← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

နောက်တစ်နေ့မနက်။

ဂျယ်ဂန်သူ့ရဲ့ဘဏ်အကောင့်ကိုကြည့်ရင်းသက်ပြင်းချလိုက်သည်။ ဝမ် ၂၁ သိန်းကသူ့အကောင့်ထဲတွင်ရှိနေသည်။

‘နောက်ဆုံးတော့ငါအသက်ရှင်ပြီ။”

ဒီနေ့ကသူ့အဖေရဲ့မွေးနေ့ဖြစ်သည်။

အစကသူဒီအတိုင်း လက်ဗလာနဲ့သွားဖို့ပြတတ်နိုင်ပေမယ့် အခုသူ့ဘဏ်အကောင့်ထဲကငွေတွေနဲ့ဆို လက်ဆောင်တစ်ခုခုကို စီစဉ်နိုင်ပြီဖြစ်သည်။

“ရီခါ ငါမင်းအတွက်စိတ်မကောင်းပေမယ့် ဒီနေ့တော့ အိမ်မှာပဲနေခဲ့ကွာ။ ငါ့မိဘတွေက တိရစ္ဆာန်တွေနဲ့သိပ်အဆင်မပြေလို့ ငါမင်းကိုခေါ်သွားလို့မရဘူး။ ငါစောစောပြန်လာခဲ့မယ်။”

“မြောင် . “

ရီခါသူမခေါင်းကိုခါယမ်းလိုက်ပြီး သူမကသူပြောတာကိုနားလည်နေသလိုပဲ သူရဲ့အိပ်ယာပေါ် ခုန်တက်လိုက်သည်။ ဂျယ်ဂန်းအဝတ်အစားကိုအလျင်အမြန်လဲလိုက်သည်။ သူ့အိမ်ကို ရထားစီးသွားရင် တစ်နာရီလောက်ကြာမည်ဖြစ်သည်။

“ငွေသားပေးလိုက်တာကပိုအဆင်ပြေလောက်တယ်။”

ဂျယ်ဂန်းလက်ဆောင်ပေးမယ့်အစီအစဉ်ကိုပြောင်းလိုက်သည်။ သူ့အဖေက သူပေးတဲ့လက်ဆောင်ကိုမကြိုက်ဘူးဆို ဒါက ကြောင်တောင်တောင်နိုင်လွန်းမှာပဲ။ သူငယ်ငယ်တည်းက သူ့အဖေဆီကနေကောင်းတဲ့အရာတစ်ခုမှမကြားဖူးပါ။ သူ့အမေရယ် အစ်မရယ် နှင့်မတူပဲ သူ့အဖေက သူ့အပေါ်အမြဲအေးစက်စွာပဲဆက်ဆံတတ်သည်။

ဂျယ်ဂန်းဘူတာက ထွက်လာပြီးနောက် ဝမ်သုံးသိန်းကို စာအိတ်ထဲထည့်လိုက်သည်။ ကိတ်မုန့်တစ်လုံးကိုလည်းဝယ်လိုက်သေးသည်။ သူ့အဖေကဒါကိုစားမှာမဟုတ်ပေမယ့်လည်း သူ့ရဲ့အမေ နဲ့အစ်မက အချိုကိုကြိုက်သည့်အတွက် သူတို့ကတော့စားမှာပါ။

-တင်း တောင်

ဂျယ်ဂန်းအိမ်ရှေ့ကိုရောက်သောအခါ တံခါးဘဲလ်ကိုနှိပ်လိုက်သည်။

တံခါးပွင့်လာပြီး “မင်းဒီလောက်စောစောရောက်လာမယ်တောင်မထင်ထားဘူး ဘယ်လိုတောင် ဒီလောက်စောစောရောက်ချလာတာလည်း?”

ဂျယ်အန်းနာရီကိုကြည့်လိုက်တော့နှစ်နာရီသာထိုးသေးသည်ကိုသတိထားမိပြီး သူ့ကိုအံ့အားတကြီးမေးလိုက်သည်။ ဂျယ်ဂန်းပြုံးလိုက်ပြီး ဖိနပ်များကိုချွတ်လိုက်သည်။

“မင်းဘာတွေလုပ်နေလည်း?”

“ဒီနေ့ကနားရက်လေ အဲ့တော့ ငါအေးဆေးပဲနေနေတာ”

ဒါကလိမ်ပြောတယ်ဆိုတာဂျယ်ဂန်းသိသည်။ သူမီးဖိုချောင်ကိုကစားပွဲပေါ်မှာ ဟင်းချက်စရာတွေ ဟင်းပွဲတွေနဲ့ စွပ်ပြုတ်တွေကိုလှမ်းမြင်နေရတယ်လေ။ သူမဒါကို မနက်ခင်းတည်းက ပြင်ဆင်ရင်း အလုပ်ရှုပ်နေမှာပဲမလား ဘယ်လိုလုပ်နားနေတာဖြစ်နိုင်မှာလည်း။

“နေ့လည်စာကောစားပြီသွားပြီလား ဟုတ်သား မင်းဘယ်စားရဦးမှာလည်း”

“ဒါနဲ့ အမေကော”

“အဖေနဲ့အတူလမ်းလျောက်ရင်း တောင်တက်ဖို့ ထွက်သွားတယ် သူတို့မကြာခင်ပြန်လာတော့မှာ အရင်စားနှင့်လေ”

“ဟုတ်ကဲ့”

ဂျယ်ဂန်းခုံကိုဆွဲလိုက်ပြီး စားပွဲရှေ့မှာထိုင်လိုက်သည်။

ဂျယ်အန်းကသူ့အတွက် ဟင်းပွဲများစွာပြင်ဆင်ပေးထားသည်။ သူကြိုက်တဲ့ အသားပြားတွေ ကြက်ဥ အမဲသား ကင်ချီဟင်းပွဲတွေနဲ့ ထမင်းကို စားပွဲပေါ်လာချပေးသည်။ ဒါတွေကလုံးဝ သူ့အကြိုက်တွေပဲ။

“အစားအသောက်အတွက်ကျေးဇူးပါ။”

“စားသာစားပါ ထပ်လိုသေးရင်အစ်မကိုပြော”

သူ့အစ်မလက်ရာက အရင်တိုင်းကောင်းနေဆဲဖြစ်သည်။ ဒီအရသာမျိုးက စားသောက်ဆိုင်တွေ မှာစားတဲ့ဟင်းပွဲလက်ရာတွေနဲ့မတူပဲ သူ့အစ်မရဲ့လက်ရာက တစ်မျိုးထူးခြားပါသည်။ ဂျယ်ဂန်းသူမကို စားသောက်ဆိုင်ဖွင့်ဖို့မကြာခဏပြောဖူးသည်။ ဒါကစနောက်ပြီး ပြောတာမဟုတ်ဘူး သူမရဲ့လက်ရာက စားသောက်ဆိုင်ဖွင့်နိုင်လောက်အောင် အဆင့်တန်းမြင့်သည်။

“စားလို့ကောင်းလား?”

“ဘာလို့ဒီလိုမျိုးမေးနေတာလည်း?”

“နင်ကတစ်ယောက်တည်းနေနေရတာမလား ကောင်းကောင်းစား”

“အင်း”

“နင်အိမ်မှာပြန်လာနေရင်ကောင်းမယ်…”

“နင်လည်းသိပါတယ် အဖေ့မှငါ့ကိုမကြိုက်တာ”

“ဒါကြောင့်ပဲ ငါနင့်ကိုလာမှမပြောနိုင်တာ ငတုံး”

“ဟေး”

“ဟမ်?”

ဂျယ်ဂန်းဇွန်းကိုချလိုက်သည်။ ထို့နောက် ပါးစပ်ထဲမှာပြည့်နေတဲ့အစားသောက်တွေကို မြိုချလိုက်ပြီးမှ ပြန်ပြောလိုက်သည်။

“မကြာခင်မှာ ငါအကုန်လုံးအဆင်ပြေသွားတော့မှာ”

“ဟုတ်လား? ဘာကောင်းတာများဖြစ်သွားလို့လည်း?”

ဂျယ်ဂန်းမျက်လွှာချလိုက်ပြီး ရှက်ပြုံးပြုံးလိုက်သည်။

ဂျယ်အန်း သူ့တင်ပါးကိုရိုက်လိုက်ပြီးဆက်ပြောဖို့ပြောလိုက်သည်။

“ဆက်ပြောစမ်းပါ ငါ့ကိုအရမ်းသိချင်အောင်လုပ်နေတာပဲ မြန်မြန်ပြော မြန်မြန်…”

“အယ်ဒီတာက ငါ့စာအုပ်ကိုချီးကျူးသွားတယ်”

“တကယ်လား? အယ်ဒီတာဆိုတာ နင်ငါ့ကိုဖုန်းထဲမှာပြောဖူးတဲ့တစ်ယောက်လား? စည်းကမ်းကြီးတယ်ဆိုတဲ့တစ်ယောက်လေ”

“ဟုတ်တယ် သူကငါ့စာအုပ်ကိုကောင်းတယ်ပြောသွားတာ။ သူကငါ့ကို ပိုက်ဆံအချို့တောင်လွှဲပေးလိုက်သေးတယ်။ ဒါကဘာလို့ငါ…”

သူအစောက ဝမ်သုံးသိမ်းထည့်ထားတဲ့စာအိတ်ကိုထုတ်ပြီး ဂျယ်အန်းဆီကမ်းပေးလိုက်သည်။

“ဒါကသူ့အတွက်လက်ဆောင်ပဲ။ သူကငါ့ဆီကနေဘယ်တော့မှတိုက်ရိုက်လက်ခံမှာမဟုတ်ဘူး ဒါကြောင် နင်ပဲငါ့အစားပေးလိုက်တာပိုကောင်းလိမ့်မယ်”

“ကောင်းပြီ..”

ဂျယ်အန်းစာအိတ်ကိုယူလိုက်သည်။ စာအိတ်ကထင်ထားတာထက်ပိုထူနေတာကြောင့် သူဖွင့်ကြည့်လိုက်သောအခါ အနည်းငယ်လန့်သွားသည်။

“ဒါကဘယ်လောက်တောင်လည်း? ဝိုး ဝမ် သုံးသိန်းပဲ”

“နင်ကလည်း ဒီလောက်လေးကို အရမ်းမအံ့ဩပြနေပါနဲ့ဟ”

“ဟေး နင်နည်းနည်း‌လောက်ပြန်ယူလိုက် အဖေ့ကို ဝမ်တစ်သိန်းလောက်ပေးရင်တောင် လုံလောက်နေပြီ”

“ဟေး မလုပ်ပါနဲ့”

“နင့်အနေနဲ့ နင့်ဘဝကိုပဲအရင်ဆုံးဂရုစိုက်စမ်းပါ။ အလွန့်အကျွံတွေသုံးမနေနဲ့။ ငါတို့တွေကြားမှာ ကြွားစရာတွေမှမလိုတာ”

ဂျယ်ဂန်းခေါင်ခါရင်းသူမလက်ကိုဆုပ်ကိုင်လိုက်သည်။

“ငါကြွားနေတာမဟုတ်ဘူး ဒီနှစ်တွေမှာ ငါက အရှုံးသမားတစ်ယောက်လေ။ အခုအဆင်ပြေလာတဲ့အချိန်မှာ ငါ့အနေနဲ့ နည်းနည်းတော့ပိုသုံးနိုင်ခွင့်ရှိတယ်မဟုတ်လား?”

“ဂျယ်ဂန်…”

“ဝမ် သုံးသိန်းကဘာမှမဟုတ်ပါဘူး။ မကြာခင်မှာ ဝမ်သုံးသန်း ဝမ် သန်းသုံးဆယ် လောက်တောင်ရရင် ရလာနိုင်တော့မှာပါ။ ဒါကြောင့် မငြင်းပါနဲ့တော့ ယူလိုက်ပါ။ ဒီဟာအတွက် ငါဝန်ထုတ်ဝန်ပိုးမဖြစ်ပါဘူး။ အနည်းဆုံးတော့ အဖေ့ကိုလက်ဆောင်တစ်ခု အနေနဲ့ပေးချင် သေးတယ်လေ။”

ဂျယ်အန်းခေါင်းငုံ့လိုက်သည်။ ဂျယ်ဂန်းအံ့ဩသွားပြီး သူမပုခုံကိုကိုင်ကာ ညင်သာစွာပုတ်ပေးရင်း နူးညံ့စွာပြောလိုက်သည်။

“နင်ဘာလို့ငိုနေတာလည်း? မငိုပါနဲ့ နင်ဒီလိုငိုနေရင် ငါပြန်လိုက်မှာနော်”

“ငါငိုနေတာမဟုတ်ဘူး မျက်လုံးထဲဖုန်ဝင်သွားလို့”

“နင်လိမ်နေပြန်ပြီ ဖုန်လား ဘယ်ကဖုန်လည်း”

ဂျယ်အန်းခေါင်းပြန်မော့လိုက်ပြီး မချိပြုံးပြန်ပြုံးပြလိုက်သည်။ သူမရဲ့ နှာခေါင်းကငိုထားသဖြင့် အနည်းငယ် အနီရောင်သန်းနေသည်။

“မင်းကတကယ်ကိုရင့်ကျက်လာတာပဲ မောင်ငယ်လေး”

“ငါ့ကိုကလေးလိုမဆက်ဆံပါနဲ့တော့ဟ ငါတို့ကသုံးနှစ်ပဲကွာတာကို”

“သုံးနှစ်ပဲလား ဒါကဘာကိုဆိုလိုလည်းကောသိရဲ့လား ငါက နင့်ထက် ထမင်း အနပ် သုံးထောင်လောက်ပိုစားထားတယ်လို့ပြောလို့ရတယ် ဒါကြောင့်မင်းဘာပြောချင်သေးလည်း?”

“အော် ဒါကြောင့်နင်ကခုရက်ပိုင်းဝနေတာပဲ”

“ဟေး နင်ရန်လာစနေတာလား? ငါကအမြဲ ကီလိုငါးဆယ်ပဲ။ ဒီနားလာလိုက်စမ်းပါ ခွေးကောင်လေး”

“ဟေး ဟေး တော်တော့ ငါအသက်ရှုလို့မရတော့ဘူး ငါဒီတိုင်းစတာ”

သူမက ဂျယ်ဂန်းရဲ့လည်ပင်းကို သူမရဲ့လက်မောင်းနှစ်ဘက်ဖြင့်ချုပ်ထားလိုက်သည်။ ထိုအချိန်မှာပဲ တံခါးဘဲလ်ကမြည်လာသည်။

-တင်း တောင်

“မင်းကိုတံခါးဘဲလ်ကကယ်သွားတာပဲ”

ဂျယ်အန်း တံခါးသွားဖွင်လိုက်သည်။ ဂျယ်ဂန်းမတ်တပ်ရပ်လိုက်ပြီး တံခါးဘက်သို့ကြည့်လိုက်သည်။ သူ့အဖေနဲ့ အမေက တောင်တက်ပစ္စည်းတွေနဲ့ အတူရပ်နေတာကို တွေ့လိုက်ရသည်။

“အမေတို့ပြန်လာပြီပဲ”

“အိုးးးး ငါတို့ရဲ့ ဂျယ်ဂန်းလေးက အစောကြီးရောက်နေတာပဲ”

သူ့တို့အမေက ဖိနပ်ကိုချွတ်လိုက်ပြီးချက်ခြင်းပဲ ဂျယ်ဂန်းဆီသို့လျောက်လာရင်း ဖက်လိုက်သည်။

သူ့အဖေကတော့ သူမနောက်မှာပဲကျန်ခဲ့ပြီး ဖိနပ်ကိုအေးဆေးချွတ်နေသည်။

“သားဘာလို့ဒီလောက်တောင် ပိန်နေရတာလည်း ခုတလော ခေါက်ဆွဲတွေပဲစားနေတာတော့ မဟုတ်ဘူးမလား?”

“မဟုတ်တာ သားကောင်းကောင်းစားပါတယ်။ အမေလည်း ပိန်သွားတာပဲကို”

“ဒီကလေးကတော့ ကိုယ့်အမေကို ပြန်စနေတာလား? ဒီရက်ပိုင်းဝိတ်ချနေတာလေ။ အချစ်ကလေးကော ဂျယ်ဂန်းကျွန်မကိုရန်စနေတာလို့ ထင်တယ်မလား?”

သူ့အဖေက ဘာမှပြန်မပြောပါ။ သူဖိနပ်ချွတ်ပြီးတော့ မျက်နှာတည်နဲ့ပဲ ဂျယ်ဂန်းဘေးကနေဖြတ်ပြီး သူ့အခန်းကိုသူဝင်သွားသည်။

“ဟွန်း ဒီလူအိုကြီးကတော့။ ဂျယ်ဂန်းစိတ်ထဲထားမနေနဲ့ သူတစ်ခုခုသွားသောက်တာနေမှာ”

“သားအဆင်ပြေပါတယ်”

“ငါသူနဲ့စကားသွားပြောလိုက်ဦးမယ်။ သားအစ်မနဲ့ စကားပြောလိုက်ကြဦး”

အမေက သူ့ပခုံးကိုပုတ်လိုက်ပြီး သူ့အဖေနောက်လိုက်သွားသည်။

သူအခန်းအပြင်ကနေ သူ့အဖေနဲ့ အမေ စကားပြောသံတွေကိုကြားနေရသည်။ တဖြည်းဖြည်းသူတို့စကားပြောတာတွေက ကျယ် ကျယ်လာပြီး နောက်ဆုံး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အော်ကုန်ကြသည်။

“ဘာလို့ဒီလိုမျိုးလုပ်နေတာလည်း ဟန်နီ? ဂျယ်ဂန်းရဲ့ ခံစားချက်တွေကိုထည့်မတွက်တော့ဘူးလား? ဒီနေ့တော့စိတ်တွေခနလျော့ထားစမ်းပါဦး ဟုတ်ပြီလား?”

“ဒီခွေးကောင်က ဘာခံစားချက်တွေရှိမှာမလို့လည်း? သူကိုဘယ်သူက လာခဲ့ဖို့ပြောလိုက်တာလည်း? သူ့မျက်နှာကိုမြင်တောင်မမြင်ချင်ဘူး။ ပြီးတော့ဘာလည်းရှိသေးတယ် စာရေးတာတဲ့လား။ ဟားဟား သူ့ကိုယ်သူတောင် မထောက်ပံ့နိုင်ပဲနဲ့ သူများတွေလို ဝတ္ထုရေးဖို့စိတ်ကူးနေတာလေ။ ခွေးကောင်လေးကို ဘာမှတွေးပေးနေစရာမလိုဘူး မြန်မြန်သာပြန်ခိုင်းလိုက်တော့။ ကိုယ့်ကိုယ်ကို ပညာရှိလုပ်တန်းကစားပြီး ကဗျာတွေပြန်ရေးခိုင်းလိုက်စမ်းပါ “

“နင်ကတကယ်ပဲ ပြောမရတော့ဘူး!”

ဂျယ်ဂန်းသူတံခါးရှေ့ကနေပဲ ထွက်လာလိုက်သည်။ ဂျယ်ဂန်းဖိနပ်ပြန်ဝတ်လိုက်သည်။ သူ့အနောက် က ဂျယ်အန်းကတော့ မျက်ရည်များစို့နေပြီး အချိန်မရွေးငိုတော့မလိုဖြစ်နေသည်။

“ဂျယ်ဂန်း…”

သူမ သူ့မောင်လေးကိုဘယ်လိုနှစ်သိမ့်ပေးရမလည်းမသိတော့ပါ။

သူ့အဖေက မွေးနေ့မှာဒီလိုမျိုးလုပ်လိမ့်မယ်လို့မထင်ထားခဲ့ဘူး။ ဒါက စာရေးဆရာတစ်ယောက်အနေနဲ့ အသက်မွေးဖို့ဆုံးဖြတ်လိုက်တာကြောင့် နောက်ဆက်တွဲတွေပါ။ သူဒီလမ်းကို ရွေးလိုက်တည်းက သူ့အဖေက သူ့ကိုစွန့်ပစ်လိုက်တာပဲ။ သူ့အဖေရဲ့ဒေါသက အခုချိန်ထိကိုဆက်လက်ရှိနေသေးသည်။ ဒီနေ့ကိုပဲကြည့်လေ။

“အမေ့ကို စိတ်မပူဖို့ပြောပေးပါဦး ကျွန်တော်ပြန်တော့မယ်”

“ငါတကယ်ကိုစိတ်မကောင်းပါဘူး ငါနားရက်ရရင်လာခဲ့မယ်နော်”

“နင်လာဖို့မလိုပါဘူး ငါဖုန်းခေါ်လိုက်ပါမယ်”

ဂျယ်အန်းရဲ့ မျက်ရည်ဝဲနေတဲ့ မျက်ဝန်းတွေရှေ့ကနေ ဂျယ်ဂန်းလှည့်ပြီး အိမ်ကထွက်လာလိုက်သည်။ သူဘူတာရုံကိုလမ်းလျောက်လာတဲ့တစ်လျောက် သူ့နှလုံးသားက ဝမ်းနည်းမှုတွေသာမက ဆုံးဖြတ်ချက်ပြတ်သားမှုတွေနဲ့ပါပြည့်နှက်လာသည်။ သူလျောက်လိုက်တိုင်း ဆုံးဖြတ်ချက်ကပိုမိုပြတ်သားလာသည်။

“စောင့်နေလိုက်ပါအဖေ သားပြန်လာမှာ”

ဂျယ်ဂန်းစိတ်ကိုတင်းပြီး နှုတ်ခမ်းကိုက်ထားသည်။

အတိတ်မှာ သူ့အဖေက သူ့ကိုဒီလိုဆက်ဆံတိုင်း သူစာဆက်မရေးနိုင်ပဲ ဆိုဂျူပုလင်းဖြင့်သာ အဖော်ပြုနိုင်သည်။ ဒီလိုဆက်ဆံမှုတွေက သူ့အပေါ်မှာ စိတ်ဒါဏ်ရာတွေများစွာရစေခဲ့သည်။ ဒါပေမယ့် ဒီနေ့ကတော့ အရင်နေ့တွေလိုဖြစ်မှာမဟုတ်တော့ဘူး။ သူ့အနာဂတ်ကအရင်လိုပျောက်ကွယ်မနေတော့ပဲ တစ်စေ့တစ်စောင်းမြင်နေရပြီဖြစ်သည်။ သူခြေလှန်းတွေကိုအမြန်ပဲလျောက်လိုက်သည်။ သူ့အနေနဲ့ စာချုပ်ပြီးမြောက်ဖို့အတွက် သိုင်းစာအုပ်အသစ်ရေးရဦးမယ်လေ။

All Chapters