အခန်း (၅)
Vol. 1 Ch. 5
“ဒီစောက်လူအိုကြီး… ဆောရီးကွာ မင်းကရည်ရွယ်ချက်ကောင်းနဲ့လာခဲ့တာပဲ မင်းအတွက်တော့အလကားအချိန်ကုန်သွားပြီ ဒါတွေက တကယ်တော့ငါတမင်ထားခဲ့တာတွေ”
“တမင်ထားခဲ့တာ? ဒါကမင်းအဖေရဲ့ပိုင်ဆိုင်မှုတွေမဟုတ်လား? ဒီလက်တော့နဲ့ မျက်မှန်ကကော မင်းအဖေရဲ့ အမှတ်တရတွေမဟုတ်ဘူးလား?”
“ဒါကအမှိုက်တွေပဲ ဒါတွေကိုမင်းအဆင်ပြေသလိုလုပ်လို့ရတယ်။ ဒါတွေက ဘယ်မှာမှရောင်းလို့မရတဲ့ပစ္စည်းအစုတ်တွေ”
ထို့နောက် တံခါးပိတ်ဖို့လုပ်လိုက်သည်။
ဂျယ်ဂန်း အမြန်ပဲတံခါးကိုမပိတ်နိုင်အောင် လက်နဲ့ကာလိုက်ပြီးဆက်မေးသည်။
“ခဏလေးနေပါဦး ဒါဆို ရီခါကကော?”
လူကြီးက သူ့ကိုအံ့အားတကြီးပြန်ကြည့်သည်။
“မင်းကဘယ်လိုဖြစ်လို့ အဲ့ကြောင်ရဲ့နာမည်ကိုသိနေတာလည်း?”
“ကော်လန်ပေါ်မှာတွေ့တာ။ ဒါကကောမင်းရဲ့ကြောင်မဟုတ်ဘူးလား? ငါတစ်ခြားတော့မသိပေမယ့် မင်းအနေနဲ့ သူ့ကိုတော့ဆက်မွေးထားသင့်တယ်လေ။”
လူကြီးကအေးစက်စက်ပြုံးလိုက်ပြီး သူ့ဘယ်ဘက်လက်ကိုထောင်ပြလိုက်သည်။ အခုမှထိုလူကြီးရဲ့လက်က ပတ်တီးစီးထားမှန်းဂျယ်ဂန်းသဘောပေါက်လိုက်သည်။
“အဲ့စောက်ကြောင်က ငါ့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာလေ။ ငါသူ့ကိုပြန်ခေါ်ဖို့ကြိုးစားပေမယ့် သူကငါ့ကိုဒီလိုဖြစ်အောင်လုပ်တယ်လေ။ မင်းအနေနဲ့ သူ့ကိုလမ်းဘေးမှာသာထားခဲ့လိုက်တော့ ငါဂရုမစိုက်တော့ဘူး”
“နေ-နေပါဦး”
ဂျယ်ဂန်းတံခါးရွက်ကိုဆွဲထားရင်းပင် သူ့ကိုဘုကြည့်ကြည့်နေတဲ့လူကြီးကိုထပ်မေးလိုက်သည်။
“နောက်ဆုံးမေးခွန်းပါ မင်းရဲ့အဖေကဘာအလုပ်လုပ်လည်းသိလို့ရမလား?”
သူ့အိပ်မက်ထဲက ဆုဂန်ဝိုအကြောင်းတွေးရင်းမေးလိုက်တာဖြစ်သည်။ လူကြီးကခေါင်းငုံ့လိုက်ပြီး သက်ပြင်းချကာပြောလိုက်သည်။
“စာရေးဆရာ”
“စာရေးဆရာ? စာရေးဆရာတစ်ယောက်? သူကစာရေးဆရာတစ်ယောက်လား?”
“ဟုတ်တယ် စာရေးဆရာပဲ အခုလစ်လိုက်တော့”
-ဘမ်းးး
လူကြီးကတံခါးပိတ်လိုက်သည်။ ရီခါကတံခါးပိတ်သံကြောင့်အော်လိုက်သည်။
‘သူ့ကိုစာရေးဆရာတစ်ယောက်လို့တွေးလိုက်ရင်…”
သူ့မတ်တပ်ကောင်းကောင်မရပ်နိုင်တော့ပဲ သံတိုင်နဲ့မှီလိုက်သည်။ သူကဘယ်လိုတောင် သေသွားပြီဖြစ်တဲ့စာရေးဆရာတစ်ယောက်ရဲ့မှတ်ဉာဏ်တွေရရှိလာတာလည်း?
“မြောင် . မြောင် . “
ဂျယ်ဂန်းအော်နေတဲ့ ရီခါကို ကြည့်လိုက်သည်။
ဂျယ်ဂန်းတစ်ခါကဖတ်ဘူးတဲ့ သဘာဝလွန်စာအုပ်ထဲက အကြောင်းအရာတစ်ခုကို ပြန်အမှတ်ရလိုက်သည်။ ကြောင်တွေက သေခြင်းနဲ့ ရှင်ခြင်းကြားထဲကို ဆက်သွယ်ပေးနိုင်တဲ့ တံတားတစ်စင်း။
“ရီခါ မင်းတစ်ခုခုကို သိတယ်မလား?”
“မြောင် . “
ဂျယ်ဂန်းအညောင်းဆန့်လိုက်သည်။ သူကတကယ်ကို ကြောင်တစ်ကောင်ဆီက အဖြေကိုစောင့်နေတာလား။ ကြောင်တစ်ကောင်လေ။ သူတစ်ကယ်ကိုရူးသွားတာလား။ ဒါကရူးနေတဲ့လူတစ်ယောက်ရဲ့လုပ်ရပ်ပဲမလား?
သူအတွေးများစွာနဲ့ပဲ အိမ်ပြန်ရောက်လာခဲ့သည်။
‘နေပါဦး ငါဘယ်လိုပြန်လာတာလည်း?’
သူဘာမှမမှတ်မိပါ။ သူရထားပေါ်ကဆင်းလာတာလည်းမမှတ်မိ။ ကားဂိတ်ကထွက်လာတာတွေလည်းမမှတ်မိ။ တုန်တုန်ယင်ယင်နဲ့ လှေကားပေါ်တက်ကာ အခန်းဆီသို့သာသွားလိုက်သည်။
‘လက်တော့ထဲမှာ ဘာရှိလောက်မလည်း?’
လက်ရှိမှာသူ ဒီစာရေးဆရာ ဆုဂန်ဝိုအကြောင်းကိုအတော်လေးစိတ်ဝင်စားနေသည်။ သူ့မှာဆုဂန်ဝိုရဲ့ မှတ်ဉာဏ်အပိုင်းအစတွေသာရှိတာမလို့ သူ့အကြောင်းကိုသေချာမသိပါ။ သူအဝတ်တွေတောင်မလဲပဲ လက်တော့ကိုထုတ်လိုက်သည်။ အားသွင်းပြီးလက်တော့ဖွင့်ကြည့်လိုက်သည် ကျေးဇူးတင်စရာကောင်းအောင် လက်တော့က အလုပ်လုပ်နေသေးသည်။
‘ဝိုး, ဒါကအတော်လေးဟောင်းနေတာပဲ’
လက်တော့က ပွင့်သွားပြီး ဟုမ်းစခရင်တက်လာသောအခါ သူစိတ်သက်သာရာရစွာ ရယ်မိသွားသေးသည်။
လက်တော့ရဲ့ရမ်က ၂၅၆ မက်ကာဘိုက်သာရှိပြီး စတိုးရေ့ကလည်း လေးဆယ်ဂစ်ဂါဘိုက်သာရှိသည်။ လက်တော့ရဲ့ ဝင်းဒိုးဗားရှင်းကလည်း ၉၈ ဖြစ်ပြီး ၁၉၉၀ ဝန်းကျင်လောက်ကသုံးသော ဝင်းဒိုးဗားရှင်းဖြစ်သည်။
‘ဒီမှာ ဘာမှမရှိဘူးပဲ’
သူ့အနေနဲ့ ဒီစာရေးဆရာနဲ့ပတ်သက်ပြီး ဘာအချက်အလက်မှရှာမတွေ့ပါ။ ဘာရှာဖွေထားတဲ့မှတ်တမ်းမှလည်းမတွေ့။ ပုံမှန်စာရေးတဲ့ဆော့ဝဲလ်အချို့ကလွဲရင် တခြားဘာပရိုဂရမ်မှလည်း မတွေ့ပါ။
ဂျယ်ဂန်းသူ့လက်တော့ကိုဖွင့်လိုက်ပြီး အင်တာနက်ချိတ်ကာ ဆုဂန်ဝို ဆိုတဲ့နာမည်ကိုရိုက်ရှာလိုက်သည်။ လူများစွာရဲ့အချက်လက်များကျလာသည်။ ဆုဂန်ဝိုရဲ့ မွေးရက်နဲ့ သေဆုံးရက်ဖြင့်တိုက်ပြီးရှာလိုက်တော့အခါ မည်သည့်အချက်အလက်မှထွက်မလာပါ။
‘သူကလောင်နာမည်ပဲသုံးတာများလား?’
စာရေးဆရာတွေတော်တော်များများက နာမည်အစစ်အစား ကလောင်အမည်သာသုံးကြသည်။ သူ့မှာတောင် ကလောင်နာမည်တစ်ခုရှိသေးသည်။
သူ့အနေ့နဲ့ ဆုဂန်ဝိုရဲ့အချက်အလက်တွေကိုမတွေ့ဘူးဆိုတော့ ဖြစ်နိုင်ချေနှစ်ခုသာရှိသည် သူကတစ်အုပ်တစ်အုပ်တောင်မထုတ်ဝေဘူးတာဖြစ်ရင်ဖြစ် မဟုတ်ရင် ကလောင်နည်မည်ကိုသာအသုံး ပြုသူဖြစ်မည်။
-ဗီး ဘီးးး ဗီး ဘီးးး
ဖုန်းတုန်ခါသံကသူ့ဆီကထွက်ပေါ်လာသည်။ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ဟာဂျယ်အန်း ဆီမှဖြစ်သည်။ သူမက သူ့ထက် သုံးနှစ်ကြီးသော သူ့အစ်မဖြစ်သည်။
ဂျယ်ဂန်းဖုန်းမကိုင်သေးပဲခဏနေလိုက်သည်။ သူမရဲ့ဖုန်းခေါ်ဆိုမှုက သူ့ကို အတွေးကမ္ဘာထဲမှလက်တွေ့ ကိုပြန်ဆွဲခေါ်ပေးလိုက်သည်။ သူ့အနေနဲ့သူမကိုဝေမျှစရာသတင်းကောင်းမရှိပါ။ သူ့အနေနဲ့ဖုန်းမကိုင်လိုက်ရင်လည်း သူမအနေနဲ့သူ့ကိုစိတ်ပူနေမှာသေချာသည်။ သူမက သူ့ကို အသက် ၂၇ နှစ်ရှိနေပြီဖြစ်သော်လည်း အခုချိန်အထိ ကလေးတစ်ယောက်လိုသာဆက်ဆံနေသေးသည်။ ဂျယ်ဂန်းသက်ပြင်းချပြီး ဖုန်းကိုင်လိုက်သည်။
“ဟေး . “
-နောက်ဆုံးတော့ဖုန်းကိုင်ပြီပေါ့? ငါကနင်အိပ်နေတယ်ထင်ပြီးဖုန်းတောင်ချတော့မလို့။
“မဟုတ်ပါဘူး ငါနိုးနေပါပြီ”
-မင်းစားပြီးပြီလား?
“ဒါပေါ့”
ဂျယ်ဂန်းသူ့ဗိုက်ထဲကဆန္ဒပြနေတာတွေကိုလျစ်လျူရှုပြီးပြန်ဖြေလိုက်သည်။
-ဘာစားထားတာလည်း?
“ဒီတိုင်းအလွယ်ရတာတစ်ခုခုပေါ့။ ငါ့ကိုဒါမျိုးတွေမေးမနေနဲ့တော့ ကျွန်တော် ကလေးမဟုတ်တော့ဘူး။”
-ဟုတ်ပါပြီ မောင်ငယ်လေးကလည်း
“ဟေးးး ဟေးး မစစမ်းပါနဲ့“
သူ့အစ်မကဖုန်းထဲမှရယ်နေပြီးနောက် အလေးအနက်အသံဖြင့်ဆက်ပြောသည်။
-မင်းမနက်ဖြန် အိမ်ပြန်လာမယ်မလား?
“ဟုတ်တယ်”
-ကောင်းတယ် အနည်းဆုံးတော့ အဖေ့ကိုပြန်လာကြည့်ဦးပေါ့ သူလည်းတစ်ဖြည်းဖြည်းအသက်ကြီးလာပြီ
“ကောင်းပါပြီ”
-မင်းရဲ့အသံကဘယ်လိုဖြစ်နေတာလည်း? တစ်ခုခုဖြစ်လို့လား?
သူမစိတ်ပူပန်စွာမေးလိုက်သည်။
ဂျယ်ဂန်းခံစားချက်များမကောင်းတော့ပါ သူ့အနေနှင့်စကားဆက်ပြောရန်စိတ်မပါတော့။
“ဆောရီး ငါအလုပ်တွေက အလျင်လိုနေလို့ အခုစကားဆက်ပြောလို့မရတော့ဘူး နောက်မှတွေ့ကြမယ်”
-ဘိ!
သူဖုန်းကိုအမြန်ချလိုက်သည်။ အစ်မဖြစ်သူက သူစာရေးတာကို အမြဲတမ်းအားပေးနေသူ လည်းဖြစ်သည်။ ဒါကြောင့်သူမက သူ့ကိုနောက်တစ်ခေါက်ဖုန်းထပ်မခေါ်တော့ပါ။
‘တောင်းပန်ပါတယ်’
သူ့အစ်မဖြစ်သူက သူ့ကိုယ်သူ “ရွှေရောင်မိန်းမပျို” လို့ခေါ်လေ့ရှိသည်။ ဒါပေမယ့် သူအသေအချာသိသည်။ သူမရဲ့ဆင်းရဲတဲ့ မိသားစုအတွက်သူမ မှာချိန်းတွေ့ဖို့ အချိန်ဆိုတာမရှိပါ။
‘အခုက ဒါအတွက်အချိန်မဟုတ်သေးဘူး’
ဂျယ်ဂန်းကွန်ပျူတာကိုဖွင့်လိုက်ပြီး စာရေးတဲ့ဆော့ဖ်ဝဲလ်ကို ဝင်လိုက်သည်။ သူ့မျက်လုံးထဲ သူရေးထားတဲ့ စာအုပ်ကပေါ်လာသည်။
‘အခုဟာတွေကဘာတွေလည်း…’
ဒါကစာအုပ်တစ်အုပ်နဲ့တောင်မတူပဲ ဒီတိုင်းဝါကျတွေစုပေါင်းထားတာပဲ။
သူနောက်တစ်ကြိမ် ထပ်ဖတ်ကြည့်လိုက်သည်။
‘ဟမ်..’
ဖတ်ရင်း ဖတ်ရင်းနှင့် ဂျယ်ဂန်းရဲ့မျက်နှာ ဖြူဖျော့လာသည်။
သူ့အနေနဲ့ ပြီးပြည့်စုံတယ်လို့မထင်ထားပေမယ့်လည်း ဒီလိုမျိုးချို့ယွင်းချက်များစွာရှိတယ်လို့တော့ မထင်ခဲ့ပါဘူး။ အခုသူမနေ့က မတွေ့တဲ့အမှားတွေတောင် မြင်နေရသေးသည်။
‘ဒီနားမှာဆို ဒါကမလိုအပ်တဲ့အချက်အလက်တွေပဲ ဒါတွေက စာဖတ်သူတွေအတွက် ပျင်းဖို့ကောင်းမှာ အကုန်လုံးကိုဖယ်ထုတ်ပစ်ဖို့လိုတယ်’
‘ဒီနေရာမှာ ဇာတ်ဆောင်မင်းသားက စကေးအသစ်တွေသင်ပြီး ပိုပြီးရင့်ကျက်လာရမှာ ဒါကမလုံလောက်သေးဘူး နည်းနည်းပိုအသေးစိတ်ကျဖို့လိုဦးမယ်’
‘ဒီမိန်းကလေးက ဘယ်လိုလုပ် ဇာတ်ဆောင်မင်းသားကိုရိုက်နိုင်ရတာလည်? သူမကရူးနေတာလား သူမဒူးထောက်ပြီး ပြန်တောင်းပန်ရမယ်။’
-ကလစ် ကလစ် ကလစ် ကလစ်
သူ့ရဲ့လက်ဆယ်ချောင်းက ကီးဘုတ်ပေါ်တွင်ပျံသန်းသွားသည်။
ဒါကအတော်ကြာခဲ့ပြီပဲ သူ့အနေနဲ့ နောက်ဆုံးအကြိမ်ဒီလိုတက်တက်ကြွကြွ စာရေးခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလည်း? ကီးဘုတ်ပေါ်ကလက်ထိပ်တွေကနေခံစားနေရတာတွေက ကီးဘုတ်ပေါ်လက်ချောင်းတွေပြေးလွှားနေတာမဟုတ်ပဲ အတောင်ပံဖြန့်ပြီးပျံနေသလိုပဲ။