← Chapters

ချင်ချွမ်း၏ ချောင်းမြောင်းခြင်းနှင့် ဆရာ့အပေါ် သိတတ်မှုကြောင့် ထွက်ပေါ်လာသော စိတ်ခွန်အား

Vol. 5 Ch. 62

ချင်ချွမ်း၏ ချောင်းမြောင်းခြင်းနှင့် ဆရာ့အပေါ် သိတတ်မှုကြောင့် ထွက်ပေါ်လာသော စိတ်ခွန်အား

Vol. 5 Ch. 62

သိပ်မကြာလိုက်ဘဲ နှစ်လ ကုန်ဆုံးသွားပြန်သည်။

ချင်ကျီသည် ဂိုဏ်းထဲမှာသာ နေရင်း ကြိုးစားလေ့ကျင့်ခဲ့လေ၏။ အခါအားလျော်စွာ အတွေ့အကြုံတချို့အတွက် သူ အပြင်ထွက်ခဲ့သော်လည်း ပြဿနာများတော့ မရှာခဲ့ပေ။

၎င်းက လောကကြီး ငြိမ်းချမ်းသွားသောကြောင့် မဟုတ်ပေ။

အဓိကအကြောင်းရင်းမှာ ချင်ကျီ၏ခွန်အားက တော်တော်လေး တိုးတက်လာသောကြောင့်ပင်။ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှာရှိနေပြီဖြစ်သော သူသည် နေကိုးလုံးနယ်မြေထဲ၌ အားကောင်းသောကျင့်ကြံသူအဖြစ် သတ်မှတ်ခံရလေသည်။

အချိန်အများစုမှာ သူသည် ကိစ္စပေါင်းများစွာကို သူ့ဘာသာသူ ကိုင်တွယ်နိုင်ခဲ့၏။ ထို့အပြင် အသေးအဖွဲ့ လူဆိုးမိသားစုများကိုပင် တစ်ခါတစ်ရံ သူ ရှင်းပစ် နိုင်ခဲ့သည်။ ၎င်းက ပုံမှန်ပင်။

စနစ်က ထိုကဲ့သို့သော ကိစ္စသေးသေးလေးများကို ဂရုစိုက်မည် မဟုတ်သောကြောင့် ချင်ချွမ်းသည်လည်း စနစ်၏ အကြောင်းကြားသံကို နှစ်လတိုင်တိုင် မကြားခဲ့ရပေ။

သူသည် ကောင်းကင်းတက်လှမ်းနယ်ပယ်၊ တတိယအဆင့်၌ ဆက်လက် ရှိနေခဲ့၏။ သို့သော်လည်း သူ စိုးရိမ်ပူပန်နေခြင်း မရှိခဲ့ပေ။

အကြောင်းမှာ သူသည် စာအုပ်ပင်လယ်ထဲ၌ နှစ်မြုပ်နေသောကြောင့်ပင်။ အသိပညာမှာ စွမ်းအားတစ်ခုဖြစ်သောကြောင့် သင်ယူလေ့လာခြင်းက သူ့ကို ပျော်ရွှင်စေသည်။

သူ့အတွက် ဤကဲ့သို့ ငြိမ်းချမ်းစွာရရှိနေသော စာဖတ်ချိန်များက ရှားပါးပေ၏။ ထို့အပြင် အနာဂတ်၌ ထိုအားလပ်မှုကို ရရှိရန် ခက်ခဲနိုင်သည်။

သေချာပေါက် စာဖတ်ရှုခြင်း၌လည်း အနားယူရန် လိုအပ်ပေ၏။ သူသည် ရံဖန်ရံခါ စာကြည့်တိုက်ထဲမှ ထွက်ခွာကာ လေကောင်းလေသန့်ရှူတတ်သည်။ ယနေ့ သူ အပြင်ထွက်လာပြီးနောက် ဆွေးနွေးမှုများကို တိုက်ဆိုင်စွာ ကြားလိုက်ရ၏။

"ဟဲဟဲ...တကယ်ကို ကြက်တွေ ခွေးတွေတောင်မှ တာအိုရသွားခဲ့ရင် ကောင်းကင်ဘုံသို့ တက်ရောက်နိုင်တာပဲ၊ ရွှေ့ချင်းဟန်က တကယ်ကို အကျိုးကျေးဇူး ကြီးကြီးမားမား ရရှိသွားတာပဲ"

"ဟုတ်တယ် တစ်လအတွင်းမှာပဲ သူက မူလဒန်နယ်ပယ်၊ ပဉ္စမအဆင့်ကနေ သန့်စင်သောယန်နယ်ပယ်ကို တက်သွားခဲ့တယ်၊ သူ့ညီမဆီကနေ ကောင်းမွန်တဲ့အရာတစ်ခုခု ရခဲ့တာဟုတ်မယ်"

"သူ့ညီမနောက်မှာက မဟာအကြီးအကဲရှိနေတာလေ၊ ဒီလိုကြီးကျယ်ခမ်းနားတဲ့ပုဂ္ဂိုလ်ရဲ့လက်ချောင်းတွေကြားကနေ နည်းနည်းယိုဖိတ်လာတဲ့အရာက သူ့ကိုတစ်သက်တာလုံး ထောက်ပံ့ပေးဖို့ လုံလောက်တယ်"

"ဟင်း~ ငါ့မှာကျတော့ ဘာလို့များ အဲ့ဒီလိုကောင်းတဲ့ညီမမျိုး မရှိရတာလဲ၊ တကယ်ကို လူချင်းတူရင်တောင် ကံကြမ္မာချင်း မတူကြဘူးပဲ"

"မနာလိုဖြစ်နေလို့ အကျိုးမရှိဘူး...မနာလိုဖြစ်နေလို့ အကျိုးမရှိဘူး"

ထိုစကားများကို ကြားသောအခါ ချင်ချွမ်းတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။

ရွှေ့ချင်းဟန်လား။

ရွှေ့ချင်းရိုရဲ့အစ်ကိုလား။

သူ နားစွင့်ထားလိုက်မိ၏။ သူ၏ ထက်မြက်သောဗီဇက ထိုအရာများသည် သူတို့ ပြောနေသလောက် မရိုးရှင်းကြောင်း ပြောပြနေသည်။

တခြားလူများကတော့ ရွှေ့ချင်းဟန်သည် သူ့ညီမ၏ မျက်နှာသာပေးခံရမှုကြောင့် အကျိုးခံစားခွင့်ရခဲ့သည်ဟု သဘာဝကျစွာ ထင်ကြလိမ့်မည်။ သို့သော်ငြား သူ့အမြင်မှာတော့ ထိုပုံမှန်မဟုတ်သောဖြစ်ရပ်၌ လျှို့ဝှက်သော အရှုပ်အထွေးများ ရှိရမည်။

သူ့ဆီမှာ ရှိနေသော အလေ့အကျင့်အရ ထိုကဲ့သို့ အမြဲစဉ်းစားလေ့ရှိ၏။ အကြောင်းမှာ သူကိုယ်တိုင်က ထိုကဲ့သို့ ဖြစ်ရန် မျှော်လင့်နေ၍ပင်။

လူများသည် သူတို့ လိုချင်သောအရာများကိုသာ ယုံကြည်ချင်ကြ၏။ ထို့အပြင် ၎င်းကို အမှန်တရား အဖြစ် သက်သေပြနိုင်ရန်လည်း ကြိုးပမ်းကြလေသည်။ သူသည်လည်း ချွင်းချက်မဟုတ်ပေ။

"သူ့ကို စောင့်ကြည့်ဖို့ လိုတယ်ထင်တယ်"

ထိုအတွေးဖြင့် သူသည် ထိုကလေးထံ၌ မည်သည့်လျှို့ဝှက်ချက်များ ရှိနေမလဲဆိုတာကို သိရရန်အတွက် ရွှေ့ချင်းဟန်ကို ခဏတာမျှ လျှို့ဝှက်စွာ လေ့လာရန် ဆုံးဖြတ်ခဲ့သည်။

တခြားလူများကတော့ တခြားကိစ္စများထက် သူတို့၏ ကျင့်ကြံရေးအတွက်သာ အာရုံစိုက်ကြ၏။ ချင်ချွမ်းလည်း သဘာဝကျစွာပင် ထိုကဲ့သို့ အသေးအဖွဲ့ကိစ္စများကို စိတ်မဝင်စားပေ။ သို့သော်ငြား သူ့အနေဖြင့် ကျင့်ကြံရန် မလိုအပ်သောကြောင့် သူ့မှာ အားလပ်ချိန်များစွာရှိနေသည်။

ထို့ကြောင့် ချောင်းမြောင်းရန်မှာ သူ့အတွက် မခက်ခဲပေ။

ချင်ချွမ်းသည် အစွမ်းထက်သောနတ်ဘုရားဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားပြီးလေပြီ။ ထို့ကြောင့် သူ လက်ဖက်ရည်သောက်နေရင်း တစ်ချိန်တည်းမှာပင် ရွှေ့ချင်းဟန်၏ လှုပ်ရှားမှုတိုင်းကို ဝေးလံသော အကွာအဝေးမှ စောင့်ကြည့်နိုင်ခဲ့၏။

သူလျှိုနတ်ဆိုးကဲ့သို့ စောင့်ကြည့်ခြင်းမှတစ်ဆင့် ချင်ချွမ်းသည် ရွှေ့ချင်းဟန်က နေ့ဘက်တွင် ပုံမှန်အတိုင်းပြုမူပြီး ပုံမှန်လေ့ကျင့်ရေးအစီအစဉ်များအား လိုက်နာနေခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော်ငြား သူသည် ညဘက်မှာတော့ ပုံမှန်မဟုတ် စွာ စတင်ပြုမူခဲ့လေ၏။

ထိုကောင်လေးက အစွမ်းထက်သော ကျင့်ကြံရေးပညာရပ်တစ်ခုကို ကျင့်ကြံနေသလိုပင်။ ၎င်းက စွမ်းဆောင်ရည် မြင့်မားစွာ လုပ်ဆောင်နေခဲ့သောကြောင့် သူ့ခွန်အားက လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ထိုကျင့်ကြံရေးပညာရပ်သည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ အကြီးအကဲများ ကျင့်ကြံနေသော သိုင်းပညာရပ်များထက် ပို၍အဆင့်မြင့်နေလေ၏။ မဟာအကြီးအကဲများ၏ သိုင်းပညာရပ်များကိုပင် ကျော်လွန်နိုင်ဖွယ် ရှိသည်။

ထိုကိစ္စမှတဆင့် ချင်ချွမ်းသည် ထိုကောင်လေးက လျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ်တစ်ခုခုအား ရရှိခဲ့သည်ကို အတည်ပြုနိုင်ခဲ့၏။

သေချာပေါက် ထိုအမွေအနှစ်က သူ့ကို လုံးဝမဆွဲဆောင်နိုင်ပေ။ နောက်ဆုံးမှာတော့ သူက ကျင့်ကြံရန် မလိုအပ်ပေ။

သူ ပိုပြီးစိတ်ဝင်စားနေခြင်းမှာ ရွှေ့ချင်းဟန်၏ နောက်ကွယ်၌ လျှို့ဝှက်ဆန်းကြယ်သောဆရာတစ်ဦးရှိ မရှိကိုပင်။ ထို့အပြင် ထိုလူက အဓိကဗီလိန်တစ်ဦးဖြစ်နေလျှင် ပိုကောင်းပေသည်။

ထို့ကြောင့် သူ ဆက်လက်စောင့်ကြည့်ခဲ့၏။

ရက်ပေါင်းများစွာကြာအောင် ရွှေ့ချင်းဟန်သည် နေ့ဘက်တွင် ပုံမှန်လေ့ကျင့်နေခဲ့ပြီး ညဘက်တွင်မူ လျှို့ဝှက်စွာဖြင့် 'အထူးလေ့ကျင့်ရေး'အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

နောက်ဆုံး၌ သတ္တမမြောက်နေ့တွင် ဖြစ်၏။

သန်းခေါင်ယံ၌ ရွှေ့ချင်းဟန်သည် အနည်းငယ်လှုပ်ရွလာပြီး သူ့ဝမ်းဗိုက်ကို ကိုင်လျက် 'ဗိုက်နာတယ်' ဟု ညည်းညူနေခဲ့သည်။ သူက အိမ်သာထသွားရန် ဟန်ဆောင်နေခြင်းပင်။

သူ့အခန်းဖော်သုံးယောက်စလုံးက သစ်တုံးများကဲ့သို့ အိပ်ပျော်နေကြကာ မသင်္ကာသည့်ပုံရိပ်များ မရှိခဲ့ပေ။ သူ တစ်ဖက်ကို လှည့်ကာ စောင်များဖြင့် သူတို့၏ ဦးခေါင်းများကို ဖုံးထားခဲ့လေ၏။

ရွှေ့ချင်းဟန်သည် မည်သည့်ရည်ရွယ်ချက်မှ မရှိသလိုမျိုး ဂိုဏ်းပတ်ပတ်လည်ကို လှည့်လည်သွားလာနေခဲ့သည်။ ထို့နောက် အိမ်သာသွားရန် အလျင်လိုနေသကဲ့သို့ ဟန်ဆောင်ပန်ဆောင်ဖြင့် သစ်တောတစ်ခုထဲသို့ ပြေးဝင်သွားခဲ့ကာ လမ်းလွဲများစွာကိုလည်း ဖန်တီးခဲ့သေး၏။

တောထဲသို့ဝင်ရောက်ပြီးနောက် သူ အမှောင်ထုထဲတွင် စမ်းတဝါးဝါး လှည့်ပတ်နေခဲ့သည်။ ထို့နောက် ကျယ်ပြန့်သောနေရာတစ်ခုကို ပတ်ပြီးနောက် တခြားသော တောဘက်ပိုင်းထဲသို့ ဝင်ရောက်ခဲ့၏။

သစ်ပင်အုပ်များစွာကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးမှာတော့ သူ့ဦးတည်ရာနေရာသို့ ရောက်ရှိလာခဲ့သည်။ ချုံပုတ်များ ဖုံးလွှမ်းနေသော နက်ရှိုင်းသည့် မြေနိမ့်ချိုင့်ကြီးပင်။

မြေနိမ့်ချိုင့်ကြီးက သိပ်မကြီးမားဘဲ အချင်း နှစ်မီတာ ခန့် ရှိပြီး အဝပိုကြီးသော ရေတွင်းအဝကဲ့သို့ပင်ဖြစ်ကာ အလွန်တိတ်ဆိတ်နေလေ၏။

ရွှေ့ချင်းဟန်သည် ချုံပုတ်များကို ဖယ်ရှားပြီးနောက် သတိထားကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူသွင်း၍ ခုန်ဆင်း လိုက်၏။

ချင်ချွမ်း၏နတ်ဘုရားဝိညာဉ်စွမ်းအားက သူ့အနောက် မှနေ၍ လိုက်ဆင်းသွားခဲ့သည်။

သူ၏နတ်ဘုရားဝိညာဉ်စွမ်းအားသည် စနစ်မှ ရောက်ရှိလာခြင်းဖြစ်ရာ အစင်ကြယ်ဆုံးသော နတ်ဘုရားဝိညာဉ်စွမ်းအား ဖြစ်၏။ ထို့ကြောင့် သူ ဖုံးကွယ်ထားချိန်တွင် တစ်ဖက်လူဘက်မှ ရှာဖွေတွေ့ရှိရန် ခက်ခဲလှသည်။

"ဒုန်း!"

ရွှေ့ချင်းဟန်သည် ခပ်အုပ်အုပ်အသံဖြင့် မြေနိမ့်ချိုင့်ကြီး၏ အောက်ခြေသို့ ဆင်းသက်သွားခဲ့၏။ ထို့နောက် မြေနိမ့်ချိုင့်ကြီး၏ အောက်ခြေမှာ ရုတ်တရက် လင်းလက်သွားလေသည်။

၎င်းက မြေအောက်ခန်းကဲ့သို့သော နေရာ ဖြစ်နေ၏။

နံရံများကို အရောင်အသွေးစုံလင်သော နံရံပန်းချီများဖြင့် အလှဆင်ထားသည်။ ထိုပန်းချီများက ထူးဆန်းကာ ရှေးကျနေလေ၏။

ထိုနေရာ၌ အဘိုးအိုတစ်ဦး ရှိနေသည်။ သူ့အဝတ်အစားများက စုတ်ပြဲနေကာ ဆံပင်များကလည်း ဖရိုဖရဲဖြင့် ရှုပ်ပွနေလေ၏။ သူ့လက်နှင့်ခြေထောက်များမှာ နံရံများထက် ထူထဲသောသံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး ခေါင်းကို ငုံ့ထားလေသည်။

အသံကို ကြားသောအခါ အဘိုးအိုသည် သူ့ခေါင်းကို ဖြည်းဖြည်းချင်း မော့လာပြီး သူ့မျက်နှာပေါ်ရှိ အမာရွတ်များနှင့် တွန့်လိမ်နေသော မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လွင်လာ၏။

"မင်း ရောက်လာပြီလား"

ရွှေ့ချင်းဟန်က ချက်ချင်း ဒူးထောက်၍ လေးစားစွာ ပြောလိုက်သည်။

"အပြင်ဂိုဏ်းတပည့် ရွှေ့ချင်းဟန်က ဘိုးဘေးကို ဂါရဝပြုပါတယ်!"

"ဒီလိုမျိုး တစ်ရိုတစ်သေတွေ မလိုပါဘူး"

အဘိုးအိုက ပြုံးကာ ခေါင်းခါယမ်းလာပြီး ကြင်နာစွာ ပြော၏။

"မင်းက ငါ့ရဲ့အမွေကို ကျင့်ကြံခဲ့မှတော့ ငါ့ကို ဆရာ လို့ ခေါ်တာက ပိုသင့်တော်တယ်"

"ဒါ"

ရွှေ့ချင်းဟန်သည် အလွန်ဝမ်းမြောက်သွားခဲ့သည်။ ထို့နောက် တွန့်ဆုတ်ဟန်ဆောင်လိုက်ကာ...

"ဒါက… ကျွန်တော့်ရဲ့အဆင့်အတန်းနဲ့ဆိုရင် မသင့်လျော်ဘူး မဟုတ်လား"

"ငါက သင့်လျော်တယ်လို့ ပြောရင် သင့်လျော်တယ်ပဲ"

အဘိုးအိုက ရဲရဲဝံ့ဝံ့ ကြေညာ၏။

ထိုသို့ဖြင့် ရွှေ့ချင်းဟန်သည် နာခံမှုရှိစွာပင် အဘိုးအိုကို ဆရာဟု ခေါ်လိုက်သည်။

"မှန်တယ်"

အဘိုးအိုက ကျေနပ်မှုများဖြင့် ခေါင်းညိတ်၍ ပြော၏။

"ငါက မင်းရဲ့ထူးခြားတဲ့အခြေအမြစ်ကို အရင်ကတည်းက သတိထားမိခဲ့တာ ကြာပြီ၊ ဒါပေမဲ့ မင်းက အရမ်းနောက်ကျနေပြီဖြစ်တဲ့အချိန်ကျမှ စကျင့်ကြံခဲ့လို့ အကောင်းဆုံးကာလကို လွဲချော်သွားခဲ့တယ်၊ ဒါကြောင့် မင်းရဲ့အလားအလာကို မထုတ်ဖော်နိုင်ခဲ့တာ"

"ဒီနေ့ ငါ မင်းရဲ့အလားအလာကို ဖွင့်ပေးဖို့ နောက်ထပ်လျှို့ဝှက်သိုင်းပညာတစ်ခုကို ပေးမယ်၊ ကိုးယန်နတ်ဘုရားပညာရပ်လို့ အမည်ရတယ်၊ မင်း ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်တော့"

၎င်းကို ကြားသောအခါ ရွှေ့ချင်းဟန်သည် အမြန်ပင် သူ့ခြေထောက်များကို ပလ္လင်ခွေထိုင်၍ သူ့မျက်လုံးများကို ပိတ်လိုက်သည်။ ထို့နောက် ကောင်းကင်သို့ထောင်ထားသည့် လက်ငါးချောင်းဟန်ပန်ကို လုပ်လိုက်လေ၏။

အဘိုးအိုသည် ထိုအကာအကွယ်မဲ့သော လူငယ်ကို ကြည့်၍ သူ့မျက်လုံးများထဲ၌ လောဘရိပ်တစ်ခုက လက်ခနဲ ပေါ်ပေါက်သွားခဲ့သည်။

ဘယ်လောက်တောင်မှ ကြီးမားတဲ့ အခွင့်အရေးလဲ!

ဒီလူငယ်လေးက အခုဆို သူ့ကို လုံးဝ ယုံကြည်နေလေပြီ။ အခု သူ့ခန္ဓာကိုယ်ကို သိမ်းယူချင်လျှင် တွန်းလှန်ခြင်း မရှိနိုင်တော့ပေ။

သို့သော်

ဤခန္ဓာကိုယ်က သူ၏စွမ်းအားကြီးမားသော နတ်ဘုရားဝိညာဉ်ကို ခံနိုင်ရည် မရှိပေ။ အတင်းအကြပ်လုပ်လျှင် ပြိုလဲသွားလိမ့်မည်။

ထိုလူငယ်လေးက နောက်ထပ် နည်းနည်းလောက် ကျင့်ကြံထားရန် လိုအပ်၏။

"လာပြီ"

အဘိုးအိုက နက်ရှိုင်းသောအသံဖြင့် ပြောလာပြီး သူ့နဖူးက စတင်တောက်ပလာသည်။ ရေတွက်၍မရသော ရွှေရောင်စာလုံးများက ထွက်ပေါ်လာပြီး ရွှေ့ချင်းဟန် ၏ နဖူးထဲသို့ ဝင်ရောက်သွားခဲ့၏။

ချက်ချင်းပင် ရွှေ့ချင်းဟန်၏ မျက်နှာပေါ်၌ နာကျင်မှု အရိပ်အယောင်များ ပေါ်လာသည်။ သူ့နဖူးထက်တွင် ချွေးများလည်း စိမ့်ထွက်နေလေ၏။ သို့သော်ငြား သူသည် အံတင်းတင်းကြိတ်ထားပြီး အသံတစ်သံမှ မထွက်စေဘဲ တောင့်ခံနေသည်။

အချိန်အတော်ကြာပြီးနောက် ပေးပို့မှုက နောက်ဆုံးမှာ တော့ ပြီးဆုံးသွားခဲ့၏။

"အဟွတ်! အဟွတ်! အဟွတ်!"

အဘိုးအိုက အနည်းငယ် ချောင်းဆိုးလာပြီး သူ့မျက်နှာ ပေါ်တွင် အားနည်းနေသော အရိပ်အယောင်များ ပေါ်လာသည်။

"ဆရာ ဘာဖြစ်လို့လဲ"

ရွှေ့ချင်းဟန်က အမြန်ထလာပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေ၏။

"ဟဲဟဲ… ဘာမှမဖြစ်ပါဘူး၊ ဒီအတိုင်း အဲ့ဒီသစ္စာဖောက်တပည့်က ငါ့ကို အချိန်အကြာကြီး ချုပ်နှောင်ထားခဲ့တာမလို့ ငါ့ရဲ့စွမ်းအင်အနှစ်သာရတွေက ဆက်တိုက် ပျက်စီးခဲ့ရတယ်၊ ဒါကြောင့် ငါ့ရဲ့ကျင့်ကြံမှုက ကျဆင်းနေပြီး အဲ့ဒါကို ဆက်ပြီးထိန်းထားဖို့က ငါ့အတွက် ခဲယဥ်းတယ်"

အဘိုးအိုက ခါးသီးသော အပြုံးတစ်ခုဖြင့် ပြောလာသည်။

"ဆရာကို လှည့်ဖြားပြီး ဖျက်ဆီးခဲ့တဲ့ အဲ့ဒီသစ္စာဖောက်တပည့်ကို ဆရာအတွက် တရားမျှတမှုရအောင် ကျွန်တော် သေချာပေါက်သတ်ပေးမှာပါ!"

ရွှေ့ချင်းဟန်က သွားများကိုကြိတ်လျက် ပြောလာ၏။

"ထားလိုက်ပါတော့၊ မင်း ပိုပြီးသန်မာလာတဲ့အခါကျ သူ အသက်ရှင်နေသေးလို့ သူ့ကို အနိုင်ယူနိုင်ခဲ့ရင် လုံလောက်ပါပြီ၊ လူတိုင်းက နောင်တရဖို့ ထိုက်တန်တယ်"

အဘိုးအိုသည် စိတ်မကောင်းစွာ သက်ပြင်းချလာပြီး ကရုဏာအသံဖြင့် ပြောလာသည်။

"ဟင်း~ အဲ့ဒီတုန်းက ငါ သူ့ကို အရမ်းအလိုလိုက်ခဲ့မိတာ၊ ဒါကြောင့်ပဲ သူ့ကို ဒီလမ်းဆီ ဦးတည်စေခဲ့မိတာ…"

ရွှေ့ချင်းဟန်က သူ့နှုတ်ခမ်းများကို တင်းတင်းစေ့၍ ဘာမှမပြောဘဲ သူ့လက်သီးများကို တိတ်တဆိတ် ဆုပ် ထားလေ၏။ သူက ဒေါသထွက်နေပုံ ရကာ သူ့ဆရာ၏ နူးညံ့သောစိတ်ထားကို သဘောမတူချင်ပုံ ရသည်။

အဘိုးအိုက ညင်သာစွာ ပြုံးလျက်...

"အများကြီး မတွေးနဲ့၊ မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် သူ့ကိုသတ်ချင်ရင်တောင် ဝေးလွန်းပါသေးတယ်၊ အရင်ဦးဆုံး ကောင်းကင်တက်လှမ်းနယ်ပယ်ကို ရောက်အောင် ကျင့်ကြံပါ၊ ပြီးမှ ငါ့ကို ဒီနေရောင်မရှိတဲ့နေရာကနေ ထုတ်ပေးပါ"

ရွှေ့ချင်းဟန်၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ သူ့မျက်နှာပေါ်တွင် အပြစ်ရှိသော အရိပ်အယောင်များ ပေါ်လာသည်။ သူ့ဆရာ၏ ဝေဒနာကို မလျှော့ပေးနိုင်သည့်အတွက် အပြစ်ရှိသလို ခံစားနေရပုံ ပေါ်၏။

ဘယ်လိုတောင် ပေးဆပ်တတ်တဲ့ဆရာနဲ့ တပည့်ဝတ်ကျေပွန်တဲ့ တပည့်လဲ။

******************

All Chapters