အခန်း (၃၉၆)
Vol. 29 Ch. 396
ရှမ့်လန်သည် မြေပုံပေါ်ရှိ တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီးကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “အဲဒီမှာ ကျုပ်ထောင်ချောက်တွေ ထောင်ထားပြီးသား။ တကယ်လို့ ချင်ဘုရင်ရဲ့ စစ်တပ်ကြီးသာ ရောက်လာပြီ ဆိုရင် လွယ်လွယ်ကူကူ သုတ်သင်လို့ရတယ်”
အာယုနာနာက ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ရှင် လျှောက်ပြီးပြောခဲ့တဲ့အရာတွေက တကယ်ဖြစ်လာခဲ့တာပဲ။ ဒီတော့ ကျွန်မ ရှင့်စကားကို နားထောင်မယ်”
ရှမ့်လန်၏ အမိန့်ကို လိုက်ပါပြီးသည့်နောက် မဟာမိတ်အဖွဲ့အစည်းမှ စစ်သည်ပေါင်း သုံးထောင်ကျော်တို့သည် တော်ဝင်ကပ်ဘေးဘုရားကျောင်းသို့သွားရာ ခြောက်ပေခန့်ရှိသည့်လမ်းမှ ချီတက်သွားခဲ့ကြ၏။
...........
ချင်ဘုရင် အာယုထိုင်နှင့် ထုဟိုင်တို့ တောင်ကြားထဲသို့ လှမ်းဝင်သွားခဲ့၏။ အာယုနာနာနှင့် ရှမ့်လန်တို့သည် မည်သည့်နေရာသို့ ပျောက်ကွယ်သွားမှန်း မသိခဲ့ကြချေ။
“အင်း... ငါတို့ လူတွေ ဘယ်လောက်များများ သေခဲ့လဲ” အာယုထိုင်က ဒေါသတကြီးဖြင့် မေးမြန်းလိုက်၏။
“သုံးထောင်လောက်ပါ”
အာယုထိုင်က အေးစက်စက်နှင့် ပြောလိုက်သည်။ “အင်း... ဘယ်လိုဖြစ်ပြီး ဒီလောက်များများ သေရတာလဲ”
“တိုက်ပွဲထဲမှာ လူတစ်ထောင်လောက်ပဲ သေခဲ့တာ။ ဒါပေမဲ့ မီးလောင်ပြီးသေတာ နှစ်ထောင်လောက် ရှိသွားတယ်”
“ဟမ်...”
အာယုထိုင်သည် ဒေါသတကြီးနှင့် ထကာ အော်ဟစ်လိုက်၏။ သူသည် ရှမ့်လန်၏ ဆံခြည်တစ်မျှင်ကိုပင် ဖမ်းမိနိုင်ခြင်း မရှိသလို အာယုနာနာ၏ ဆံခြည်တစ်မျှင်ကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ချေ။ သို့ပေမည့် လူသုံးထောင်လောက် ဆုံးရှုံးခဲ့ရ၏။ ဤအရာက တစ်စုံတစ်ယောက်ကို သွေးအန်သွားစေလောက်သည့် အကြောင်းအရာမျိုးပင်။
“သူတို့ဘက်က လူဘယ်လောက်လောက် သေခဲ့လဲ” ချင်ဘုရင် အာယုထိုင်က မေးမြန်းလိုက်၏။
“တစ်ယောက်မှ မသေပါဘူး”
ချင်ဘုရင် အာယုထိုင်က မေးမြန်းလိုက်သည်။ “အာယုနာနာနဲ့ ရှမ့်လန်တို့ ဘယ်နေရာကို ရောက်သွားကြလဲ။ သူတို့က ဘယ်လိုဖြစ်ပြီး ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့တာလဲ”
သူ ထိုအရာကို မေးလိုက်သည်ဆိုလျှင်တောင်မှ အဖြေကို သိရှိပြီးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ အကြည့်က နှင်းတောင်ကြီးပေါ်သို့ ရောက်ရှိနေသောကြောင့်ပင်။
“အင်း... ကင်းထောက်တွေရဲ့ သတင်းပေးမှုအရဆိုရင် ရှမ့်လန်နှင့် အာယုနာနာတို့ရဲ့ စစ်တပ်က တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီကို ဦးတည်သွားနေပါတယ်”
ဤလမ်းသည် တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီသို့ သွားရာ တစ်ခုတည်းသောလမ်းဖြစ်၏။ ထို့ကြောင့်ပင်လျှင် ထုဟိုင်၏ မျက်စိသူငယ်အိမ်များက ကျုံ့ဝင်သွားခဲ့၏။ ချင်ဘုရင်၏ မျက်နှာပေါ်ရှိ ကြွက်သားများကလည်း တုန်ယင်သွားခဲ့၏။ အဘယ့်သို့ တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီသို့ သွားရဲရသနည်း။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် သူတို့၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်ကြောင်း နှစ်ဦးလုံးက တွေးခဲ့ပြီးသားဖြစ်၏။
“တော်ဝင်ကပ်ဘေးဘုရားကျောင်းဆိုတာ အပျက်အစီးပုံတစ်ခုပဲ။ တော်ဝင်ကပ်ဘေးဘုရားကျောင်းကို အားကိုးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားနေတာလား။ ဒါက နေ့ခင်းဘက် အိပ်မက်မက်သလိုပဲ”
အာယုထိုင်က အေးစက်စက်နှင့် ပြောလိုက်သည်။ “ဒီလမ်းရဲ့ အဆုံးဘက်မှာ တော်ဝင်ကပ်ဘေးဘုရားကျောင်း ရှိတယ်။ အဲကို ရောက်ပြီဆိုရင်လည်း သူတို့သေပမှာပဲ။ သူတို့က ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ အတူတူပဲ”
ထုဟိုင်က ရယ်မောကာ ပြောလိုက်၏။ “အင်း... တော်ဝင်ကပ်ဘေးဘုရားကျောင်းထဲမှာ ဘာမှမရှိဘူး။ စားဖို့မရှိဘူး၊ ဝတ်ဖို့မရှိဘူး၊ သောက်ဖို့မရှိဘူး။ သူတို့ကလည်း ဘာမှ ယူသွားတာမဟုတ်ဘူး။ တောင်ပေါ်က အေးစက်ပြီး နှင်းတွေလည်း ဖုံးနေတယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီကို ရောက်အောင် ပြေးနိုင်မယ်ဆိုရင်တောင် အေးခဲပြီး သေနိုင်တယ်။ အစာငတ်ခံပြီး သေသွားနိုင်တယ်”
ချင်ဘုရင်က အမိန့်ပေးလိုက်သည်။ “အင်း... အဝတ်အစားထူထူ ပြင်ဆင်သွား။ ရိက္ခာတွေ လုံလုံလောက်လောက် ပြင်ဆင်ထား။ ပြီးတော့ နွားချေးတွေကိုလည်း လုံလုံလောက်လောက် ထည့်ခဲ့ကြ။ နှင်းတောင်ပေါ်ကို သွားကြမယ်။ ပြီးရင် တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီ သွားမယ်။ အာယုနာနာနဲ့ ရှမ့်လန်တို့ကို သတ်မယ်”
ထိုသို့ပြောသည့်အချိန်မှာတော့ စုကျန့်ထင်နှင့် စုမိုတို့က တုန်ယင်သွားခဲ့လေ၏။ ဤနေရာသည် တော်ဝင်ကပ်ဘေးဘုရားကျောင်းနှင့် ဝေးကွာသည့် နေရာမျိုး မဟုတ်သော်လည်း တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီသို့ သွားရာလမ်းက အလွန် ကျဉ်းမြောင်း၏။ အပေါ်သို့ သွားမည်ဆိုပါက ဖြည်းဖြည်းချင်း တက်ရန်သာရှိ၏။
ဤကဲ့သို့သော နှောင့်နှေးမှုက ရက်အနည်းငယ် ကြာမြင့်မှာ ဖြစ်၏။ စုကလန်နှင့် ချင်နိုင်ငံတို့၏ စစ်သည်များ တွေ့ဆုံမည့်ရက်သည် အနည်းငယ် ထပ်မံကာ နှောင့်နှေးသွားစေနိုင်၏။ သို့ပေမည့် ချောင်ပြည်နယ်သည် ကျုံးရန်၏ စစ်တပ်ကြီးကို တရားဝင် တိုက်ခိုက်သည်နှင့်တပြိုင်နက် သူ၏အဖေ စုနန်ကလည်း ကျိန်းသေပေါက် ပုန်ကန် ပေလိမ့်မည်။ နှောင့်နှေး၍ မဖြစ်ချေ။
စုကျန့်ထင်က အလောတကြီးဖြင့် အကြံပြုလိုက်၏။ “အရှင်မင်းကြီး.. ရှမ့်လန်နှင့် အာယုနာနာဆီမှာ စစ်သည်ပေါင်း သုံးထောင်လောက်ပဲ ရှိတယ်။ တကယ်လို့ သူတို့ တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီကို လွတ်မြောက်သွားခဲ့မယ်ဆိုရင်တောင်မှ အဲဒီမှာပဲ ထားလိုက်ပါတော့။ သူတို့ အေးခဲပြီး သေသွားလိမ့်မယ်။ ဒီလို အားနည်းတဲ့ စစ်တပ်လေးကို အရှင်မင်းကြီးကိုယ်တိုင် သွားပြီး တိုက်ခိုက်စရာ ဘယ်လိုလုပ် လိုမှာလဲ။ ကြက်တစ်ကောင်ကို သတ်ဖို့ တော်ရုံဓားတစ်ချောင်းလောက် ယူသွားရင် လုံလောက်ပါပြီ။”
“အခု စစ်သည်ကို နှစ်ပိုင်းခွဲလိုက်မယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီကို တချို့ကသွားပြီး ရှမ့်လန်နှင့် အာယုနာနာကို သတ်လိုက်။ အရှင်မင်းကြီးကတော့ စစ်သည်တွေကို ခေါ်ဆောင်ပြီး ကျန်းရှစ်စီရင်စုဆီက ကျုပ်တို့ရဲ့ မိသားစုနဲ့ ပူးပေါင်းပေးပါ”
ချင်ဘုရင်က အေးစက်စက် ပြောလိုက်၏။ “ချင်နိုင်ငံတစ်ခုလုံးမှာ ဘုရင်တစ်ယောက်ပဲ ရှိရမယ်။ အာယုနာနာရဲ့ ခေါင်းကို ကျုပ်ရဲ့လက်နဲ့ ဖြတ်ရမယ်”
စုမိုက ပြောလိုက်သည်။ “ဒီလိုလုပ်ရအောင် အရှင်မင်းကြီး... စစ်တပ်ကို နှစ်ပိုင်းခွဲရအောင်။ အရှင်မင်းကြီးက တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှာ ရှမ့်လန်နှင့် အာယုနာနာကို သတ်ဖို့ လူအင်အား နှစ်သောင်းလောက် ခေါ်သွား။ ပြီးတော့ စစ်သူကြီးတစ်ယောက်နဲ့အတူ ကျန်တဲ့ စစ်သည်ပေါင်း နှစ်သောင်းကျော်ကို ကျန်းရှစ်စီရင်စုဆီ ပို့ပေးပါလား”
အာယုထိုင်က အေးစက်စက် ပြောလိုက်၏။ “အင်း... ငါတစ်ယောက်ပဲ စစ်တပ်ကို ဦးဆောင်နိုင်မယ်”
စစ်တပ်ကို နှစ်ခြမ်းခွဲရမည်လား။ ဟာသပင်။ နှစ်ခြမ်းခွဲလိုက်သည်နှင့်တပြိုင်နက် စုကလန်က ထိုစစ်တပ်ကို ဝါးမြိုသွားလျှင် မည်သို့လုပ်မည်နည်း။ ချင်ဘုရင်တစ်ယောက်အနေနှင့် အာယုထိုင်သည် စစ်တပ်၏ အာဏာအားလုံးကို သူတစ်ယောက်တည်းသာ ကိုင်ဆွဲထားချင်၏။ စုကလန်ကို တစ်ချက်ကလေးမှ မပေးချင်ပေ။
စုကျန့်ထင်က ပြောလိုက်သည်။ “အရှင်မင်းကြီး.. ရှမ့်လန်က တကယ့်ကို ကောက်ကျစ်လွန်းတယ်။ ထောင်ချောက်တွေ စီစဉ်ထားမလား ကျုပ် စိုးရိမ်မိတယ်။ ဝမ်ကျားကျွန်းမှာတုန်းက မခန့်မှန်းနိုင်တဲ့ နည်းလမ်းကို အသုံးပြုပြီး ချောင်ထျန်းဝေရဲ့ စစ်သည်ပေါင်း သုံးသောင်းကျော်ကိုတောင် တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့တာ။ ကျုပ်တို့ ဂရုစိုက်မှ ဖြစ်မယ်”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
ချင်ဘုရင် အာယုထိုင်က ရယ်မောကာ ပြောလိုက်၏။ “စုကျန့်ထင်.. ခင်ဗျားက ရှမ့်လန်ကို ကြောက်ရွံ့နေခဲ့တာပဲ။ သူနဲ့ အာယုနာနာက တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ထွက်ပြေးသွားခဲ့တယ်။ တခြားပြေးစရာ ဘာမှမရှိဘူး။ ကျုပ်ရဲ့ စစ်တပ်ကြီးက သွေးပူနေကြပြီ။ သူတို့ ဘယ်လိုထောင်ချောက်မျိုးကို တည်ဆောက်ထားမှာလဲ။ ထောင်ချောက်ပေါင်း သုံးထောင်လောက်ကို တည်ဆောက်ထားနိုင်မှာလား။ တောင်ပေါ်မှာ ကျုပ်တို့ကို ချုံခိုတိုက်ခိုက်မှာလား”
ဟုတ်ပေ၏။ စုကျန့်ထင်သည် မိစ္ဆာရှမ့်လန်၌ မည်သည့် နည်းလမ်းမျိုး ရှိလိမ့်မည်ဖြစ်ကြောင်း သေသေချာချာ မသိရှိချေ။ သို့ပေမည့် သူ၏နှလုံးသားတစ်ခုလုံးက မသက်မသာ ခံစားနေသည်။
ချင်ဘုရင် အာယုထိုင်သည် ရုတ်တရက် ရယ်မောကာ ပြောလိုက်၏။ “ဆရာကြီး... တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီ ပြန်ဖို့ စိုးရိမ်ပူပန်နေတာလား။ ခင်ဗျားရဲ့ ဘုန်းကြီးစစ်သည်တွေကို ဘာကြောင့် ရှေ့ကမလွှတ်တာလဲ”
ဤအာယုထိုင်က တကယ့်ကို အလှည့်အပြောင်း များ၏။ ရှမ့်လန်သာ ထောင်ချောက်တစ်ခုခုကို တည်ဆောက်ထားသည်ဆိုပါက တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များသာ ဒုက္ခခံရပေလိမ့်မည်။ ချင်နိုင်ငံ၏ စစ်သည်များအနေနှင့် ငြိမ်ငြိမ်သက်သက်ထိုင်၍ ကြည့်ရှုရန်သာ ရှိသည်။
“ဟား ဟား ဟား ဟား ”
ထုဟိုင်က ရယ်မောကာ ပြောလိုက်၏။ “ချင်ဘုရင်က တကယ့်ကို ရဲရင့်တယ်လို့ လူပေါင်းများစွာက ပြောခဲ့တာ။ ဒါပေမဲ့ တကယ့် အရေးအကြောင်း အခြေအနေမျိုးမှာတော့ ကြွက်တစ်ကောင်လို ကြောက်ရွံ့နေလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး။ ဟုတ်တယ် ဟုတ်တယ်။ ကျုပ် အရင်ဆုံး သွားမယ်”
တော်ဝင်ကပ်ဘေးဘုရားကျောင်းလား။ ဤအရာက ဘုန်းတော်ကြီး ထုဟိုင်တစ်ယောက် အိပ်မက်မက်ခဲ့ရသည့် နေရာတစ်ခု ဖြစ်ပြီး အရှေ့ဘက်လောကမှ တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ မူရင်း တည်နေရာတစ်ခုလည်း ဖြစ်၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ပြန်လည်ကာ ရယူချင်သည်မှာ ဘုန်းကြီးတိုင်း၊ ဘုန်းကြီးတိုင်း၏ စိတ်ကူးထဲတွင် ရှိနေသည့် အိပ်မက်ပင် ဖြစ်သည်။
နောက်တစ်ရက်မှာတော့ စစ်တပ်နှစ်ခုသည် သူတို့၏ ရှိရှိသမျှသော အရင်းအမြစ်များကို ထုတ်ဖော် အသုံးပြုရန် ပြင်ဆင်ပြီး ဖြစ်၏။
ထုဟိုင်က အမိန့်ပေးလိုက်သည်။ “တောင်ပေါ်ကို တက်မယ်။ တောင်ဝင်ကပ်ဘေးဘုရားကျောင်းဆီကို ဦးတည်ကြရအောင်”
ပြီးနောက် ထုဟိုင်၏ အမိန့်အောက်မှာပဲ ဘုန်းကြီးစစ်သည်ပေါင်း နှစ်ထောင်ကျော်တို့သည် ခြောက်ပေခန့် ရှိသော လမ်းမှတစ်ဆင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီသို့ ဦးတည်သွားခဲ့ကြ၏။
ချင်ဘုရင် အာယုထိုင်က အော်ဟစ်လိုက်သည်။ “တော်ဝင်ကပ်ဘေးဘုရားကျောင်းကို သွားကြရအောင်။ ပုန်ကန်သူတွေကို ဖျက်ဆီးကြမယ်”
ချက်ချင်းပဲ ချင်ဘုရင်၏ စစ်သည်ပေါင်း သုံးသောင်း ခုနစ်ထောင်တို့သည် ခြောက်ပေခန့် ရှိသည့် လမ်းမှ နှင်းတောင်ပေါ်သို့ ဖြည်းဖြည်းချင်း လှမ်းတက်ကြ၏။ စုကျန့်ထင်သည် အနောက်မှ နီးနီးကပ်ကပ် လိုက်ပါလာခဲ့၏။ ရှမ့်လန်က မိစ္ဆာလိုလူမျိုးဖြစ်ကြောင်း သူ သိရှိ၏။ တခြား ဘာမှသတိမပြုမိသော်လည်း သူက အန္တရာယ်ကို အမြဲသတိပြုမိနေ၏။
သို့ပေမည့် ဘာမှန်းမသိဘဲ နှင်းတောင်ကြီးသို့ နီးကပ်လာသည့်အချိန်တွင် စုကျန့်ထင်သည် အဆင်မပြေသလို ခံစားနေမိ၏။ ဤကဲ့သို့သော အဆင်မပြေသည့် ခံစားချက်များက မည်သည့်နေရာက ရောက်ရှိလာခဲ့ကြောင်း သူ မသိရှိချေ။
.............
ကျန်းယွမ်နယ်စား အိမ်တော်အတွင်းမှာတော့ ...
စုနန်သည် မျက်နှာပြင်ထက်တွင် တည်ငြိမ်နေသော်လည်း နှလုံးသားထဲတွင်တော့ မီးတောက်လျက် ရှိနေ၏။ သူ၏စစ်သည်ပေါင်း သုံးသောင်းနီးပါးတို့ကို ထုတ်ဖော်ထားခဲ့ပြီးသား ဖြစ်၏။ အမိန့်တစ်ချက်ပေးရုံနှင့် တစ်ခါတည်း လှုပ်ရှားနိုင်စွမ်းရှိ၏။ ချက်ချင်းပဲ ကျန်းရှစ်စီရင်စုတစ်ခုလုံးကို လွှမ်းမိုးသိမ်းပိုက်နိုင်စွမ်းရှိ၏။ ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်း တည်နေရာတစ်ခုလုံးသည် သူ၏ရှေ့တွင်တော့ စားသောက်ဖွယ်ရာကြီး တစ်ခုပင်။
သို့ပေမည့် သူ့အနေနှင့် ကြံ့ကြံ့ခံ ရပ်တည်ရပေလိမ့်မည်။ ချောင်စစ်တပ်များက လှုပ်ရှားခြင်းမပြုသရွေ့ သူ လှုပ်ရှား၍ မဖြစ်ချေ။ ချောင်စစ်တပ် လှုပ်ရှားမှုကို ပြုလုပ်သည်နှင့် သူ၏ စစ်တပ်ကြီးကလည်း မုန်တိုင်းတိုက် သကဲ့သို့ပင် ဝင်ရောက်ကာ တိုက်ခိုက်ရပေလိမ့်မည်။
“ချောင်... မင်းတို့ ဘယ်အချိန် လှုပ်ရှားကြမှာလဲ။ ဘယ်အချိန်ကျမှ လှုပ်ရှားကြမှာလဲ”
ထိုအချိန်မှာပဲ စုရုံက ပြေးဝင်လာခဲ့၏။ “အရှင် ... အရှင်... သတင်းကောင်းပဲ။ ချောင်စစ်တပ်က စပြီး လှုပ်ရှားပြီ။ သူတို့ စပြီး တိုက်ခိုက်ခဲ့ကြပြီ”
စုနန်က ပျော်ရွှင်သွားမိ၏။ သူက ရှေ့ကို လှမ်းတက်ကာ မေးလိုက်သည်။ “တကယ်တိုက်ခိုက်တာလား။ ဟန်ပြလား”
“တကယ် တိုက်ခိုက်တာပါ။ တကယ့်ကို တိုက်ခိုက်တာပါ။ ကျုံးရန်ရဲ့ စစ်တပ်ကြီးကို လဲပြိုတဲ့အထိ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့တာ။ ချောင်စစ်တပ်တွေက ရဲတိုက်တစ်ဒါဇင်ကျော်နှင့် စစ်တပ်စခန်း တော်တော်များများကို သိမ်းဆည်းခဲ့ပြီးပြီ”
စုနန်က ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့၏။ ပြီးနောက် နောက်ထပ် သတင်းပို့ချက်များ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ တစ်ခုချင်းစီတိုင်းက အရေးကြီးသတင်းများ ဖြစ်ပြီး နောက်ဆုံးသတင်းများလည်း ဖြစ်၏။
မှန်ပေ၏။ ချောင်စစ်တပ်ကြီးသည် စတင်ကာ တိုက်ခိုက်ပြီဖြစ်၏။ စုနန်သည် စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေခဲ့၏။ နောက်ဆုံးသောအခြေအနေက ရောက်ရှိလာခဲ့ပြီဖြစ်၏။ စုမိသားစုသည် ပြာပုံအဖြစ်မှ တိုးထွက် လာနိုင်ပေတော့မည်။
ဟုတ်ပေ၏။ စုနန်သည် ရှိရှိသမျှ အားအင်အားလုံးကို အသုံးပြုပြီး အော်ဟစ်လိုက်၏။ “စစ်တပ်တွေအားလုံး အဆင်သင့်ပြင်။ တိုက်ခိုက်ကြမယ်။ ဒီနေ့ကစပြီးတော့ ငါတို့စုမိသားစု ပုန်ကန်ပြီ”
“တိုက်ခိုက်မယ်။ အားလုံးပဲ တိုက်ခိုက်ကြမယ်”
ချက်ချင်းပဲ ကောင်းကင်ယံတစ်ခုလုံးတွင် ထိုကဲ့သို့သော အော်သံကြီးများနှင့် ပြည့်နှက်သွားခဲ့၏။ ရွှဲ့ပြည်နယ် တစ်ခုလုံးသည် အရေးပေါ် အခြေအနေဆီသို့ ကျရောက်သွားခဲ့သည်။
……
ကျန်းယွမ်နယ်စားကြီး စုနန်သည် တရားဝင် ကြေညာချက်တစ်ခုကို ထုတ်ဖော်ခဲ့၏။ ထိုကြေညာချက်တွင် ရွှဲ့ပြည်နယ်၏ အပြစ်ကြီး (၁၃) ခုကို သေသေချာချာ ရေးသားထား၏။
ဘုရင် နင်ယွမ်ရှန်းက အသုံးအဖြုန်း ကြီးမားလွန်းခြင်း၊ ထို့အပြင် သွေးအေးပြီး ရက်စက်လွန်းခြင်း၊ ပညာရှိများအား မျက်ကွယ်ပြု လျစ်လျူရှုပြီး လူယုတ်မာများနှင့်သာ ပေါင်းသင်းခြင်း၊ ပညာရှိ အမတ်ကောင်းများကို သတ်ဖြတ်ခြင်း၊ ထိုကဲ့သို့သော မင်းဆိုးမင်းညစ်အနေနှင့် နိုင်ငံကို မည်သို့ ကောင်းမွန်အောင် ထိန်းချုပ်ထားနိုင်မည်နည်း။ ထို့အပြင် အာဏာရှင်ဆန်စွာဖြင့် စိတ်နှလုံးကင်းမဲ့စွာ အုပ်ချုပ်သည်ဟူသော အကြောင်းအရာများ ပါဝင်သည်။
ရွှဲ့ပြည်နယ်၏ ပြည်သူပြည်သားအားလုံးတို့သည် နင်မျိုးရိုး၏ လက်အောက်တွင် ကြီးမားသော ဆင်းရဲဒုက္ခတရားကို ခံစားနေရသည်မှာ ကြာမြင့်ခဲ့ပြီ ဟုလည်းပါ၏။
ထို့အပြင် နင်ယွမ်ရှန်းက တရားမျှတမှုကင်းမဲ့၏။ တောင်ပိုင်းနိုင်ငံတော်သည် သူတို့အပေါ် အလုံးစုံ သစ္စာစောင့်သိခဲ့သော်လည်း တောင်ပိုင်းဘုရင် မျိုးဆက်နှစ်ဆပ်လုံးတို့သည် နင်ယွမ်ရှန်း၏လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။ ဘုရင်မင်းမြတ်တစ်ပါး ဖြစ်သည်ဆိုသော်လည်း မိမိ၏ သမက်တော် ပိုင်ဆိုင်သည့် တိုင်းပြည်ကိုပင် လုယူရန် ကြံစည်ခဲ့၏။ ဤအရာက ရှက်ရွံ့ဖွယ်ရာ ဖြစ်ပြီး အလုံးစုံ နာကြည်းဖွယ်ရာလည်း ကောင်းသည်။
ထို့အပြင် နင်ယွမ်ရှန်းက လောဘကြီးမားပြီး အရှက်ကင်းမဲ့၏။ မူဝါဒသစ်ဟု အမည်ခံကာ တော်ဝင်မျိုးနွယ်များ၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ခဲ့၏။ တုန့်ကျန်းမြို့စားအိမ်တော်၊ ကျင်းဟိုင်မြို့စားအိမ်တော်၊ လန်ရှန်မြို့စားလေး အိမ်တော် စသည်ဖြင့် ထိုသူတို့အားလုံးသည် ကြေကွဲဖွယ်ရာ အဖြစ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရပြီး တခြားသူအားလုံးက ထိုဖြစ်ရပ်ကို မကြည့်ရက်၍ မျက်နှာလွှဲ၍ ငိုကြွေးရသည်အထိ ဖြစ်ခဲ့၏။
ထို့အပြင် ကျန်းယွမ်နယ်စားကြီး စုနန်သည် သစ္စာစောင့်သိခဲ့၏။ နင်ယွမ်ရှန်းက တခြားသောသူများ၏ ကုန်းချောသည့် စကားများကို နားထောင်ပြီး သူ၏မိသားစုတစ်ခုလုံးကို သတ်ဖြတ်ရန် ကြံစည်ခဲ့၏။ စုမိသားစုသည် နင်မျိုးရိုးအပေါ်တွင် မျိုးရိုးစဉ်ဆက် သစ္စာစောင့်သိခဲ့သူများ ဖြစ်သည်။
“မင်းသေစေချင်လျှင် ကျွန်သေရမည်” ဆိုသည့်အတိုင်း စုမိသားစုသည် ဘုရင်မင်းမြတ်၏ သတ်ဖြတ်မှုကို ခံရမည်ဆိုလျှင် သေဆုံးရန်သာ ရှိ၏။ စုမိသားစုကို သတ်ဖြတ်ခြင်းဆိုသည်မှာ ကိစ္စမရှိချေ။ သို့ပေမည့် ပိုင်ရီခရိုင်၏ ပြည်သူအားလုံးတို့အပေါ် အဘယ့်ကြောင့် အပြစ်ပုံချရသနည်း။
ဆိုးယုတ်သည့် နန်းတွင်းအမှုထမ်းများဖြစ်သော ကျန်းချုံးနှင့် ရှမ့်လန်တို့ကို ကျန်းရှစ်စီရင်စုဆီသို့ စေလွှတ်ပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်စေခဲ့၏။ စုမိသားစုသည် မူလက ပုန်ကန်ရန် အစီအစဉ် မရှိခဲ့ပေ။ သို့ပေမည့် ကျန်းရှစ်စီရင်စုမှ ပြည်သူများ၏ လုံခြုံရေးအတွက် မလွှဲသာမရှောင်သာ ဆိုသလို ပုန်ကန်ရကြောင်း ရေးသားထားသည်။