အခန်း (၈)
Vol. 1 Ch. 8
-ပတ်!
“အာ့ သောက်ခွေး ထပ်ဖြစ်ပြန်ပြီ!”
“မြောင် . “
ကြောင်စာကိုစားနေတဲ့ ရီခါ့က ဒီရိုင်းစိုင်းတဲ့စကားလုံးတွေကြောင့်လန့်ပြီးအော်လိုက်သည်။
ကွန်ပြူတာရှေ့မှာတော့ ဂျယ်ဂန်းကလက်နှစ်ဖက်ဖြင့် သူ့မျက်နှာကိုအုပ်ကိုင်ထားသည်။ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာတော့ အပြာရောင်စခရင်ဖြင့် အယ်ရာမက်ဆေ့ကပေါ်နေသည်။
“ငါပြင်ထားတာတောင်မကြာသေးဘူးလေ အခုထပ်ဖြစ်ပြန်ပြီ”
သူကငြီးတွားနေပေမယ့်လည်း ဒီကွန်ပြူတာက သူနဲ့အတူရှိနေတာအတော်လေးကြာပြီမဟုတ်လား။ ဒါကိုသူကောလိပ်ကျောင်းသားဘဝတည်းက ဝယ်ထားတာဖြစ်သည်။ အခုဆို ဒါက သူအသုံးပြူနေတာ ခုနှစ်နှစ်တောင်ကျော်နေပြီပဲ။
“ချီးပဲ။ အနည်းဆုံးတော့ ငါပရောဂျက်ဖိုင်ကိုပို့ပြီးမှဖြစ်သွားတာတော်သေးတယ်”
သူစီးရီးရဲ့ သုံးအုပ်မြောက်ကို ထုတ်ဝေသူဆီပို့ပေးလိုက်ပြီးဖြစ်သည်။ သူလေးအုပ်မြောက်ကို ရေးနေတဲ့အချိန်မှာ ကွန်ပျူတာကပျက်သွားခြင်းဖြစ်သည်။ ဒါကအဆိုးဆုံးအခြေနေတော့ မဟုတ်ပေမယ့် လက်ရှိမှာတော့ သူစာရေးဖို့ ကြောင်ပျောက်ပြီဖြစ်သည်။
“စက်အသစ်ဝယ်ဖို့အချိန်ကျပြီထင်တယ်”
သူ့အနေနဲ့ကွန်ပျူတာအသစ်ဝယ်မယ့်အကြံကမဆိုးလောက်ဘူးမလား။
လက်ရှိမှာ ဝမ်တစ်သန်းခွဲလောက်စာချုပ်ကနေရဖို့ကျန်နေသေးသည်။ သူ့အဖေကို ဝမ်သုံးသိမ်းပေးလိုက်ပြီး ရီခါ့အတွက်ကတ်ဖုတွေဝယ်ပြီးတောင်မှ စားဝတ်နေရေးအတွက်အများကြီး ကျန်နေသေးသည်။
‘မဟုတ်သေးဘူး အခုငါနားလို့မရသေးဘူး’
ဂျယ်ဂန်း ခေါင်းခါလိုက်ပြီး တခြားအတွေးတွေကိုမောင်းထုတ်လိုက်သည်။ ပိုက်ဆံတွေကများတယ်လို့ထင်ရပေမယ့်လည်း သူ့အလိုလိုကုန်သွားတတ်သည့် သဘောကိုလည်း သူနားလည်သည်။
အိမ်ငှားခနဲ့ အထွေထွေအသုံးပြုခအခွန်တွေက သူလက်ရှိဘက်ဂျက်ကို ဝမ်၁သန်း အောက်ဆွဲချသွားမှာသေချာသည်။ နောက်လတွေအတွက်မတွေးရင်တောင် သူဈေးကြီးတဲ့ ကွန်ပျူတာကို ဘယ်လိုလုပ်ဝယ်လို့ဖြစ်မှာလည်း။ ဒါကတကယ်ကို တစ်ရက်ပဲဘုရင်လိုနေပြီး ကျန်တဲ့ရက်တွေကို ခွေးလိုဖြတ်သန်းချင်တဲ့လူတွေရဲ့အတွေးပဲ။
‘ငါကွန်ပျူတာဆိုင်ကိုတစ်ချက်သွားကြည့်ဦးမယ် ဖယ်ထားတဲ့ အိမ်လစာတစ်လစာလောက်ကို အဲ့မှာသုံးလိုက်လို့အဆင်ပြေပါတယ်’
သူ့ခေါင်းထဲမှာ ဝတ္ထုရေးဖို့အတွက် အကြောင်းအရာတွေကအပြည့်ဖြစ်သည်။ သူ့စိတ်ထဲကအကြောင်းအရာတွေ မပျောက်သွားခင် သူဒါတွေကိုချရေးကိုရေးရမည်။ ဂျယ်ဂန်းထိုင်ခုံကိုကန်လိုက်ပြီး ခုန်ထလိုက်သည်။
အဲ့အချိန်မှာပဲ
“ဟုတ်သား! ငါ့မှာဒါရှိသေးတယ်!”
သူ့အကြည့်ကအခန်းထောင့်ကိုရောက်သွားသည်။ ထိုနေရာမှာတော့ လက်တော့ဟောင်းလေးတစ်လုံးကလှဲလျောင်းနေသည်။ ဟောင်းနေပေမယ့်လည်း စားရေးဖို့အတွက်လောက်ပဲဆို ပြဿနာမရှိလောက်ဘူးမလား။
‘ဒါ့အပြင်အထဲမှာ စာရေးတဲ့ဆော့ဖ်ဝဲလ်လည်းရှိသေးတော့ ဒါကိုယူသုံးရမှာအဆင်မပြေစရာမှမရှိပဲကို’
သူ့ရဲ့ကွန်ပျူတာအပျက်ကို စားပွဲပေါ်ကဖယ်လိုက်ပြီး ဆုဂန်ဝိုရဲ့လက်တော့အဟောင်းလေးကို တင်လိုက်သည်။ လက်တော့ကိုပါဝါကြိုးထိုးလိုက်ပြီး စက်ဖွင့်လိုက်သည်။ ဘီးးး ဆိုတဲ့မြည်သံလေးမြည်သွားပြီး လေးပင်စွာပဲ ဖြည်းဖြည်းခြင်းလက်တော့ပါဝါတက်လာသည်။
‘မင်းကတကယ်ကို့ငါ့ရဲ့ခုနှစ်နှစ်ကြာတဲ့ ကွန်ပြူတာထက်အသက်ကြီးတာပဲ”
-Ringggg!
အယ်ဒီတာချုပ်ဆီမှဖုန်းဝင်လာသည်။
ဂျယ်ဂန်းစာရေးတဲ့ဆော့ဖ်ဝဲလ်ကို ကလစ်နှစ်ချက်နှိပ်ဖွင့်လိုက်ရင်း ဖုန်းကောက်ကိုင်လိုက်သည်။
“ဟုတ်ကဲ့ခင်ဗျ?”
-ဟယ်လို။ တစ်ပတ်တည်းမှာ သုံးအုပ်တောင်ဘယ်လိုရေးလိုက်တာလည်း? မင်းအရင်တည်းကရေးထားတာများလား?
“ဟားဟား ဒီလိုမဟုတ်ပါဘူးဗျာ ဇာတ်လမ်းတွေကိုသူ့အလိုလိုတွေးပြီး ရေးနိုင်သွားတာပါ။”
ဒါကလိမ်တာမဟုတ်ဘူး သူမှတ်ဉာဏ်အသစ်တွေပေါ်လာတည်းက စာရေးရတာကသူ့အတွက်ပြောင်းလဲသွားတာဖြစ်သည်။
ဒါကသူရွေးချယ်ထားတာမဟုတ်ဘူးလေ သူကိုယ်တိုင်ကိုက ပြောင်းလဲသွားတာပဲ။ သူ့မှာ စိတ်အားထက်သန်မှုတွေနဲ့ စိတ်ကူးစိတ်သန်းတွေက ပြည့်နှက်နေသည်။ ဒါတွေကို သူ့အရေးသားတွေကိုကြည့်ပြီးတောင်ပြောနိုင်တယ်။
-ဝိုး ဒါဆိုတကယ်ကြီးကြိုရေးထားတာမဟုတ်ဘူးပေါ့ တစ်ပတ်အတွင်းရေးထားတာဟုတ်လား?
သူမတကယ်ကိုအံ့အားသင့်သွားသည်။
ဂျယ်ဂန်းကပုံမှန်ဆို တစ်လမှ တစ်အုပ်လောက်သာပေးလေ့ရှိသည်။
-ငါစစ်ကြည့်ပြီးပြီ ဒီသုံးအုပ်မြောက်စာအုပ်ကလည်းတကယ်ကိုအဆင်ပြေတယ်။ ဒီစာအုပ်မှာ ပြင်စရာလိုတာတွေလည်းအများကြီးမရှိဘူး။ မစ္စတာဟာ မင်းတကယ်ကို ကောင်းကောင်းလုပ်ထားတာပါ။
“မဟုတ်တာပဲ ဒါကမင်းတို့အနေနဲ့ကျွန်တော့်စာအုပ်ကိုသေချာလေးဆီစစ်ပေးလို့ပါ။”
-မဟုတ်တာ ဟား ဟား ဟား။ ပြီးတော့ ငါ့မှာမင်းအံ့ဩသွားမယ့်သတင်းတစ်ခုရှိသေးတယ်။
“အံအားသင့်စရာလား?”
-မင်းဖုန်းကိုသေချာကိုင်ထားသင့်တယ်နော်
ဒီစကားကိုကြားတာနဲ့ ဂျယ်ဂန်းဖုန်းကိုတင်းတင်းဆုပ်ကိုင်ထားမိသည်။
“ဒါကဘာများလည်း? သတင်းဆိုးတော့မဟုတ်ပါဘူးနော်?”
-ဒါကသတင်းကောင်းလို့ပြောရမှာပဲ။ သူတို့စာအုပ်တွေကို မိတ္ထူဖြန့်ဝေတာမျိုးထပ်လုပ်တာကို မကြိုက်တဲ့စာရေးဆရာမှမရှိတာ ဟုတ်တယ်မလား?
“အမ်…?”
ဂျယ်ဂန်းသူအခုဘာကိုကြားလိုက်လည်းတောင် မယုံနိုင်ပါ။
ငါ့ရဲ့စာအုပ်တွေကိုပြောနေတာလာ? မိတ္ထုထပ်ဖြန်ချီမယ်?
ဂျယ်ဂန်းသူ့နားကိုတောင် သူမယုံနိုင်ပါ။ ဖုန်းတစ်ဘက်မှ အယ်ဒီတာကရယ်နေသည်။
-မင်းနားထောင်နေတုန်းလား မစ္စတာဟာ? ဟယ်လို?
သူမက သူနားထောင်နေတာကိုသိပေမယ့်လည်း သေချာအောင်မေးလိုက်သေးသည်။
ဂျယ်ဂန်းစိတ်လှုပ်တရှားခနလောက်ရှေ့နောက်လျောက်လိုက်မိသည်။ နောက်ဆုံးတော့သူထိုင်ခုံပေါ်ပြန်ထိုင်လိုက်သည်။
“ဟုတ် ဟုတ်ကဲ့ ကျွန်တော် နားထောင်နေပါတယ်”
-မင်းရဲ့စာအုပ်ရောင်းအားကတကယ့်ကိုအံ့အားသင့်ဖို့ကောင်းတယ်။ စာအုပ်ဆိုင်တွေကလည်းကြိုက်ကြတယ်။ ဒါကြောင့်မင်းစာအုပ်ကို နောက်ထပ် အုပ်ရေတစ်ထောင် မိတ္ထူဖြန့်ဝေမလို့ ငါတို့ဆုံးဖြတ်ထားကြတယ်။
“နေပါဦး ဘယ်လောက်လို့ပြောလိုက်တာ? တစ်-တစ်ထောင်လား?”
ဂျယ်ဂန်းသူမပြောတာကိုနားထောင်ရင်း ခြေထောက်တွေတောင်မခိုင်ဖြစ်ချင်လာသည်။ တကယ်ကိုလန့်စရာပဲ။
အင်တာနက်စာအုပ်တွေရဲ့တိုးတက်လာမှုနဲ့အတူ ပုံမှန်စာအုပ်ရောင်းအားတွေကနိမ့်ဆင်းလာခဲ့သည်။ ဒါကြောင့်မိတ္ထူဖြန့်ချီမယ်ဆိုတာနဲ့တင်ကိုအတော်လေးအံ့အားသင့်စရာကောင်းနေပြီဖြစ်သည်။ ဒါတောင်အုပ်ရေတစ်ထောင်ဆိုတာကြီးက တကယ်ကိုမယုံဖွယ်ပင်မဟုတ်လား။
“မင်းနောက်နေတာတော့မဟုတ်ပါဘူးနော်? ကျတော့်ခြေထောက်တွေတောင်မခိုင်ချင်တော့ဘူး။”
ဂျယ်ဂန်းသူမနောက်နေတာမဟုတ်မှန်းသိပေမယ့်လည်း မမေးပဲမနေနိုင်ပေ။ သူ့မျက်လုံးတွေက ခုထိကိုမယုံနိုင်သေးဘူးလေ။
-ဒါမျိုးကိုနောက်ပြောင်ပြီးပြောမယ်လို့ထင်နေတာလား? ဂုဏ်ပြုပါတယ် မစ္စတာဟာ။ ဒါကတကယ်ကို ခက်ခဲခဲ့တဲ့လမ်းခရီးပဲမလား။ မကြာခင်မှာမင်းကပိုက်ဆံအများကြီးရှာနိုင်ပြီး မင်းဘဝကပိုကောင်းလာတော့မယ်။
ဂျယ်ဂန်းစာချုပ်အရဆို သူစာအုပ်တစ်အုပ်ပို ရှစ်ရာခိုင်နှုန်းပါ။
စာအုပ်တစ်အုပ်ကို ရှစ်ဒေါ်လာကျသင့်ပြီး သူ့အနေနဲ့ ဝမ် ၆၄၀ ကိုရသည်။ စာအုပ်အုပ်ရေ တစ်ထောင်အတွက်ဆို ဝမ် ခြောက်သိန်းလေးသောင်းမဟုတ်လား? အခွန် ၃.၃ ရာခိုင်နှုန်း ရှိသေးပေမယ့်လည်း သူ့အတွက်စိတ်ပူစရာမလိုပါ သူ့မှာအမြတ်တွေကကျန်ဦးမှာပဲဖြစ်သည်။
ဂျယ်ဂန်းစိတ်လှုပ်တရှားဖြစ်နေပြီး ဘာမှမတုန့်ပြန်နိုင်သေးခင်မှာပဲ အယ်ဒီတာ့ဆီမှအားပေးသောစကားသံ ဆက်လက်ထွက်ပေါ်လာသည်။
-ဆက်ပြီးကြိုးစားထားပါမစ္စတာ။ ငါမင်းဆီကနေနောက်ထပ်အပိုင်းတွေမျော်နေမယ်။ အရမ်းအလွန့်အကျွံလည်းအလုပ်မလုပ်နဲ့ဦး ငါတို့အတူနေ့လည်စာတစ်ရက်လောက်စားကြတာပေါ့။
“ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် တကယ်ကိုကျေးဇူးပါ။”
သူရေခဲသေတ္တာဆီဦးတည်လိုက်ပြီး ရေအေးတစ်ခွက်ထုတ်ကာ တစ်ကြိုက်တည်းသောက်ချလိုက်သည်။
သူ့ရင်ဘတ်တွေက စိတ်လှုပ်ရှားမှုကြောင့်ခုန်နေတုန်းဖြစ်သည်။ သူဒီခံစားချက်ကို အခြားလူတွေနဲ့မျှဝေချင်ပေမယ့်လည်း ဒီအချိန်က ဂျယ်အန်းကော ဂျောင်ဂျင်းတို့အတွက် အလုပ်ချိန်ဖြစ်နေသေးသည်။
နောက်ဆုံးတော့ သူရီခါ့ကိုပွေ့လိုက်ပြီးကြွားလိုက်သည်။ “မင်းဒါကိုကြားလိုက်လားရီခါ? ငါနောက်ထပ်စာအုပ်တွေထုတ်ဝေရတော့မယ် ပြီးတော့ဒါက အုပ်ရေတစ်ထောင်တောင်!”
“မြောင် . “
“အခုဆို စာအုပ်တစ်အုပ်အတွက်ကို အုပ်ရေသုံးထောင်တောင် ထုတ်ဝေထားတာပဲ။ ဒါက တစ်အုပ်ကို ဝမ် ၁.၉ သန်းလောက်ရမှာ ဒါကတကယ်ကိုရူးချင်စရာပဲမလား? ငါတို့ စာအုပ်တစ်အုပ်ကို ဝမ် ၂သန်းဝန်းကျင်လောက်ရမယ်လို့တွေးလိုက်တာနဲ့ ဒါက တကယ်ကိုမယုံနိုင်စရာပဲ ဟား ဟား”
“မြောင် . မြောင် . “
ဒါကအောင်မြင်နေတဲ့ စာရေးဆရာတွေအတွက်ဆိုမပြောပလောက်တဲ့ ပမာဏဆိုပေမယ့် ဂျယ်ဂန်းအတွက်တော့ဒါကအောင်မြင်မှုပါပဲ။ သူ့စာရေးဆရာသက်တန်းငါးနှစ်အတွင်းမှာ ဒီလိုမျိုးအရင်ကတစ်ခါမှမဖြစ်ခဲ့ဖူးဘူးလေ။
“ဟုတ်ပြီ ဒီခံစားချက်တွေကိုဆက်ထိန်းဖို့ လေးအုပ်မြောက်ကိုငါရေးရမယ်။ လေးအုပ်မြောက်ကိုလည်း ဒီအပတ်ထဲပဲအပြီးသတ်မယ်ကွာ။ နောက်တစ်လပဲစောင့်လိုက် ငါကစောက်ရမ်းချမ်းသာလာမှာ အဲ့ခါက မင်းအတွက် ကတ်တာဝါတင်မဟုတ်ဘူး အကုန်ဝယ်ပေးမယ်”
ပျော်ရွှင်မှုတွေလွှမ်းခြုံရင်း ဂျယ်ဂန်း ဆုဂန်ဝိုရဲ့လက်တော့အဟောင်းလေးဖြင့်စာဆက်ရေးနေသည်။ သူလေးအုပ်မြောက်စာအုပ်အတွက် ကျောရိုးကိုစဉ်းစားပြီးသားဖြစ်သည်။ အခုလုပ်စရာက အေးဆေးချရေးဖို့သာလိုသည်။
-ကလစ် ကလစ် ကလစ် ကလစ်!
ကွန်ပျူတာစခရင်ပေါ်တွင် စာမျက်နှာများတစ်ရွက်ပြီးတစ်ရွက်ရေးသားနေသည်။
‘ဒီနေရာမှာ ဇာတ်ဆောင်ကထိမိဖို့လိုတယ် နောက်ပြီး သူကတိတ်တစ်ဆိတ်ပဲ ဆုတ်ခွာသွားတဲ့ပုံစံမျိုးဖန်တီးရမယ် .. ဟမ်??’
စာရိုက်နေရင်း ဂျယ်ဂန်းထူးဆန်းသလိုခံစားနေရသည်။
‘တစ်ခုခုတော့တစ်ခုခုပဲ’
ပုံမှန်ဆို သူ့အတွေးတွေက သူ့စာရိုက်နှုန်းထက်ပိုမြန်နေကျဖြစ်သည်။ ဒါပေမယ့်ဒီနေ့မှာတော့ သူ့စာရိုက်နှုန်းက စိတ်ထက်တောင်ပိုမြန်သလိုခံစားနေရသည်။
‘နေ-နေပါဦး ဘာလည်းဟ?’
သူနာရိကိုကြည့်လိုက်သည်။ သူအလုပ်စလုပ်တည်းက အခုထိဆို တစ်နာရီသာရှိသေးသည်။ သူစာဖိုင်ကိုကြည့်လိုက်တော့ စာမျက်နှာ ၂၀ တောင် ရေးသားထားပြီးဖြစ်သည်။
‘ဘာလည်းဟ? စာဖိုင်ကပဲမှားနေတာလား? ငါဘယ်လောက်တောင်ရေးလိုက်တာလည်း?’
ဂျယ်ဂန်းစာဖိုင်ရဲ့အချက်အလက်ပြ ဇယားကိုကြည့်ရင်းအံ့အားသင့်နေသည်။ သူလေးပင်စွာသက်ပြင်းချလိုက်သည်။ သူစာရေးနေစဉ်တခြားအာရုံတွေပျောက်သွားပြီး စာရေးခြင်းမှာသာလုံးဝနှစ်မြှပ်နေခဲ့သည်။
-စာလုံးရေ: ၁၀၇၉၈
‘ဘာလား? ငါတစ်နာရီတည်းနဲ့ စကားလုံးပေါင်း တစ်သောင်းကျော်ရေးခဲ့တာလား?’
ဂျယ်ဂန်းအရင်ကလည်းစာရေးနှေးတယ်လို့ပြောလို့မရပါဘူး သူ့လက်ရည်ကတခြားစာရေးဆရာ တွေနဲ့အတူတူပုံမှန်လောက်ပဲရှိသည်။ စိတ်အခြေအနေကောင်းပြီး မုဒ်ဝင်နေရင်အမြန်ဆုံးတစ်နာရီကို စာလုံးရေ သုံးထောင့်ငါးရာအပြီးရေးနိုင်သည်။ ဒါပေမယ့်အဲ့လိုအခြေအနေနဲ့တောင် အခုလက်ရှိရေးထားတာကိုမှီဖို့ဆို နှစ်နာရီခွဲလောက်အချိန်ပေးရမှာလေ။
‘ငါကငါမုဒ်ကောင်းနေတာနဲ့မဆိုင်ဘူးမလား?’
ပြီးတော့ဒါကအရင်စာအုပ်ကိုပြန်ပြင်နေတာလည်းမဟုတ်ပါ။ စာအုပ်အသစ်ကို အစအဆုံးရေးနေတာလေ။ ပြီးတော့ အခု တစ်နာရီကို စာလုံးရေတစ်သောင်းကျော်တောင် ကြိတ်ထားတာဆိုတော့ သူလုံးဝကိုမယုံနိုင်ဖြစ်နေသည်။ ဒါကလူသားတွေရဲ့အကန့်သတ်ကိုတောင် ရောက်နေပြီ။ သူအခုလုံးဝကိုရှော့ရနေတာပဲဖြစ်သည်။
‘ငါသာဒီလိုမျိုးရေးနိုင်တယ်ဆိုရင် ငါတစ်ရက်ကိုစာအုပ်တစ်အုပ်တောင်ထုတ်ပေးနိုင်တယ်’
သူရေးနေကျစာအုပ်တစ်အုပ်ကို စာလုံးရေပေါင်း တစ်သိန်းလေးသောင်းသာရှိသည်။ ဒါကြောင့် ဒီလိုစာရေးတဲ့အမြန်နှုန်းနဲ့ဆို သူစာအုပ်တစ်အုပ်အတွက် စာရေးချိန်က ဆယ့်လေးနာရီသာရှိမည်ဖြစ်သည်။
“ကောင်းပြီလေ ကြုံးလိုက်တာပေါ့”