အခန်း (၁)
Vol. 1 Ch. 1
-ဗီးးး ဘီးးး ဗီးးး ဘီးးးး
ခေါင်းအုံးအောက်က ဖုန်းတုန်ခါသံက သူ့ခန္ဓာကိုယ်ကိုပါလှုပ်နှိုးလိုက်သည်။ ဂျယ်ဂန်းမျက်လုံးနှစ်ဘက်ကို လေးကန်စွာဖွင့်လိုက်ပြီး အယ်ဒီတာ့ဆီကလာတဲ့ဖုန်းများလားလို့ စိတ်လှုပ်တရှားကြည့်လိုက်သော်လည်း စိတ်ပျက်စွာပဲ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းကောင်း ပတ်ဂျောင်ဂျင်ဆီကဖြစ်သည်။
“ဟယ်လို…” အပျင်းကြောဆန့်ရင်း ဖုန်းပြန်ဖြေလိုက်သည်။
“ဒီနေ့ဘယ်လိုလည်း”
“ခုမှနိုးတယ် ဒီနေ့ကအလုပ်ဒက်လိုင်းနေ့လေ”
“အိုး, မင်းရဲ့စာချုပ်အသစ်အတွက်လား”
“ဟုတ်တယ်, ဒီနေ့ပဲပြီးသွားတာလေ”
“ကြားရတာကောင်းသား ဒီနေ့ ၇:၃၀ ရှင်ချွန်ကိုလာဖို့မမေ့နဲ့ဦးနော် မှတ်မိသေးတယ်မလား?”
မျက်လုံးတွေကို လေးကန်စွာထပ်ဖွင့်လိုက်ပြီး “၇:၃၀? မင်းဘယ်အကြောင်းကိုပြောနေတာလည်း?”
“အာာာ” ဂျယ်ဂန်းသက်ပျင်းချလိုက်သည်။ သူဒါကိုလုံးဝမေ့တော့မလို့ ဒီနေ့က ကျောင်းပြီးသွားတဲ့ ကျောင်းသားဟောင်းတွေ ညစာစားပွဲရှိတာပဲ။ “ခုဘယ်ချိန်ရှိပြီလဲ?”
“မင်းမှာနာရီတောင်မရှိတော့ဘူးလားဟ? မင်းမြန်မြန်လုပ်ရင်ကောင်းမယ်နော် ခုက ငါးနာရီထိုးပြီးသွားပြီ။ ငါမီတင်ရှိသေးလို့သွားရဦးမယ် ခနနေတွေ့ကြတာပေါ့”
-တီ…
ဖုန်းချလိုက်ပြီးနောက် ဟာဂျယ်ဂန် သူရဲ့ကိုက်ခဲနေတဲ့ခန္ဓာကိုယ်ကို ရေချိုးခန်းဆီသယ်သွားလိုက်သည်။ သူမြန်မြန်လုပ်ဖို့လိုနေပြီ။
-ဟူးးးးးးး
“အာား စောက်ရမ်းအေးတယ်ဟ” ရေအေးများက သူ့ကိုယ်ပေါ်ကျဆင်းလာသည်။
ဂတ်စ်ဖိုးချွေတာဖို့အတွက် ရေးအေးနဲ့ချိုးဖို့ကလွဲပြီးသူ့မှာတခြားရွေးချယ်စရာမရှိပါ။ ကုန်းပေါ်ရောက်နေတဲ့ ငါးတစ်ကောင်လိုပဲ သူရေကိုအမြန်ချိုးလိုက်သည်။ ထို့နောက် သူ့မှာရှိတဲ့အကောင်းဆုံး ဝတ်စုံကိုထုတ်ဝတ်လိုက်ပြီး အိမ်က အမြန်ထွက်လာလိုက်သည်။
ကားဂိတ်ကိုသွားရင်းအချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ ရထားဘူတာကိုသွားဖို့က ၁၅မိနစ်ကြာမယ်, ရထားစီးရမှာက မိနစ် ၄၀။ သူ့မှာအချိန်ရှိသေးသည်။
‘ဒီနေရာကတော့ အရင်အတိုင်းပဲ’ ချိန်းထားတဲ့ စားသောက်ဆိုင်လေးကိုသူရောက်လာခဲ့သည်။ အရင်က သူဒီဆိုင်ကလေးဆီရောက်ခဲ့တဲ့အချိန်တွေကို မှတ်မိနေသေးသည်။ ဈေးတန်ပြီး အရသာရှိတဲ့အစားသောက်တွေ နောက်ပြီး ဆိုင်ရှင်ကလည်းအတော်လေးဖော်ရွှေသည်။
-ဖတ်..
အနောက်ကနေ တစ်စုံတစ်ယောက်က သူ့ပုခုံးကိုလာပုတ်သည်။
အလန့်တကြားနောက်လှည့်ကြည့်လိုက်တော့ ပြုံးနေတဲ့ ဂျောင်ဂျင်ကိုသူတွေ့လိုက်ရသည်။
“အဲ့လိုမစပါနဲ့ဟ ဟေ့ရောင်ရ။ ခုတလော ငါ့နှလုံးကအတော်လေးအားနည်းနေတာ”
“မင်းဒီမှာဘာရပ်လုပ်နေတာလည်း မဝင်တော့ဘူးလား”
“အရင်က အမှတ်တရတွေကိုပြန်တွေးနေတာ ဒီနေရာက အရင်အတိုင်းပဲရှိနေသေးတာပဲ”
“ဟုတ်ပ အတော်လေးတောင်ကြာခဲ့ပြီ။ အထဲသွားကြရအောင်”
ဆိုင်ကလေးရဲ့ထောင့်မှာ လူအယောက်နှစ်ဆယ်စာ စားပွဲဝိုင်းလေးရှိသည်။ ဆယ့်ရှစ်ယောက်ကလာခဲ့မယ်လို့ပြောထားကြတာဖြစ်သည်။ သူတို့ထဲက အတော်များများကရောက်နေပြီ ဖြစ်ပြီး စကားပြောနေကြသည်။
“ဟေးးး မတွေ့တာတောင်ကြာပြီနော်”
“မင်းတို့နှစ်ယောက် ကောလိပ်မှာတည်းက တပူးပူးတတွဲတွဲပဲ အခုကော ချိန်းတွေ့နေကြတာတော့ မဟုတ်ဘူးမလား” တခြားလူများကလည်းသူတို့ကိုပြန်နှုတ်ဆက်ကြသည်။
ဂျယ်ဂန်နှင့် ဂျောင်ဂျင်တို့သူတို့နေရာမှာထိုင်ရင်း ပြန်နှုတ်ဆက်လိုက်သည် “အားလုံးအဆင်ပြေကြတယ်မလား, ဟိုဂျင် မင်းက အခုထိနုနေတုန်းပဲ ဘာမှမပြောင်းလဲပါလား”
“ငါ့ကိုလာပြီးဟာသလုပ်မနေနဲ့ အသားရေကြောင့် မျက်နှာသွားပြင်ရမလားတောင် စဉ်းစားနေတာ”
“မင်းကတကယ်နောက်တတ်တာပဲ ခုထိ အသက် ၃၀ တောင်မပြည့်သေးဘူး အဓိပ္ပါယ်မရှိတာတွေတွေးနေတယ်။ မင်းရဲ့မျက်နှာ လှလှလေးကိုမဖျက်စီးပါနဲ့”
“ဒီလိုပါပဲ ငါသိပြီ။ အလှအပကြောင်းပြောမယ်ဆို ငါ့ဘေးလာခဲ့လေ ဒီနေ့ငါနင့်ကိုဂရုစိုက်ပေးမယ်။” ဟိုဂျင်က လက်ယပ်ပြီးသူ့ကိုခေါ်လိုက်သည်။
ဂျောင်ဂျင် မျက်နှာဝင်းသွားပြီး သူမနဲ့ သူရဲ့အလယ်ကိုရောက်လာသည်။
“ဟေး သူ့ကိုပဲအာရုံစိုက်မနေကြနဲ့ဦး ဒီကသနားစရာကောင်းတဲ့ ပရိုဂျူဆာလေးကိုကြည့်ဦး ဒီပရိုဂျူဆာလေးက တစ်ပတ်လုံးနှာခေါင်းသွေးထွက်မတတ်ထုတ်ခဲ့တဲ့ အိုင်ဒီယာတွေက နောက်ဆုံး အမှိုက်ပုံးထဲမှာပဲ အဆုံးသတ်သွားတယ်လေ”
“အိုး နင် ဒီလိုဖြစ်ခဲ့တာလား” သူမကရယ်လိုက်သည်။ “နင်လည်း ဒီလာခဲ့လေ သောက်ကြရအောင်”
ပြုံးနေရင်းဖြင့် သူမဘေးကိုခွက်ကိုင်ပြီးသွားလိုက်သည်။
သူတို့ရှေ့ဘက်မှာထိုင်နေတဲ့ မီနာလို့ခေါ်တဲ့မိန်းကလေးက “မင်းတို့ကတကယ်ကြီးအတင့်ရဲနေကြတာပဲ နင်တို့နှစ်ယောက်အခုဒိတ်လုပ်ဖို့အဆင်သင့်ဖြစ်နေကြပြီမလား နင်ကောဘယ်လိုထင်လည်း ဂျယ်ဂန်?”
“ဟုတ်တယ် သူတို့ပြောတာကို နားထောင်ပြီး ငါလည်းအဲ့လိုပဲထင်တယ်” သူအလေးအနက်ပြန်ပြောလိုက်သည်။
ဂျောင်ဂျင်နဲ့ ဟိုဂျင်တို့ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်လိုက်ကြသည်။ ဂျယ်ဂန်းရဲ့ နှုတ်ခမ်းကပြုံးသွားသည်။
အပြင်ကနေတစ်စုံတစ်ယောက်လမ်းလျောက်သံကြား၍ အားလုံးလှမ်းကြည့်လိုက်ကြသည်။ သူတို့နဲ့ တစ်ချိန်တည်းကျောင်းပြီးတဲ့ အိုမြောင်ဟွန်းကဝတ်စုံပြည့်ဖြင့် ယုံကြည်ချက်ရှိစွာသူတို့ဘက်သို့ လက်လှမ်းပြနေသည်။
“ဟေး ဒီလာခဲ့လေ”
“မင်းရဲ့ဘဝကော ဘယ်လိုလဲ?”
“အေးဆေးပဲမလား?”
သူတို့ရောက်စကအခြေအနေနဲ့မတူပဲတုံ့ပြန်မှုကပိုအားကောင်းသည်။ အထူးသဖြင့် မိန်းကလေးများက ပိုပြီးတက်ကြွစွာနှုတ်ဆက်ကြသည်။
“တကယ့်ကိုအောင်မြင်နေတဲ့သူပဲ မင်းရဲ့ဝတ်စုံက အတော်လေးဆွဲဆောင်မှုရှိတာပဲ”
“မင်းဘာတွေပြောနေတာလည်း ဒါကအစပဲရှိပါသေးတယ်” သူက အလေးအနက်ပြန်ပြောလိုက်ပြီး ဂျယ်ဂန်းရှေ့တည့်တည့်မှာဝင်ထိုင်လိုက်သည်။
“အတော်တောင်ကြာခဲ့ပြီပဲ ဟုတ်တယ်မလား” သူ့လက်ကိုထုတ်ရင်းပြောလိုက်သည်။
“ဟုတ်ပ အတော်တောင်ကြာခဲ့ပြီ” ဂျယ်ဂန် ကြောင်တောင်တောင်နှင့်ပြန်ဖြေလိုက်သည်။ သူ့စိတ်တွေကမငြိမ်သက်တော့ပါ။
ကျောင်းပြီးတဲ့နောက်မှာ လူတိုင်းက စာရေးဆရာဖြစ်လာကြတာမှမဟုတ်ပဲ။ ဒါက တကယ့်ကို အာမခံချက်မရှိတဲ့အလုပ်တစ်ခုပဲလေ။ တစ်ချို့က ဂိမ်းကုမ္ပဏီတွေမှာ ဂိမ်းခန်းရေးဆွဲရတဲ့သူတွေဖြစ်လာကြတယ် ဥပမာ ဂျောင်ဂျင်လိုပေါ့။ အနှစ်ချုပ်လိုက်ရရင် အခုတွေ့ဆုံပွဲမှာ စာရေးဆရာကနှစ်ယောက်ပဲရှိတယ်။
တစ်ယောက်က ဂျယ်ဂန်း နောက်တစ်ယောက်ကတော့ သူ့အရှေ့မှာထိုင်နေတဲ့ မြောင်ဟွန်း
မြောင်ဟွန်းကလက်ရှိမှာ အောင်မြင်နေတဲ့စာရေးဆရာတစ်ယောက်ဖြစ်ပြီး ရိုမန့်နိုဘယ်စာအုပ် သုံးအုပ်ရေးထားသည်။ ထိုထဲက တစ်အုပ်ဆို ဆုကြီးတောင်ရလိုက်သေးသည်။ ဒရာမာအနေနဲ့ ပြန်ရိုက်ဖို့အတွက်တောင် ဆုံးဖြတ်ခြင်းခံထားရတာဖြစ်သည်။
မြောင်ဟွန်းက စာရေးဆရာတွေထဲမှာအောင်မြင်တဲ့သူဖြစ်တဲ့အလျောက် သူ့ရဲ့လစာကလည်း တစ်သန်းကျော်နေပြီးဖြစ်သည်။
“မင်းအခုတလောဘာတွေလုပ်နေတာလည်း?” မြောင်ဟွန်းက မေးလိုက်သည်။
‘ဒါသက်သက်လာဆွနေတာပဲ။ အဖြေသိပြီးသားကိုလာမေးနေတာ တမင်ရန်စနေတာမဟုတ်ဘူးလား’
ဂျောင်ဂျင်းက သူ့စိတ်ကိုဖတ်လိုက်သလိုပဲ ပြန်ဝင်ဖြေလိုက်သည်။ “မင်းဘယ်လိုထင်လည်း? သူစာအုပ်ရေးနေတာပေါ့”
“အိုး မင်းစာရေးနေတုန်းပေါ့” သူက ရေးနေတုန်း ဆိုတဲ့စကားလုံးကို အနည်းငယ်ဖိပြီးပြောလိုက်သည်။
“ဟုတ်တယ် ငါစာဆက်ရေးနေတုန်းပဲ မင်းတစ်ခုခုသောက်ဦးမလား?” အပြုံးတုတစ်ခုဖြင့် ဂျယ်ဂန်းပြန်ဖြေလိုက်သည်။
“အေး ကျေးဇူးပဲ”
“မင်းအောင်မြင်နေတာ ငါကြားပါတယ်။ ဂုဏ်ယူပါတယ်။”
“အိုး ဒါကဘာမှမဟုတ်ပါဘူး ဒါက ဒရာမာပြန်ရိုက်ဖို့လုံလောက်တယ်လို့ အသိမှတ်ပြုခံရရုံလေးတင်ပါ”
ဂျယ်ဂန်းလက်တွေက သောက်စရာထည့်ပေးရင်းအနည်းငယ်တုန်နေသည်။ သူဒါကိုထိန်းလိုက်ရင်း အလျင်မြန်ပဲ သောက်စရာထည့်လိုက်ပြီး ပုလင်းကိုပြန်ချလိုက်သည်။
“မင်းဘာတွေရေးဖြစ်လည်း?” မြောင်ဟွန်းမေးလိုက်သည်။
“ငါလား ငါ ခုတလော သိုင်းဝတ္ထုရေးနေတာ စာချုပ်အတွက်ပေါ့”
“အာာ သိုင်းဝတ္ထုလား ဒါအတွက်ပိုက်ဆံကောရလို့လား တစ်အုပ်ကို ဒေါ်လာတစ်ထောင်တောင်ရရဲ့လား?”