှိထားတာ ကြောက်ဖို့ကောင်းလိုက်တာ။
ဒါပေမဲ့ချန်ပန်ကတော့ မျက်နှာပြောင်းလဲခြင်းအတတ်ကို ကောင်းမွန်စွာ တတ်မြောက်ထားလေ၏။ အနည်းငယ်မှ ရှက်ရွံမှုမပြဘဲ ပြောလိုက်လေသည်။
"မိန်းကလေးလီက ချမ့်လန်ဂိုဏ်းခွဲရဲ့ တိုက်ရိုက်တပည့်ဆိုမှတော့ ကျွန်တော်တို့ နှင်းတောင်တန်းဂိုဏ်းကို မိတ်ဆက်ပေးဖို့ စိတ်များဝင်စားမလားမသိဘူး။ ကျွန်တော်တို့ကလဲ တစ်နည်းပြောရရင် ထျန်းလင်ဂိုဏ်းရဲ့ လက်အောက်ခံပဲလေ။ ဒါကြောင့် အချင်းချင်းသိသွားတော့ မကောင်းဘူးလား"
လီရှီကတော့ တိတ်တဆိတ် လေးစားပေးလိုက်သည်။ ထိုအချိန်မှာ သူသဘောပေါက်လိုက်၏။
အရှက်မဲ့ခြင်းကပဲ အောင်မြင်မှူဆီကို ခေါ်ဆောင်ပေးနိုင်တယ်..။
အရင်က ဘယ်လိုပဲ အရှက်မဲ့စွာဖြင့် ချန်ပန်ကိုမြှောက်ပင့်ပြောဆိုခဲ့ပါစေ ဒီနေရာမှာတော့ ချန်ပန်ကို လုံးဝမယှဥ်နိုင်တော့ပေ။
လီယုဟန်က သူမရဲ့နှုတ်ခမ်းကို လက်ချောင်းသွယ်များဖြင့် ကာလိုက်ကာ ခပ်ဖွဖွရီလိုက်သည်။
"နင်ကအလျော့မပေးသေးဘူးပဲ။ ထျန်းလျင်ဂိုဏ်းကဘယ်လောက်တောင် စည်းကမ်းကြီးလဲဆိုတာ မသိသေးဘူးလား"
သူမရဲ့မျက်လုံးက အနည်းငယ် စနောက်သလို ရှိသည်။
"အဲ့ကိစ္စက ငါဝင်ပြောလို့မရဘူး။ တရှားတိုင်းပြည်ကို တိုက်ခိုက်ပြီးလို့ တရှားရဲ့ဘုရင်ကို ဖမ်းဆီးပြီးသွားတဲ့အချိန်ကျရင် နင်ကထျန်းလင်ဂိုဏ်းကို အာရုံစိုက်ဦးမှာလား။ ဂိုဏ်းတစ်ခုနှင့် နှိုင်းယှဥ်လိုက်မယ်ဆိုရင် တိုင်းပြည်က ပိုပြီး ကြီးမားတဲ့ အရာတစ်ခုမဟုတ်ဘူးလား”
ချန်ပန် အနည်းငယ်အံဩသွားခဲ့သည်။ သူနောက်ဆုံးတော့သဘောပေါက်သွားပြီ။
"ဒါဆိုရင်... ငါတို့က ပုန်ကန်နေတာလား"
လီရှီသည် အရင်က ချန်ပန်ရဲ့ ထူထဲတဲ့ မျက်နှာကိုပင်လေးစားခဲ့သည်။ အခုတော့ နားလည်သွားခဲ့ပြီ။ ချန်ပန်က
မျက်နှာရည် ထူရုံတင်သာ မကဘူး။ ဥာဏ်လည်း နည်းသေးသည်။
"ငါပြောမယ် သေချာစဥ်းစား ငါတို့က ပုန်ကန်နေတာမဟုတ်ဘူး။ ငါတို့က အသက်တွေကို ကယ်တင်ပေးနေတာ။ မရေမတွက်နိုင်တဲ့ ပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ပေးနေတာ ငါတို့ရဲ့ လုပ်ရပ်က မျှတတဲ့ လုပ်ရပ်တစ်ခုပဲ။ ဒါကြောင့် ပုန်ကန်တယ် ဆိုတဲ့ စကားကို အသုံးပြုလို့မရဘူး"
လီယုဟန်ရဲ့ မျက်နှာသည် အနည်းငယ် ခတ်ထန်လာခဲ့သည်။
ချန်ပန်ကို တစ်လုံးချင်း အမှားထောက်ပြလိုက်၏။
ဒီနေရာမှာ ရက်တစ်ချို့ကြာပီးနောက်မှာ လီယုဟန်မသိလိုက်ဘဲ သူမကိုယ်တိုင်ပင် ဖူမဲရဲ့ လက်အောက်ခံဖြစ်လာခဲ့သည်။ သူမရဲ့ သစ္စာရှိမှုတို့ကလဲပိုမို မြင့်တတ်လာ၏။ ထျန်းလင်ဂိုဏ်းမှာ ရှိတုန်းထက်ကပင် သူမရဲ့အခြေအနေက ပိုပြီး အထိမခံနိုင်အောင် ဖြစ်လာခဲ့သည်။
ချန်ပန် ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်မှာပဲ တဲအပြင် ဘက်ကနေ ကျယ်လောင်တဲ့ အသံတစ်ချို့ကြားလိုက်ရသည်။
"အရေးပေါ်သတင်းပါ..၊အရေးပေါ်သတင်း”
စာတစ်စောင်ကို ကိုင်ဆောင်ထားတဲ့ သတင်းပို့သူက လီယုဟန်ဆီကို အသက်တောင်မရှုပဲ လျင်မြန်စွာပြေးလာလေရဲ့။
"တောင်ခြေမှာ ကျင့်ကြံသူအများကြီး ရောက်နေပါတယ်။ သူတို့ရဲ့ အင်အားက သန်မာပြီး အရှိန်အဟုန်နဲ့ရောက်လာကြတာ”
လီယုဟန်ရဲ့ မျက်နှာထားက ချက်ချင်းပဲ မဲမှောင်သွားခဲ့သည်။
"သေချာပြောစမ်း"
ထိုသတင်းပို့သူက ချန်ပန်နဲ့လီရှီကို တစ်လှည့်စီ စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ စာလိပ်ကို ချက်ချင်းပဲ ဖွင့်ဖောက်လိုက်၏။
ချန်ပန်နဲ့လီရှီကတော့ အလွန်စည်းကမ်းရှိလှတဲ့ သတင်းပို့သူကြောင့် အနည်းငယ် အံ့အားသင့်နေခဲ့သည်။ သူတို့ချက်ချင်းပဲ တွေးမိသွားသည်။ ဂိုဏ်းအတွင်းမှာပါ ဒီလိုစည်းကမ်းရှိမှုကို ကျင့်သုံးမယ်ဆိုရင် ဘယ်လောက်တောင် တိုးတက်လာလိုက်မလဲ။
ဒါပေမဲ့ ထိုအချိန်မှာပဲ မမျှော်လင့်ထားတဲ့အရာတစ်ခုကို ကြားလိုက်ရ၏။ သတင်းပို့သူက ချက်ချင်းပဲ ပြောကြားလိုက်သည်။
"အဲ့ဒီ ရောက်လာတဲ့သူတွေက သူတို့ကိုယ် သူတို့ နှင်းတောင်တန်းဂိုဏ်းကလို့ ပြောပါတယ်"
………