← Chapters

အစီအရင်စတင်ခြင်း

Vol. 38 Ch. 521

အစီအရင်စတင်ခြင်း

Vol. 38 Ch. 521

ဝုန်း....

ရာနှင့်ချီသော ပုံရိပ်များမှာ လေထုကိုပင် ဆုတ်ပြဲသွားစေနိုင်သောအရှိန်ဖြင့် ကောင်းကင်ထက်၌ ပျံဝဲနေကြသည်။ ထိုပုံရိပ်များမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များပင် ဖြစ်၏။ ၎င်းတို့မှာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပျံသန်းထွက်ပြေးနေကြလေသည်။

ဝုန်း....

၎င်းတို့၏ အနောက်မှ တိမ်စိုင်များကိုပင် ဆုတ်ပြဲစေနိုင်သောအရှိန်ဖြင့် ပျံဝဲလိုက်ပါလာကြသော လူတစ်စုလည်း ရှိနေ၏။ ထိုလိုက်ပါလာကြသူများမှာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များပင်ဖြစ်ပြီး ၎င်းတို့ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေ၏။ ထိုစွမ်းအင်ဖိအားများ၏ အကျိုးသက်ရောက်မှုကြောင့် မူလရေကန်သည်ပင်လျှင် လှိုင်းများထန်နေရသည်။

၎င်းတို့မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များနောက်သို့ ဖြည်းညင်းစွာ လိုက်ပါနေကြ၏။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ပုံစံမှာ အနည်းငယ်မျှပင် အလောတကြီး ဖြစ်နေခြင်းမရှိပဲ သတိကြီးစွာထား၍သာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များနောက်သို့ လိုက်ပါနေကြသည်။ သေချာသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသော အချိန်မှသာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား တစ်ယောက်မကျန် ထုတ်ပယ်မည့်ဟန်တွင် ရှိ၏။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့သုံးဦးမှ ဦးဆောင်ထားလျက် ရှိပေသည်။ ၎င်းတို့သုံးဦးမှာ စိုးရိမ်ပူပန်စွာဖြင့် ထွက်ပြေးပျံသန်းနေကြသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား ကြောင်မှကြွက်သူငယ်အား ဆော့မြူနေသက့ဲသို့ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ကြည့်ရှုနေ၏။

"သူတို့ကို မျက်ခြေမပြတ်စေနဲ့။"

"သူတို့ ကျွန်းတစ်ခုခုပေါ်သွားဖို့ လုပ်နေရင်လည်း သတိထားကြဦး။"

ခုန်းရှန်မှာ တည်ငြိမ်စွာဖြင့် တပည့်များအား စကားဆိုလိုက်၏။ ၎င်းမှာ ယောင်ယောင်ပါဝင်နေခြင်းကြောင့် အရာအားလုံးအား သတိကြီးစွာ ပြုမူနေလေသည်။ သူမသည် မူလမှော်စာလုံးပညာရပ်၌ တစ်ဖက်ကမ်းထူးချွန်သူဖြစ်သောကြောင့် ကျွန်းတစ်ခုခုပေါ်တွင် ထောင်ချောက်အနေဖြင့် အစီအရင်များအား ရေးသားထားနိုင်၏။ ထို့ကြောင့် လှည့်ကွက်မမိစေရန် အစစအရာရာ သတိထားရပေလိမ့်မည်။

အဝေးမှ စောင့်ကြည့်နေကြသော အခြားတောင်ထွတ်များမှ တပည့်များမှာ စိုးရိမ်ပူပန်စွာ ထွက်ပြေးပျံသန်းနေကြသော မူလသူတော်စင်တောင်ထွတ်၏ တပည့်များအားကြည့်ရှု၍ သနားကရုဏာသက်စွာဖြင့် သက်ပြင်းချမိကြသည်။ ဓားကပ်ဘေးတောင်ထွတ်မှာ အမှန်တကယ်ပင် မူလသူတော်စင်တောင်ထွတ်အား ရည်ရွယ်ချက်ရှိစွာဖြင့် ဆော့မြူနေခြင်းပင် ဖြစ်၏။ လူအများ၏ အမြင်တွင်ပင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ သနားစရာ ၊ လှောင်ရယ်စရာ ဖြစ်နေပြီဖြစ်သည်။ တပည့်ခေါင်းဆောင်ဖြစ်သူ အသုံးမကျခြင်းနှင့်အတူ မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဒုက္ခများစွာအား ခံစားနေရပေသည်။

ဤသို့ဖြင့် အချိန်များမှာ ဖြည်းညင်းစွာ ကုန်ဆုံးလာခ့ဲ၏။

မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာလည်း စတင်၍ မောပန်းလာကြပြီပင် ဖြစ်သည်။ ထို့ကြောင့် ပျံသန်းနေသော အရှိန်များလည်း စတင်လျော့ကျလာ၏။ ၎င်းတို့၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှု အငွေ့အသက်များ ပိုမို၍ ပြည့်နှက်လာရ၏။ ယောင်ယောင်၏ ဦးဆောင်မှုနောက်လိုက်ပါ၍ ဦးတည်ရာမဲ့ ပျံသန်းထွက်ပြေးနေရခြင်းမှာ မျှော်လင့်ချက်များအား ဖြည်းညင်းစွာ ပျောက်ဆုံးလာစေသည်။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ေမာပန်းနွမ်းနယ်လာကြသော မူလသူတော်စင်တောင်ထွတ်၏ တပည့်များအား ကြည့်ရှုနေရင်းဖြင့် ကျေနပ်အားရနေကြ၏။ မူလသူတော်စင်တောင်ထွတ်မှ တပည့်များ စွမ်းအင်အကန့်အသတ်ဆီသို့ ေရာက်ရှိလာပါက ဆက်လက်၍ ထွက်ပြေးနိုင်ကြမည် မဟုတ်တော့ပေ။ ထိုအချိန်သို့ရောက်လာချိန်မှသာ လွယ်ကူစွာ ဖမ်းဆီးလိုက်ရုံပင် ဖြစ်သည်။

ဇူထိုက်မှာ မောပန်းနွမ်းနယ်နေသော တပည့်များအား ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ်နဲ့ ဂျူနီယာညီမတော်ရှောင်ယို မင်းတို့နှစ်ယောက် အရင်သွားနှင့်လိုက်ကြပါလား။ ငါတို့ဒီမှာနေခ့ဲပြီး ဓားကပ်ဘေးတောင်ထွတ်ကို ရင်ဆိုင်ထားလိုက်မယ်။"

"ဟုတ်တယ် နင်တို့နှစ်ယောက်ပဲ အရင်သွားနှင့်လိုက်ကြတော့။" လုယန်းမှ အံကိုကြိတ်ကာ ပြောဆိုလိုက်၏။ သူမသည် ထွက်ပြေးနေရသည်ထက်စာလျှင် ချီစွမ်းအင်များ ကုန်ဆုံးသွားသည်အထိ ဓားကပ်ဘေးတောင်ထွတ်နှင့် တိုက်ခိုက်လုိက်ချင်ပေသည်။ ယခုကဲ့သို့ ဦးတည်ရာမဲ့ ထွက်ပြေးနေရခြင်းမှာ မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သိက္ခာများ ကျဆင်းရသည်ဟု ခံစားနေရ၏။

"ဟုတ်တယ် အဆုံးစွန်ထိ ကျွန်တော်တို့ တိုက်ခိုက်ကြမယ်။"

"ဟုတ်တယ်။"

"ထောက်ခံတယ်။"

အခြားတပည့်များမှာလည်း သည်းခံနိုင်စွမ်း ကုန်ဆုံးသွားဟန်ဖြင့် လုယန်း၏စကားအား ဝင်ရောက်ထောက်ခံလိုက်ကြသည်။

ဇူယွမ်မှာ ပျံဝဲနေသောအရှိန်အား လျှော့ချလိုက်ပြီးနောက် လက်အားဝေ့ယမ်းပြကာ တပည့်များအားလည်း ခေတ္တမျှ ရပ်တန့်စေလိုက်၏။

မူလသူတော်စင်တောင်ထွတ်မှ တပည့်များ အရှိန်ရပ်တန့်သွားသည်နှင့်တကွ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ အလျင်အမြန်ပင် ပျံဝဲနေသောအရှိန်အားမြှင့်တင်ကာ ဝန်းရံလိုက်ကြတော့သည်။ ယခုဆိုလျှင် မူလသူတော်စင်တောင်ထွတ်မှ တပည့်များ မောပန်းသွားကြပြီပင် ဖြစ်၏။ ၎င်းတို့မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဆက်လက်၍ ထွက်ပြေးနိုင်ကြမည် မဟုတ်တော့ပေ။

ပိုင်လီချွီးမှာ ပင်ပန်းနွမ်းနယ်နေကြသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား ကြည့်ရှုလိုက်ပြီးနောက် မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။   "ဘာလဲ...ထွက်မပြေးတော့ဘူးလား။"

"ခုနက ငါ့ရဲ့ညှိနှိုင်းချက်က အကျုံးဝင်နေသေးတယ်နော်။ မင်းတို့သာ လိလိမ္မာမ္မာနဲ့ ဇူယွမ်ကို ငါ့လက်ထဲအပ်ပေးရင် ရပြီ။ မင်းတို့တပည့်ခေါင်းဆောင်က အသုံးမှမကျတာ သေချာစဥ်းစားပေါ့။ အခုထိတောင် မင်းတို့ကချည်းပဲ ကာကွယ်ပေးနေရတာမလား။ မင်းတို့အတွက် တန်ရောတန်လို့လား။"

"ထွီ..."

သို့သော် ​ပိုင်လီချွီးမှ စကားဆုံးအောင် မပြောရသေးခင်မှာပင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှ ၎င်းအား တံထွေးဖြင့် ဝိုင်းထွေးလိုက်ကြသည်။ ဓားကပ်ဘေးတောင်ထွတ်မှာ မူလသူတော်စင်တောင်ထွတ်အား ယခုအခြေအနေထိရောက်အောင် အမျိုးစုံစွာ အနိုင်ကျင့်နှိပ်စက်ခ့ဲ့၏။ ထို့ကြောင်​့ ယခုအချိန်မှ ပိုင်လီချွီး၏စကားအား ယုံကြည်ကာ တပည့်ခေါင်းဆောင်အား ရန်သူလက်ထဲသို့ လွှဲပြောင်းပေးလိုက်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ဇူယွမ်မှာ ကောင်းမွန်သော တပည့်ခေါင်းဆောင်တစ်ဦး မဟုတ်လျှင်မူ ထိုပြဿနာမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအချင်းချင်း ဖြေရှင်းရမည့် အကြောင်းကိစ္စသာ ဖြစ်သည်။ တစ်ပါးသော တောင်ထွတ်မှနေ၍ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူအား စော်ကားလာခြင်းကို သည်းခံနေမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ၎င်းတို့၏ ဦးဆောင်သူဖြစ်သော တပည့်ခေါင်းဆောင် ဖြစ်၏။ ထို့ကြောင့် မည်သည့်အခြေအနေတွင်မဆို မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဇူယွမ်အား ကာကွယ်သွားရန် ဆန္ဒရှိပေသည်။

"သနားစရာပဲ....အဟက်။" ပိုင်လီချွီးမှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "သာမန်တပည့်တွေကတော့ အကြောင်းကိစ္စတွေကို သေချာနားမလည်လောက်ဘူး။ ဒါပေမယ့် မင်းကသူတို့ရဲ့ တပည့်ခေါင်းဆောင်လေ ဟုတ်တယ်မလား။ အဲ့ဒါကြောင့် ကိုယ့်အမှားကိုယ်သိပြီး ငါတို့ဓားကပ်ဘေးတောင်ထွတ်ကို တောင်းပန်လိုက်ပါ။ အနည်းဆုံးတော့ မင်းရဲ့မူလသူတော်စင်တောင်ထွတ်က တပည့်တွေ အဆုံးသတ် သိပ်မဆိုးတော့ဘူးပေါ့။"

ဇူယွမ်မှာ ခက်ထန်နေသော အမူအရာဖြင့် လေးနက်တည်ကြည်စွာ စကားဆိုလိုက်၏။ "ပွဲမစခင်ကြိုပြီး အောင်ပွဲခံမနေနဲ့ဦး။ အခြေအနေတွေက အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်ဆိုတာ မင်းသိထားလိုက်။"

ပိုင်လီချွီးမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ကာ သနားကရုဏာသက်နေဟန်ဖြင့် ပြောလိုက်သည်။ "ဇူယွမ်...ဇူယွမ်...အခုထိမင်းက အဆိုးအကောင်းကို နားမလည်သေးဘူးပဲ။ အခုအချိန်ထိ တဇွတ်ထိုး ခေါင်းမာနေတုန်း။ မင်းတစ်ယောက်ထဲဆိုရင် သေ​သေရှင်ရှင် ပြဿနာမရှိပေမယ့် အခုမင်းက တပည့်ခေါင်းဆောင်တစ်ယောက်နော်။ ကိုယ်လုပ်ရမယ့် တာဝန်နဲ့ဝတ္တရားကိုလည်း ခေါင်းထဲမှာ ထည့်ထားဦး။"

"အခုမင်းက ငါကောင်းကောင်းမွန်မွန် ညှိနှိုင်းပေးတာကို ငြင်းဆန်တယ်ဆိုမှတော့ သက်ညှာမှုမရှိဘူးဆိုပြီး ငါတို့ဓားကပ်ဘေးတောင်ထွတ်ကို အပြစ်မတင်နဲ့တော့။"

ပိုင်လီချွီးမှ စကားဆိုပြီးသွားသည်နှင့်တကွ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအားလုံးမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်ကြစေလိုက်ကြ၏။ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ပတ်ဝန်းကျင်ရှိ လေထုများသည်ပင် ဆုတ်ပြဲသွားရသည်။

ဇူယွမ်မှာ ပတ်ဝန်းကျင်အား သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ယောင်ယောင်နှင့် အ​​ကြည့်ချင်းဖလှယ်လိုက်ကြ၏။ ထို့နောက် ဇူယွမ်နှင့် ယောင်ယောင်နှစ်ဦးစလုံး မျက်ဝန်းများအားပိတ်ကာ စိတ်ဝိဉာဥ်အား စတင်လည်ပတ်စေလိုက်သည်။

ခုန်းရှန်မှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား ကြည့်ရှုလိုက်ပြီးနောက် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအားကြည့်ကာ အမိန့်ပေးလိုက်၏။ "မူလသူတော်စင်တောင်ထွတ်က တပည့်တွေအကုန်လုံးကို ပြိုင်ပွဲကနေ ထုတ်ပစ်ကြ။ တစ်ယောက်မှ မကျန်စေနဲ့။"

ဝုန်း....

များပြားလှသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ခုန်းရှန်၏ အမိန့်အား ကြားလိုက်ရသည်နှင့်တကွ အလျင်အမြန်ပင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များဆီသို့ ချီတက်ကြတော့သည်။

"လာစမ်းပါ။"

"အဆုံးထိ ခုခံတိုက်ခိုက်သွားကြမယ်။"

မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဒေါသများကြောင့် မျက်ဝန်းများပင် နီရဲနေကြ၏။ ၎င်းတို့မှာ ဓားကပ်ဘေးတောင်ထွတ်နှင့် ယှဥ်ပြိုင်နိုင်ခြင်းမရှိသည်ကို သိရှိနေကြပါသော်လည်း နောက်ဆုံးအချိန်ထိ အဆုံးစွန် တိုက်ခိုက်သွားကြမည်ပင် ဖြစ်သည်။ အင်အားခြင်း ကွာခြားနေခြင်းက ၎င်းတို့၏ သတ္တိများအား အနည်းငယ်မျှပင် လျော့နည်းသွားစေခြင်း မရှိချေ။ ပြိုင်ပွဲမှ ထွက်ခွာရမည်ဆိုလျှင်ပင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား အတူတကွ ဆွဲခေါ်သွားမည်ပင် ဖြစ်၏။

"ဂျူနီယာညီတော်ဇူယွမ်....."

ဇူထိုက်နှင့် တပည့်များမှာ ဇူယွမ်ထံမှ အမိန့်စကားအား စောင့်ဆိုင်းနေကြ၏။

ဇူယွမ်၏ တင်းကြပ်စွာပိတ်ထားသော မျက်ဝန်းများမှာ ပြတ်လည်ပွင့်ဟလာပြီးနောက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ထို့နောက် အလွန်အမင်း ဒေါသထွက်နေကြသော မူလသူတော်စင်တောင်ထွတ်မှ တပည်များအားကြည့်ကာ ပြောလိုက်၏။

"မင်းတို့ငါ့ကို ယုံကြည်နေသမျှ ဓားကပ်ဘေးတောင်ထွတ်က မူလသူတော်စင်တောင်ထွတ်ကို ဘာမှမလုပ်နိုင်စေရဘူးလို့ ငါပြောခ့ဲသားပဲ။"

"အဲ့ဒါကြောင့် အခု ဓားကပ်ဘေးတောင်ထွတ်ကို လက်ဆောင်ပေးလိုက်ကြရအောင်။"

ဇူယွမ်မှာ လက်နှစ်ဖက်အား ချိတ်ဆက်ကာ မျက်ခုံးကြားရှိ စိတ်ဝိဉာဥ်အား ပေါက်ကွဲထွက်ပေါ်စေလိုက်၏။ ၎င်း၏ဘေးတွင်ရှိနေသော ယောင်ယောင်ထံမှလည်း ပြင်းထန်လှသော စိတ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာလေသည်။

ဝုန်း...

ချက်ချင်းဆိုသလိုပင် များပြားလှသော အလင်းမျှင်များမှာ ကောင်းကင်နှင့်မြေပြင်အား ပျ့ံနှ့ံလွှမ်းခြုံသွား၏။ ထိုအလင်းမျှင်များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြပြီးနောက် ထူးခြားလှသော ရှေးဟောင်းမှော်စာလုံးများ၏အသွင် ဖြစ်ပေါ်လာလေသည်။

"မကောင်းတော့ဘူး။ ဒါမှော်စာလုံးအစီအရင်ပဲ။" ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့၏ အမူအရာမှာ ခက်ထန်သွားရသည်။ မှော်စာလုံးများထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်းတို့၏ စိတ်နှလုံးများကိုပင် တုန်လှုပ်ခြောက်ခြားစေ၏။

"ငါတို့အငိုက်မိသွားပြီ။"

၎င်းတို့မှာ ဇူယွမ်နှင့်ယောင်ယောင်သည် မြေပြင်ပေါ်တွင် မဟုတ်ပဲနှင့်ပင် အစီအရင်တစ်ခုအား ရေးဆွဲထားနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။ ထိုသို့ ရေးဆွဲနိုင်ရန်အတွက် မြင့်မားလှသော စိတ်ဝိဉာဥ်စွမ်းအင်များကို လိုအပ်ပေသည်။ ယောင်ယောင်မှ ထိုသို့ပြုလုပ်နိုင်ခြင်းအား အ့ံအားသင့်ခြင်း မဖြစ်မိပါသော်လည်း ဇူယွမ်ကိုမူ အလွန်ပင် ထူးဆန်းနေရ၏။ မည်သည့်အချိန်၌ စိတ်ဝိဉာဥ်ကျင့်စဥ်အား ကျင့်ကြံခဲ့ပါသနည်း။ နှစ်လမျှသော အချိန်အတွင်း မည်သို့လေ့ကျင့်ခဲ့ပါသနည်း။ ဇူယွမ်သည် ထင်မှတ်မထားလောက်အောင်ပင် ဝှက်ဖဲများစွာဖြင်​့ ပြည့်နှက်နေလေသည်။

ထိုအချိန်၌ပင် ဇူယွမ်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင် အသက်ဝင်စမ်း။"

ဇူယွမ်မှ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် မူလရေကန်အတွင်းမှ မြူခိုးများစွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း မြင်ကွင်းများ ပြောင်းလဲသွားရပေတော့သည်။ ခုန်းရှန်တို့သုံးဦးမှာ ဇူယွမ်၏ နှုတ်ခမ်းထက်မှ လှောင်ပြောင်သရော်သော အပြုံးတစ်ခုအား မြင်တွေ့လိုက်ကြရသည်။ ၎င်းတို့သည် အမှန်တကယ်ပင် ဇူယွမ်ထံ၌ လှည့်စားခံရပြီပင် ဖြစ်လေသည်။

ဇူယွမ်မှာ အစီအရင်အား ကြည့်ရှုလိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်သည်။

ယခုဆိုလျှင် ဓားကပ်ဘေးတောင်ထွတ်အတွက် ပြင်ဆင်ထားသော လက်ဆောင်ကြီးတစ်ခုလုံးမှာ စတင်အသက်ဝင်တော့မည်ပင် ဖြစ်လေတော့သတည်း။

All Chapters