ချင်ကျီက တစ်စုံတစ်ယောက်နဲ့ ထိပ်တိုက်တွေ့နေပြီ
Vol. 5 Ch. 74
"ဒါ… ဒါ!!"
နတ်ဆိုးအဘိုးကြီး၏ မျက်စိသူငယ်အိမ်က ရုတ်တရက် ကျုံ့သွားကာ ကြောက်လန့်တကြား အော်ဟစ်လာသည်။
"မင်း ဘယ်လိုလုပ်ပြီး ဒီလောက် အားကောင်းလာတာလဲ၊ ဒီနတ်ဘုရားပညာရပ်က ဘာလဲ!"
"ကျုပ်က ပြောပြစရာလား"
ချင်ချွမ်းက သူ့ညာလက်ကို မြှောက်လိုက်ရာ ငွေဖြူရောင် နဂါးအရိပ်များက သူ့လက်ဖဝါးပတ်ပတ်လည်တွင် ရစ်ပတ်လာပြီး အေးစက်သော အော်ရာကို ထုတ်လွှတ်နေလေ၏။
သူ နတ်ဆိုးအဘိုးကြီးကို ငုံ့ကြည့်၍ တည်ငြိမ်စွာ မေး လိုက်သည်။
"ဆိုတော့ ခင်ဗျား ဘယ်လိုနည်းနဲ့ သေချင်လဲ"
"ငါ… ငါ…"
ချက်ချင်းကြီးကျ နတ်ဆိုးအဘိုးကြီးလည်း ဘာလုပ်ရမှန်း မသိ ဖြစ်နေလေ၏။ သေခြင်းတရား၏ဖိအားကို သူ တကယ်ခံစားမိနေသည်။ ထိုကဲ့သို့ အကြွင်းမဲ့စွမ်းအားမျိုးကို သူ ခုခံနိုင်စွမ်းမရှိပေ။
နောက်ဆုံး၌ သူ အံကြိတ်၍ ပြောလိုက်၏။
"ငါ့ကိုမသတ်ပါနဲ့... ငါ မင်းသားရဲ့ကျွန် လုပ်ဖို့ ဆန္ဒရှိပါတယ်!"
ချင်ချွမ်း လှောင်ပြောင်လိုက်သည်။
"ဟေ့လူ ကျုပ် အရင်ကတည်းက ခင်ဗျားကို အခွင့်အရေးပေးခဲ့တယ်၊ ပြီးတော့ ခင်ဗျားကိုယ်တိုင်က မယူခဲ့ဘူး...အခု… နောက်ကျသွားပြီ!"
ဝှစ်!
နတ်ဆိုးအဘိုးကြီးသည် ဆုံးဖြတ်ချက်ချကာ ဘာကိုမှမမှုတော့ဘဲ ကောင်းကင်သို့ ထွက်ပြေးကာ လွတ်မြောက်ရန် ကြိုးစားခဲ့၏။
ဒေါင်!
သို့သော်ငြား နောက်တစ်ခဏအကြာမှာ သူ့ခေါင်းတစ်ခုလုံးက ပေါက်ကွဲတော့မလို နာကျင်လာခဲ့သည်။ အကြောင်းမှာ သူ ခေါင်းလောင်းတစ်ခုကို တိုက်မိခဲ့သောကြောင့်ပင်။
တိတိကျကျပြောရလျှင် ရွှေရောင်ခေါင်းလောင်း၏အဝအား ဖုံးအုပ်ထားလေ၏။ သူက ခေါင်းလောင်း၏အတွင်းပိုင်းကို ဝင်တိုက်ခဲ့ခြင်းပင်။
ထိုခေါင်းလောင်းက ပိတ်ဆို့ပြီးသား ဖြစ်သည်။
"ဒါ!"
သူ့မျက်နှာမှာ တွန့်လိမ်သွားရပြီး ဖြည်းဖြည်းချင်း ခေါင်းငုံ့ကြည့်လိုက်၏။ အောက်တွင် ချင်ချွမ်းက ရပ် နေပြီး သူ့ကို ပြုံးကာ မော့ကြည့်နေလေသည်။
"တတိယအကြိမ်မှာ ကျုပ် ခင်ဗျားကို သေစေချင်ရင် ယမမင်းတောင်မှ ခင်ဗျားကို ပဉ္စမအကြိမ်အထိ မထားနိုင်ဘူး!"
ချင်ချွမ်းက သူ့ညာလက်ကို လှန်လိုက်ရာ နဂါးကိုးကောင်တိုက်ခိုက်ရေးစွမ်းအားက ကောင်းကင်သို့ ထိုးတက်သွားလေ၏။
အောင်းဝ်! အောင်းဝ်! အောင်းဝ်!
ငွေဖြူရောင်နဂါးကိုးကောင်သည် အချင်းချင်း ယှက်နွယ်ကာဖြင့် အထက်ရှိ ရွှေရောင်ခေါင်းလောင်းထဲသို့ဝင်ရောက်သွားကြသည်။ နတ်ဆိုးအဘိုးကြီးမှာ ခုခံနိုင်စွမ်းမရှိဘဲ တိုက်ရိုက် ဆုတ်ဖြဲခံခဲ့ရ၏။
ခွန်အားကွာခြားမှုက အလွန်ကြီးမားခဲ့သည်။
သုံးဆကွာသော စွမ်းအင်ကွာခြားမှုကို သူ ဘယ်လိုလုပ်ခံနိုင်ရည်ရှိမည်နည်း။
"ငါ မသေချင်ဘူး!"
နတ်ဆိုးအဘိုးကြီးက နောက်ဆုံးမှာ ညည်းညူအော်ဟစ်လာခဲ့၏။ သူ၏နတ်ဘုရားစိတ်ဝိညာဉ်လည်း ပေါက်ကွဲသွားခဲ့ပြီး နတ်ဘုရားစိတ်ဝိညာဉ်မီးပြင်းဖိုလည်း ပျောက်ကွယ်သွားခဲ့သည်။
နတ်ဘုရားစိတ်ဝိညာဉ်မီးပြင်းဖို ပျောက်ကွယ်သွားသည့်အချိန်တွင် အထဲ၌ နန်းတော်ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအရာကလည်း မကြာခင် ပျောက်ကွယ်သွားတော့မည့်ပုံပင်။
"တာအိုနန်းတော်ပုံစံငယ်လေးလား"
ချင်ချွမ်းလည်း အနည်းငယ် အံ့သြသွားခဲ့သည်။
တာအိုနန်းတော်သည် အန္တိမနယ်ပယ်ရှိသူ၏ အမှတ်အသား ဖြစ်၏။ နတ်ဆိုးအဘိုးကြီးက တာအိုနန်းတော်ပုံစံငယ်ကို ပိုင်ဆိုင်နေခြင်းသည် အန္တိမနယ်ပယ်ကို ချိုးဖောက်တော့မည်ဟု ဆိုလိုနေခြင်းပင်။
"သူ ချိုးဖောက်ပြီးတော့မှ ငါ သတ်လိုက်သင့်လား"
ချင်ချွမ်း စဉ်းစားလိုက်ပြီးနောက် ခေါင်းခါယမ်းမိသည်။ မကြာသေးခင်ကမှ စာကြည့်တိုက်ထဲတွင် ဖတ်ခဲ့သော မှတ်တမ်းများကို သူ သတိရပေ၏။
နတ်ဆိုးအဘိုးကြီးအတွက် ချိုးဖောက်ရန် ခက်ခဲလိမ့်မည်။
အနည်းဆုံးတော့ နေကိုးလုံးနယ်မြေအတွင်းတွင် အန္တိမနယ်ပယ်သို့ တက်လှမ်းရန် ခက်ခဲပေသည်။ အကြောင်းမှာ ဤဒေသ၌ ပထဝီမြေ သိပ်မကောင်းသည်ကို ခံစားခဲ့ရသောကြောင့်ပင်။
မှတ်တမ်းများအရဆိုလျှင်...
ရှေးဟောင်းစစ်ပွဲကြီးဖြစ်ပြီးနောက် နယ်မြေခုနစ်ခုရှိ ရှေ့ပြေးအသက်ကြောများ ပျက်စီးခဲ့လေ၏။ ဤနေရာမှာ မကောင်းတော့သော ယိုယွင်းမြေအဖြစ် ပြောင်းလဲခဲ့ရသည်။
စစ်ပွဲကြီးဖြစ်ပြီးနောက် ကျန်ရှိခဲ့သော အန္တိမနယ်ပယ်ကျင့်ကြံသူများမှလွဲ၍ ဤနယ်မြေခုနစ်ခုမှ တခြားကျင့်ကြံသူများအနေဖြင့် အန္တိမနယ်ပယ်သို့ ချိုးဖောက်ခြင်းမှာ လုံးဝမဖြစ်နိုင်သလောက်ပင်။ ထို့အပြင် အဆင့်မြင့်ပိုင်းမှ ပုဂ္ဂိုလ်ကြီးများက ဤနေရာ၌ ကြာရှည်စွာနေထိုင်လျှင်လည်း သူတို့၏ကျင့်ကြံမှုများမှာ မတိုးလာတော့ဘဲ အာဟာရချို့တဲ့သကဲ့သို့ ဖြစ်နေလိမ့်မည်။
နတ်ဆိုးအဘိုးကြီးသည် အချိန်တိုအတွင်း၌ ချိုးဖောက်နိုင်မည်မဟုတ်သောကြောင့် သူ စောင့်ဆိုင်းရန် မလိုအပ်ပေ။ နတ်ဆိုးအဘိုးကြီး ချိုးဖောက်နိုင်သွားသည့်အချိန်တွင် သူက သူ့ကို ကျော်လွန်သွားနေလောက်ပြီ ဖြစ်၏။
ဒီလိုဆိုမှတော့ ထိုအဘိုးကြီးအား သတ်လိုက်ခြင်းက လူအပေါင်းအား ကပ်ဆိုးမှ ကင်းဝေးစေလိမ့်မည်။ အဓိကအားဖြင့် သူ့ကို နှုတ်ပိတ်ချင်နေတာကြောင့်လည်း ပါသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဤမြေနိမ့်ချိုင့်ကြီးထဲသို့ ရောက်ခဲ့ကာ အမျိုးမျိုးသော ထူးဆန်းသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့လေ၏။ ထိုအရာများက ဖော်ထုတ်ခံလို့မဖြစ်ပေ။
ထို့အပြင်။
ရွှေ့ချင်းဟန်အတွက်လည်း ဖုံးဖိပေးရာရောက်သည်။ ထိုကလေး ပန်းတိုင်မရောက်ခင်မှာ နတ်ဆိုးအဘိုးကြီး၏ ဖမ်းဆီးခြင်းကို ကာကွယ်ပေးရန် ဖြစ်၏။
ထိုကဲ့သို့သောကလေးမျိုးအတွက် သူ့မှာ မျှော်လင့်ချက်တချို့ရှိသည်။
နိမ့်ကျသော နောက်ခံမှ လာပြီး ခံနိုင်ရည်စွမ်းအားရှိကာ နက်နဲစွာကြံစည်တတ်သော လူငယ်လေးတစ်ယောက်က ဘယ်လောက်အထိ သွားနိုင်လဲဆိုတာကို သူ တကယ်မြင်ချင်မိ၏။
အမျိုးမျိုးသော ထူးခြားသည့်စွမ်းရည်များ ရှိသောကြောင့်သာ ဤလောကကြီးက စိတ်လှုပ်ရှားစရာကောင်းနေခြင်းဖြစ်သည်။ မဟုတ်လျှင် အလွန်ပျင်းစရာကောင်းနေလိမ့်မည်။
ချင်ချွမ်းထံ၌ အခုလို စိတ်နေစိတ်ထားမျိုး ရှိနေရခြင်း၏ အကြောင်းရင်း ရှိ၏။ အဓိကအားဖြင့် ဇာတ်ပို့က ပိုပြီးအားကောင်းလေလေ ဇာတ်လိုက်က ပိုပြီးအားကောင်းလေလေ ဖြစ်သောကြောင့်ပင်။
ပုံမှန်စိတ်ကူးယဉ်ဝတ္ထုများ၏ပုံစံအရဆိုလျှင် သူ့သား က ဇာတ်လိုက် ဖြစ်သင့်သည်။ ထို့ကြောင့် သူကလည်း ဇာတ်လိုက်၏ဖခင် ဖြစ်လေ၏။ စနစ်ကြောင့် သူ့ခွန်အားက သူ့သားနှင့်အချိုးကျလေရာ သူသည် ဤလောကထဲ၌ ရှိသော လူငယ်များကို ပို၍ထူးခြားစေချင်သည်။ ထို့အပြင် ပို၍ဆန်းကြယ်သော စွမ်းရည်များ ပေါ်လာစေချင်၏။
"ဒီကိစ္စကို ငါ ဂရုစိုက်ဖို့လိုတယ်"
ချင်ချွမ်းသည် ချိုင့်ထဲရှိ ရှုပ်ထွေးနေသောမြင်ကွင်းအား ကြည့်လိုက်သည်။ နတ်ဆိုးအဘိုးကြီး ထွက်ပြေး သွားခဲ့သည် ဟူသော ထင်ယောင်ထင်မှားတစ်ခုကို ဖန်တီးရန်အတွက် ဤပတ်ဝန်းကျင်အား မည်သို့ စီစဉ် ရမည်ကို သူ စဉ်းစားနေလေ၏။
ထိုအရာက နောက်ထပ်ဖြစ်ပေါ်လာမည့် ရှုပ်ထွေးမှုများကို ကာကွယ်ထားနိုင်လိမ့်မည်။
…
နောက်တစ်နေ့ မနက်စောစောတွင် ရွှေ့ချင်းရိုသည် သူမ၏ဆရာနှင့် တွေ့ဆုံကာ ဂိုဏ်းထဲတွင် ဝှက်ထား သော နတ်ဆိုးအကြောင်းကို သတင်းပေးပို့ခဲ့သည်။
မဟာအကြီးအကဲကျောက်ဖူလုံလည်း ထိတ်လန့်သွားရပြီး နတ်ဆိုးအဘိုးကြီးကို ဖယ်ရှားရန်အတွက် ချိုင့်ထဲ၌ ရှာဖွေရန် လူများစွာကို ခေါ်ယူ၍ သွားရောက်ခဲ့၏။
သို့သော်ငြား နောက်ဆုံးတွင်မူ နောင်တရစရာကောင်းသော အဆုံးသတ်ကိုသာ ရရှိခဲ့လေသည်။
နတ်ဆိုးအိုကြီးက ထွက်ပြေးသွားလေပြီ။
ထိုနတ်ဆိုးအိုကြီးမှာ အလွန် ကောက်ကျစ်လွန်းပြီးခြေရာလက်ရာပင် မချန်ခဲ့သောကြောင့် လိုက်လံရှာဖွေလို့ မရနိုင်ခဲ့ပေ။
ထို့ကြောင့် ထိုကိစ္စက မဖြေရှင်းနိုင်ဘဲ ကျန်ရစ်ခဲ့လေ၏။
နေ့လည်တွင် ထူးခြားသောဧည့်သည်များသည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသို့ ရောက်ရှိလာကြသည်။
ထိုအဖြစ်က လူတိုင်းကို အံ့အားသင့်စေခဲ့၏။ ဂိုဏ်းကြီးငါးခုမှ ကောင်းကင်တက်လှမ်းနယ်ပယ်၏ အမြင့်ဆုံးအဆင့်မှာ ရှိသော မဟာအကြီးအကဲနှစ်ဆယ်ကျော်က ကိုယ်ခံပညာဂိုဏ်းသို့ အတူတကွ ရောက်ရှိလာခဲ့ကြသည်။
ထိုကဲ့သို့လူအုပ်ကြီးက အတော်လေး ကြောက်မက်ဖွယ်ရာကောင်းပေ၏။
တပည့်များစွာမှာ ကြောက်လန့်သွားကြပြီး သူတို့၏မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ကြသည်။ ထိုလူများက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းအားအမြစ်ဖြုတ်ရန် ရောက်လာတာများလားဟု သူတို့ သံသယဖြစ်ခဲ့ကြ၏။
သို့သော်ငြား မကြာခင်မှာပင် ဂိုဏ်း၏ မဟာအကြီးအကဲတချို့က အရှေ့ကိုရောက်ရှိလာပြီး ထိုအလူအိုကြီးများအား ဂိုဏ်း၏ တားမြစ်ချိုင့်ဝှမ်းအတွင်းသို့ နွေးထွေးစွာ ဖိတ်ခေါ်ခဲ့လေသည်။
ထိုကဲ့သို့ ဖြစ်သွားမှသာ လူတိုင်းလည်း သက်ပြင်းချခဲ့မိကြ၏။ သူတို့က ရန်သူများမဟုတ်ဘဲ မိတ်ဆွေများ ဖြစ်ပုံရသည်။
ထို့အပြင် ချင်ချွမ်းတို့ သားအဖနှစ်ယောက်စလုံးလည်း တားမြစ်ချိုင့်ဝှမ်းထဲသို့ ခေါ်ဆောင်ခံခဲ့ရ၏။
"ဝှစ် ဝှစ် ဝှစ်!"
သူတို့ ဝင်ရောက်လိုက်သည်နှင့်တပြိုင်နက် ထက်မြက်စူးရှသော အကြည့်များက ချင်ချွမ်းတို့သားအဖပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့ကြသည်။ ၎င်းက အထက်စီးမှ စစ်ဆေးကြည့်ရှုနေသော ခံစားချက်ကိုပါ သယ်ဆောင်လာလေ၏။
"မင်းက ချင်ချွမ်းလား"
ကွေရီဓားဂိုဏ်းမှ ဆံပင်အနီရောင်ဖြင့် သက်ကြီးရွယ်အိုတစ်ဦးက ချင်ချွမ်းအား အနည်းငယ် ရန်လိုစွာ ကြည့်၍ အေးစက်စွာ မေးလာသည်။
"ဟုတ်ပါတယ်"
ချင်ချွမ်းကမူ နှိမ့်ချခြင်းလည်းမရှိ၊ ထောင်လွှားခြင်းလည်းမရှိဘဲ ပြန်ဖြေခဲ့၏။
"ငါတို့ ဒီကို ဘာကြောင့် လာခဲ့ကြလဲဆိုတာကို မင်းသိ လား"
ဆံပင်အနီရောင်ဖြင့် လူအိုကြီးက ဆက်မေးလာသည်။
"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို တော်ဝင်မိသားစုက ဖိအားပေးလာရင် ခံနိုင်ရည်ရှိအောင် ကူညီပေးဖို့ ဖြစ်လောက်တယ်"
ချင်ချွမ်းက ပြန်ဖြေ၏။
"ဟမ့်! မင်း သိသားပဲ၊ ဒီကိစ္စက မင်းနဲ့မင်းသားကြောင့် စခဲ့တာ၊ ငါတို့လူအိုကြီးတွေက မင်းတို့အတွက် ဒီနေရာအထိလာခဲ့ကြတာတောင် မင်းတို့သားအဖက လေးစားသမှု မပြကြပါလား"
ဆံပင်အနီရောင်ဖြင့် လူအိုကြီးက အေးစက်စွာ နှာမှုတ် လာသည်။
"အဲ့ဒီစကားက ဘာအဓိပ္ပာယ်လဲ"
ချင်ချွမ်း မေးလိုက်မိ၏။
"မင်းထက် ဝါကြီးတဲ့လူကိုတွေ့တာတောင် ဘာလို့ ဒူးမထောက်သေးတာလဲ!"
ဆံပင်အနီရောင်နှင့် လူအိုကြီး၏ မျက်လုံးများက ထက်ရှနေပြီး ရန်လိုစွာ ဆူပူနေလေသည်။ အခြားလူအိုကြီးများကလည်း တိတ်တဆိတ် စောင့်ကြည့်နေကြ၏။ တစ်ယောက်ပြီးတစ်ယောက် ချင်ချွမ်းကို တိတ်တဆိတ် ကြည့်နေကြသည်မှာ ဘာကြောင့် ဒူးမထောက်တာလဲဟု မေးချင်နေကြပုံရသည်။
ချင်ချွမ်းသည် ဆံပင်အနီရောင်နှင့် လူအိုကြီးအား တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်၏။
"ကျုပ် အဲ့ဒီအတတ်ပညာကို ဂိုဏ်းဆီကနေ မသင်ယူထားဘူး၊ ကျုပ် ဂိုဏ်းထဲကို ဝင်ရောက်လာကတည်းက ဂိုဏ်းနဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့တယ်၊ ကျုပ်သားရော ကျုပ်ပါ ဘယ်သူ့ကိုမှ ဒူးထောက်စရာ မလိုဘူး"
ဒူးထောက်ရမယ်?
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ!!
ခင်ဗျားလို ကောင်းကင်တက်လှမ်းနယ်ပယ်၊ အမြင့်ဆုံးအဆင့်မှာ ရှိတဲ့လူကို မပြောနဲ့! သိုင်းအင်ပါယာတစ်ယောက် ရောက်လာရင်တောင် ကျုပ် ဒူးမထောက် ဘူး!
ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးမှာ မလဲပြိုရပေ။
"ညီအစ်ကိုကျောက် သူပြောတာ ဟုတ်လား"
နန်ဟွာဓားဂိုဏ်းမှ မဟာအကြီးအကဲတစ်ဦးက ကျောက်ဖူလုံကို ကြည့်၍ မေးမြန်းလာခဲ့သည်။
"ဟုတ်တယ်၊ အဲ့ဒီသဘောတူညီချက် ရှိတယ်"
ကျောက်ဖူလုံက ခေါင်းညိတ်၍ ဖြေကြားခဲ့လေ၏။
"ဟမ့်! ဒါက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းနဲ့ မင်းတို့ကြားက သဘောတူညီချက်ပဲ၊ ငါတို့က ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက မဟုတ်ဘူး"
ဆံပင်အနီရောင်နှင့် လူအိုကြီးက အလျှော့မပေးခဲ့ပေ။ သူက အေးစက်စွာ ပြောလာသည်။
"ငါတို့က ဒီလောက်အကွာအဝေးအထိတောင် မင်းတို့ဆီ အရောက်လာခဲ့ကြရတယ်၊ သူ့ဆီမှာ ကျေးဇူးတင်ကြောင်းကို ဒူးထောက်ပြောဖို့ ဆင်ခြင်တုံတရားရှိသင့်သည်မဟုတ်ဘူးလား"
"ဒါ…"
ကျောက်ဖူလုံမှာလည်း ဆွံ့အသွားရပြီး ဘာပြောရမှန်း မသိ ဖြစ်နေလေ၏။
"ဟေ့! ဘာကို မြင့်မြတ်သလိုလို မှန်ကန်သလိုလို လာလုပ်နေတာလဲ"
ချင်ကျီတစ်ယောက် စိတ်မထိန်းနိုင်တော့ပေ။ သူ အေးစက်စက် လှောင်ပြောင်လိုက်မိသည်။
"ဒီလောကကြီးက အကျိုးအမြတ်အတွက်ပဲ ရှုပ်ထွေး နေကြတာ၊ သုံးနှစ်သားတောင်မှ ဒီလောက်ရိုးရှင်းတဲ့ အမှန်တရားကို နားလည်တယ်၊ ခင်ဗျားတို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်တွေကို ဘယ်သူမှ မသိဘူးထင်နေလား"
"ပြီးတော့ ကျုပ်အဖေသာ ခင်ဗျားတို့ကို တကယ်ဒူးထောက်ခဲ့ရင် ခင်ဗျားတို့ ခံနိုင်ရည်ရှိကြမှာမဟုတ်ဘူး!"
"ရိုင်းစိုင်းတယ်!"
ဆံပင်အနီရောင်နှင့် အဘိုးအို၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားလေသည်။ သူ ဒေါသထွက်လာသောကြောင့် ပြောလိုက်၏။
"ဒီလိုလူငယ်တစ်ယောက်ကတောင် မလေးမစားပြုမူနေရင် ရှေ့လူက လမ်းဖြောင့်အောင် မသွားပြထားလို့ပဲ! ဒီနေ့ ငါ မင်းကို သင်ခန်းစာပေးမယ်!"
**********************