← Chapters

ကမ္ဘာဦးအစ ဖရိုဖရဲသင်္ကေတများ

Vol. 141 Ch. 1818

ကမ္ဘာဦးအစ ဖရိုဖရဲသင်္ကေတများ

Vol. 141 Ch. 1818

ချင်မူ ဓားရောင်ကို မြင်လိုက်ချိန်၌ သခင်လေးကျစ်ရှောင်၏ တာအိုဓားကွက်ဖြင့် ထိမှန်ခံလိုက်ရပြီဖြစ်သည်။ ချင်မူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးများ ဖွားခနဲ ပန်းထွက်လာ၏။

ဓားတာအိုနှင့် အခြားမဟာတာအိုကောင်းကင်နတ်သိုင်းများ၏ အခြေခံအကျဆုံး ကွာခြားချက်မှာ ဤမဟာတာအိုသည် သဘာဝအတိုင်း တည်ရှိနေခြင်း မဟုတ်သလို‌ မွေးရာပါမဟာတာအိုလည်း မဟုတ်ချေ။ ဓားတာအို၏ ရည်ရွယ်ချက်မှာ အချိန်တိုအတွင်း စွမ်းအင်အသက်သာဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်းဖြင့် ပြိုင်ဘက်အား အနိုင်ယူသတ်ဖြတ်ရန် ဖြစ်သည်။

သခင်လေးကျစ်ရှောင်၏ ဓားတာအိုမှာလည်း ဤအချက်ကို လိုက်နာ၏။ သူ စတင် တိုက်ခိုက်သည်နှင့် တာအိုဓားကွက်အား တန်းထုတ်ဖော်ကာ ချင်မူ့ကို ဦးစွာ ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။

သူ၏ ဓားတာအိုစွမ်းအားမှာ ဤမျှနှင့်ပင် ရပ်တန့်မနေချေ။ ချင်မူ့ခန္ဓာကိုယ် အလယ်ပိုင်းမှ စီးကျလာသော သွေးများသည် သွေးဓားများအဖြစ် ပြန်လည်ဖွဲ့တည်ကာ ချင်မူ့ခန္ဓာကိုယ်အား ထိုးစိုက်သွား၏။

တစ်ချိန်တည်းမှာပင် မဟာခြုံလွှမ်းကောင်းကင်ဘုံများအတွင်း၌ မရေမတွက်နိုင်သော ဓားရောင်များ လင်းလက်လာပြီး အရပ်လေးမျက်နှာမှ ပြေး၀င်ကာ ချင်မူ့ခန္ဓာကိုယ်အား ဖြတ်သန်းသွားသည်။

ချင်မူ သူ့ကို ရင်ဆိုင်တိုက်ခိုက်ရန် ဓားတာအိုကို အသုံးမပြုခဲ့သင့်ချေ။ သူ့ဓားတာအိုအောင်မြင်မှုက အနည်းငယ် ပို၍မြင့်မားပါက ချေမှုန်း‌နိုင်ခဲ့ပေလိမ့်မည်။

ချင်မူ၏ ဓားတာအိုသည် ကျစ်ရှောက်အောက် အားနည်းနေသည်မှာ အနည်းငယ်မျှတင် မဟုတ်ချေ။ ဓားကွက် မထုတ်ဖော်နိုင်မီမှာပင် မရေမတွက်နိုင်သော ဓားရောင်များက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကြချေပြီ။

ချင်မူမှာ ဓားရောင်ထဲတွင် ပေါက်ကွဲသွားပြီး သူ့အနောက်ရှိ လောကသစ်ပင်မှာလည်း အမှုန့်ကြေသွားသည်။ တာအိုသစ်သီးအားလုံး ကြေမွသွား၏။ သူ့ခြေထောက်အောက်မှ ဖရိုဖရဲခန်းမမှာလည်း ဖျက်ဆီးခံလိုက်ရပြီး မည်သည်မှ မကျန်တော့ချေ။

သခင်လေးကျစ်ရှောင်က ဓားကို သိမ်းလိုက်ပြီး သူ၏ အကြည့်များက အေးစက်နေသည်။

ဓားတာအိုကို အသုံးပြုရာတွင် သူနှင့် ချင်မူကြားရှိ ကွာခြားချက်မှာ အလွန်တရာ ကြီးမားသွား၏။ ချင်မူမှာ အရှင်လတ်လတ် ပစ်မှတ်တစ်ခုသဖွယ် ဖြစ်သွားသည်။ အခြား ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများဆိုပါက ချင်မူ့အနေဖြင့် သူ့ကို ရင်ဆိုင်ရန် ခွန်အားရှိသော်လည်း ယခုတွင်တော့ သေဆုံးသွားခဲ့သည်။

သို့သော် ချင်မူသည် သူ့လက်ချက်ဖြင့် သေဆုံးသွားလိမ့်မည်ဟု ကျစ်ရှောင် မယုံချေ။

"ဓားတာအိုရဲ့ အတိုက်အခိုက်စွမ်းရည်က လောကမှာ နံပါတ်တစ်ပဲ… ဒါပေမဲ့ ဓားတာအိုမှာလည်း အားနည်းချက်ကြီးတစ်ခု ရှိတယ်"

ချင်မူမှာ ပြိုကွဲသွားပြီး ဖရိုဖရဲချီလုံးအဖြစ် ပြောင်းလဲသွားသည်။ ဖရိုဖရဲချီလုံးထဲမှ ပုံရိပ်တစ်ခု ထင်ဟပ်လာပြီး အသံတစ်သံသည် ဖရိုဖရဲချီထဲမှ ထွက်ပေါ်လာ၏။ "အတိုက်အခိုက်စွမ်းရည်က မြင့်မားလွန်းပေမယ့် မဟာတာအိုတွေကို နက်ရှိုင်းတဲ့ အဆင့်အထိ မချိုးဖျက်နိုင်ဘူး… ခင်ဗျားလို သန်မာတဲ့သူတောင်မှ တူညီတဲ့ အခက်အခဲကို ရင်ဆိုင်နေရတယ်"

သူ ပြောသည့် ဓားတာအို၏ အားနည်းချက်မှာ ခိုင်ဧကရာဇ်ချင်ယဲ့တွင်လည်း ထင်ဟပ်နေသည်။

ခိုင်ဧကရာဇ်ချင်ယဲ့ တာအိုရရှိပြီးနောက် သူနှင့် အဆင့်တူ သို့မဟုတ် သူ့ထက် အဆင့်တစ်ဆင့် အားနည်း‌သော ပြိုင်ဘက်ကိုပင် သတ်ဖြတ်ရန် ခက်ခဲခဲ့၏။ ခိုင်ဧကရာဇ်၏ မှော်စွမ်းအင်က သူ၏ အားနည်းချက်ဖြစ်သည့် အချက်ကြောင့် ဖြစ်သော်လည်း ဓားတာအို၏ အားနည်းချက်ကိုလည်း ပေါ်လွင်စေသည်။

ဓားလမ်းစဥ်မှာ ဖြောင့်မတ်၏။ ရန်သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို တိုက်ရိုက်သတ်ဖြတ်နိုင်ကာ‌ ကောင်းကင်ရတနာကိုပင် ဖျက်ဆီးပစ်နိုင်သည်။ ပြိုင်ဘက်ကောင်းအောင် ချွန်ထက်သည့် အားသာချက်ဖြင့် မွေးဖွားလာသောကြောင့် အလွန်တရာ လွယ်ကူ၏။

သို့သော် ထူးဆန်းသော ကောင်းကင်နတ်သိုင်းနှင့် တာအိုကျင့်စဉ်မျိုးစုံနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ ဓားတာအိုမှာ သတ်ဖြတ်နိုင်ရန် မလုံလောက်တော့ချေ။

ဤသည်မှာ ဓားတာအို၏ အခြေခံ ဓားချက်များကြောင့် ဖြစ်သည်။

အခြားမဟာတာအိုများဖြစ်သည့် အရိုးရှင်းဆုံး မြေ၊ ရေ၊ လေ၊ မီး စသော မဟာတာအိုတစ်ခုချင်းစီတွင်ပင် ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာသော အခြေခံ သင်္ကေတများစွာ ပါရှိ၏။ ထိုက်ငါးပါးမဟာတာအိုတွင်တော့ သင်္ကေတ အမျိုးအစားနှင့် ပြောင်းလဲမှုများက ပို၍ များပြားပြီး အသေးစိတ်ကျသည်။

ဓားတာအိုတွင်မူ အခြေခံဓားကွက် နှစ်ဆယ့်သုံးချက်သာ ရှိ၏။ အခြေခံ ဓားကွက်များမှာ ဓားတာအို၏ သင်္ကေတများ ဖြစ်ကြသည်။ သင်္ကေတ နှစ်ဆယ့်သုံးခုဖြင့် တစ်ဖက်လူ၏ မဟာတာအိုကို မသတ်ဖြတ်နိုင်ချေ။

ခိုင်ဧကရာဇ်ချင်ယဲ့၏ အတိုက်အခိုက်စွမ်းရည်က မြင့်မားသော်လည်း တိုက်ပွဲအောင်မြင်မှု သိပ်မရှိခြင်းမှာ ဤအကြောင်းအရင်းကြောင့်ပင်။

ချင်မူမှာ ၎င်းကို အစောကြီးကတည်းက သဘောပေါက်ခဲ့ပြီးဖြစ်သည်။ ဓားတာအို၏ အားနည်းချက်ကို ဖြည့်တင်းရန် ကောင်းကင်နတ်သိုင်းတာအိုလမ်းစဉ်ကို ရွေးချယ်ခဲ့၏။ သူ၏ ဓားတာအိုတိုက်ကွက်အများစုမှာ ကောင်းကင်နတ်သိုင်းများ ဖြစ်ကြ၏။

သခင်လေးကျစ်ရှောင်က ဓားကို ခါ၍ မှင်သေသေ ပြောသည်။ "ခုနစ်၊ ငါက ဓားတာအိုရဲ့ အားနည်းချက်ကို မင်းထက် စောစောသိပြီးသား… ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းလည်း နားလည်တယ်"

ချွင်

ဓားသံ ကြည်လင်စွာ ထွက်ပေါ်လာသည့်အခါ ချင်မူမှာ မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားသည်။

"ဒါကြောင့် ဓားတာအိုရဲ့ အားနည်းချက်ကို ဖြည့်ဆည်းဖို့ ကမ္ဘာဦးဖရိုဖရဲ သင်္ကေတကို သုံးခဲ့တာ… ငါ့ဓားကွက်တိုင်းရဲ့ အခြေခံက ကမ္ဘာဦးဖရိုဖရဲသင်္ကေတပဲ… ဓားတာအိုနဲ့ ဆရာ့ရဲ့ ကမ္ဘာဦးဖရိုဖရဲတာအိုကို ပေါင်းစပ်ပြီး ကမ္ဘာဦးဖရိုဖရဲဓားတာအိုအဖြစ် ပြောင်းလဲခဲ့တယ်"

သခင်လေးကျစ်ရှောင်က တာအိုဓားထိပ်ကို စိုက်ကြည့်လိုက်သည်။ ဓားထိပ်တွင် ခရမ်းရောင်အလင်းတန်းတစ်တန်း ရှိနေပြီး တာအိုဓားက တုန်ခါလာ၏။ ခရမ်းရောင်အလင်းတန်းမှာလည်း ယိမ်းနွဲ့လာသည်။

ချွင်… ချွင်… ချွင်… ချွင်

ချင်မူ၏ ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော ဓားစိတ်ဆန္ဒများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်လိုက်၏။

သခင်လေးကျစ်ရှောင်က မှင်သေသေ ပြောသည်။ "ငါ့ရဲ့ ကမ္ဘာဦးဖရိုဖရဲ ဓားတာအိုနဲ့ တိုက်ခိုက်ခံရရင် ခန္ဓာကိုယ်ထဲက မဟာတာအိုအားလုံး အပိုင်းပိုင်း ဖြတ်တောက်ခံရလိမ့်မယ်… မင်း အသက်ပြန်ရှင်လာရင်တောင်မှ ထပ်ပြီး ဖြတ်တောက်ခံရဦးမှာပဲ"

ချင်မူက ဖရိုဖရဲချီလုံးအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး ဖရိုဖရဲထဲမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။ "ကျွန်ဝောာ်က ကမ္ဘာဦးဖရိုဖရဲ တာအိုခန္ဓာကိုယ်၊ ကမ္ဘာဦးဖရိုဖရဲ မူလဝိညာဉ်ကို ကျင့်ကြံပြီး အဆုံးသတ်မြို့ပျက်တာအိုကို သန့်စင်ထားတာ … လောကသစ်ပင်လည်း ရှိတဲ့အတွက် မသေနိုင် မပျက်စီးနိုင်ဘူး..."

ချွင်…

မရေမတွက်နိုင်သော ကမ္ဘာဦးဖရိုဖရဲ ဓားရောင်များက ဖရိုဖရဲချီလုံးထဲမှ အရပ်လေးမျက်နှာသို့ ဖြာထွက်လာကာ သူ့ကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်လိုက်ပြန်သည်။

သခင်လေးကျစ်ရှောင်က ခေါင်းခါရမ်း၏။ "ငါ့ဓားနဲ့ ထိမှန်သွားမှတော့ မင်း တစ်သက်လုံး ဒီအခြေအနေနဲ့ပဲ နေရတော့မှာ… ခုနစ်၊ ဒါက ငါ့ရဲ့ တာအိုဓားချက်ပဲ ... ၃၆ ချက်မြောက် ဓားကွက်လို့ သတ်မှတ်လို့ရတယ်… ဒါ့အပြင် ဓားကွက် လေးချက် ကျန်သေးတယ်…. မင်းကို မသတ်နိုင်ရင်တောင် မင်း ဘာလုပ်နိုင်မှာမလို့လဲ"

တာအိုသစ်ပင်၏ ဓား၊ တာအိုပန်းပွင့်၏ ဓား၊ တာအိုသစ်သီး၏ ဓားနှင့် ၄၀ကွက်မြောက် အတုမဲ့ဓား။ ၎င်းမှာ မီလော့နန်းတော်အရှင်သခင်ပင် မကျင့်ကြံနိုင်ခဲ့သော ဓားတာအို အထွတ်အမြတ်ခန်းမ၊ သူ၏ တာအိုခန်းမဓားပင် ဖြစ်ချေသည်။

ချင်မူမှာ တာအိုဓားကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။

ထိုဖရိုဖရဲချီလုံးမှာ အဆက်မပြတ် လှုပ်ခါနေပြီး ချင်မူသည် ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ပြန်လည်သက်သာလာရန် အကြိမ်ကြိမ် ကြိုးစားနေသော်လည်း အကြိမ်တိုင်း ချေမှုန်းခံနေရသည်။

"မင်းနဲ့ ငါက တစ်ဂိုဏ်းတည်းသားပဲ… မင်းသာ ဖရိုဖရဲတာအို ရပြီး တာအိုခန်းမကို ကျင့်ကြံနိုင်ခဲ့ရင် ငါ မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး…. ဒါပေမဲ့ မင်းက အစစ်အမှန်သခင်လေးခုနစ် ဖြစ်မလာသေးဘူး"

သခင်လေးကျစ်ရှောင် ဓားကို သိမ်း၍ ချာခနဲ လှည့်လိုက်၏။ "သခင်လေး ဖြစ်မလာသရွေ့ ငါ့ ပြိုင်ဘက် မဟုတ်ဘူး… ဒါပေမဲ့ သခင်လေး ဖြစ်လာရင်တောင် ငါတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်တွေကို သတ်ဖြတ်ပြီး ၁၇စင်းမြောက် စကြ၀ဠာဆီ ဆင်းသက်လာတာကို ထိုင်ကြည့်နေရုံပဲ တတ်နိုင်လိမ့်မယ်… ခုနစ်၊ မင်း ရှုံးသွားပြီ"

သူက ခေါင်းမော့၍ မီလော့နန်းတော် အပြင်ဘက်မှ ဖရိုဖရဲမြစ်ဆီ ကြည့်ကာ မျက်နှာ အနည်းငယ်ပျက်သွားသည်။

ချင်မူမှာ သူ့တာအိုဓားကွက်၏ စွမ်းအားထဲတွင် ရုန်းကန်နေရဆဲ ဖြစ်၏။ အကြိမ်ကြိမ် ပျက်စီးလိုက် မွေးဖွားလိုက် ဖြစ်နေသော်လည်း ထူးဆန်းသည်စွာဖြင့် မီလော့နန်းတော်အပေါ် ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်း ဖိနှိပ်ထားခြင်းက ရပ်တန့်မသွားချေ။

ချင်မူသာ သူ၏ဓားကွက်ထဲတွက် လုံး၀ ပိတ်မိနေပါက စကြဝဠာဆယ့်ခြောက်စင်း၏ ပျက်စီးခြင်းကပ်ဘေးတို့ လှုပ်ရှားနေခြင်း ရပ်တန့်သွားမည် ဖြစ်ပြီး နေရာဟင်းလင်းပြင်မှာ ဖိနှိပ်ချုပ်နှောင်ခံထားရတော့မည်မဟုတ်ချေ။ သို့သော် ဖရိုဖရဲများက ဆက်လက်ဖြစ်နေသေး၏။ အဖြေတစ်ခုတည်းသာ ရှိသည်။

သူ၏ဓားကွက်က ချင်မူ့ကို အပြည့်အဝ မချုပ်နှောင်ထားနိုင်သေးဘဲ ခွန်အားတချို့ ကျန်ရှိနေသေး၏။

သခင်လေးကျစ်ရှောင် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ဖရိုဖရဲချီလုံးမှာ မည်သည့် ပြောင်းလဲမှုမျှ မရှိတော့ဘဲ မလှုပ်ရှားတော့သည်ကို တွေ့လိုက်ရသည်။

"မီလော့နန်းတော် သခင်လေးခုနစ်ယောက်က အောင်မြင်မှု ကိုယ်စီရှိကြသလို ထင်ရပေမယ့် တကယ်တော့ သူတို့အားလုံးက ကမ္ဘာဦးဖရိုဖရဲ သင်္ကေတရဲ့ အခြေခံပေါ်မှာ တည်ဆောက်ထားတာပဲ"

ချင်မူ၏ အသံက ဖရိုဖရဲချီလုံးထဲမှ ထွက်ပေါ်လာ၏။ "ကမ္ဘာဦးဖရိုဖရဲ သင်္ကေတအပေါ် သိမြင်နားလည်မှု အတိမ်အနက်က ကျင့်ကြံခြင်းအဆင့်ကို ကိုယ်စားပြုတယ်…သခင်လေးတစ်ရဲ့ တာအိုက အနက်ရှိုင်းဆုံးပဲ… သခင်လေးနှစ် ကတော့ ကမ္ဘာဦးဖရိုဖရဲ သင်္ကေတစနစ်ကနေ ခုန်ထွက်ဖို့ ကြိုးစားပြီး အဝေးဆုံးအထိ ရောက်ခဲ့တယ် … တာအိုအရာမှာတော့ ကျွန်တော်က ခင်ဗျားတို့အားလုံးအောက် နိမ့်ကျတယ်… ဒါပေမဲ့ ကျွန်တော်က ကမ္ဘာဦးဖရိုဖရဲ သင်္ကေတစနစ်ကနေ ခုန်ထွက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ"

သခင်လေးကျစ်ရှောင်မှာ မျက်နှာပျက်သွားပြီး တာအိုဓားကို ဆွဲထုတ်လိုက်သည်။ မရေမတွက်နိုင်သော မဟာခြုံလွှမ်းကောင်းကင်ဘုံများထဲမှ ဓားရောင်များ ပျံသန်းထွက်ပေါ်လာပြီး ဖရိုဖရဲချီလုံးထဲသို့ ထိုးစိုက်၀င်ရောက်သွားကြသည်။

သို့သော် ထိုဓားရောင်များ ဖရိုဖရဲချီထဲသို့ ထိုးစိုက်ဝင်ရောက်သွားသောအခါ ရွံ့နွားရုပ်တစ်ရုပ် ပင်လယ်ထဲ နစ်မြုပ်သွားသကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားချေသည်။

ဖရိုဖရဲချီလုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ချင်မူ၏ ပုံရိပ်က ရှင်းလင်းပြတ်သားလာသည်။ "ဆရာက သခင်လေးခုနစ်ယောက်ရဲ့ အောင်မြင်မှုကို မအောင်မြင်နိုင်ခဲ့ပေမယ့် သူရဲ့ ကမ္ဘာဦးဖရိုဖရဲတာအိုအပေါ် သိမြင်နားလည်မှုက ကျွန်တော်တို့ထက် မြင့်မားတယ်…ဒါက ကျွန်တော်တို့ သူ့ကို မကျော်ဖြတ်နိုင်ရတဲ့ အကြောင်းရင်းပဲ… သခင်လးနှစ်ဟာ သူ့ရဲ့ ‌လောင်းရိပ်ကနေ လွတ်မြောက်ချင်လို့ အဆုံးသတ်မြို့ပျက်တာအိုကို ရွေးချယ်ခဲ့တယ်…. ဒါပေမဲ့ အဆုံးသတ်မြို့ပျက်တာအိုရဲ့ အခြေခံကလည်း ကမ္ဘာဦးဖရိုဖရဲ သင်္ကေတဖြစ်နေတုန်းပဲ…. ဒါပေမဲ့ ကျွန်တော်ကတော့ မတူဘူး…. ကျွန်တော်က ကမ္ဘာဦးဖရိုဖရဲ သင်္ကေတကို အခြေခံပြီး ဖရိုဖရဲသင်္ကေတကို ဖန်တီးခဲ့တယ်…. ဒီ ဖရိုဖရဲသင်္ကေတမျိုးကို..."

သူ ခန္ဓာကိုယ် ပေါ်ထွက်လာပြီး သခင်လေးကျစ်ရှောင် ထိုးစိုက်လိုက်သော ဓားကွက်ကို ရင်ဆိုင်လိုက်၏။

ချင်မူက လက်မြှောက်၍ ထိုးစိုက်လာသော ဓားရောင်ကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ယူလိုက်သည်။ သူ၏ မျက်နှာတွင် အပြုံးတစ်ပွင့် ဖြစ်ထွန်းလာသည်။ "ယွမ်"

သူ၏ လက်ချောင်းနှစ်ချောင်းက သခင်လေးကျစ်ရှောင်၏ တာအိုဓားကို ညှပ်လိုက်ရာ တာအိုဓားထဲတွင် ပုန်းကွယ်နေသည့် ပြောင်းလဲမှုအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။ သခင်လေးကျစ်ရှောင်က ချက်ချင်း ဓားဆွဲထုတ်၍ တာအိုသစ်ပင်ဓားဖြင့် ချင်မူ့အား တိုက်ခိုက်လိုက်သည်။

"ယွမ်က ဖရိုဖရဲသင်္ကေတရဲ့ နာမည်ပဲ"

ချင်မူ့အနောက်တွင် လောကသစ်ပင် ပြန်လည်ပေါ်ထွက်လာပြီး အဆုံးသတ်မြို့ပျက်ကြာပန်းလည်း ထွက်ပေါ်လာသည်။ ဘိုးဘေးနန်းတော်က ကျယ်ပြန့်၍ အဆုံးမရှိသောကြောင့် ချင်မူက လက်မြှောက်၍ တာအိုသစ်ပင်ဓားထိပ်ဆီသို့ လက်ညှိုးထိုးလိုက်သည်။ "ကမ္ဘာဦးဖရိုဖရဲမှာ သင်္ကေတတစ်ခုတည်းပဲ ရှိတယ်…” သူက တည်ကြည်လေးနက်စွာ ပြောသည်။ “ဆရာက တစ်ခုတည်းနဲ့ အရာအားလုံးကို ဆင့်ကဲပြောင်းလဲစေခဲ့တယ်… ဒါပေမဲ့ ယွမ်က မတူဘူး… ယွမ်က ဖြစ်တည်ခြင်းနဲ့ မဖြစ်တည်ခြင်းအကြားမှာ ရှိတယ်… ကမ္ဘာဦးဖရိုဖရဲသင်္ကေတ ဖြစ်နိုင်သလို တခြား သင်္ကေတအားလုံးအဖြစ်လည်း ပြောင်းလဲနိုင်တယ်… ရှုပ်ထွေးနေတဲ့ ဖရိုဖရဲဖြစ်ပြီး ခန့်မှန်းလို့ မရနိုင်ဘူး..”

သူ၏ လက်ထဲတွင် ဖရိုဖရဲဓားတစ်လက် ရုတ်တရက် ပေါ်လာပြီး သခင်လေးကျစ်ရှောင်၏ တာအိုပန်းပွင့်ဓားအား ရင်ဆိုင်လိုက်၏။ ၎င်းမှာ တျန်းတု လောကဖန်ဆင်းဓားပင်။

ဓားနှစ်လက် တိုက်မိသွားသည့်အခါ ဖရိုဖရဲဓား ပေါက်ကွဲသွားသည်။

သခင်လေးကျစ်ရှောင်၏ ဓားရောင်က ချင်မူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း ချင်မူမှာ မခံစားမိသည့်အလားပင်။ သူ့လက်ထဲတွင် ဖရိုဖရဲပုဆိန်တစ်လက်က ရုတ်တရက် ပေါ်လာပြီး ထိုက်ယီသစ်ပင်ခုတ်သိုင်းကွက်ကို အသက်သွင်းလိုက်သည်။ သခင်လေးကျစ်ရှောင်က သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ရာ တာအိုသစ်သီးဓားသည် ဖရိုဖရဲပုဆိန်အား ခုတ်ပိုင်းလိုက်၏။

မီလော့နန်းတော်ပေါ်တွင် သူတို့၏ ခန္ဓာကိုယ်များ တဖျတ်ဖျတ် ရှပ်ပြေးနေကြသည်။ သခင်လေးကျစ်ရှောင်သည် နောက်ဆုံး၌ သူ၏ အပြင်းထန်ဆုံး ဓားကွက်ဖြစ်သည့်၊ တာအိုခန်းမဓားအား အသက်သွင်းကာ ချင်မူ့ကို ရင်ဆိုင်တိုက်ခိုက်လိုက်၏။

သူ့အနေဖြင့် ချင်မူ၏ ဖရိုဖရဲသင်္ကေတ နားမလည်နိုင်သော်လည်း ကျင့်ကြံခြင်းအခြေခံတွင် ချင်မူက သူ့အောက် နိမ့်ကျနေသေးသည်။

ထို့မျှသာမက ချင်မူ့တွင် ယွမ်ဟူသော သင်္ကေတ ရှိနေသော်လည်း သူ၏ ကောင်းကင်နတ်သိုင်းမှာ ဖရိုဖရဲ ကောင်းကင်နတ်သိုင်း မဟုတ်‌ချေ။

ချင်မူ့၏ ကောင်းကင်နတ်သိုင်းအား မည်သို့ ချိုးဖျက်ရမည်ကို ကျစ်ရှောင် နှစ်ပေါင်းသုံးကုဋေနှင့်တစ်ဝက်တိတိ တွေးတောစဥ်းစားခဲ့သည်။ ထို့ကြောင့် ချင်မူ၏ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ရန်မှာ သူ့အတွက် လွယ်ကူလှ၏။

တစ်ချိန်တည်းမှာပင် သခင်လေးလင်းရှောင် မျက်နှာပျက်ယွင်းသွားသည်။ သူက ခုန်၍ မြစ်ရေပြင်ရှိ ဖရိုဖရဲချီထဲမှ ထွက်ပေါ်လာသော ဓားရောင်ကို ကပ်သီလေး ရှောင်တိမ်းလိုက်၏။

"လေးရဲ့ ဓားတာအို ကောင်းကင်နတ်သိုင်း"

သူ့မှာ အံ့အားသင့်သွားမိသည်။ မြစ်တွင် ဖရိုဖရဲများ အဆုံးမသတ်နိုင်အောင် ပြန့်ကြဲနေပြီး သခင်လေးလေး ကျစ်ရှောင်၏ တာအိုဓားစွမ်းအားက တဟုန်ထိုး ပြေးဝင်လာ၏။ သခင်လေးလင်းရှောင်မှာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး တာအိုလှံကို ဝှေ့ယမ်းလျက် ဓားတာအို တစ်ကွက်ပြီးတစ်ကွက်အား ဖျက်ဆီးလိုက်သည်။ သူ၏ နှလုံးသားမှာ လေးလံလာတော့သည်။

"ဒါက ကောင်းကင်နတ်အရှင်ဟောင်ကို သတ်ခဲ့တဲ့ ဖရိုဖရဲ ကောင်းကင်နတ်သိုင်းပဲ"

သူ၏အတွေးများ မှန်တစ်ချပ်သဖွယ် ကြည်လင်နေသည်။ သူသည် ကောင်းကင်နတ်အရှင်ဟောင်၏ သေဆုံးမှုကို ယခင်က လေ့လာခဲ့ဖူး၏။

ကောင်းကင်နတ်အရှင်ဟောင်မှာ ချင်မူ့ဓားဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ကိုးဆယ့်သုံးနှစ်အကြာတွင် အနန္တအဘိုးအို၏ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများကြောင့် သတ်ဖြတ်ခံခဲ့ရသည်။

အနန္တအဘိုးအို၏ ကောင်းကင်နတ်သိုင်းများက အဆုံးသတ်မြို့ပျက်တိုက်ပွဲတွင် ချင်မူကို တိုက်ခိုက်ခဲ့သော်လည်း ချင်မူကို လှည့်ပတ်နေသည့် ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းထဲသို့ ကျဆင်းပျောက်ကွယ်သွားခဲ့၏။

၎င်းက ဖရိုဖရဲ ကောင်းကင်နတ်သိုင်းကို ချင်မူ ပထမဆုံးအကြိမ် ထုတ်သုံးခြင်းပင်။

ယခုတွင် သခင်လေးကျစ်ရှောင်၏ ကောင်းကင်နတ်သိုင်းက ရုတ်တရက် ထွက်ပေါ်လာချေပြီ။ ချင်မူသည် သခင်လေးကျစ်ရှောင်၏ ကောင်းကင်နတ်သိုင်းကို သုံးလျက် သူ့ကို တိုက်ခိုက်နေသည့် အဓိပ္ပာယ်ပင်။

"လေးက သူ့ရဲ့ ဖရိုဖရဲ ကောင်းကင်နတ်သိုင်းထဲမှာ… သူ့ရဲ့ ကောင်းကင်နတ်သိုင်းကို ခုနစ် ငှားယူနေတာ သိမှာမဟုတ်ဘူး"

ချွင်… ချွင်…ချွင်…ချွင်…

လှံချင်များက မိုးသဖွယ် ရွာကျ၍ ဓားတာအို ကောင်းကင်နတ်သိုင်းများကို တားဆီးထားသည်။ သခင်လေးလင်းရှောင်၏ မျက်နှာမှာ ပိုပို၍ တည်ကြည်လေးနက်လာ၏။ သူသည် မီလော့နန်းတော်နှင့် အတော်လေး နီးကပ်နေသော်လည်း သခင်လေးကျစ်ရှောင်၏ ဓားတာအိုဖြင့် တားဆီးခံထားရသဖြင့် အရှိန်လျော့လာသည်။

မြစ်ဆယ့်ခြောက်စင်း၏ နေရာကလည်း ဆက်လက်ပြောင်းလဲနေသဖြင့် မီလော့နန်းတော်နှင့် ပိုပို၍ ဝေးကွာကောင်း‌ ဝေးကွာနေပေလိမ့်မည်။

"လေးရဲ့ တာအိုနှလုံးသားက လိုအပ်သေးတယ်… အသုံးချခံနေရတာတောင် မသိသေးဘူး"

သူက သူ၏သိုင်းကွက်များမှတစ်ဆင့် ချင်မူ သခင်လေးကျစ်ရှောင်အား ပြန်လည်မတိုက်ခိုက်နိုင်စေရန် လှံချက်များအား ထိန်းချုပ်ထားနေသည်။ သို့သော် သူနှင့် သခင်လေးကျစ်ရှောင်၏ စွမ်းဆောင်ရည်ကွာခြားချက်မှာ မကြီးမားလှချေ။ ခွန်အားအပြည့်အ၀ ထုတ်မသုံးပါက ကျစ်ရှောင်၏ ဓားကွက်ဖြင့် ဒဏ်ရာရနိုင်ချေက မြင့်မား၏။

တစ်ချိန်တည်းမှာပင် ကျောက်စိမ်းမြို့တော်ဤ ချင်ဖုန်းကျင့်သည် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို ထိန်းချုပ်ရင်း ကျောက်စိမ်းမြို့တော်ထဲမှ တာအိုသစ်ပင် တောအုပ်ဆီသို့ ပြေး၀င်သွား၏။ ဖရိုဖရဲကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများကား အပြင်းအထန် လည်ပတ်၍ တာအိုသစ်ပင် တောအုပ်ကြီးသို့ နင်းချေဝင်ရောက်သွားချေသည်။

ကောင်းကင်လှည်းဘီးပေါ်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင် သုံးထောင်တို့က တစ်ယောက်မကျန် လိုက်လံသတ်ဖြတ်နေကြသည်။

All Chapters