← Chapters

တစ်ပြိုင်တည်း အဆက့်တက်ခြင်း

Vol. 3 Ch. 32

တစ်ပြိုင်တည်း အဆက့်တက်ခြင်း

Vol. 3 Ch. 32

​သဘောတူညီချက်ကို လက်မှတ်ထိုးပြီးနောက် လီဟုန် က ဂုဏ်ထူးဆောင်ခန်းမ မှာ စာရင်းသွားသွင်း ခဲ့သည်။

​ထန်ထျန်း ထပ်သွားစရာ မလိုတော့တာကြောင့် တကယ် အဆင်ပြေသည်။

​လီဟုန် ရှိနေတာကြောင့် နောက်ပိုင်း အသေးအဖွဲ ကိစ္စများ ကို ဖြေရှင်းပေးနိုင်မယ့်သူ ရှိနေပြီပင် ။

​ဒါပေမဲ့ ထန်ထျန်းက သူ့ရဲ့ လုံခြုံရေး ကို အချိန်မရွေး အာမခံပေးနိုင်မယ့် ဧည့်သည် အနည်းငယ်ကို လိုအပ်နေသေးသည်။

​ဒါကြောင့် အင်တာဗျူး ဆက်လုပ် ခဲ့သည်။

​နောက်ထပ် မတူညီတဲ့ လာရောက်သူ နှစ်ဆယ်ကျော် ကို တွေ့ဆုံပြီးနောက် ညနေခင်း ရောက်ခါနီးမှာ ထန်ထျန်းက နောက်ဆုံးတွင် သင့်တော်သူ တစ်ယောက်ကို တွေ့ခဲ့သည်။

​တိတိကျကျ ပြောရရင် တစ်ယောက် မဟုတ်ဘဲ တစ်စုံ ဖြစ်သည်။

​သူတို့က အသက်ငယ်တဲ့ အမြွှာညီအစ်မ ဖြစ်ကြပြီး အစ်မဖြစ်သူကို လန်ယွီ၊ ညီမဖြစ်သူကို လွီကျူ လို့ ခေါ်သည်။

​သူတို့က လှပတဲ့ မျက်နှာသွင်ပြင် ရှိပြီး ပိန်သွယ် ပေမယ့် ပြည့်သင့်တယ့် နေရာ တွေမှာ ပြည့်နေတာကြောင့် နှစ်ယောက် အတူတူ ရပ်နေရင် တကယ် မျက်စိပသာဒ ရှိလှသည်။

​အရေးအကြီးဆုံးကတော့ သူတို့ရဲ့ စိတ်နေသဘောထား ကို ထန်ထျန်း အရမ်း သဘောကျတာပဲပင်။

​စကားနည်း၊ အတိုချုံးပြီး ထိရောက် ကာ အဓိက အချက် ကို တည့်တည့် ပြောသည်။

​ဒါ့အပြင် သူတို့နှစ်ယောက်စလုံးမှာ ဝိညာဉ်ပြောင်းလဲခြင်း အဆင့် နှောင်း ပိုင်း ဖြစ် တာကြောင့် ပုံမှန် အပြင်ထွက်ရင် လုံခြုံရေး ကို အခြေခံအားဖြင့် အာမခံနိုင်သည်။

​နောက်ထပ် အချက်တစ်ခုလည်း ရှိသေးသည်။

​သူက ကျုံးယန်ကို မိန်းမလှလေး တွေသာ ဧည့်သည် အဖြစ် ရှာဖို့ တမင် ပြောထားတာကြောင့် သူ့ရဲ့ ကတိ ကို သေချာပေါက် အကောင်အထည် ဖော်ရမှာပေါ့လေ ။

​ဒီလိုဆိုရင် သူက ကုရှောင်းရွှယ် "အဆိပ်လက် " ကို ခံလိုက်ရပြီလို့ ပိုပြီး ယုံကြည်လာမည်။

​နောက်ဆုံးတွင် ထန်ထျန်းက တစ်ဦးလျှင် တစ်လ ၁၅သန်း နဲ့ သူတို့နှစ်ယောက်ကို တစ်နှစ်စာ စာချုပ် ချုပ်ခဲ့သည်။

​ပုံမှန်နေတဲ့ ဧည့်သည် တွေရဲ့ ဈေးနှုန်းက လီဟုန် လိုမျိုးနဲ့ မတူဘူးဆိုတာ သေချာသည်။

​"မင်းတို့ ကိုယ်ပိုင် ဧည့်ခန်း နှစ်ခန်းကို ရွေးလိုက်ပါ။ ငါ့ မှာ အလှဆင်ပစ္စည်း တွေ ရှိတယ်။ မင်းတို့ စိတ်ကြိုက် အလှဆင်ကြပေါ့ "

​ထန်ထျန်းက ပြောသည်။

​လန်ယွီ က လွီကျူး ကို တစ်ချက် ကြည့်ပြီးနောက် "တစ်ခန်းပဲ နေ မယ်" ဟု ပြောသည်။

​ထန်ထျန်း အံ့အားသင့်သွားပေမယ့် ဘာမှ ထပ်မပြောတော့ဘဲ ဧည့်ခန်း တစ်ခန်းကို ချွေတာလိုက်ရသည်။

​ဒါပေမဲ့ သူတို့ကို လက်ခံပြီးနောက် ထန်ထျန်းမှာ ဧည့်သည် ထပ်ခေါ်ဖို့ အစီအစဉ် မရှိတော့ပေ။

​အင်တာဗျူး လုပ်ရတာ တကယ် ပင်ပန်းလှသည်။

​ဒါကြောင့် သူ လီဟုန် ကို အသိပေးပြီး ကျန်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြီးအောင် လုပ်ခိုင်းလိုက်သည်။

​ညမှောင်တဲ့အထိ လန်ယွီ နဲ့ လွီကျူး တို့ ညီအစ်မနှစ်ယောက် နေရာချထားပြီးမှ ထန်ထျန်းက သက်ပြင်းရှည် ချပြီး သူ့ရဲ့ ပင်မအိမ် ကို ပြန်လာခဲ့သည်။

​ရှားပါးရတနာ များ ပြပွဲ၊ ဧည့်သည် ခေါ်ယူခြင်း၊ ပြီးတော့ ဒီနေ့ လုပ်ခဲ့တဲ့ ကိစ္စတွေ အားလုံးက သူ့အတွက် တည်ငြိမ်တဲ့ ကျင့်ကြံမှု ပတ်ဝန်းကျင် ကို ဖန်တီးပေးဖို့ပင် ဖြစ်သည်။

​ကျင့်ကြံသူလောက မှာ အရာအားလုံးက အလိမ်အညာ ပင်။ ခွန်အား သာလျှင် အရေးအကြီးဆုံး အခြေခံ ဖြစ်တယ်ဆိုတာကို ထန်ထျန်း အမြဲတမ်း မှတ်ထား သည်။

​ကျင့်ကြံခန်း ကို ရောက်တဲ့အခါ ထန်ထျန်းက ခြေချိတ် ထိုင်ပြီး ချက်ချင်း တရားထိုင် သည်။ သူ့ခန္ဓာကိုယ် ပတ်လည်မှာ ပါရမီစက်ဝန်း ခုနစ်လွှာ ပျံဝဲနေသည်။

​သူ့ခြေထောက်အောက်က ဝိညာဉ်ရေသောက်မြစ်ငယ် ကလည်း ဖျော့တော့တဲ့ အလင်းရောင် ကို ထုတ်လွှတ်ပြီး အသက်ရှူတိုင်း သန့်စင်တဲ့ ဝိညာဉ်စွမ်းအင် များစွာက သူ့ခန္ဓာကိုယ်ထဲကို စီးဝင်လာသည်။

​ကျင့်ကြံခန်း ပတ်လည်က မှိုင်းပြပြ ငွေရောင် နှုတ်သီး ငှက်အမြီးမွေး က ပုံသဏ္ဌာန်မဲ့တဲ့ သဘာဝ စွမ်းအင် ကို လွင့်စေတာကြောင့် ဒီနေရာက ကျင့်ကြံမှု ပတ်ဝန်းကျင် က အကောင်းဆုံး အခြေအနေ ကို ရောက်ရှိနေသည်။

​မကြာခင်မှာပဲ ချီသန့်စင်ခြင်း အဆင့် (၁၁) ရဲ့ အတားအဆီး က ကျယ်လောင်စွာ ကွဲထွက်သွားပြီး ထန်ထျန်းက ချီသန့်စင်ခြင်း အဆင့် (၁၂) ကို ချောမွေ့စွာ ရောက်ရှိသွားသည်။

​ထန်ထျန်းက မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

​ကူးပြောင်း ခဲ့တာ တစ်လ တောင် မပြည့်သေးပေ။ သူက မူလ ချီသန့်စင်ခြင်း အဆင့် (၂) ကနေ အဆင့်ငယ် ဆယ်ဆင့် ကို ချိုးဖြတ် ပြီး ချီသန့်စင်ခြင်း အဆင့် (၁၂) ကို ရောက်ရှိခဲ့သည်။

​ဒီလို အမြန်နှုန်း မျိုးက စက်ဝန်းကိုးလွှာ ပါရမီရှင် တစ်ဉီး တောင် ရောက်ရှိနိုင်မှာ မဟုတ်ပေ။

​ဒါက သူ ဖန်တီးထားတဲ့ ကောင်းမွန် တဲ့ ကျင့်ကြံမှု ပတ်ဝန်းကျင် နဲ့ လုံလောက်တဲ့ ဆေးလုံး အထောက်အပံ့ ကြောင့်သာ ဒီလို အံ့မခန်းတဲ့ ရလဒ် ကို ဖန်တီးနိုင်ခဲ့တာပင်။

​ဒါ့အပြင် သူက မတူညီတဲ့ ကျင့်စဉ် များစွာ ကို ဉာဏ်အလင်းအမှတ် တွေနဲ့ အမြင့် ဆုံး အဆင့် အထိ ရောက်ရှိ ထားခဲ့ပြီးပြီပင်။

​ကျင့်စဉ် အများစုက အဆင့်နိမ့် ပေမယ့် ထန်ထျန်းအတွက် တာအို နားလည်မှု အများကြီးကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ဒါ့အပြင် ကုရှောင်းရွှယ်နဲ့ အကြိမ်ကြိမ် တာအို ဆွေးနွေး ခဲ့တာကြောင့် အခုအချိန်မှာ သူက တစ်လ အရင်ကနဲ့ များစွာ ကွာခြား နေပြီပင်။

​"ဒီလောကကြီးက အရမ်း ကျယ်ပြော တယ်။ ထူးဆန်းတဲ့ ပါရမီရှင် တွေလည်း များပြားလှတယ်"

​"တကယ့် ခွန်အားကြီးသူ ဖြစ်ချင်ရင် လျှောက်ရမယ့် လမ်းက အဝေးကြီး ရှိသေးတယ်"

​"ဆက်ဖြုန်း ရမယ်။ ကျင့်ကြံမှု ကိုလည်း လုံးဝ မလစ်ဟင်းစေရဘူး"

​ပြောပြီးနောက် ထန်ထျန်းက မျက်လုံးတွေကို ပြန်မှိတ်ပြီး ဆက် ကျင့်ကြံ ခဲ့သည်။

​ခြောက်ရက် က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

​ထန်ထျန်းရဲ့ ဘဝက အရင်ကလို တစ်ဖန် ပြန်ဖြစ်လာသည်။

​ခရမ်းရောင်ဝါးခြံဝင်း အိမ် နဲ့ တာအိုဘုရားကျောင်း ။

​နေ့ခင်းဘက်တွင် တာအိုအဆင့် ကျင့်ကြံခန်း မှာ ကျင့်ကြံ ပြီး ညဘက်တွင် ခရမ်းရောင်ဝါးခြံဝင်း အိမ် ကို ပြန်လာကာ အဲဒီနေ့က တိုးတက်လာတဲ့ ကျင့်ကြံမှု ကို တည်ငြိမ်အောင် လုပ်သည်။

​တစ်ချိန်တည်းမှာပဲ သူက လန်ယွီ နဲ့ လွီကျူး တို့ အစ်မနှစ်ယောက်အတွက်လည်း တာအိုအဆင့် ကျင့်ကြံခန်း ကို ငှား ပေးခဲ့ရာ သူတို့က အလွန်အမင်း ကျေးဇူးတင် ခဲ့ကြသည်။

​ခြောက်ရက် တာ ခက်ခဲစွာ ကျင့်ကြံခြင်း ရဲ့ ရလဒ်က အလွန် ကြောက်မက်ဖွယ် ကောင်းသည်။

​ထန်ထျန်းက တစ်ရက်ကို ပုံစံတစ်မျိုး ပြောင်းနေသလိုပင်။ သုံးရက် အတွင်း ချီသန့်စင် ခြင်း အဆင့် (၁၃) ကိုရောက်ရှိခဲ့ ပြီး နောက်ထပ် သုံးရက် ကြာပြီးနောက် ချီသန့်စင်ခြင်း အထွတ်အထိပ် ကို ရောက်ရှိကာ အုတ်မြစ်ချခြင်း အဆင့် ကို ချိုးဖျက် ဖို့ ပြင်နေပြီပင်။

​ခရမ်းရောင်ဝါးခြံဝင်း အိမ်၊ ကျင့်ကြံခန်း ။

​ထန်ထျန်းက မျက်လုံးမှိတ်ပြီး ထိုင်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်က အော်ရာ က မတည်မငြိမ် ဖြစ်နေပြီး ပါရမီစက်ဝန်း ခုနစ်လွှယ က လျင်မြန်စွာ တုန်ခါနေသည်။

​သူ့ရှေ့မှာ လှပတဲ့ ကြွေပုလင်း များစွာ ချထားသည်။ ပုလင်းတချို့ ဖွင့်ထားပြီး ဖျော့တော့တဲ့ ရနံ့ ကို ထုတ်လွှတ်နေသည်။

​ချင်းဟိုင် သာ ဒီမှာ ရှိနေရင် ဒါတွေက သူ ထန်ထျန်းကို ရောင်းခဲ့တဲ့ အုတ်မြစ်ချ ခြင်းဆေး တွေပဲဆိုတာ သေချာပေါက် သိလိမ့်မည်။

​ပုလင်းအနည်းငယ် သောက်ပြီးနောက် ထန်ထျန်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအား က အထွတ်အထိပ် ကို ရောက်ရှိသွားသည်။

​ပြင်းထန် တဲ့ ဝိညာဉ်စွမ်းအား တွေက ရွေ့လျားပြီး နောက်ဆုံး ဒန်တန် ထဲတွင် စုစည်းသွားသည်။

​ဒန်တန် ရဲ့ အလယ်ဗဟိုမှာ လေပွေ တစ်ခုက လျင်မြန်စွာ လည်ပတ်နေသည်။ တစ်ချိန်တည်းမှာပင် လည်ပတ်ရင်း ကျုံ့ဝင် နေသည်။

​ဗဟိုချက် နဲ့ နီးကပ်လာလေလေ ဝိညာဉ်စွမ်းအား က ပိုပြီး ထူထပ် လာလေလေပင်။ တချို့က အရည် အဖြစ်တောင် ပြောင်းလဲသွားပြီး အလင်းတန်းလေးတွေ က ဝိညာဉ်အရည် များ အဖြစ် စုစည်းနေသည်။

​လေပွေ ရဲ့ လည်ပတ်နှုန်းက အမြင့်ဆုံး အတိုင်းအတာ ကို ရောက်ရှိသွားတဲ့အခါ

​ရုတ်တရက် တောက်ပတဲ့ အလင်းရောင် က ဒန်တန် ထဲမှာ ပေါက်ကွဲထွက်လာပြီး အားကောင်းတဲ့ အော်ရာ က ကျင့်ကြံခန်း တစ်ခုလုံးကို တိုက်ခတ်သွားသည်။

​ဝိညာဉ်စွမ်းအား အားလုံးက လေပွေ ကနေ အရည် အဖြစ် ပြောင်းလဲသွားပြီး ဒန်တန် ထဲ လေထဲမှာ ပျံဝဲနေတဲ့ ရေကန်ငယ် တစ်ခုအဖြစ် စုစည်းကာ တဖြည်းဖြည်း ငြိမ်သက် သွားသည်။

​ထန်ထျန်းရဲ့ ခန္ဓာကိုယ် ပတ်လည်က ပါရမီစက်ဝန်း ခုနစ်လွှာ ကလည်း တဖြည်းဖြည်း တည်ငြိမ် လာပြီး တုန်ခါခြင်း ရပ်သွားသည်။

​အော်ရာ ကျုံ့ဝင်သွားတာနဲ့အမျှ ထန်ထျန်းက မျက်လုံးတွေကို ဖွင့်လိုက်ရာ ထက်မြက်တဲ့ အလင်းတန်း တစ်ခုက မျက်လုံးထဲကနေ တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။

​"နောက်ဆုံးတော့ အုတ်မြစ်ချ ခြင်း အဆင့်ကို တက်သွား ပြီကွ"

​သူက သက်ပြင်းချလိုက်သည်။

​တစ်လ ကြာ ကြိုးစားမှု က နောက်ဆုံးတော့ အဆင့်တစ်ခု ရောက်ရှိသွားခဲ့ပြီပင်။

​အုတ်မြစ်ချ ခြင်း အဆင့် က အတွင်းစည်းတပည့် နဲ့ အပြင်စည်းတပည့် ကြားက ကြီးမားတဲ့ အတားအဆီး ဖြစ်သည်။

​အောင်မြင်စွာ ဖြတ်ကျော်နိုင်တာနဲ့ သူက ချင်းယွဲ့ဂိုဏ်းရဲ့ အပေါ်ပိုင်း ကို တရားဝင် ဝင်ရောက်သွားပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူက တာအို ကျင့်စဉ် လမ်းကြောင်း ကို တရားဝင် စတင်လိုက်ပြီလို့ ဆိုရမည်။

​လင်းယွဲ့ တောင်မှ အုတ်မြစ်ချ ခြင်း အထွတ်အထိပ်မှာ ပဲ ရှိသေးသည်။

​ဒီလို အမြန်နှုန်း နဲ့ဆိုရင် မကြာခင်မှာပဲ သူမကို လုံးဝ ကျော်တက်နိုင်တော့မည်ပင်။

​ထန်ထျန်းက တိုးတက်မှု ရဲ့ ခံစားချက်ကို အသားကျသွား သည်။ ဒါက ခုန်ပျံကျော်လွှားတဲ့ တိုးတက်မှု တစ်ခုပင်။ သူ့ရဲ့ ခွန်အား က ချီသန့်စင်ခြင်း အဆင့် (၁၃) ထက် ဆယ်ဆမက ပိုပြီး အစွမ်းထက်လာသည်။

​ အကူအညီမဲ့ သူ လိုမျိုး ခံစားချက်မျိုး လုံးဝ မရှိတော့ပေ ။

​ဒီလို ခွန်အား က လူကို စွဲလမ်းစေတယ်

​"သေစမ်း "

​"ဒီ ကျင့်ကြံမှုရဲ့ အထွတ်အထိပ် မှာ ဘယ်လို မြင်ကွင်း မျိုး ရှိတယ်ဆိုတာကို သေချာပေါက် သွားကြည့်ရမယ်"

​စိတ်ခံစားချက် အရမ်း ကောင်းနေတာကြောင့် ထန်ထျန်းက သူ့ရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက် ကို ချမှတ်လိုက်သည်။

​ကျင့်ကြံသူလောက ကို ရောက်လာပြီး စနစ်နှစ်ခု ပါ ရှိနေတာကို အထွတ်အထိပ် ကို မရောက်ရင် ဘယ်လိုလုပ် ကျေနပ် နိုင်မှာလဲ

​သူ့မှာ ဒီလို ယုံကြည်မှု ရှိသလို လုံလောက်တဲ့ ယုံကြည်မှု လည်း ရှိသည်။

​စနစ်နှစ်ခု ရှိနေရင် လောကကြီးကို သူ ပိုင်ဆိုင်တယ်လေ

​ဒါပေမဲ့ ထန်ထျန်း သူရဲကောင်းဆန်တဲ့ စိတ်ခံစားချက် တွေ လွှမ်းမိုးနေတုန်းမှာ ရုတ်တရက် အားကောင်းတဲ့ အော်ရာ တစ်ခုက ခရမ်းရောင်ဝါးခြံဝင်း အိမ် ထဲမှာ ကျယ်လောင်စွာ ပေါက်ကွဲထွက်လာပြီး ကျင့်ကြံခန်း ထဲမှာ ရှိနေရင်တောင် ရှင်းရှင်းလင်းလင်း ခံစားရသည်။

​ထန်ထျန်းက အလျင်အမြန် အခန်းတံခါး ကို ဖွင့်ပြီး အော်ရာ ပေါက်ကွဲတဲ့ အရင်းအမြစ် ကို ချက်ချင်း ရှာလိုက်သည်။

​ဒါက ကုရှောင်းရွှယ် ရဲ့ အခန်းပင်

​"ဒီကောင်မလေးက အဆင့်တက် သွားတာလား"

​ထန်ထျန်းက အံ့အားသင့်ပြီး ပျော်ရွှင် တဲ့ အမူအရာပေါ်လာ သည်။

All Chapters