← Chapters

မဟာသိုင်းဆရာကြီးနယ်ပယ် ကြေးစားကျင့်ကြံသူများ ရောက်ရှိလာခြင်း

Vol. 7 Ch. 104

မဟာသိုင်းဆရာကြီးနယ်ပယ် ကြေးစားကျင့်ကြံသူများ ရောက်ရှိလာခြင်း

Vol. 7 Ch. 104

ချင်းမင်သည် စိတ်စွဲလမ်းနေသော ချင်းယန်ကို မြင်လျှင် မပြုံးဘဲ မနေနိုင်တော့ချေ။

"ထားလိုက်တော့... ခင်ဗျားက ဒါကို လေ့လာစရာ မလိုဘူး... ခင်ဗျားမှာ ဒါကို လေ့လာနိုင်စွမ်း ရှိမှာမဟုတ်ဘူး... မွေးရာပါအရည်အချင်းနဲ့ သဘာဝလွန်စွမ်းအားတွေဆိုတာ အစကတည်းက ကောင်းကင်နဲ့မြေပြင်က ပေးထားတာ... ခင်ဗျားက ဘယ်လောက်လေ့လာလေ့လာ ဘယ်လိုလုပ်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်မှာလဲ..."

ချင်းယန်သည် ထိတ်လန့်တုန်လှုပ်မှုမှ နိုးထလာသည်။ အမှန်တကယ်ကိုပင် သူထံ၌ ဤဆေးလုံးမျိုးကို လေ့လာရန် စွမ်းရည် မရှိပေ။

သူသည် ပထမဆုံးအကြိမ်အဖြစ် မွေးရာပါ သဘာဝလွန်စွမ်းအားများသည် ကောင်းကင်နှင့် မြေပြင်မှ ပေးအပ်ထားခြင်း ဖြစ်သည်ဟူသော စကားကို ယုံကြည်သွားသည်။

သူ ဤဆေးလုံးမျိုးကို မလေ့လာနိုင်သည့်အတွက် ချင်းမင် သန့်စင်ထားသော ဆေးသကြားလုံးများအပေါ် စိတ်ဝင်စားလာသည်။

"ချင်းမင်... ဒီဆေးလုံးတွေရဲ့အာနိသင်က ဘာတွေလဲ..."

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"ကျွန်တော့်ရဲ့ညီမက အချိုစားရတာ ကြိုက်တယ်... ပြီးတော့ အပြင်မှာလုပ်တဲ့ အချိုတွေကို ကျွန်တော် စိတ်မချဘူး... ဘယ်လို အချိုမျိုးပဲ ဖြစ်ဖြစ် အများကြီးစားတာက လူကို အန္တရာယ် ဖြစ်စေတယ်..."

"ဒါကြောင့် ကျွန်တော်က ထူးခြားတဲ့ နည်းလမ်းကို သုံးပြီးတော့ သကြားလုံးတချို့ သန့်စင်လိုက်တာ... ဒါတွေက အရမ်းကောင်းတဲ့ ဆေးလုံးတွေ မဟုတ်ဘူး... ဟင်းသီးဟင်းရွက်တွေထက် နည်းနည်းလေးပဲ ပိုကောင်းတာပါ...

"ဒါ့ပြင် ဒီဆေးလုံးရဲ့အာနိသင်က ခန္ဓာကိုယ်ခွန်အားကို တိုးတက်စေနိုင်တယ်... အားသာချက်ကတော့ ဆေးအဆိပ်အတောက်တွေ မရှိတာပဲ..."

ချင်းမင်ထံမှ ဤစကားများကို ကြားသည့်အချိန်တွင် ချင်းယန်သည် ပို၍စိတ်ဝင်စားလာပေ၏။ ဤအရာသည် ဆေးလုံးများအပေါ် သူ၏ နားလည်မှုကို ချိုးဖျက်နိုင်ခဲ့သည်။

ချင်းမင်၏ ဆေးဖော်စပ်ခြင်းစွမ်းရည်သည် မည်မျှထိ မြင့်မားနေသနည်း။

စိတ်ဝိညာဉ်ဆေးပင်များအားလုံးတွင် အဆိပ်အတောက်များ ရှိနေသည်။ အကယ်၍ တစ်စုံတစ်ခု မှားယွင်ခဲ့လျှင် အပေါ့စားဒဏ်ရာများကို ရရှိနိုင်ပြီး အပြင်းအထန်ဖြစ်ပါက အဆိပ်သင့်သွားနိုင်သည်။ ချင်းမင် တစ်ယောက်တည်းသာ စိတ်ဝိညာဉ်ဆေးပင်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သဖြင့် ဤကဲ့သို့ အသုံးပြုရဲခြင်းဖြစ်သည်။

ဤအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ဝင်ခဲ့..."

ချင်းမင်သည် ယခုချိန်၌ ဆေးမဖော်စပ်တော့သဖြင့် ရှောင်တိမ်းနေရန် မလိုတော့ချေ။

ချင်းမိသားစု အစေခံတစ်ဦး ဝင်လာပြီး ရိုသေလေးစားစွာ ပြောဆိုသည်။

"သခင်လေးချင်း... အပြင်မှာ လူတစ်စုက သခင်လေးကို ရှာနေပါတယ်... သူတို့ရဲ့ အရှိန်အဝါက အရမ်းထူးခြားတယ်..."

ချင်းမင်က ခေါင်းညိတ်လိုက်ပြီး ချင်းယန်ကို နှုတ်ဆက်ပြီးနောက် အပြင်ဘက်သို့ လျှောက်လှမ်းသွားသည်။

ထိုမဟာဆေးပညာရှင်များ ရောက်ရှိလာပြီဟု ထင်ရပေ၏။

ကျွယ်မင်ခန်းမဆောင်၏လှုပ်ရှားမှုသည် အလွန် ထိရောက်မှုရှိသဖြင့် ဤမျှထိ လျင်မြန်စွာ ရောက်ရှိလာသည်ဟု ဆိုနိုင်သည်။

ချင်းမင်သည် ချင်းအိမ်တော်၏တံခါးဝသို့ လျှောက်သွားသည့်အချိန်တွင် လူတစ်စုသည် အပြင်ဘက်တွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုလူများအားလုံးသည် လက်နက်များ ကိုင်ဆောင်ထားပြီး ထူးခြားသော ပုံပန်းသွင်ပြင်ရှိကြသည်။

ထိုလူများသည် သူတို့၏အရှိန်အဝါကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိသဖြင့် ဤလူဆယ်ဦးလုံးသည် မဟာသိုင်းဆရာကြီးများဖြစ်ကြောင်း မည်သူမျှ မသိရှိကြချေ။

"မင်းက ချင်းသခင်လေးလား..."

ခေါင်းဆောင်သည် ပိန်ပါးသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးပင်။ သူ့ကို ပိန်ပါးသည်ဟု ဆိုရသည့် အကြောင်းအရင်းမှာ သူသည် သန်မာထွားကျိုင်းသော လူထွားကြီးတစ်စု ကြားတွင် မတ်တတ်ရပ်နေသောကြောင့်ပင်။ အမှန်အားဖြင့် သူသည် အနည်းငယ်မျှ ပိန်ပါးခြင်းမရှိချေ။ သို့ရာတွင် တခြားလူကြီးများသည် အလွန်သန်မာထွားကျိုင်းလွန်းသဖြင့် သူ့ကို ပိန်ပါးသယောင်ဖြစ်သွားစေသည်။

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"ကျွန်တော်က ချင်းမင်ပါ... ကျေးဇူးပြုပြီး အထဲကို ဝင်ကြပါအုံး... တာဝန်ရဲ့ အသေးစိတ်ကို ဆွေးနွေးကြရအောင်..."

"ဘာတွေ ပြောနေဦးမှာလဲ... အကုန်လုံးကို သတ်ပစ်လိုက်ရုံပဲ မဟုတ်လား..."

ပိန်လှီလှီလူကြီး၏နံဘေးမှ လူထွားကြီးတစ်ဦးက ပြောဆိုသည်။

ထိုလူကြီးသည် အလွန်အမင်း သန်မာတောင့်တင်းပြီး ဤှလူအုပ်စုအနက် သန်မာထွားကျိုင်းဆုံးလူပင်။ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပေ၏။

"ကျွန်တော့်ရဲ့ညီက စိတ်မရှည်တတ်ဘူး... ငါတို့ အထဲဝင်ပြီး ပြောကြတာပေါ့... မင်းက အလုပ်ရှင် ဖြစ်မှတော့... ငါတို့က အလုပ်တွေကို သေချာ ပြီးမြောက်အောင် လုပ်ပေးမှာပါ... တခြားလူတွေရဲ့ငွေကို ယူပြီးရင် သူတို့အတွက် အလုပ်လုပ်ပေးတာက ကျိုးကြောင်းဆီလျော်ပါတယ်..."

ခေါင်းဆောင် သက်လတ်ပိုင်းလူကြီးက မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောဆိုလိုက်သည်။

ချင်းမင်က ပြုံးလိုက်ပြီး လူထွားကြီး၏ အကျိုးအကြောင်း မဆီလျော်မှုကို ဂရုမစိုက်ခဲ့ပေ။ ရိုးရိုးသားသား ပြောရလျှင် သူသည် ဤကဲ့သို့သော ပွင့်လင်းသောလူစားမျိုးကို သဘောကျနေဆဲပင်။

"ကျွန်တော်တို့ ချင်းမိသားစုက အစားအသောက်တွေ ပြင်ဆင်ပြီးတော့ ခင်ဗျားတို့ကို စောင့်နေခဲ့တာ.."

ချင်းမင်က ပြောဆိုသည်။

အစားအသောက်များရှိသည်ဟု ကြားလိုက်ရသည်နှင့် လူအများသည် ပြုံးလိုက်ကြ၏။

ဤတစ်ကြိမ် တာဝန်က အရေးကြီးသည်ဟု ဆိုသဖြင့် သူတို့ အလျှင်အမြန် လာခဲ့ရသည်။ သူတို့သည် မည်သည့်အရာကိုမျှ မစားခဲ့ရသဖြင့် ဗိုက်ဆာနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ယခုချိန်၌ အစားအစားနှင့်သောက်စရာများ ပြင်ဆင်ထားပြီး ဖြစ်သည်။ အလုပ်ရှင်များက တာဝန်အတွက် အလျင်မလိုကြသဖြင့် သူတို့သည် ကောင်းမွန်သော အစားအသောက်များကို အရင်ဆုံး စားသောက်ရပေမည်။

All Chapters