← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

“ဟုတ်ကဲ့ ရတာပေါ့ ကျေးဇူးပြုပြီးဆက်ပြောပါ”

အယ်ဒီတာချုပ်က သက်ပျင်းချလိုက်ပြီးဆက်ပြောသည်။

-တကယ်တော့ ငါတို့အနေနဲ့မင်းနဲ့လက်ရှိပရောဂျက်ကိုစိုးရိမ်မိတယ်။

“ဒါကဘာကိုဆိုလိုတာလည်းမသိဘူး..”

-ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ယောက်အနေနဲ့ စိတ်ကူးယဉ်ကမ္ဘာဆီရောက်သွားတဲ့ ဇာတ်ကြောင်းကအတော်လေးကောင်းပါတယ် ဒါပေမယ့်စိတ်ကူးယဉ်ဇာတ်ခမ်းတွေကနည်းနည်း… တခြားဟာတွေထက် ဇာတ်လိုက်ကအိုဗာပါဝါဖြစ်နေတဲ့ကောင်လေးတစ်ယောက်လေ ဇာတ်အိမ်က ကျင့်ကြံရင်းပိုပိုပြီးအင်အားကြီးမားတဲ့ရန်သူတွေနဲ့ရင်ဆိုင်ရတာမျိုးဖြစ်သင့်ပေမယ့်လည်း သူ့ရဲ့အလုပ်အကိုင်ကပန်းပဲပညာဖြစ်နေတာကနည်းနည်းပျင်းစရာကောင်းနေတယ်။

ဂျယ်ဂန်းသက်ပျင်းခိုးချလိုက်သည်။ ဖုန်းကိုင်ထားရင်းသူ့ရဲ့ရှေ့ဘက်ကိုငေးကြည့်နေသည်။ မရေမတွက်နိုင်လောက်တဲ့လူတွေက ပျော်ရွင်စွာပဲသူ့ရှေ့ကနေဖြတ်သွားလာနေကြသည်။ ကြည့်ရတာသူကလွဲရင်လူတိုင်းက ပျော်ရွင်ဖွယ်ဘဝမှာနေထိုင်နေကြသယောင်ပင်။

အယ်ဒီတာချုပ်ကဆက်ပြောသည်။

-မစ္စတာဟာ မင်းကအမြဲတမ်းကြိုးစားပြီးစာရေးနေတဲ့သူတစ်ယောက်ပါ။ ဒါကိုငါလည်းသိပါတယ် ဒါပေမယ့် မင်းအနေနဲ့မင်းရဲ့ဇာတ်အိမ်မှာ အပေါက်မရှိအောင်ကိုကြိုးစားပြီးရေးတာက မင်းရဲ့စာအုပ်အတွက် ဖျော်ဖြေရေးကဏ္ဍတွေလစ်ဟာနေစေတယ်။

“ဟုတ်ကဲ့”

-မင်းအနေနဲ့ဒီစာအုပ်ကိုထုတ်ဝေချင်တယ်ဆိုရင်လည်း ငါတို့လုပ်ပေးရမှာပါပဲ။ ဒါပေမယ့်ငါတို့အနေနဲ့ မင်းရဲ့အာမခံလျော်ကြေးကိုအနည်းငယ်လျော့ချရလိမ့်မယ် မင်းအနေနဲ့လည်းစာအုပ်ရောင်းအားကို အများကြီးမမျော်လင့်နိုင်လောက်ဘူး။ နောက်ပြီး ဒါကမင်းအတွက်စာချုပ်ကိုလည်းစောပြီး ရပ်တန့်တာတောင်ဖြစ်သွားနိုင်တယ်။ ကြည့်ရတာစာအုပ်အနေနဲ့ဖြန့်ချီတာထက် အွန်လိုင်းစာအုပ်အနေနဲ့ ဖြန့်ဝေတာက မင်းအတွက်ပိုပြီးအဆင်ပြေနိုင်မယ်။

ဂျယ်ဂန်ငုတ်တုတ်ထိုင်လိုက်သည်။ သူ့မျက်လုံးထဲမှာတိမ်မဲတွေအုံ့ဆိုင်းနေပြီဖြစ်သည်။

အယ်ဒီတာချုပ်ကစိတ်ခံစားချက်မပါတဲ့လေသံဖြင့်ဆက်ပြောသည်။

-ဒါတောင်မှမင်းအနေနဲ့မင်းရဲ့အရင်စွမ်းဆောင်ချက်တွေကိုမကျော်နိုင်သေးဘူး အရင်ထက်တောင်ပိုပြီးဆိုးရွားလာတာလည်းဖြစ်နိုင်လိမ့်မယ်။

ဒါကသူ့အနေနဲ့အရင်လောက်တောင်မကောင်းဘူးလို့ပြောနေခြင်းဖြစ်သည်။ အယ်ဒီတာချုပ်ကသူ့အပေါ် ဘက်မလိုက်ပဲ သမာသမတ်ကျတဲ့အမြင် ကိုပြောနေတာကိုသိပေမယ့်လည်း သူ့ရဲ့နှလုံးသားကိုတစ်စစီဆွဲဖြဲနေသလိုခံစားရသေးသည်။

-ကျေးဇူးပြုပြီးဒီကိစ္စကို စဉ်းစားပြီးငါ့ကိုပြန်ဆက်သွယ်ပေးပါ။ဖြန့်ချီမယ့်အချိန်ကလည်းလိုသေးတော့ မင်းအတွက်စဉ်းစားဖို့ အချိန်ရှိပါသေးတယ်။

“ဟုတ်ကဲ့ပါအယ်ဒီတာချုပ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ကျတော်ပြန်ဆက်သွယ်လိုက်ပါမယ်”

သူ့ရဲ့ခံစားချက်တွေကိုထိန်းချုပ်လိုက်ပြီး သာမန်အသံဖြင့်သာပြန်ဖြေရင်း ဂျယ်ဂန်းဖုန်းချလိုက်သည်။ စီးကရက်ဘူးကိုထုတ်လိုက်ပြီး တစ်လိပ်သောက်လိုက်သည်။

‘တကယ့်ကိုသောက်ချီးပဲ’

အရင်စွမ်းဆောင်ချက်ဆိုတာ ဂျယ်ဂန်းရဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက်ကထွက်ထားတဲ့ စိတ်ကူးယဉ်ဝတ္ထုကိုပြောတာဖြစ်သည်။ နောက်ဆုံးမှာတော့ ပရောဂျက်ရဲ့လုပ်ဆောင်ချက်တွေက ကောင်းမွန်တဲ့တုံ့ပြန်မှုကိုမရခဲ့ပါဘူး။

စီးရီးထဲမှာ စာအုပ်ငါးအုပ်ပါဝင်ပြီး စုစုပေါင်းရောင်းရငွေက ဝမ် ၁၈ သန်းအောက်သာရှိသည်။ ရောင်းအားကိုကြည့်ရင် တစ်အုပ်ကို ဝမ် ၃၆၀,၀၀၀ ဖိုးလောက်သာရောင်းအားရှိသည်။ သူ့အနေနဲ့ စာအုပ်တစ်အုပ်ထုတ်နိုင်ဖို့ တစ်လလုံးမနားပဲကြိုးစားပြီးရေးထားရတာဖြစ်ပြီး တွက်ကြည့်လိုက်ရင်ဒါက အတော်ကိုနည်းတဲ့ဝင်ငွေမဟုတ်လား။

(Translator Note: ဝမ် ၁၈ သန်းက ဒေါ်လာ ၁၈၀၀ ဖြင့်ညီမျှသည်။ ၁ ဒေါ်လာကို ဝမ်တစ်ထောင်ပေါ့ ဝမ် ၃၆၀,၀၀၀ ဆို ဒေါ်လာ ၃၆၀ ဖြစ်ပြီး ဟာဂျယ်ဂန်းအနေနဲ့ တစ်လကို ဒေါလာ ၃၆၀ လောက်သာ ဝင်ငွေရရှိတာဖြစ်သည်။)

လက်ရှိမှာအွန်လိုင်းစာအုပ်တွေခေတ်စားလာတာကြောင့် စာရေးဆရာတွေအတွက်လည်း အခြေအနေ ပိုကောင်းလာတယ်ဆိုပေမယ့် ဒါက ဂျယ်ဂန်းအတွက်တော့ ဝေးလွန်းနေသေးသည်။ သူ့အနေနဲ့ အွန်လိုင်းစာအုပ်ဖြန့်ချီရာကနေရလားတဲ့ ဝင်ငွေက ရှက်ဖို့ကောင်းအောင်ကိုနည်းပါးလွန်းလှသည်။ သူ့အနေဖြင့်အွန်လိုင်းကနေ တစ်လကို ဝင်ငွေ ဝမ် ၁၀,၀၀၀ မကျော်တဲ့အကြိမ်တွေတောင် တစ်ကြိမ်ထက်မနည်း ကြုံတွေ့နေကြဖြစ်သည်။

‘ဒါကပိုက်ဆံကောရလို့လား? တစ်အုပ်ကိုဒေါ်လာတစ်ထောင်(ဝမ်တစ်သန်း) လောက်ရလား?’

မြောင်ဟွန်းရဲ့မျက်နှာကသူ့စိတ်ထဲပြန်ပေါ်လာသည်။ စီးကရက်ကိုကိုက်ထားရင် လက်နှစ်ဖက်ဖြင့်ခေါင်းကိုအုပ်ကိုင်လိုက်သည်။ လက်ရှိမှာသူ့စာအုပ်က တစ်အုပ်ကို တောင် ဝမ် ၃၀၀,၀၀၀ တောင် မရနိုင်တော့တာ ဝမ်တစ်သန်းကိုဘယ်လိုလုပ်ရနိုင်တော့မလည်း? အယ်ဒီတာချုပ်ရဲ့ခန့်မှန်းမှုတွေက လွဲတယ်ဆိုတာနည်းပါတယ်။

‘ငါအားလုံးကိုစွန့်လွတ်သင့်ပြီလား?’

သူ့အနေနဲ့ တစ်လကို ဝမ် ၃၀၀,၀၀၀ တောင်မရပဲနေထိုင်ဖို့မဖြစ်နိုင်ပါ။ လက်ရှိအိမ်ငှားခနဲ့ တခြားအခွန်တွေကိုပါပေါင်းလိုက်ရင် သူ့မှာပေးစရာအဖြေမရှိတော့။

သူ့မှာရွေးချယ်စရာနှစ်ခုသာရှိသည်။ စတိုးဆိုင်တွေမှာအချိန်ပိုင်းအလုပ် ဝင်လုပ်ပြီးစာရေးဖို့ရယ် အားလုံးကိုစွန့်လွတ်လိုက်ဖို့ရယ်။

လက်ရှိမှာအသက် ၂၇ ပြည့်ပြီးဖြစ်သည်။ စိတ်ဓါတ်ကျဖို့ကောင်းလောက်အောင်ကို သူ့ရဲ့ဘဏ်စာအုပ် ထဲမှာ စုထားတဲ့ပိုက်ဆံတစ်ပြားမှမရှိ။ မသိလိုက်ခင်ပဲ မျက်ရည်များက သူ့မျက်လုံးထဲမှကျဆင်းလာသည်။ သူ့အနေနဲ့နောက်တစ်ကြိမ် ပြုံးရယ်နေနိုင်ဖို့ဆိုတာမဖြစ်နိုင်တော့သလို ခံစားနေရသည်။ ဂျယ်ဂန်းသူ့ရဲ့မျက်ရည်တွေကို မသုတ်ပဲအသက်မဲ့တဲ့မျက်နှာဖြင့်သာငေါင်ငေါင်ကြီးရပ်နေမိသည်။

“အိမ်ကိုဂရုစိုက်ပြန်”

ဂျယ်ဂန်တက္ကစီပေါ်ကဆင်းရင်းပြောလိုက်သည်။ နောက်ခုံမှာတော့ ဂျယ်ဂျင်းကစိတ်လွတ်အောင်ကိုမူးနေပြီဖြစ်သည်။

“အေး ဂေ့, မနက်မှစဂါးပြောတာပေါ့ ဂေ့ မက်စတာဒရိုင်ဘာ မောင်းပို့ပေးပါဦး ဂေ့”

ဂျယ်ဂျင်းရဲ့အရက်မူးနေတဲ့စကားသံဆုံးသည်နှင့် အငှားယာဉ်က အဝေးသို့မောင်းထွက်သွားသည်။

ဂျယ်ဂန်းသူ့ရဲ့လက်တွေကိုအိတ်ကပ်ထဲထည့်ရင်း အဓိပ္ပါယ်မဲ့စွာပဲ အိမ်ကိုလမ်းလျောက်လာခဲ့သည်။ သူ့ရဲ့တစ်ခန်းပဲပါတဲ့တိုက်ခန်းလေးကသိပ်မကောင်းတဲ့နေရာမှာရှိတာမလို့ လမ်းပေါ်မှာပဲဆင်းပြီး လမ်းလျောက်ပြန်လာတာဖြစ်တယ်။

ရှင်းလင်းနေတဲ့လမ်းမရဲ့တစ်ဖက်မှာတော့ မြစ်သေးသေးလေးကစီးဆင်းနေပြီး ညာဘက်ခြမ်းမှာတော့ အုံ့မှိုင်းနေတဲ့တောင်တွေရှိသည်။ လူတွေတစ်ယောက်မှမရှိပဲ စိတ်ဓါတ်ကျနေတဲ့ဂျယ်ဂန်းသာတစ်ယောက်တည်းလမ်းလျောက်နေသည်။

‘ဟမ်?’

ရုတ်တရက်ဂျယ်ဂန်းခြေလှမ်းများရပ်တန့်သွားသည်။ သူ့မျက်စိရှေ့မှာပုံမှန်မဟုတ်တဲ့ မြင်ကွင်းကိုမြင်နေရသည်။ သူသောက်ထားလို့ပဲအမြင်တွေမှားနေတာလို့တွေးပြီး နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

တောင်ကြားထဲကိုအသေချာအာရုံစိုက်ပြီးပြန်ကြည့်လိုက်သည်။ ထိုအရာက တစ်စုံတစ်ယောက်ရဲ့ အုတ်ဂူနေရာလေးဖြစ်သည်။ ကျန်ရစ်တဲ့မျိုးဆက်တွေက အချိန်အကြာကြီးမေ့လျော့နေ၍ ပေါင်းပင်တွေကရှည်နေပြီး ခြုံကဲ့သို့တောင်ဖြစ်နေသည်။

ဂျင်ဂန်းရဲ့အာရုံကထိုအရာတွေကြောင့်မဟုတ်ပဲ လဲကျနေသောကမ္မည်းတိုင်ကြောင့်သာဖြစ်သည်။

‘တစ်ယောက်ယောက်ကများတမင်လှဲချလိုက်တာလား?’

သောက်ထား၍ဖြစ်ကောင်းဖြစ်နိုင်သည် သူဝမ်းနည်းမှုကိုခံစားလိုက်ရသည်။ ဒီတစ်သီးတစ်သန့်ဖြစ်နေတဲ့ အုတ်ဂူရဲ့ပိုင်ရှင်အတွက်အမှန်တကယ်ဝမ်းနည်းနေသည်။ ဝမ်းနည်းမှုအပြင် သိလည်းသိချင်နေသည်။ ထိုလူကဘယ်လိုဘဝမျိုးကိုနေခဲ့လို့များ သူ့ရဲ့မိသားစုနဲ့မျိုးဆက်တွေက စွန့်ပစ်ထားရတာလည်း။ သူနေ့တိုင်း ဒီအုတ်ဂူကိုမြင်ခဲ့ပေမယ့်လည်း အခုမှသာပထမဆုံး အုတ်ဂူနဲ့ ပတ်သက်ပြီး ခံစားမိခြင်းဖြစ်သည်။

ဘယ်လိုကိစ္စတွေပဲဖြစ်ခဲ့တာဖြစ်ဖြစ် ဂျယ်ဂန်းအတွက်တော့ အရေးမကြီးပါ။ သူအုတ်ဂူဆီသို့လျောက်သွားလိုက်သည်။ သူတောင်ကုန်းပေါ်တက်ပြီးဆက်သွားလိုက်သည်။ အုတ်ဂူက လမ်းနဲ့မဆက်နေပဲ တစ်သီးတစ်သန့်တည်ရှိနေတာဖြစ်သည်။

“ဝိုး ဒါက ငါထင်ထားတာထက်တောင် ကြီးသေးတာလား?”

ကမ္မည်းကျောက်တုံးကအဝေးကကြည့်လျင် သေးငယ်တယ်ထင်ရသော်လည်း အတော်လေးကြီးသည်။ သူ့လက်နှစ်ဖက်လုံးသုံးပြီး ကျောက်တုံးကိုဆွဲမလိုက်သည်။

-ဂလန့်

သူအားကုန်သုံးပြီးမရင် ကျောက်တုန်းက ဖြည်းညင်းစွာထောင်မတ်လာသည်။ သူ့အားအကုန်သုံးရလို့ လက်မောင်းကြွက်သားတွေကနေလည်ပင်းထိ မျက်နှာမှာတောင် သွေးကြောများထောင်နေသည်။

“ရားးး”

-ခလွန်းးးး

နောက်ဆုံးတော့ ကမ္မည်းကျောက်တုန်းက မူလအနေအထားကိုပြန်ရောက်သွားပြီဖြစ်သည်။ ဂျယ်ဂန်းလက်နှစ်ဖက်ကို ဒူးမှာထောက်ရင်း အငန်းမရအသက်ရှုလိုက်သည်။

“ဟ ဟား ဟူးးး ဟူးးး”

အရက်သောက်ထားတဲ့အပြင် ခွန်အားကိုအပြင်းအထန်သုံးထားရတာကြောင့် လေးလံတဲ့မောဟိုက်သံတွေက သူ့ဆီကထွက်ပေါ်နေသည်။ ဂျယ်ဂန်းတံတွေးတစ်လုတ် ထွေးလိုက်ပြီး လည်ချောင်းထဲက ဘာမှမထွက်လာအောင်ထိန်းနေရသည်။ သူ့အနေနဲ့ ဒီလိုဆက်ဖြစ်နေရင် ညစာစားပွဲမှာ စားထားသမျှတွေအကုန်ပြန်ထွက်လိမ့်မည်။

“ဟူးး ဟူးးးး”

ဂျယ်ဂန်းသူ့အသက်ရှုသံကိုထိန်းလိုက်ပြီး သူ့ဝတ်စုံကိုငုံ့ကြည့်လိုက်သည်။ သူ့ရဲ့လက်မောင်းနဲ့ လက်ဖဝါးနှစ်ဖက်စလုံးက ကမ္မည်းကျောက်တုံးကြောင့် အတော်လေးညစ်ပေနေသည်။

‘ငါကနဂိုတည်းကညစ်ပတ်ပြီးသားပဲ ဘာပဲဖြစ်ဖြစ်ပေါ့’

ဂျယ်ဂန်းအုတ်ဂူဘက်ကိုပြန်လျောက်သွားပြီး အရမ်းရှည်နေတဲ့ပေါင်းပင်တစ်ချို့ကို နှုတ်ပြီးလွင့်ပစ်လိုက်သည်။ မြင်ရတာထက်ပိုပြီးအမြစ်တွယ်နေတာကြောင့် သူ့အနေနဲ့ အားတစ်ချို့သုံးလိုက်ရတယ်။ ဒီအချိန်မှာ ခြံရှင်းဖို့ ဓါးစက်တစ်ခုလောက်အနားမှာကျနေရင် ကောင်းမှာဆိုပေမယ့်လည်း ဒါမျိုးကမဖြစ်နိုင်ဘူးလေ။

သူခဏတာ အုတ်ဂူအရှေ့ပိုင်းနဲ့ ဘေးပတ်လည် ကို ရှင်းလင်းပြီးတဲ့နောက် လမ်းမဘက်ပြန်လှည့်လာခဲ့သည်။

“မီးညောင်”

“ဟာ သောက်ခွေး”

ဂျယ်ဂန်နောက်ပြန်လန်ပြီးတင်ပါးဖြင့်မြေပေါ်ကိုကျသည်။ ထိုနေရာမှာ ကြောင်တစ်ကောင်က အမြီးကိုအပေါ်ဘက်သို့ထောင်ရင်းထိုင်နေသည်။ အပြာရောင်ကုတ်အင်္ကျီအတိုလေးနှင့် ကြောင်တစ်ကောင်ဖြစ်သည်။

“ဘာကောင်လည်းဟ။ အိမ်မွေးကြောင်လား?”

ဂျယ်ဂန်းကြောင်ကိုကြည့်ရင်းပြောလိုက်သည်။ သူ့ရဲ့လည်ပင်းတစ်ဝိုက်မှာ အနီရောင်ကော်လန်ရှိပြီး ကော်လန်အပေါ်တွင် ကိုရီးယားအက္ခရာ ‘ရီခါ’ ဟုရေးထိုးထားသည်။

“ရီခါ? မင်းရဲ့နာမည်လား ရီခါက?”

“မြောင်”

“မင်းဘာလို့ဒီရောက်နေတာလည်း? လမ်းပြောက်တာလား?”

“မြောင် . “

ကြောင်လေးက ဂျယ်ဂန်ကိုကြည့်ရင်းဆက်တိုက် တမြောင်မြောင် အော်နေသည်။ ကြောင်ရဲ့မျက်လုံးကမြင့်နေသလိုခံစားရသည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ ကြောင်ကလေးကစက္ကူသေတ္တာတစ်ခုပေါ်မှာထိုင်နေသည်။ ပိုက်တိပ်တွေနဲ့ ကပ်ထားတဲ့ ခေါက်ဆွဲဘူးတစ်ခု။

“အခုကကောဘာလဲ? တကယ်ကိုကြောင်တောင်တောင်နိုင်တာပဲ”

သတင်းဆိုးတွေနဲ့ပဲပြည့်နှက်နေတဲ့ သူ့ရဲ့ကြောက်ဖို့ကောင်းတဲ့ကမ္ဘာ့အမြင်တွေရဲ့လွှမ်းမိုးမှုတွေကြောင့် ကြောက်လန့်ဖွယ်အတွေးများသာခေါင်းထဲပေါ်လာသည်။ ဂျယ်ဂန် တံတွေးတစ်လုတ်မြိုချလိုက်ပြီး သတ္တိအနည်းငယ်စုစည်းကာ စက္ကူသေတ္တာဗူးဆီသို့ လက်လှမ်းလိုက်သည်။ သူစိတ်ပိုင်းဖြတ်လိုက်ပြီး ဒါကရာဇဝတ်မှုတစ်ခုခုနဲ့ပတ်သက်နေမလားလို့စပ်စုကြည့်မည်ဖြစ်သည်။ ကြောင်လေးကစက္ကူဘုံးပေါ်ကဆင်းလာပြီး သူ့ဘေးနားလာထိုင်နေသည်။

“ဟမ် လက်တော့တစ်လုံးလား?”

စက္ကူသေတ္တာကိုဖွင့်ကြည့်ပြီးတဲ့နောက် ဂျယ်ဂန်းထူးဆန်းတော့အမှုအရာဖြင့်ရေရွတ်လိုက်သည်။ လက်တော့တစ်လုံးက စက္ကူဘောက်ထဲမှာရှိနေသည်။ အကြည့်ဖြင့်တင် လက်တော့ဟောင်းလေးတစ်ခု ဖြစ်ကြောင်းမည်သူမဆိုပြောနိုင်သည်။ လက်တော့ဘေးတွင် ဖောင်တိန်တစ်ချောင်း မတ်ခွက်တစ်လုံးနှင့် အညိုရောင်အနားသတ်မျက်မှန်တစ်စုံကိုသေသေသပ်သပ်ထည့်ထားသည်။

“ဒါတွေက မင်းကိုမွေးထားတဲ့သူရဲ့ပစ္စည်းတွေလား?”

“မြောင်, မြောင် . “

ကြောင်လေးကနားလည်နေသကဲ့သို့ ခေါင်းကိုမြောက်ပြီး အော်လိုက်သည်။ ဂျယ်ဂန်လက်ကိုဂရုတစိုက် ဆန့်ထုတ်ပြီး ကြောင်ကလေးရဲ့လည်ပင်းကိုပွတ်ရန်ကြိုးစား လိုက်သည်။ ကြောင်က သူ့ရဲ့လက်နဲ့ပထမဆုံးထိတွေ့မှု ကိုခံစားရမှာကို ကျေနပ်နေသကဲ့သို့ သူ့အနားပိုကပ်လာသည်။

အဲ့အချိန်မှာပဲ

“ဘာ-ဘာလဲ ဟ?”

All Chapters