အခန်း (၃၉၉)
Vol. 29 Ch. 399
ဝူဘုရင် လူငယ်သည် ယခုမှ နန်းတက်ကာစ ဖြစ်၏။ ရွှဲ့ဘုရင်သာ ရှုံးနိမ့်ခဲ့ပါက ကျန်းရှစ်စီရင်စု၏ တစ်ဝက်ခြမ်းလောက်သည် ဝူဘုရင်၏ ပိုင်နက်ဖြစ်လာပေလိမ့်မည်။ ဝူပြည်နယ်သည် တောင်ဘက်ပိုင်းတွင် စစ်ဘုရင်တစ်ပါး ဖြစ်လာပေမည်။
တတိယမင်းသား နင်ချီ စစ်သည်ပေါင်း သုံးသောင်းကျော်ကို ဦးဆောင်ပြီး တောင်ဘက်ပိုင်း၏ နန်းမြို့တော်ဆီသို့ ပြန်သွားခဲ့သည်ဟူသော သတင်းသည် ဝူဘုရင်၏ စစ်တပ်စခန်းဆီသို့ ရောက်ရှိလာခဲ့၏။
ဝူဘုရင်က ပျော်ရွှင်သွားခဲ့သည်။
“ဟား ဟား ဟား ဟား ဟား။ ဒီနင်ယွမ်ရှန်းက ထင်ထားတာထက် အများကြီး ခေါင်းမာတဲ့လူပဲ။ အပြင်ဘက်မှာ အားကောင်းချင်ယောင်ဆောင်ပေမဲ့ အထဲမှာ အားနည်းနေပြီ။ ဒီလူကတော့ စိတ်ထဲမှာ ကြောက်လန့်မှုတွေ ခံစားနေရပြီနဲ့တူတယ်။
နယ်စပ်ဒေသရဲ့ အမဲလိုက်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတည်းက သူက ဒေါသထွက်ခဲ့တယ်။ စစ်သည်တွေကို ဦးဆောင်ပြီး ငါနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တယ်။ အခု စုနန်ရဲ့ စစ်သည်တွေအားလုံးက မိုင်ထောင်နဲ့ချီတဲ့ အကွာအဝေးမှာ ရောက်ရှိနေပြီ။ ဒါကို သူက နန်းမြို့တော် ဆုံးရှုံးမှာ စိုးရိမ်နေသေးတယ်။ ဒါကြောင့် အလျင်စလိုနဲ့ ရွှဲ့ပြည်နယ် နန်းတော်ကို ကာကွယ်ဖို့ စစ်သည်တွေ စေလွှတ်ခဲ့တာပဲ ဖြစ်မယ်။
နင်ယွမ်ရှန်းက နောက်ဆုတ်ချင်နေပြီ။ ဒါပေမဲ့ သူ မလုပ်ရဲဘူး။ ဟား ဟား ဟား ဟား ဟား။ လောကမှာရှိတဲ့ လူတွေက သူ့ကိုကြည့်ပြီး ရယ်မောနေကြပြီ။ ဒီလောက် ပျာယာခတ်နေပြီဆိုမှတော့ ရွှဲ့ပြည်နယ် ဖျက်ဆီးခံရရင်တောင်မှ အံ့အားသင့်စရာ မဟုတ်တော့ဘူး။
ကောင်းကင်က ဒီလိုအခွင့်အရေးကို ငါ့ကို ပေးထားခဲ့ပြီလေ။ ငါ ဒါကိုမှ မယူဘူးဆိုရင် အပြစ်ပေးခံရတော့မှာပေါ့။ နင်ယွမ်ရှန်းက ဦးနှောက် ထုံထိုင်းပြီးတော့ ခေါင်းမာတဲ့လူတစ်ယောက်။ သူ့ကိုသာ လက်လွတ် ပေးလိုက်မယ်ဆိုရင် ငါ့ကို လူတွေအားလုံးက ဝိုင်းရယ်ကြတော့မယ်။
အမိန့်ထုတ်လိုက်တော့။ အနောက်ဘက်ပိုင်းက စစ်သည်ပေါင်း သုံးသောင်းကျော်ကို အရှေ့ဘက်ပိုင်းဆီကို လာခဲ့ဖို့ခေါ်။ ဒီစစ်စခန်းကို ထပ်ပြီးအားဖြည့်မယ်”
ထိုစကားကိုကြားသည့်အချိန်မှာတော့ တခြားသော အရာရှိများသည် ဝူဘုရင်ကို ဖြောင့်ဖျရန် ကြိုးစားခဲ့ကြ၏။
“အရှင်မင်းကြီး.. ဒီလိုမျိုး အလျင်စလို လုပ်လို့မဖြစ်ပါဘူး။ မူလအစီအစဉ်အတိုင်းပဲ လုပ်တာ ပိုကောင်းပါတယ်။ ခြေတစ်လှမ်းချင်းစီ လှမ်းသွားတာက အန္တရာယ်ကင်းပါလိမ့်မယ်”
ဘုရင်နှစ်ပါးကြား တိုက်ပွဲကို မဟာဗျူဟာမြောက်တိုက်ပွဲဟု ခေါ်၏။ ထိုအရာသည် တကယ့်ကို ဟန်ပြ ပြုလုပ်ထားသည့် အရာတစ်ခုဖြစ်ပြီး အစစ်အမှန် တိုက်ခိုက်၍ မဖြစ်နိုင်ချေ။
ဝူဘုရင်က လှောင်ပြောင်လိုက်သည်။ “အရင်တုန်းက အဖေဘုရင်က ပျံ့ရှောင်းနှင့် ရင်ဆိုင်တိုက်ခိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ အလျင်စလို မလုပ်ဘဲ တစ်လှမ်းချင်းသွားဖို့ အကြံပေးခဲ့တာ ခင်ဗျားတို့ပဲ မဟုတ်လား။ ဒီက ပျံ့မိသားစုကို ပုန်ကန်ဖို့ အခွင့်အရေးပေးသလို ဖြစ်ခဲ့တယ်။
အဆုံးသတ်မှာ ဘာဖြစ်ခဲ့လဲ။ ပျံ့ရှောင်းက ဝူပြည်နယ်ကနေ ခွဲထွက်ပြီး ရွှဲ့ပြည်နယ်ဆီ ရောက်သွားတယ်လေ။ အခု ရွှဲ့ပြည်နယ်ရဲ့ စစ်သူကြီး အဖြစ်တောင်မှ ဝင်လုပ်ခဲ့ပြီ။ နှစ်ပေါင်း ၂၀ လောက် အတွေ့အကြုံ ရယူပြီးပြီ”
ထိုစကားကို ကြားသည့်အချိန်မှာတော့ ယုံကြည်ရသည့် အမှုထမ်းအားလုံးတို့က မျက်နှာပျက်သွားခဲ့ကြ၏။
ဝူဘုရင်က ထပ်မံကာ ပြောလိုက်သည်။ “ဒါက ရွှေရောင်အခွင့်အရေးတစ်ခုပဲ။ နင်ယွမ်ရှန်းသာ ရွှဲ့ပြည်နယ်ဆီ နောက်ပြန်ဆုတ်နိုင်သွားရင် ကျုပ်တို့ ဒီအခွင့်အရေးကို လက်လွတ်သွားလိမ့်မယ်။ ကောင်းကင်က ပေးပို့လိုက်တဲ့ အခွင့်အရေး ပျောက်ကွယ်သွားပြီဆိုရင် အားလုံးရဲ့ အပြစ်ဖြစ်လာလိမ့်မယ်။
ခင်ဗျားတို့အားလုံးက ရှေ့ကို တစ်လှမ်းချင်းတိုးဖို့ပဲ ပြောနေကြတယ်။ ဒါပေမဲ့ အဲလို တစ်လှမ်းချင်းတိုးရင်းနဲ့ ကျုပ်ရဲ့ဘိုးဘေးတွေ၊ ကျုပ်ရဲ့အဖေတွေက အနိုင်ယူ မတိုက်ခိုက်နိုင်ခဲ့ကြဘူး။ အခု ကျုပ်က ကျိန်းသေပေါက် ငါးဖမ်းသမားပဲ။ ရှိရှိသမျှ အရာအားလုံးကို သိမ်းပိုက်ပြီး ဖမ်းဆီးမယ့် ငါးဖမ်းသမားမျိုးပဲ။
အခု ရွှဲ့ပြည်နယ်က အန္တရာယ်ကြီး ကျရောက်နေတယ်။ တစ်စစီ ဖြစ်မယ့် အခြေအနေမျိုးထိ ရောက်နေပြီ။ ဝူပြည်နယ်သာ ကြိုတင်ပြင်ဆင်မထားဘူးဆိုရင် ချောင်ပြည်နယ်က ရွှဲ့ပြည်နယ်ရဲ့ မြေပိုင်နက်တွေကို ယူဆောင်သွားလိမ့်မယ်”
ရုတ်တရက် မင်းမှုထမ်းအိုကြီးတစ်ယောက်က လှမ်းကာ ပြောလိုက်သည်။ “အခု ယန်ကျိုးစီရင်စုက လွတ်နေပါတယ်။ ဘာလို့ ယန်ကျိုးကို သွားပြီးမတိုက်ခိုက်တာလဲ။ ယန်ကျိုးစီရင်စုကို ပြန်ပြီးယူနိုင်မယ်ဆိုရင် ကျုပ်တို့ ဘိုးဘေးတွေ ကျဆင်းခဲ့တဲ့ ဂုဏ်သိက္ခာတရားကို ပြန်ပြီး ရရှိနိုင်ပြီ မဟုတ်လား”
ဝူဘုရင်က ပြောလိုက်၏။ “နင်ယွမ်ရှန်းကို တိုက်ခိုက် အနိုင်ယူတာထက် ပိုပြီး ကြီးမားတဲ့ ဆုလာဘ်ဆိုတာ ရှိလား။ ဒါမှမဟုတ် ပျံ့ရှောင်းကို အနိုင်ယူတိုက်ခိုက်တာထက် ပိုပြီး ကြီးမားတဲ့ ဆုလာဘ်ဆိုတာ ရှိလား”
ဟုတ်ပေ၏။ တစ်ဖက်လူက နင်ယွမ်ရှန်း ဖြစ်၏။ ထို့အပြင် ဘုရင်တစ်ပါးလည်း ဖြစ်သည်။
ဝူဘုရင်က ထပ်မံကာ ပြောလိုက်၏။ “ပျံ့ရှောင်းနဲ့ နင်ယွမ်ရှန်းတို့မှာ ဘယ်သူက အနိုင်ယူဖို့ ပိုပြီးလွယ်ကူလဲ”
ဟုတ်ပေ၏။ နင်ယွမ်ရှန်းပင် ဖြစ်၏။ နင်ယွမ်ရှန်းက သိုင်းပညာကိုသိသည့် ပညာတတ်ဘုရင်တစ်ပါးသာ ဖြစ်ပြီး ပျံ့ရှောင်းမှာတော့ တကယ့်ကို ကျော်ကြားသည့် စစ်သူကြီးတစ်ယောက် ဖြစ်၏။ ထို့ကြောင့် အနိုင်ယူ တိုက်ခိုက်ရန် ခက်ခဲလှသည်။
ဝူဘုရင်က ထပ်မံကာ ပြောလိုက်၏။ “အင်း ယန်ကျိုးစီရင်စုက အန္တရာယ်များလား။ ဒါမှမဟုတ် ရှန်ယီမြို့က ပိုပြီး အန္တရာယ်များလား”
ဟုတ်ပေ၏။ ယန်ကျိုးစီရင်စုက ပိုမိုကာ အန္တရာယ်များ၏။ ဝူဘုရင်၏ ယုံကြည်ရသည့် အရာရှိအရာခံ အားလုံးတို့သည် ဆွံ့အသွားခဲ့ကြ၏။ သူတို့ မည်ကဲ့သို့ ပြန်လည်ငြင်းဆန်ရမည်နည်း။
“ဒါဆိုရင် အနောက်ဘက်ပိုင်းက စစ်သည် သုံးသောင်းလုံးကို ခေါ်လိုက်တော့။” ဤအရာက ဝူဘုရင်၏ အမိန့်ဖြစ်၏။ ပြန်လည်ရုပ်သိမ်းတော့မည် မဟုတ်ချေ။
ထို့ကြောင့် အမိန့်ကို ထုတ်ပြန်လိုက်၏။ ဝူပြည်နယ်၏ အနောက်ဘက်ပိုင်းမှ စစ်သည်ပေါင်း သုံးသောင်းကျော်တို့သည် ဝူဘုရင်၏ စစ်တပ်စခန်းဆီသို့ လှမ်းတက်လာခဲ့ကြ၏။
နင်ယွမ်ရှန်း၏ အလောင်းအစားက အောင်မြင်ခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သည်အထိ စိတ်လှုပ်ရှားလျက်ရှိနေ၏။ တစ်ချိန်လုံး သူက မြေပုံကြီးရှေ့တွင် မတ်တပ်ရပ်လျက် ရှိနေပြီး ဝူဘုရင်၏ အနောက်ဘက်ပိုင်းစစ်တပ်ကြီး၏ တည်နေရာကို တွက်ချက်နေ၏။ အချိန်က တကယ့်ကို ကျပ်လျက် ရှိနေပြီး သူ့အနေနှင့် ဝူဘုရင်၏ စစ်စခန်းဆီသို့ ထိုစစ်သည် သုံးသောင်း ဝင်လာနိုင်ဖို့ အခွင့်အရေးမပေးနိုင်ပေ။
မဟုတ်ပါက အချိန်ရောက်သည်နှင့် တပြိုင်နက် ဝူဘုရင်က စစ်သည်ပေါင်း တစ်သိန်းခွဲကို အသုံးပြုပြီး သူ နင်ယွမ်ရှန်းကို ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။ စစ်သည်အင်အားက အလွန်ပင် ကွာခြားလျက်ရှိနေ၏။ နှစ်ဆနီးပါးကဲ့သို့ပင်။ ထို့ကြောင့် သူ့အနေနှင့် ဝူဘုရင်၏ အနောက်ဘက်ပိုင်း စစ်တပ်ကြီးကို လမ်းတစ်ဝက်မှ ဖြတ်ကာ တိုက်ခိုက်မှ ဖြစ်မည်။
ပျံ့ရှောင်းက ရှေ့သို့ လှမ်းတက်သွားခဲ့၏။ ဝူဘုရင်၏ စစ်သည်ပေါင်း သုံးသောင်းကျော်တို့က ဝူဘုရင်၏ စစ်စခန်းနှင့် မိုင်လေးရာ အဝေးသို့ ရောက်ရှိနေခဲ့၏။ တဖြည်းဖြည်းနှင့် မိုင် ၃၀၀၊ မိုင် ၂၀၀ ရောက်ရှိလာခဲ့၏။ အချိန်ရောက်ရှိလာပြီ ဖြစ်၏။
ရွှဲ့ပြည်နယ်၏ဘုရင် နင်ယွမ်ရှန်းက အမိန့်ပေးလိုက်၏။ “ပျံ့ရှောင်းကို အမိန့်ပေးလိုက်တော့။ ဝူဘုရင်ရဲ့ အနောက်ဘက် နယ်စပ်တစ်ခုလုံးကို စပြီး တိုက်ခိုက်ဖို့။ ပြီးရင် အားလုံးကိုသတ်၊ အားလုံးကို မီးရှို့၊ ရသမျှ အကုန်ယူ။ အမြန်နှုန်းက ပိုပြီးအရေးကြီးတယ်။ မြို့တွေကို တိုက်ခိုက်ပြီးရင် အပိုင်သိမ်းမထားနဲ့။ ရှေ့ကို တစ်ခါတည်း ဆက်တိုး။ ဝူပြည်နယ်တစ်ခုလုံးက ကြောက်လန့်တကြားနဲ့ တုန်ယင်နေစေရမယ်။ ဝူဘုရင်ရဲ့ ဝိညာဉ်တစ်ခုလုံး ပျောက်ကွယ်သွားရလိမ့်မယ်”
နှစ်ရက်ကြာမြင့်ပြီးနောက် ပျံ့ရှောင်းသည် ရွှဲ့ဘုရင်ဆီမှ အမိန့်ကို လက်ခံရရှိခဲ့၏။ သူက အစောကြီးတည်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။ ထို့ကြောင့် ကျင်းမိသားစု၏ ချပ်ဝတ်သစ်၊ လက်နက်သစ်များ ဝတ်ဆင်ထားခဲ့သည့် လက်ရွေးစင် စစ်သည်ပေါင်း ငါးထောင်ကျော်တို့သည် ရှေ့သို့ လှမ်းတက်သွားခဲ့ကြသည်။
နင်ယွမ်ရှန်း၏ အမိန့်ကို လိုက်ပါပြီး ပျံ့ရှောင်း၏ စစ်သည်ပေါင်း နှစ်သောင်းကျော်တို့ကလည်း ယန်ကျိုးဆီမှ ထွက်ခွာကာ ရွှဲ့ပြည်နယ်၏ အနောက်ဘက်ဒေသဆီသို့ လှမ်းဝင်လာ၏။ ထိုအရာက ကျိန်းသေပေါက် ကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပေလိမ့်မည်။
လမ်းတစ်လျှောက်တွင်ရှိသည့် အရာအားလုံးကို သတ်ဖြတ်ပြီး မီးရှို့ခဲ့၏။ သူတို့က အားကောင်းသည့် မြို့များကို မသိမ်းပိုက်ထားချေ။ ထို့အတူ မြို့များကိုလည်း မကျော်သွားခဲ့ချေ။ ထိုထဲသို့ ဝင်ရောက်ပြီး ရှိသမျှ အားလုံးကို ဖျက်ဆီးကာ တစ်ခါတည်း ရွေ့လျားသွားခဲ့၏။
မြေပြင်ပေါ်တွင် ခေါင်းများ လိမ့်လျက်ရှိနေပြီး အလောင်းများကလည်း တောင်ပုံရာပုံပင်။
…………..
တော်ဝင်နှင်းတောင်
ရှမ့်လန်က ခက်ခက်ခဲခဲဖြင့် အပေါ်သို့ တက်လျက်ရှိ၏။ အစတုန်းက လွယ်ကူ၏။ သို့ပေမည့် တောင်၏ အလယ်နားဆီသို့ ရောက်သည့်အချိန်မှာတော့ တဖြည်းဖြည်းနှင့် ခက်ခဲလာပေ၏။ အဘယ့်ကြောင့် ဆိုသော် နှင်းများက ပိုမိုကာ ထူထဲလာခဲ့သောကြောင့်ပင်။
တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် ခြောက်ပေခန့်ရှိသည့် တောင်တက်လမ်းကြီးကို ဖန်တီး တည်ဆောက်ထားသော်လည်း ထိုအရာက အနည်းငယ် မတ်စောက်၏။ ဤလမ်းကို အချိန်အတော်ကြာတည်းက အသုံးပြုခဲ့ခြင်း မရှိသောကြောင့် လမ်းတစ်လျှောက်တွင် နှင်းများသာ ထူထူထဲထဲ ဖုံးအုပ်နေ၏။
လမ်းတစ်လျှောက်မှာတော့ ရှမ့်လန်သည် လမ်းပေါ်ရှိနေသည့် နှင်းများကို ပြန်လည်ကာ ရှင်းလင်းရ၏။ သေချာ ပြင်ဆင်ထားခဲ့သည် ဖြစ်လျှင်တောင်မှ တောင်ပေါ်တွင် ရှိနေသည့် အအေးဒဏ်ကို သူက အထင်သေးခဲ့၏။ တစ်နေ့လျှင် မိုင် ၂၀ နီးပါးသာ လျှောက်နိုင်ခဲ့ပြီး တဖြည်းဖြည်းနှင့် ပိုမိုကာ နှေးကွေးလာခဲ့သည်။
ဤလောကကြီးထဲသို့ ရောက်ရှိပြီးနောက် တော်ဝင်နှင်းတောင်ဆီသို့ တက်ရခြင်းမှာ ရှမ့်လန်အတွက် ပထမဦးဆုံးအကြိမ် ဖြစ်၏။ တကယ့်ကို ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် ခံစားချက်ကို ရရှိစေ၏။ အမြင်အာရုံတစ်ခုလုံးတွင် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူလျက် ရှိနေသည်။ ရှမ့်လန်သည် အံချီနပမ်းလည်း ဖြစ်လို့နေခဲ့၏။
“ခင်ဗျားတို့ ရူးနေကြတာလား။ ဒီလောက်မြင့်တဲ့တောင်ပေါ်မှာ ဘယ်လိုဖြစ်ပြီး ဘုရားကျောင်းတစ်ခု တည်ဆောက်ထားရတာလဲ”
တော်ဝင်ကပ်ဘေးဘုရားကျောင်းကို တည်ဆောက်ရန်အတွက် လူအင်အား မည်မျှ အသုံးပြုခဲ့ရပြီး လူမည်မျှ သေဆုံးခဲ့ကြောင်း ရှမ့်လန်ပင် မခန့်မှန်းနိုင်ချေ။
ပြီးနောက်မှာတော့ သူသည် တကယ့်ကို ကျော်ကြားလွန်းသည့် တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီးကို လှမ်းမြင်လိုက်ရ၏။ ထိုအရာက အရှေ့ဘက်လောကရှိ အကြီးမားဆုံးသော ဘုရားကျောင်းကြီးတစ်ခု ဖြစ်၏။ တစ်ဝက်လောက်က ပြိုကျပျက်စီးနေ၏။
သို့ပေမည့် ရှမ့်လန်သည် ထိုနေရာဆီသို့ ရောက်သည့်အချိန်မှာတော့ တကယ်ပဲ တုန်လှုပ်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူမြင်ခဲ့ဖူးသည့် အမိကမ္ဘာမြေဆီမှ တခြားသော နန်းတော်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် တကယ့်ကို ကြီးမားသည့် ဘုံကျောင်းနန်းတော်ကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်။
ရှမ့်လန်သည် ဤတည်နေရာကို သေသေချာချာ တွက်ချက်ကြည့်လိုက်တော့ စတုရန်းမီတာ နှစ်သိန်းနီးပါးခန့် ရှိပြီး ထိုအရာက ဧက ၃၀၀ နီးပါးခန့် ရှိ၏။ မြေတည်နေရာက ကြီးမားပြီး နန်းတော်က အနည်းငယ် သေးနေခြင်းသာ ဖြစ်သည်။
နန်းတော်၏ အရှေ့နှင့် အနောက်တွင် မြေကွက်လပ်များကို ဖန်တီးထား၏။ အစတုန်းက ရှမ့်လန်က မသိရှိချေ။ တကယ်တမ်းမှာတော့ ကိုးကွယ်သူများ ထိုင်ကာ ဝတ်ပြုဆုတောင်းပြလုပ်နိုင်မည့် နေရာ ဖန်တီးထာခြင်းပင်။ ဤလေးထောင့် မြေကွက်လပ်ကြီးသည် ရန်သူကို ခုခံကာကွယ်ရန် အသုံးပြု၍ အရာမျိုးဖြစ်ကြောင်း သူ နားလည်လိုက်၏။
..............
ရှမ့်လန်နှင့် အာယုနာနာတို့၏ မဟာမိတ်အဖွဲ့များက တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီသို့ ဝင်ရောက်လာခဲ့၏။ ကောင်းကင်တာအိုအဖွဲ့အစည်းမှ စစ်သည်တော်များသည် ကျွမ်းကျင်စွာဖြင့် မြေအောက်နန်းတော်ကို ဖွင့်လိုက်ပြီး အထဲတွင် ရှိနေသည့် ဂွမ်းများ၊ အဝတ်များ၊ အစားအစာများကို ထုတ်ယူလိုက်၏။ ထိုတင်သာမကသေးချေ။ နွားချေးတော်တော်များများကိုလည်း သူတို့က ယူဆောင်လာခဲ့၏။ ထိုအရာကို လောင်စာ အဖြစ် အသုံးပြု၍ ရသည်။
အာယုနာနာက မယုံကြည်နိုင်သလို ပြောလိုက်၏။ “ရှင် အရာအားလုံးကို ယူလာတာလား”
ဟုတ်ပေ၏။ ရှမ့်လန်သည် လိုသည့်အရာတော်တော်များများကို သယ်ဆောင်လာရန် လူအင်အားများများကို အသုံးပြုခဲ့ရ၏။ အာယုနာနာသည် တကယ့်ကို တွေဝေလျက်ရှိနေ၏။ ဤအသားခြောက်များနှင့် နွားချေးများသည် သူမ၏ မျိုးနွယ်ဆီမှ ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။ အဘယ်သို့ ကြိုတင် ဆောင်ရွက်ထားသနည်း။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ကျုပ်တို့နဲ့ ရန်သူ ဘယ်လောက်ဝေးလဲ”
လင်းယုန်ရမ်က ဖြေ၏။ “အရမ်းဝေးသေးတယ်။ ဒါပေမဲ့ သူတို့ နှစ်ရက်အတွင်း ရောက်လာလိမ့်မယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ကင်းထောက်တွေကို စေလွှတ်ထား။ ချက်ချင်း သတင်းပို့။ ရန်သူရဲ့ အရိပ်အယောင် မြင်လာပြီဆိုတာနဲ့ ချက်ချင်းပြော”
“ကျုပ်ကိုယ်တိုင် သွားလိုက်ပါ့မယ်” လင်းယုန်ရမ်နှင့် ဝူလဲ့တို့သည် သူတို့၏ လက်ရွေးစင် စစ်သည်များကို ခေါ်ဆောင်ကာဖြင့် အကာအကွယ်စည်းမျဉ်းတစ်ခုကို ဖန်တီးရန် ထွက်ခွာသွားခဲ့၏။
အာယုနာနာက မေးမြန်းလိုက်သည်။ “ဘာဆက်လုပ်ကြမလဲ”
ရှမ့်လန်က ပြောလိုက်၏။ “စားမယ်၊ အိပ်မယ်၊ ရန်သူရောက်လာတာကို စောင့်မယ်၊ သတ်မယ်၊ ပြီးရင် ထွက်သွားမယ်”
အာယုနာနာက မေးလိုက်သည်။ “ကျွန်မတို့ မတိုက်ခိုက်ဘူးလား”
ရှမ့်လန်က ပြောလိုက်၏။ “နန်းတော်ထဲမှာ တိုက်ခိုက်ဖို့ နေရာမလုံလောက်ဘူး။”
မည်သည့်တိုက်ပွဲမှ မရှိချေ။ ရန်သူရောက်လာသည်နှင့် တပြိုင်နက် ကောင်းကင်ကြီးက ပြိုကျမှာ ဖြစ်ပြီး တောင်ကြီးတစ်ခုလုံးက ပြိုကျပေလိမ့်မည်။ ရန်သူများစွာသည် တစ်ခါတည်း သေသွားပေလိမ့်မည်။