သတ်ဖြတ်ခြင်း ဧကရာဇ်
Vol. 1 Ch. 87
ကျန်းစွန်းဖေးဟူ၏ စကားကို ကြားသော် ကျန်းရီသည် ဆွံ့အစွာ ခေါင်းခါမိလိုက်သည်။ သူသည် မည်သည့် စကားမှ မဆိုတော့ဘဲ ဆရာဖုန်းကိုသာ ကြည့်လိုက်သည်။
သူ့ကို အံ့အားသင့်စေသည်မှာ ဆရာဖုန်းသည် အစောင့်အုပ်စုကို လက်ဟန်ပြကာ ကျန်းစွန်းဖေးဟူကို ဒဏ်ရာများ ကုသရာတွင် ကူညီပေးခိုင်းနေခြင်း ဖြစ်သည်။ သူသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် ကျန်းရီကို စကားပြောလိုက်သည်။
"သာမန်ပြိုင်ပွဲလေးတစ်ခုကို ဒီလောက် ရက်ရက်စက်စက် နည်းလမ်းတွေ သုံးဖို့လိုလို့လား ... ကျောင်းသား ကျန်းစွန်းက ပြင်းပြင်းထန်ထန် ထိခိုက်သွားမှတော့ အလောင်းအစားကိုလည်း ဖျက်သိမ်းသင့်တယ် ... မင်းဘယ်လို ထင်လဲ ... ကျောင်းသား ကျန်းရီ"
အနီးအနားရှိ ကျောင်းသားများသည် သူတို့များ နားကြားမှားလိုက်သည်လားဟု တွေးနေချိန်တွင် ကျန်းရီသည် ရယ်ချလိုက်သည်။ ပြိုင်ပွဲတစ်ခု ဖြစ်မှာတော့ ထိခိုက်ဒဏ်ရာ ရခြင်းများက မလွဲမသွေ ရှိလာမည်သာ။ တိုက်ပွဲစင်မြင့်၏ စည်းမျဉ်းများတွင် ထိခိုက်ဒဏ်ရာ ရမှုများကို ထည့်သွင်း မစဉ်းစားပေ။ ၎င်းသည် ဖြစ်နေကျ ကိစ္စတစ်ခုပင် ဖြစ်သည်။
ဆရာဖုန်းသည် လူတိုင်း၏ ရှေ့တွင် သိသိသာသာကြီး မျက်နှာ လိုက်နေသည် မဟုတ်ပါလား ... သူသည် ခြိမ်းခြောက်ဟန် ဖြစ်သော လေသံကိုတောင် သုံးလိုက်သေးသည်။ သူသည် သူ၏ ဆရာဟူသော အဆင့်အတန်းကို သုံး၍ ကျန်းရီကို ဖိနှိပ်ရန် ကြိုးစား နေသည်မှာ အသိသာကြီးပင်။
ငါတကယ်ကို ဆွံ့အရတယ်။ ကျန်းရီသည် ဒေါသများ တော်တော် ထွက်လာသော်လည်း ထုတ်ဖော်ရန် နေရာ မရှိပေ။ သူသည် ထိုဆရာကို အလျှော့ပေးရန် စိတ်ကူးမရှိပဲ ပြန်ပြောလိုက်သည်။
"ဆရာဖုန်း ... ကျွန်တော်တို့ တိုက်ပွဲစင်မြင့်ရဲ့ စည်းမျဉ်းတွေကို လိုက်နာသင့်တယ်လေ ... ခင်ဗျားက ဒီပွဲကို ပယ်ဖျက်ချင်တယ် ဆိုရင် ... ကျွန်တော်လည်း ရွေးစရာ မရှိပဲ အထက်ကို တင်ပြရမှာပဲ"
"အမ်"
ဆရာဖုန်း၏ မျက်လုံးများသည် စူးစူးရဲရဲ ဖြစ်လာခဲ့သည်။ ဒီအဆင့်နိမ့် ကျောင်းသားက သူ့အတွက် ဘာက ကောင်းမယ်ဆိုတာ နားမလည်ဘူးလား ... သူက အထက်လူကြီးတွေကို သုံးပြီးတောင် သူ့ကို ခြိမ်းခြောက် ဖိအားပေးရဲတယ် ... ကျောင်းသား အများစုသည် ကျန်းရီ၏ ခေါင်းမာသော လေသံကို ကြားလျှင် မျက်နှာများ ပျက်သွားကြသည်။ မည်သို့ပင် ဖြစ်စေ ဆရာဖုန်းသည် ဆရာ တစ်ယောက်သာ ဖြစ်သည်။ သူသည် ဆရာတစ်ယောက်ကို ဆန့်ကျင်လိုက်လျှင် သူ၏ အနာဂတ် နေ့ရက်များသည် ငြိမ်းငြိမ်းချမ်းချမ်း ရှိပါဦးမည်လား။
"ရှပ် ... ရှပ် ... ရှပ်"
ထိုအချိန်တွင် ကျောင်းသားတစ်အုပ်သည် လမ်းလျှောက် လာခဲ့ကြသည်။ အုပ်စု၏ ခေါင်းဆောင်သည်ကား အသားညိုညိုနှင့် ခပ်မြန်မြန် လျှောက်လာနေသော ကျန့်ဝူရွှမ်းပင် ဖြစ်ချေသည်။ သူသည် လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကျန်းရီထံ၌ ရပ်တန့်သွားပြီး ပြုံးပြလိုက်လေသည်။
"အစ်ကိုကျန်း ... တိုက်ခိုက်နေတယ်လို့ ကျွန်တော် ကြားလိုက်တယ် ... ဘာလို့ ကျွန်တော့်ကို လာပြီး အားမပေးခိုင်းတာလဲ"
ဆရာဖုန်းသည် မျက်နှာပျက်သွားခဲ့သည်။ အစောင့်နှစ်ယောက်သည်လည်း မျက်နှာများ ပျက်နေကြပြီ ဖြစ်သည်။ ကျန့်ဝူရွှမ်းသည် သင်တန်းကျောင်းသို့ စတင်ဝင်ရောက်တည်းက သူ၏ ရန်မူတတ်သော စရိုက်ကို ပြသထားခဲ့သည်။
သူသည် သာမန်တရားဝင် ကျောင်းသား ငါးယောက်ကို နောက်သုံးရက်ကြာလျှင် စိန်ခေါ်လိမ့်မည် ဖြစ်ပြီး တရားမဝင် ကျောင်းသားအဖြစ်မှ တရားဝင်ကျောင်းသား ဖြစ်အောင် တက်လှမ်းတော့မည် ဖြစ်သည်။ သူသည် စစ်နတ်ဘုရား ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက် ဖြစ်ပြီး အဆင့်အတန်းရော အရည်အချင်းကိုပါ သင်တန်းကျောင်းမှ အသိအမှတ် ပြုထားပြီး ဖြစ်သည်။
ဒီလို လူတစ်ယောက်က ကျန်းရီကို 'အစ်ကို'လို့ ရည်ညွှန်း သုံးနှုန်းလိုက်တယ်လား ... ပြီးတော့ ဒီလောက် ရင်းနှီးနေတဲ့ လေသံနဲ့ ... ဆရာဖုန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးသော် ဆုံးဖြတ်ချက် ချလိုက်လေသည်။
"တိုက်ပွဲက ပြီးသွားပြီ ... စည်းမျဉ်းတွေအရ ကျန်းရီက အမှတ် သုံးရာရရှိပြီး အနိုင်ရသွားပြီ"
ဆရာဖုန်းသည် ကျောက်စိမ်းပြားနှစ်ခု၏ ပတ်လည်တွင် အတွင်းအားကို အသုံးပြုလိုက်သည်။ ကျန်းစွန်းဖေးဟူ၏ ကျောက်စိမ်းပြားသည် အရောင်ဖျော့သွားခဲ့ပြီး ကျန်းရီ၏ တံဆိပ်ပြားသည် ပို၍ တောက်ပလာခဲ့လေသည်။ ကျန်းရီသည် သူ၏ တံဆိပ်ပြားကို ယူလိုက်ပြီး စစ်ဆေး ကြည့်လိုက်သောအခါ '၈၀၀'ဟူသော စကားလုံးကို မြင်လိုက်ရလေသည်။ သူ၏အမှတ်သည် သုံးရာ ထပ်တိုး သွားခဲ့ပြီ ဖြစ်သည်။
"မြေးလေး ... မင်းစောင့်ကြည့်နေလိုက် ... ငါကျန်းစွန်းဖေးဟူက ဒီနေ့ရဲ့ အကြွေးကို အနာဂတ်မှာ ဆယ်ဆပြန်ယူမယ်"
ကျန်းစွန်းဖေးဟူသည် မကျေမချမ်း စကားကို ဆိုပြီးသော် အစောင့်တစ်ယောက်၏ ဆေးကုသရန် ခေါ်သွားခြင်းကို ခံလိုက်ရသည်။ ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် ထွက်လာခဲ့သော် သူတို့ထံ အလျင်စလို လမ်းလျှောက် လာကြသော ချမ်ဝမ်ကွမ်နှင့် လူငါးယောက်ကို တွေ့လိုက်ရလေသည်။ ချမ်ဝမ်ကွမ်သည် ကျန်းရီ ဘေးကင်းနေသည်ကို တွေ့လိုက်ရသောအခါ ကျန့်ဝူရွှမ်းကို ပြုံးပြလိုက်သည်။
"အစ်ကို ကျန့်ဝူရွှမ်းလည်း ဒီရောက်နေတာလား ... အစ်ကိုကြီး ... မင်းအဆင်ပြေလား"
"ငါအဆင်ပြေတယ် "
ကျန်းရီသည် ခေါင်းညိတ်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခပ်တိုးတိုး မေးလိုက်သည်။
"သခင်လေးကျန့်ကို ကျေးဇူးတင်ပါတယ် ... မဟုတ်ရင် သူတို့တွေက ဒီအမှတ်သုံးရာကို မပေးရဖို့ ကြိုးစား လာကြမှာ ... ပြီးတော့ ... ဒီဆရာဖုန်းက ကျန်းစွန်းဂိုဏ်းရဲ့ လူလား"
"အသေးအဖွဲလေးပါ"
ကျန့်ဝူရွှမ်းသည် လက်ကာ ပြလိုက်ရင်း ရှင်းပြလာခဲ့သည်။
"ဒီဝိညာဉ်သားရဲ သင်တန်းကျောင်းက နယ်မြေရဲ့ သင်တန်းကျောင်းကြီး သုံးကျောင်းထဲက တစ်ခုပဲ ... ပြီးတော့ သားရဲတွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်တဲ့ စွမ်းရည် တစ်မျိုးကို ပိုင်ဆိုင်သည်။ သင်တန်းကျောင်းက ရှန်ဝူနိုင်ငံတော်နဲ့ ရှားနိုင်ငံတော်ရဲ့ ကြားမှာ ရှိတယ် ... နိုင်ငံနှစ်ခုလုံးက ဂိုဏ်းသားတွေရဲ့ လူတွေ ဒီမှာ ရှိနေကြတာက ပုံမှန်ပါပဲ ... ဥပမာဆို ချမ်ဂိုဏ်းကလူတွေ ဒီမှာ အများကြီး ရှိနေသလိုပေါ့ ... ဒါပေမဲ့ ဘယ်ဂိုဏ်းကမှ ဒုကျောင်းအုပ် ဆယ်နေရာနဲ့ ကျောင်းအုပ် နေရာကို ရဖို့မလွယ်ဘူး"
ကျန်းရီသည် သင်တန်းကျောင်း၏ အထက်လူကြီးများတွင် ကျန်းစွန်းဂိုဏ်းနှင့် ကျန်းဂိုဏ်းမှ လူများ မပါသည်ကို သိလိုက်ရသော အခါတွင်မှ စိတ်သက်သာရာ ရသွားခဲ့သည်။ အနည်းဆုံးတော့ သူသည် သင်တန်းကျောင်း အတွင်းတွင် ဘေးကင်းနိုင်နေသည်။
ကျန့်ဝူရွှမ်းသည် ပြုံးရွှင်နေသော အမူအရာနှင့် သူ့အနီးသို့ ရောက်ရန် မြှောက်ပင့် ပြောဆိုတော့မည့် ချမ်ဝမ်ကွမ်ကို မြင်လိုက်သောအခါ လက်ကို အလျင်စလိုနှင့် ကာပြလိုက်သည်။
"ငါ ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ် ခန်းမကို သွားဖို့ ကိစ္စလေး ရှိသေးတယ် ... ငါသွားသင့်ပြီ"
ကျန့်ဝူရွှမ်းသည် သူ့လူများနှင့် ထွက်သွားသည်ကို မြင်လိုက်သောအခါ ကျန်းရီသည် နောက်မှ ကြည့်နေရင်း ရေရွတ်လိုက်သည်။
"ကျန့်ဂိုဏ်းက တကယ့်ကို ချမ်းသာနေရောပဲ ... ကျန့်ဝူရွှမ်းမှာ တစ်မှတ်မှ မရှိဘူးလေ ... သူက ခရမ်းရောင်ရွှေတွေကို ရေလို သုံးတော့မှာ မဟုတ်ဘူးလား"
"သူက စစ်နတ်ဘုရားဂိုဏ်းရဲ့ တိုက်ရိုက် ဆက်ခံသူပဲလေ ... သူ့ရဲ့ အင်အား တိုးလာအောင် အကူအညီ ဖြစ်နေသရွေ့ ခရမ်းရောင်ရွှေက ပြဿနာ မဟုတ်ဘူး"
ချမ်ဝမ်ကွမ်သည် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ကျန်းရီသည် မျက်မှောင်ကြုတ် လိုက်ပြီး မေးလိုက်သည်။
"ကျန်းစွန်းဖေးဟူရဲ့ အဆင့်အတန်းက ဘာလဲ"
"သွေးရင်း ဂိုဏ်းသားတစ်ယောက်ပဲ ... ဒါပေမဲ့ ထိပ်ဆုံး သခင်လေး နှစ်ယောက် လောက်တော့ မထူးချွန်ဘူး"
ချမ်ဝမ်ကွမ်၏ မျက်နှာသည် စိုးရိမ်စိတ်ဆို့ လွှမ်းသွားခဲ့ပြီး လေးလေးနက်နက် ပြောလာ ခဲ့သည်။
"အစ်ကိုကြီး ... သင်တန်းကျောင်းကနေ နောက်တစ်ကြိမ် အပြင်ထွက်ဖို့ လိုလာရင် ကျွန်တော့် အနားကနေ ဘယ်မှ မသွားနဲ့ ... သင်တန်းကျောင်းထဲမှာ ဘေးကင်းတယ် ... အပြင်မှာကျ ကျွန်တော်နဲ့ ရှိနေသရွေ့ ကျန်းစွန်းဖေးဟူ အစ်ကိုကြီးကို ထိရဲမှာ မဟုတ်ဘူး"
"ကောင်းပြီ ... ချမ်ဝမ်ကွမ် ... မင်းရဲ့ ကိုယ်ပိုင် လုပ်ငန်းစဉ်တွေ သွားလုပ်တော့ ... ငါအခန်း တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်"
ကျန်းရီသည် ချမ်ဝမ်ကွမ်၏ ပခုံးကို ပုတ်လိုက်သည်။ ဒီဖက်တီးသည် စီးပွားရေးသမား၏ စိတ်ဓာတ် အပြည့်အဝရှိပြီး သူ့အပေါ်တွင် အလောင်းအစား လုပ်ထားသည်ကို သိသော်လည်း ကျန်းရီသည် စိတ်ထဲတွင် သူငယ်ချင်း အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
ချမ်ဝမ်ကွမ်ကို နှုတ်ဆက်ပြီးနောက် ကျန်းရီသည် ကျင့်ကြံခန်းများ ရှိရာသို့ ထွက်လာခဲ့သည်။ ကောင်းကင်သည် မှောင်မဲနေပြီ ဖြစ်သည်။ သူယခုမှ ကျင့်ကြံမည် ဆိုလျှင်တောင် နေ့တစ်ဝက်အဖြစ် သတ်မှတ် ခံရမည် ဖြစ်သည်။ ကျန်းရီသည် မတန်ဟု ခံစားလိုက်ရသည်။
ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ်ခန်းမ
ကျန်းရီသည် ရှေးဟောင်းသမိုင်းဝင် အထိမ်းအမှတ် ခန်းမရှေ့မှ ဖြတ်လျှောက်မိသောအခါ ယောင်ယမ်း၍ ရပ်တန့် လိုက်မိသည်။ ကျန့်ဝူရွှမ်းသည် ယခုလေးတင် ဝင်သွားခဲ့သည်။ ဤနေရာသည် သူ့ကို လာချင်လာအောင် ဆွဲဆောင်နေသည့် စွမ်းရည် တစ်ခု ရှိနေသကဲ့သို့ပင်။
ငါဝင်သွားပြီး ကြည့်သင့်လား။
ကျန်းရီသည် တွေဝေနေမိသည်။ အမှတ်သုံးရာ ဟူသော ပမာဏသည် နည်းနည်းလေး မဟုတ်ပေ။ ကျင့်ကြံခန်းတွင် ရက်တစ်ရာ့ငါးဆယ်လောက် တရားထိုင်၍ ရနိုင်သော ပမာဏ ဖြစ်သည်။ တော်တော်ကြာအောင် စဉ်းစားချင့်ချိန်ပြီးနောက် ကျန်းရီသည် စူးစမ်းချင်စိတ်ကို ထိန်းမရတော့ဘဲ အံကြိတ်၍ ဝင်သွားလိုက်လေသည်။ မည်သို့ပင် ဖြစ်စေ သူအမှတ်သုံးရာ အနိုင်ရထားသည် မဟုတ်ပါလား။
"ကျောက်စိမ်းပြား"
ခန်းမ၏ ဝင်ပေါက်တွင် အစောင့် နှစ်ယောက်သည် ခံစားချက် မရှိသော မျက်နှာသေများနှင့် ကျန်းရီကို တားဆီး လိုက်ကြသည်။ ကျန်းရီသည် ကျောက်စိမ်း တံဆိပ်ပြားကို ထုတ်ကာ ကမ်းပေးလိုက်သည်။ အစောင့်သည် ခေါင်းညိတ်ကာ ပြောလာခဲ့သည်။
"နှစ်နာရီကို အမှတ်သုံးရာ ... မင်းမှာ အမှတ် ရှစ်ရာရှိတယ် ဆိုတော့ အများဆုံး လေးနာရီလောက် ကြာအောင် နေလို့ ရတယ် ... ဝင်သွားလို့ရပြီ"
ကျန်းရီ အတွင်းသို့ ဝင်သွားသောအခါ အစောင့် နှစ်ယောက်သည် ရယ်ချင်သော မျက်နှာများဖြင့် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။
"သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်လား ... သူက သိုင်းသမား စစ်စစ်တောင် မဖြစ်သေးပဲနဲ့ ... ရှေးဟောင်း ကျောက်စာတွေကို နားလည် ချင်နေသေးတယ် ... ခေါင်းများ ထိခိုက် မိထားတာလား"
***
ခန်းမက အကြီးကြီးပဲ။
ကျန်းရီအထဲသို့ ရောက်သွားသော အခါတွင် ခန်းမသည် အလွန် ကျယ်ဝန်းကြောင်း သိလိုက်ရသည်။ ရှေ့တည့်တည့်တွင် စင်္ကြံလမ်း ခြောက်ခုရှိနေပြီး ခန်းမခြောက်ခုကို ဆက်သွယ် ထားပေးသည်။ ခန်းမ တစ်ခုစီတွင် ရှေးဟောင်း ကျောက်စာ တစ်ခုစီ ရှိနေခဲ့သည်။
အချိန်သိပ်မရရာ ကျန်းရီသည် အများကြီး စဉ်းစား မနေနိုင်ပေ။ သူသည် ခန်းမခွဲ တစ်ခုဆီသို့ ဆက်သွယ်ထားသော စင်္ကြံလမ်း တစ်ခုကို ကျပန်း ရွေးချယ်လိုက်လေသည်။ သူရွေးလိုက်သော ခန်းမ၏ အလယ်တွင် လူရုပ်တုတစ်ခု ရှိနေခဲ့ပြီး ရုပ်တု၏ ဘေးတစ်ဖက်စီတွင် ကျောက်စာ တစ်ချပ်စီ ရှိနေခဲ့သည်။ ကျောက်စာတစ်ခုသည် စာလုံး သေးသေးလေးများ ရေးထွင်းထားခဲ့ပြီး တစ်ခုသည် ရှုပ်ထွေး၍ နားလည် ရခက်သော ပုံတစ်ပုံမှတစ်ပါး မည်သည့် စာလုံးမှ ရှိမနေခဲ့ပေ။
ဒီလူမှာ အရမ်းပြင်းတဲ့ သတ်ဖြတ်ချင်စိတ် အော်ရာအရှိန်အဝါတွေ ရှိနေတယ် ... ဒါက ရုပ်တုတစ်ခုပဲ ဖြစ်နေပေမဲ့ သူ့ရဲ့ အရှိန်အဝါတွေကြောင့် ဘယ်သူမှ တည့်တည့် စိုက်ကြည့်ရဲမှာ မဟုတ်ဘူး ...
ကျန်းရီသည် ရုပ်တုကို တစ်ချက်ကြည့်လိုက်ပြီး မဖော်ပြနိုင်သည် ခံစားချက်တစ်မျိုး ရလိုက်လေသည်။ ထိုလူသည် မီးခိုးရောင် ဆံပင်များနှင့် သွေးနီရောင် မျက်လုံးတစ်စုံ ရှိလေသည်။ သူသည် သွေးနီရောင် သံချပ်ကို ဝတ်ဆင်ထားပြီး သွေးရောင်လှံရှည်ကို ကိုင်ဆောင်ထားခဲ့သည်။
သတ်ဖြတ်ခြင်း ဧကရာဇ် ... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က အသက်ရှင်နေထိုင်ခဲ့တယ် ... သူ့ဘဝတစ်လျှောက်လုံး တိုက်ပွဲတွေနဲ့သာ ပြည့်နေခဲ့တယ် ... သူဟာ သူ့ရန်သူတွေ သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ် ... သူနဲ့တိုက်ခိုက်ခဲ့တဲ့ အကြောင်းကို ပြန်ဆွေးနွေးရအောင် သူနဲ့တိုက်ခဲ့တဲ့ သူမှန်သမျှ ဘယ်သူမှ အသက်မရှင်ခဲ့ဘူး ...
ကျန်းရီသည် ဘယ်ဘက်ခြမ်းရှိ ကျောက်တုံးကို တစ်ချက်ကြည့်လိုက်လေသည်။ ၎င်းတွင် ရုပ်တုပိုင်ရှင် လူ၏ ဘဝကို အကျဉ်းချုပ် ဖော်ပြထားလေသည်။ ထိုလူသည် ကြောက်စရာကောင်းသည့် တည်ရှိမှု တစ်ခုဖြစ်သည်။ သူ၏ မျိုးဆက်တွင် ပြိုင်ဘက်ကင်းသည်။ သူသတ်ခဲ့သော လူအရေအတွက်သည် ဆယ်သန်းလောက်ပင် ရှိလေသည်။
ရှေးဟောင်းသမိုင်းဝင် အထိမ်းအမှတ် ခန်းမတွင် နှစ်နာရီနေရန် အမှတ်သုံးရာ လိုလေသည်။ ထို့ကြောင့် ကျန်းရီသည် အချိန်အကြာကြီး ရပ်မနေတော့ဘဲ နောက်ထပ် ကျောက်စာ တစ်ချပ်ဆီ ခပ်မြန်မြန်လေး သွားလိုက်သည်။ ထိုကျောက်စာရှိ ရှုပ်ထွေးသော ပုံသည် သတ်ဖြတ်ခြင်း ဧကရာဇ် ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း မေးနေစရာပင် မလိုချေ။
ကျန်းရီသည် ကျောက်စာကို ကြည့်ကာ ချင့်ချိန်ကြည့်သော်လည်း တစ်ခုမှကို နားမလည်သဖြင့် မချင့်မရဲ ဖြစ်လာရသည်။ ပုံသည် ဘာကို ဆိုလိုချင်မှန်း သူလုံးဝနားမလည်ပေ။
တစ်နာရီမျှ ကြာပြီးနောက်တွင် အမှတ်သုံးရာကို အလဟဿ ဆုံးရှုံးရတော့မည်ဟု တွေးရင်း ကျန်းရီ ချောက်ချားလာခဲ့သည်။ သူသည် အခြားခန်းမခွဲ တစ်ခုထံသို့လည်း သွားချင်စိတ် ရှိမနေခဲ့ပါပေ။ အခြားတစ်ယောက်သာ နောက်ခန်းမတစ်ခုထဲ၌ ရှိနေခဲ့ပါလျှင် အချိန်ပိုကုန်မည် ဖြစ်သည်။
ဒီပုံက ဘာကို ဆိုလိုချင်တာလဲ ... သိုင်းကျင့်စဉ်တစ်ခုများလား ... ဘာများဖြစ်နိုင်မလဲ ... ပုံသည် ရှုပ်ထွေးလွန်းနေပြီး မထင်းမရှား အပိုင်းများလည်း များစွာ ပါဝင်နေလေသည်။
ကျန်းရီ၏ မျက်လုံးများသည် ဝေခွဲမရဖြစ်နေရာမှ တောက်ပသွားခဲ့သည်။ သူသည် သူ့ခေါင်းကို ပြန်ရိုက်လိုက်ပြီး သူ၏ တုံးအမှုကိုသာ ကျိန်ဆဲလိုက်သည်။ သူ့တွင် အမြင်အာရုံကို တိုးမြှင့်ပေးနိုင်သော အနက်ရောင်အတွင်းအား ရှိနေသည် မဟုတ်ပါလား ... ပုံ၏ သဘောတရားကို သူနားလည်နိုင် လောက်ပါသည်။
"ဝုန်း"
သူသည် အနက်ရောင် အတွင်းအားကို မျက်လုံးသို့ ပို့ဆောင်ပြီးသည်နှင့် ပုံမှန်မဟုတ်သော အရာတစ်ခုသည် ဖြစ်ပွားခဲ့ပေသည်။
ရုတ်တရက် ကျောက်တုံးကြီးထံမှ အနီစူးစူး အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ အလွန်အမင်း ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် ကျောက်တုံးဆီမှ ထွက်ပေါ်လာခဲ့ပြီး သင်တန်းကျောင်း တစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့လေသည်။ လူတိုင်းသည် အံ့အားသင့် သွားခဲ့ကြသည်။
*****