← Chapters

ထွက်သွားဖို့ မလိုဘူး

Vol. 7 Ch. 91

ထွက်သွားဖို့ မလိုဘူး

Vol. 7 Ch. 91

"ကောင်းပြီလေ....မင်းတို့ သွားလို့ရပြီ...မိသားစုဝင်တွေကို အမြန်ဆုံး အသိပေးလိုက်တော့... ငါတို့ ချက်ချင်း ထွက်ခွာကြမယ်"

ချင်းယွမ်က မတ်တတ်ထရပ်လိုက်ပြီး အကြီးအကဲများကိုကြည့်ကာ ပြောဆိုလိုက်သည်။

အကြီးအကဲများသည်လည်း မတ်တတ်ထရပ်ပြီး ပြန်လည်ထွက်ခွာသွားကြသည်။

သူတို့ လျိုမြို့မှ ထွက်သွားရမည်မှာ သေချာနေသဖြင့် အလျင်အမြန် စတင်လှုပ်ရှားသည်က ပိုကောင်းပေမည်။

အကယ်၍ သူတို့သည် ချန်မိသားစုနှင့်မြို့တော်ဝန်တို့ လာရောက်သတ်ဖြတ်သည်အထိ စောင့်ဆိုင်းနေမည်ဆိုပါက သူတို့ ထွက်သွားချင်လျှင်ပင် မလွယ်တော့ချေ။

လူအားလုံး ထွက်ခွာသွားပြီးနောက် ချင်းမင်က မတ်တတ်ထရပ်လိုက်သည်။

"ချင်းမင်... ငါတို့ ဘယ်ကို သွားသင့်တယ်လို့ မင်း ထင်လဲ.."

ချင်းယွမ်က မေးမြန်းလိုက်သည်။

လျိုမြို့သည် သူတို့၏ အခြေခံအုတ်မြစ်ပင်။ ဤနေရာမှ ထွက်ခွာသွားလျှင် ချင်းမိသားစု ဖွံ့ဖြိုးတိုးတက်လာရန်အတွက် သင့်တော်သော နေရာကို သူတို့ မသိတော့ချေ။

မည်သည့်မြို့ကို သွားသည်ဖြစ်စေ ထိုမြို့များတွင် သူတို့၏အင်အားစုများ ရှိနှင့်နေပြီးဖြစ်သည်။ ချင်းမိသားစု ရုတ်တရက် ဝင်ရောက်သွားလျှင် ကောင်းမွန်သောအဆုံးသတ်ကို ရမည်မဟုတ်ချေ။

သာမန်လူများအဖြစ် နေထိုင်ပြီး အရင်းအမြစ်များနှင့် နယ်မြေများကို လုယူခြင်းမပြုလျှင် ပြဿနာမရှိနိုင်ချေ။ ထိုသို့မဟုတ်ပါက သူတို့ကို ဆန့်ကျင်မည့် အင်အားစုများ သေချာပေါက် ရှိနေပေလိမ့်မည်။

"အဖေ...ကျွန်တော်တို့ ချင်းမိသားစုအတွက် တကယ်ပဲ နောက်ပြန်လှည့်နိုင်တဲ့ အခွင့်အရေး မရှိတော့ဘူးလား..."

ချင်းမင်က ချင်းယွမ်ကို ကြည်လင်သော မျက်လုံးများဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။

"မင်းမှာ တခြား ဘာလုပ်နိုင်တာ ရှိသေးလို့လဲ"

ချင်းယွမ်က ခေါင်းမော့လိုက်ပြီး ချင်းမင်ကို မျှော်လင့်ချက်ကြီးစွာဖြင့် စူးစိုက်ကြည့်ရင်း သူ နည်းလမ်းတစ်ခုခု ပြသပေးနိုင်ရန် မျှော်လင့်နေသည်။

လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ပြီး ချင်းမိသားစုကို အချိန်ကာလတစ်ခု ပေးလိုက်လျှင် လျိုမြို့တစ်ခုလုံးသည် ချင်းမိသားစုပိုင် ဖြစ်လာမည်ဟု ချင်းယွမ် ယုံကြည်သည်။

ချင်းမင်က အပြုံးနှင့်ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"အဖေ.. ကျွန်တော်တို့ ချင်းမိသားစုက လျိုမြို့ကနေ ထွက်သွားရင်တောင် ကျွန်တော်တို့ရဲ့ အင်အားအပေါ်မှာ ဘာကြီးကြီးမားမား ဆုံးရှုံးမှုမှ ရှိမှာမဟုတ်ဘူး"

"ကျွန်တော့်ရဲ့ဆရာက မဟာဆေးဆရာကြီးအဆင့် ဆေးပညာရှင်တစ်ယောက်ဆိုတာ အဖေ မမေ့ပါနဲ့"

ချင်းယွမ် စဉ်းစားကြည့်လိုက်သည်။ ဤသည်မှာ အမှန်ပင်။ မည်သည့်နေရာ၌ ဖြစ်စေကာမူ မဟာဆေးဆရာကြီးတစ်ယောက် ရှိနေသရွေ့ ချင်းမိသားစုထံတွင် အရင်းအမြစ်များ ချို့တဲ့မည် မဟုတ်ချေ။

အရင်းအမြစ် မချို့တဲ့သရွေ့ သူတို့ ချင်းမိသားစုသည် သေချာပေါက် ဖွံ့ဖြိုးတိုးတက်နိုင်ပေမည်ည်။

တိုးတက်မှုအမြန်နှုန်း မည်မျှရှိမည်သာ ကွာခြားသွားပေမည်။

"အဖေ.. အဖေက ဒီလောက်တောင် ထွက်မသွားချင်မှတော့ ကျွန်တော်တို့ ထွက်မသွားဘဲ ဆက်နေနိုင်မယ့် နည်းလမ်းလည်း ရှိတယ်"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။ သူ၏ပုံစံအရ လက်ရှိအကျပ်အတည်းသည် သူ့အတွက် အရေးမပါသည့်အလားပင်။

ချင်းယွမ်သည် ချင်းမင်ကို မကြည့်ဘဲ မနေနိုင်တော့ဘဲ သူ ဖြေရှင်းချက်တစ်ခု ပေးလာမည်ကို မျှော်လင့်နေသည်။

သူသည် ယခုအချိန်၌ သူ၏သားကို ပို၍ပို၍နားမလည်နိုင် ဖြစ်လာသည်။ ချင်းမင်သည် လျှို့ဝှက်ဆန်းကြယ်နေပုံရပေ၏။

သူတို့အားလုံး ဖြေရှင်းနည်းများ ဆွေးနွေးနေစဉ်ကတည်းက ချင်းမင်၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင် တစိုးတစိမျှ မတွေ့ရချေ။

ဤှသည်မှာ ယခုမှ ကြီးပြင်းလာသော လူငယ်တစ်ယောက်နဲ့ မတူဘဲ လောကဓံ လေမုန်တိုင်းပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး လောကကြီးကို အလုံးစုံ နားလည်သဘောပေါက်နေသူတစ်ယောက်နှင့် ပို၍တူညီနေသည်။

"အဖေ....လက်ရှိ အခြေအနေကို ကျော်လွှားဖို့က တကယ်တော့ အရမ်းရိုးရှင်းပါတယ်..."

ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်၏။

"အရမ်းရိုးရှင်းတယ် ဟုတ်လား..."

ချင်းယွမ်က ချင်းမင်ကို စိုက်ကြည့်ရင်း သူ့သား၏အကြံဉာဏ်ကို သူ ကြားလိုသည်။

ချင်းမင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏ မျက်လုံးများအတွင်းတွင် ဉာဏ်ပညာကြီးမားသော အလင်းရောင်များ တောက်ပနေသည်။

"အဖေ...ကျွန်တော်တို့ အခု ယှဉ်ပြိုင်နေတာက အစစ်အမှန်အင်အားပဲ...ဘယ်ဘက်မှာ မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူတွေ ပိုများလဲ..ဘယ်ဘက်က ပိုအားကောင်းလဲ...အဲ့ဒီဘက်က နိုင်မှာပဲ"

"ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က မဟာသိုင်းဆရာကြီးတွေကို ထပ်တိုးလိုက်ရုံပဲ..."

"ဒါပေမဲ့ ငါတို့က မဟာသိုင်းဆရာကြီးတွေကို ဘယ်ကနေ သွားရှာရမှာလဲ"

ချင်းယွမ်က မေးမြန်းသည်။

"ဒါ့ပြင် သူတို့ကို ရှာတွေ့ရင်တောင် မဟာသိုင်းဆရာကြီးတွေက ဘာလို့ ငါတို့ကို ကူညီပေးမှာလဲ"

ချင်းမင်က ခပ်ဖျော့ဖျော့ပြုံးပြီး စကားလုံးနှစ်လုံးကို ရေရွတ်လိုက်သည်။

"အကျိုး အမြတ်..."

ထို့နောက် သူက ဆက်လက်၍ ပြောဆိုသည်။

"အဖေ.... ဒီလောကကြီးမှာ ဘယ်သူမှ 'အကျိုးအမြတ်' ဆိုတာကနေ မလွတ်မြောက်နိုင်ဘူး....အထက်တန်းလွှာပဲ ဖြစ်ဖြစ် ကျင့်ကြံသူတွေ ဆေးပညာရှင်တွေပဲ ဖြစ်ဖြစ် လုံလောက်တဲ့ တန်ဖိုးကို ပေးနိုင်သရွေ့.... ဘယ်သူမဆို ကျွန်တော်တို့အတွက် အသက်စွန့်ဖို့ ဝန်လေးမှာ မဟုတ်ဘူး"

"ဥပမာပြောရရင် အိုးယန်မျိုးနွယ်လိုပေါ့..."

ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။

ချင်းမင်က ရှေ့သို့ခြေလှမ်းနှစ်လှမ်း တိုးလိုက်ပြီး ဆက်လက်၍ ပြောဆိုလိုက်၏။

"လျိုမြို့မှာ ဒီမဟာသိုင်းဆရာကြီး အနည်းစုကလွဲရင် တခြားမဟာသိုင်းဆရာကြီးတွေ မရှိတော့ဘူးလား...ဒါ့ပြင် လျိုမြို့မှာ မရှိရင်တောင် တခြားမြို့တွေမှာရော မရှိဘူးလား..."

"လောကကြီးမှာ မဟာသိုင်းဆရာကြီးတွေ အများကြီး ရှိတာပဲ... ချန်မိသားစု မြို့တော်ဝန်နဲ့ ဝမ်မိသားစုတို့က လူတွေထက် မသာနိုင်စရာ အကြောင်းမရှိဘူး"

"ဒါပေမဲ့... ဒါပေမဲ့..."

ချင်းယွမ်က ပြောဆိုသည်။

"ငါတို့က သူတို့ကို ဘယ်လိုလုပ်ပြီး ငါတို့အတွက် အလုပ်လုပ်ပေးအောင် ခိုင်းစေနိုင်မှာလဲ"

All Chapters