← Chapters

အခန်း (၃၉၅)

Vol. 29 Ch. 395

အခန်း (၃၉၅)

Vol. 29 Ch. 395

ဟွမ်တုံသည် အပြင်ဘက်သို့ လျှောက်ထွက်ပြီး ကြမ်းတမ်းလွန်းသည့် ပင်လယ်ပြင်ကြီးကို လှမ်းကာ ကြည့်ရှု၏။ သူသည် နုရှောင့်မြို့ တည်ရှိရာ အရှေ့ဘက် တည်နေရာကို လှမ်းကာ မျှော်ကြည့်နေခြင်းပင်။

ကောင်းကင်တာအိုအဖွဲ့အစည်းသည် နှင်းတောင်နတ်ဆိုးကို ဖိတ်ခေါ်ပြီး ရွှမ်ဝူကို ကယ်တင်ပေးရန် ကြီးမားသည့် ငွေပမာဏကို အသုံးပြုခဲ့သည်။ ယနေ့မှစ၍ ကျင်းကျိုး သုတ်သင်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

နှင်းတောင်နတ်ဆိုးသည် အတိတ်တုန်းက တိုက်ပွဲတစ်ခုကိုပင် အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိသော်လည်း တကယ့်ကို အားကောင်းသည့် သူတစ်ယောက်တော့ ဖြစ်၏။ သူမသည် မဟာပညာရှင် ခြောက်ယောက်၏နောက် ဒုတိယနေရာတွင် ရှိနေ၏။ သူမ၏ ကာကွယ်ပေးမှုအောက်တွင် မဟာပညာရှင် တစ်ယောက်ပင်လျှင် ရွှမ်ဝူကို လာရောက် သုတ်သင်ရှင်းလင်းဖို့ ခက်ခဲ၏။ သို့ပေမည့် သူမက လူများကို ကာကွယ်သည့်အလုပ်ကိုသာ လုပ်နိုင်သည်။ တကယ်တမ်း စစ်ပွဲစလျှင် ရွှမ်ဝူဘက်မှ ဝင်တိုက်ပေးမည် မဟုတ်ပေ။ တိုက်၍လည်း ဖြစ်နိုင်မည် မဟုတ်ပေ။

တစ်ယောက်ချင်း တိုက်ခိုက်သည့် သိုင်းပညာသည် စစ်မြေပြင် တိုက်ခိုက်သည့် သိုင်းပညာနှင့် ခြားနား၏။ တစ်စုံတစ်ယောက်၏ သိုင်းပညာအဆင့်သည် ဓားဘုရင်လီချင်းချိုး၏ အဆင့်ဆီသို့ ရောက်ရှိသွားသည် ဆိုလျှင်တောင်မှ လူတစ်ရာလောက်ကို သတ်ဖြတ်လျှင် အတွင်းအား ကုန်ဆုံးသွားပေမည်။ အတွင်းအားများ ကုန်ခမ်းသွားသည်ဆိုသည်နှင့် မဟာပညာရှင်ဆိုလျှင်တောင် ဘာမှပြုလုပ်နိုင်တော့မည် မဟုတ်ချေ။

တိုက်ခိုက်ရေး တည်နေရာထဲတွင် စစ်သည်ပေါင်း သောင်းနှင့်ချီ ရှိ၏။ ထို့အပြင် ချောင်ယောင်းအာ ကဲ့သို့သော တစ်စုံတစ်ယောက်ကို တွေ့ရှိဖို့ဆိုသည်မှာ အလွန်ရှားပါးသည့် ကိစ္စမျိုး ဖြစ်၏။ သိုင်းပညာကလည်း ကောင်းကင်ဘုံက ငြင်းဆန်နိုင်လောက်အောင် ကောင်းမွန်ပြီး စစ်မြေပြင်တိုက်ခိုက်မှုတွင်လည်း အားကောင်း၏။

တစ်ယောက်ချင်း တိုက်ခိုက်ပါက အရူးကြီး ဆယ်ယောက်ပင်လျှင် လီချင်းချိုး၏ ပြိုင်ဘက် မဟုတ်ချေ။ သို့ပေမည့် စစ်မြေပြင် တိုက်ခိုက်မှုမျိုးမှာတော့ လီချင်းချိုးသည် အရူးကြီးလောက်ပင် အသုံးဝင်မည် မဟုတ်ပေ။

ဤအချိန်မှာတော့ ဝူပြည်နယ်နှင့် ထျန်းဖန်မြို့တော်ဝန်ချောင်ဟောင်တို့သည် မဟာမိတ်ဖွဲ့ပြီး စစ်သည်ပေါင်း သုံးသောင်းကျော် ပိုင်ဆိုင်ထားပြီဖြစ်သည်။ နုရှောင့်မြို့၏ အတွင်းဘက်တွင် ကျင်းမိသားစုနှင့် ကောင်းကင်တာအို အဖွဲ့အစည်း၏ စစ်တပ်များက ၅၀၀၀၊ ၆၀၀၀ ထက် ပိုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဤတိုက်ပွဲသည် အောင်မြင်ရန် ယုံကြည်ချက်မရှိကြောင်း ဟွမ်တုံက ခံစားမိနေ၏။

နုရှောင့်မြို့ကို ကျိန်းသေပေါက် ဆုံးရှုံးလို့မဖြစ်ချေ။ ကျင်းမိသားစုသာ နုရှောင့်မြို့ကို ရှုံးနိမ့်သွားပါက ဘေးဒုက္ခကြီး ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကောင်းကင်တာအိုအဖွဲ့အစည်းကလည်း ထိုကြားထဲတွင် ညှပ်ပေလိမ့်မည်။

နုရှောင့်မြို့၏ လက်ရှိအခြေအနေသည် အရှေ့ဘက်ပိုင်းရှိ ဗဟို ကုန်သွယ်ရေးဇုန် တစ်ခု ဖြစ်လာခဲ့၏။ ငွေပမာဏ တော်တော်များများနှင့် အရင်းအမြစ် တော်တော်များများတို့သည် ဤနေရာတွင် ရင်းနှီးမြှုပ်နှံထားခဲ့၏။ တကယ်လို့ ဆုံးရှုံးခဲ့ပါက ကောင်းကင်တာအိုအဖွဲ့အစည်းသည် ကြီးမားသည့် ဒုက္ခတရားကို ခံစားရပေမည်။

...........

ချင်နိုင်ငံ ....

တောင်ဝင်နှင်းတောင်၏ တောင်ခြေ၌ အာယုနာနာ၏ မျိုးနွယ်စု တည်ရှိနေ၏။ ချင်နိုင်ငံမှ စစ်သည်တော်များသည် နံရံများကို ကျော်တက်ကာဖြင့် အထဲသို့ လှမ်းဝင်လိုက်ကြ၏။ အရူးကြီးနှင့် အာယုနာနာ တို့သည် စစ်သည်ပေါင်း သုံးထောင်ကျော်ကို ဦးဆောင်ပြီး တိုက်ခိုက်ကြ၏။

ပြီးနောက် ရှမ့်လန်က ကြောင်အသွားခဲ့၏။ ဓားဘုရင် လီချင်းချိုးကလည်း ကြောင်အသွား၏။ အရူးကြီးနှင့် အာယုနာနာ၊ ဤစုံတွဲသည် တကယ့်ကို အားကောင်းလွန်းလှ၏။ အရူးကြီးသည် သူ၏ သံတုတ်ကြီးကိုပင် မသုံးခဲ့ချေ။ ၁၀ မီတာခန့် ရှိသော သစ်ပင်ကြီးတစ်ခုကို ကောက်ဆွဲကာဖြင့် ရူးရူးမူးမူး ဝှေ့ယမ်းလျက် ရှိနေသည်။

အာယုနာနာက သူမ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီး နှစ်ချောင်းကို ကိုင်ဆောင်ကာဖြင့် ဝင်ရောက် တိုက်ခိုက်၏။ သူမတို့၏ အနားသို့ မည်သူမှ မချဉ်းကပ်နိုင်ချေ။

အထူးသဖြင့် အရူးကြီး၏ အနားပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် အရူးကြီးသည် အချိန်အတော်ကြာ သိုင်းပညာကို လေ့ကျင့်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် တစ်ယောက်ချင်း တိုက်ခိုက်လျှင် သူ၏မိန်းမကို အနိုင်ရလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် တကယ့်စစ်ပွဲ တိုက်ခိုက်မှုတွင်တော့ သူက ပြိုင်ဘက်ကင်းအောင် အားကောင်းလွန်း၏။

ထိပ်တန်းကျွမ်းကျင်သူများသည် အတွင်းအား ကုန်ဆုံးသွားသည်နှင့် အသုံးဝင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် အရူးကြီး၏အတွင်းအားများမှာတော့ လက်ရှိအခြေအနေတွင် အကန့်အသတ်မဲ့ တည်ရှိနေ၏။ တခြားသူများက အတွင်းအားနှင့် ချီများကို အသုံးပြုတတ်၏။ သို့ပေမည့် အရူးကြီးမှာတော့ မိမိ၏ ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် အားမှန်သမျှကို ထုတ်ဖော်ကာ အသုံးပြုနိုင်စွမ်းရှိနေ၏။ ဤအရာက သွေးမျိုးဆက်၏ အားကောင်းမှုပင် ဖြစ်သည်။

ဆွစ် ဆွစ် ဆွစ်

ကြီးမားလွန်းသည့် သစ်ပင်ကြီး၏ ဝှေ့ယမ်းမှုအောက်မှာတော့ ရန်သူ ဆယ်ယောက်တို့သည် အဝေးကို လွင့်စင် သွားခဲ့၏။ သူတို့က ဘာချပ်ဝတ်ကိုပဲ ဝတ်ဆင်ထား၊ ဝတ်ဆင်ထား ကိစ္စမရှိချေ။ အထဲတွင် ရှိနေသည့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအားလုံးက ပျက်စီးသွားခဲ့၏။ မြေပေါ်သို့ ပြုတ်ကျသည့်အချိန်မှာတော့ သူတို့အားလုံးသည် ရွှံ့ရုပ်များကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။

ထို့အပြင် အရူးကြီးသည် ကြီးမားပြီး လေးလံလွန်းသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့သောကြောင့် သူ၏ ခန္ဓာကိုယ်အပေါ်သို့ မြားမည်မျှများများ ကျလာသည်မဆို ထိခိုက်ဒဏ်ရာ မရချေ။ သူက တကယ့်ကို ပြိုင်ဘက်ကင်းသည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ပင်။

ဓားဘုရင် လီချင်းချိုးသည် အနောက်မှ မတ်မတ်ရပ်ရင်း လူအရေအတွက်ကို ရေတွက်လျက် ရှိ၏။ ၁၅ မိနစ် မပြည့်ခင်မှာပဲ အရူးကြီးသည် လူပေါင်း ၂၀၀ ကျော်ခန့်ကို သတ်ဖြတ်ပြီး ဖြစ်၏။ လီချင်းချိုး နှစ်ယောက်၏ တိုက်ပွဲစွမ်းရည်မျိုး တည်ရှိနေသလိုပင်။ အာယုနာနာကလည်း ထိုကဲ့သို့ပင်။ သူမက ကိုယ်ဝန်လွယ် ထားရသော်လည်း ဓားမော့ကြီးကို ဝှေ့ယမ်းကာဖြင့် လူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်၏။

လီချင်းချိုးသည် မြေပြင်အမြင့် တည်နေရာတွင် မတ်မတ်ရပ်ကာဖြင့် သက်ပြင်းချလိုက်သည်။ “အင်း... သိုင်းပညာကို လေ့ကျင့်နေလို့ ဘာထူးမှာလဲ”

ရှမ့်လန်က မည်သည့်စကားကိုမှ မဆိုချေ။ ရှမ့်ဆယ့်သုံးသည် မည်သို့မှ မနေနိုင်ဘဲ ဓားဘုရင်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ဓားဘုရင်က ထိုကဲ့သို့ ပြောလေသည်လား။

ဓားဘုရင် လီချင်းချိုးက မလှုပ်ရှားချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏အတွင်းအားများက တန်ဖိုးကြီးမား သောကြောင့်ပင်။

ရှမ့်လန်သည် လန်ပေါင်အကြောင်းကို ကောင်းကောင်းကြားဖူး၏။ တတိယမင်းသားနင်ချီ၏ နောက်လိုက်ဖြစ်ပြီး အားကောင်းလွန်းသည့် တပ်မှူးတစ်ယောက်ကဲ့သို့ပင်။ သို့ပေမည့် လန်ပေါင်က မည်သည့်စည်းမျဉ်းစည်းကမ်းမှ မရှိဘဲ အရူးတစ်ယောက်လို တိုက်ခိုက်တတ်သူ ဖြစ်သည်။

တိုက်ခိုက်ရသည့် အရာတစ်ခုတည်းကိုသာ နှစ်သက်ပြီး ရန်သူကို အစိတ်စိတ်ပိုင်းချင်စိတ် တစ်ခုတည်းသာ ရှိ၏။ တစ်စုံတစ်ယောက်၏ လက်ကို ဆွဲလိုက်သည်ဆိုသည်နှင့် ထိုလက်ကို ဆွဲဖြုတ်ရန် ကြိုးစား၏။ တစ်စုံတစ်ယောက်၏ ခြေထောက်ကို ဆွဲမိသည်ဆိုသည်နှင့် ထိုခြေထောက်ကို ဆွဲဖြုတ်ရန် ကြိုးစား၏။ တစ်စုံတစ်ယောက်၏ ခေါင်းကို ဆွဲဆုပ်မိလျှင် ထိုအရာကို ကျိန်းသေပေါက် ဆွဲဖြုတ်တတ်၏။ ထိုသူက သွေးဆာလောင်လွန်း၏။

ထို့ကြောင့်မို့ ကျုံးကလန်သည် သူ့အား မျိုးရိုးနာမည် ပြောင်းလဲခဲ့ခြင်းဖြစ်၏။ နောက်ပိုင်း မဟာပညာရှင် လန်တိုပင်လျှင် သူ့ကို နာမည်ပြောင်းရန် ကြိုးစားခဲ့ဖူး၏။ သို့ပေမည့် မဖြစ်နိုင်ခဲ့ချေ။

တကယ့်ကို ရဲရင့်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် ပြိုင်ဘက်ကင်းအရူးကြီးကို မြင်ရသည့်အချိန်မှာတော့ ချင်နိုင်ငံ၏ ဘုရင် အာယုထိုင်သည် ကျောရိုးမကြီးပင် စိမ့်တက်သွားခဲ့၏။ သူသည် အရူးကြီးကို အကြိမ်ပေါင်း များစွာ မြင်ဖူး၏။ သိုင်းပညာပါရမီရှင် တစ်ယောက်ဖြစ်ကြောင်း ကြားခဲ့ဖူးသည်။

မည်သည့် သိုင်းပညာမှ တတ်မြောက်ခြင်း မဟုတ်ဘဲ ကြမ်းတမ်းသည့် အားအင်တစ်ခုနှင့် တိုက်ခိုက်လျက် ရှိနေ၏။ လက်ရှိအခြေအနေမှာတော့ သူ၏စိတ်ထဲတွင် စကားလုံးတစ်ခုတည်းသာလျှင် ရှိ၏။ လူတစ်ယောက် အနေနှင့် ဤမျှလောက် အားကောင်းမနေသင့်ချေ။ သို့ပေမည့် အားကောင်းနေသည်ဆိုပါကလည်း ကျိန်းသေပေါက် သတ်ဖြတ်ရပေတော့မည်။

မဟာပညာရှင် ပန်ရော့၏ မျက်လုံးထဲတွင် မနာလိုမှုများနှင့် ပြည့်နှက်နေ၏။ တစ်ဖက်တွင် ဤကဲ့သို့ အားကောင်းသည့် ပါရမီရှင်မျိုး တည်ရှိနေပြီး သူတို့ဘက်တွင် ဘာကြောင့် မရှိရသနည်း။ နတ်ဆိုးတောင်ကြား နန်းတော်တွင် မည်သည့်ယောက်ျားလေးတပည့်မှ မရှိသော်လည်း ပါရမီရှင်များကို တွေ့ပါက ခြွင်းချက်မရှိ လက်ခံပေးနိုင်၏။ အမျိုးသမီးတပည့်များနှင့်ပင် လက်ထပ်ပေးနိုင်၏။ ကျုံးချူးကဲ့၏ နောက်ဆုံးတပည့်သည် တကယ်ပင် အားကောင်းလှသည်။

တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဘုန်းတော်ကြီး ထုဟိုင်သည်လည်း ချင်ဘုရင် အာယုထိုင်ကဲ့သို့ တူညီသည့် အတွေးအခေါ် ရှိနေ၏။ လောကကြီးတွင် ဤကဲ့သို့ အားကောင်းသည့် လူမျိုး မရှိသင့်ပင်။ ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။

ထုဟိုင်က ပြောလိုက်၏။ “မဟာပညာရှင် ပန်ရော့.. ဒီကတုံးကို သတ်ဖြတ်ဖို့အတွက်ဆိုရင် ဘယ်လိုလဲ”

“အင်း... အရှေ့ဘက်နိုင်ငံတွေရဲ့ တကယ့်အလားအလာရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ကို ကျွန်မ သတ်ပစ်ရမှာလား။ ကောင်းကင်က မကောင်းမှုအတွက် အပြစ်ပေးမှာ မစိုးရိမ်ဘူးလား”

သူမ၏ပစ်မှတ်က လီချင်းချိုးဖြစ်၏။ သူမက ရှမ့်လန်ကို သတ်ဖြတ်ပစ်ရန်ပင် စိတ်ဝင်စားခြင်း မရှိကြချေ။ သူမသည် အဝေးတစ်နေရာတွင် တည်ရှိနေသည်ဆိုလျှင်တောင် ရှမ့်လန်၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် တဏှာရူး အငွေ့အသက်များကို ခံစားမိ၏။ သို့ပေမည့် ရှမ့်လန်ကို လျစ်လျူရှထားသည်။

ထိုအချိန်မှာပဲ တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံးက ရှုပ်ထွေးလျက် ရှိနေ၏။ ထို့အပြင် ချင်နိုင်ငံ၏ စစ်သည်အရေအတွက်က တော်တော်များပြား၏။

သူတို့ကို အရူးကြီးနှင့် အာယုနာနာတို့ ဦးဆောင်သော လူသုံးထောင်တို့က တိုက်ခိုက်လျက် ရှိနေ၏။ ထို့အပြင် အထက်စီးမှပင် တိုက်ခိုက်နေသည်။

ဘန်း ဘန်း ဘန်း ...။

ချင်ဘုရင် အာယုထိုင်၏ လက်အောင်မှ အားကောင်းသည့်လူများသည် နံရံကို ပြင်းပြင်းထန်ထန်နှင့် ထုနှက် ဖြိုချလျက် ရှိ၏။ မြေပြင်တစ်ခုလုံးကလည်း တုန်ယင်လျက် ရှိနေ၏။ ဘုန်းကြီးစစ်သည်ပေါင်း နှစ်ထောင်ကျော်တို့သည် ကြီးမားလွန်းသည့် သစ်သားတုံးကြီးများကို သယ်ဆောင်ကာဖြင့် ကျောက်နံရံကြီးကို တဘုန်းဘုန်းနှင့် ထုနှက်၏။

၁၅ မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက် ငါးကီလိုမီတာခန့် ရှည်လျားသည့် ကျောက်နံရံကြီးသည် ဤကဲ့သို့သော အားအင်အဆင့်ကို မည်သို့မှ မခုခံနိုင်ခဲ့တော့ချေ။ ကျယ်လောင်သည့် အသံကြီး ပေါ်ပေါက်လာခဲ့ပြီး ပြိုလဲသွားခဲ့သည်။

ချင်နိုင်ငံ၏စစ်သည်သောင်းချီတို့သည် တောင်ကြားထဲသို့ လိမ့်ဝင်လာခဲ့၏။ ကြမ်းတမ်းလွန်းသည့် တိုက်ပွဲက မကြာခင် စတင်ပေတော့မည်။

ရှမ့်လန်က အော်ဟစ်လိုက်၏။ “အရူးကြီး.. နောက်ကိုဆုတ်။ နောက်ကိုဆုတ်”

ရှမ့်လန်၏ အမိန့်ပေးမှုကို လိုက်နာပြီး အာယုနာနာ၊ အရူးကြီးနှင့် စစ်သည်ပေါင်းသုံးထောင်ကျော်သည် လျင်လျင်မြန်မြန်ဖြင့် နောက်သို့ ဆုတ်လာခဲ့၏။ အရူးကြီး၊ အာယုနာနာ၊ ရှမ့်နုနှင့် တခြားသော လေးလံသည့် ချပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်သည် ၁၀၀ ကျော်တို့သည် တိုက်ခိုက်ရင်း နောက်သို့ ဆုတ်ခွာလာခဲ့သည်။

ချင်ဘုရင် အာယုထိုင်က အော်ဟစ်လိုက်၏။ “သတ်၊ သတ်၊ အားလုံးကို သတ်ကြ”

ထိုအချိန်မှာပဲ “ဝုန်း.... ဝုန်း”

မီးတောက်များ ထွက်ပေါ်လာခဲ့၏။ အရူးကြီးနှင့် အာယုနာနာတို့၏ စစ်တပ် အနောက်ဘက်သို့ ဆုတ်ခွာသည့်အချိန်မှာပဲ သူတို့အားလုံးသည် ကောက်ရိုးပုံနှင့် ရွက်ဖျင်တဲများကို မီးရှို့ပစ်ရန် ဆုံးဖြတ်ထားခဲ့၏။ ကံဆိုးစွာနှင့် နွေရာသီဆိုသော်လည်း နှင်းများကြောင့် မြက်ပင်များက အနည်းငယ် စိုစွတ်လျက် ရှိနေပြီး မီးလောင်ကျွမ်းခြင်း မရှိချေ။ ရွက်ဖျင်တဲများမှာတော့ မီးလောင်ရန် လွယ်ကူသည့် အရာမျိုးဖြစ်သည်။

ကောက်ရိုးပုံများကို မီးရှို့ပြီးနောက် မီးခိုးငွေ့များ အူထွက်ပေါ်လာခဲ့၏။ ဤတောင်ကြားကြီးထဲ၌ မီးခိုးငွေ့များ၊ မီးတောက်များနှင့် ပြည့်နှက်သွားခဲ့၏။ မည်မျှ ရဲရင့်သည့် ချင်နိုင်ငံ၏စစ်သည်မဆို ထိုမီးပင်လယ်ထဲသို့ လှမ်းဝင်ရဲလိမ့်မည် မဟုတ်ချေ။ အဆင်ခြင်မဲ့ တိုးဝင်လာခဲ့သည့် ရန်သူများကလည်း ဆိုးရွားစွာ အော်ဟစ်ပြီး သေဆုံးလျက် ရှိနေ၏။ မီးပင်လယ်ကြီးသည် စစ်တပ်ကြီးနှစ်ခုကို နှစ်ပိုင်း ပိုင်းဖြတ်ထားသကဲ့သို့ပင်။

မီးပင်လယ်၏ နောက်ဘက်မှာတော့ ရှမ့်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “စစ်မြင်းတွေ အကုန်လုံးကို စွန့်ခွာ။ ပြီးတော့ သူတို့အပေါ်ကို အဝတ်စိုတင်။ လုံလောက်တဲ့ ရိက္ခာတွေ အားလုံးကိုလည်း တင်ကြ။ ကျုပ်တို့ နှင်းတောင်ပေါ်ကို သွားကြမယ်”

နွေရာသီဆိုသော်လည်း နှင်းများက ဖုံးလွှမ်းနေ၏။ တော်ဝင်နှင်းတောင်ပေါ်တွင် ရှိနေသည့် နှင်းများက နှစ် ၁၀၀ လောက်အထိ ပျော်ကျခဲ့ခြင်း မရှိချေ။

အာယုနာနာက ပြောလိုက်၏။ “နှင်းတောင်ပေါ်ကို တက်ရမှာလား။ တောင်ပေါ်မှာ ဘာမှမှ မရှိတာ။ ကျွန်မတို့ သေသွားမှာပေါ့”

ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မပူနဲ့။ အဲလိုမျိုး ဖြစ်မှာမဟုတ်ဘူး”

အာယုနာနာက ပြောလိုက်၏။ “အေးခဲပြီး သေသွားလိမ့်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အဲလိုဖြစ်မှာ မဟုတ်ဘူး”

အာယုနာနာက ပြောပြန်၏။ “တောင်ဝင်နှင်းတောင်က အရမ်းကို ကြီးမားတယ်။ အဲကို ရောက်ပြီဆိုရင် ကျွန်မတို့ ဘယ်သွားမှာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “တော်ဝင်ကပ်ဘေးဘုရားကျောင်းပေါ့”

သူသည် မြေပုံတစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာက တည်နေရာကို ပြသထားသည့်အရာ ဖြစ်၏။ နှင်းတောင်ပေါ်တွင် တည်ဆောက်ထားခဲ့သည့် တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် အကြီးမားဆုံးသော အဆောက်အအုံကြီး တစ်ခုဖြစ်ပြီး ထိုအရာသည် နန်းတော်ကြီးတစ်ခုမျှ မကချေ၊ လူပေါင်း တစ်သောင်းလောက် ဝင်ရောက်ကာ နေထိုင်နိုင်သည့် နေရာမျိုး ဖြစ်၏။

ထိုတင်သာ မကသေးချေ။ တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် လူအင်အား တော်တော်များများကို အသုံးပြုပြီး နှင်းတောင်ပေါ်သို့ တက်ရောက်ရန် ခြောက်ပေခန့်ရှိသည့် လမ်းတစ်ခုကို တည်ဆောက်ထားခဲ့၏။ ထိုလမ်းပေါ်မှ သွားမည်ဆိုပါက တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီသို့ တည့်တည့်ရောက်သည်။

လွန်ခဲ့သည့် နှစ် ၁၀၀ တုန်းက ကြီးမားသည့် တိုက်ပွဲကြီးဖြစ်ပွားခဲ့ပြီး တော်ဝင်ကပ်ဘေးဘုရားကျောင်း တစ်ဝက်လောက်က ပြိုလဲပျက်စီးသွားခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ လက်ရှိအခြေအနေတွင် တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် အေးဆေးသက်သာ နေထိုင်နိုင်သော နေရာတစ်ခုအဖြစ် ရှိနေသေး၏။

ချင်ဘုရင်အာယုထိုင်သည် တော်ဝင်ကပ်ဘေးဘုရားကျောင်းတစ်ခုလုံးကို တည်ဆောက်ချင်သည်ဆိုလျှင်တောင်မှ သူ၏ နန်းတော် သို့မဟုတ် ယာယီအရာတစ်ခုအဖြစ် အသုံးပြုရုံသာ ဖြစ်၏။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် ကြီးမားသည့် ဂုဏ်သိက္ခာ တည်ရှိပြီး လူပေါင်းများစွာတို့၏ နှလုံးသားထဲတွင် ဖျက်ဆီး၍ မရနိုင်သည့် အမှတ်အသားတစ်ခုအဖြစ် တည်ရှိနေသောကြောင့်ပင်။

အရှေ့အရပ်ကို ပြန်ခဲ့ပြီးသည့်နောက် တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် ဘုန်းကြီးစစ်သည်ပေါင်း ၇၀၀၀ ကို စေလွှတ်ပြီး စုနန်ကို ထောက်ပံ့ခဲ့၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ အာယုထိုင်နှင့် ထုဟိုင်တို့ နှစ်ယောက်တည်းသာလျှင် တော်ဝင်ကပ်ဘေးဘုရားကျောင်းကို မျက်စိကျနေသည် မဟုတ်ချေ။ ရှမ့်လန်ကလည်း မျက်စိကျလို့နေ၏။

ဤပါရမီရှင်သည် တခြားလူများကို ဒုက္ခပေးရန် လွန်ခဲ့သည့် လပေါင်းများစွာကတည်းက စီစဉ်ထားခဲ့သည့် လူတစ်ယောက် ဖြစ်၏။ လွန်ခဲ့သည့် နှစ်လ၊ သုံးလတည်းက ရှမ့်လန်သည် အာယုနာနာကို ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် သူသည် တော်ဝင်ကပ်ဘေးဘုရားကျောင်းကို နောက်ဆုံးတိုက်ပွဲ၏ တည်နေရာအဖြစ် ် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

မဟုတ်ပေ။ နောက်ဆုံးတိုက်ပွဲ၏ နေရာက ဤနေရာမဟုတ်ချေ။ ချင်ဘုရင် အာယုထိုင်နှင့် ချင်နိုင်ငံဆီမှ စစ်သည်များအားလုံးက မြေမြှုပ်သင်္ဂြိုလ်ခြင်းကို ခံရမည့်နေရာပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည် ယမ်းမှုန့်ဆိုသည်ကို တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့်ပင်။

ရှမ့်လန်၏ ယမ်းမှုန့်ထုတ်လုပ်မှုသည် နည်းပါးသည့် ပမာဏအဖြစ်သာ ထုတ်လုပ်နိုင်စွမ်း ရှိသေးသည် ဆိုလျှင်တောင်မှ တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေး၏။ လူပေါင်းတစ်သောင်းတို့ကို ဖောက်ခွဲပစ်ရန်ဆိုသည်မှာ တကယ့်ကို လွယ်ကူလွန်းသည့် အရာမျိုးပင်။

All Chapters