← Chapters

အခန်း (၃၈၃)

Vol. 29 Ch. 383

အခန်း (၃၈၃)

Vol. 29 Ch. 383

“ဟား ဟား ဟား ဟား ဟား”

လုယက်သူများ၏ ခေါင်းဆောင်အနည်းငယ်တို့သည် ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်၏။ “မြို့တော်ဝန်ရှမ့်လန်... ခင်ဗျား ဒီအချိန်မှာ လူတွေအကုန်လုံးကို ထိန်းချုပ်ထားနိုင်မယ်လို့ ထင်နေတာလား။ စိတ်ကူးယဉ်မနေနဲ့။ ဒါက ကျုပ်တို့ လုယက်မယ့် နောက်ဆုံးမြို့ပဲ။ ခင်ဗျားက ကျုပ်တို့အတွက် တံခါးဖွင့်ခဲ့ပြီးပြီ။ အခု ခင်ဗျားက ကျုပ်တို့အတွက် အသုံးမဝင်တော့ဘူး”

“ဟုတ်တယ်။ မြို့တော်ဝန်ရှမ့်လန်.. တကယ်လို့ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ဒီအချိန်မှာ ထွက်ပြေးပြီ။ ခင်ဗျား ခပ်ဝေးဝေးကို ပြေးလေ ကောင်းလေပဲ။ ဘာလို့လဲဆိုတော့ ကျုပ်တို့အားလုံးက ထိန်းချုပ်နိုင်တော့တဲ့ လူတွေ မဟုတ်တော့ဘူး။ ခင်ဗျားကို ဖမ်းပြီး စုနန်ဆီတောင် ပို့ရင် ပို့နိုင်တယ်”

“ညီအစ်ကိုတို့.... ဒီကောင်လေးက ကျုပ်တို့ကို ထိန်းချုပ်ချင်နေတယ်။ ကျုပ်တို့မိန်းမတွေနဲ့ အိပ်မှာကို လာပြီးတော့ တားဆီးနေတယ်။ သဘောတူသင့်လား”

“သဘောမတူပါဘူး၊ သဘောမတူပါဘူး”

“ကျုပ်တို့ကို တားဆီးမယ်ဆိုရင် သူ့ကို သတ်ပစ်လိုက်လေ”

ရူးသွပ်နေသည့် ဓားပြများသည် စတင်ကာ အော်ဟစ်လိုက်၏။ ထိုအချိန်မှာတော့ လူဆိုး၊ လူမိုက်တို့၏ စရိုက်များက ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။

“မြို့တော်ဝန်ရှမ့်လန် လမ်းဖယ်”

“ကျုပ်တို့ ချမ်းသာမယ့်လမ်းကို လာပြီး မတားဆီးနဲ့”

“ကျုပ်တို့ မိန်းမတွေနဲ့ အိပ်မယ့်အခြေအနေကို မတားဆီးနဲ့။ မဟုတ်ရင် ခင်ဗျားကိုပါ သတ်မယ်။ လမ်းဖယ်ကြ၊ လမ်းဖယ်ကြ”

ဓားပြများက မြို့တံခါးထဲသို့ လှမ်းဝင်လိုက်ကြ၏။ တဖြည်းဖြည်း ပိုမိုကာ များပြားလာသဘ်။ ရာ၊ ထောင်။ နှင့်ချီ၍ တဖြည်းဖြည်း များပြားလာ၏။ အားလုံးသောသူတို့သည် လက်ထဲရှိ လက်နက်များကို ဝှေ့ယမ်းပြီး ရူးသွပ်သွားသူများကဲ့သို့ပင်။

အရှေ့ဘက်တွင် သူတို့ကို စောင့်မျှော်နေသည့် ကြီးမားလွန်းသည့် မြို့ကြီးရှိနေပြီး ရေတွက်၍မရအောင် များပြားသည့် ဆိုင်များကလည်း အစီအရီနှင့်ပင်။ ထို့အပြင် သူတို့နှင့်အိပ်ရန် စောင့်နေသည့် မိန်းမလှလေး များစွာလည်း ရှိသေး၏။ ယခု ရှမ့်လန်သည် သူတို့အားလုံးကို ဖိနှိပ်ချင်မိ၏။ အိပ်မက်မက်နေခြင်းသာလျှင် ဖြစ်ပေမည်။

“ကောင်စုတ်လေး လမ်းဖယ်စမ်း”

“မဟုတ်ရင် ငါတို့ မင်းနဲ့ပါ အိပ်ပစ်လိုက်မယ်။ ဟား ဟား ဟား ဟား ဟား”

ရှမ့်လန်သည် ဤလူများကို အေးစက်စက် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “လမ်းဖယ်ပေးလိုက်ကြ”

ရှမ့်လန်၏ နောက်မှ စစ်သည်တော် ၁၀၀ ကျော်တို့သည် ချက်ချင်းပဲ လမ်းဖယ်ပေးလိုက်ကြသည်။

“ဟား ဟား ဟား ဟား ဟား” ဓားပြများစွာတို့က ပျော်ရွှင်သွားခဲ့ကြ၏။

“ခပ်ချောချော မြို့တော်ဝန်က ကြည့်ရတာ ငွေသုတ်ထားတဲ့ လှံခေါင်းလိုပဲလေ။ ကြည့်လို့သာလှတယ်။ တကယ်တော့ အသုံးမဝင်ဘူး”

“ဝင်ကြ ဝင်ကြ။ ငါတို့ ချမ်းသာကြတော့မယ်။ ပိုက်ဆံတွေ လုကြ၊ မိန်းမတွေကို လုကြ” ဓားပြပေါင်း ထောင်သောင်းချီတို့သည် မြို့ထဲသို့ လှမ်းဝင်သွားခဲ့၏။ ယနေ့ညတွင် သူတို့က အရာအားလုံးကို ပြုလုပ်ရတော့မှာ ဖြစ်၏။ ယနေ့ည လုယက်ခြင်းသည် သူတို့အတွက် နောက်ဆုံးဖြစ်၏။ ထို့ကြောင့် သူတို့၏ လောဘတရားများကို ဖိနှိပ်မထားကြတော့ပေ။

သို့ပေမည့် နောက်ထပ် တစ်မိနစ်အတွင်းမှာပဲ သူတို့အားလုံးက အပေါ်သို့ မော့ကြည့်လိုက်မိ၏။ သူတို့၏ အရှေ့ရှိ နံရံသုံးဘက်လုံးတွင် သဲများဖြင့် ပြည့်နှက်နေသည့် ဝါးခြင်းများ ရှိ၏။ ဤဝါးခြင်းများသည် သူတို့၏ ရင်ဘတ်လောက် မြင့်၏။

ထိုရင်ဘတ်လောက်သာ မြင့်သော ဝါးခြင်းများ၏ အထက်ဆီမှ မြားထိပ်များ ထွက်ပေါ်လာခဲ့ပြီး စစ်သည်တော် များသည် တိုက်ရိုက်ဆိုသလို သူတို့ကို မြှားဖြင့် ပစ်ခတ်တော့၏။ လက်နက်အပြည့် ဝတ်ဆင်ထားသည့် စစ်သည်ပေါင်း ထောင်ချီတို့သည် ကျန်းချုံးခေါ်ဆောင်လာခဲ့သည့် စစ်သည်များဖြစ်ကြသည်။

“ပစ် ... ပစ်” ကျန်းချုံးက အမိန့်ပေးလိုက်၏။

မြားမိုးများ ရွာကျလာခဲ့လေ၏။ တစ်လှည့်ပြီးတစ်လှည့် တောက်လျှောက်ပစ်ခတ်ကြ၏။ ဓားပြတော်တော်များများ တို့သည် မြို့၏ဂိတ်တံခါးထဲသို့ ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။။ ဤနေရာက လူများနှင့် ပြည့်ကျပ်နေခဲ့သည်။

ထိုအချိန်မှာပဲ မြားမိုးများက ကျဆင်းလာခဲ့၏။ အလုံးစုံ လုပ်ကြံသတ်ဖြတ်ခြင်းပင် ဖြစ်၏။ ထိုဓားပြတို့သည် မြေပေါ်သို့ လဲကျကာ သေဆုံးကုန်ကြ၏။

ဓားပြခေါင်းဆောင်များသည် ပထမ တုန်လှုပ်သွား၏။ ပြီးနောက် သတိအပြည့်ဖြင့် အော်ဟစ်လိုက်သည်။ “မြို့တော်ဝန်ရှမ့်လန်.. ခင်ဗျား ကျုပ်တို့ကို လှည့်စားခဲ့တာပေါ့။ ခင်ဗျားက ရက်စက်တယ်။ ကလိန်ကကျစ် ခွေးကောင်ပဲ”

ရှမ့်လန်သည် နားမကြားသူတစ်ယောက်ကဲ့သို့ပင် ရပ်နေ၏။

ကျန်းချုံးကလည်း နားမကြားသူတစ်ယောက် ကဲ့သို့ပင်။ ထက်ရှလွန်းလှသည့် ဓားများသည် မြားမိုးများကဲ့သို့ပင် ကျဆင်းလာသည်။

“အရူးကြီး... တံခါးပိတ်လိုက်” ရှမ့်လန်က အမိန့်ပေးလိုက်၏။

အရူးကြီးသည် တံခါးကို ခပ်တင်းတင်း ပိတ်လိုက်၏။ ဓားပြများက နှစ်ပိုင်းကွဲသွား၏။ ကြမ်းတမ်းပြီးအလိုလာဘကြီးမားလွန်းသည့် သူခိုးဓားပြများသည် မြို့ထဲသို့ ရောက်ရှိနေကြပြီး အနည်းငယ်သာ လောဘရှိသောသူများမှာတော့ မြို့၏ ဂိတ်တံခါးပအပြင်ဘက်သို့ ရောက်ရှိနေသည်။

ဆွစ် ဆွစ်

မြားမိုးများသည် ခံစားချက်ကင်းမဲ့စွာဖြင့် ကျဆင်းလာခဲ့၏။

ဓားပြခေါင်းဆောင်များက အော်ဟစ်လိုက်ကြသည်။ “ညီအစ်ကိုတို့.. သေတဲ့အထိ တိုက်ခိုက်ကြမယ်။ သေတဲ့အထိ တိုက်ခိုက်ကြမယ်”

ပြီးနောက် ဓားပြငါးယောက်တို့သည် သူတို့၏ ဓားကြီးများကို ထုတ်ယူကာ အရှေ့ဆီသို့ လှမ်းတက်ကြ၏။ ဤလူငါးယောက်က ခေါင်းဆောင်များ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်ဖြစ်ရသနည်းဆိုသော် တိုက်ရည်ခိုက်ရည် ပြည့်ဝသောကြောင့်ပင်။ ထျန်းဟန်ကဲ့သို့သော လူမိုက်ခေါင်းဆောင်မျိုး ဖြစ်သည်။ သူတို့၏ သိုင်းပညာက အတော်အတန် မြင့်မားကြ၏။

လူငါးယောက်တို့သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ ကျဉ်းမြောင်းသည့် လမ်းအတိုင်း ဝင်ရောက်တိုက်ခိုက်ရမည် ဆိုလျှင်တောင် သူတို့က မတွန့်ဆုတ်ကြချေ။ သတ္တိက အမှန်ပင် ကြီးမား၏။ သူတို့သည် သွေးခင်းထားသည့် လမ်းကို ဖြတ်လျှောက်ဖြေရှင်းပြီးပါက ရှမ့်လန်ကိုလည်း သတ်ဖြတ်ရပေလိမ့်မည်။

သို့ပေမည့် ဒါဇင်အနည်းငယ်သာ လှမ်းလျှောက်ရသေး၏။ သူတို့၏ ဦးခေါင်းများက ခန္ဓာကိုယ်ဆီမှ လွင့်ထွက် သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် တော်ဝင်မင်းသမီးကြီး နင်ကျဲ့သည် တိုက်ခိုက်ချက်တစ်ခုတည်းနှင့် ဓားပြ ငါးကောင်ကို သတ်ဖြတ်လိုက်သောကြောင့်ပင်။

ဆွစ် ဆွစ်

မြားမိုးများ ထပ်မံကျဆင်းလာခဲ့ပြန်၏။ ၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် လောဘဇောတိုက်ကာ ရူးသွပ်လု နီးပါးဖြစ်နေသော ဓားပြများကို သုတ်သင်ရှင်းလင်းပြီး ဖြစ်သည်။

ရှမ့်လန်က ကျန်းချုံးကို ပြောလိုက်၏။ “အဘိုးကျန်း”

“အင်း”

“ခင်ဗျားဆီမှာ စစ်သုံးစရိတ်ရှိလား”

ဤလူသောင်းချီတို့သည် ရူးသွပ်နေသည့် လူများဖြစ်၏။ ထို့အပြင် တစ်ယောက်ချင်းစီတိုင်း၌ ရွှေဒင်္ဂါးပေါင်း များစွာ ရှိ၏။ ဤလူများ၏ လက်ထဲရှိ ရွှေဒင်္ဂါးများကိုသာ ရမည်ဆိုပါက စစ်အသုံးစားရိတ်အတွက် လုံလောက်သည့်အရာ ဖြစ်လာပေလိမ့်မည်။

ကျန်းချုံးက ပြောလိုက်သည်။ “ရှမ့်... တော်တော်လွန်လွန်လုပ်ခဲ့တာပဲ”

ရှမ့်လန်က ပြောလိုက်၏။ “တကယ်ကို ကြီးမားတာမျိုး လုပ်ခဲ့တာပေါ့။ ဘာပဲပြောပြော ကျုပ်တို့ ပြန်ဆုံကြပြန်ပြီ။ ကျုပ်နောက်မှာ ဒီလောက်များတဲ့လူတွေ ပါလာမယ်လို့ မထင်ခဲ့မိဘူး။ ကျုပ်တောင် မထိန်းနိုင်တဲ့ အခြေအနေ ဖြစ်ခဲ့တယ်။ ကံကောင်းလို့ပေါ့။”

ကျန်းချုံးက ပြောလိုက်သည်။ “ဒီနေ့ကစပြီး ပိုင်ရီစီရင်စုရဲ့လူတွေကတော့ မင်းကို အရိုးထဲ၊ အသွေးထဲကနေ ဘယ်လောက်မုန်းနေမလဲ မသိဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ယောက်ျားတစ်ယောက်အနေနဲ့ အရမ်းကြီး ရက်စက်လို့ မဖြစ်ဘူး မဟုတ်လား။ ဘာပဲပြောပြော ကျုပ်တို့က အောက်ခြေစည်းမျဉ်းကို နားလည်ရမယ်။ ဒါပေမဲ့ တစ်ချို့အချိန်တွေမှာ စိတ်နှလုံးသား ပျော့ညံ့နေလို့ မဖြစ်ဘူ။ စိတ်နှလုံးသားပျော့ညံ့ရင် သေတတ်တယ်”

ကျန်းချုံးသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက ပြုံးကာ ပြောလိုက်သည်။ “ရှမ့်... လာ မြို့ရိုးနံရံပေါ် အတူတူ တက်ကြည့်ရအောင်။ စုရွှင်ရဲ့ စစ်တပ်က မကြာခင် ရောက်တော့မယ်။ ငါတို့ အတူတူ ပူးပေါင်းပြီး သူ့ကို အံ့အားသင့်စရာတစ်ခုခု လုပ်ပေးကြရအောင်”

ရှမ့်လန်က ပြောလိုက်၏။ “စုနန် ဒီအချိန်မှာ သွေးအန်မထွက်စေဖို့ မျှော်လင့်မိတယ်”

ပြီးနောက် ကျန်းချုံးနှင့် ရှမ့်လန်တို့သည် မြို့ရိုးနံရံအပေါ်သို့ တက်သွားသည်။ ကျန်းချုံး၏ လက်ရွေးစင် စစ်သည်အားလုံးကလည်း မြို့ရိုးနံရံအပေါ်သို့ တက်လာခဲ့ကြသည်။

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ဝူလဲ့.... မြေပေါ်မှာရှိတဲ့ ရွှေဒင်္ဂါးတွေ ပြန်လိုက်သိမ်းဖို့ ပြောလိုက်။ ပြီးတော့ တစ်ခုတလေမှ မကျန်ခဲ့စေနဲ့။ အားလုံးကို စုနန်နဲ့ တိုက်ခိုက်မယ့် စစ်တပ်အသုံးစရိတ်အဖြစ် လူသိရှင်ကြား အသုံးပြုမယ်”

“ကောင်းပါပြီ” ဝူလဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

စုနန်သည် ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းအားလုံးကို အသုံးပြုပြီးသည့် ဤရွှေဒင်္ဂါးများကို ပြန်လည်ရရှိရန် စီစဉ်ထားသည်။ သို့ပေမည့် ရှမ့်လန်သည် ရွှေဒင်္ဂါးများအား စုနန်နှင့် တိုက်ခိုက်ရန် စစ်သုံးစရိတ်အဖြစ် အသုံးပြုရန် ကြေညာခဲ့သည်။ တစ်ဖက်သူသာ သိရှိပါက ကျိန်းသေပေါက် သွေးပွက်ပွက်အန်မှာ သေချာ၏။

မြို့၏နံရံအပေါ်မှာတော့ ရှမ့်လန်က အောက်သို့ ငုံ့ကြည့်လိုက်၏။ မြို့၏နံရံနှင့် မနီးမဝေးတွင် သူခိုးဓားပြ နှစ်သောင်းနီးပါးခန့်ရှိပြီး အားလုံးက ပြာယာခပ်လို့နေသည်။

မြို့တံခါးက ပိတ်သွားခဲ့ပြီ။ ဤသူများသည် အထဲသို့ မဝင်နိုင်ခဲ့ချေ။ အားလုံးက အော်ဟစ်ဆဲဆိုနေ၏။

“မြို့တော်ဝန်ရှမ့်လန်.... ခွေးကောင်”

အဝေးတစ်နေရာမှာတော့ စုရွှင်၏ စစ်တပ်ကြီးက နီးကပ်လာ၏။ သံမဏိ မြင်းခွာသံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နားကွဲလုမတတ်ပင်။

ရှမ့်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဟေ့လူတွေ ပြေးတော့ .... ပြေးတော့။ နေရာအနှံ့ကို ဖြန့်ပြီး ပြေး။ ပြေးနိုင်မှ လွတ်မယ်။ ဒါ သေခြင်းရှင်ခြင်းရဲ့ ကစားပွဲတစ်ခုပဲ .. ဟားဟား...။

ခင်ဗျားတို့ တစ်သက်တာ ရှာဖွေနိုင်စွမ်းမရှိတဲ့ ပိုက်ဆံတွေကို ရခဲ့ပြီးပြီ။ ဒီတော့ ခင်ဗျားတို့ သေမင်းနဲ့ ဆော့ကစားသင့်တယ်။ တကယ်လို့ ကံကောင်းရင် လွတ်မယ်။ လွတ်ရင် ချမ်းသာမယ်။ အင်း .... မလွတ်ဘူးဆိုရင်တော့ သေမှာပဲ”

လောကကြီးက တရားမျှတတယ်။ ကောင်းကင်ကြီးကလည်း တရားမျှတတယ်။ အဲတော့ ကိုယ့်ရဲ့ကံကြမ္မာလမ်းကို ကိုယ့်ဘာသာ ခင်းကြ။ ကျုပ်ကို ဆဲချင်နေတာလား။ ကျုပ် ရှမ့်လန်က ခင်ဗျားတို့ ဆဲချင်တိုင်း ဆဲလို့ရတဲ့လူပဲ။ ဆဲကြပါ။ ဒါပေမယ့် အခုပြေးတော့ ... ဟားဟား..။”

အနောက်ဘက်ဆီမှ မြင်းခွာသံများက ပိုမိုကာ များပြားလာခဲ့၏။ ဓားပြပေါင်းများစွာတို့သည် သူတို့ ယခင်က လုယက်ထားခဲ့သည့် ရွှေဒင်္ဂါးများကို ကိုင်ဆောင်ကာဖြင့် နေရာအနှံ့သို့ ပြေး၏။ သူတို့သည် အားကုန်ထုတ်ကာ ပြေးကြသည်။ အော်ဟစ်ဆဲဆိုရင်း ပြေးနေခြင်းပင်။

စုရွှင်၏ စစ်တပ်ကြီးသည် ပိုင်ရီမြို့နှင့် နီးကပ်လာခဲ့၏။

ဓားပြများသည် စိုးရိမ်ပူပန်မှုများစွာနှင့် အသက်ဘေးမှ ပြေးလျက်ရှိသည်။

….

လေ့ကျိုးကျွန်းသည် စုစုပေါင်း စတုရန်းမီတာ တစ်သောင်းနီးပါးခန့် ရှိ၏။ နုရှောင့်မြို့ အကျယ်အဝန်းက ကြီးမားလှသည်။ လက်ရှိအခြေအနေမှာတော့ ထိုတည်နရာကို ကျင်းမိသားစု ပိုင်ဆိုင်ထားပြီး ကောင်းကင်တာအို အဖွဲ့အစည်း၏ ကူညီမှုနှင့်အတူ ကောင်းကောင်း အခြေကျနေပြီဖြစ်သည်။ လေ့ကျိုးကျွန်းသို့ ရွှေ့ပြောင်းလာခဲ့သည့် ရွှေ့ပြောင်းလုပ်သား တစ်သောင်းကျော်တို့နှင့်အတူ လွန်ခဲ့သည့် နှစ်ဝက်တည်းက အခြေချ နေထိုင်နေခဲ့ကြပြီဖြစ်၏။

လေ့ကျိုးကျွန်းစု၏ တခြားသော တစ်ဝက်မှာမူ ကျန်းချုံး၏ လက်ထဲသို့ ကျရောက်ခဲ့၏။ ကျန်းချုံးသည် နုကျန့်စီရင်စုဆီမှ ထွက်ခွာပြီးနောက် လေ့ကျိုးကျွန်း၏ လက်ကျန်ပိုင်ဆိုင်မှုကို နှစ်ပိုင်းခွဲသည်။ တစ်ဝက်အား ချောင်ဟောင်ကို အုပ်ချုပ်လျက်စေ၍ တခြားသောတစ်ဝက်ကို နုကျန့်စီရင်စု၏ မြို့စောင့်တပ်က စောင့်ရှောက်သည်။

ဘုရင်မင်းမြတ်သည် နုရှောင့်မြို့တော်ဝန်အဖြစ် ကျင်းရှိယန်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး ထျန်းဖန်မြို့တော်ဝန် အဖြစ် ချောင်ဟောင်ကို လွှဲအပ်ပေးခဲ့၏။ ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေ၏ မွေးစားသား ချောင်ဟောင်သည် စစ်ပွဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သည်သာ မကချေ။ သူသည် မြို့တော်ဝန်တစ်ယောက် ဖြစ်လာခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကျန်းချုံးကြောင့်ပင်။ သူသည် ကျန်းချုံးဆီသို့ သစ္စာခံခဲ့သည်။ ထို့ကြောင့် မြို့တော်ဝန်အဖြစ် နေထိုင်နိုင်ခဲ့၏။ သို့ပေမည့် ကျန်းချုံးကို ဘုရင်မင်းမြတ် အကျဉ်းချလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ချောင်ဟောင်သည် ချက်ချင်း ဆိုသလိုပဲ သူ၏နောက်ခံ ပျောက်ကွယ်သွားခဲ့ရသည်။

သို့ပေမည့် ကိစ္စမရှိပေ။ မကြာခင်မှာပဲ တတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားတို့၏လူများသည် သူ့ဆီသို့ ရောက်ရှိလာခဲ့ပြီး သူ့ကို သွေးဆောင်ကြသည်။ သို့နှင့် ချောင်ဟောင်သည် ပင်လယ်ဓားပြအဖြစ် အသုံးတော်ခံခဲ့၏။ ကျန်းချုံးနှင့် ကိစ္စရပ်များ ပြီးမြောက်ပြီးနောက် သူ၏ သစ္စာတရားသည် အိမ်ရှေ့စံ မင်းသား၏ဘက်သို့ ရွှေ့ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ အမှန်ကြီးမားသည့်အပင်ကြီး၏ အောက်၌ နေထိုင်ရသည်မှာ အေးမြပြီး အရိပ်ရ၏။

အိမ်ရှေ့စံမင်းသားလက်အောက်သို့ ခိုလှုံပြီးနောက် သူသည် အဆုံးမဲ့သည့် အကျိုးကျေးဇူးများကို လက်ခံရရှိခဲ့၏။ ချောင်ဟောင်သည် သူ၏ တပ်ကို ထပ်မံချဲ့ထွင်ရန် အခွင့်အရေး ရရှိခဲ့၏။ မူလအားဖြင့် သူ၏ ထိန်းချုပ်မှုအောက်တွင် ပင်လယ်ဓားပြ ၃၀၀၀ ကျော်သာလျှင် ရှိ၏။ လက်ရှိမှာတော့ ၅၀၀၀ နီးပါးခန့် တိုးချဲ့လာနိုင်သည်။

ထို့အပြင် သင်္ဘောတည်ဆောက်ရန် ပိုက်ဆံမရှိသည့်အခါမျိုး၌ ယင်ယွမ်အဖွဲ့အစည်းက ချက်ချင်း ရောက်ရှိလာခဲ့ပြီး ပိုက်ဆံများကို ချေးငှား၏။ သင်္ဘောအသစ်များကို တစ်ခုပြီးတစ်ခု တည်ဆောက်ခဲ့၏။ သို့ပေမည့် သင်္ဘော တည်ဆောက်ခြင်း ဆိုသည်မှာ အချိန် ကြာလွန်း၏။ ပင်လယ်ပြင်၌ ရွက်လွှင့်နိုင်ရန် တစ်နှစ်နီးပါးခန့် အချိန်ယူရပေမည်။

ထို့ကြောင့် သူ့၌ တစ်ခုတည်းသော တာဝန်သာလျှင် ရှိ၏။ ထိုအရာက ကျင်းမိသားစုကို မျက်စိဒေါက်ထောက် ကြည့်ရှုနေခြင်းပင်။ နုရှောင့်မြို့ကို မျက်စိဒေါက်ထောက် ကြည့်ရှုနေခြင်းပင်။ သူအနေနှင့် ပြုလုပ်ချင်သည့် စိတ်ထဲမှအရာများကို ဖိနှိပ်ပြီး ကြည့်ရှုနေရ၏။

All Chapters