← Chapters

အခန်း (၃၉၁)

Vol. 29 Ch. 391

အခန်း (၃၉၁)

Vol. 29 Ch. 391

“အရှင်မ.. အာယုထိုင်ရဲ့စစ်တပ်ကြီးက ကျုပ်တို့နဲ့ မိုင်ငါးဆယ်အဝေးမှာ ရောက်နေပြီ။ မနက်ဖြန် နေ့လယ်လောက် သူတို့ ရောက်လာလိမ့်မယ်”

စစ်သည်တော်တစ်ယောက်သည် အာယုနာနာ၏ ရှေ့တွင် ဒူးထောက်ကာ သတင်းပေးပို့သည်။

“ဒီနေရာမှာ လူဘယ်လောက်ကျန်သေးလဲ” အာယုနာနာက မေးမြန်းလိုက်၏။

စစ်သည်တော်က ဖြေဆိုသည်။ “သုံးထောင်ပါ”

အာယုနာနာက အံ့အားသွားမိ၏။ လူသုံးထောင် ရှိနေသေးသည်လား။ အားလုံးထွက်ခွာသွားခဲ့ပြီး သူမနှင့် အစောင့်များသာ ကျန်ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် လူသုံးထောင်လောက်က ဤနေရာတွင် နေထိုင်နေကြတုန်းပင်။

“အရှင်မက ကျုပ်တို့အပေါ် အရမ်းကြင်နာတယ်။ ဒီတော့ ကျုပ်တို့ရဲ့သွေးကြောထဲမှာ စီးဆင်းနေတဲ့ သွေးတွေက အရှင်မ အတွက်ပါပဲ။ သေရမယ်ဆိုရင်တောင် နောက်ဆုံးအချိန်ထိ ကျုပ်တို့ အရှင်မကို ကာကွယ်ပေးသွားမယ်”

အာယုနာနာသည် သူမကိုယ်သူမ ဘုရင်အဖြစ် သတ်မှတ်ခြင်း မရှိချေ။ သို့ပေမည့် အာယုခန် သေဆုံးပြီးနောက် ဤမျိုးနွယ်စုမှ လူများသည် သူမကို အရှင်မဟု ခေါ်ဆိုခဲ့ကြ၏။ ထိုအရာက သူတို့၏ ဘုရင်မအဖြစ် အသိအမှတ် ပြုခြင်းပင်။

ထို့အပြင် မည်သည့်သခင်မှသည် သူတို့ကို ယခုကဲ့သို့ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ချေ။ သူမက ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်သာမကချေ။ ကျောက်ရောဂါကာကွယ်ဆေးကိုပင် ထိုးပေးခဲ့သေး၏။ ထို့အပြင် စစ်သည်တော်များကို စေလွှတ်ပြီး ရွက်ဖျင်တဲများ တည်ဆောက်ပေး၏။ ကျွဲများ၊ နွားများ၊ သိုးများ နေမကောင်းဖြစ်ပါက သမားတော်များ စေလွှတ်ပြီ ကုသခိုင်း၏။ တချို့သော အခြေအနေမျိုးတွင် အသားခြောက်များကိုပင် ကိုယ်တိုင်ကိုယ်ကျ ပေးဝေသေးသည်။

ယခင် ချင်ဘုရင်များသည် မောက်မာရက်စက်လွန်းပြီး လူသားများကို ဝက်လို၊ ခွေးလို၊ နွားလို၊ သိုးလိုသာ သဘောထားသည့်လူများဖြစ်၏။ အာယုနာနာမှာတော့ တကယ့်ကို ရိုးရှင်းလွန်း၏။ စိတ်စေတနာကောင်း ကိုလည်း ပိုင်ဆိုင်၏။ သူမတို့ အခြေစိုက်ရာမြို့သည် တောင်နှစ်ခု၏ကြား တည်နေရာတွင် ရှိပြီး နှင်းတောင်ကြီး၏ အောက်လည်း ဖြစ်သည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းနေပြီး ရေနှင့် မြက်ပင်များက ပေါများ၏။

အာယုနာနာက သူမ၏ ရွက်ဖျင်တဲမှ အပြင်ဘက်သို့ ထွက်လျှောက်လိုက်၏။ ဤအချိန်မှာတော့ တောင်ကြားကြီး တစ်ခုလုံးက ရှင်းလင်းနေ၏။ ရွက်ဖျင်တဲ တော်တော်များများ ကျန်ရှိနေသေးသော်လည်း ထိုထဲတွင် လူမရှိသည်က များသည်။ တော်တော်များများက ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

ထွက်ခွာသွားခဲ့ပြီးနောက် ရွက်ဖျင်တဲများကို မဖြိုသွားခဲ့ခြင်းသာဖြစ်၏။ အောက်မေ့တသဖွယ် အမှတ်တရအဖြစ် ထားရှိခဲ့သည်လား မသိချေ။ လက်ရှိ တည်နေရာဆီမှ ထွက်ခွာသွားခဲ့ရသော်လည်း သူတို့ ထာဝရ နေထိုင်မည့်အိမ် ဖြစ်ကြောင်း အသိအမှတ်ပြုကာ ချန်ထားခဲ့ခြင်းလည်း ဖြစ်နိုင်၏။

အာယုနာနာ ထွက်လျှောက်လာသည်ကို မြင်လိုက်ကြ၏။ စစ်သည်တော်ပေါင်း ထောင်ကျော်တို့က ညီညီစီစီနှင့် ဒူးထောက်လျက် ရှိနေကြပြီး သူတို့အားလုံးက စိတ်ဆုံးဖြတ်ပြီးသလို သူမကို စူးစိုက်ကြည့်ရှုနေသည်။

အာယုနာနာက ပြောလိုက်၏။ “အာယုထိုင်ရဲ့ စစ်တပ်ကြီးက မိုင်ငါးဆယ်အဝေးမှာ ရောက်နေပြီ။ မနက်ဖြန် နေ့လယ်လောက် ရောက်လာလိမ့်မယ်။ အခုအချိန်မှာ ရှင်တို့ ထွက်ပြေးဖို့ အခွင့်အရေး ရှိတယ်။ ပြီးမှ ကျွန်မကို အပြစ်မတင်နဲ့”

ထိုလူသုံးထောင်တို့သည် မြေပေါ်တွင် ဒူးထောက်လျက်ရှိနေပြီး မည်သည့်လှုပ်ရှားမှုမှ မရှိချေ။

“အရှင်မနဲ့ သေအတူ ရှင်အတူ.....”

“အရှင်မနဲ့ သေအတူ ရှင်အတူ”

အာယုနာနာက ပြောလိုက်၏။ “အာယုထိုင်က ကျွန်မရဲ့ အစ်ကိုပဲ။ သူက ကြမ်းတမ်း၊ ရက်စက်ပြီး ဘယ်လို သနားညှာတာမှုမှ မရှိဘူး။ ကျွန်မ သူ့ကို အနိုင်မတိုက်ခိုက်နိုင်ဘူး။ တကယ်လို့ ရှင်တို့ နေချင်တယ်ဆိုရင် သေခြင်းတရားကို ရင်ဆိုင်ဖို့ စဉ်းစားထားသလို ဖြစ်လိမ့်မယ်”

“အရှင်မနဲ့ သေအတူ ရှင်အတူပါ” လူသုံးထောင်တို့က အော်ဟစ်လိုက်သည်။

အာယုနာနာက ပြောလိုက်၏။ “တကယ်တော့ ကျွန်မ ထွက်ပြေးချင်စိတ် ရှိတယ်။ ဒါပေမယ့် ကျွန်မ ထွက်မပြေးဘူး။ ဘာလို့လဲဆိုတော့ ဘယ်ကိုပြေးရမလဲ မသိလို့ပဲ”

အရူးကြီးက ဤနေရာတွင် မရှိပေ။ ထို့အတူ သူမ၏ ဆရာရွှယ်ရင်ကလည်း ဤနေရာတွင် မရှိချေ။ သူမ၏ နောက်ဘက်တွင် သူမ၏ ဆရာ့အိမ် ဖြစ်ခဲ့ဖူးသည့် တောင်ကြီးသာရှိ၏။ ထို့ကြောင့် အာယုနာနာက မထွက်ပြေးတော့ပေ။ သူမသည် လူသားများ၏ အသက်ကို တန်ဖိုးကင်းမဲ့သည်ဟု မသတ်မှတ်တော့ချေ။ သို့ပေမည့် သူမ၏အသက်ကိုတော့ မြက်ပင်ကဲ့သို့ သဘောထားနေသေး၏။

တိုက်ခိုက်ရမည်။ တိုက်ခိုက်မှုမရှိဘဲနဲ့ ထွက်ပြေးခြင်းကို သူမ မလုပ်ချင်ပေ။ ထို့အပြင် မည်သည့်နေရာကို ထွက်ပြေးရမည်နည်း။ ရွှဲ့ပြည်နယ်လား။ စုကလန်က ရန်သူအဖြစ်ရှိနေ၏။ ချောင်ပြည်နယ်လား။ တောင်ပိုင်း သဲကန္တာရ လူရိုင်းများ တည်ရှိနေ၏။ ထို့ကြောင့် သူမ မည်သည့်နေရာကိုမှ သွား၍ မဖြစ်ချေ။

“အရှင်မနဲ့ သေအတူ ရှင်အတူပါ”

လူပေါင်းသုံးထောင်ကျော်တို့က ထိုစကားစုကိုသာ အထပ်ထပ် ရွတ်ဆိုလျက် ရှိနေ၏။ သူတို့၏ စကားလုံးများ ထဲတွင် သေဆုံးရန် စိတ်ဆုံးဖြတ်ပြီးသား လူများဖြစ်ကြောင်း ပေါ်လွင်နေသည်။

ချင်ဘုရင် အာယုထိုင်၏ စစ်သည်ပေါင်းလေးသောင်းကျော်တို့က ရောက်ရှိလာမှာဖြစ်ပြီး သူတို့ လူသုံးထောင်နှင့် ခုခံရပေလိမ့်မည်။ အနိုင်ရရှိဖို့ဆိုသည်မှာ မည်သို့မှမဖြစ်နိုင်ချေ။

အာယုနာနာသည် သူမ၏ဝမ်းဗိုက်ကို အသာပွတ်သပ်ကာဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်၏။ “ကောင်းပြီ.. မနက်ဖြန် အာယုထိုင်နဲ့ သေတဲ့အထိ တိုက်ခိုက်ကြမယ်။ ကျွန်မ အာယုနာနာက ဒူးထောက်ပြီး အညံ့ခံရတာထက် ဂုဏ်သိက္ခာရှိရှိ သေဆုံးရတာကို ပိုကြိုက်တယ်။ လမ်းဘေးခွေးလို ဘယ်တော့မှ ထွက်ပြေးမှာ မဟုတ်ဘူး”

“သေတဲ့အထိ တိုက်ခိုက်မယ်၊ သေတဲ့အထိ တိုက်ခိုက်မယ်”

လူပေါင်းသုံးထောင်ကျော်တို့သည် ကျယ်လောင်စွာ အော်ဟစ်လျက်ရှိနေ၏။ လောကကြီး၏ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့သည်လား။ ထိုသို့ဆိုလျှင် သေဆုံးရန်သာရှိ၏။ သူတို့ပိုင်ဆိုင်သည်မှာ ပြောင်မြောက်သည့် သတ္တိတရားပင်။

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ကြမ်းတမ်းသည့် မြင်းခွာသံများ ထွက်ပေါ်လာခဲ့၏။

“အရှင်မ.. မြင်းသည်တော်တစ်စု ချဉ်းကပ်လာပါတယ်”

အာယုနာနာက တုန်လှုပ်သွားခဲ့၏။ အာယုထိုင်၏ စစ်တပ်ကြီးက မိုင်ငါးဆယ်အဝေးတွင် ရှိနေသည် မဟုတ်ပါလား။ အဘယ်ကြောင့် မြန်မြန်ဆန်ဆန် ရောက်ရှိလာရသနည်း။ သို့ပေမည့် လာပြီဆိုလျှင်လည်း သူမ အာယုနာနာက ဘာကို ကြောက်လန့်ရမည်နည်း။

“အရူးကြီး ... ကျွန်မ သေသွားရင် ကျွန်မကို လွမ်းနေမှာလား။ ကျွန်မ သေသွားတယ်ဆိုရင်တောင် ရှင် မုဆိုးဖိုပဲ လုပ်ရမယ်။ တခြားမိန်းမကို မယူရဘူး။ မဟုတ်ရင် ကျွန်မ သရဲဖြစ်နေရင်တောင် ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”

အာယုနာနာသည် သမူ၏ နွားဖြူကြီးပေါ် လှမ်းတက်လိုက်၏။ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ပုခုံးပေါ်တင်ပြီး ကျယ်လောင်စွာပြောလိုက်၏။ “ငါ့နောက်က လိုက်ခဲ့၊ အကုန်လုံးကို သတ်မယ်”

ပြီးနောက် သူမသည် နွားဖြူကြီးကို စီးနင်းပြီး စစ်သည်တော်သုံးထောင်ကျော်နှင့်အတူ တောင်ကြော၏ အပြင်ဘက်သို့ ထွက်ခွာလိုက်၏။ တကယ်ကို ကြမ်းတမ်းသည့် မိန်းမပင်။ ရန်သူ ဘယ်သူမှန်းပင် မသိရှိချေ။ သို့ပေမည့် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။

တောင်ကြား၏ အပြင်ဘက်သို့ ရောက်သည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားခဲ့၏။ သူမ၏ ယောက်ျား အရူးကြီး မဟုတ်ပါလား။ မျက်လုံးထဲတွင် အရူးကြီး ပြေးလာသည်ကို သူမ မြင်လိုက်ရ၏။

ရှမ့်လန်ကို သူမ မျက်လုံးထဲ၌ မမြင်ချေ။ ထို့အပြင် ရှမ့်လန်၏ အနောက်မှ မြင်းသည်တော်နှစ်ရာကျော်ကိုလည်း လျစ်လျူရှုထား၏။ အရူးကြီးတစ်ယောက်တည်းသည်သာ သူမ၏ မျက်လုံးထဲတွင် တောက်ပလျက် ရှိနေသည်။

အရူးကြီးသည် မြင်းပေါ်တွင် ထိုင်နေသည့် လူများထက်ပင် ပိုမိုကာ အရပ်ရှည်လျားပြီး မြင်းထက်ပင် ပိုမိုကာ မြန်ဆန်အောင် ပြေးနိုင်၏။

အရူးကြီးက အော်ဟစ်ကာ ပြေးလွှားလာခဲ့သည်။ “မိန်းမ .. မိန်းမ.. ငါလာပြီ၊ မကြောက်နဲ့တော့၊ မကြောက်နဲ့တော့။ အရူးလေးက ပြောတယ်။ သူက အာယုထိုင်ရဲ့ စစ်သည် လေးသောင်းကျော်ကို မင်းအတွက် တိုက်ခိုက်ဖို့ပေးမယ်တဲ့။ ပြီးတော့ မင်းကို ချင်နိုင်ငံရဲ့ ဘုရင်မ ဖြစ်စေမယ်တဲ့။ မိန်းမ.. ဘုရင်မဆိုတာဘာလဲ”

ပြီးနောက် အာယုနာနာသည် နွားဖြူကြီးကို စီးနင်းပြီး ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ဆယ်မီတာနီးပါးသို့ ရောက်သည့်အချိန်မှာတော့ အာယုနာနာသည် နွားဖြူကြီးပေါ်မှ ခုန်ချပြီး အရူးကြီးဆီသို့ ပြေးသွား၏။ ပြီးနောက် အရူးကြီးကို တရှိုက်မက်မက် နမ်းရှိုက်ပြီး အရူးကြီး၏ အဝတ်အစားများကို ဆွဲဖြဲ၏။ ကြည့်ရသည်မှာ ဤနေရာတွင် အိပ်စက်ချင်ပုံပင်။

“ချီးတဲ့မှ... ဒီနေရာကြီးမှာလား”

ရှမ့်လန်က ကြောင်အသွားခဲ့၏။ ညအချိန်ရောက်နေပြီဆိုသော်လည်း ကွင်းပြင်ကြီး မဟုတ်လား။

“မြန်မြန် ...မြန်မြန်၊ ဝူလဲ့... ညီအစ်မတွေကို ခေါ်ပြီး ကျုပ်မရီးရဲ့ ဖင်ကို အဝတ်လေးနဲ့ သွားကာပေးလိုက်အုံး။ သူ့ဖင်ကို တခြားသူတွေ မြင်လို့မကောင်းဘူး”

….

ရှမ့်လန်သည် အသတ်ခံရမည့် ဝံပုလွေတစ်ကောင်ကဲ့သို့ အော်ဟစ်နေသောအသံကို မျှော်လင့်ခဲ့မိ၏။ အာယုနာနာ နှင့် အရူးကြီးတို့ တောနက်ထဲ ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်များသည် သူ၏စိတ်ထဲ၌ ပြန်လည် ပေါ်ပေါက်လာခဲ့၏။ သို့ပေမည့် ထိုကဲ့သို့ မဟုတ်ကဲ့ချေ။ အာယုနာနာ၏အသံသည် တိမ်များကို မထိုးဖောက်ခဲ့ချေ။ နှစ်ယောက်သား၏ တိုက်ပွဲက ပြင်းထန်နေသော်လည်း အသံမှာ မကျယ်တော့ပေ။

ရှမ့်လန်မှာတော့ အချိန်ခဏတာ နားထောင်ကြည့်လိုက်၏။ သို့ပေမည့် ပျင်းရိဖွယ်ရာကောင်းလာ၏။ ထို့ကြောင့် အာယုနာနာ အခြေချရာ တောင်ကြားထဲသို့ လှမ်းဝင်သွားခဲ့၏။

“အင်း ဒီနှစ်ယောက် လုပ်ချင်တာလုပ်ပြီးတော့မှပဲ ငါ စကားပြောတော့မယ်”

ရှမ့်လန်သည် တစ်ဖက်လူ၏ စွမ်းဆောင်ရည် သူ့ထက်သာကြောင်း ဝန်ခံချင်စိတ်မရှိချေ။ အရူးကြီးက ဟန်ထုတ်နေခြင်းသာ ဖြစ်မည်။ နာရီဝက်ဆိုလျှင်တောင် ယောကျာ်းများအတွက် ကြွားဝါခြင်း ဖြစ်ပေမည်။

ရှမ့်လန် ထွက်ခွာသွားသည်သာမကချေ။ ချင်ပြည်နယ်၏ စစ်သည်ပေါင်း သုံးထောင်ကျော်တို့ကလည်း ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။ သူတို့ ထွက်ခွာသွားသည်မှာလည်း မလွန်ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ အရှင်မသည် ယောကျာ်း တစ်ယောက်နှင့် သံဝါသပြုလုပ်နေသည်။ အဘယ်သို့သော စိတ်ဖြင့် ကြည့်ရှုချင်မည်နည်း။

ရှမ့်လန်က တောင်ကြားအတိုင်း လမ်းသလားလျက်ရှိ၏။ ဤနေရာတွင် ရွက်ဖျင်တဲပေါင်းများစွာ ရှိနေပြီး ရွက်ဖျင်တဲတစ်ခုချင်းစီတိုင်း၏ ရှေ့၌ ဝံပုလွေခန္ဓာကိုယ်နှင့် လင်းတခေါင်းပုံစံ သစ်သားရုပ်တစ်ခုကို ထွင်းထုထားသည်။ ရှမ့်လန် ဤကဲ့သို့သော သတ္တဝါကို မြင်ရသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ ချင်နန်းတော်၏ အနီးအနားတွင်လည်း အကြိမ်အနည်းငယ် မြင်ခဲ့ဖူး၏။

ဤသတ္တဝါက ဘာသတ္တဝါဖြစ်သနည်း။ ချင်နိုင်ငံမှ လူများသည် ထိုအရာကို လဖြူလင်းတဟု ခေါ်ဆိုပြီး ချင်နိုင်ငံ၏ အထိမ်းအမှတ် ရုပ်ထု ဖြစ်၏။ သို့ပေမည့် လဖြူလင်းတရုပ်ထုသည် ချင်နန်းတော်ထဲတွင် ရှားရှားပါးပါး သာ ရှိတော့သည်။

အာယုမိသားစုသည် ထိုအရာကို ကြိုက်နှစ်သက်သည့်ပုံ မပေါ်ချေ။ မကောင်းသည့် အတိတ်နိမိတ်ဆိုးများ ရရှိသည်ဟု ခံစားမိသည့်ပုံပေါ်၏။ ထို့ကြောင့်ပင်လျှင် ရှိရှိသမျှ အရာအားလုံးကို မီးရှို့ခဲ့၏။

ရှမ့်လန်၏ တွက်ချက်မှုအရဆိုလျှင် ဤအရာအားလုံးက စုမိသားစု၏ လျှို့ဝှက်အကြံအစည်ပင် ဖြစ်ပေလိမ့်မည်။ အာယုမိသားစု၏ အထိမ်းအမှတ် မှတ်တမ်းမှတ်ရာများကို လျှော့ချပစ်ချင်ခြင်း ဖြစ်ပေလိမ့်မည်။

သို့ပေမည့် သူ အာယုနာနာ၏ မျိုးနွယ်စုဆီ ရောက်ချိန်မှာတော့ ထိုကဲ့သို့သော ရုပ်ထုများနှင့် ပြည့်နှက်နေကြောင်း မြင်ရ၏။ သစ်သားရုပ်ထုများတွင် တူညီသည့် စာသားများကို ရေးထိုးထားသည်။

“အရှင်မ ကောင်းချီးပေးပါစေ”

အာယုနာနာက ဘာမှမဟုတ်သေးချေ။ လက်ရှိအခြေအနေမှာတော့ သူတို့သည် အရှင်မအဖြစ် လက်ခံနေကြပြီ ဖြစ်၏။

ရှမ့်လန်သည် ဆောင့်ကြောင့်ထိုင်ချပြီး စာလုံးတစ်ခုချင်းစီကို လေ့လာ၏။ ချင်နိုင်ငံ၌ ဘာသာစကား တစ်ခု ရှိလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သို့ပေမည့် သေသေချာချာ လေ့လာပြီးနောက် ချင်နိုင်ငံ၏ ဘာသာစကားသည် တရုတ်စကားကို အခြေခံထားကြောင်း သိရှိခဲ့ရသည်။

ရှမ့်လန်၏ အနောက်မှ စစ်သည်တစ်ယောက် လိုက်ပါစောင့်ရှောက်နေ၏။ ထိုသူက တကယ်ကို သွက်လက်ပြီး အားကောင်းပုံပေါ်၏။ သို့ပေမည့် ခေါင်းတုံးတစ်ယောက်ပင်။

အာယုနာနာ၏ အတော်ဆုံးတပ်မှူးဖြစ်ပြီး ထိုသူ့ကိုကြည့်ရသည်မှာ အနောက်တိုင်းသွေး ရောစပ်ပုံ ပေါ်၏။

“ခင်ဗျားက” ရှမ့်လန်က မေးမြန်းလိုက်သည်။

စစ်သည်တော်က ပြန်ပြောလိုက်၏။ “ကျုပ်က အရှင်မရဲ့ နံပါတ်တစ် တပ်မှူး လင်းယုန်ရမ်ပါ”

ရှမ့်လန်သည် ထိုကတုံးကို လှမ်းကြည့်၏။ ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များနှင့် ပြည့်နှက်နေ၏။ ရှမ့်လန်သည် ဤမျှ ဒဏ်ရာများပြားသည့်လူကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ဒဏ်ရာ ရာကျော်ခန့်ပင် ရှိ၏။ ထိုဒဏ်ရာများသည် အဝေးမှလှမ်းကာ ကြည့်ရှုမည်ဆိုလျှင် ချပ်ဝတ်ကြီးတစ်ခု ဝတ်ဆင်ထားသကဲ့သို့ပင် ပေါ်နေ၏။

“ကျုပ် အရင်တုန်းက ကျေးကျွန်ဖြစ်ခဲ့တယ်။ နှစ်ပေါင်းများစွာ ကျေးကျွန်တိုက်ပွဲတွေမှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့တယ်”

လင်းယုန်ရမ်က ပြောလိုက်သည်။ “ဒါပေမဲ့ တော်ဝင်ကပ်ဘေးဘုရားကျောင်းနဲ့ ကျုပ်က မတူညီတဲ့လမ်းစဉ်ကို လျှောက်နေကြတယ်။ ဒါကြောင့် ကျုပ် သူတို့ကို သစ္စာဖောက်ခဲ့ပြီး ဒီနေရာဆီ ရောက်ရှိလာခဲ့တာပဲ။ ဒီမှာ နှစ်အနည်းငယ် တိုက်ခိုက်ပြီး စစ်သည်ခေါင်းဆောင် ဖြစ်လာခဲ့တယ်”

ဒါပေမဲ့ ကျုပ်တို့အဖွဲ့က ကျောက်ရောဂါ ခံစားခဲ့ရတယ်။ အဲဒီအချိန် အရှင်မက ကျုပ်ရဲ့ ကျောက်ရောဂါကို ကုသပေးခဲ့ပြီး အားလုံးကိုလည်း ဆေးထိုးပေးခဲ့တယ်။ ကျုပ်တို့ ကျောက်ရောဂါကို ကြောက်စရာ မလိုတော့ဘူး။”

ထို့ကြောင့် သူသည် အာယုနာနာကို သစ္စာခံခဲ့ခြင်းဖြစ်၏။ အရှင်မ၏ အားအကောင်းဆုံးသော နံပါတ်တစ်တပ်မှူး ဖြစ်လာခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်လက်အောက်မှ မိန်းမတစ်ယောက် ရှိတယ်။ သူ့နာမည်ကို ဝူလဲ့လို့ ခေါ်တယ်။ ခင်ဗျား သူ့ကို သိလား”

လင်းယုန်ရမ်က ပြောလိုက်၏။ “ခင်ဗျားရဲ့အနားမှာ ကျေးကျွန်တွေ အများကြီးရှိတာပဲ။ ဒါပေမဲ့ အဲဒီဝူလဲ့ကို ကျုပ် မသိဘူး။ ဒါပေမဲ့ သူ ကျုပ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

ဤစကားစုက တကယ့်ကို မောက်မာ၏။

လင်းယုန်ရမ်က ပြောလိုက်သည်။ “ကျေးကျွန်တွေ တိုက်ခိုက်တယ်ဆိုတာ အနောက်တိုင်းက လာခဲ့တာ။ အနောက်တိုင်းက လူတွေက ဒီလိုပွဲမျိုးကို အရမ်း စိတ်ဝင်စားကြတယ်။ ဒါကြောင့် ကျုပ်က ပိုပြီး ကြမ်းတမ်းတယ်လို့ ပြောတာပဲ”

ဤစကားက အမှန်ပင်ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အခု ခင်ဗျားတို့ စစ်သည်အနည်းငယ်ပဲ ကျန်ခဲ့တာပေါ့။ တခြားသောသူတွေ ဘယ်ရောက်သွားတာလဲ”

လင်းယုန်ရမ်က ပြောလိုက်၏။ “အားလုံးထွက်သွားခဲ့ပါပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “ရွှဲ့ပြည်နယ်ရဲ့ အဖမ်းဆီးခံ ကျေးကျွန်တွေလည်း ထွက်သွားကြပြီလား”

လင်းယုန်ရမ်က ပြောလိုက်၏။ “အရှင်မရဲ့မျိုးနွယ်စုမှာ ပထမတုန်းက လူဦးရေ တစ်သိန်းသုံးသောင်းလောက် ရှိတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ လူဦးရေ ၂ သောင်းပဲကျန်ခဲ့တယ်။ ဒါပေမဲ့ အရှင်မက သူတို့အားလုံးကို ထွက်ခွာခွင့်ပေးခဲ့တယ်။ သူတို့က အရှင်မကို သစ္စာခံတယ်ဆိုပေမဲ့ အားနည်းတဲ့ကျေးကျွန်တွေပဲ။ သူတို့က ဒီမှာနေရင်လည်း ကိုယ့်အသက်ကိုယ် စတေးပစ်ရုံပဲ ရှိတယ်။ တိုက်ပွဲနဲ့စတေးမှုဆိုတာ စစ်သည်တွေရဲ့ အလုပ်ပဲ။ မြို့သူမြို့သားတွေနဲ့မှ မဆိုင်တာ”

ဤအရာက ဂုဏ်ယူလောက်စရာ ဖြစ်ပြီး မှန်ကန်သည့်အကြောင်းအရာလည်း ဖြစ်၏။ သို့ပေမည့် ရှမ့်လန်သည် ဤစိတ်နေစိတ်ထားကို ကောင်းကောင်းနားလည်၏။ အားကောင်းလွန်းသည့် လူတစ်ယောက်အနေဖြင့် ထိုကဲ့သို့ စိတ်အမြင်မျိုးရှိရန်သင့်သည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် ခင်ဗျားအောက်မှာရှိတဲ့ စစ်သည်အများစုက ဘယ်မျိုးနွယ်တွေလဲ”

လင်းယုန်ရမ်က ဖြေလိုက်သည်။ “သဲကန္တာရလူရိုင်းမျိုးနွယ်တွေပါပဲ”

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဘာကြောင့်လဲ”

လင်းယုန်ရမ်က ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ သဲကန္တာရလူရိုင်းမျိုးနွယ်တွေက တကယ်ကို ကြမ်းတမ်းတဲ့ လူတွေဖြစ်ပြီး တိုက်ခိုက်တဲ့နေရာမှာ အတော်ဆုံးပဲ။ ဒီတော့ သူတို့က အရှေ့ဘက်ပိုင်းရဲ့ကျေးကျွန် တိုက်ခိုက်ပွဲတွေမှာ လူဝံအဆန့်ဆုံးဖြစ်ခဲ့တယ်။ ကျေးကျွန်တိုက်ပွဲကို ဦးစီးတဲ့ ကုန်သည်တွေက သဲကန္တာရလူရိုင်းမျိုးနွယ်တွေကိုပဲ ခေါ်ပြီး လေ့ကျင့်ပေးခဲ့ကြတယ်။ ဒါကြောင့်မို့ ကျုပ်ရဲ့ လက်အောက်မှာ သဲကန္တာရလူရိုင်းမျိုးနွယ်တွေ အများကြီးရှိနေတာပဲ”

All Chapters