← Chapters

သံမဏိမြစ်။ ထောင်ချီသောမြင်းစစ်သည်များ။ (၃)

Vol. 19 Ch. 279

သံမဏိမြစ်။ ထောင်ချီသောမြင်းစစ်သည်များ။ (၃)

Vol. 19 Ch. 279

ဖေချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျောက်ချန်ကျီး မင်းကိုရောင်းခဲ့တဲ့ ကြယ်ပုံစံရွှေက ငါတို့ရဲ့ တာ့ဖုန်းသံမြင်းတပ်ပိုင်ကနေ ခိုးယူလာတဲ့ပစ္စည်းတွေပဲ။ မူလက ငါတို့ပိုင်တာ။ ဘာလို့ပြန်ဝယ်ရမှာလဲ။ မင်းပိုက်ဆံလိုချင်ရင် ကျောက်ချန်ကျီးကိုသွားမေးလေ။”

ဤစကားကိုကြားသောအခါ စူးချန်ခုန်းသည် တကယ် ဒေါသထွက်သွားခဲ့သည်။ ကျောက်ချန်ကျီးနှင့် အခြားသူများသည် အသက်ရှင်လျက်ဖမ်းဆီးခံရပြီးဖြစ်ပြီး သူတို့၏ပိုင်ဆိုင်မှုများကို သိမ်းယူခံရမည်မှာ သေချာပါသည်။ ကြယ်ပုံစံရွှေအတွက် သူသုံးစွဲခဲ့သောငွေကို သူတို့ထံမှ ပြန်လည်ရယူဖို့ မဖြစ်နိုင်ပါ။

စူးချန်ခုန်းက ယဉ်ယဉ်ကျေးကျေး ပြောမနေတော့ဘဲ “ငါ့ရဲ့ ကြယ်ပုံစံရွှေကို ငါ့ကိုယ်ပိုင်ငွေနဲ့ဝယ်ခဲ့တာ။ ငါ့ဥစ္စာပဲ။ ကြယ်ပုံစံရွှေကို မင်းလိုချင်ရင် ကျောက်ချန်ကျီးနဲ့ အခြားသူတွေကို သွားမေးလေ။”

စူးချန်ခုန်းဟာ ကြယ်ပုံစံရွှေဟာ ခိုးယူလာတဲ့ပစ္စည်းဟုတ်လား မဟုတ်လားဆိုတာကို ဂရုမစိုက်ပါ။ ကြယ်ပုံစံရွှေဝယ်ယူဖို့ ငွေရှာဖို့ သူ ခြောက်လလောက် ကြိုးစားအားထုတ်ခဲ့ရသည်။ အခုတော့ ဖေချန်ဟာ စကားတစ်ခွန်းတည်းနဲ့ ကြယ်ပုံစံရွှေအတွက် ပေးချေခဲ့တဲ့ ငွေပမာဏကို မပေးဘဲ ပြန်ယူချင်နေသည်။ ဘယ်လိုလုပ် ဒီလောက်လွယ်ရတာလဲ။

ဖေချန်ရဲ့အကြည့်တွေက အေးစက်စက်ဖြစ်သွားလေ၏။ ဖေမိသားစုဟာ ရာထူးမြင့်မားပြီး သူ့ရဲ့အကြီးဆုံးအစ်ကိုက ပြည်နယ်အုပ်ချုပ်ရေးမှူး ဖေယန်ဖြစ်တာကြောင့် သူ့ရဲ့စကားတွေက အမြဲတမ်း ခရာကျသည်။ သို့ပေမယ့် ကျောက်ချန်ကျီးနဲ့ တခြားသူတွေနဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့သူကတော့ သူ့ရှေ့မှာနေပြီး သူ့အမိန့်ကို ဆန့်ကျင်ကာ သူနဲ့ တန်းတူလာညှိနေတာလား။

ဖေချန်က စူးချန်ခုန်းကို အဝေးကနေ စိုက်ကြည့်ပြီး အေးတိအေးစက် ဆိုလေ၏။ “ငါ ဒီကိစ္စကို မင်းနဲ့ ဆွေးနွေးနေတာမဟုတ်ဘူး။ မင်း နာနာခံခံနဲ့ ပူးပေါင်းပြီး ခိုးယူလာတဲ့ပစ္စည်းတွေကို အပ်လိုက်။ မဟုတ်ရင်… မင်း တော်တော်လေး ဒုက္ခရောက်သွားမယ်။”

စူးချန်ခုန်း မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။ ဖေချန်၏အမြင်တွင် သူသည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ညီဖြစ်ပြီး ဖေမိသားစုဝင်တစ်ဦးဖြစ်ကာ မျိုးရိုးမြင့်သူဖြစ်သည်။ စူးချန်ခုန်းအတွက်မူ ဖေချန်၏နောက်ခံနှင့် အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ သူကြိုးစားရှာဖွေခဲ့သော ရတနာတွေကို ယူဖို့ ကြိုးစားပါက မြင့်မြတ်သည်ဖြစ်စေ နိမ့်ကျသည်ဖြစ်စေ သူ့ရဲ့ရန်သူသာဖြစ်သည်။

“ဖေချန်.. ဖေမိသားစုရဲ့ မောင်နှမသုံးယောက်မှာ မင်းက ဒုတိယမြောက်ဖြစ်ပြီး မင်းမိသားစုရဲ့နောက်ခံနဲ့တောင် သောင်းစုတပ်မှူးပဲ ဖြစ်နိုင်တယ်။ ငါက မင်းနဲ့စကားကောင်းကောင်း ပြောနေတာ ကြောက်လို့လဲမဟုတ်ဘူး ဖေမိသားစုကို လေးစားလို့ပဲ။ လူတွေကို ဖိနှိပ်ဖို့ မင်းရဲ့အာဏာကို ဖိအားပေးပြီး အသုံးပြုနေတယ်ဆိုရင် မင်းတော့ လူရှာမှားသွားပြီ။ ငါက မင်းဖိနှိပ်လို့ရမယ့်လူ မဟုတ်ဘူး။”

ဤအချိန်တွင် စူးချန်ခုန်းသည် ဖေချန်ကို ယဉ်ကျေးစွာ မဆက်ဆံတော့ဘဲ အဝေးက ဖေချန်ကို စိုက်ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သူ့ရယ်သံက အေးစက်သော ဥပက္ခာပြုမှုဖြင့် ပြည့်နှက်နေ၏။ စူးချန်ခုန်း၏ မျက်လုံးများတွင် ဖေချန်သည် ဆွေကြီးမျိုးကြီးဖြစ်သော်လည်း အထင်ကြီးစရာ မကောင်းသော ငယ်ရွယ်နုနယ်သည့် သခင်ငယ်လေးတစ်ဦးသာ။

ဤစကားများပြောပြီးသည်နှင့် တာ့ဖုန်းသံမဏိမြင်းတပ်တစ်ခုလုံး ပို၍ပင် တိတ်ဆိတ်သွားခဲ့သည်။ အဝေးမှ အသက်ရှင်လျက် ဖမ်းဆီးခံထားရသော ကျောက်ချန်ကျီးနှင့် အခြားသူများပင် မျက်လုံးများပြူးလျက် ပါးစပ်ဟကာ စိုက်ကြည့်နေ၏။ “ဒီမျောက်ဝံနတ်ဆိုး… ဖေချန်ကို ဒီလိုပြောရဲတာ အရမ်းရဲလွန်းတယ်မဟုတ်ဘူးလား။”

ကျောက်ချန်ကျီးနှင့် သူ့အဖွဲ့သည် စူးချန်ခုန်းက ကြယ်ပုံစံရွှေဝယ်နိုင်သော အလွန်ချမ်းသာသူတစ်ဦးအဖြစ်သာ သိကြသော်လည်း သူသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို မသိကြပေ။ ဖေချန်၏ရှေ့တွင် တို့သည် ခုခံဖို့ အတွေးကိုပင် မစဉ်းစားခဲ့ဘဲ နာခံစွာဖြင့် လက်နက်ချခဲ့ကြသည်။

စူးချန်ခုန်းက ဖေချန်ကို တိုက်ရိုက် လှောင်ပြောင်နေပြီး တော်တော်ကို ရဲတင်းလှသည်။

“ဘာပြောလိုက်တယ်” မျှော်လင့်ထားတဲ့အတိုင်း ဖေချန်ဟာ ဒေါသထွက်သွားလေ၏။ သူ့မျက်နှာမှာ ဒေါသတွေနဲ့ ရဲတွတ်နေပြီး စူးချန်ခုန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ စူးချန်ခုန်းက သူ့ကို ဒီအတိုင်းစော်ကားခဲ့ရင် ဒီလောက်ဒေါသထွက်မှာ မဟုတ်ပါ။

ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ စော်ကားတာက လက်မခံနိုင်စရာပါ။ စူးချန်ခုန်းက သူ့မျိုးရိုးကို ထုတ်ဖော်ပြောဆိုပြီး ဖေမိသားစုရဲ့ မောင်နှမသုံးယောက်ထဲမှာ သူဟာ အသုံးမကျဆုံးသူဖြစ်ပြီး သူ့မိသားစုကြောင့်ပဲ သောင်းစုတပ်မှူးဖြစ်နိုင်တယ်လို့ ပြောခဲ့သည်။ ဒါက ဖေချန်ရဲ့ အနာပေါ် တုတ်ကျသွားသလိုဖြစ်ပြီး သူ့ကို ထိန်းမနိုင်သိမ်းမရဖြစ်အောင် ဒေါသထွက်စေခဲ့သည်။

“မင်းလူယုတ်မာ။ မင်းပါးစပ်ကို ငါတစ်စစီလုပ်ပစ်မယ်။ သူ့ကိုဖမ်း။ သူ့ကိုချ။”

ဒေါသတကြီးနဲ့ ဖေချန်ဟာ စူးချန်ခုန်းကို ဖမ်းဆီးကာ ရက်စက်တဲ့သင်ခန်းစာတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပြီး အော်ပြောလိုက်သည်။

မြင်းတပ်သားအများအပြားက စူးချန်ခုန်းကို ဝိုင်းလိုက်ကြသည်။

“မင်းမခုခံနဲ့။ မဟုတ်ရင် မင်းရဲ့ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံးကို ငါရိုက်ချိုးပစ်မယ်။”

လူအုပ်ကြားထဲကနေ လူတစ်ယောက် ပြေးဝင်လာ၏။ အနှီလူက အနက်ရောင်သံချပ်ကာဝတ်ထားတဲ့ သန်မာတဲ့လူတစ်ယောက်ဖြစ်ပြီး ကြောက်စရာကောင်းလောက်အောင် ရယ်မောနေ၏။ သူ့ရဲ့ ချီနဲ့သွေးတွေက အစွမ်းထက်ပြီး တာ့ဖုန်းသံမဏိမြင်းတပ်ထဲက ထောင်စုမှူးတစ်ယောက်အနေနဲ့ ဖေချန်အတွက် လှုပ်ရှားပေးဖို့ ကြိုးစားခဲ့ပြီး စူးချန်ခုန်းကို ဖမ်းဆီးကာ ဖေချန်ရဲ့အမြင်မှာ မျက်နှာသာရဖို့ ဦးဆောင်လိုက်သည်။

ဖေချန်ဟာ သောင်းစုတပ်ရဲ့အကြီးအကဲဖြစ်ရုံသာမက ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ညီလည်းဖြစ်သည်။ သူ့ရဲ့မျက်နှာသာရရင် တောက်ပတဲ့အနာဂတ်က သူ့ကို စောင့်ကြိုနေမှာ သေချာပါသည်။

“ဝုန်း”

အနက်ရောင်သံချပ်ကာဝတ်ထားတဲ့ သန်မာတဲ့လူရဲ့ ချီနဲ့သွေးတွေ ပေါက်ကွဲထွက်လာပြီး ချီသွေးဝံပုလွေမီးခိုးအဖြစ် ပြောင်းလဲသွားကာ သိသာထင်ရှားတဲ့ ဖိနှိပ်နိုင်တဲ့အင်အားကို ထုတ်လွှတ်လိုက်သည်။ ထောင်စုမှူးတစ်ယောက်အနေနဲ့ သူဟာ ချီသွေးဝံပုလွေမီးခိုးအဆင့်ကို ရောက်ရှိခဲ့ပြီး ချီနဲ့သွေးတွေ ပေါက်ကွဲထွက်လာတာနဲ့အမျှ ပတ်ဝန်းကျင်က မြက်ခင်းပြင်တွေဟာ ဖိနှိပ်ခံရပြီး ကွေးညွတ်သွားခဲ့သည်။ သူ့ရဲ့ကြီးမားတဲ့လက်နှစ်ဖက်က စူးချန်ခုန်းရဲ့ပခုံးတွေဆီကို တည့်တည့်ရောက်လေ၏။

စူးချန်ခုန်းက ဘာမှ မတုံ့ပြန်ပုံရဘဲ အနက်ရောင်သံချပ်ကာဝတ်ထားတဲ့ သန်မာတဲ့လူက စုချန်းကောင်းရဲ့ပခုံးတွေကို လက်နဲ့တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူ့လက်မောင်းတွေကို အားနဲ့တွန်းလိုက်တဲ့အခါ စူးချန်ခုန်းရဲ့အဆစ်တွေကို လှုပ်ရှားဖို့ ရည်ရွယ်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာ အနက်ရောင်သံချပ်ကာဝတ်ထားတဲ့ လူသန်ကြီးရဲ့ မျက်လုံးတွေ ရုတ်တရက် ကျုံ့သွားလေ၏။

ဝူးရှ်

စူးချန်ခုန်းရဲ့ခန္ဓာကိုယ်ထဲမှာ ချီနဲ့သွေးတွေက မြစ်တစ်စင်းလို စီးဆင်းနေပြီး သူ့ရဲ့ချီနဲ့သွေးရဲ့ စွမ်းအားက သူ့ထက် အများကြီးသာလွန်သည်။

“ဝေါင်း”

ချီနဲ့သွေးရဲ့ အကြမ်းပတမ်း လည်ပတ်မှုကြားမှာ စူးချန်းခုန်းရဲ့အရေပြားချွေးပေါက်တွေကနေ သွေးရောင်နဂါးရှည်တစ်ကောင်ကို ဖွဲ့စည်းလိုက်ပြီး နားကွဲမတတ် နဂါးဟိန်းသံက ကွင်းပြင်တစ်လျှောက် ပဲ့တင်ထပ်သွားလေ၏။

“ချီသွေးနဂါးရှည်လား” အနက်ရောင်သံချပ်ကာဝတ်ထားတဲ့ လူသန်ကြီးရဲ့နှလုံးသားလေး ပြင်းပြင်းထန်ထန် တင်းကျပ်သွားလေ၏။ သူ့အမြင်အရ ကျောက်ချန်ကျီးတို့နံ ခိုးကြောင်ခိုးဝှက် အရောင်းအဝယ်လုပ်ခဲ့တဲ့လူမှာ လှည့်ကွက်တွေ ရှိနိုင်ပေမယ့် ဒီအဆင့်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါ။

သွေးနဲ့ချီဟာ နဂါးအဖြစ် ပြောင်းလဲသွားတဲ့ ချီသွေးအသွင်ပြောင်းခြင်းအဆင့်ခုနစ်အထက်က ဒီလို အဆင့်မြင့်ပညာရှင်တစ်ယောက်ဟာ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ သောင်းစုတပ်မှူးရာထူးအတွက်တောင် အရည်အချင်း ပြည့်မီနိုင်သည်။

စူးချန်ခုန်းရဲ့ ချီနဲ့သွေးရဲ့ ပေါက်ကွဲအားအောက်မှာ အနက်ရောင်သံချပ်ကာဝတ်ထားတဲ့ ခွန်အားကြီးသူရဲ့ ဦးခေါင်းအထက်၌ လွင့်မျောနေသော ဝံပုလွေမြူခိုးဟာ ဖိနှိပ်ခံလိုက်ရပြီး ပျောက်ကွယ်သွားတော့မယ့် အနေအထားမှာ ရှိနေ၏။ အားကောင်းတဲ့ တုန်လှုပ်မှုကြောင့် စူးချန်ခုန်းရဲ့ ပခုံးထက်က သူ့လက်ချောင်းတွေကို မသိစိတ်အရ လျော့လိုက်သည်။

"မင်း ငါ့အရိုးတွေအားလုံးကို ချိုးချင်တယ်ပေါ့။ ဒါဆို... ငါ မင်းရဲ့အရိုးတွေအားလုံးကို ချိုးပေးမယ်လေ။" စူးချန်ခုန်းရဲ့ မျက်လုံးတွေဟာ သွေးဆာမှုနဲ့ တောက်ပနေပြီး ရှည်လျားတဲ့ ချီသွေးနဂါးဟာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေကာ သူ့ရဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အရှိန်အဝါကြောင့် အနက်ရောင်သံချပ်ကာဝတ်ထားတဲ့သူရဲ့ နဖူးကနေ ချွေးတွေ အများကြီး ထွက်လာသည်။

"ဆုတ်” တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်လိုက်သည်နှင့် အနက်ရောင်သံချပ်ကာဝတ်ထားသော လူသန်ကြီးကက ချက်ချင်း ဆုတ်ခွာလိုက်သည်။

“ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း”

သို့သော် ထိုလူ မဆုတ်ခွာနိုင်မီတွင် စူးချန်ခုန်း၏ လက်သီးများကို ပြင်းထန်စွာ ထုတ်လိုက်ပြီး မိုးရေစက်များကဲ့သို့ သိပ်သည်းကာ အရိပ်များကို နောက်သို့ လိုက်လာပြီး အနှီလူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းဟာ ပေါက်ကွဲသံများနှင့်အတူ အရိုးများကျိုးသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

အနက်ရောင်သံချပ်ကာဝတ်ထားသော လူသန်ကြီး၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး သဲအိတ်ကဲ့သို့ မီတာပေါင်းများစွာ နောက်ပြန်လွင့်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

“အဟွတ်၊ အဟွတ်၊ အဟွတ်…”

သွေးများ အဆက်မပြတ် ချောင်းဆိုးနေသော ထိူလူသည် ထိုနေရာတွင် လဲလျောင်းနေပြီး သံချပ်ကာတွင် လက်သီးရာများဖြင့် နက်နက်ရှိုင်းရှိုင်း ချိုင့်ဝင်နေ၏။ သူ့ခန္ဓာကိုယ်တွင် အရိုးတစ်ချောင်းမျှ အကောင်းတိုင်း မရှိတော့ဘဲ မြေပြင်ပေါ်တွင် ပျော့ခွေနေပြီး လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်နိုင်တော့။

ဤအနက်ရောင်သံချပ်ကာဝတ်ထားသော လူသန်ကြီးက စူးချန်ခုန်း၏ အရိုးအားလုံးကို ချိုးပစ်မည်ဟု ပြောခဲ့သောကြောင့် အပြန်အလှန်အားဖြင့် စူးချန်ခုန်းသည် ထိုခံစားချက်ကို ကိုယ်တိုင် ခံစားခွင့်ပေးလိုက်သည်။

“အရှင် လီကျွမ်း”

မြင်းစီးစစ်သည် အများအပြားဟာ ထိတ်လန့်တကြား အော်ဟစ်ခဲ့ကြပြီး သူ့ကို ခေါ်ဆောင်သွားပြီး ဒဏ်ရာတွေကို စစ်ဆေးဖို့ လူတော်တော်များများ အမြန်ဆင်းလာကြသည်။ ဒီထောင်စုမှူးအဆင့် ကျွမ်းကျင်ပညာရှင်ဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှုံးနိမ့်သွားတယ်ပေါ့။

စူးချန်ခုန်းဟာ ​​သွေးရောင်နဂါးရှည်နဲ့အတူ ဆူပွက်နေပြီး သူ့ရဲ့အစွယ်တွေနဲ့ ခြေသည်းတွေကို ဖြန့်ကျက်ကာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေ၏။

တကယ်တော့ ဒါဟာစူးချန်ခုန်းဟာ ​​ချီသွေးအသွင်ပြောင်းခြင်းအဆင့်ခုနစ်ကို ရောက်ပြီးကတည်းက သူ့ရဲ့စွမ်းရည်တွေကို အများရှေ့မှာ ပြသခဲ့တာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ဖေချန်..ဘာလို့ ဒီကို ကိုယ်တိုင်မလာတာလဲ.”

စူးချန်ခုန်းဟာ ​​သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်ပြီး အဝေးက အံ့အားသင့်နေတဲ့ ဖေချန်ကို စိုက်ကြည့်ပြီး လှောင်ပြုံးပြုံးပြလိုက်သည်။

ဖေချန်ရဲ့မျက်နှာဟာ အုံ့မှိုင်းနေ၏။ “ချီသွေးနဂါးရှည်လား။ ဒါကြောင့် မင်းငါ့ကို ဆန့်ကျင်ရဲတာပေါ့။ အားလုံး တိုက်ကြ။ သူ့ကို အနိုင်ယူကြ”

အစက ဖေချန်ဟာ သူ့ရဲ့မြင်းတပ်အများစုကို ကျောက်ချန်ချီးနဲ့ ကြယ်ပုံစံရွှေကို ခိုးရောင်းနေတဲ့ တခြားသူတွေကို ဖမ်းဆီးဖို့ ခေါ်ဆောင်လာခဲ့တာဖြစ်သည်။ တကယ်တော့ စစ်ရေးလေ့ကျင့်မှုတစ်ခုသာ။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ကြယ်ပုံစံရွှေကို ဝယ်ယူသူဟာ ချီသွေးအသွင်ပြောင်းခြင်း အဆင့်ခုနစ်ရဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေခဲ့သည်။ အဲဒီလိုဖြစ်ခဲ့တဲ့အတွက် တကယ့်တိုက်ခိုက်ရေး လေ့ကျင့်မှုအတွက် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုဖြစ်သည်။

All Chapters