← Chapters

အစီအရင်၏စွမ်းအား

Vol. 38 Ch. 522

အစီအရင်၏စွမ်းအား

Vol. 38 Ch. 522

ဝုန်း......

ကြီးမားလှသော အစီအရင်ကြီးတစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပျ့ံနှ့ံလွှမ်းခြုံသွားလေသည်။ ကမ္ဘာမြေပြင်တစ်ခုလုံးမှာ ဖန်ဆင်းမှုများ မစတင်မီ ပျက်စီးခြင်းအချိန်ကာလတစ်ခုအလား ပြောင်းလဲသွားပြီး အချိန်နှင့်နေရာများ ပျောက်ကွယ်ကုန်၏။ အရာအားလုံးမှာ အဆုံးအစ ဖွေရှာ၍မရသက့ဲသို့ ဗလာနတ္ထိဖြစ်နေရသည်။ အစီအရင်အတွင်း ပိတ်မိသွားသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ အာရုံခံစားမှုများလည်း ပျောက်ကွယ်သွား၏။

အရာအားလုံးဟာ......

ဗလာနတ္ထိ.......

"အား......."

"ဘာတွေဖြစ်ကုန်တာလဲ...."

"အား......အား......"

ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ပျံသန်းနေရင်း အတောင်ကျိုးသွားသော ငှက်သူငယ်များက့ဲသို့ ကြောက်လန့်တုန်လှုပ်စွာ အော်ဟစ်နေရင်းဖြင့်ပင် မူလရေကန်အတွင်းသို့ တစ်ဦးပြီးတစ်ဦး ပြုတ်ကျကုန်ကြ၏။

၎င်းတို့မှာ မူလရေကန်အတွင်းမှ လွတ်မြောက်ရန် ကြိုးစားနေပါသော်လည်း ရေပြင်ထက်သို့ မရောက်ရှိနိုင်ပဲ ဖြစ်နေရ၏။ ထူးဆန်းသော စွမ်းအင်တစ်မျိုးသည် ၎င်းတို့အား ရေပြင်အတွင်းသို့သာ ဆွဲခေါ်ထားလေသည်။ မည်မျှပင်ကြိုးစားစေကာမူ လေထုနှင့်ပင် မထိတွေ့နိုင်ပဲ ရေကန်အတွင်း၌သာ ရှိနေရ၏။

ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့သည်ပင် ရေကန်အတွင်း နစ်မြုပ်နေရပြီး ကောင်းမွန်ခိုင်မာသော ချီစွမ်းအင်အခြေခံအုတ်မြစ်တို့ကြောင့်သာလျှင် နစ်မြုပ်နေသောအရှိန် နှေးကွေးနေရခြင်း ဖြစ်သည်။ သို့သော် မည်မျှပင် ကြိုးစားရုန်းကန်စေကာမူ အရာမထင်ပဲ မြူခိုးများ ရစ်ဝဲနေသော မူလရေကန်အတွင်းမှ လွတ်မြောက်၍မရနိုင်ပဲ ရှိနေ၏။

အခြားတောင်ထွတ်များမှ လာရောက်စောင့်ကြည့်နေကြသော တပည့်များမှာ မြင်တွေ့နေရသော ​အလှည့်အပြောင်းများကြောင့် အလွန်ပင် အ့ံအားသင့်နေရသည်။ ဓားကပ်ဘေးတောင်ထွတ်မှ မူလသူတော်စင်တောင်ထွတ်အား ကြောင်မှကြွက်သူငယ်အား ဆော့မြူနေသက့ဲသို့ ဆော့ကစားရင်းဖြင့်ပင် ပြိုင်ပွဲအတွင်းမှ ထုတ်ပယ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ပါသော်လည်း ယခုမြင်တွေ့နေရသော အခြေအနေမှာ ၎င်းထင်မြင်ချက်များနှင့် များစွာဆန့်ကျင်နေ၏။

လူဦးရေတစ်သောင်းနီးပါးခန့်ရှိသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအားလုံးမှာ ဇူယွမ်နှင့်ယောင်ယောင်တို့၏ အစီအရင်အတွင်း ပိတ်မိနေကြရသည်။ ဇူယွမ်မှာ ဥာဏ်နီဉာဏ်နက်များသူတစ်ဦးဟု သိရှိထားကြပါသော်လည်း ထိုမျှလောက်ထိ ပြောင်မြောက်သော အစီအစဥ်အား ချမှတ်ထားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

"ဒါအစီအရင်တစ်ခုပဲ။"

"ဒီမူလမှော်စာလုံးအစီအရင်က အရမ်းအစွမ်းထက်တာပဲ။ ဒါကိုရေးဆွဲဖို့အတွက်က တော်တော်ခက်ခဲမှာပဲ။"

"ဇူရှောင်ယိုလိုလူမျိုးက ဒီအစီအရင်ကို လုပ်နိုင်တာ အ့ံသြစရာမရှိပေမယ့် ဇူယွမ်ရဲ့ စိတ်စွမ်းအားအဆင့်က ဘယ်တုန်းက အဲ့လောက်အစွမ်းထက်သွားတာလဲ။"

"ဟုတ်တယ် သူဘယ်အချိန်ကများ လေ့ကျင့်လိုက်တာလဲ။"

"ဇူယွမ်နဲ့ယောင်ယောင်က ဓားကပ်ဘေးတောင်ထွတ်ကို ကြောက်လို့ထွက်ပြေးနေကြတာမဟုတ်ပဲ အစီအရင်ဆီကို မျှားခေါ်နေခ့ဲတာပေါ့လေ။ သူတို့က အကွက်တွေအကုန် ကြိုချထားခဲ့တာပဲ။"

"ဒါဘာအစီအရင်ကြီးလဲ။ တော်တော်စွမ်းတာနော်။ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေအကုန်လုံးကို ချုပ်ထားနိုင်တယ်။ သူတော်စင်မှော်စာလုံးတောင်ထွတ်ရဲ့ ရွေးချယ်ခံယဲ့ကယ်တောင်မှ ဒါမျိုးအစီအရင် လုပ်နိုင်မှာမဟုတ်ဘူး။"

"........."

လူတိုင်းမှာ မြင်တွေ့နေရသော အဖြစ်အပျက်များအား ကြည့်ရှုနေရင်းဖြင့် မယုံကြည်နိုင် ဖြစ်နေကြရသည်။ စင်စစ်အားဖြင့် လူတိုင်းမှာ မူလသူတော်စင်တောင်ထွတ်သည် ဓားကပ်ဘေးတောင်ထွတ်၏ဖိနှိပ်ခြင်းအား ခံယူရလိမ့်မည်ဟု ထင်မှတ်ထားကြပါသော်လည်း အခြေအနေများမှာ မျက်စိတစ်မှိတ်စာမျှသော အချိန်အတွင်း၌ပင် ကြီးမားစွာ ပြောင်းလဲသွားရ၏။

၎င်းတို့သည်သာမက မူလသူတော်စင်တောင်ထွတ်မှ တပည့်များနှင့် ဇူထိုက်တို့သည်ပင်လျှင် မြင်တွေ့နေရသော အဖြစ်အပျက်များကြောင့် ကြက်သေသေနေကြရသည်။ မူလသူတော်စင်တောင်ထွတ်မှ တပည်များသည် ပထမ၌ ပြင်းထန်စွာ တိုက်ခိုက်ကြရတော့မည်ဟု ထင်မှတ်နေမိကြပါသော်လည်း လက်ရှိအခြေအနေမှာ များစွာကွာခြားနေ၏။

"ဘယ်....ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။" ဇူထိုက်မှာ ယင်ကောင်ဝင်ဥတော့မတက် ပါးစပ်အဟောင်းသားဖြင့် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်၏။ "ဒါကျွန်တော်တို့ ပြင်ဆင်ထားတဲ့ အစီအရင်လေ။"

လုယန်းမှာလည်း မျက်လုံးအဝိုင်းသားဖြင့် အ့ံအားသင့်စွာ မေးမြန်းလိုက်သည်။ "အဲ့ဒါဆို ဒီရက်ပိုင်းတွေ နင်နဲ့ယောင်ယောင် ပျောက်နေတာက ဒီအစီအရင်ကို ရေးဆွဲနေကြတာလား။"

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်တယ်။ ကျွန်းပေါ်မှာ အစီအရင်ဆွဲရင် အန္တရာယ်များမှာစိုးလို့ မူလရေကန်ပေါ်မှာပဲရေးဆွဲဖို့ စီစဥ်လိုက်တာ။"

၎င်းမှာ အလွန်ပင် အ့ံအားသင့်နေကြသော မူလသူတော်စင်တောင်ထွတ်၏ တပည့်များအားကြည့်ကာ ဆက်လက်၍ စကားဆိုလိုက်၏။ "ဒီကိစ္စက အရမ်းအရေးကြီးတာမို့လို့ ဘယ်သူ့ကိုမှ မပြောပြဖို့ ဆုံးဖြတ်ခ့ဲတာပါ။ ပေါက်ကြားသွားရင် အရမ်းအန္တရာယ်များလို့ပါ။ ကျွန်တော့်ကိုသိပ်ပြီး အပြစ်မတင်ကြပါနဲ့နော် ဟီးဟီး။"

ဇူထိုက်တို့မှာ နားလည်သဘောပေါက်သွားဟန်ဖြင့် ဇူယွမ်လျှို့ဝှက်ထားခ့ဲခြင်းအား ဗွေမယူပါကြောင်း ခေါင်းခါပြလိုက်ကြသည်။ ၎င်းတို့မှာ မြင်တွေ့နေရသော အလှည့်အပြောင်းများကြောင့် ဦးနှောက်များပင် ရပ်တန့်သွားမတက် အ့ံအားသင့်နေရပေသည်။ ဤရက်ပိုင်းတလျှောက်လုံး တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်အား မှားယွင်း၍အပြစ်တင်ခ့ဲမိကြောင်း သိရှိနားလည်လာရ၏။ ယခုအချိန်တွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ မှားယွင်းစွာ အထင်မှားခ့ဲမိသောကြောင့် ဖြစ်ပေါ်လာသော အားတုံ့အားနာစိတ်နှင့် ကောင်းမွန်သော တပည့်ခေါင်းဆောင်တစ်ဦး ရရှိထားခြင်းအပေါ် ဖြစ်ပေါ်လာသော ဝမ်းမြောက်သောစိတ်အား တစ်ပြိုင်နက်တည်း ခံစားနေကြရ၏။

ကြီးမားလှသော တိုက်ပွဲအလှည့်အပြောင်းများကြောင့် မူလရေကန်အပြင်ဖက်မှ စောင့်ကြည့်နေကြသော ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များသည်ပင် အ့ံအားသင့်သွားကြရသည်။

"ဒါက ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်လား။" သူတော်စင်မှော်စာလုံးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူမျက်ခုံးဖြူမှ အ့ံအားသင့်စွာဖြင့် ေရရွတ်လိုက်သည်။ ၎င်း၏အသံမှာ အ့ံသြတုန်လှုပ်ခြင်းများနှင့် ပြည့်နှက်နေ၏။ ထိုအစီအရင်မှာ သူတော်စင်မှော်စာလုံးခန်းမ၏ သိမ်းဆည်းစုဆောင်းမှုများထဲမှ တစ်ခုဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုအစီအရင်မှာ ရေးဆွဲရန် ခက်ခဲရှုပ်ထွေးလှသော အစီအရင်တစ်ခုပင် ဖြစ်သည်။ သူတော်စင်မှော်စာလုံးတောင်ထွတ် တစ်ခုလုံးတွင်ပင်လျှင် ယဲ့ကယ်က့ဲသို့်သော ရွေးချယ်ခံတပည့်သည်ပင် ၎င်းအစီအရင်အား အောင်မြင်အောင် ရေးဆွဲနိုင်ရန် မသေချာလှပေ။

ထို့ကြောင်​့ တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူမှာ ဇူယွမ်နှင့်ယောင်ယောင်တို့မှ ထိုက့ဲသို့သော အစီအရင်အား အောင်မြင်စွာဖြင့် ပြုလုပ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားမိချေ။

"တော်တော် ဥာဏ်များတဲ့ ကလေးတွေပါလား။ အစီအရင်နဲ့ မူလရေကန်ကို ချိတ်ဆက်ပြီးတော့ မူလရေကန်က သဘာဝစွမ်းအင်တွေကိုပါ သုံးထားတာပဲ။ အဲ့ဒါကြောင့် အစီအရင်က အရမ်းကျယ်ပြန့်သွားပြီးတော့ လူတစ်သောင်းနီးပါးလောက်ကို ဖမ်းနိုင်သွားတာ။" ၎င်းမှ ဆက်လက်မှတ်ချက်ပြုလိုက်သည်။

အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း သူတော်စင်မှော်စာလုံးတောင်ထွတ်မှ ဆရာသခင်မျက်ခုံးဖြူ၏စကားကြောင့် ပိုမို၍ပင် အ့ံအားသင့်သွားပြီးနောက် ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းအား မခို့တရို့ ကြည့်ရှုလိုက်ကြသည်။

ကန်ရွှမ်းကလန်တစ်ခုလုံးသည်ပင် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ ဓားကပ်ဘေးတောင်ထွတ်မှ မူလသူတော်စင်တောင်ထွတ်အား ဖိနှိပ်မည်ဖြစ်ကြောင်း သိရှိထားကြ၏။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အား မကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး အနည်းငယ်မျှပင် အလွတ်ပေးမည့် အနေအထားတွင်မရှိကြောင်း လူတိုင်းမှ သိရှိနေကြလေသည်။

ကလန်ခေါင်းဆောင်ချင်းယန်သည်ပင် မူလသူတော်စင်တောင်ထွတ်မှ တပည့်များ ဆိုးရွားစွာ နှိပ်စက်ခံမည်ကို စိတ်ပူသည့်အတွက် ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူလင်ကျွမ်းအား ခေါ်ယူဆွေးနွေးခ့ဲပါသေး၏။ သို့သော် ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှာ တပည့်များ၏ အရေးကိစ္စအား ဝင်ရောက်ပက်သတ်လိုခြင်းမရှိဟုဆိုကာ တပည့်များအား ဖြောင်းဖျပေးရန်အတွက် ငြင်းပယ်ခ့ဲလေသည်။

စင်စစ်တွင်မူ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူလင်ကျွမ်းကိုယ်တိုင်ကပင်လျှင် မူလသူတော်စင်တောင်ထွတ်အား မျက်မုန်းကျိုးနေခြင်းဖြစ်ကြောင်း အခြားသော တောင်ထွတ်ဆရာသခင်များအားလုံးမှ သိရှိထားကြ၏။

ထို့ကြောင့် အခြားသော တောင်ထွတ်ဆရာသခင်များမှာ ထိုအရေးကိစ္စနှင့်ပက်သတ်၍ မူလသူတော်စင်တောင်ထွတ်အား သနားကရုဏာ သက်ခဲ့ကြရသည်။ အဘယ့်ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်မှာ လူအင်အားနည်းပါးလှသည့်အပြင် ထူးချွန်သူဟူ၍ ဇူယွမ်နှင့်ယောင်ယောင်နှစ်ဦးသာ ရှိ၏။ ထိုနှစ်ဦးမျှဖြင့် ဓားကပ်ဘေးတောင်ထွတ်အား ရင်ဆိုင်တိုက်ခိုက်ရန်မှာ တွေးတောရုံမျှဖြင့်ပင် မဖြစ်နိုင်သော စိတ်ကူးယဥ်မှုတစ်ခုဖြစ်ကြောင်း လူတိုင်းမှ သိရှိနိုင်ပေလေသည်။

သို့သော် ဇူယွမ်နှင့်ယောင်ယောင်မှာ အစွမ်းထက်လှသည့် မူလမှော်စာလုံး အစီအရင်တစ်ခုအား လျှို့ဝှက်စွာ ရေးဆွဲနိုင်ခဲဲ့ကြ၏။ ထိုအစီအရင်မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအားလုံးကို ဖမ်းဆီးချုပ်နှောင်ထားနိုင်သည်အထိပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ဇူယွမ်နှင့်ယောင်ယောင်တို့၏ ပြောင်မြောက်သေသပ်လှသော တန်ပြန်တိုက်ခိုက်မှု အစီအစဥ်အား  ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များသည်ပင် လေးစားအ့ံသြသွားကြရသည်။ ထိုလူငယ်လေးနှစ်ဦး၏ ဆုံးဖြတ်နိုင်စွမ်းနှင့် စဥ်းစားတွေးတောနိုင်စွမ်းမှာ အလွန်ပင် မြင့်မားလွန်းလှ၏။

"ဒီအစီအရင်က တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် သူတို့က သူတို့တက်နိုင်တဲ့အနေအထားထက် ပိုပြီးလုပ်ဆောင်နေတာပဲ။ ဒါက သူတို့အတွက်ပဲ ထိခိုက်စေလိမ့်မယ်။"

ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူလင်ကျွမ်းမှ တည်ငြိမ်စွာ မှတ်ချက်ပြုလိုက်ခြင်းပင် ဖြစ်သည်။ "သူတို့က ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေအကုန်လုံးကို ဖမ်းချုပ်ထားနိုင်ဖို့အတွက် အစီအရင်ကို ကျယ်ပြန့်သွားအောင် လုပ်ခဲ့တယ်။ သာမန်တပည့်တွေကတော့ အဲ့အစီအရင်ထဲမှာ ပိတ်မိနေနိုင်ပေမယ့် စွမ်းအင်ပြည့်ဝတဲ့ တပည့်တွေကတော့ မကြာခင်မှာပဲ ဖောက်ထွက်လာနိုင်ကြလိမ့်မယ်။ သူတို့ဖောက်ထွက်နိုင်သွားပြီဆိုရင် အပြင်ကနေ အစီအရင်ကိုဖျက်စီးဖို့က လွယ်လွယ်လေးပဲ။"

"ပြီးတော့ သူတို့ဖောက်မထွက်နိုင်ခင် အချိန်ခဏလောက်လေးမှာရော လူငါးရာတောင်မရှိတဲ့ မူလသူတော်စင်တောင်ထွတ်က တပည့်တွေက ဓားကပ်ဘေးတောင်ထွတ်က တပည့်ဘယ်လောက်များများကိုများ ပြိုင်ပွဲကနေ ထုတ်ပယ်နိုင်မှာ မို့လု့ိလဲ။"

"အဲ့ဒါကြောင့် ဒီအစီအရင်လောက်လေးနဲ့ ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။"

ဓားကပ်ဘေးတောင်ထွတ်မှ ဆရာသခင်လင်ကျွမ်း၏စကားအား ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များမှ ငြင်းဆန်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည်လည်း ထိုသို့သောအမြင် အနည်းငယ် ရှိကြ၏။ အစီအရင်သည် သာမန်တပည့်များအား ချုပ်နှောင်ထားနိုင်မည် ဖြစ်ပါသော်လည်း စွမ်းအင်ပြည့်ဝသော တပည့်များအတွက်မူ အချိန်ကြာကြာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။

ဇူယွမ်မှာ ဇူထိုက်နှင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်များအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ဒီအစီအရင်က သာမန်တပည့်တွေကိုပဲ ဖမ်းချုပ်ထားလို့ရမှာ။ ခုန်းရှန်၊ ကျောင်းဇူနဲ့ ပိုင်လီချွီးတို့ကတော့ မကြာခင်လောက်ဆို လွတ်သွားကြလိမ့်မယ်။"

ဇူထိုက်နှင့် တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် တိုးညင်းစွာ စကားဆိုလိုက်၏။ "ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေအကုန်လုံး အခုလောလောဆယ် အစီအရင်ထဲမှာ ပိတ်မိနေတယ်ဆိုပေမယ့် ခုန်းရှန်တို့ မလွတ်သွားခင်အထိပဲဆိုရင် မူလသူတော်စင်တောင်ထွတ်က လူအင်အားနည်းနည်းလေးနဲ့ တစ်ထောင်ဝန်းကျင်လောက်ကိုပဲ ပြိုင်ပွဲက ထုတ်ထားနိုင်မှာ။"

ဇူယွမ်မှ ပြုံးကာပြောလိုက်၏။ "အဲ့ကိစ္စတွေကို စိတ်မပူနေပါနဲ့။ ကျွန်တော်နဲ့ပဲ လွှဲထားလိုက်ပါ။"

ဇူထိုက်နှင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဇူယွမ်၏စကားအား မယုံကြည်နိုင် ဖြစ်နေကြရ၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ အစီအရင်အား ထိန်းချုပ်နေရသူတစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထိုသို့အစီအရင်အား ကိုင်တွယ်နေရင်းဖြင့် လူဦးရေမည်မျှအား ထုတ်ပယ်နိုင်ပါလိမ့်မည်နည်း။

ဇူယွမ်မှာ ထိုကိစ္စနှင့်ပက်သက်၍ မည်သည့်စကားမှ ရှင်းပြောဆိုနေခြင်း မပြုတော့ပဲ ယောင်ယောင်နှင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "နင်သွားတော့။ ငါအစီအရင်ကိုဆက်ပြီး ထိန်းထားပေးမယ်။"

ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှ္ူထုတ်ကာ မူလရေကန်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

၎င်းမှာ မိုင်ထောင်ချီပတ်လည်အတွင်း၌ အစီအရင်ကြောင့် ကွဲပြားနေသော နယ်မြေနယ်နိမိတ်ငယ်များစွာအား တွေ့ရှိလိုက်ရပေသည်။ နယ်မြေနယ်နိမိတ်တစ်ခုစီအတွင်း၌ လွတ်မြောက်နိုင်ရန် လှုပ်ရှားရုန်းကန်နေကြသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များဖြင့် ပြည့်နှက်နေ၏။

ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်လာရလေသည်။

ယနေ့တိုက်ပွဲ၏ အဓိကအပိုင်းမှာ ရောက်ရှိလာတော့မည်ပင် ဖြစ်လေတော့သတည်း။

All Chapters