← Chapters

ဆေးလုံးတစ်လုံးဖြင့် မြှုပ်နှံပစ်ခြင်း

Vol. 7 Ch. 93

ဆေးလုံးတစ်လုံးဖြင့် မြှုပ်နှံပစ်ခြင်း

Vol. 7 Ch. 93

"ချင်းမင်...ကျွယ်မင်ခန်းမဆောင်မှာ မဟာသိုင်းဆရာကြီးတွေ ရှိတယ်ဆိုတာ မင်း သေချာလား"

ချင်းယွမ်က မေးမြန်းသည်။

ချင်းမင်က ခေါင်းညိတ်လိုက်၏။

"ဒါက ကျွန်တော့်ရဲ့ဆရာ ပြောခဲ့တာပဲ"

"သူက ကျွန်တော့်ကို ကျွယ်မင်ခန်းမဆောင်အကြောင်း တခြားအချက်အလက်တချို့လည်း ပြောပြခဲ့သေးတယ်....ဒါကြောင့် ကျွန်တော်က ဒီလောက်ထိအများကြီး သိနေတာပဲ"

ချင်းမင်သည် သူ အလွန်ထူးချွန်သည်ဟု အထင်မခံလိုချေ။ တခါတရံ၌ ထူးချွန်ခြင်းက ကောင်းသော်လည်း အလွန်ထူးချွန်ခြင်းသည် ဘေးကပ်ဆိုးတစ်ခု ဖြစ်လာနိုင်သည်။

ချင်းမင်သည် မူလက နတ်ဆိုးတစ်ကောင် ဖြစ်ခဲ့သော်လည်း သူသည် ဟန်ဆောင်တတ်သော နတ်ဆိုးတစ်ကောင်ပင်။

သူသည် သူ့ကိုယ်သူ ကာကွယ်နိုင်လောက်သော စွမ်းအားမရှိမီ အချိန်အထိ ပုန်းကွယ်နေရပေမည်။

'ဒီလောကကြီးက လူတွေ ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်းတယ်...'

ချင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

"ဒါဆို ငါတို့ချင်းမျိုးနွယ်မှာ ကျွယ်မင်ခန်းမဆောင်က ငါတို့ကို စိတ်ဝင်စားသွားအောင် လုပ်နိုင်တဲ့ ဘာပစ္စည်း ရှိလို့လဲ..."

ချင်းမင်က ပြုံးလိုက်ပြီး သူ၏ဖခင်ကိုကြည့်ကာ တုံ့ပြန်မေးမြန်းသည်။

"အဖေ... အဖေက လျိုမြို့ရဲ့ မြို့တော်ဝန် ဖြစ်လာမယ်ဆိုရင် သဘောတူလား..."

မြို့တော်ဝန်ဖြစ်လာရန်ကို သဘောတူမတူ မေးမြန်းနေသလော...

ချင်းယွမ် သဘောတူပေ၏။ ဤသည်မှာ သူ၏အိပ်မက်များအတွင်း၌ပင် လိုချင်နေသောအရာဖြစ်သည်။

သို့ရာတွင် သူ သဘောတူသည်တိုင် မည်သို့ အသုံးဝင်မည်နည်း။ လျိုမြို့ရဲ့ မြို့တော်ဝန်ငည် ရှားအင်ပါယာ၏တော်ဝင်မိသားစုမှ ခန့်အပ်ထားခြင်းပင်။ သူသည် ရှားအင်ပါယာနှင့် မည်သည့်ပတ်သက်ဆက်နွယ်မှုမျိုးမျှ မရှိလေရာ မည်သည်ကြောင့် မြို့တော်ဝန် ဖြစ်နိုင်မည်နည်း။

ချင်းယွမ်က ပြောဆိုသည်။

"အဖေ့အနေနဲ့ကတော့ သဘောတူတယ်... ဒါပေမဲ့ သဘောတူလို့ရော ဘာထူးမှာလဲ...မြို့တော်ဝန်ချန်က အရမ်းလောဘကြီးတယ်...သူက ငါ့ကို မြို့တော်ဝန် ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး"

"မြို့တော်ဝန်ချန်က သဘောတူဖို့ လိုတယ်လို့ ဘယ်သူ ပြောလဲ"

ချင်းမင်က ယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုလိုက်၏။

"အဖေက မြို့တော်ဝန် ဖြစ်ချင်သရွေ့... သူ ရာထူးက မဆင်းချင်ရင်တောင် သူ ဆင်းရလိမ့်မယ်...သူက ရှားအင်ပါယာရဲ့လူတစ်ယောက်...သူက ရှားတော်ဝင်နန်းတွင်းရဲ့အမိန့်ကို နာခံရတယ်.. နည်းနည်းလေးတောင် မလွန်ဆန်ရဲဘူး...သူက ရှားတော်ဝင်နန်းတွင်းက ခန့်အပ်ထားတဲ့ အရာရှိတစ်ယောက်ပဲ..သခင်တွေက သူ့ကို သွားစေချင်ရင် သူ သွားရမှာပဲ"

"ဒါပေမဲ့ ရှားအင်ပါယာက သူ့ကို ထွက်သွားခိုင်းပါ့မလား..သူက တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်နေတာလေ...ဘယ်လိုလုပ်ပြီး ထွက်သွားခိုင်းမှာလဲ"

ချင်းယွမ်က မေးမြန်းလိုက်သည်။

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"မမေ့ပါနဲ့...ကျွန်တော့်ရဲ့ဆရာက သိုင်းဘုရင်လေ....သူက အခုဒဏ်ရာရနေပေမယ့် သိုင်းဘုရင်က သိုင်းဘုရင်ပဲ...သိုင်းဘုရင်တစ်ယောက်အတွက် လျိုမြို့ရဲ့ မြို့တော်ဝန်က ပုရွက်ဆိတ်တစ်ကောင်ပဲ"

ချင်းယွမ် စိုးရိမ်ပူပန်သွားသည်။

"ချင်းမင်...ငါတို့က မင်းဆရာရဲ့အရင်းအမြစ်တွေကို ဒီလိုမျိုး အသုံးချနေတာ ကောင်းပါ့မလား ငါတို့က မင်းရဲ့ဆရာဆီကနေ အခွင့်အရေးတွေ ယူပြီးနေပြီ... သူ့ကို ကူညီခိုင်းဖို့က..."

ချင်းမင်က သူလက်ကို ဝှေ့ယမ်းလိုက်ပြီး သံမဏိဖြစ်မလာနိုင်သော သံတုံးကို စိတ်ပျက်သွားသည့်အလား စိတ်မရှည်သောလေသံဖြင့် ပြောဆိုလိုက်၏။

"အဖေ...အဖေက တစ်ခုခုလုပ်ရင် တွေဝေနေတာပဲ..အဖေ လျိုမြို့ရဲ့ မြို့တော်ဝန်ဖြစ်မှ ကျွန်တော်တို့မိသားစု ကောင်းကောင်းမွန်မွန် နေနိုင်မှာ...လျိုမြို့ကို ချင်းမိသားစုရဲ့အခြေစိုက်စခန်းအဖြစ် တည်ဆောက်ရမယ်"

"အဖေသာ လျိုမြို့ရဲ့ မြို့တော်ဝန် ဖြစ်လာရင် အိုးယန်မိသားစုရဲ့အကူအညီနဲ့ပေါင်းပြီး ကျွန်တော်တို့က လျိုမြို့ကို လုံးဝ ထိန်းချုပ်နိုင်ပြီ"

"အဲ့ဒီငတုံးမြို့တော်ဝန်ချန်နဲ့ လုံးဝနှိုင်းယှဉ်လို့ မရဘူး"

"အဲ့ဒီအချိန်ကျမှ အဖေက ဆရာ့ကို ပိုပြီးကူညီနိုင်လိမ့်မယ်...အဲ့ဒီအချိန်ကျမှ ကျေးဇူးပြန်ဆပ်တာပေါ့"

ချင်းမင်သည် သူ့ဆရာ၏အရင်းအမြစ်များကို မည်သည်ကြောင့် အသုံးပြုမည်နည်း...

သူသည် သူ၏ကိုယ်ပိုင်အရာများကိုသာ အသုံးပြုမည်ဖြစ်ပြီး ဆရာ့၏အရင်းအမြစ်များကို လုံးလုံးလျားလျား မလိုအပ်ချေ။

သူ၏ဆရာသည် အလျင်အမြန် ထွက်ပြေးလာခဲ့ခြင်းဖြစ်သဖြင့် အရင်းအမြစ်များစွာ မရှိချေ။

ထို့ပြင် သူသည် ဆေးနတ်ဘုရားတစ်ယောက်ပင်။

ဆေးနတ်ဘုရားတစ်ယောက်၏ ချမ်းသာကြွယ်ဝမှုကို ဖန်တီးနိုင်စွမ်းသည် သာမန်လူများ၏ စိတ်ကူးယဥ်တွေးတောနိုင်စွမ်းထက် ကျော်လွန်သည်။

ကျွယ်မင်ခန်းမဆောင်ကို စိတ်ဝင်စားအောင် လုပ်လိုပါက အပြစ်အနာအဆာမဲ့ ချီစုစည်းခြင်းဆေးလုံးတချို့ကို သူ သာမာန်ကာလျှံကာ ဖော်စပ်လိုက်ရုံသက်သက်ပင်။

အချိန်နာရီဝက်ကြာပြီးနောက်...

သူ ရှင်းပြရခက်မည်ကြောင့်သာ မဟုတ်လျှင် သူသည် အဆင့်ငါး အပြစ်အနာအဆာမဲ့ဆေးလုံးကို တိုက်ရိုက်ဖော်စပ်နိုင်ပေ၏။

သူ့အတွက် အပြစ်အနာအဆာမဲ့ ဆေးလုံးဟူသည်မှာ အသေးအမွှားပင်။ နတ်ဘုရားအဆင့်အောက်တွင် စိတ်ဝိညာဉ်ဆေးပင်များရှိသရွေ့ သူ အပြစ်အနာအဆာမဲ့ဆေးလုံးကို ဖန်တီးနိုင်သည်။

ထိုကြောင့် လျိုမြို့၏မြို့တော်ဝန်ရာထူးနှင့် သူ့ရှေ့ရှိ မိသားစုအကျပ်အတည်းများသည် သူ့အတွက် အရေးမပါချေ။

ချန်မိသားစုနှင့်မြို့တော်ဝန်တို့သည် ချင်းမိသားစုနှင့် အဆင်မပြေ ဖြစ်နေရသော အကြောင်းအရင်းသည် အရင်းအမြစ်များကြောင့် မဟုတ်လော...

အကယ်၍ သူသာ ဆန္ဒရှိလျှင် ချန်မိသားစုနှင့် မြို့တော်ဝန်ကို စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဖိသတ်၍ မြှုပ်နှံ့၍ရသည်။ သူသည် မည်သူ့ကို ဂရုစိုက်နေရမည်နည်း။

ချင်းမင်အတွက် ချန်မိသားစုနှင့်မြို့တော်ဝန် နောက်ကွယ်၌ အစဥ်အမြဲ ပုန်းအောင်းနေသော ဝမ်မိသားစုအပါအဝင် ထိုလူများအားလုံးသည် စင်မြင့်ပေါ်သို့ တက်ခွင့်မရှိသော သေးငယ်သည့် ဇာတ်ကောင်များပင်။

All Chapters