← Chapters

အခန်း (၃၉၄)

Vol. 29 Ch. 394

အခန်း (၃၉၄)

Vol. 29 Ch. 394

လေ့ကျိုးကျွန်းစု ....

ထျန်းဖန်မြို့အတွင်းသို့ ဝူပြည်နယ်သင်္ဘောများ တစ်စင်းပြီးတစ်စင်း လာရောက် ကျောက်ချနေ၏။ စစ်သည် တစ်ဖွဲ့ပြီး တစ်ဖွဲ့တို့သည် ကောင်းကင်လေ (ထျန်းဖန်) ကျွန်းဆီသို့ ဝင်ရောက်လာခဲ့ကြပြီး မြို့အား စည်ကားလွန်းသည့် မြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။

ရွှဲ့ပြည်နယ်တွင် ဤကဲ့သို့ အစစ်အမှန် ရေတပ်ရှိသည် မဟုတ်ချေ။ ဝူပြည်နယ်မှာတော့ အနည်းငယ် ပိုမိုကာ အားကောင်း၏။ သူတို့၌ ရေတပ်သား တစ်ထောင်ကျော် ရှိ၏။ သို့ပေမည့် တစ်ထောင်ကျော်ကျော်လေးသာ။

ဤတစ်ကြိမ် တောင်ဘက်ပိုင်းဆီသို့ ဦးတည်လာခဲ့သည့် စစ်သည်တော်တော်များများတို့သည် သာမန် စစ်သားများ ဖြစ်ကြ၏။ သာမန်စစ်သားများအတွက် ပင်လယ်ပြင်ကို ဖြတ်သန်းခရီးနှင်ရခြင်း ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရာမျိုးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူတို့က လှိုင်းမူးခြင်းကို ခံစားနေရ သောကြောင့်ပင်။

သူတို့၏ ဦးခေါင်းတစ်ခုလုံးမှာ မူးဝေပြီး အားနည်းနေသလိုပင်။ ပျို့အန်လျက်လည်း ရှိနေ၏။ လက်ရှိအချိန်၌ တိုက်ခိုက်ရန် မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ အနည်းဆုံး ရက်အနည်းငယ် ပြန်လည် အနားယူရန် လိုအပ်၏။ ထျန်းဖန်မြို့သည် နုရှောင့်မြို့နှင့် မိုင်တစ်ရာမဝေးသည့် တည်နေရာတွင် တည်ရှိ၏။ ထို့ကြောင့် ဝူပြည်နယ်မှ စစ်သည် နှစ်သောင်းကျော်၊ သုံးသောင်းနီးပါးတို့သည် ထျန်းဖန်မြို့တွင် သုံးရက်တိတိ အနားယူကြ၏။ ပြီးမှသာလျှင် နုရှောင့်မြို့ဆီသို့ သွားရောက် တိုက်ခိုက် ရပေလိမ့်မည်။

ကောင်းကင်လေမြို့၏ မြို့တော်ဝန်ချောင်ဟောင်သည် အလွန်မင်း ပျော်ရွှင်လျက် ရှိ၏။ သူသည် အသစ် ခန့်အပ်ထားခဲ့သည့် အရာရှိစည်းတံဆိပ်တုံးနှင့် ရွှေဒင်္ဂါးပေါင်း တစ်သိန်းကျော်တို့ကို ကိုင်ဆောင်ပြီး ပျော်ရွှင်နေမိ၏။

ဝူမူက ပြုံးလိုက်သည်။ “အင်း ထျန်းဖန်မြို့စားကြီး ... ကျင်းမိသားစုရဲ့ ပင်လယ်ပြင်အတွေ့အကြုံက ဘယ်လိုရှိလဲ”

ချောင်ဟောင်သည် အထင်မြင်သေးသလို ပြောဆိုလိုက်၏။ “ဒီကောင်တွေ ဘာမှ အသုံးဝင်တဲ့လူတွေ မဟုတ်ဘူး”

ကျင်းမိသားစု၏ စစ်သားများသည် တကယ်ပဲ ပင်လယ်ပြင် တိုက်ခိုက်ရာ၌ ကောင်းမွန်သည့် လူမျိုး မဟုတ်ချေ။ သို့ပေမည့် နုရှောင့်မြို့ကို သိမ်းဆည်းခဲ့ပြီးနောက် ကျင်းကျိုးက ကျင်းမိသားစု၏ စစ်သည်ပေါင်း သုံးထောင်ကျော်ကို ပင်လယ်ပြင်ဆိုင်ရာ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခဲ့၏။ နေ့စဉ်နေ့တိုင်း ဆိုသလို လေ့ကျင့်လျက် ရှိနေ၏။

ဤစစ်သည်ပေါင်း သုံးထောင်ကျော်တို့၌ ချောင်ထျန်းဝေဆီမှ အညံ့ခံခဲ့သည့် ပင်လယ်ဓားပြတစ်ထောင်ကျော် ပါဝင်နေ၏။ သို့ပေမည့် ကျင်းမိသားစု၌ တကယ်ပင် ရေတပ်ပိုင်းဆိုင်ရာ အုပ်ချုပ်သူ တစ်ယောက်က လိုအပ်လျက် ရှိ၏။ ထို့ကြောင့် ခက်ခဲလှချေ၏။ သူတို့အနေနှင့် ကြုံရာလူ တစ်ယောက်ကို ထိုကဲ့သို့သော ဤနေရာမျိုးကို ဆွဲကာ ခန့်ထားဖို့ဆိုသည်မှာ ဖြစ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ ထို့အပြင် သူတို့က ပင်လယ်ဓားပြများကို ထိုကဲ့သို့ ရာထူးတည်နေရာကို မပေးချင်ပေ။

ထို့ကြောင့်အနှစ်ချုပ်ရမည်ဆိုလျှင် ကျင်းမိသားစု၏ ပင်လယ်ပြင်တိုက်ခိုက်ရေး စွမ်းရည်သည် နိမ့်ပါးလွန်းသည်။

ဝူမူက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ စစ်သူကြီး ချောင်ဟောင်ကိုပဲ ပင်လယ်ပြင်နဲ့ သက်ဆိုင်တဲ့တိုက်ပွဲကို လွှဲအပ်ထားလိုက်မယ်။ ဒီသုံးရက်အတွင်း ကျုပ်တို့စစ်တပ်ကြီးက တောင်ဘက်ပိုင်းကို ဦးတည်ပြီး နုရှောင့်မြို့ကို သိမ်းဆည်းမယ်။ အဲဒီအတောအတွင်း ကျုပ်တို့အနေနဲ့ ပင်လယ်ပြင်ကို ထိန်းချုပ်ထားဖို့ လိုအပ်တယ်။ ဘယ်လို ရန်သူရဲ့သင်္ဘောမှ ကျုပ်တို့ကို ခြိမ်းခြောက်ခြင်းမရှိအောင် ကြိုပြီး တားဆီးထားမှဖြစ်မယ်။”

ချောင်ဟောင်သည် သူ၏ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ပုတ်ကာ ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ် တာဝန် ထားလိုက်ပါ။ ကျုပ်တို့ ရွက်သင်္ဘောတွေ ကမ်းဘက်ကို ထွက်သွားပြီဆိုတာနဲ့ ပင်လယ်ပြင်ထဲမှာ ဘယ်လို သင်္ဘောမျိုးမှ ရှိမှာမဟုတ်ဘူးလို့ အာမခံတယ်”

“ကဲ... ဒါဆိုရင်လည်း ခင်ဗျားကို ဒုက္ခပေးရတော့မှာပေါ့”

နာရီအနည်းငယ် ကြာမြင့်ပြီးနောက် ရွှေဒင်္ဂါးပေါင်းမြောက်များစွာတို့၏ အားပေးမှုနှင့်အတူ ချောင်ဟောင်၏ ပင်လယ်ဓားပြပေါင်း လေးထောင်ကျော်တို့သည် ရွက်သင်္ဘောပေါ်သို့တက်ပြီး ထျန်းဖန်မြို့မှ ထွက်ခွာသွားခဲ့၏။ သူတို့က နုရှောင့်မြို့ဆီသို့ ဦးတည်နေခဲ့ခြင်းပင်။

ချောင်ဟောင် မောက်မာနေသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သည့် အချိန် အနည်းငယ်တုန်းက ကျင်းမိသားစု၏ ရွက်သင်္ဘောများသည် သူတို့နှင့် ရင်ဆိုင်တွေ့ခဲ့ဖူးပြီး ထိုသူတို့က ကြောက်ပြေး ပြေးကြသည်။

ထိုတင်သာ မကသေးချေ။ ကောင်းကင်တာအိုအဖွဲ့အစည်း၏ ကုန်သည်ရွက်သင်္ဘောများကလည်း လတ်တလော၌ ရွက်လွှင့်ခြင်းကို ရပ်တန့်ထားခဲ့၏။ ထို့ကြောင့် သူ၏ သီးသန့်စစ်တပ်ကြီးအနေနှင့် ပင်လယ်ပြင်ကို ထိန်းချုပ်ဖို့ဆိုသည်မှာ ခက်ခဲသည့် အရာမျိုး မဟုတ်ချေ။

……

နုကျန့်ခရိုင် ယန်ဝမ်မြို့ဆီမှ ရွက်သင်္ဘောတစ်စင်း ထွက်ခွာလာခဲ့ပြီး ထိုရွက်သင်္ဘောကြီးက နုရှောင့်မြို့ဆီသို့ ဦးတည်လျက် ရှိနေ၏။ သင်္ဘောက သေးငယ်၏။ သို့ပေမည့် မြန်ဆန်သည်။ အချိန်အတော်ကြာ ခရီးသွားလာ၍ ရသည့် သင်္ဘောမျိုးပင်။ ကောင်းကင်တာအိုအဖွဲ့အစည်း၏ ရေတပ်သားများ ပါဝင်နေပြီး ထိုရွက်သင်္ဘော၏ အထဲတွင် လူတစ်ဒါဇင်ကျော် ရှိ၏။

ကောင်းကင်တာအိုအဖွဲ့အစည်း၏ ဟွမ်တုံသည် ရွက်သင်္ဘောထဲတွင် လေးလေးစားစားဖြင့် မတ်မတ်ရပ်လျက် ရှိနေပြီး သူ၏အရှေ့တွင်တော့ အမျိုးသမီးတစ်ယောက်က ခြေချိတ်ကာ ထိုင်နေ၏။ သူမ၏ဆံပင်များသည် ဖြူဖွေးလျက် ရှိနေသလို သူမ၏ အဝတ်အစားများကလည်း နှင်းထက်ပင် ဖြူဖွေးနေသည်။

နွေရာသီရောက်ရှိနေပြီး အရှေ့ဘက်ပင်လယ်တလျှောက်သည် တကယ့်ကို ပူလောင်လျက် ရှိ၏။ သို့ပေမည့် သူမကတော့ ထူထဲသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထား၏။ သူမသည် ဟွမ်ဖန်၏ ဆရာ၊ နှင်းတောင်နတ်ဆိုး လင်းချန်ပင် ဖြစ်၏။ သူမက ကျုံးချူးကဲ့နှင့် ရံဖန်ရံခါဆိုသလို တိုက်ခိုက်တတ်သည့် ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပြီး သိုင်းပညာအဆင့်မြင့်မား၏။

ရွှဲ့ပြည်နယ်တွင် မဟာပညာရှင် ခြောက်ယောက်သာ ရှိ၏။ မဟာပညာရှင်တစ်ယောက် ဖြစ်လာရန် မဟာပညာရှင်တစ်ယောက်ကို အနိုင်ယူ တိုက်ခိုက်ဖို့ လို၏။ ထိုမှသာလျှင် ထိုသူ၏နေရာကို အစားထိုး ရရှိပေလိမ့်မည်။ ထိုမဟာပညာရှင် ခြောက်ယောက်ထဲတွင် အားအနည်းဆုံးလူမှာ ကျုံးချူးကဲ့ ဖြစ်သည်ဟု အားလုံးသောသူတို့က ထင်မှတ်ခဲ့၏။ ထို့ကြောင့် အားလုံးသောသူတို့သည် ကျုံးချူးကဲ့ကို လာရောက် စိန်ခေါ်ခဲ့သည်။

ထိုအရာက ကျုံးချူးကဲ့ကို တကယ်ပဲ စိတ်မချမ်းမသာ ဖြစ်စေခဲ့၏။ ဤအရာက ဘာကို ဆိုလိုသနည်း။ သူက အားအနည်းဆုံး ဖြစ်သည်မို့ လာရောက်ကာ အနိုင်ကျင့် စော်ကားနေသည်လား။ အဘယ့်ကြောင့် လီချင်းချိုး၊ ရန်နန်းဖေးနှင့် နန်းတော်မှ တခြားသော ဘိုးဘေးအိုကြီးများကို သွားရောက်ကာ စိန်မခေါ်ရသနည်း။

သူက မဟာပညာရှင်များ၏ နောက်ဆုံးအဆင့်၌ ရှိနေသည်ဟု မည်သူ ပြောခဲ့သနည်း။

သို့ပေမည့် မကြာခင် သူသည် လောက၏ နံပါတ်တစ် တပည့်တစ်ယောက်ကို ထုတ်ဖော်နိုင်တော့မှာဖြစ်ပြီး အားလုံးသောသူတို့ မြင်သည်နှင့် ဘောင်းဘီထဲ သေးထွက်ကြသည့် ကြောက်လန့်စရာကောင်းသည့် ပညာရှင်မျိုးကို ပြုစုပျိုးထောင်ပေးနိုင်တော့မည်။

ဟုတ်ပေ၏။ လက်ရှိအခြေအနေမှာတော့ မဟာပညာရှင်များ၏ အောက်ဆုံးအဆင့်သည် သူဖြစ်လို့နေ၏။

ယခုအချိန်ထိ မဟာပညာရှင် ကျုံးချူးကဲ့ကို လာရောက်စိန်ခေါ်သည့် လူပေါင်းများစွာတို့သည် ရှုံးနိမ့်ခဲ့ပြီး ဖြစ်၏။ ဤနှင်းတောင်နတ်ဆိုးကလည်း သုံးကြိမ်တိတိ စိန်ခေါ်ခဲ့ပြီး အကြိမ်တိုင်းလည်း ရှုံးနိမ့်ခဲ့၏။ နောက်ဆုံး အကြိမ် စိန်ခေါ်ခဲ့သည်မှာ လွန်ခဲ့သည့် လအနည်းငယ်ကပင် ဖြစ်သည်။

ရှုံးနိမ့်မှုက သူမကို ဂုဏ်သိက္ခာ ကျဆင်းစေခဲ့၏။ ထို့ကြောင့် သူမသည် မည်သူနှင့်မှ မတွေ့ဆုံချင်တော့ပေ။ သို့ပေမည့် ကောင်းကင်တာအိုအဖွဲ့အစည်းက သူ့ကို လာရောက်တောင်းပန်ခဲ့ပြီး နုရှောင့်မြို့ကို ကာကွယ်ပေးဖို့ ပင့်ဖိတ်ခဲ့လေ၏။ ထို့အတွက် ပိုက်ဆံတော်တော်များများကိုလည်း ပေးအပ်ခဲ့၏။ မဟာပညာရှင်ဆိုသည်မှာ ဖိတ်ခေါ်ရန် ခက်ခဲသည့် လူမျိုးဖြစ်၏။ သို့ပေမည့် သူမက မဟာပညာရှင် မဟုတ်ချေ။

သို့သော်ငြား မဟာပညာရှင်များထက်ပင် ပိုမိုကာ မောက်မာ၏။ သူမသည် ကောင်းကင်တာအိုအဖွဲ့အစည်း၌ အကြွေးကျန်နေ၏။

အဘယ့်ကြောင့် သူမ ထိုကဲ့သို့ ပြောရသနည်း။ နှင်းတောင်နတ်ဆိုး လင်းချန်သည် နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်၏ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူး၏။ သူမက သူမကိုယ်သူမ အထင်အမြင်ကြီးမားခဲ့ပြီး မည်သူ့ကိုမှ အညံ့ခံချင်သည့်စိတ်လည်း မရှိချေ။

သို့ပေမည့် ပန်ရော့ နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်၏ ဆက်ခံသူဖြစ်လာချိန်မှာတော့ သူမက အဘယ်သို့ စိတ်ချမ်းသာစွာနှင့် သည်းခံပေးရမည်နည်း။ သူမက ဆရာတူ အစ်မကြီးမဟုတ်ပါလား။ ထို့ကြောင့် ပန်ရော့ကို အကြိမ်ပေါင်းများစွာ စိန်ခေါ်ခဲ့၏။ သူမသည် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ပြီး ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့၏။

ဒေါသကြောင့် သူမက နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်ကို သစ္စာဖောက်ခဲ့ပြီး နှင်းတောင်တာအို နန်းတော်အဖြစ် သူမဘာသာ တစ်ယောက်တည်း တည်ထောင်ခဲ့၏။ မထင်မှတ်ထားလောက်အောင်ဘဲ နှင်းတောင်ဆီသို့ ရောက်ပြောင်းလာချိန်တွင် နတ်မိမယ် ရွှယ်ရင်နှင့် ထပ်မံကာ တွေ့ဆုံခဲ့သည်။

မည်သို့ထင်မည်နည်း။ သူမကလည်း နှင်းတောင်ဆိုသည့် နာမည်ကို အသုံးပြုချင်၏။ သို့ပေမည့် တစ်ဖက်လူ ကလည်း နှင်းတောင် နတ်မိမယ်ရွှယ်ရင်ဆိုသည့် နာမည်ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူမသည် ရွှယ်ရင်ကို သွားရောက် စိန်ခေါ်ခဲ့၏။ သို့ပေမည့် အဆုံးသတ်မှာတော့ ရှုံးနိမ့်ခဲ့၏။ သုံးကြိမ်တိတိ ရှုံးနိမ့်ခဲ့၏။

ရွှယ်ရင်၌ တပည့်တစ်ယောက်တည်းသာ ရှိသည်ဆိုသော်လည်း တော်ဝင်နှင်းတောင်လို့ ပြောလိုက်သည်နှင့် အားလုံးသောသူတို့က နတ်မိမယ်ရွှယ်ရင်ကို မျက်လုံးထဲမြင်ကြသည်။ သူမကို မည်သူမှ မျက်လုံးထဲ မထည့်ကြချေ။ ထိုအရာနှင့် ပတ်သက်၍ နှင်းတောင်နတ်ဆိုး လင်းချန်က တကယ်ပင် ဒေါသထွက်မိ၏။ တလောကလုံးသည် သူမကို အထင်အမြင်သေးသလို ဆက်ဆံနေသည်ဟု သူမ ခံစားမိသည်။

ဟုတ်ပေ၏။ သူမ၏ နှင်းတောင်နန်းတော်သည် ခိုင်မာသည့် တည်နေရာမျိုးလည်း မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူမက နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်ကို သစ္စာဖောက် ထွက်ပြေးလာခဲ့သူ ဖြစ်သောကြောင့်ပင်။

မဟာပညာရှင် ပန်ရော့သည် ကျွမ်းကျင်သူပေါင်းများစွာကို ဦးဆောင်ပြီး သူမ၏ နှင်းတောင်ကို လာရောက်ကာ တိုက်ခိုက်ဖူး၏။ အကြိမ်တိုင်းဆိုသလို နှင်းတောင်နန်းတော်ဆီသို့ လူပေါင်းများစွာကို ခေါ်ဆောင်လာတတ်၏။ ပန်ရော့သည် ထိုသူများအားလုံးကို လင်းချန်နှင့် တိုက်ခိုက်စေသည်။ အားလုံးပြီးမှ ခပ်တည်တည်နှင့် သူ၏ နန်းတော်သို့ ပြန်သွားတတ်သည်။ သူမကို သိုင်းလေ့ကျင့်ရေးခန်းမမှ စမ်းသပ်အရုပ်ကြီးလို ထင်မှတ်နေသည်လား မသိချေ။

ထိုအပြုအမူနှင့် ပတ်သက်၍ နှင်းတောင်နတ်ဆိုးလင်းချန်သည် တကယ်ပင် ဒေါသထွက်လျက် ရှိ၏။ သို့ပေမည့် သူမ ဘာမှ မလုပ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် သူမ ပန်ရော့ကို အနိုင်မတိုက်နိုင်သောကြောင့်ပင်။

ထိုအချိန်မှာပဲ ကောင်းကင်တာအိုအဖွဲ့အစည်းက ပေါ်ပေါက်လာခဲ့၏။ ဘာမှန်းမသိသည့် နည်းလမ်းများကို အသုံးပြုပြီးနောက် နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်သည် လင်းချန်ကို လာရောက် စမ်းသပ်သည့်အလုပ် အား ရပ်တန့်ခဲ့သည်။ ထိုအချိန်မှစ၍ လင်းချန်၏ နှင်းတောင်နန်းတော်သည် တည်ငြိမ်မှုကို ရရှိခဲ့သည်။

သို့ပေမည့် လင်းချန်၌ မည်သည့်ဝင်ငွေမှ မရှိချေ။ ထို့အပြင် ဘာမှလည်း မလုပ်တတ်၊ မကိုင်တတ်ပေ။ သို့ပေမည့် အစားအသောက်၊ အဝတ်အထည်၊ နေထိုင်စရိတ်၊ အရာအားလုံးအတွက် ပိုက်ဆံလိုအပ်၏။ လင်းချန်သည် မောက်မာလွန်းသူ ဖြစ်သောကြောင့် မည်သူ့ဆီမှ အောက်ကျခံ၍ မနေချေ။ မရှိလျှင်အငတ်နေ၏။

နှစ်စဉ်နှစ်တိုင်းဆိုလို ကောင်းကင်တာအိုအဖွဲ့အစည်းသည် နှင်းတောင်နန်းတော်ကို ငွေပမာဏတချို့ လှူဒါန်းခဲ့၏။ ထို့ကြောင့် သူမက နေထိုင်စားသောက်နေနိုင်ခြင်းပင်။

လောကကြီးထဲတွင် သိုင်းပညာကို လေ့ကျင့်ရခြင်းဆိုသည်မှာ အဘယ်က ကောင်းသနည်း။ လင်းချန်သည် မဟာပညာရှင်ဖြစ်လာရန် ခြေလှမ်းဝက်သာ လိုအပ်တော့သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် သူမက စားရေးသောက်ရေး၊ အဝတ်အထည်များနှင့် ပတ်သက်၍ တခြားသော သူအပေါ်တွင် မှီခိုနေရ၏။

ထို့အပြင် လီချင်းချိုးလည်း ထိုနည်းလည်းကောင်းပင်။ သူ၏ဓားကျွန်း၌ လူငါးယောက်ထက် ပိုကာ မရှိချေ။ သူတို့၏ စုစုပေါင်း ကုန်ကျစရိတ်က ရွှေဒင်္ဂါး ၃၀၀ ထက် ပိုလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့်သာ အနည်းအကျဉ်း သက်သာနေခြင်းဖြစ်သည်။

ထို့အပြင် ကျုံးချူးကဲ့လည်း ရှိနေသေး၏။ ကျုံးချူးကဲ့ကတော့ တကယ့်ကို လိုက်လျောညီထွေရှိသည့် လူတစ်ယောက်ဟု သုံးသပ်ရပြီး ချမ်းသာကြွယ်ဝသည့် လူများ သို့မဟုတ် အားကောင်းသည့် မိသားစုများဆီမှ မျိုးဆက်သစ်များကို တပည့်အဖြစ် လက်ခံ၏။ ထို့ကြောင့် သူက တောင်ပေါ်တွင် နေထိုင်နိုင်စွမ်း ရှိပြီး သေးငယ်သော ရဲတိုက် တစ်ခုကိုပင် ဆောက်ထားနိုင်၏။

မဟာပညာရှင် ခြောက်ယောက်ထဲတွင် ရန်နန်းဖေး တစ်ယောက်တည်းသည်သာ အလွန်အမင်း ချမ်းသာ ကြွယ်ဝမှုကို ပိုင်ဆိုင်သည့်သည်။

“အင်း ဆရာမကြီး... အစားအသောက်တွေ အကုန်လုံး အဆင်သင့် ဖြစ်နေပါပြီ။ ဝိုင်သောက်တာကို နှစ်သက်လား။ ဒါ စပျစ်ဝိုင်ပါပဲ။ စပျစ်ဝိုင်၊ ဆန်ဝိုင်၊ အသီးဝိုင် အကုန်ရှိပါတယ်” ဟွမ်တုံက လေးလေးစားစား မေးမြန်းလိုက်၏။

နှင်းတောင်နတ်ဆိုး လင်းချန်သည် တစ်ဖက်လူကို စူးစိုက်ကာ ကြည့်ရှုရင်း အေးစက်စက် ပြောလိုက်သည်။ “ဘာ.. ရှင် ကျွန်မကို လာနောက်နေရတာလား။ ကျွန်မက မဟာပညာရှင်တစ်ယောက် မဟုတ်ဘူးဆိုတာ ရှင်သိရဲ့သားနဲ့။ ဘယ်လိုဖြစ်ပြီးတော့ မဟာပညာရှင်တစ်ယောက်လို လာခေါ်နေရတာလဲ”

ဟွမ်တုံ၏ ကျောရိုးမကြီးက စိမ့်တက်သွား၏။ သူက လျင်လျင်မြန်မြန်ပဲ အမည်ပြောင်းလိုက်၏။ “အင်း ဂိုဏ်းချုပ်လင်း.. ဘယ်လိုဝိုင်မျိုးကို သောက်သုံးချင်ပါသလဲ”

လင်းချန်က ပြောလိုက်သည်။ “ဘာမဆိုရတယ်”

ဟွမ်တုံက မေးမြန်းလိုက်၏။ “ဒါဆိုရင် စပျစ်ဝိုင်တစ်ချို့ သောက်ကြရအောင်”

လင်းချန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ အဲဒီရဲ့ အရသာက သွေးလိုပဲ။ ပြီးတော့ ချဉ်တယ်”

ဟွမ်တုံက ပြောလိုက်၏။ “ဒါဆိုလို့ရှိရင် ဆန်ဝိုင်သောက်ကြမလား”

လင်းချန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ အဲဒါကလည်း နည်းနည်း ချဉ်စုတ်စုတ်ပဲ”

ဟွမ်တုံက ပြောလိုက်၏။ “ဒါဆိုရင် သီးစုံဝိုင် သောက်ကြမလား”

လင်းချန်က ပြောလိုက်သည်။ “အဲတာကျတော့ အရမ်း ချိုလွန်းတယ်။ အရက်အရသာတောင် မရှိဘူး”

ဟွမ်တုံသည် ဝမ်းနည်းစိတ်များပင် ပေါက်သွား၏။ ပြီးနောက် သူက အားတုံ့အားနာဖြင့် တောင်းဆိုလိုက်မိ၏။ “ဂိုဏ်းချုပ်လင်း.... ကျုပ်တို့ဆီမှာ ဒီဝိုင်သုံးမျိုးပဲ ရှိတယ်။ ကျေးဇူးပြုပြီး တစ်ခုကို ရွေးပါတော့”

လင်းချန်က ပြောလိုက်သည်။ “ငါ အစောကြီးတည်းက ပြောပြီးပြီလေ။ မင်း နားကန်းနေလား”

သူမကို လူပေါင်းများစွာတို့ မုန်းတီးခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ သူမက အလုပ်ကျွေးပြုရန် ခက်ခဲသည့် လူမျိုးပင်။ ဟွမ်တုံသည် မည်သို့မှ မနေနိုင်ဘဲ ရွှမ်ဝူကျင်းကျိုးအတွက် ဝမ်းနည်းသလိုပင် ဖြစ်သွားမိ၏။

ပေါင်းရသင်းရ ခက်ခဲသည့် ဤအမျိုးသမီးကို ကျင်းကျိုးဆီ ပို့ပြီးလျှင် သူ၏တာဝန်က ပြီးဆုံးလေပြီ။ ထိုအချိန်ရောက်လျှင် နှင်းတောင်နတ်ဆိုးသည် နုရှောင့်မြို့ကို ကာကွယ်ပေးပေလိမ့်မည်။ ထို့အပြင် ရွှမ်ဝူကျင်းကျိုး ကိုလည်း ကူညီပေး ပေလိမ့်မည်။

နှင်းတောင်နတ်ဆိုး၌ လူ ၁၉ ယောက် ရှိ၏။ ပထမဦးဆုံး အစားအသောက် အလွန်ဆင်းရဲ၏။ ဒုတိယအားဖြင့် နှင်းတောင်နတ်ဆိုး၏ အကျင့်က ဆိုးဝါး၏။ သူမသည် တပည့်များကို သင်ကြားပေးသည့်နေရာတွင် စိတ်ရှည် သည်းခံမှု မရှိချေ။ တပည့်တော်တော်များများသည် သူမနှင့် ဆက်လက်ကာ သင်ယူနိုင်စွမ်းမရှိကြချေ။

ထို့ကြောင့် နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်သို့ သွားရောက်ကုန်ကြ၏။ ဆရာတူဦးလေးများ၊ ဆရာတူအစ်မများက လှပကြပြီး စကားပြောလည်း ချိုသာ၏။ မိမိအိမ်သို့ ရောက်ရှိနေသကဲ့သို့ပင် ပျူငှာမှုကို ခံစားမိစေ၏။ ထမင်းလည်း မငတ်ပေ။

နှင်းတောင်နတ်ဆိုးနန်းတော်အနေနှင့် ရွှမ်ဝူကျင်းကျိုးကို ကာကွယ်ရန် မည်မျှရသနည်း။ သုံးလအတွက် ရွှေဒင်္ဂါး ၅၀၀၀ ဖြစ်၏။ ဈေးမလျှော့ခဲ့ပေ။

ဟုတ်ပေ၏။ ကောင်းကင်တာအို အဖွဲ့အစည်း၏ ဖိတ်ခေါ်မှုကြောင့်သာ ဤသို့ ပြုလုပ်ပေးခြင်း ဖြစ်၏။ တခြားသောသူများဆိုလျှင်တော့ ပိုက်ဆံပေးမည်ဆိုလျှင်တောင် လင်းချန်က ဤအလုပ်ကို လက်ခံလိမ့်မည် မဟုတ်ပေ။

.................

အစား စားသောက်နေစဉ်မှာပဲ လင်းချန်က ဝိုင်အနည်းငယ် သောက်၏။ ဤဝိုင်က သာမန်ကာလျှံကာ ဆန်လွန်း၏။ ဝိုင်၏ ရောစပ်မှုသည် ဆန်ဝိုင်၊ အသီးဝိုင်နှင့် တခြားဝိုင်တစ်ခုတို့ ရောစပ်ထားခြင်းပင်။ ထို့အပြင် တော်တော်လည်း အရသာရှိ၏။

နှင်းတောင်နတ်ဆိုး လင်းချန်က ပြောလိုက်သည်။ “လောကကြီးတစ်ခုလုံး ရှုပ်ထွေးတော့မယ်။ သိုင်းပညာရှင်တွေအတွက် ကောင်းမွန်တဲ့နေ့ရက်က မကြာခင် လာတော့မယ်။ အချိန်ကိုက် ပြင်ဆင် ထားကြတော့”

တပည့်ပေါင်းများစွာတို့သည် သူတို့၏တူကို ချကာဖြင့် သံပြိုင်ဆိုသလို ပြောလိုက်၏။ “အဆင်သင့်ပါပဲ”

……

All Chapters