← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

ဂျယ်ဂန်းမျက်လုံးများပြူးလျက် ပါးစပ်တောင်မစိနိုင်ပဲ အံ့အားသင့်သွားသည်။ သူကြောင်ကလေးကိုထိလိုက်တဲ့အချိန်မှာ ဖော်မပြနိုင်လောက်တဲ့ခံစားမှုတစ်ခုက လက်မောင်းတစ်လျောက်ကနေ ခန္ဓာကိုယ်ထိကိုဖြတ်သန်းသွားသည်။

“ဘာလည်း ငါသောက်ရမ်းမူးနေတာလားဟ?”

သူ့ရဲ့ခေါင်းကမခံနိုင်လောက်အောင်ကိုက်ခဲလာပြီး သူ့လက်နှစ်ဖက်ဖြင့်ခေါင်းကို ဆုပ်ကိုင်လိုက်ပြီးအော်ဟစ်လိုက်သည်။

“အာ့, ငါအရက်နာကျနေတာထင်တယ်။ ငါနားမှရတော့မယ်။ မင်းလည်းငါနဲ့အတူအိမ်ကိုပဲလိုက်ခဲ့ လိုက်တော့ စက္ကူဘောက်ကိုငါသယ်နိုင်မယ်…”

ဂျယ်ဂန်းရဲ့စကားကိုကြားသည်နှင့်ကြောင်လေးက စက္ကူဘူးပေါ်ကိုခုန်တက်လိုက်သည်။ ဒီချစ်ဖို့ကောင်းတဲ့ မြင်ကွင်းကိုမြင်တော့ ခေါင်းကိုက်တာတောင်ခနသက်သာသွားပြီး ပြုံးလိုက်မိသည်။ သူစက္ကူဘောက်ကို မလိုက်တော့ ကြောင်ကလေးကငြိမ်သက်စွာထိုင်နေပြီး သူဘူးကိုသယ်သွားမှာကိုစောင့်နေသည်။

“မင်းကိုရီခါလို့ခေါ်တာမလား?”

“မြောင် . “

“ငါ့အိမ်မှာမင်းကိုတိုက်စရာနို့ကလွဲလို့ ဘာစားစရာမှမရှိဘူး ရလာ?”

“မြောင် . “

“မနက်ဖြန်ငါနိုးတာနဲ့ မင်းရဲ့ပိုင်ရှင်ကိုငါလိုက်ရှာပေးမယ်။ ငါကဘာမှလုပ်စရာမရှိတဲ့ ဝတ္ထုရေးဆရာတစ်ယောက်လေ အချိန်တွေအားပါတယ်”

“မြောင် . မြောင် . “

အဲ့ညမှာပဲ ဂျယ်ဂန်းအနေနဲ့ အိပ်မက်မက်သည်။ သူ့အနေနဲ့ ဘက်စုံက ဖိအားတွေကြောင့် အိပ်မက်မရှိတော့တာတောင် အတော်ကြာခဲ့ပြီဖြစ်သည်။

အသက် ၆၀ ဝန်းကျင်ခန့်ရှိမယ့် လူအိုကြီးတစ်ယောက်က ဂျယ်ဂန်းကိုပြုံးပြနေသည်။ သူက ဂျယ်ဂန်းနားကိုလာပြီး အကြံဉာဏ်တစ်ချို့ပြောနေသည်။

-မင်းအနေနဲ့ ဝတ္ထုရေးတဲ့အခါမှာ မင်းရေးချင်တာကိုရေးနိုင်တယ် ဒါပေမယ့် ဒီတစ်ခုကိုပဲမှတ်ထား မင်းရေးချင်တဲ့ဇာတ်လမ်းနဲ့ လက်ရှိမှာဝင်ငွေကောင်းနေတဲ့ ဇာတ်လမ်းကြားထဲက ကွာဟချက်တွေကိုသိရမယ်။

-မင်းဖောင်တိန်ကိုကိုင်လိုက်တာနဲ့ မင်းကိုမင်းပေးထားတဲ့ကတိတွေကိုမမေ့စေနဲ့။ မင်းစိတ်ထဲမှာ မင်းစတင်လိုက်တည်းကပေးထားတဲ့ကတိကိုမသွေဖယ်သွားအောင် သတိကပ်ထားရမယ်။

ဂျယ်ဂန်းအရက်နာကျနေတဲ့သူ့ခေါင်းကိုကိုင်ရင်း အိပ်ယာမှနိုးလာသည်။

“မြောင် . “

တစ်ညလုံးသူဘေးမှာစောင့်နေတဲ့ ရီခါကအော်ရင်းသူ့ဘေးကိုကပ်လာသည်။ ဂျယ်ဂန်းရီခါ့ ပါးပြင်ကိုပွတ်လိုက်ပြီး ထရပ်လိုက်သည်။

“မင်းအိပ်ရတာအဆင်ပြေရဲ့လား ရီခါ? ငါအိမ်နီးနားချင်းတွေဆီအရင်သွားကြည့်လိုက်ဦးမယ်။ မင်းဒီမှာကစားစရာတွေနဲ့ဆော့နေရင်းငါအလုပ်စ...”

ဂျယ်ဂန်းစကားကိုအဆုံးမသတ်ပဲရပ်တန့်လိုက်သည်။ သူမျက်လုံးများကျယ်သွားပြီး တုန်လှုပ်ကာ ရီခါ့ကိုကြောက်လန့်တကြားကြည့်မိနေသည်။

“ရီ-ရီခါ, ငါမင်းကိုအရင်တည်းကသိနေတာလား…?”

“မြောင် . “

ဂျယ်ဂန်းအတော်လေးရှုပ်ထွေးနေသည်။ သူရီခါနဲ့အတူဖြတ်သန်းခဲ့တဲ့ နေ့စဉ်ဘဝတွေက စိတ်ထဲမှာပေါ်လာသည်။ ဒါပေမယ့် သူက ဒီကြောင်လေးနဲ့မနေ့ညကမှ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့တာလေ။

“ဘာ-ဘာ ဘာတွေလည်းဟ?”

သူ့ရဲ့မှတ်ဉာဏ်တွေက ရီခါအကြောင်းတင်မဟုတ်ဘူး။ သူအခုမှတွေ့ရှိတဲ့ မှတ်ဉာဏ်တွေကို တစ်ခုခြင်းဆီပြန်တွေးရင်း ခန္ဓာကိုယ်က တုန်လှုပ်လာသည်။ မှတ်ဉာဏ်တွေက အစဉ်လိုက်မဟုတ်ပဲ အကြောင်းအရာတွေက တောင်ရောက်မြောက်ရောက်ဖြစ်နေသည်။

ရီခါနဲ့အတူလမ်းလျောက်ထွက်တဲ့မြင်ကွင်းတွေ, ဘယ်မှာမှန်းမသေချာတဲ့နေရာမှာ ဝတ္ထုရေးတဲ့ပုံရိပ်တွေ, ဒေါသထွက်နေတဲ့ကလေးမလေးတစ်ယောက်က သူ့ကိုရိုက်နှက်နေတာတွေ … ဒီမြင်ကွင်းတွေအားလုံးက လွင့်မြောနေတဲ့မိုးတိမ်တွေလိုပဲ သူ့စိတ်ထဲမှာတစ်ဖြတ်ဖြတ်ပေါ်လာသည်။

မှတ်ဉာဏ်ပုံရိပ်တွေထဲမှာ သူသိတဲ့လူတစ်ယောက်ရဲ့ပုံကဂျယ်ဂန်းစိတ်ထဲပေါ်လာသည်။ ထိုသူကိုကြည့်ရင်း မနေ့ညကအိပ်မက်ကို ပြန်စဉ်းစားလိုက်သည်။

‘ဒါက မနေ့ကအိပ်မက်ထဲက အဖိုးကြီး မလား?’

သူ့ဒီပုံရိပ်ကိုမတွေးမိခင်အထိ မနေ့ညကအိပ်မက်ထဲကအကြောင်းအရာတွေကို လုံးလုံးမေ့နေတာဖြစ်သည်။ ထိုအဖိုးအိုက သူ့ကို အိပ်မက်ထဲမှာ အကြံပေါင်းစုံထိုင်ပေးနေခဲ့တာပဲ။ လူအိုကြီးရဲ့ဘဝမှတ်ဉာတ်အစိတ်ပိုင်းတွေက အကြောင်းအရာတစ်စုံတစ်ခုကြောင့် ဂျယ်ဂန်းစိတ်ထဲကိုရောက်ရှိလာခဲ့တာဖြစ်သည်။

ဂျယ်ဂန်းဖိနပ်တောင်သေချာမစီးနိုင်ဘဲသူ့ရဲ့ တစ်ခန်းထဲရှိတဲ့အိမ်ခန်းကနေပြေးထွက်လိုက်သည်။ နောက်မှာတော့ ရီခါက သူ့နောက်ကနေမှီအောင်လိုက်လာခဲ့သည်။

နောက်ဆုံးတော့ သူအုတ်ဂူရှိတဲ့တောင်ကုန်းပေါ်ကိုရောက်လာခဲ့သည်။ သူကမ္မည်းကျောက်တိုင်ကိုကြည့်လိုက်တဲ့အခါ တုန်လှုပ်သွားသည်။

-ဆုဂန်ဝို (၁၉၅၂-၂၀၁၂)

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မလည်း …”

သူအံကြိတ်ပြီးမြေပေါ်ထိုက်ချလိုက်မိသည်။ သူ့မှတ်ဉာဏ်တွေထဲမှာ နက်ရှိုင်းစွာနစ်ဝင်လာတဲ့ မှတ်ဉာဏ်အသစ်တွေရဲ့ပိုင်ရှင်ကလည်း ဆုဂန်ဝိုပင်ဖြစ်သည်။ ဒါကအဓိပ္ပါယ်ကောရှိသေးလို့လား။ သေသွားတာကြာပြီဖြစ်တဲ့ အခြားတစ်ယောက်ရဲ့မှတ်ဉာဏ်တွေက သူ့စိတ်ထဲမှာ ပေါ်လာတယ်ဆိုတာမျိုးက ဖြစ်မှမဖြစ်နိုင်တာ။ ဂျယ်ဂန်း သူ့ကိုယ်သူပြန်ရိုက်လိုက်သည်။ ဒီနာကျင်မှုက အိပ်မက်မဟုတ်ဘူးပဲ။

“ဘာလဲ? ဒ-ဒါက?”

နောက်ထပ်မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုက သူ့စိတ်ထဲမှာပေါ်လာသည်။ ဆုဂန်ဝိုရဲ့အိပ်လိပ်စာ။

“ဂျွန်ဂိုခရိုင် ပြုံချန်း … ဆိုလ်း?”

ဂျယ်ဂန်းမထိန်းနိုင်ပဲရေရွတ်မိလိုက်သည်။ ပြုံချန်းက သူလက်ရှိနေရာနဲ့တစ်မြို့တည်းမှာရှိသည် သိပ်တောင်မဝေးပါ။ ရထားစီးသွားရင် မိနစ် လေး ငါးဆယ်လောက်သာကြာသည်။

‘ငါသေချာပေါက်သွားကြည့်မှရမယ်’

ဂျယ်ဂန်းအိမ်ကိုအရင်ပြန်ပြီး ခြေလက်သန့်စင်လိုက်သည်။ အဝါရောင်ကျောပိုးအိတ်တစ်ခုထဲကို ကိုမနေ့ကယူလာတဲ့ပစ္စည်းတွေထည့်လိုက်သည်။ လက်တော့တစ်လုံး၊ ဖောင်တိန်ဘောပင်၊ မက်ခွက် နဲ့ မျက်မှန်တစ်လက်။ ယင်းနောက်ကြောင်ကိုပွေ့ကာထွက်လာလိုက်သည်။

“မင်းလည်းလိုက်ခဲ့လိုက်။ ဒါကမင်းအိမ်မဟုတ်လား။”

“မြောင် . “

ဂျယ်ဂန်းရီခါ့ကိုပွေ့ရင်း ရထားထဲဝင်လိုက်သည်။ သူရီခါ့အတွက် တက္ကစီငှားချင်ပေမယ့်လည်း ဘက်ဂျက်အခြေအနေကြောင့် အများသုံးရထားလိုင်းကိုသုံးဖို့ကိုသာရွေးချယ်နိုင်သည်။

“ဟ ဘာလည်းကွ ရထားပေါ်ကိုကြောင်ခေါ်လာရလား”

“ငါ့ကကြောင်နဲ့ဓါတ်မတည့်ဘူးဟ”

“တောင်းပန်ပါတယ် ငါတို့မကြာခင်ဆင်းတော့မှာပါ ခဏပါပဲ”

ခရီးတစ်လျောက်တခြားလူတွေကို တောင်းပန်လာရင်း သူတို့ဆင်းရမည့်နေရာကိုရောက်ရှိလာပြီ ဖြစ်သည်။ ဂျယ်ဂန်း ရီခါ့ကိုဖက်ပြီး ရထားဘူတာကနေအလျင်အမြန်ထွက်လာလိုက်သည်။

‘ကြည့်ရအောင် လိပ်စာက..’

သူလိပ်စာနှင့်နည်းလာသည်နှင့်အမျှ ဗီလာများလည်းများပြားလာသည်။ ရုတ်တရက် ဂျယ်ဂန်းလမ်းကျဉ်းလေးတစ်ခုရှေ့တွင်ရပ်တန့်လိုက်သည်။

“မြောင် . “

ရီခါက ရှေ့ကနေပြေးထွက်သွားသည်။ ဂျယ်ဂန်းရီခါ့နောက်မှလိုက်ရင်း လမ်းသွယ်များစွာကိုသူတို့ဖြတ်ကျော်သွားကြသည်။

ရုတ်တစ်ရက်သူတို့နှစ်ရောက် အိမ်ဟောင်းတစ်ခုရှေ့တွင်ရပ်တန့်လိုက်ကြသည်။ ဂျယ်ဂန်း သူ့ရဲ့မှတ်ဉာဏ်ထဲကအိမ်လိပ်စာနဲ့ကွက်တိကျနေတဲ့ အိမ်နံပါတ်ကိုကြည့်လိုက်သည်။

“ဘာပဲပြောပြောမင်းအိမ်ပဲမလား မင်းသေချာမှတ်မိမှာပေါ့။ ငါတို့အထဲကိုကြည့်ရအောင်”

ဂျယ်ဂန်းဗီလာရှေ့ကိုလျောက်လာလိုက်ပြီး လူခေါ်ခေါင်းလောင်းကိုနှိပ်လိုက်သည်။ အချိန်တချို့ကြာပြီးနောက် လူခေါ်ဘဲလ်ကနေ အိမ်ထဲကလူတစ်ယောက် အသံထွက်ပေါ်လာသည်။

“ဘယ်သူလည်းမသိဘူး?”

“အ ဟုတ်ကဲ့။ ဆုဂန်ဝိုကိုများသိလားမသိဘူးဗျ”

“ … ဘာကိစ္စရှိလို့လဲ?”

အထဲကလူကချက်ချင်းလေသံပြောင်းသွားသည်။ ဂျယ်ဂန်းချောင်းဟန့်လိုက်ပြီး လည်ချောင်းရှင်းကာ အလျင်အမြန်ပြန်ပြောလိုက်သည်။

“သူ့ရဲ့အုတ်ဂူကကျွန်တော်ရဲ့အိမ်နားမှာပါ။ ပြီးတော့ လက်တော့နဲ့ တခြားပစ္စည်းတွေနဲ့ ကြောင်တစ်ကောင်ရောပဲပေါ့။ ဒါက ခင်ဗျားတို့နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေများလားလို့ပါ”

“မင်းဒီနေရာကိုဘယ်လိုရှာတွေ့တာလည်း?”

“လိပ်စာကို စက္ကူဘောက်ထဲမှာ စာရွက်တစ်ရွက်မှာရေးထားတာပါ။ ငါထင်တာတော့ ပို့ဆောင်ရေးလိပ်စာတစ်ခုလိုမှတ်ထားတာလေ သိတယ်မလား”

ဂျယ်ဂန်းလိမ်ပြောလိုက်သည်။ သူ့အနေနဲ့ ဆုဂန်ဝိုရဲ့မှတ်ဉာဏ်တွေကိုရပြီး အိမ်လိပ်စာကိုသိလာတာဆိုပြီး ရူးကြောင်ကြောင်နိုင်တဲ့အဖြေမျိုးကိုပေးလို့မှမရတာ။

“အိမ်လိပ်စာကိုရေးထားတာပေါ့ဟုတ်လား? ဒါကဖြစ်မှမဖြစ်နိုင်တာ ဘာပဲဖြစ်ဖြစ်ပါ ငါတို့အနေနဲ့ ဒီပစ္စည်းတွေကိုမလိုတော့ဘူး ကျေးဇူးပြုပြီးပြန်လိုက်ပါ”

အထဲကလူက တံခါးမဖွင့်ပဲ တံခါးဘဲလ်နဲ့တွဲထားတဲ့ ဆက်သွယ်ရေးဆက်ကနေတစ်ဆင့်သာ ခေါင်းမာမာဖြင့်ပြန်ဖြေသည်။ ဂျယ်ဂန်းအနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။ ခုတော့သူသေချာသွားပြီဖြစ်တယ် ဒီလူကဒီပစ္စည်းတွေကို အုတ်ဂူမှာလာစွန့်ပစ်လိုက်တဲ့သူပဲ။

“တစ်ခုလောက်မေးခွင့်ပြုပါ မစ္စတာ ဆုဂန်ဝိုနဲ့ ဘာတော်လည်းမသိဘူးခင်ဗျ”

ဂျယ်ဂန်းစကားပြောဆက်ကနေတစ်ဆင့်မေးလိုက်သည်။ သူဒါကိုသိချင်သည်။ သူဆုဂန်ဝိုအကြောင်းကိုသေချာသိမှဖြစ်မည်။ ဒီလူအိုကြီးရဲ့မှတ်ဉာဏ်အစိတ်အပိုင်းတွေက ရုတ်တရက်ဆိုသလိုပဲ သူ့ခေါင်းထဲကိုရောက်လာတာမလား။

-ချလမ်းးး

တံခါးကရုတ်တရက်ပွင့်လာပြီး အထဲမှလူတစ်ယောက်ထွက်လာသည်။ ထိုလူက အသက်သုံးဆယ်ခန့်ရှိပြီး တံခါးဖွင့်လိုက်တာကြောင့် နောက်ဆုတ်သွားတဲ့ ဂျယ်ဂန်းကိုကြည့်နေသည်။ မနက်ခင်းဖြစ်တာတောင် ထိုလူ့ဆီမှအရက်နံ့များထွက်နေပြီး မျက်နှာကနီနေသည်။

“မင်းငါ့အဖေရဲ့ကိစ္စတွေသိပြီးဘာလုပ်မလို့လည်း?”

“အ-အဖေဟုတ်လား?”

All Chapters