← Chapters

အခန်း (၃၈၇)

Vol. 29 Ch. 387

အခန်း (၃၈၇)

Vol. 29 Ch. 387

ရှမ့်လန်သည် လူပေါင်း တစ်သောင်းကျော်တို့ကို သတ်ဖြတ်ပစ်ခဲ့ပြီး ပိုင်ရီစီရင်စုတစ်ခုလုံးတွင် ရှိသော ရွှေငွေများစွာကို ယူဆောင်ခဲ့သည်ဟု လျှို့ဝှက်စာထဲ၌ ရေးသားထားခဲ့၏။ စုနန်၏စစ်တပ်ကြီးသည် ရူးရူးမူးမူးဆိုသလိုပဲ လက်ကျန်လူပေါင်း တစ်သောင်းကျော်တို့ကို သတ်ဖြတ်ခဲ့၏။ လျှို့ဝှက်စာ၌ နောက်ဆုံးရလဒ်ကို ထုတ်ဖော်ရေးသားရန် အခွင့်မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲက မပြီးဆုံးသေး သောကြောင့်ပင်။

သို့ပေမည့် နင်ယွမ်ရှန်းသည် ရှမ့်လန်၏ အစီအစဉ်ပေါင်းများစွာကို ကောင်းကောင်းသိရှိ၏။ သူသည် လောဘကြီးလွန်းသည့် လူပေါင်းတစ်သောင်းကျော်တို့အား ဓားစာခံအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်၏။ ဤကောင်လေးသည် တကယ့်ကို ကြမ်းတမ်းလွန်း၏။

“အင်း.. လုပ်နိုင်စွမ်းရှိတာတော့ ငါ သိပါတယ်။ ဒါပေမဲ့ အဲလောက်ကြီး ပြဿနာရှာလိမ့်မယ်လို့တော့ မထင်မိဘူး”

မိမိ၏ ကိုယ်ပိုင်အားအင်ကို အသုံးပြုပြီး ပိုင်ရီခရိုင်တစ်ခုလုံးကို ပြောင်းပြန်လန်သွားအောင်ပင် ပြုလုပ်ခဲ့၏။ မည်မျှရဲတင်းလိုက်သနည်း။

ဘုရင်မင်းမြတ်သည် လီစွမ်းဆီသို့ လျှို့ဝှက်စာကို လှမ်းပေးကာ ပြောလိုက်သည်။ “ပိုင်ရီခရိုင်ထဲမှာ ရှမ့်လန် ဆိုတဲ့ နာမည်က ငိုနေတဲ့ ကလေးကိုတောင် တိတ်သွားစေလိမ့်မယ်။ သူ့ကို လူတိုင်းက ကြောက်လန့်ကြလိမ့်မယ်”

“နန်းမြို့တော်ပြန်လာတဲ့အချိန်မှ သူပြောမယ့်စကားကို ငါ သေသေချာချာ လေးလေးနက်နက်နဲ့ နားထောင်ရတော့မယ်။ သူက နန်းမြို့တော်ထဲမှာ လိမ္မာခဲ့သလောက် အပြင်ဘက်ကိုရောက်တဲ့အချိန်မှာ တကယ် ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာခဲ့တာပဲ။ သူက စစ်မြေပြင်ထဲကို ရောက်တဲ့အချိန်မှာ ဘုရင်မင်းမြတ်ရဲ့ အမိန့်စကားကို မနာခံတဲ့ စစ်သူကြီးတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ်”

လီစွမ်းက စာကို ဖတ်ရှုပြီးနောက် ဒူးများပင် ခွေယိုင်လုမတတ် ဖြစ်သွား၏။ မင်းသမီးနင်ယန်နှင့် တစ်အိပ်ရာထဲအိပ်ခဲ့သည့် ဤချောမောသည့် လူငယ်လေးတစ်ယောက်သည် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရာများကို ပြုလုပ်ခဲ့သည်လား။

လဝက်ပင် မကြာသေးချေ။ ပိုင်ရီစီရင်စုတစ်ခုလုံးကို သန့်စင်ပြီး ဖြစ်နေပြီး မြို့ပေါင်းများစွာတို့ကိုလည်း သန့်ရှင်းစင်ကြယ်အောင် အမှိုက်သရိုက်များအား ရှင်းလင်းပစ်ခဲ့သည်။ အနောက်တိုင်းကုန်သည်များနှင့် အနောက်တိုင်း စစ်သည်တော်များ ... ထို့အပြင် စုကလန်၏ အောက်ဆွဲအားလုံးက အသတ်ခံလိုက်ရ၏။ ပိုင်ရီစီရင်စုအတွင်းရှိ မြို့များသည် နန်းတွင်း၏ အုပ်ချုပ်မှုအောက်၌ မရှိသလို ဖြစ်ခဲ့၏။

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အားလုံးပဲ... ငါ နင်ယွမ်ရှန်းက လူတော်တော်များများကို သတ်ခဲ့တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဒီခွေးသူတောင်းစားလေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ငါက ဘာဖြစ်သွားမှာလဲ”

“ရှမ့်လန်ကို အမိန့်ပေးလိုက်စမ်း။ သူ့ကို ကြိမ်ဆယ်ချက်ရိုက်။ ပြီးတော့ ကျန်းချုံးကို လှမ်းမေးလိုက်စမ်း။ သူ့ရဲ့နောက်လိုက်ကို သူဘယ်လို စီမံခန့်ခွဲနေတာလဲ။ ဒီလိုအပြုအမူတွေက ပိုင်ရီစီရင်စုက လူပေါင်းများစွာတို့ရဲ့ နှလုံးသားကို အမှောင်ဖုံးစေမယ်”

ဘုရင်မင်းမြတ်က တုန်လှုပ်နေ၏။ ထို့အတူ ပျော်ရွှင်လျက်လည်း ရှိ၏။ သေးငယ်သည့် အရာလေးတစ်ခုက ထိုမျှအထိ ပြုလုပ်နိုင်လိမ့်မည်ဟု သူ တကယ် မထင်မှတ်ခဲ့ချေ။ ရှမ့်လန်၏ သတ္တိက မိုးလောက်ပင် ကြီးမား၏။

“စုနန်က ပုန်ကန်မဲ့အချိန်ကို ရောက်တော့မှာပဲ။ သူ ကျိန်းသေပေါက် ချင်နိုင်ငံနဲ့ တွေ့ဆုံဖို့ မစောင့်နိုင်တော့ဘူး ထင်တယ်”

လီစွမ်းက မေးလိုက်သည်။ “ရှမ့်လန်က အဲလောက်ကြီးတောင် အားကောင်းတာလား”

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အမှန်ပဲ။ အခု သူက စုနန်ကို ချောက်ဆီတွန်းပို့နေတာလေ။ စုနန်က ကြမ်းတမ်းတဲ့ လူတစ်ယောက်။ ဒီလိုလူမျိုးကို ဖိနှိပ်နိုင်ဖို့ဆိုတာ ရှမ့်လန်ပဲ လုပ်နိုင်လိမ့်မယ်”

လီစွမ်းက ပြောလိုက်သည်။ “ဒါပေမဲ့ အဲကောင်လေးရဲ့ ဂုဏ်သိက္ခာက အားလုံး ပျက်စီးသွားခဲ့ပြီ။ ပြီးတော့ သူ့ဆီမှာ ရည်ရွယ်ချက် မရှိတာ သေချာတယ်။ သူက လက်စားချေဖို့အတွက် လုပ်နေတာပဲ”

ဘုရင်မင်းမြတ်က ဆူငေါက်လိုက်၏။ “ခွေးအိုကြီး... မင်းမလိုအပ်တဲ့စကားတွေ မပြောနဲ့တော့။ သူ့မှာ ရည်ရွယ်ချက်ရှိလား၊ မရှိလားဆိုတာ ငါ့ကို သေချာပြောစမ်း”

လီစွမ်းက ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီးက ဉာဏ်ကောင်းပါတယ်။ ဒီကိစ္စကို သိရှိပြီး ဖြစ်ပါလိမ့်မယ်”

ဘုရင်မင်းမြတ်က ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တွင် စိတ်လှုပ်ရှားမှုများနှင့် တောက်လောင်နေသကဲ့သို့ပင်။ သူက ပြောလိုက်၏။

“ပျံ့ရှောင်းကို သတင်းပေးလိုက်။ အဆင်သင့် ပြင်ထားလို့၊ အချိန်ရောက်တော့မယ်”

ပြီးနောက် သူသည် စစ်တပ်စခန်းမှ အပြင်သို့ ထွက်လျှောက်ပြီး လေညှင်းခံလျက်ရှိနေ၏။ လေက တဝုန်းဝုန်းနှင့် တိုက်ခိုက်လျက် ရှိနေ၏။ တိမ်များပင် လွင့်စင်နေခဲ့၏။ မကြာခင် ကြီးမားသည့် ပြပွဲကြီးတစ်ခု စတင်ပေတော့မည်။

သူ နင်ယွမ်ရှန်း၌ ပျံ့ရှောင်း၊ ကျုံးရန်၊ ရန်ချောင်း၊ ကျူးဟုန်ကျူး၊ ကျန်းချုံးတို့ကဲ့သို့ အစွမ်းအစရှိသော သူများရှိ၏။ ယခုကဲ့သို့သော အရေးအခင်းမှ အဘယ်သို့ မလွတ်မြောက်ဘဲ နေမည်နည်း။ ထို့အပြင် အလွန် အဆိပ်ပြင်းသည့် ရှမ့်လန်ဆိုသည့် မြွေတစ်ကောင်လည်း တည်ရှိနေသေး၏။

ယခုပြပွဲကြီးက စတင်ပြီဖြစ်၏။ သူကိုယ်တိုင် စင်ပေါ်သို့ တက်ပြီး တစ်ဖက်လူများအတွက် ဗုံတီးပေးရန် အဆင်သင့် ဖြစ်ရပေတော့မည်။

“ပျံ့ရှောင်း၊ ကျန်းချုံး၊ ရှမ့်လန်... မင်းတို့သုံးယောက် ပွဲကရတော့မယ်”

……....

ပိုင်ရီခရိုင်၏ ပိုင်ရီမြို့...

စုရွှမ်သည် မြို့ရိုးနံရံ၏ ထိပ်ဆီမှ အောက်သို့ ဆင်းသက်လိုက်၏။ ပြီးနောက် သူသည် ထုဟိုင်နှင့် ပန်ရော့တို့ ဘေးသို့ ရောက်ရှိသွားသည်။ ဒါဇင်နှင့်ချီသည့် ကျွမ်းကျင်သူအားလုံးကလည်း အောက်သို့ တဘုတ်ဘုတ် ပြုတ်ကျလာခဲ့၏။ တော်တော်များများတို့က သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး အလောင်းများသာ ကျန်ရှိ၏။ ထိပ်တန်း ကျွမ်းကျင်သူအားလုံးတို့သည် တစ်ချက်တည်း တိုက်ခိုက်ရပေမည်။ ထို တိုက်ခိုက်ချက်သာ လွဲချော်လျှင် တခြား အခွင့်အရေး ထပ်ရတော့မည် မဟုတ်ပေ။

စုရွှမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အား... အား”

သူ မကျေနပ် ဖြစ်နေ၏။ ကိုယ်တိုင်စတင်ကာ လှုပ်ရှားတိုက်ခိုက်ခဲ့၏။ ထို့အတူ မဟာပညာရှင်ပန်ရော့ကိုပင် ဖိတ်ခေါ်ခဲ့၏။ သို့ပေမည့် သူသည် ကျန်းချုံးနှင့် ရှမ့်လန်တို့ကို မသတ်ဖြတ်နိုင်ခဲ့ချေ။

ထို့အပြင် တစ်ဖက်မှ သက်လတ်ပိုင်းအရွယ်လူက မည်သူဖြစ်သနည်း။ အလွန်အားကောင်းလွန်းနေ၏။ ကျန်းချုံးကို ထိုထိပ်တန်းကျွမ်းကျင်သူက ကာကွယ်ပေးနေ၏။ ထို့ကြောင့် ကျန်းချုံးကို သတ်ဖြတ်ဖို့ အခွင့်အရေးမှာ မည်သို့မှမဖြစ်နိုင်ခဲ့ပေ။

ထို့အပြင် ကျန်းချုံး၏ သိုင်းပညာကလည်း တကယ့်ကို မြင့်မား၏။ ကျန်းချုံးသည် စတင်တိုက်ခိုက်သည့် အချိန်တွင် ကျိန်းသေပေါက် အင်ပြည့်အားပြည့် တိုက်ခိုက်တတ်၏။ မဟာပညာရှင်တစ်ယောက်ပင်လျှင် သူ့ကို အချိန်တိုအတွင်း သုတ်သင်ပစ်ရန် မဖြစ်နိုင်ချေ။

သို့ပေမည့် စုရွှမ်၏ဓား၌ အဆိပ်များ သုတ်ထားခဲ့၏။ ကျန်းချုံးသည် သူ၏ ခုတ်ပိုင်းချက်ကို အနည်းငယ် ခံယူခဲ့ရသည်။ ထို့ကြောင့် အဆိပ်ကြောင့် သေဆုံးသွားရန် သူ မျှော်လင့်နေမိ၏။ သို့ပေမည့် သူ အတွေးလွန် ခဲ့ခြင်းသာလျှင် ဖြစ်၏။ ရှမ့်လန်က ရှိနေသေးသည်။

ရှမ့်လန်က တိုက်ရိုက်ဆိုသလို ပြောလိုက်၏။ “အရူးကြီး.. ဘိုးတော်ကျန်းချုံးရဲ့ ဒဏ်ရာက သွေးတွေကို စုပ်ထုတ်လိုက်”

အရူးကြီးသည် အဆိပ်ကိုကုသနိုင်စွမ်း လူတစ်ယောက် မဟုတ်ပေ။ သို့ပေမည့် ရှေ့ဆီသို့ လှမ်းတက်ပြီး ကျန်းချုံး၏ ဒဏ်ရာမှ သွေးများကို စုပ်ထုတ်လိုက်၏။

ထိုအချိန်မှာတော့ ကျန်းချုံးက တုန်ယင်လျက်ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သွေးတစ်လုတ် စုပ်ထုတ် လိုက်ခြင်းသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးတစ်ဝက် ကုန်ဆုံးသွားသကဲ့သို့ ခံစားရစေ၏။ အဆိပ်ရှိသည့် သွေးတင်သာမက သာမန်သွေးများပင်လျှင် ပါဝင်သွားသကဲ့သို့ပင်။

“ထွီ”

အရူးကြီးသည် သွေးများကို ပြန်လည် ထွေးထုတ်လိုက်သည်။

ပြီးနောက် ရှမ့်လန်သည် ဓားတစ်ချောင်းကို ထုတ်ယူပြီး ကျန်းချုံး၏ ဒဏ်ရာကို ခွဲလိုက်၏။ ပြီးနောက် အပ်တစ်ချောင်းကိုထိုးစိုက်ပြီး အထဲတွင်မှဒဏ်ရာကို ကုသပေးခဲ့၏။ သူ၏ လှုပ်ရှားမှုက မတရား မြန်ဆန်လွန်း၏။

စုရွှမ်၏ဓား၌ အဆိပ်သုတ်ထားသည်ဆိုလျှင်တောင်မှ မည်သည့်ပြဿနာမှ မရှိတော့ချေ။ ပြီးနောက် ရှမ့်လန်သည် ကျန်းချုံးအတွက် ဆေးနည်း အနည်းငယ်ကို ရေးသားခဲ့ပြီး လက်ကျန်အဆိပ်ကို ကုသရန် ပြင်ဆင်ခဲ့၏။ သူသည် မြေပေါ်တွင် ရှိနေသည့် သွေးများကို စစ်ဆေးလိုက်၏။ သေချာပေ၏။ စုရွှမ်၏ဓားတွင် အဆိပ်များ လူးထားခဲ့ပြီး အဆိပ်ပြင်းမြွေတစ်ကောင်၏ အဆိပ်ဖြစ်သည်။

“အင်း... ကောင်းပြီ”

ရှမ့်လန်က ပြောလိုက်၏။ “ဒါ မြွေပွေးတစ်ကောင်ရဲ့ အဆိပ်မျိုးဆိုပေမဲ့ ကျန်းချုံးရဲ့ ခန္ဓာကိုယ်ထဲကို သေသေချာချာ မဝင်သွားခဲ့ဘူး။ ဒါကြောင့်မလို့ ဘာမှမဖြစ်ခဲ့တာပေါ့။ ယောင်ကိုင်းမှုကို ကုသဖို့အတွက်ကတော့ ဆေးအနည်းငယ်လောက် သောက်ဖို့ လိုအုံးမယ်”

ကျန်းချုံးသည် သူ၏ ရင်ဘတ်မှ အနာကို ကြည့်ရှုလိုက်၏။ သုံးလက်မနီးပါးခန့်သာ အနာက ကွဲ၏။ စုရွှမ်၏ သိုင်းပညာက တကယ့်ကို ကောင်းမွန်ပြီး စုနန်ထက်ပင် အနည်းငယ် အားကောင်းနိုင်သည်။

ရှမ့်လန်သည် ကျန်းချုံး၏ အသက်ကို ကယ်တင်ခဲ့၏။ ဤအချိန်မှာတော့ ကျန်းချုံးသည် ရှမ့်လန်အတွက် ဓားတစ်စင်းဖြင့် ကာကွယ်ပေးခဲ့၏။ ထိုအရာက အကြွေးကို ပြန်လည်ပေးဆပ်ခြင်းဟု သုံးသပ်ရပေလိမ့်မည်။ သို့သော်ငြား ချက်ချင်းဆိုသလိုပဲ ရှမ့်လန်က သူ့ကို ပြန်လည်ကာ ကယ်တင်ခဲ့ပြန်၏။ ထို့ကြောင့် အသက်ကြွေးက ထပ်မံကာ တည်ရှိပြန်၏။

ရှမ့်လန်သည် သက်လတ်ပိုင်းလူကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “မင်းသမီး နင်ပုကျင်း.. ကျေးဇူးပြုပြီးတော့ ရေနက်အဖွဲ့က ကျွမ်းကျင်သူတွေကိုခေါ်ပြီး အုပ်ချုပ်ရေးမှူးကျန်းချုံးကို အချိန်ပြည့် ကာကွယ်ဖို့ ကြိုးစားပေးပါ။ စုနန်ကို ဘာအခွင့်အရေးမှ မပေးပါနဲ့”

အချက်အလက်အားဖြင့် ရှမ့်လန်သည် မင်းသမီးနင်ကျဲ့ရှိနေသည်ကို မသိရှိခဲ့ချေ။ ဘုရင်မင်းမြတ်က တကယ့်ကို လှည့်ကွက်များနှင့် ထည့်ပေးလိုက်ခြင်းဖြစ်၏။

“နင်ပုကျင်း ဟုတ်လား”

အားလုံးသောသူတို့က ရှမ့်လန်ကို လှမ်းကာကြည့်ရှုလိုက်၏။ ဤနာမည်ပြောင်ကို အဘယ်သို့ ထုတ်ပြောရဲ ရသနည်း။

ရှမ့်လန်က ချက်ချင်းပဲ ပါးစပ်ကို ပိတ်လိုက်၏။ သူသည် ရှက်ရွံ့သွားသလို ခံစားလိုက်မိသည်။

မင်းသမီးနင်ကျဲ့သည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှု၏။ သူမအနေနှင့် ယောကျ်ားများကို စိတ်မဝင်စားချေ။ ယောကျ်ားများထံတွင် ရှိနေသည့် ဆိုးဝါးသည့် အတွေးများကို သူမက ကောင်းကောင်းနားလည်ပြီး ဖြစ်သောကြောင့်ပင်။ ရှမ့်လန်ခေါ်သည့် နာမည်ပြောင်၏အဓိပ္ပာယ်ကို သူမ သိရှိပြီးဖြစ်သည်။ သို့ပေမည့် သူမသည် ရှမ့်လန်ကို အေးစက်စက် တစ်ချက်သာလျှင် ကြည့်ရှုပြီး တခြားဘာမှ မပြောခဲ့ချေ။

ရှမ့်လန်က ပြုံးကာ ပြောလိုက်၏။ “ဆရာကျန်း... ကျုပ်တို့ရဲ့ ပထမခြေလှမ်းကတော့ အောင်မြင်သွားခဲ့ပြီ။ ပြီးရင် စုနန်က ရွေးချယ်ခွင့်မရှိဘဲနဲ့ မြားလွှတ်ရတော့မယ်။ ဒါဆိုရင် သူက ကျိန်းသေပေါက် ချင်နိုင်ငံနဲ့ တွေ့ဆုံပြီး ပုန်ကန်ရတော့မယ်”

ကျန်းချုံးက ပြောလိုက်သည်။ “ရှမ့်က တကယ့်ကို အံ့အားသင့်စရာပဲ”

သူတို့၏တာဝန်သည် စစ်တပ်ကြီးနှစ်ခု တွေ့ဆုံမှုကို ခဏတာ တားဆီးထားရန်ပင် ဖြစ်၏။ စုနန်သည် ခဲတစ်လုံးနှင့် ငှက်သုံးကောင်ကို သတ်ဖြတ်ချင်ခဲ့၏။ ရှမ့်လန်ကလည်း မုန်လာဥကို အသုံးပြုပြီး စုနန်ကို ခြောက်ခြားအောင် ပြုလုပ်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူသည် စုနန်ကို ချောက်ကမ်းပါးဆီသို့ တွန်းပို့နိုင်ခဲ့ပြီဖြစ်သည်။

“စုနန်ရဲ့ ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ပစ်တဲ့ဗျူဟာက တကယ့်ကိုကောင်းလွန်းပြီး ရက်စက်လွန်းတယ်။ ဒါပေမဲ့ သူက လောဘကြီးလွန်းခဲ့တယ်”

ကျန်းချုံးက သဘောတူညီလိုက်၏။ လူတို့သည် အကျိုးအမြတ်ကို မြင်လျှင် စိတ်လှုပ်ရှားတတ်သည်။ ခြေလှမ်းမှားတတ်သည်။ ရှမ့်လန်ကဲ့သို့ ရွှေနှင့်ငွေကို ချီးလို၊ သေးလို သဘောထားခဲ့သည့် လူတစ်ယောက်အတွက် လောဘတရားဆိုသည်မှာ ဘယ်အရာနည်းဟု ပြန်မေးရပေမည်။

နုရှောင့်မြို့တိုက်ပွဲ၌ ရှမ့်လန်သည် ရွှေများ၊ ငွေများကို ရေလိုပင် ထုတ်သုံးခဲ့၏။ နုရှောင့်မြို့ကို အပိုင်စီးနိုင်ရန်အတွက် ချောင်ထျန်းဝေကို သတ်ဖြတ်နိုင်ရန်အတွက် ကျင်းချန်ကျွန်းတစ်ခုလုံးကိုပင်လျှင် သူက လက်လွှတ်ပေးခဲ့၏။ ရွှေဒင်္ဂါးသန်းနှင့်ချီသည့်အရာများကို စိတ်ရှိသလောက် သွန်ချခဲ့၏။

ယခု ဤကဲ့သို့ တူညီစွာပင်။ သူသည် လူပေါင်းတစ်သောင်းကျော်တို့ လုယူထားခဲ့သည့် ရွှေဒင်္ဂါးများကို အသုံးပြုခဲ့ပြန်သည်။ ရွှေပမာဏက အလွန်များပြားသည်။ သို့ပေမည့် သူသည် ထိုအရာများကို မျက်လုံးထဲ မထည့်ခဲ့ချေ။ စုနန်၏ စစ်တပ်ကိုဆွဲခေါ်ရန် သူ ထိုအရာကို အသုံးပြုခဲ့သည်။

စုနန်၏ မျက်လုံးထဲမှာတော့ ထိုကဲ့သို့သော ပမာဏသည် ကြီးမားလွန်းသည့် ပမာဏတစ်ခုဖြစ်ပြီး လက်လွှတ်မခံနိုင်ချေ။ ထို့ကြောင့် ရှမ့်လန်သည် ထိုရွှေဒင်္ဂါးများကို အသုံးပြုပြီး စုကလန်၏စစ်တပ်ကြီးကို ချောက်ကမ်းပါးသို့ ရောက်အောင် တွန်းပို့နိုင်ခဲ့ခြင်းဖြစ်သည်။

အဆုံးသတ်မှာတော့ သူသည် လောဘကြီးလွန်းသည့် ဓားပြပေါင်းသောင်းကျော်တို့ကို သတ်ဖြတ်နိုင်ခဲ့၏။ စုနန်၏ စစ်တပ်ကြီးကိုလည်း ကျိန်းသေပေါက် ချောက်ကမ်းပါးဆီသို့ ရောက်ရှိအောင် ဖိအားပေးနိုင်ခဲ့၏။

ရှမ့်လန်သည် ဤကဲ့သို့သော ရွှေပမာဏကို လက်လွှတ်ရခြင်းအတွက် တစ်ချက်ကလေးမှ နှမြောတွန့်တိုခြင်း မရှိသလို ဓားပြပေါင်းတစ်သောင်းကျော်တို့ သေဆုံးသွားခြင်းနှင့် ပတ်သက်၍လည်း သနားစိတ်ဟူ၍ တစ်ချက်လေးမှ မရှိချေ။

အခြားသော ရည်မှန်းချက်ကြီးမားသည့် လူများ၏မျက်လုံးထဲတွင် ထို ဓားပြပေါင်း တစ်သောင်းကျော်တို့သည် ရွှေဒင်္ဂါးပေါင်း မြောက်များစွာ ဖြစ်၏။ သို့ပေမည့် ရှမ့်လန်က တစ်ချက်ကလေးမှ ဂရုမစိုက်ခဲ့ချေ။ ငါးစာ အဖြစ်သာ အသုံးချခဲ့သည်။

စုနန်သည် ဉာဏ်ကောင်းလွန်း၏။ သို့ပေမည့် လောဘကြီးလွန်းခဲ့၏။ ဤတိုက်ပွဲတွင် သူသည် ဘာတစ်ခုကိုမှ မရခဲ့ချေ။ ခဲတစ်လုံးနှင့် ငှက်သုံးကောင်ကို ပစ်ခတ်ခြင်းကလည်း လွဲချော်ခဲ့၏။ အခု စုရွှမ်၏ စစ်တပ်ကြီးတစ်ခုလုံး မြို့၏ ဂိတ်တံခါးသို့ ရောက်ရှိလာခဲ့ပြီး အနည်းငယ်လေးသော ရွှေဒင်္ဂါးများကိုသာ ရရှိခဲ့၏။

ဘာလုပ်ရမည်နည်း။ နောက်ဆုတ်ရမည်လား။ မဖြစ်နိုင်ချေ။ စစ်သည်တို့၏ စိတ်ပိုင်းဆိုင်ရာသည် အဆိုးဆုံး အခြေအနေဆီသို့ ကျဆင်းသွားပေလိမ့်မည်။

ကျန်းချုံး၏ စစ်တပ်ကြီးသည် လူပေါင်းသောင်းချီရှိနေသည့် သူတို့၏စစ်တပ်ကြီးကိုပင် ကြောက်လန့်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု သတင်းပျံ့နှံ့သွားလျှင် မည်သို့ လုပ်မည်နည်း။ သို့ပေမည့် နောက်မဆုတ်ဘူးဆိုလျှင် မြို့ကို ဝင်စီးရမည်လား။ ထိုအရာကလည်း မဖြစ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ကျန်းချုံးသည် ပိုင်ရီမြို့၏ အဓိက တည်နေရာကြီးကို ထိန်းချုပ်ထားပြီး အထဲတွင်လည်း ရွှေဒင်္ဂါးပေါင်းများစွာကလည်း သူ့၌ရှိနေ၏။ ထို့ကြောင့် မြို့သူမြို့သားများကို စစ်တပ်ထဲသို့လည်း ဆွဲခေါ်နိုင်၏။

ကျန်းချုံးကို အချိန်သာပေးလိုက်ပါက သူ၏စစ်တပ်ကြီးက နေ့ချင်းညချင်း ပိုမိုကာ အားကောင်းလာပေလိမ့်မည်။ မြားက လေးကြိုးပေါ် တင်ထားပြီးဖြစ်၏။ မဖြစ်မနေ ပစ်လွှတ်ရပေလိမ့်မည်။

သူတို့သည် ကျိန်းသေပေါက် မြို့ကို ဝင်ရောက် တိုက်ခိုက်ရပေမည်။ သို့ပေမည့် စုရွှမ်၏ စစ်တပ်ကြီးသည် အထောက်အပံ့ကို စောင့်ရပေဦးမည်။ ကျန်းချုံးသည် ပထမခြေလှမ်းကို အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ယခု စုနန်က တရားဝင် ပုန်ကန်ရပေတော့မည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. နောက်အကျဆုံး သုံးရက်အတွင်း စုနန်က သူ့ရဲ့ ပုန်ကန်မှုကို ကြေညာလိမ့်မယ်။ သူက လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်သွားပြီဆိုတဲ့အကြောင်း ကြေညာလိမ့်မယ်။ အဲအချိန်ကျရင် သူ့ရဲ့လူပေါင်း သောင်းချီရှိတဲ့ စစ်တပ်ကြီးက ရူးရူးမူးမူး စတင်ပြီး တိုက်ခိုက်လိမ့်မယ်။ ဘယ်ကို တိုက်ခိုက်မှာလဲဆိုတော့ အခု ပိုင်ရီမြို့ကိုပဲ။ အဲအချိန်ကျရင် ခင်ဗျားက ကြီးမားတဲ့ ဖိအားအောက်ကို ရောက်လိမ့်မယ်”

ထိုအရာက အမှန်ပင် မဟုတ်ပါလား။ ကျန်းချုံး၌ လက်ထဲတွင် စစ်သည်ပေါင်း သုံးလေးထောင်သာလျှင် ရှိနေ၏။ သူ့ထက် အဆပေါင်း လေးဆလောက် ပိုမိုကာ များပြားသည့် ရန်သူများကို မည်သို့ ခုခံမည်နည်း။ မြို့ကို ခုခံရသည့်တိုက်ပွဲသည် တကယ့်ကို အလှည့်အပြောင်းများပြီး စွန့်စားရသည်။

ကျန်းချုံးက ပြောလိုက်၏။ “အင်း... ကျုပ် အကောင်းဆုံး လုပ်မယ်လို့ပဲ ပြောနိုင်တယ်။ မြို့ရှိနေရင် လူတွေလည်း ရှိမယ်။ မြို့ဖျက်ဆီးခံရရင် လူတွေသေလိမ့်မယ်”

All Chapters