← Chapters

အခန်း (၃၉၃)

Vol. 29 Ch. 393

အခန်း (၃၉၃)

Vol. 29 Ch. 393

မျိုးနွယ်စုနားသို့ ချဉ်းကပ်လာသည့်အချိန်မှာတောာ့ အာယုထိုင်၏ ဒေါသတရားများက ပိုမိုကာ ကြီးမားလာခဲ့၏။ ချင်နိုင်ငံတစ်ခုလုံးတွင် ဘုရင်တစ်ယောက်တည်းသာ ရှိ၏။ ထိုဘုရင်က အာယုထိုင် ... သူပင်ဖြစ်၏။ တခြားသော ညီအစ်ကိုသုံးယောက်ကို သူ သတ်ဖြတ်ခဲ့ပြီးဖြစ်၏။ ညီမတစ်ယောက်ကို မဆိုနှင့် ညီများကိုပင် သတ်ဖြတ်ခဲ့သူ ဖြစ်၏။

အာယုနာနာ .... အဘယ့်ကြောင့် သူမကိုယ် သူမ အရှင်မတစ်ပါးအဖြစ် ခေါ်ဆိုရဲနေသနည်း။

ထို့အပြင် သူ ချင်ဘုရင်သည် အမြဲတမ်း အဆင့်မြင့်မြင့်မားမား နေထိုင်ခဲ့သည့် လူတစ်ယောက် ဖြစ်၏။ သူ့အနေနှင့် လူသားများ၏ နှလုံးသားကို သိမ်းပိုက်ရယူရန် စိတ်ဆန္ဒ မရှိချေ။ လူများ၏ နှလုံးသားကို ချိုးဖျက်ပြီး သူ၏ လက်အောက်အဖြစ် သိမ်းသွင်းခြင်းကိုသာ စိတ်ဝင်စား၏။ ထို့အပြင် အာယုနာနာသည် နိုင်ငံ၏ ကျမ်းသစ္စာကို ချိုးဖောက်ခဲ့ပြီး ဖြစ်သည်။

စုမိုသည် အလောတကြီးနှင့် ရှေ့သို့ထွက်ကာ ပြောလိုက်၏။ “စိတ်မဆိုးပါနဲ့ အရှင်မင်းကြီး... ဒီလူတွေက အပြစ်ကင်းစင်ပါတယ်။ သူတို့က မြှောက်ပင့်ပြောဆိုရတာကို ကြိုက်တဲ့လူမျိုးတွေပါပဲ။ ဒီလူတွေက ဘာမှ မဟုတ်ပါဘူး။ ထားလိုက်ပါ။ အာယုနာနာ သေဆုံးပြီးတဲ့နောက်မှာ ဒီလူတွေအားလုံးက အရှင့်ရဲ့ လက်ထဲကို ပြန်ရောက်လာခဲ့မှာပဲ။ ဒီနိုင်ငံအတွင်းမှာ ဘုရင်ဆိုလို့ တစ်ပါးပဲရှိတယ်။ အဲဒါ အရှင်ပဲ မဟုတ်လား”

စုနင်သည် ဘေးတစ်ဖက်ဆီမှ ချိုသာစွာ ပြောလိုက်သည်။ “ပြီးတော့ အရှင်မင်းကြီးက ရည်မှန်းချက် ကြီးမားတယ်။ အနာဂတ်မှာ ရွဲ့နိုင်ငံနဲ့ အခြေအနေချင်း နှိုင်းယှဉ်နိုင်တဲ့ နိုင်ငံကြီးတစ်ခုရဲ့ ဘုရင် ြစ်လာမှာ။ ဒီတော့ ဒီလိုလူတွေအကုန်လုံးက မြေပြင်ပေါ်မှာရှိတဲ့ ကြွက်တွေလိုပဲ။ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ လင်းယုန်ငှက်ရဲ့ အတွေးကို သူတို့ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ”

သို့နှင့် အာယုထိုင်၏ ဒေါသတရားများက ပျောက်ကွယ်သွားခဲ့၏။ သို့ပေမည့် သူသည် အာယုနာနာကို သတ်ဖြတ်ပစ်ရန် စိတ်ဆုံးဖြတ်ချက်ချလိုက်၏။

“အင်း.. ချင်နိုင်ငံထဲမှာ ဘုရင်တစ်ပါးပဲ ရှိတယ်။ နန်းပလ္လင်ကို ယှဉ်လုချင်တဲ့ လူတွေအကုန်လုံး ခြွင်းချက်မရှိ သေရမယ်။ ကျုပ်ညီမ ဖြစ်နေတယ်ဆိုရင်တောင်ပေါ့”

ပြီးနောက် စုမို၊ စုနန်နှင့် စုရှောင်တို့သည် သူတို့၏ အဝတ်အစားများကို အသာချွတ်ကာဖြင့် ချင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ တက်ခွ၏။ ဤအမျိုးသမီးများက တကယ်ကို လှပလွန်း၏။ ချင်ဘုရင် အာယုထိုင်သည် အံကိုကြိတ်ကာဖြင့် ငြင်းပယ်လိုက်သည်။

“မနက်ဖြန် တိုက်ပွဲမှာ အာယုနာနာကို သတ်ပစ်ရအုံးမယ်။ ကျုပ် ဒီနေ့ ဒီလိုကိစ္စကို လုပ်လို့မဖြစ်သေးဘူး” ပြီးနောက် သူက အပြင်ဘက်သို့ ထွက်လျှောက်သွားခဲ့၏။ ကောင်းကင်ပေါ်ရှိ လက လင်းထိန်နေပြီး ကြယ်များကလည်း တောက်ပနေ၏။

ချင်ဘုရင်သည် အပြင်ဘက်၌ ရပ်ကာ ငေးနေသည့်လူတစ်ယောက်ကို မြင်လိုက်၏။ စုကျန့်ထင်ပင်။

“ဘာကြည့်နေတာလဲ” အာယုထိုင်က မေးမြန်းလိုက်သည်။

စုကျန့်ထင်သည် ချက်ချင်းပဲ ဦးညွှတ်ကာ ပြောလိုက်၏။ “ဂါရဝပြုပါတယ် အရှင်မင်းကြီး”

အာယုထိုင်က မေးလိုက်၏။ “ကျုပ် ခင်ဗျားကို မေးနေတာ ဘာကြည့်နေတာလဲလို့”

စုကျန့်ထင်က ပြောလိုက်သည်။ “အင်း.. ကျုပ်က အိမ်မှာဆိုလဲ ဒီလိုပဲ ကောင်းကင်ယံကြီးကို မော့ကြည့်တတ်တယ်။ ဒီမှာရှိနေတဲ့ကြယ်တွေက အိမ်မှာရှိတဲ့ကြယ်တွေနဲ့ တူညီရဲ့လား စဉ်းစားနေတာပါပဲ။”

အာယုထိုင်က ရယ်မောကာ ပြောလိုက်၏။ “ကောင်းကင်အောက်က အရာအားလုံးဆိုတာ ပုရွက်ဆိတ်တွေ လိုပဲ။ ပုရွက်ဆိတ်က ကောင်းကင်ကို မော့ကြည့်တယ်ဆိုတာ သိမ်ငယ်စေတယ်။”

စုကျန့်ထင်က ကြောင်အသွားခဲ့သည်။ “အင်း.. အရှင်မင်းမြတ်က ဘယ်လိုဖြစ်ပြီး ဒီလိုအဓိပ္ပာယ်ပါတဲ့ စကားမျိုးကို ပြောရတာလဲ”

အာယုထိုင်က ပြောလိုက်၏။ “မဟုတ်သေးပါဘူး။ ဒါက တောင်ပိုင်းနိုင်ငံရဲ့ ဘုရင်ကျင်း ပြောခဲ့တာ။ သူက ဒီလို စကားမျိုးကို ‌ပြောပြီး လူပေါင်းများစွာတို့ရဲ့ စိတ်နှလုံးကို သိမ်းပစ်ခဲ့တယ်။ ပြီးတော့ ဉာဏ်ကောင်းတဲ့လူတွေက ကောင်းကင်ပေါ် ဘယ်တော့မှ မော့မကြည့်ဘူး။ ဘာလို့လဲဆိုတော့ ရှုံးနိမ့်မှုကို လွယ်လွယ်ကူကူ ခံစားရလို့ပဲ။ စုကျန့်ထင်... မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ ညံ့ဖျင်းတဲ့ လူတစ်ယောက် မဟုတ်ဘူးမလား”

စုကျန့်ထင်က ပြုံးကာဖြင့် ပြောလိုက်၏။ “အင်း.... ကျုပ်က အလယ်အလတ်တန်းစား လူတစ်ယောက်လို့ပဲ သတ်မှတ်ရပါလိမ့်မယ်”

အာယုထိုင်က ပြောလိုက်သည်။ “ကောင်းကင်ကို ငြင်းပယ်ဖို့ ကြိုးစားတဲ့ လူတွေအကုန်လုံးမှာ ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့ကြတာပဲ။ နိုင်ငံတစ်ခုချင်းစီတိုင်းမှာ တစ်မျိုးတစ်ဘာသာ ထုံးတမ်းစဉ်လာတွေ ရှိတယ်။

မင်းတို့ဘက်ခြမ်းမှာ ကြယ်ကြွေပြီဆိုရင် ဒါ ဥက္ကာခဲတစ်ခု ကြွေကျတယ်လို့ တွေးမှာ မဟုတ်ဘူး။ ကောင်းကင်ကြီးရဲ့ နိမိတ်ပြမှုလို့ သတ်မှတ်ကြတယ် မဟုတ်လား။ ကျုပ်တို့ဆီမှာတော့ ဒါ ဘာမှ အဓိပ္ပာယ်ရှိတဲ့ အရာမဟုတ်ဘူး။ ကျုပ်အဖေက အရမ်းကြမ်းတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ ဘာမှမဟုတ်တဲ့ အယူအဆတွေကို ကိုင်ဆွဲခဲ့တယ်။ ကိုယ်နဲ့လည်း မဆိုင်ဘဲနဲ့။”

သားတစ်ယောက်အနေနှင့် အဖေ့ကို ဤသို့ မပြောဆိုသင့်ပေ။ သို့ပေမည့် ချင်နိုင်ငံဆိုသည်မှာ အားကောင်းသူ ကိုသာ လေးစားသည့် နေမျိုးဖြစ်၏။ ချင်ဘုရင်ဟောင်း သေဆုံးသွားခဲ့ပြီးနောက် ချင်ဘုရင်ဟောင်းကို မည်သူကမှ မလေးစားတော့ချေ။ ထို့အပြင် အာယုခန် မည်ကဲ့သို့ သေဆုံးခဲ့သည့် အကြောင်းနှင့် ပတ်သက်၍လည်း မည်သူမှ စိတ်မဝင်စားချေ။

ချင်းဘုရင် အာယုထိုင်က အသာပင် ပြောလိုက်သည်။ “ကျုပ်အဖေက လဖြူလင်းတ အမှတ်တံဆိပ်ကို ဖျောက်ဖျက်ဖို့ လုပ်ခဲ့တယ်။ တစ်ချို့သူတွေရဲ့ သွေးဆောင်မှုကို လိုက်နာပြီးတော့ပေါ့။ ဒါပေမဲ့ ကျုပ် က လဖြူတံဆိပ်ကို အလေးထားတယ်။”

စုကျန့်ထင်သည် ထိုအရာကိုကြားသည့်အချိန်မှာတော့ နှလုံးသားတစ်ခုလုံး တုန်ယင်သွားခဲ့၏။ အာယုခန်က သူ့အဖေကဲ့သို့ သူ့ကို မဆက်ဆံရန် တိတ်တဆိတ် သတိပေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။ သူ့အဖေထက် သူက ပိုမို၍ ဉာဏ်ကောင်းသူဖြစ်ကြောင်း သိသာစေချင်ခြင်း ဖြစ်ပေလိမ့်မည်။

စုကျန့်ထင်က ဦးညွှတ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီးက ဉာဏ်ကောင်းလွန်းပါတယ်။ အဲဒီအတိုင်းဖြစ်အောင် ကျုပ် ဘေးကနေ ပံ့ပိုးပေးပါ့မယ်”

ချင်ဘုရင် အာယုထိုင်က ပြောလိုက်သည်။ “အိပ်တော့လေ။ ကျုပ်တို့ မနက်ဖြန် အာယုနာနာကို တိုက်ခိုက်ကြမယ်။ သဘက်ခါဆိုရင် ရွှဲ့ပြည်နယ်ဆီသွားပြီး မင်းအဖေနဲ့ ဆုံကြတာပေါ့။ ပြီးတော့ ကျန်းရှစ်စီရင်စု တစ်ခုလုံးကို သိမ်းပိုက်မယ်။ ပြီးတော့ နင်ယွမ်ရှန်းကို ငိုအောင်လုပ်ကြမယ်”

စုကျန့်ထင်က ဦးညွှတ်လိုက်၏။ “ကောင်းပါပြီ အရှင်မင်းကြီး”

ချင်ဘုရင် အာယုထိုင်က ရယ်မောလိုက်သည်။ “ခင်ဗျားအဖေက တကယ်ကို စိုးရိမ်ပူပန်စွာနဲ့ စောင့်နေမှာ သေချာတယ်။ ဟား ဟား ဟား ဟား ... ဒါနဲ့ ခင်ဗျား ဘာလို့ ကျုပ်ညီမနဲ့ မအိပ်တာလဲ”

စုကျန့်ထင်က ဦးညွှတ်လိုက်၏။ “အရှင်မင်းကြီး အိပ်ပါတော့”

ထိုညမှာပဲ စုကျန့်ထင်သည် အာယုထိုင်၏ အသက် ၁၇ နှစ်ရှိသော ညီမငယ်လေးနှင့် အိပ်စက်ခဲ့၏။ ပြီးနောက် သူက သူ့ဘဝသူ ပြန်လည်ကာ သံသယဝင်လာခဲ့၏။ သူမက တကယ်ကို လှပလွန်း၏။ အဓိကအားဖြင့် မွှေးပျံ့လွန်းသည့် ရနံ့ကို ပိုင်ဆိုင်၏။ အလုံးစုံလည်း ကျွမ်းကျင်လျက် ရှိနေ၏။ သူမက ၁၇ နှစ်သာ ရှိသေးသော်လည်း တကယ်ကိုကျွမ်းကျင်လွန်းသည့် မိန်းမတစ်ယောက်ကဲ့သို့ပင် သူ့ကို ပြုစုခဲ့သည်။

.................

နောက်တစ်နေ့ နေမထွက်ခင်မှာပင် အာယုထိုင်၏ စစ်တပ်ကြီးက စားသောက်ပြီးစီးသွားခဲ့ပြီးဖြစ်၏။

“သွားကြရအောင်” အမိန့်ပေးလိုက်သည်။

မြင်းသည်တော် နှစ်သောင်းကျော်တို့သည် ရှေ့မှ ဦးတည်ကာ သွားကြ၏။ နောက်ဘက်မှာတော့ ခြေလျှင် စစ်သည် နှစ်သောင်းကျော်တို့ လိုက်ပါလာ၏။ သူတို့အားလုံးသည် ညီညီညာညာနှင့် ရှေ့သို့ လှမ်းတက်လျက် ရှိနေကြ၏။ သူတို့က ပြေးသွားခဲ့ခြင်း မဟုတ်ချေ။ ခပ်သုတ်သုတ် သွားနေခြင်းပင်။

နေ့တစ်ပိုင်းလောက် ခရီးဆက်ပြီးနောက် နှင်းတောင်မျိုးနွယ်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်၏။ တောင်ကြားထဲတွင် များပြားလွန်းသည့် ရွက်ဖျင်တဲများ တည်ရှိနေခဲ့ပြီး အထိမ်းအမှတ် တံဆိပ်များလည်း တည်ရှိနေ၏။ ကျောက်နံရံကြီးကို လှမ်းကာ မြင်နေရပြီး ထိုအရာပေါ်တွင် အာယုမိသားစု၏ အလံကိုလည်း မြင်ရ၏။ လက်ရှိ အာယုနာနာ၏ တော်ဝင်အလံဖြစ်၏။

မြို့နံရံကြီးတစ်ခု အဖြစ်ရှိနေသော်လည်း အာယုထိုင်၏ မျက်လုံးထဲတွင် ထိုအရာက ဘာမှမဟုတ်ချေ။ ခဏလေးနှင့် ပြိုပျက်သွားမည့် အရာမျိုးကဲ့သို့ပင်။ ကျောက်နံရံနှင့် ငါးမိုင်အဝေးသို့ ရောက်ချိန်မှာတော့ ချင်ဘုရင်က အမိန့်ပေးလိုက်သည်။ “ရပ်ကြတော့”

ပြီးနောက် စစ်တပ်ကြီးက စတင်ကာ စုစည်း၏။ သူတို့အနေနှင့် ဤနံရံကြီးကို လွယ်လွယ်ကူကူ ဖျက်ဆီး ပစ်နိုင်စွမ်း ရှိ၏။ ထို့အပြင် အာယုနာနာ၏ မျိုးနွယ်တစ်ခုလုံးကိုလည်း ပြားချပ်အောင် သတ်ဖြတ်နိုင်စွမ်းရှိ၏။

ထိုအချိန်မှာပဲ မြောက်ဘက်ပိုင်းမှ နောက်ထပ် စစ်သည်တစ်စု ထွက်ပေါ်လာခဲ့၏။ အားလုံးက ကတုံးများ ဖြစ်ပြီး ထိုသူများသည် တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်များ ဖြစ်၏။ ဘုန်းကြီးစစ်သည်များကို ဦးဆောင်လာသူသည် အမျိုးသမီး သီလရှင်တစ်ပါးဖြစ်သည်။

အာယုထိုင်သည် ထိုအမျိုးသမီး၏ဖင်ကို လှမ်းကာကြည့်ရှုရင်း သူမ၏ ပေါင်နှစ်ခုကြားကို လှမ်းကာကြည့်ရှု လိုက်၏။ သူသည် အမျိုးသမီးများကို ဤနည်းလမ်းဖြင့်သာ ကြည့်ရှုတတ်၏။ ပြီးနောက် သူ၏စိတ်ထဲ၌ သူမနှင့် မည်သို့ ဆက်ဆံရမည်ဖြစ်ကြောင်း အတွေးများဝင်လာသည်။ ချင်ဘုရင်သည် လောကထဲရှိ မိန်းမလှအားလုံး နှင့် အိပ်စက်ချင်စိတ်ရှိ၏။

ချောင်ပြည်နယ်၏ မဟာပညာရှင် ပန်ရော့မှာတော့ ထိုအရာများကို စိတ်မဝင်စားချေ။ ယောကျာ်း တော်တော်များများသည် သူမနှင့် အိပ်စက်ချင်စိတ်ရှိသည် မဟုတ်ပါလား။ တလောကလုံးရှိ ယောကျာ်းများက ထိုကဲ့သို့ပင် ဖြစ်၏။ သို့ပေမည့် သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိ၏။ ထိုအရာက လီချင်းချိုးကို သတ်ဖြတ်ရန်ပင်။

ဟုတ်ပေ၏။ သူမနှင့် လီချင်းချိုး၏ကြားတွင် မည်သည့် ရန်ငြိုးရန်စနှင့် အမုန်းတရားမှ မရှိခဲ့ချေ။ သို့ပေမည့် သူမ၏ ဆရာနှင့် လီချင်းချိုး၏ ယောက္ခမကြီးကြားထဲတွင်တော့ အမုန်းတရားများ ရှိခဲ့၏။ အမုန်းတရားက အလွန်တရာလည်း ကြီးမားလွန်းသည်။

နတ်ဆိုးတောင်ကြာ တာအိုနန်းတော်၏ ဂုဏ်သိက္ခာအတွက် သူမသည် လီချင်းချိုးကို ပြန်လည်ကာ သတ်ဖြတ်ပစ်ရပေလိမ့်မည်။

“ချင်ဘုရင်.... အခြေအနေ ဘယ်လိုလဲ” ထုဟိုင်က လှမ်းကာ မေးမြန်းလိုက်၏။

တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် စုကလန်နှင့် ပူးပေါင်းခြင်းဖြစ်ပြီး ချင်ဘုရင်နှင့် ပူးပေါင်းခြင်း မဟုတ်ချေ။ ထို့အပြင် ချင်နိုင်ငံအတွက် တိုက်ခိုက်ရင်း ခုဟိုင် သေဆုံးခဲ့ရသည်ကို ချင်ဘုရင်က အဖက်မလို အတိုင်းသား ထိုင်ကြည့်ခဲ့သည် မဟုတ်ပါလား။ စုနှင့်ချင်နိုင်ငံတို့၏ ကြားထဲတွင် တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် စုနန်ကိုသာလျှင် မျက်နှာသာလုပ်သည်။

ချင်ဘုရင် အာယုထိုင်က ပြောလိုက်၏။ “ထုဟိုင်.. ခင်ဗျား ရောက်ပြီလား။ ဒါနဲ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ထုဟိုင်က ပြန်ပြောလိုက်သည်။ “ကျုပ် တော်ဝင်ကပ်ဘေးဘုရားကျောင်းကို သွားရမှာပေါ့”

တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် နှင်းတောင်ပေါ်တွင် တည်ရှိနေ၏။ တကယ်ကိုကြီးမားလွန်းသည့် ကျောင်းကြီးလည်း ဖြစ်၏။ တောင်ပေါ်တွင် နန်းတော်တစ်ခုကဲ့သို့ တည်ဆောက်ထားသည်သာမကချေ။ လူပေါင်းများစွာတို့ လာရောက်နိုင်အောင် ကျယ်ဝန်း၏။

“အင်း”

ချင်ဘုရင်က ပြောလိုက်သည်။ “တိုက်ဆိုင်လိုက်တာ။ ကျုပ်ကလည်း တော်ဝင်ကပ်ဘေးဘုရားကျောင်းကို သွားမလို့လေ။ ပြီးတော့ ကျုပ် ဒါကို ပြန်လည်ပြင်ဆင်ဖို့ စီစဉ်နေခဲ့တာ။ ကျုပ်ရဲ့ နိုင်ငံအသစ်ထဲမှာ ဒါကလည်း အရေးကြီးတဲ့ အရာအဖြစ် ပါဝင်နေတယ်မလား”

ထုဟိုင်၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့၏။ သူသည် ခွန်းတုံ့ပြန်ချင်စိတ်ကို အသာပင် ထိန်းချုပ်ထားရသည်။ သူက စကားလမ်းကြောင်းကို ပြောင်းလိုက်မိ၏။

“ကျုပ်က တစ်ခြားကိစ္စကြောင့် လာတာ။ ရှမ့်လန်ကို သတ်ချင်လို့”

“ရှမ့်လန် ဟုတ်လား”

ချင်ဘုရင် အာယုထိုင်က ပြောလိုက်သည်။ “သူ ဒီကို ရောက်နေတာလား”

စုကျန့်ထင်၏ နှလုံးခုန်နှုန်းများကလည်း မြန်ဆန်သွား၏။ ရှမ့်လန် ဤခွေးကောင်လေးလည်း ရောက်နေသည် လား။

ထုဟိုင်က ပြန်ပြောလိုက်၏။ “အင်း… အဲဒီ အဆိပ်ပြင်းမြွေကောင်လေး ရှမ့်လန်က နှင်းတောင်မျိုးနွယ်စုထဲကို ရောက်နေပြီ”

ချင်ဘုရင်အာယုထိုင်က ပြောလိုက်သည်။ “ဒီကောင် သေရမယ်”

ထုဟိုင်ကလည်း ပြောလိုက်၏။ “ဒီကောင် သေရမယ်”

စုကျန့်ထင်ကလည်း ပြောလိုက်သည်။ “ဒီကောင် သေမှဖြစ်မယ်”

စုမို၊ စုနင်နှင့် စုရှောင်တို့ကလည်း သံပြိုင်ပြောလိုက်၏။ “ဒီကောင် သေမှဖြစ်မယ်”

ထုဟိုင်က ပြောလိုက်သည်။ “ဒါဆိုရင် တော်ဝင်ကပ်ဘေးဘုရားကျောင်း ကိစ္စတွေ၊ ဘာတွေကို ခဏဖယ်ထားပြီး ရှမ့်လန်ကို အရင်ဆုံး သတ်ကြရအောင်”

ချင်ဘုရင် အာယုထိုင်က ပြောလိုက်၏။ “သိပ်မှန်တာပေါ့”

ပြီးနောက် ဘုန်းကြီးစစ်သည် ၂၀၀၀ကျော်တို့သည် ချင်ဘုရင်၏ စစ်တပ်ကြီးနှင့် ဝင်ရောက်ကာ ပူးပေါင်းလိုက်ပြီ ဖြစ်သည်။ “စစ်သည်တွေ စုစည်းကြ။ အစီအစဉ်အတိုင်း သွားကြမယ်။ ရှေ့ကို တက်ကြ”

တဖြည်းဖြည်း တိုးသွားခဲ့ကြ၏။

သုံးမိုင် ...

နှစ်မိုင် ...

တစ်မိုင် ...

ချင်ဘုရင်အာယုထိုင်က အော်လိုက်သည်။ “သစ္စာဖောက်အားလုံးကို သတ်။ အာယုနာနာကို သတ်… သတ်ကြ”

မြင်းသည်တော်ပေါင်း နှစ်သောင်းကျော်သည် ရှေ့သို့ လှမ်းတက်လိုက်ကြ၏။ မြင်းသည်တော် အားလုံးတို့၏ လက်ထဲတွင် တုတ်ကြီးများကို ကိုင်ဆောင်ထားခဲ့ကြ၏။ ထိုသူတို့သည် တောင်ကြားရှိ ကျောက်နံရံကို စတင်ကာ ဖြိုဖျက်၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များကလည်း တူကြီးများကို သယ်ဆောင်လာခဲ့၏။ ထိုသူတို့သည်လည်း ကျောက်နံရံကို စဖြိုကြ၏။

မြေတည်နေရာ တစ်ခုလုံးက တုန်ခါသွားခဲ့၏။ သတ်ဖြတ်လိုသည့် ဟိန်းဟောက် ကြွေးကြော်သံများက လေထုထဲတွင် ပြည့်နှက်လျက် ရှိ၏။ ဆယ်မိုင် ပတ်ဝန်းကျင်အတွင် သိုး၊ ဆိတ်မှစ၍ တခြားသတ္တဝါ အားလုံးသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားခဲ့ကြသည်။

ချင်ဘုရင်၏ စစ်သည်တော်ပေါင်း နှစ်သောင်းကျော်တို့သည် မြန်မြန်ဆန်ဆန် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ ထို့အပြင် သူတို့က ပိုမိုကာ မြန်ဆန်ကြ၏။

“သတ် သတ်ကြ”

……….

“ပစ် ပစ်”

အမိန့်အတိုင်းပင် စစ်သည်များသည် ကျောက်တုံးအနောက်သို့ မြားများဖြင့် ပစ်၏။ မြားမိုးများက အောက်သို့ ကျဆင်းလာခဲ့ကြပြီး ချင်ဘုရင်၏ မြင်းသည်တော်များဆီသို့ ဝင်ရောက်သွားခဲ့သည်။

ဇွိ ဇွိ ဇွိ

ချင်ဘုရင်၏ မြင်းသည်တော်များသည် မည်သည့် ချပ်ဝတ်တန်ဆာမှ ဝတ်မထားခဲ့ကြချေ။ ထို့ကြောင့် မြားများက လွယ်လွယ်ကူကူဖြင့် ထိုးဖောက်သွားခဲ့၏။ မြင်းပေါ်မှ မြင်းသည်တော်များသည် တစ်ယောက်ပြီး တစ်ယောက် အောက်သို့ ပြုတ်ကျကုန်ကြ၏။ မြင်းသည်တော် နှစ်သောင်းကျော်တို့က တကယ်ကို များပြား၏။

“ပစ် ပစ်”

ရှမ့်လန်နှင့် အာယုနာနာ၏ အမိန့်အတိုင်းပဲ များပြားလွန်းသည့် မြားများက အောက်သို့ ကျဆင်းလာပြန်သည်။

ချင်ဘုရင်၏ မြင်းသည်တော်နှင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်အားလုံးတို့သည် မြေပေါ်သို့ လဲကျကုန်၏။ ပြီးနောက် သေဆုံးကုန်ကြ၏။ သို့ပေမည့် ဤအရာက သတ်ဖြတ်ရန် တန်ဖိုးကြီးမားသည့် အခွင့်အရေး ဖြစ်၏။ နှစ်ခါ မရနိုင်ပေ။

မီတာရာချီ အကွာအဝေးတွင် တည်ရှိနေသောကြောင့် ယခုလို ပစ်ခတ်၍ ရနေခြင်းပင်။ ဆယ်စက္ကန့်အတွင်း လူပေါင်း နှစ်ရာ၊ သုံးရာလောက်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်၏။

ချင်ဘုရင်၏ မြင်းသည်တော် နှစ်သောင်းကျော်သည် ရှေ့ဆီသို့ လှမ်းတက်လျက် ရှိနေတုန်းပင်။ တော်ဝင်ကပ်ဘေးဘုရားကျောင်း စစ်သည်များသည် လက်ထဲမှ တူကြီးများဖြင့် မြို့နံရံကို စတင်ကာ ထုနှက်လျက် ရှိသည်။

ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်နေ၏။

ဝုန်း ဝုန်း...

“ဒီကျောက်နံရံကို ဖြိုပြီး အာယုနာနာကို သတ်မယ်။ ရှမ့်လန်နဲ့ နောက်လိုက်တွေအကုန်လုံးကို သတ်မယ်”

ချင်စစ်သည်တော်ပေါင်းများစွာတို့သည် ချင်ဘုရင်၏ အမိန့်ပေးမှုအတိုင်း မြင်းပေါ်မှ ဆင်းပြီး တောင်ကြား အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားကြသည်။

ထိုအချိန်မှာပဲ ချစ်စစ်သည်တော်များသည် မြို့၏နံရံအတွင်းဆီသို့ လှိုင်းလုံးကဲ့သို့ပင် ဝင်ရောက်လာနိုင်ကြသည်။ တိုက်ပွဲ စတင်ပြီဖြစ်၏။ တကယ့်ကို ကြမ်းတမ်းလွန်းလှ၏။ သူတို့၌ စစ်သည်ပေါင်း လေးသောင်းကျော် တည်ရှိနေပြီး အာယုနာနာနှင့် ရှမ့်လန်တွင်တော့ လူပေါင်း သုံးထောင်ကျော်သာလျှင် ရှိ၏။

All Chapters