← Chapters

အခန်း (၃၉၈)

Vol. 29 Ch. 398

အခန်း (၃၉၈)

Vol. 29 Ch. 398

ဘုရင်နင်ယွမ်ရှန်းက ကျန်းချုံး အနိုင်ရလိမ့်မည်ဟု ဘယ်သောအခါမှ မျှော်လင့်ခဲ့ချေ။ မျှော်လင့်သည်မှာ အချိန်အနည်းငယ်ကြာ ထိမ်းထားရန်သာ ဖြစ်၏။ အတိအကျ ပြောရမည်ဆိုလျှင် ပျံ့ရှောင်း ကြီးကျယ်ခမ်းနားလွန်းသည့် အောင်ပွဲတစ်ခု ရရှိနိုင်သည် အထိ ထိန်းသိမ်းထားရန် ဖြစ်၏။ နင်ယွမ်ရှန်း၏ မျက်လုံးထဲမှာ ကျန်းချုံး၏ စစ်သည် သုံးထောင်ဆိုသည်မှာ စတေးခံစာများသာလျှင် ဖြစ်၏။

“သတ်ကြ သတ်ကြ”

ပြီးနောက် သတ်ဖြတ်သံများက ကောင်းကင်ယံပေါ်ထိ ပြန်လည်ကာ တုန်ဟည်း သွားခဲ့ပြန်၏။ ဤအနေအထားမှာတော့ စက္ကန့်တိုင်း၊ မိနစ်တိုင်း အဆုံးအဖြတ်ကဲ့သို့ ဖြစ်လို့နေ၏။ တရက်တာ ထိန်းသိမ်းထားဖို့ ဆိုသည်မှာပင် အလွန်ခက်ခဲနေသကဲ့သို့ပင်။ သို့ပေမည့် ဤအရာက အစသာလျှင် ရှိသေး၏။ ကျန်းချုံးက လူလေးငါးထောင်ဖြင့် တစ်လနီးပါး ဤကဲ့သို့ ထိန်းသိမ်းထားရမှာ ဖြစ်၏။ ဤအရာမှာ ငရဲခန်းကို ကျော်ဖြတ်ရန် ကြိုးစားနေသကဲ့သို့ပင် ခက်ခဲလွန်းသည်။

မဟာမိတ်တပ်ပေါင်းစု၏ တပ်မှူး စုရွှင်သည် တိုက်ခိုက်မှုအရှိန်အဟုန်ကို ကြည့်ရှုပြီး သွေးများ ဆူပွက်လာသည်အထိ ခံစားနေမိ၏။ စုမျိုးနွယ်သည် ပြာပုံထဲမှ ပြန်လည်ကာ ထိုးထွက်လာသည့် ဖီးနစ်ငှက် ကဲ့သို့ပင် ဖြစ်လာပေမည်။ လက်ရှိတိုက်ပွဲက ရှားပါးသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်၏။

ပိုင်ရီခရိုင်မြို့တော် တိုက်ပွဲသည် တစ်ခုတည်းသော တိုက်ပွဲဖြစ်ပြီး ဤပိုင်ရီမြို့တော်ကိုသာ သိမ်းပိုက်နိုင်ပါက ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်းသည် မည်သည့်ခုခံမှုမှ ရှိတော့မည် မဟုတ်ဘဲ သူတို့၏ လက်တွင်းသို့ ရောက်ရှိပေလိမ့်မည်။

ထိုအခါမှာတော့ စုနန်က မင်းကြီးဖြစ်လာမှာဖြစ်ပြီး သူ စုရွှင်သည် နယ်စားကြီး ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့သော အခိုက်အတန့်ကို တွေးမိသည့်အချိန်မှာတော့ စုရွှင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကြုံးဝါး လိုက်မိသည်။ “တိုက်ကြ။ မြို့ကို တိုက်ကြစမ်း။ တိုက်ကြ”

“ကျုပ် အရှင့်ကို ကတိပေးတယ်။ သုံးရက်အတွင်း ပိုင်ရီမြို့တော်ကို သိမ်းပိုက်နိုင်ရမယ်။ အဲကျရင် မြို့ထဲမှာ ရှိနေတဲ့ ပစ္စည်းဥစ္စာတွေအားလုံးကို ကျုပ်တို့ ပိုင်ဆိုင်ရမယ်”

ရုတ်တရက် စုမျိုးနွယ် မဟာမိတ်တပ်ပေါင်းစု၏ စိတ်ဓာတ်က တစ်ဖန် မြင့်တက်လာခဲ့ပြီး မြို့တော်ကို အရူးအမူးနှင့် တိုက်ခိုက်ကြပြန်၏။

...............

ရွှဲ့ပြည်နယ်၏ မြောက်ဘက်ပိုင်းစစ်မျက်နှာပြင် ဝူဘုရင်၏ စစ်စခန်းအတွင်းမှာတော့...

“ဟား ဟား ဟား ဟား ဟား။ စုနန်က နောက်ဆုံးတော့ ပုန်ကန်ပြီပဲ။ နောက်ဆုံးတော့ ပုန်ကန်ပြီ။ ကျုပ်တို့ ဝူပြည်နယ်ရဲ့ အရှက်တရားကို ဆေးကြောဖို့ နောက်ဆုံး အခွင့်အရေးတစ်ခု ရောက်လာခဲ့ပြီ။ တစ်လောကလုံးက ရွှဲ့ပြည်နယ်ကို ဝိုင်းပြီး တိုက်ခိုက်နေကြပြီ။

နင်ယွမ်ရှန်း.... ခင်ဗျားလည်း ဒီလိုနေ့မျိုး ကြုံရတာပဲလား။ ယန်ကျိုးမှာ အဲနေ့က ဝူပြည်နယ်ရဲ့ ခရိုင်ကိုးခုကို ဖြတ်တောက်ပြီး ရယူသွားတုန်းက ဒီလိုနေ့မျိုး ရောက်လာမယ်လို့ စဉ်းစားမိရဲ့လား”

ဝူဘုရင်သည် သူ၏စိတ်လှုပ်ရှားမှုကို မည်သို့မှ မထိန်းချုပ်နိုင်တော့ပေ။ ခေတ်သစ်ကြီးတစ်ခုက ရောက်ရှိလာ ပေတော့မည်။ အရှေ့ဘက်တွင် သူ၏ စစ်သည်ပေါင်း သုံးသောင်းသည် လေ့ကျိုးကျွန်းစုတစ်ခုလုံးကို မကြာမီ သိမ်းပိုက်နိုင်တော့မှာ ဖြစ်ပြီး အနောက်ဘက်မှာ ချောင်နိုင်ငံ၏ စစ်တပ်က ကျုံးမိသားစု၏ နယ်စပ်ဒေသနေရာကို အရူးမူးနှင့် တိုက်ခိုက်လျက်ရှိ၏။

အနောက်တောင်ဘက်မှာတော့ စုနန်၏ စစ်သည်ပေါင်း သောင်းချီတို့က ပုန်ကန်နေခဲ့ပြီး မကြာခင် ကျန်းရှစ်စီရင်စု၏ တောင်ပိုင်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ပေလိမ့်မည်။ တောင်ဘက်ပိုင်းရှိ ကျူးလင်း၏ စစ်တပ်က တဖြည်းဖြည်းနှင့် နောက်သို့ဆုတ်ခွာနေရပြီး မင်းသားကျင်းက တောင်ပိုင်းနိုင်ငံ၏ ဆုံးရှုံးသွားသည့် နယ်မြေများကို တဖြည်းဖြည်းနှင့် ပြန်လည်ကာ သိမ်းပိုက်ရယူနေသည်။

ဤလောကကြီးထဲတွင် ရွှဲ့ပြည်နယ်ကို မည်သူ ကယ်တင်နိုင်မည်နည်း။ ဤလောကကြီးထဲတွင် နင်ယွမ်ရှန်းကို မည်သူက ကယ်တင်နိုင်မည်နည်း။ ဝူ - ချောင် နှစ်နိုင်ငံသည် ရွှဲ့ပြည်နယ်ကို ခွဲဝေယူကြပေမည်။ ဝူပြည်နယ်သည် လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ကျဆင်းခဲ့သော ဂုဏ်သိက္ခာတရားများကို ပြန်လည်ကာ ရရှိတော့မည်ဖြစ်ပြီး ပြန်လည်ကာ ထွန်းတောက်လာပေတော့မည်။

ဝူဘုရင်က ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ဓားကို လက်မှာကိုင်ထား၏။ တိုက်ခိုက်ရန်လည်း အသင့်အနေအထား ရှိလို့နေ၏။ ဘုရင်နှစ်ပါးသည် နယ်စပ်တွင် စစ်သည်အင်အား တစ်သိန်းကျော်ကို စုစည်းထားပြီး ဖြစ်၏။ လက်ထဲတွင် ချွန်ထက် ထက်မြက်လွန်းသည့် လက်နက်များကို ကိုင်ဆောင်ထားပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများက တဖြည်းဖြည်းနှင့် တိုးပွားလာခဲ့၏။

မူလက ဝူဘုရင်တွင် ရည်မှန်းချက်တစ်ခုတည်းသာ ရှိ၏။ ရွှဲ့ပြည်နယ်၏ ဗရမ်းဗတာ ဖြစ်ပွားနေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး လေ့ကျိုးကျွန်းစုကို သိမ်းပိုက်ရန်ပင်။ သို့ပေမည့် ရွှဲ့ပြည်နယ် တစ်ခုလုံး ပျက်သုဉ်းသွားတော့မည့် အခြေအနေမျိုးကို မြင်နေရသည့်အချိန်မှာတော့ ဤအရာက ရွှေရောင် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း နားလည်လိုက်သည်။

“အင်း... ကောင်းကင်ကြီးက ပေးသနားတာကိုမှ မယူရင် အပြစ်ဒဏ်သင့်မယ်။ အချိန်အခါ ရောက်လို့မှ ဒီအရာကို မရယူနိုင်ဘူးဆိုရင် ကောင်းကင်က ငါ့ကို ဘယ်ကျေနပ်တော့မလဲ”

စုနန် ပုန်ကန်ပြီ ဖြစ်၏။ စုနန်နှင့် ချင်နိုင်ငံ ပူးပေါင်းပါက စစ်အင်အား ခုနှစ်သောင်းနှင့် ရှစ်သောင်းနီးပါး ဖြစ်၏။ ကျန်းရှစ်စီရင်စု၏ တောင်ပိုင်းတစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် နင်ယွမ်ရှန်း၏ နောက်ဖေးခြံဝင်းက မီးလောင်ပေမည်။

အကယ်၍ စုနန်က ရည်မှန်းချက် ပိုမိုကာ ကြီးမားသူ ဖြစ်ပါက ရွှဲ့ပြည်နယ်၏ မြို့တော်ကိုပင် ဆက်လက် တိုက်ခိုက်နိုင်၏။ ထိုသို့ဆိုလျှင် နင်ယွမ်ရှန်း ဘာလုပ်မည်နည်း။ နိုင်ငံ၏ မြို့တော်ဆီသို့ စစ်ကူများ မလွှဲမသွေ ပြန်ပို့ရပေလိမ့်မည်။ ထိုအချိန်တွင် နင်ယွမ်ရှန်းသည် ဘေးကျပ်နံကျပ် အခြေအနေဆီသို့ ရောက်ရှိနေပေလိမ့်မည်။ စိတ်ဓာတ်အင်အားအရလည်း အကျဆင်းဆုံး အခြေအနေဖြစ်နေပေမည်။

ထိုအချိန်မျိုးတွင် သူက ဟန်ပြတိုက်ပွဲတစ်ခုကို အစစ်အမှန်ဖြစ်အောင် ပြောင်းလဲရပေလိမ့်မည်။ သူ၏ စစ်သည်အင်အား တစ်သိန်းကျော်တို့နှင့် ဘုရင်နှစ်ပါးကြား အစစ်အမှန် တိုက်ပွဲတစ်ခုကို ဆင်နွှဲရမှာ ဖြစ်၏။

ယခင်က ဝူပြည်နယ်၏ အရှက်တရားကို သူ မည်သို့ ဆေးကြောရမည်နည်း။ ဝူပြည်နယ်ကို တောင်ပိုင်း၏ အထွတ်အထိပ်ဆီသို့ မည်သို့ ရောက်အောင် လုပ်ရမည်နည်း။ သူ တစ်လောကလုံး၌ ကျော်ကြားလာအောင် မည်သို့ လုပ်ရမည်နည်း။

ဘုရင်တစ်ပါးကို တိုက်ခိုက်အနိုင်ယူခြင်းအားဖြင့်သာ သူ၏ ဂုဏ်သိက္ခာသည် အဆုံးစွန်ထိ တိုးတက်သွားနိုင်၏။

သူသည်သာ နင်ယွမ်ရှန်း၏ အဓိကတပ်မကြီးကို အနိုင်တိုက်ခိုက်နိုင်ပါက သူ့အား ဤလောကကြီးတွင် မည်သူက တားဆီးနိုင်ဦးမည်နည်း။ ထိုအခါ သူ၏ ခရိုင်ကိုးခုကို ပြန်လည်ရယူရန်သက်သက် မဟုတ်တော့ချေ။

ဝူဘုရင်၏ အသက်ရှုနှုန်းများက မြန်ဆန်လာခဲ့၏။ သူသည် ထိုကဲ့သို့သော သွေးဆောင်မှု၏ လောဘတရားကို မတွန်းလှန်နိုင်ခဲ့ချေ။

သို့ပေမည့် အကျိုးအကြောင်း ဆင်ခြင်တုံတရားသည် သူ၏ မျက်စိကို ဖွင့်လှစ်ပေးထားပြီး ပြင်ဆင်မှုမရှိသည့် တိုက်ပွဲတစ်ခုကို ရုတ်တရက် တိုက်ခိုက်ခြင်းမပြုရန် သတိပေးလို့နေ၏။ ဘုရင်နှစ်ပါး၏ တိုက်ပွဲဆိုသည်မှာ တကယ့်ကို အရေးကြီးပြီး နိုင်ငံတစ်ခုလုံး၏ ကံကြမ္မာနှင့်လည်း သက်ဆိုင်၏။ အဘယ်သို့ ပေါ့ပေါ့ဆဆ လုပ်ရမည်နည်း။

သို့ပေမည့် မဟာဗျူဟာ အခွင့်အရေးဆိုသည်မှာ လျှပ်တစ်ပြက်သာ ရရှိခြင်းဖြစ်ပြီး ထိုလျှပ်တစ်ပြက်ကို အခွင့်အရေး မယူနိုင်လျှင် ဆုံးရှုံးနိုင်သည်။

ထို့ကြောင့် ဝူဘုရင်က အမိန့်ပေးလိုက်၏။ “စစ်သည်တွေအားလုံး စုစည်းကြ။ တကယ်လို့ ရွှဲ့ပြည်နယ်မှာ ပြည်တွင်းစစ် မီးတောက်နေပြီဆိုရင် ငါ နင်ယွမ်ရှန်းနဲ့ တိုက်ခိုက်ရမယ်။ ဒီတော့ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ဘာမှ လုပ်လို့မဖြစ်ဘူး”

စစ်သူကြီး ဝူကျိ၏ အသံမှာ တုန်ယင်လျက်ရှိနေသည်။ “အရှင်.. ဘယ်ကနေ တပ်တွေ ထပ်စုရမှာလဲ။ ရွှဲ့ပြည်နယ်နဲ့ ကျုပ်တို့ရဲ့ တိုက်ပွဲက ဟန်ပြသက်သက် မဟုတ်ဘူးလား”

ဝူဘုရင်က ပြောလိုက်၏။ “အနောက်ဘက်က တပ်တွေ စုစည်းထား။ ဘုရင်နှစ်ပါးရဲ့ တိုက်ပွဲက ဟန်ပြ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အစစ်အမှန်လည်း ဖြစ်လာနိုင်တယ်။ စုနန်သာ ကျန်းရှစ်စီရင်စုရဲ့ တောင်ဘက်ပိုင်း တစ်ခုလုံးကို သိမ်းပိုက်ပြီးသွားရင် သူ့ရဲ့စစ်တပ်က ရွှဲ့ပြည်နယ်ရဲ့ မြို့တော်ဆီသို့ တိုက်ရိုက်ရောက်သွားနိုင်တယ်။ အဲကျရင် နင်ယွမ်ရှန်းက ဘာလုပ်မလဲ”

စစ်သူကြီး ဝူကျိက ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “မြို့တော်ကို စစ်ကူတွေ ပြန်ပို့ရတော့မှာပေါ့”

“အင်း မှန်တယ်”

ဝူဘုရင်က ပြောလိုက်၏။ “အဲကျရင် ငါတို့က ရွှဲ့ပြည်နယ်ကို အနိုင်တိုက်ဖို့ ရွှေရောင် အခွင့်အရေး ရလာတာ မဟုတ်ဘူးလား”

စစ်သူကြီး ဝူကျိသည် အကျိုးအကြောင်း ဆီလျော်သည် ခံစားမိ၏။ သို့ပေမည့် မဟာဗျူဟာထဲတွင် ဤတိုက်ပွဲ မပါခဲ့ချေ။

ဝူဘုရင်က ပြောလိုက်သည်။ “ငါတို့ တိုက်ခိုက်စရာ မလိုရင်တောင်မှ ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းမယ်”

စစ်သူကြီး ဝူကျိက ပြောလိုက်၏။ “ကောင်းပါပြီ အရှင်မင်းကြီး”

.......

ရွှဲ့ပြည်နယ်၏ ဘုရင် နင်ယွမ်ရှန်းသည် စုနန်၏ ကြေညာစာတမ်းကို လက်ထဲတွင် ကိုင်ရင်း သူ၏ခန္ဓာကိုယ်မှာ မထိန်းသိမ်းနိုင်လောက်အောင် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ အလွန်အမင်းလည်း ဒေါသထွက်လို့နေသည်။

“ကောင်းတယ်။ ကောင်းတယ်။ တကယ့်ကို ကောင်းအောင် ရေးထားတာပဲ။ ကောင်းကောင်းလည်း ဝေဖန်ထားတာပဲ။ ငါ့ကို ရှေးခေတ်မင်းဆက်ဆက်ထဲက အယုတ်မာဆုံး၊ အဆိုးရွားဆုံး ဘုရင်တစ်ပါးအဖြစ် ပုံဖော်ပြီး ရေးထားတာပဲ။

ငါက သမိုင်းမှာ အညံ့ဖျင်းဆုံး၊ အာဏာရှင်အဆန်ဆုံး ဘုရင်လို့ ဘာလို့ ထည့်မပြောရတာလဲ။ ပြီးတော့ ကြေညာစာတမ်းမှာ ရှမ့်လန်ဆိုတဲ့ နာမည်တောင် ပါသေးတယ်။ တကယ့်ကို ရယ်စရာပဲ။ အဆင့်ခြောက် အရာရှိလေး တစ်ယောက်က စုနန်ရဲ့ ကြေညာစာတမ်းထဲမှာတောင် ပါရတယ်ပေါ့။ တကယ့်ကို ဟာသပဲ”

ရှမ့်လန်မှာတော့ စိတ်ထဲမှာ တွေးတောနေမှာ သေချာ၏။ ‘ဟင်း.. အခုခေတ်မှာ အဆဲခံရတာတောင် ရာထူး အဆင့်အတန်းက ခွဲခြားနေသေးတာလား။ ကျုပ် ရှမ့်လန်က အရာရှိငယ်လေးမလို့ ကြေညာစာတမ်းမှာ ရောပြီး အဆဲမခံရသင့်ဘူးလို့ တွေးနေတာလား။ ကျုပ်ကို အထင်မသေးစမ်းပါနဲ့’

နင်ယွမ်ရှန်းက အလွန်ပင် ဒေါသထွက်ပြီး အလွန်အမင်းလည်း ဒေါသပုံထနေ၏။ အခြေအနေက သူစိတ်ကူး ထားသည့်အတိုင်းပင် ဖြစ်ခဲ့၏။ သို့ပေမည့် သူစိတ်ကူးထားသည်ထက် ပိုမိုကာ ဆိုးရွားခဲ့၏။ သူသည် မူလက ချောင်နိုင်ငံက ဟန်ပြသက်သက်သာ စစ်ချီခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် တိုက်ခိုက်ရလိမ့်မည် မဟုတ်ဟု ထင်မှတ်ခဲ့၏။

ထို့အပြင် ချောင်နိုင်ငံသည် မြောက်ဘက်ပိုင်းရှိ လျန်နိုင်ငံ ၊ တရုတ်ပြည်သစ်ဆိုသော နိုင်ငံကြီးတစ်ခုနှင့် ကြီးမားသည့် ပဋိပက္ခများ ဖြစ်ပွားနေသည် မဟုတ်ပါလား။ ထိုကိစ္စကို အဘယ်သို့ လွယ်လွယ်ကူကူ ဖြေရှင်းမည်နည်း။ သို့ပေမည့် ချောင်နိုင်ငံသည် တကယ်တမ်း တိုက်ခိုက်ခဲ့သည်။

နင်ယွမ်ရှန်းက ထိတ်လန့်တုန်လှုပ်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ကျုံးရန် စောင့်ကြပ်နေသည့် နယ်စပ်ကို ချောင်ပြည်နယ်၏ စစ်သည်ပေါင်း တစ်သိန်းခန့်က ဝင်ရောက်တိုက်ခိုက်သည်ဟု ကြားခဲ့သောကြောင့်ပင်။ ထိုအချိန်မှာတော့ သူသည် ကပ်ဘေးကြီးကို ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း ခံစားလိုက်မိ၏။

ရွှဲ့ပြည်နယ် ပြီးဆုံးတော့မည်လား။ သို့ပေမည့် သူက အလျင်အမြန်ပင် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ဤကဲ့သို့သော အခြေအနေဆီမှ မည်ကဲ့သို့ ပြန်လည်ရုန်းထွက်ရမည်ကို တွေးတောလျက် ရှိနေ၏။ ထို့အပြင် ကြောက်လန့်စရာ အခြေအနေမျိုး ဖြစ်လာလေ သူက ပိုမိုကာ အားကောင်းလေဟု ခံစားမိသည်။

ဟုတ်ပေ၏။ တချို့သော မိန်းမများကလည်း ထိုကဲ့သို့ပင် ဖြစ်၏။ ယောကျာ်း မည်မျှရိုက်ရိုက် ပိုမိုကာ ချစ်မြတ်နိုးလာ သကဲ့သို့ပင် ဖြစ်၏။ ယခု နင်ယွမ်ရှန်းကလည်း ထိုကဲ့သို့ပင် ဖြစ်၏။ စစ်ပွဲများကို တိုက်ခိုက် ရတော့မည်ဟု တွေးတောလျှင် သူက ပိုမိုကာ စစ်ပွဲကို ချစ်ခင်စုံမက်လေပင်။

ဤကဲ့သို့သော လူများက တကယ့်ကို ထူးခြားလွန်း၏။ အဆင်ပြေချောမွေ့နေသည့် အရာများကို ကြုံရသည့်အချိန်တွင် သက်တောင့်သက်သာ နေတတ်ကြပြီး မခန့်မှန်းနိုင်သည့်၊ ဖြေရှင်း၍မရနိုင်သည့် အရာများ ကြုံလာခဲ့ပါက တကယ့်ကို စိတ်အားထက်သန်လာကြ၏။

ဘေးတစ်ဖက်တွင် ရှိနေသည့် မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်သည်။ “အရှင်မင်းကြီး... မင်းကြီး ပျံ့ရှောင်းက အခုအချိန်မှာ တိုက်ခိုက်သင့်နေပြီ မဟုတ်လား။ သူ စောစောတိုက်ခိုက်လေ ကျန်းချုံးက အန္တရာယ်အတွင်း ကနေ စောစော ရှောင်ရှားနိုင်လေ မဟုတ်လား”

“မဟုတ်ဘူး”

နင်ယွမ်ရှန်း၏ မျက်လုံးများက နီရဲနေ၏။ သူက ဒေါသကြောင့် တုန်ရင်နေသည့် လေသံဖြင့် ပြောလိုက်၏။ “အခု အချိန် မကျသေးဘူး”

ထိုအချိန်မှာတော့ လီစွမ်းနှင့် တတိယ တတိယမင်းသား နင်ချီတို့က ကြောက်လန့်လျက်ရှိနေ၏။ သူတို့က အလျင်လိုနေ၏။ သို့ပေမည့် အချိန်မကျသေးချေ။

“အချိန်မကျသေးဘူး၊ အချိန်မကျသေးဘူး”

နင်ယွမ်ရှန်း၏ မျက်လုံးများက နီရဲနေ၏။ သူက စစ်စခန်းထဲတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေပြီး ထိုစကားကိုသာ တီးတိုးရေရွတ်နေ၏။

ပြီးနောက် နင်ယွမ်ရှန်းက ပြောလိုက်သည်။ “နင်ချီ... တောင်ဘက်ပိုင်းကို စစ်သည် သုံးသောင်း ဦးဆောင်ပြီး ခေါ်သွား။ ပြီးရင် နန်းမြို့တော်ဆီ ပြန်တော့”

တတိယမင်းသား နင်ချီက လှမ်းကာ ပြောလိုက်၏။ “အဖေ.... ဒီကိစ္စက အရမ်းကို စွန့်စားလွန်းတယ်”

ဟုတ်ပေ၏။ တကယ့် တကယ်ကို စွန့်စားလွန်းသည့် ကိစ္စတစ်ခု ဖြစ်၏။ ရှန်ယီမြို့၏ အကာအကွယ် တည်နေရာတွင် ရွှဲ့ပြည်နယ်က စစ်သည်ပေါင်း တစ်သိန်းတစ်သောင်းခန့် ရှိပြီး ဝူပြည်နယ်မှ စစ်သည်များမှာတော့ တစ်သိန်းနှစ်သောင်းခန့် ရှိနေ၏။ နှစ်ဖက်ခြမ်းက တကယ့်ကို ဘက်ရည်ညီသည်ဟု ပြောဆိုရမည်။

ယခု နင်ယွမ်ရှန်းက နင်ချီကို စစ်သည်ပေါင်း သုံးသောင်းခန့် ခေါ်ဆောင်ပြီး နန်းမြို့တော်သို့ ပြန်ရန် စေလွှတ်ခဲ့၏။ နင်ယွမ်ရှန်း၌ စစ်သည်ပေါင်း ရှစ်သောင်းကျော်သာလျှင် ကျန်ရှိတော့မှာဖြစ်ပြီး ဝူဘုရင်မှာတော့ စစ်သည်ပေါင်း တစ်သိန်းနှစ်သောင်းကျော် ကျန်ရှိ၏။ ဤအရာမှာ နှစ်ဖက်ခြမ်းတွင် ရှိနေသည့် စစ်ဘက်ဆိုင်ရာ အားအင်အဆင့် ကြီးကြီးမားမား ကွာခြားသွားမည့် အရာမျိုးပင်။

ဝူဘုရင် ပိုမိုကာ ပျော်ရွှင်မည့် အရာမျိုးဖြစ်၏။ သူ့ဆီမှာ စစ်သည်ပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှိ၏။ နင်ယွမ်ရှန်း၌ ရှစ်သောင်းသာလျှင် ရှိ၏။ ထိုသို့သောအရာကိုသိလျှင် သူ အဘယ်သို့ စစ်ပွဲမစဘဲ နေမည်နည်း။ ရွှဲ့ပြည်နယ်ကို တိုက်ခိုက် အနိုင်ယူပြီးပါက သူ ... ဝူဘုရင်သည် တစ်လောကလုံး၌ ကျော်ကြားလာမည် မဟုတ်ပါလား။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ငါ ဆုံးဖြတ်ပြီးသွားပြီ။ အင်း..... ငါ ဘုရင်မင်းမြတ် ကိုယ်တိုင် လုပ်ပြီဆိုမှတော့ အကောင်းဆုံး လုပ်ရတော့မှာပေါ့။ စုနန် ပုန်ကန်နေတဲ့အကြောင်းကို အမိန့်ထုတ်လိုက်။ ငါ တကယ့်ကို တုန်လှုပ်မိတယ်။ ပြီးတော့ စစ်သည်ပေါင်း သုံးသောင်းကျော် ဦးဆောင်ပြီး တတိယမင်းသား နင်ချီက နန်းမြို့တော်ကို ပြန်မယ်။ အခုချက်ချင်း ထွက်တော့”

နင်ချီက ဒူးကိုထောက်ကာ ပြောလိုက်သည်။ “အဖေ.. အဖေ ဘာလို့ တပ်တွေကို ဦးဆောင်ပြီး မြို့တော်ကို မပြန်ရတာလဲ။ ကျုပ် ဒီမှာနေခဲ့ပြီးတော့ ဝူဘုရင်နဲ့ တိုက်ခိုက်ပါ့မယ်”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “မင်း လုပ်လို့မဖြစ်ဘူး။ ငါက ရွှဲ့ပြည်နယ်ရဲ့ ဘုရင်။ ပြီးတော့ ဝူဘုရင်ကို ဆွဲဆောင်ဖို့ လုံလောက်တဲ့ အရည်အချင်းက ငါ့ဆီမှာပဲ ရှိတယ်။ အင်း... ကျန်းချုံးက စွန့်စားနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ။”

အားလုံးသောသူတို့က တုန်လှုပ်သွားခဲ့၏။ ဘုရင်မင်းမြတ်သည် စွန့်စားတာထက်ပိုသည့် အရာတစ်ခုကို ပြုလုပ်ချင်သည်။ ထိုအရာက လောင်းကစားပြုလုပ်ခြင်းပင်။ အသွေးထဲ အသားထဲမှ ထွက်ပေါ်လာသော ထိုကဲ့သို့ စွန့်စားလိုစိတ်နှင့် ရူးသွပ်သွားသည်လား မသိခဲ့ချေ။ နင်ယွမ်ရှန်း လွန်ခဲ့သည့် နှစ် ၂၀ တုန်းက ကျန်းလီကို အလွန်အမင်း ကိုးကွယ်ခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။

နှစ် ၂၀ ကျော်ကြာ ဘုရင်မင်းမြတ်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် ပိုမိုကာ ရင့်ကျက်လာခဲ့မည်ဟု တွေးတောခဲ့၏။ သို့ပေမည့် ဤရူးသွပ်နေသည့် သဘောသဘာဝက နှလုံးသား၏ အတွင်းထဲ၌ ကိန်းအောင်းနေသည့်ပုံပင်။

“ဆုံးဖြတ်ပြီးသွားပြီ။ ဒီကိစ္စအတွက် ငါကိုယ်တိုင် ငါးစာအဖြစ် လုပ်မယ်။ ဆက်လုပ်ကြတာပေါ့”

တတိယမင်းသား နင်ချီက ဦးညွှတ်ကာ ပြောလိုက်၏။ “ဒါဆိုရင် လိုက်နာပါ့မယ် အဖေ။ ဂရုစိုက်ပါအုံး”

နာရီအနည်းငယ်ကြာပြီးနောက် တတိယမင်းသား နင်ချီသည် စစ်သည်ပေါင်း သုံးသောင်းခန့်ကို ဦးဆောင်ကာ တောင်ဘက်ပိုင်းဆီသို့ ပြန်သွားခဲ့သည်။

ရဲရင့်လွန်းသည့် တပ်မမှူး လန်ပေါင်မှာတော့ တကယ့်ကို စိတ်ပျက်လျက်ရှိနေ၏။ အဆက်မပြတ် ဆိုသလို ဆဲဆိုလျက်ရှိ၏။

အားလုံးသောသူတို့က အံ့အားသင့်လျက်ရှိနေ၏။ ရွှဲ့ဘုရင် နင်ယွမ်ရှန်း စိတ်လွတ်သွားခဲ့သည်လား။ တကယ့်ကို ရူးသွပ်လောက်စရာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့၏။ စုနန်က ပုန်ကန်ခဲ့၏။ သို့ပေမည့် ဘုရင်မင်းမြတ် က ကျန်းရှစ်စီရင်စုဆီသို့ စစ်သည်များ ပို့လွှတ်ကာ ခုခံကာကွယ်ခြင်း မလုပ်ခဲ့ချေ။ ထိုအစား စစ်သည်အားလုံးကို စုစည်းကာဖြင့် ဝူဘုရင်နှင့် တိုက်ခိုက်ရန်ပင် ပြင်ဆင်လျက်ရှိနေသည်။

ယခု စုနန်က ပုန်ကန်နေပြီ ဖြစ်၏။ ထိုသို့ဆိုလျှင် နန်းမြို့တော်ကို လာရောက်တိုက်ခိုက်မှာ စိုးရိမ်ရသည်။ ထို့ကြောင့် တတိယမင်းသားကို ဦးဆောင်ပြီး နန်းမြို့တော်ဆီသို့ ပြန်လွှတ်ခဲ့ခြင်း ဖြစ်၏။ နင်ယွမ်ရှန်းသည် တကယ့်ကို ခေါင်းမာသည့် လူတစ်ယောက် ဖြစ်နေပြီး တခြားသော အရေးအခင်း ကိစ္စအားလုံးကို လျစ်လျူရှုထား၏။

ယခု မြောက်ဘက်ပိုင်း၏ အကာအကွယ်စည်းမျဉ်းတွင် စစ်သည်ပေါင်း ရှစ်သောင်းကျော်သာလျှင် ရှိ၏။ ဝူဘုရင်မှာတော့ စစ်သည်ပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှိ၏။ ထိုအချိန်မှာတော့ သူ လုပ်ချင်တိုင်း ပြုလုပ်၍ မရနိုင်တော့မည် မဟုတ်ချေ။

ထို့အတူ သူ၏လက်ထဲတွင်မှ ထက်ရှသည့် လက်နက်နှင့်အတူ သူ၏ သတ်ဖြတ်လိုခြင်း ဆန္ဒများကလည်း မြင့်တက်လာခဲ့၏။ ဘုရင်တစ်ပါးကို ဖျက်ဆီးနိုင်လျှင် ရရှိနိုင်မည့် ဂုဏ်သိက္ခာနှင့် အကျိုးကျေးဇူးက မည်မျှ များပြားမည်နည်း။

All Chapters