← Chapters

ဆေးလုံးတွေ အများကြီး

Vol. 7 Ch. 94

ဆေးလုံးတွေ အများကြီး

Vol. 7 Ch. 94

ချင်းယွမ်က အချိန်တခဏကြာမျှ စဉ်းစားပြီး မေးမြန်းလိုက်သည်။

"ဒါဆို ကျွယ်မင်ခန်းမဆောင်ကို လှုပ်ရှားလာအောင် ငါတို့က ဘယ်တန်ကြေးကို ပေးရမှာလဲ"

ချင်းမင်က ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ပြောဆိုသည်။

"လက်ရှိ အကျပ်အတည်းကနေ လွတ်မြောက်ချင်ရုံဆိုရင် အပြစ်အနာအဆာမဲ့ ချီစုစည်းခြင်းဆေးလုံး အလုံးနှစ်ဆယ်ပဲလိုတယ်"

"ချန်မိသားစု မြို့တော်ဝန်နဲ့ ဝမ်မိသားစုတို့ကို ဖျက်ဆီးချင်တယ်ဆိုရင် အပြစ်အနာအဆာမဲ့ ချီစုစည်းခြင်းဆေးလုံး အများကြီးလိုတယ်..ဒါက အလုံးတစ်ရာလောက်ပဲ"

"အဖေက မြို့တော်ဝန် ဖြစ်ချင်တယ်ဆိုရင် ဆေးလုံး အလုံးသုံးဆယ်လောက် လိုတယ်"

ချင်းမင်သည် ဈေးထဲမှ ဟင်းသီးဟင်းရွက်များအကြောင်း ပြောနေသည့်အလားပင်။ ဤအင်အားစုများအကြောင်း သူ မှတ်ချက်ပေးနေသည်မှာ အနည်းငယ်မျှ အရေးမပါသည့်အလားပင်။

"ဆေးလုံးတွေ ဒီလောက်ထိ အများကြီး လိုတာလား"

ချင်းယွမ်က ညည်းတွားလိုက်သည်။

"အပြစ်အနာအဆာမဲ့ ချီစုစည်းခြင်းဆေးလုံးက အရမ်းအစွမ်းထက်တယ်...တန်ဖိုးကလည်း သာမန် မဟုတ်ဘူး...အပြစ်အနာအဆာမဲ့ ချီစုစည်းခြင်းဆေးလုံးဆယ်လုံးက သာမန်သိုင်းဆရာကြီးတစ်ယောက်ကို ဘာအတားအဆီးမှ မရှိဘဲနဲ့ အထွတ်အထိပ်အဆင့်ကို ရောက်စေပြီးတော့ မဟာသိုင်းဆရာကြီးနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်....အလုံးတစ်ရာဆိုရင် စုစုပေါင်း မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူဆယ်ယောက်ကို မွေးထုတ်ပေးနိုင်တယ်....ဒီလောက်ထိ ကုန်ကျစရိတ် ကြီးမားတာက တန်လို့လား"

ချင်းမင် ကြက်သေသေသွားကာ သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်သည်။

"အဖေ...ဆေးလုံးဆိုတာ သက်မဲ့ပစ္စည်းတစ်ခုပဲ....ဒါက အသုံးပြုဖို့ ဖော်စပ်ထားတာပဲ..."

ချင်းယွမ်က သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ မင်းရဲ့ဆရာက အပြစ်အနာအဆာမဲ့ ချီစုစည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်လို့လား....ဒါတွေက သူ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ဆေးလုံးတွေ ဖြစ်နိုင်တယ် မဟုတ်လား"

ချင်းမင်သည် 'ကျွန်တော့်ရဲ့ဆရာက ဖော်စပ်တတ်မှာ မဟုတ်ဘူး..သူ့မှာ အပြစ်အနာအဆာမဲ့ ချီစုစည်းခြင်းဆေးလုံး မရှိဘူး'ဟု ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုပေ၏။

ဒါပေမဲ့ ကျွန်တော် ဖော်စပ်တတ်တယ်..

သို့ရာတွင် ချင်းမင်သည် နောက်ဆုံး၌ သူ၏စိတ်ကို ထိန်းချုပ်လိုက်သည်။

ဤသတင်းသည် အမှန်တကယ်ကို တုန်လှုပ်ချောက်ချားဖွယ်ရာပင်။ ထိုကြောင့် သူ၏ဖခင်ကို မပြောသည်က ပို၍ကောင်းပေမည်။

သူ၏ဖခင်သည် ချင်းချင်း မဟုတ်ပေ။ သူ၏ညီမလေးသည် မည်သည့်အရာကိုမျှ မသိနားမလည်သဖြင့် အပြစ်အနာအဆာမဲ့ဆေးလုံး ဖော်စပ်ရသည်မှာ မည်မျှထိ ခက်ခဲသည်ကို မသိရှိချေ။

သူမသည် ဆေးဖော်စပ်ရသည်မှာ ခက်ခဲသည်ဟုသာ သိပေမည်။ မည်မျှထိ ခက်ခဲသည်ဟူသည်ကိုမူ ချင်းချင်း သိမည်မဟုတ်ချေ။

ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။

"အဖေ စိတ်မပူပါနဲ့...ဆရာ့ရဲ့ စုဆောင်းထားမှုက ကျွန်တော်တို့ ခန့်မှန်းနိုင်တာထက် ပိုများတယ်...ကျွန်တော့်ရဲ့ဆရာက မဟာဆေးဆရာကြီး ပြီးတော့ သူက အစွမ်းထက်တဲ့ သိုင်းဘုရင်တစ်ယောက်...အပြစ်အနာအဆာမဲ့ ချီစုဆေးလုံးလေး နည်းနည်းပါးပါးကို သူ လုံးဝ အထင်ကြီးမှာ မဟုတ်ဘူး"

"သူက ဒီအပြစ်အနာအဆာမဲ့ ဆေးလုံးတွေကို လေ့လာဖို့ လိုအပ်လို့သာ ဒီလောက်များတဲ့ ချီစုစည်းခြင်းဆေးလုံးတွေကို စုဆောင်းထားခဲ့တာပဲ"

"အခု သူ လေ့လာဖို့ မလိုတော့ဘူး... ဒါကြောင့် ဒီအပြစ်အနာအဆာမဲ့ ချီစုစည်းခြင်းဆေးလုံးတွေက အသုံးမဝင်တော့ဘူး...ကျွန်တော်တို့ကို သူ့အစား အသုံးပြုခိုင်းလိုက်တာပဲ"

"ဒါက.. ကောင်းပါ့မလား"

ချင်းယွမ်က ပြောဆိုသည်။

"ကောင်းတယ်လေ...ဘာမကောင်းစရာ ရှိလို့လဲ"

ချင်းမင်က အရေးမစိုက်သော အမူအယာဖြင့်ပြောဆိုလိုက်၏။

"ကောင်းပြီလေ.. ဒါဆို ဒီအတိုင်း ဆုံးဖြတ်လိုက်မယ်... ကျွန်တော်က ကျွယ်မင်ခန်းမဆောင်နဲ့ သွားပြီးညှိနှိုင်းမယ်...သူတို့ကသာ လှုပ်ရှားဖို့ သဘောတူရင် ကျွန်တော်တို့က ထွက်သွားဖို့ကို ဆက်ပြီးပြင်ဆင်နေဖို့ မလိုတော့ဘူး"

ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူတို့ စမ်းသပ်ကြည့်ရန် လိုအပ်သည်။

"အဖေ... ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ...ဒီတစ်ကြိမ်မှာ ကျွန်တော်တို့က ဝမ်မိသားစု မြို့တော်ဝန်နဲ့ ချန်မိသားစုတို့ကို အမြစ်ပြတ်သုတ်သင်ရမယ်"

"ဒါကြောင့် အဲ့ဒီ အကြီးအကဲတွေကို မပြောပြနဲ့... လူတိုင်းက ကျွန်တော်တို့မှာ ဘာနည်းလမ်းမှ မရှိတော့ဘူးလို့ ထင်နေကြပါစေ...သူတို့ရဲ့ အင်အားစုတွေ အားလုံးကို တစ်နေရာတည်းမှာ စုစည်းခွင့် ပေးလိုက်ပါ... ဒါမှ ကျွန်တော်တို့က ပုန်းကွယ်နေတဲ့ အန္တရာယ်တွေအားလုံးကို တစ်ချက်တည်းနဲ့ ရှင်းပစ်နိုင်လိမ့်မယ်"

ချင်းမင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

သူသည် လျိုမြို့ကို ထိန်းချုပ်ရန် အစီအစဉ်များ ရေးဆွဲထားပြီးဖြစ်သည်။

ထိုအင်အားစုများအားလုံးသည် ပြဿနာများပင်။ သူတို့ကို ရှင်းပစ်ပြီးလျှင် လျိုမြို့သည် သူတို့ ချင်းမိသားစု၏အပိုင် ဖြစ်သွားပေမည်။

ထိုအချိန်ကျပါက သူတို့ချင်းမိသားစုသည် မည်သည့်အရာကို လုပ်ဆောင်လိုသည်ဖြစ်စေ ပို၍အဆင်ပြေသွားပေလိမ့်မည်။

ချင်းယွမ်က အပြုံးနှင့် ပြောဆိုသည်။

"စိတ်မပူပါနဲ့...ဒီလောက်တော့ အဖေ သိပါတယ်...သူတို့ လန့်သွားအောင် ငါ လုပ်မှာ မဟုတ်ဘူး...သူတို့ကို ဘယ်အချိန်ကျမှ ပြောသင့်လဲဆိုတာ ငါ သိတယ်...ဒါပေမဲ့ မင်းလည်း သတိထားရမယ်...လုံခြုံရေးကို ဂရုစိုက်ပါ"

"ဒီကိစ္စပြီးရင် မင်းက ချန်ယန်မြို့ကို ဆေးပညာစစ်ဆေးခံဖို့အတွက် သွားလို့ရပြီ"

"မင်းသာ တရားဝင်ဆေးပညာရှင်တစ်ယောက် ဖြစ်လာရင် မင်းရဲ့ဘဝအတွက် အာမခံချက် ရှိသွားပြီ"

ချင်းမင်က ခေါင်းခါရင်း အပြင်ဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားသည်။

"အဖေ စိတ်မပူပါနဲ့...ဘယ်သူမှ ကျွန်တော့်ကို ထိခိုက်အောင် မလုပ်နိုင်စေရဘူး..ကျွန်တော့်ဆီက သတင်းကောင်းကိုသာ စောင့်နေတော့..ဒီတစ်ကြိမ် မိသားစုရဲ့အကျပ်အတည်းက အခွင့်အရေးတစ်ခု မဟုတ်ဘူးလို့ ပြောမရဘူး... ချင်းမိသားစုသာ ဒီအခက်အခဲကို ကျော်လွှားနိုင်ရင် အထက်ကို တက်လှမ်းနိုင်လိမ့်မယ်"

"အခုကစပြီး ဒီကုန်းမြေတစ်ခုလုံးက ချင်းမိသားစုဝင်တွေ ထိန်းချုပ်ရမယ့်နေရာ ဖြစ်လာလိမ့်မယ်"

All Chapters