← Chapters

ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးမှ ယူဆောင်လာသည့် တုန်လှုပ်ခြောက်ခြားမှု

Vol. 7 Ch. 96

ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးမှ ယူဆောင်လာသည့် တုန်လှုပ်ခြောက်ခြားမှု

Vol. 7 Ch. 96

"ချင်းမင်... မင်း မသိချင်ဘူးလား..."

တာဝန်ခံကျန်းက မေးမြန်းသည်။

ချင်းမင်က သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။

"ငါ့ဆရာက မင်းတို့ရဲ့သရုပ်မှန်ကို ငါ့ကို ပြောပြထားပြီးပြီ... ကျွန်တော် သိချင်တာက... ဒါ့ရှမင်းဆက်ရဲ့ ထိပ်တန်းအင်အားစုတစ်ခုအနေနဲ့ ဒီဟန်ပန်ကတော့ ရှိနေတုန်းပဲလို့ ကျွန်တော် ယုံကြည်ပါတယ်..."

တာဝန်ခံကျန်းသည် တိတ်တဆိတ် ချီးကျူးလိုက်မိ၏။ ဤလူငယ်သည် အမှန်တကယ်ကို အံ့အားသင့်တုန်လှုပ်ခြင်း မရှိချေ။

အကယ်၍ ချင်းမင်၏နေရာတွင် သူသာ ဖြစ်ပါက သူသည် ယခုအချိန်တွင် မေးခွန်းများကို မလွဲမသွေ မေးမြန်းမိပေမည်။

မည်သည့်ဆယ်ကျော်သက်မဆို အခန်းအတွင်းပိုင်းမှ အပြင်အဆင်များကို တွေ့မြင်သည့်အချိန်တွင် အပြင်ဘက်မှ အပြင်အဆင်များနှင့် နှိုင်းယှဉ်ကြည့်ကာ လွန်စွာအံ့အားသင့်သွားကြပေမည်။

"ပြောပါအုံး... ဒီတစ်ခေါက် မင်းငါ့ကို လာရှာတာ ဘာကိစ္စ ရှိလို့လဲ..."

တာဝန်ခံကျန်းက ချင်းမင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ပြောဆိုလိုက်သည်။

သူသည် အပြင်ဘက်တွင် ဟန်ဆောင်နေလေ့ရှိပြီး ချင်းမင်က သိရှိသွားပြီဖြစ်သောကြောင့် သူ၏မူလစရိုက်သွင်ပြင်ကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။

မဟာသိုင်းဆရာကြီးတစ်ယောက်အနေနှင့် ဌာနချုပ်တွင် အရေးမပါလှချေ။ သို့ရာတွင် ပြင်ပတွင်မူ သူတို့သည် အစွမ်းထက်ကျင့်ကြံသူများအဖြစ် သတ်မှတ်ခံထားရဆဲပင်။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် ထိုကဲ့သို့ လူစားမျိုးတစ်ယောက်၏ စရိုက်သွင်ပြင် ရှိနေသည်မှာ မဆန်းချေ။

ချင်းမင်သည် ဂရုမစိုက်ဟန်ဖြင့် ရှေ့သို့လျှောက်လှမ်းလာပြီး သူ ငှဲ့ပေးသော လက်ဖက်ရည်ကို တစ်ငုံမော့သောက်လိုက်၏။

တာဝန်ခံကျန်းက အပြုံးနှင့် ပြောဆိုသည်။

"ချင်းမင်... မင်းကတော့ ရောက်တဲ့နေရာမှာ သက်တောင့်သက်သာ နေတတ်တာပဲ... နည်းနည်းလေးမှ စိမ်းမနေဘူး..."

ချင်းမင်သည် လက်ဖက်ရည် သောက်ပြီးသည့်အချိန်တွင် လက်ဖက်ရည်ခွက်ကိုပြန်ချကာ သူ၏သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း နှစ်လုံးကို ထုတ်ယူပြီး တာဝန်ခံကျန်းထံသို့ လက်ကမ်းပေးလိုက်သည်။

"တာဝန်ခံကျန်း... ကျွန်တော်က ထွက်သွားဖို့ အလျင်လိုနေတုန်းပဲ... ကျွန်တော်တို့ အလုပ်ကိစ္စကို မြန်မြန်ပြောကြရအောင်... ကျွန်တော်က ဒီကိစ္စပြီးတာနဲ့ ထွက်သွားတော့မယ်..."

တာဝန်ခံကျန်းသည် ကျောက်စိမ်းပုလင်းကို ဖမ်းယူပြီး ရယ်မောလိုက်၏။

"အရေးမကြီးပါဘူး... လူငယ်တွေဆိုတာ နေရာတိုင်းမှာ ရည်မှန်းချက် ကြီးကြတာပဲ... လျိုမြို့လေးက မင်းကို မထိန်းထားနိုင်ရင် တခြားနေရာတွေကို သွားပေါ့..."

ချင်းမင်က ခေါင်းခါပြလိုက်ပြီး တာဝန်ခံကျန်းကို ကျောက်စိမ်းပုလင်းထဲမှ အရာအား ကြည့်ရန် အချက်ပြလိုက်၏။

တာဝန်ခံကျန်းသည် သူ၏ ဆိုလိုရင်းကို လုံးလုံးလျားလျား နားလည်မှုလွဲနေသည်။ သူ လျိုမြို့တွင် မနေနိုင်တော့ခြင်း မဟုတ်ပေ။ သူ ဆိုလိုသည်မှာ အိမ်သို့စောစောပြန်ပြီး သညီမလေးအတွက် ဆေးသကြားလုံးများ ပြန်လည်၍ သန့်စင်ပေးလိုခြင်းပင်

ချင်းအိမ်တော်တွင် သူ မရှိပါက သူ အမှန်တကယ်ကို စိတ်မအေးနိုင် ဖြစ်နေသည်။

တာဝန်ခံကျန်းသည် ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်ပြီး ပုလင်းထဲမှ ဆေးလုံးတစ်လုံးကို သွန်ထုတ်လိုက်သည်။

"ဘန်း...."

တာဝန်ခံကျန်း၏လက်ဖက်ရည်ခွက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

သို့ရာတွင် သူသည် မြေပြင်ပေါ်သို့ မှောက်ကျသွားသော လက်ဖက်ရည်ခွက်ကို လှည့်မကြည့်ဘဲ သူ၏မျက်လုံးများသည် ဆေးလုံးပေါ်တွင်သာ စူးစိုက်နေပေ၏။

ဆေးလုံး၏စစ်မှန်မှုကို အတည်ရန်အတွက် ထိုဆေးလုံးကို သူ၏နှာခေါင်းရှေ့သို့ ယူဆောင်ကာ နမ်းရှိုက်လိုက်ပြီးနောက် အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

"ဒါက..ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးလား..."

ချင်းမင်က ခေါင်းညိတ်ပြပြီး လက်ဖက်ရည်ကို ဆက်သောက်နေသည်။

ကျွယ်မင်ခန်းမဆောင်မှ လက်ဖက်ရည်သည် အရသာကောင်းမွန်ပေ၏။ ဤသည်မှာ ယခင်ဘဝက ချင်းမင် သောက်ခဲ့သော လက်ဖက်ရည်နှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း ယခုလက်ရှိ ချင်းမင်အတွက်မူ ဤလက်ဖက်ရည်မျိုး ရရှိနိုင်ခြင်းသည် အလွန်ကောင်းမွန်နေလေပြီ။

သူ၏ယခင်ဘဝတွင် သူသည် လက်ဖက်ရည် သောက်ခြင်းကို နှစ်သက်ပြီး ဆေးလုံးများ သန့်စင်ရ၍ ပင်ပန်းလာသည့်အချိန်တိုင်း သူ တန်ဖိုးထားသော လက်ဖက်ရည်ကောင်းတစ်အိုးကို သောက်လေ့ ရှိသည်။

ဤသည်မှာ နတ်ဘုရားများပင်လျှင် မပြောင်းလဲနိုင်သော အကျင့်စရိုက်ပင်။

"ဒီပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးက အရမ်းလှတာပဲ..."

တာဝန်ခံကျန်းက ချီစုစည်းခြင်းဆေးလုံးကို နောက်တစ်ကြိမ် ကြည့်ရှုရင်း သက်ပြင်းချလိုက်သည်။

ချင်းမင်က နှုတ်ခမ်းတွန့်လိုက်၏။ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးသည် သာမန်ဆေးလုံးနှင့် ပုံပန်းသဏ္ဌာန် ကွာခြားခြင်း မရှိပေ။

ထိုအရာတွင် အကွက်အနည်းငယ် ပိုပါလာခြင်းသာ ဖြစ်သဖြင့် မည်သည့်နေရာက လှပနေမှန်း သူ မသိချေ။

တာဝန်ခံကျန်းသည် ချီစုစည်းခြင်းဆေးလုံးကို အတန်ကြာကြည့်ရှုပြီးနောက် ပိုင်ရှင်ဖြစ်သူ ချင်းမင်ထံသို့ အာရုံပြန်စိုက်လိုက်သည်။

"ငါက ဒီချီစုစည်းဆေးလုံးကို လုယက်သွားမှာကို မင်း မကြောက်ဘူးလား"

"မကြောက်ဘူး..."

ချင်းမင်က တုံ့ပြန်လိုက်သည်။

"ကောင်းတယ်..."

တာဝန်ခံကျန်းက ကျယ်လောင်စွာ ပြောလိုက်၏။ ထိုစကားသည် ဆေးလုံးကို ကောင်းသည်ဟု ဆိုလိုခြင်းလော သို့မဟုတ် ချင်းမင်ကို ကောင်းသည်ဟု ဆိုလိုခြင်းလော မသိနိုင်ချေ။

"မင်းက ဒီဆေးလုံးတွေကို ငါ့ကို ဘာအတွက် ပေးတာလဲ... စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲချင်လို့လား..."

တာဝန်ခံကျန်းက မေးမြန်းသည်။

ချင်းမင်က လက်ကာပြလိုက်၏။

"မဟုတ်ဘူး... ဒီဆေးလုံးမျိုးကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်လို့မရဘူး... ငါက စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုချင်ရင်တောင် ဒီလောက်ထိ တန်ဖိုးကြီးတဲ့ပစ္စည်းကို ယူလာမှာ မဟုတ်ဘူး..."

"ငါ့ဆရာက မဟာဆေးဆရာကြီးအဆင့် ဆေးပညာရှင်တစ်ယောက်... သူက အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးကို သန့်စင်နိုင်တယ်... ငါ စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုချင်ရင် ဆရာသန့်စင်ထားတဲ့ အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးကို သုံးလို့ရတယ်..."

All Chapters