← Chapters

အလွန်အကျွံယုတ်မာသူ

Vol. 5 Ch. 64

အလွန်အကျွံယုတ်မာသူ

Vol. 5 Ch. 64

"မင်း ဆိုလိုတာက…ဒီအဘိုးကြီးရဲ့အထွတ်အထိပ်ကာလကို ပြန်ရရှိဖို့ မင်းက ကူညီချင်တာလား၊ ငါပြန်ကောင်းလာတာနဲ့ မင်းကိုသတ်မှာ မကြောက်ဘူးလား"

အဘိုးအိုက သံသယဖြစ်စွာ မေးလာသည်။

"ဟားဟား! ခင်ဗျားတစ်ယောက်တည်းနဲ့လား၊ ခင်ဗျားက ကျုပ်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူး"

ချင်ချွမ်း လှောင်ပြောင်လိုက်၏။ ထို့နောက် နည်းဗျူဟာ ချမှတ်လိုက်သည်။

"ကျုပ်တို့ လောင်းကစားလုပ်ရင် ဘယ်လိုလဲ"

"ဘာလောင်းမှာလဲ"

အဘိုးအိုက မျက်မှောင်ကြုတ်လျက် မေးလာ၏။

"ကျုပ် ခင်ဗျားကို အစွမ်းပြန်ရအောင် ကူညီပေးမယ်၊ ခင်ဗျားကသာ အထွတ်အထိပ်ကာလကို ပြန်ရောက်ရှိပြီး ကျုပ်ကို အနိုင်ယူနိုင်ခဲ့ရင် ကျုပ် စကားတစ်ခွန်းမှမပြောဘဲ အရှုံးပေးမယ်၊ ဒါပေမဲ့ အဲ့ဒီအချိန်ရောက်တာတောင် ကျုပ်ကို မယှဉ်နိုင်သေးရင် ခင်ဗျားက ကျုပ်ရဲ့ကျွန်လုပ်ရမယ်"

ချင်ချွမ်းက တည်ငြိမ်စွာ ပြောသည်။

"ဟား! လောဘကြီးချက်!"

အဘိုးအိုက နှာမှုတ်၍ အေးစက်စွာ ပြော၏။

"မင်းက သေချင်နေမှတော့ ငါက ဘာလို့များ မင်းနဲ့ ဒီလောင်းကစားကို မလုပ်ရမှာလဲ"

"ကောင်းပြီလေ!"

ချင်ချွမ်း ကျေနပ်စွာ ပြုံးလိုက်သည်။

ရိုးရိုးသားသားပြောရလျှင် သူ ဤလောင်းကစားကို အလေးအနက် မထားပေ။ ထို့အပြင် တစ်ဖက်လူက ကတိစောင့်တည်လိမ့်မည်ဟု သူ မယုံကြည်ထားပေ။

ဤကဲ့သို့ လုပ်ရသည့်အကြောင်းရင်းမှာ သူ ပျင်းရိ၍ သက်သက်လိုက်လုပ်နေတာဟု သူ့သား ထင်စေရန်နှင့် သူ့လုပ်ရပ်များအတွက် အကြောင်းပြချက်တစ်ခုရှာရန်သာဖြစ်၏။

"ခင်ဗျား ဘာလိုအပ်လဲ ပြောလိုက်"

ချင်ချွမ်းသည် 'မင်းတောင်းတာ ရလိမ့်မယ်' ဟူသော ပုံစံဖြင့် အဘိုးအိုကို ငုံ့ကြည့်နေသည်။ အဘိုးအိုက ခေတ္တ စဉ်းစားကာ နှာမှုတ်လာပြီး...

"ငါ ဒီမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တယ်၊ ငါ့ရဲ့စွမ်းအင်အနှစ်သာရတွေက ဒီလိုထူးဆန်းတဲ့ သံကြိုးတွေကြောင့် ကုန်ဆုံးခဲ့ရတယ်၊ အခုဆို ခမ်းခြောက်လုနီးပါးဖြစ်နေပြီ၊ မင်း ဒီသံကြိုးတွေကို ဖြတ်တောက် နိုင်ရင်တော့ အကောင်းဆုံးပဲ"

"ဒါပေမဲ့ ငါ သိပါတယ်၊ မင်း ဒီသံကြိုးတွေကို ဖြတ်တောက်နိုင်သည် ဖြစ်စေ...မဖြတ်တောက် နိုင်သည် ဖြစ်စေ၊ မင်း ငါ့ကို ဖြတ်တောက်ပေးဖို့ ကူညီ မှာ မဟုတ်ဘူး"

"ဒါကြောင့် ငါ့ရဲ့စွမ်းအင်အနှစ်သာရတွေကို ပြန်ဖြည့်တင်းဖို့အတွက် စိတ်ဝိညာဉ်ဆေးများများနဲ့ စိတ်ဝိညာဉ်ကျောက်တုံးများများ ယူလာပေးပါ၊ အများကြီးရှိလေ ကောင်းလေပဲ"

ချင်ချွမ်းသည် ရွှတ်နောက်နောက် ရယ်မောကာ...

"စိတ်မကောင်းပါဘူး ကျုပ်လည်း အခု တော်တော်ဆင်းရဲနေတယ်၊ ခင်ဗျားအတွက် အပိုပေးစရာ မရှိ ဘူး"

"မင်း!!"

အဘိုးအိုသည် သူ လှည့်ဖြားခံလိုက်ရသည်ဟု ထင်လိုက်မိ၏။ သို့သော်ငြား ချင်ချွမ်းက ချက်ချင်း ပြောလာသည်။

"ဒါပေမဲ့ ကျုပ် အဲ့တာတွေကို စုဆောင်းချင်ရင် မခက်ခဲပါဘူး… ဖြည်းဖြည်းလုပ်ပါ...အလျင်မလိုပါနဲ့"

ထိုစကားကို ပြောပြီးနောက် အဘိုးအိုကို အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် သူ ကြည့်လိုက်၏။ ထို့နောက် သူ ချင်ကျီနှင့်အတူ ချိုင့်ထဲမှ ပျံသန်းထွက်ခွာလိုက်သည်။

ချိုင့်ထဲမှ ထွက်ခွာပြီးနောက် ချင်ကျီက မေးလာသည်မှာ...

"အဖေ အဖေ သူ့ကို တကယ် ယုံတာလား၊ သူ ကတိမတည်ရင် ဘယ်လိုလုပ်မလဲ"

ချင်ချွမ်း သူ့သားကို ငုံ့ကြည့်ကာ ပြုံးလိုက်၏။

"ဘယ်လိုလုပ်ရမလဲဆိုတော့ သူ့ကို သတ်လိုက်ရုံပဲလေ"

အာ...

ချင်ကျီမှာ ခေတ္တ စကားမပြောနိုင် ဖြစ်သွားရသည်။ ထို့နောက် သူ မေးလိုက်၏။

"အဖေ သူ့ကို မယုံရင် ဘာလို့များ သူ့စွမ်းအားတွေ ပြန်ရအောင် ကူညီပေးမှာလဲ"

ချင်ချွမ်း ပခုံးတွန့်ကာ သက်ပြင်းချလိုက်သည်။

"အာ...ဘဝကြီးက အရမ်းပျင်းရိဖို့ကောင်းတယ်လေ၊ ပျော်စရာတစ်ခုလောက် ရှာတာက မဆိုးဘူး မဟုတ်လား"

ထိုအခါ ချင်ကျီတစ်ယောက် တိတ်ဆိတ်သွားတော့၏။

ချင်ကျီသည် သူ့နှုတ်ခမ်းများကို ဖိရင်း အရေးကြီးသော ကိစ္စတစ်ခုကို သူ လျစ်လျူရှုခဲ့မိမှန်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူ့အဖေက အလွန် အထီးကျန်နေ၏။

သန်မာသူများက အထီးကျန်တတ်ကြသည်ဟု ဆိုကြသည်။ စစ်မှန်သော သန်မာသူများသည် များစွာတွေ့မြင်ခဲ့ရပြီး အတွေ့အကြုံများစွာ ရှိခဲ့တာကြောင့် သူတို့၏ဘဝတွင် ပျော်ရွှင်မှုအနည်းငယ်နှင့် စိတ်လှုပ်ရှားမှု အနည်းငယ်သာ ကျန်ရှိတော့၏။

ပင်လယ်ရေများ၏ ခမ်းနားကြီးကျယ်မှုကို မြင် ပြီးသည်နှင့် တခြားရေများက အရေးမပါတော့ပေ။ တခြားသူများ ပါးစပ်အရသာရှိစွာ ပြောကြသော ကြီးမားသည့် ဖြစ်ရပ်များသည် သူ့အဖေ၏ နှလုံးသား ထဲ၌မူ အရေးမပါပေ။ တခြားသူများကို အံ့ဩ စေသော မြင်ကွင်းများစွာက သူ့အတွက် သာမန်သာ ဖြစ်သည်။

သူ့အဖေအတွက် ဤလောကကြီးသည် သာမန်ဆန်လွန်းပြီး အလွန်ပျင်းစရာကောင်းနေ၏။ သူ့ထံ၌ ဤလောကကြီးထဲတွင် မျှော်လင့်စရာတစ်ခုမှ မရှိနေပေ။

ထို့အပြင် သူက အလွန်မြင့်မားသောနေရာ၌ ရပ်တည် နေသောကြောင့် မိတ်ဆွေများ ရှားပါးလှပြီး သူ့ဘက်မှ တန်းတူဆက်ဆံနိုင်သူများလည်း အလွန်နည်းသည်။

"တကယ်တော့ ငါ အဖေ့ကို လုံလုံလောက်လောက်ဂရုမစိုက်ခဲ့ဘူးပဲ"

ချင်ကျီ၏ နှလုံးသားထဲ၌ အပြစ်ရှိသောခံစားချက်နှင့်အတူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းများ တိုးပွား လာခဲ့၏။ သူက အရည်အချင်းရှိသောသား မဟုတ်ခဲ့ပေ။

"မင်း ဘာတွေ စဉ်းစားနေတာလဲ...သွားကြစို့"

ချင်ချွမ်းက ချင်ကျီ၏ပုခုံးပေါ်တွင် သူ့လက်မောင်းကို တင်လာသည်။ ထို့နောက် သားအဖနှစ်ဦးသည် ဘေးချင်းယှဉ်လျက် လမ်းလျှောက်ကာ စကားပြောကြလေ၏။

"မင်းရဲ့ဆရာကို ပိုလျှံနေတဲ့ ဆေးဖော်စပ်နည်းအညွှန်းတွေရှိသေးလားလို့ မေးပေးပါဦး၊ အဖေ နောက်ထပ်နည်းနည်းလောက် မှတ်ပုံတင်ပြီး အရင်းအမြစ်တွေနဲ့ လဲလှယ်ရမယ်… မရှိရင်တော့ ထားလိုက်ပါ"

"ရှိတယ်!"

…

ထိုနေ့တွင် ချင်ချွမ်းသည် အင်ပါယာမြို့တော်သို့ နောက်တစ်ကြိမ် ခရီးထွက်ခဲ့သည်။

သူသည် စွမ်းအင်ဖြည့်တင်းခြင်းဆေးလုံးများကို ဝယ်ယူရန်အတွက် အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းသို့ သွားရောက်ခဲ့၏။ သူ၏ ဆေးဖော်စပ်နည်းသုံးမျိုးမှ ရရှိထားသော ဝင်ငွေကို စစ်ဆေးရန် လိုအပ်သည်။

အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းသို့ ရောက်သည်နှင့် သူ သည် အဂ္ဂိရတ်ဆရာအုပ်စုတစ်စု၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး ထိုလူအားလုံးက မျက်လုံးများ တောက်ပနေကြ၏။

လူငယ်ဖြစ်သည့် အဂ္ဂိရတ်ဆရာပေါက်စလေးများ ပင်လျှင် မျက်နှာလိုမျက်နှာရ လုပ်လာကြပြီး သူ့ကို 'ဆရာချင်'ဟု လေးစားသမှုဖြင့် လွန်လွန်ကဲကဲ ခေါ် လာကြသည်။

သူ ဆရာဖန်ချီနှင့်လည်း တွေ့ဆုံခဲ့လေ၏။ ထိုအခါကျမှသာ သူ၏ ဆေးဖော်စပ်နည်းသုံးမျိုးက ဒီလများအတွင်း အမြတ်အစွန်းများစွာ ရရှိခဲ့သည်ကို သဘောပေါက်ခဲ့ရသည်။

အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ချိုးဖောက်ခြင်းဆေးလုံးသည် တစ်လုံးကို စိတ်ဝိညာဉ်ကျောက်တုံးပေါင်း (၁၀)သန်းဖြင့် ဈေးနှုန်းသတ်မှတ်ထား၏။ လူများစွာကလည်း အသည်းအသန် ဝယ်ယူခဲ့ကြသည်။ အချိန်တိုလေးအတွင်းမှာပင် လေးရာကျော် ရောင်းချ ခဲ့ရ၏။

ယန်ဆေးလုံးကိုတော့ အမျိုးသားများက သိနားလည်ပြီးသားပင်။ အာဏာရှိသူများပင်လျှင် ထိုစွမ်းဆောင်ရည်ကို မပြဘဲ မနေနိုင်ကြပေ။

ထို့အပြင် ထိုပစ္စည်းသည် ဘေးထွက်ဆိုးကျိုးမရှိဘဲ ဖြတ်လတ်တက်ကြွမှုကို တစ်ကြိမ်တည်းဖြင့် ပြန်လည်ရရှိစေနိုင်သည်။ ၎င်းက အမျိုးသားများအတွက်မူ မည်သည့်လောကကြီးထဲမှာမဆို မည်မျှကုန်ကျသည် ဖြစ်စေ ဝယ်ယူမည့် အရာ ဖြစ်၏။

သက်တမ်းရှည်ဆေးလုံးပင်လျှင် အလွန်အကျွံမြှင့်ထားသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ခဲ့သည်။

ရှင်သန်ရပ်တည်နိုင်ခြင်းက အဘိုးအိုတစ်ဦးအပေါ်မှာ မူတည်နေသော မိသားစုများသည် သူ့ကို အချိန်ကြာမြင့်စွာ အသက်ရှင်နိုင်စေရန်နှင့် နောက်မျိုးဆက်များအထိ အာဏာသက်ရောက်နိုင်ရန်အတွက် စည်းစိမ်ဥစ္စာများကို အကုန်အကျခံလိမ့်မည်။ နှစ်ပေါင်းရာချီ စုဆောင်းထားသော မိသားစု၏ ပိုင်ဆိုင်မှုတစ်ဝက်ကိုပင် ရောင်းချ၍ ဆေးလုံးတစ်လုံး ကို ဝယ်ယူခဲ့ကြ၏။

အဂ္ဂိရတ်ဆရာများအဖွဲ့အစည်း၏ စည်းမျဉ်းများ အပေါ် အခြေခံ၍ ချင်ချွမ်းသည် ထိုဝင်ငွေများ၏ တစ်ဝက်ခန့်ကို ရရှိခဲ့သည်။ ၎င်းက ကြောက်မက်ဖွယ်ရာပင်။

ယခု သူသည် အဂ္ဂိရတ်ဆရာများအဖွဲ့အစည်း၏ အချမ်းသာဆုံး 'ဆရာ' ဖြစ်နေလေပြီ။ အဖွဲ့အစည်း၏ ဥက္ကဋ္ဌပင်လျှင် ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ချင်ချွမ်း၏ကြွယ်ဝမှုများ တိုးပွားနေသော ထိုအချိန်ကာလအတွင်း အင်ပါယာမြို့တော်၏အပြင်ဘက် မိုင်ပေါင်းတစ်ရာတွင် လူတစ်ဦးသည်လည်း သင်္ချိုင်းဂူကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေ၏။

သို့သော်ငြား

သင်္ချိုင်းဂူကြီးမှာ ဓားပြစီးခံထားရပြီး ခွေးတစ်ကောင် က အရိုးကို စုပ်ထားသကဲ့သို့ သေသပ်ရှင်းလင်းနေခဲ့သည်။ အတွင်းထဲမှာရှိသော အလောင်းအပေါ်ရှိ အလောင်းဖုံးပိတ်စကိုပင်လျှင် ခွာခဲ့ကြပြီး မြေပြင် ပေါ်သို့ ပစ်ချခဲ့ကြ၏။ ခေါင်းတလားအဖုံးပင်လျှင် မကျန်ခဲ့ဘဲ သင်္ချိုင်းဖောက်ဓားပြများက သယ်ဆောင် သွားခဲ့ကြသည်။

သူ သုံးပေအနက်ထိ မြေတူးခဲ့လေ၏။ ထို့နောက် နောက်ထပ် ထပ်တူးခဲ့ပြန်သည်။

...

ချင်ချွမ်းသည် ဆေးဖော်စပ်နည်းသုံးမျိုးမှ ရရှိသော ဝင်ငွေများအားလုံးကို စွမ်းအင်ဖြည့်တင်းခြင်းဆေးလုံးများနှင့် စိတ်ဝိညာဉ်မြက်များကို လဲလှယ်ခဲ့၏။

ဤစိတ်ဝိညာဉ်ဆေးလုံးများသည် ချိုင့်ထဲမှာ ပိတ်မိ နေသော နတ်ဆိုးအဘိုးကြီးကို ပြန်လည် ကောင်းမွန်လာစေမည်သာမက သူ့ကိုပင် ပေါက်ကွဲစေနိုင်သည်။

မထွက်ခွာခင်မှာ လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူသည် နောက်ထပ်ဆေးဖော်စပ်နည်းသုံးမျိုးကို ပေါ့ပေါ့ပါးပါး ထုတ်ပြလိုက်ပြန်၏။

ဒီတစ်ကြိမ်မှာတော့ ဆဋ္ဌမအဆင့် ဆေးဖော်စပ်နည်းများ ဖြစ်သည်။

"ဒီဒုက္ခအိုးကတော့!"

ထိုညတွင် အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းထဲ၌ စိတ်နှလုံးကြေကွဲဖွယ် အော်ဟစ်သံများ ပဲ့တင်သံထပ်သွားခဲ့၏။ ၎င်းမှာ ရှုံးနိမ့်နေသော ခွေးအုပ်ကြီး၏ စိတ်ပျက်အားငယ်ဖွယ် အော်ဟစ်သံများကဲ့သို့ပင်။

ပြောစရာရှိသည်မှာ...

အဂ္ဂိရတ်ဆရာများအဖွဲ့အစည်း၏ မြင့်မားသောလေးစားမှုနှင့် တင်းကျပ်သောစည်းမျဉ်းများသာ မရှိ ပါက အရူးတစ်ယောက်ပင်လျှင် အင်ပါယာမြို့တော်မှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။

၎င်းမှာ လုယက်မှုအတိုင်းပင်။

အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းရှိ ဥက္ကဋ္ဌအပါအဝင် ထိပ်တန်းအဂ္ဂိရတ်ပညာရှင်များအားလုံးသည် ဆေးဖက်ဝင်အပင်များကို ဝယ်ယူခြင်း၊ ဆေးလုံးများ ကို ဖော်စပ်ခြင်း၊ ဖောက်သည်များကို ခေါင်းပုံဖြတ်ခြင်း…အစရှိသော ထိုကိစ္စများအားလုံးကို ထိုပုဂ္ဂိုလ် အတွက် ပင်ပန်းကြီးစွာ လုပ်ကိုင်ပေးနေရသည်နှင့်တူလှသည်။

သို့သော်ငြား ရွေးချယ်စရာမရှိပေ။ ၎င်းက စည်းမျဉ်းများပင်။ ထို့အပြင် တိတိကျကျပြောရလျှင် ချင်ချွမ်း က သူတို့အတွက်လည်း ဝင်ငွေများစွာကို ယူဆောင်ပေးခဲ့၏။

အမှန်တရားကတော့ ဆေးလုံးများကို ဝယ်ယူခဲ့သည့် လူများကသာ ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

သိုးကို အမွေးနုတ်! သိုးကို အမွေးနုတ်!

တကယ်တမ်းတွင် အဆီများသောသိုးများကိုယ်တိုင်ကလည်း အမွေးနုတ်ခံရရန် ဆန္ဒရှိကြ၏။ ဖြစ်နိုင်သည်မှာ သူတို့၏အမွေးများအားလုံးကို ချွတ်ပစ်ခြင်းက သူတို့၏အသက်များကို ကယ်တင်နိုင်သောကြောင့်ပင်။

သေချာပေါက် ချင်ချွမ်းကတော့ ထိုအရာများကို ဂရုမစိုက်ခဲ့ပေ။ သူ့အာရုံစူးစိုက်မှုက အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းထံ၌ ကြာကြာမရှိခဲ့ပေ။

သူ့အတွက် အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းသည် ပိုက်ဆံထုတ်စက်ကဲ့သို့ပင်။

လိုအပ်သောအခါ ငွေထုတ်မည်၊ မလိုအပ်သောအခါ လျစ်လျူရှုနေမည်။

သူ အမြန်ပြန်သွားခဲ့ပြီး နေ့တစ်ဝက်အတွင်းမှာပင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲသို့ ပြန်ရောက်ခဲ့သည်။လမ်းတွင် သူ ယခင်က ရောက်ခဲ့ဖူးသော ပြိုကျနေသည့် တောင်ရှိရာသို့ တမင်ပြန်သွားခဲ့သေး၏။ သို့သော်ငြား ထိုမဟာနတ်ဆိုးကို ဘယ်မှာမှ မတွေ့ခဲ့ရပေ။

အပျက်အစီးများကြားတွင် ကွဲကြေနေသော အစီအရင်များနှင့် စည်းတံဆိပ်ခတ်ထားသည့် ကျောက်တိုင်များ ရှိနေသည်။ ထိုအရာများက ရှေးကျ သောကြောင့် မဟာနတ်ဆိုးက သာမန်မဟုတ်ကြောင်းကို ပြသနေ၏။

"အင်း ငရဲကြာပန်းနီနတ်ဘုရားသိုင်းပညာကို ငါ ပေါ့ပေါ့တန်တန် အသုံးမပြုသင့်တော့ဘူး၊ ချင်ကျီကိုပဲ အသုံးပြုခွင့် ပေးလိုက်သင့်တယ်"

သူသည် ငရဲကြာပန်းနီကို အသုံးပြု၍ ထိုနတ်ဆိုးရယ်သံဖြင့် မဟာနတ်ဆိုးကို တစ်ကြိမ်မျှ ချုံခိုတိုက်ခိုက်ခဲ့ဖူးသည်။

ဒီရန်ငြိုးကို ဘာမဆိုလုပ်နိုင်တဲ့ ငါ့သားအပေါ် လွှဲပြောင်းပေးရမယ်!

********************

All Chapters