← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

ဂျယ်ဂန်းသူ့ရဲ့ညောင်းနေတဲ့ လက်ချောင်းတွေကို ခါယမ်းလိုက်ပြီး စိတ်အခြေအနေကိုပြန်ညှိလိုက်သည်။

‘ငါ့အနေနဲ့ စံချိန်အသစ်တစ်ခုကိုကြိုးစားတာပေါ့ တစ်ရက်အတွင်း စာအုပ်တစ်အုပ်ပြီးစေရမယ်။’

“ရီခါ ငါဘယ်လောက်တောင်မြန်အောင်ရေးနိုင်လည်းမင်းတွေ့တယ်မလား ကြည့်ထားလိုက်”

“မြောင် . မြောင် . “

ဂျယ်ဂန်းသူ့မျက်နှာကို ကွန်ပြူတာဘက်ပြန်လှည့်လိုက်ပြီး ဝတ္ထုကိုပြန်စရေးလိုက်သည်။ ရီခါက တိတ်တဆိတ်ပဲ လက်ရှိနေရာကနေလျောက်လာပြီး ကုတင်အောက်ကိုဝင်လိုက်သည်။ ထိုနေရာကနေပဲ ဂျယ်ဂန်းစာအုပ်ရေးတာကိုကြည့်လိုက်သည်။

…..

“ငါပင်ပန်းနေပြီ။”

ညနေခြောက်နာရီခွဲ။

ဂျောင်ဂျင်းဖိနပ်စီးနေသည်။ သူအခုပဲ အချိန်ပိုဆင်းရာမှပြီးသွားတာဖြစ်သည်။ မြေအောက်ခန်းဂိမ်းပရောဂျက်ကမပြီးသေးဘူး။ ဂိမ်းကိုဌာနတွင်းမှာစမ်းကြည့်ဖို့လို နေသေးသည်။ ပရောဂျက်နောက်ဆုံးနေ့မရောက်သေးခင်အထိတော့ ဒီအိုဗာတိုင်ဆင်းရတာကသူ့ရဲ့အရင်းနှီးဆုံး ဘော်ဒါကြီးအဖြစ်ရှိနေမှာပဲ။

“မန်နေဂျာလီ ကော်ဖီလိုက်သောက်ဦးမလား?”

ဂျောင်ဂျင်းမန်နေဂျာလီဘေးကဖြတ်သွားရင်းမေးလိုက်သည်။ မန်နေဂျာလီက ဒီရုံခန်းထဲက သူနဲ့သိပ်မတည့်တဲ့လူတွေထဲမှ တစ်ယောက်လည်းဖြစ်သည်။

“လက်ထောက်မန်နေဂျာပတ်, ငါအိုဗာတိုင်မဆင်းခင် ဒီစာအုပ်ကိုပြီးအောင်ဖတ်မလို့ ဒါကြောင်မလိုက်တော့ဘူး မင်းပဲသွားလိုက်တော့”

မန်နေဂျာလီသူ့ရဲ့စာအုပ်ကိုဆက်ဖတ်နေရင်းပဲ မော့မကြည့်ပဲ ပြန်ပြောလိုက်သည်။

ဂျောင်ဂျင်းခြေလှမ်းများရပ်သွားပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ဘာစာအုပ်မလို့ ကြိုးစားပြီးဖတ်နေတာလည်း?”

“ထုံးစံအတိုင်း ဖတ်နေကျ သိုင်းဝတ္ထုတွေပါပဲ ဒါပေမယ့် ဒီတစ်အုပ်ကတော့ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်”

“သိုင်းဝတ္ထုလား?”

ဂျောင်ဂျင်းရဲ့မျက်လုံးများတောက်ပသွားသည်။ သူ့စိတ်ထဲမှာ သူ့သူငယ်ချင်းကိုပြေးတွေးမိသွားသည်။

မန်နေဂျာလီကဆက်ပြောသည်။

“အင်းဒီစာရေးဆရာရဲ့အရင်စာအုပ်က…ငါဘယ်လိုပြောရသင့်လည်း? သမာရိုးကျဇာတ်ကွက်တွေနဲ့ စောက်ရမ်းကိုပျင်းဖို့ကောင်းတာ။ စာအုပ်တစ်ခုလုံးက သောက်တလွဲတွေနဲ့အပြည့်ပဲ။ ဒါကြောင့်ငါ စာအုပ် နှစ်အုပ် သုံးအုပ်လောက်ပဲ ဖတ်ပြီး ပစ်ထားလိုက်တာ။ အဲ့နောက်သူ အချိန်အကြာကြီးပျောက်သွားတာပဲ ကြည့်ရတာသူပြန်လေ့လာနေတာထင်တယ်။ အခုငါမဖတ်ပဲတောင် မနေနိုင်တော့ဘူး။”

ဂျောင်ဂျင်းစပ်စုပြီး စာအုပ်အဖုံးကိုကြည့်လိုက်သည်။ ထို့နောက်သူမျက်လုံးများကျယ်သွားသည်။ စာအုပ်နာမည်က သိုင်းပညာအဆင့်များ ဖြစ်ပြီး စာရေးဆရာအမည်က ပျမ်ချွမ်ယု ဖြစ်သည်။

“ဘာ-ဘာကြီး? သောက်ခွေး”

“ဘာလဲ? မင်းကောဖတ်ဖူးတာလား? ဒီစာရေးဆရာကိုသိလို့လား?”

“မဟုတ်ဘူး ဒါက….အင်း ကျွန်တော်ဒါမျိုးကိုဖတ်ဖူးတယ်ထင်တယ်။ နာမည်ကရင်းနှီးသလိုခံစားရတယ်။”

ဂျောင်ဂျင်းအမြန်ပဲပြန်ဖြေလိုက်သည်။

မန်နေဂျာလီခေါင်းခါလိုက်ပြီး စာအုပ်ကိုသာပြန်အာရုံစိုက်လိုက်သည်။

“ကောင်းပြီ သိုင်းစာအုပ်တွေက နာမည်ဆင်တူတွေနဲ့ ဇာတ်ကြောင်းတွေကလည်းဒါတွေပဲမလား”

“ဟား ဟား ဟုတ်ပါ့အမှန်ပဲ။ ဒါနဲ့ မန်နေဂျာလီ, ငါကော်ဖီသွားယူပြီးပြန်လာခဲ့မယ်နော်။”

“သွား သွား”

ဂျောင်ဂျင်းရုံးခန်းထဲကအမြန်ထွက်လိုက်သည်။

သူဓါတ်လှေကားခလုတ်ကိုနှိပ်လိုက်ပြီးနောက် ဖုန်းထုတ်ကာ ဂျယ်ဂန်းကိုခေါ်လိုက်သည်။ ပျမ်ချွမ်ယုဆိုတဲ့ကလောင်က သူ့အခင်ဆုံးဘော်ဒါကြီးသုံးတာမဟုတ်လား။

-ဟယ်လို?

ဂျယ်ဂန်းဖုန်းပြန်ဖြေသည်။

ဓါတ်လှေကားထဲမှာပဲ ဖုန်းပြောရင်းဂျောင်ဂျင်းမေးလိုက်သည်။

“ဟေး တခြားတစ်ယောက်ယောက်များ မင်းနဲ့တူတဲ့ ကလောင်နာမည်ကို သုံးသေးလား?”

-ဒါကဘယ်လိုမေးခွန်းကြီးလည်းဟ?

“ဖြေစမ်းပါ ပျမ်ချွမ်ယုလို့ခေါ်တဲ့ကလောင်နာမည်ကိုသုံးတဲ့ တစ်ခြားတစ်ယောက်ကိုသိလား?”

-ငါသိတစ်လောက်တော့ တစ်ခြားတစ်ယောက်တော့မရှိဘူး။

“ဒါဆိုမင်းရဲ့စာအုပ်အသစ်က သိုင်းပညာအဆင့်များ လား?”

-သားကြီး မင်းပဲအလုပ်တွေရှုပ်နေပြီး ငါ့ရဲ့စာအုပ်အသစ်ကိုတောင်မဖတ်နိုင်ဘူးဆို?

“စိတ်မကောင်းပါဘူးကွာ ငါတစ်ကယ်ကိုအလုပ်ရှုပ်နေတာဟ မင်းစာအုပ်ကိုမဖတ်ရသေးဘူး။ အခုဖုန်းခေါ်တာက ငါတို့ရဲ့မန်နေဂျာက ရုံးခန်းထဲမှာ မင်းစာအုပ်ကိုအသဲအသန်ဖတ်နေတာ မြင်လို့”

-တကယ်ကြီးလား?

ဂျယ်ဂန်းရဲ့ပျော်ရွှင်နေတဲ့အသံကဖုန်းထဲမှထွက်လာသည်။

ဂျောင်ဂျင်းက သူပျော်ရွင်နေတာကိုခံစားလိုက်ရပြီးအမြန်ပဲ ဆက်ပြောလိုက်သည်။

“ဟေး ငါကမင်းကိုတမင်ပျော်အောင်ပြောနေတာမဟုတ်ဘူးနော်။ ငါတို့မန်နေဂျာက ဝတ္ထုပေါင်းစုံဖတ်တဲ့သူပဲ။ သူက အတော်များများကိုဖတ်ပြီး မကြိုက်ရင်လုံးဝဆက်မဖတ်ပဲ ခေါင်းမာတဲ့သူ။ သူက အားတိုင်းကိုဝတ္ထုတွေရှာပြီးဖတ်နေတတ်တဲ့သူမျိုးပဲ။ ဒီလိုလူမျိုးက မင်းရဲ့စာအုပ် ကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောတာ။ သူကမဖတ်ပဲတောင်မနေနိုင်ဘူးတဲ့ဟ။ သူက ငါကော်ဖီဝယ်တိုက်ဖို့ခေါ်တာတောင် မင်းစာအုပ်ကိုပဲဆက်ဖတ်ပြီး ငါ့ကိုငြင်းလိုက်တာ။”

-ဒမ်းး ဒါကစောက်ရမ်းကြားရတာကောင်းတယ်။

“မင်းစာအုပ်တွေကအခြေအနေကောင်းနေတာပဲ ထုတ်ဝေတာကောအခြေနေဘယ်လိုလည်?”

-အံ့ဩမသွားနဲ့နော် ငါထုတ်ဝေပြီးပြီ သူတို့က မိတ္ထူအုပ်ရေ တစ်ထောင်တောင် ထပ်ထုတ်ထားသေး။

ဂျောင်ဂျင်းအံ့ဩလွန်း၍ နောက်ဆုတ်လိုက်မိပြီး ဓါတ်လှေကားနံရံနဲ့ဝင်တိုက်ကာ ညည်းလိုက်မိသည်။

“အို….? တကယ်ကြီးပေါ့? မင်းက ဒီအချိန်လေးအတွင်းမှာတင် နောက်ထပ် အုပ်ရေတစ်ထောင်တောင် ထပ်ထုတ်ပြီးပြီပေါ့? ဒါကတကယ်ကိုအောင်မြင်နေပြီပဲ ငါ့ကောင်! မင်းရဲ့ ခံစားရတဲ့ နေရက်တွေကပြီးဆုံးသွားပြီပဲ။ မင်းအိမ်နဲ့ တခြားလိုအပ်တာတွေအပ်ဖို့လုပ်နေပြီလား?”

-အရမ်းလည်းမြောက်မနေပါနဲ့ဟ အိမ်ဝယ်ဖို့က ဒီလောက်လေးနဲ့ငါဘယ်လိုတတ်နိုင်မှာလည်း?

“အေး ဟုတ်သား ငါစိတ်လှုပ်ရှားပြီး စိတ်လွတ်သွားတယ်။ ငါတကယ်ကိုပျော်နေတာဟ။ ငါ့ဟာငါတောင် ဘာတွေပြောမိမှန်းမသိလိုက်ဘူး။ ဒါကတကယ့်ကိုကောင်းကောင်းလုပ်နိုင် လိုက်တာပဲ ဂျယ်ဂန်း။ ငါအခုစောက်ရမ်းခံစားလို့ကောင်းတယ်။”

-စောင့်သာနေလိုက်ကွာ ငါဒီဝတ္ထုစီးရီးကိုအပြီးသတ်ပြီရင် မင်းကိုစားပွဲတစ်ဝိုင်း ဝိုင်းပေးမယ်။

“ငါပန်းကန်တွေပါ ပြောင်လက်သွားအောင် စားပြစ်မယ်ကွ။ ကောင်းပြီ ငါ့ကို စီးရီးပြီးရင်ခေါ်လိုက်ဦး”

-ကျေးဇူး မင်းလည်းအဆင်ပြေပါစေကွာ။

ဘီ!

ဖုန်းချလိုက်သည်။

ဖုန်းမကိုင်ခင်က ဂျယ်ဂန်းစာရေးရင်းတစ်ယောက်တည်းအလုပ်တွေရှုပ်နေတာဖြစ်သည်။ သူဖုန်းချလိုက်တော့ ပြုံးရင်းထိုင်နေသည်။

ဂျောင်ဂျင်းရဲ့ဖုန်းခေါ်ဆိုမှုက သူ့ကိုတကယ်ကျေနပ်စေသည်။ သူ့ရဲ့စကာလုံးတွေက သူ့ကိုစိတ်အေးစေပြီး ခနအနားယူနိုင်အောင်ကူညီပေးသွားသည်။

‘တကယ်ကို ဒါကစိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောတဲ့သူတွေရှိနေပြီပဲ’

ဂျယ်ဂန်းတစ်ကယ်ကိုပျော်ရွှင်နေမိသည်။

သူ့အနေနဲ့ သူ့စာအုပ်တွေအကြောင်းကို လိုင်းပေါ်မှာရှာမကြည့်တာတောင်အတော်ကြာပြီဖြစ်သည်။ ဘာကြောင်လည်းဆို မှတ်ချက်တွေကတစ်ခါမှအကောင်းမရခဲ့ဘူးပါ။

ဒါကစာအုပ်တဲ့လား? မင်းအနေနဲ့ မင်းစာအုပ်လုပ်ခဲ့တဲ့သစ်ပင်တွေအတွက်ဝမ်းမနည်းမိဘူးလား? ဒီလိုမျိုးဝေဖန်မှုတွေကသူ့ကိုစိတ်ဓါတ်ကျစေသည်။ သူ့အနေနဲ့ စာဆက်ရေးဖို့ကိုတောင် ခက်ခဲစေတဲ့အတွက် သူ့အနေနဲ့ သူ့စာအုပ်တွေအကြောင်းရှာမကြည့်တာကသာရွေးချယ်မှုကောင်းမဟုတ်လား?

‘ကောင်းပြီ စိတ်ထိန်းထားလိုက်ရအောင်’

သူ့အနေနဲ့ စာအုပ်အသစ်ရဲ့ တုန့်ပြန်ချက်တွေကို ရှာကြည့်ချင်ပေမယ့်လည်း ခဏလောက်တော့ဘေးဖယ်ထားရမယ်။ သူ့စိတ်ကိုဖြေဖို့မဖြစ်မနေကြည့်ချင်တယ်ဆို နောက်ဆုံးစီးရီးကို အပြီးသတ်ပြီးမှကြည့်မည်ဖြစ်သည်။

-ဗီး ဘီးးး ဗီး ဘီးးး

“ဟယ်လို . “

-ဟယ်လို မင်္ဂလာပါ ဒါက စာရေးဆရာ ဟာဂျယ်ဂန်းလားမသိဘူး?

“..ဘယ်သူလည်းခင်ဗျ?”

-အိုး ဆောရီး။ မင်းငါ့ကိုမသိဘူးလား? ငါက ဟီတဲမီဒီယာက မာဂျောင်ဂုပါ။ ဟား ဟား မင်းဘယ်လိုတောင်နေထိုင်နေတာလည်း။

ဖုန်းကိုင်ထားတဲ့ ဂျယ်ဂန်းရဲ့လက်ကတုန်လှုပ်သွားသည်။ သူသတိတောင်မထားမိပဲ သွားတွေကို ကြိတ်ထားတာက သူ့သွားဖုံးကနေသွေးတောင်ထွက်တော့မလိုပဲ။ ဒါကတကယ့်ကိုကြောင်တောင်တောင်နိုင်တဲ့ တုန့်ပြန်မှုတစ်ခုဖြစ်သည်။

ဟီတဲမီဒီယာ။

ဒါကလွန်ခဲ့တဲ့ ငါးနှစ်လောက်က သူ့ကိုပထမဆုံးပွဲဦးထွက်ပေးခဲ့တဲ့ကုမ္ပဏီပဲ။

သူ့ကိုအများဆုံးခံစားစေပြီး ဝမ်းနည်းစေခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်သည်။

ဒါကသူလုံးဝကိုမေ့ပျောက်ချင်တဲ့ မှတ်ဉာဏ်တွေပဲ။ ဒါကလည်းသူ့အနေနဲ့ သူတို့ရဲ့ဖုန်းနံပါတ်တွေကို မမှတ်ပဲဖျက်ထားတဲ့အကြောင်းအရင်းလည်းဖြစ်သည်။

ဖုန်းတစ်ဖက်ကနေ အသံကတည်တည်ငြိမ်ငြိမ်ပဲ ဆက်လက်ထွက်ပေါ်လာသည်။

-မင်းဒီနှစ်တွေမှာ ဘာတွေလုပ်နေလည်းငါမမေးတော့ပါဘူး။ ကိစ္စတွေကတော့အတော်များများပဲ။ ပြီးတော့ ဒီနေ့ဈေးကွက်ကိစ္စတွေ၊ ငါအထက်ကလူတွေအတွက်အလုပ်လုပ်ပေးနေရတာ …

“ဘာပြောချင်တာလည်း?”

ဂျယ်ဂန်းစကားဖြတ်လိုက်သည်။

“ငါစာအုပ်ရေးရင်းနဲ့အလုပ်ရှုပ်နေတာ။ တကယ်လို့မင်းပြောစရာရှိရင် တိုက်ရိုက်ပဲပြောပေးလို့ရမလား?”

-အာ ဟုတ်သား မင်းကစာရေးနေတာပဲဟုတ်တယ်မလား? ငါမင်းစာအုပ်ကိုဖတ်ကြည့်တာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။

ဂျယ်ဂန်းရဲ့နှုတ်ခမ်းကအနည်းငယ်ကော့တက်သွားသည်။ ဂျောင်ဂျင်းရဲ့ လွန်ကဲတဲ့တုန့်ပြန်မှုကတောင် ပုံမှန်ပဲလို့သူတွေးလိုက်မိသည်။ အခုဒီကောင်တွေတောင် နှစ်အနည်းငယ်လောက်အဆက်သွယ်အလုပ်ပဲ အခုမှတစ်ခုခုကို အနံ့ခံမိပြီး သူ့ကိုဆက်သွယ်လာ တာပဲ။

-ဒါကတကယ်ကိုစိတ်ကျေနပ်စေတယ်။ ဇာတ်လမ်းကမြင်သာပြီးတော့ ဇာတ်အိမ်ကလည်းခိုင်မာတယ်။ တကယ့်ကို လက်ရာကောင်းတစ်ခုပဲ။ မင်းဒီလိုမျိုးတစ်စုံတစ်ခုကို တစ်နေ့ထုတ်ဝေနိုင်လာလိမ့်မယ်လို့ အမြဲသိနေခဲ့တာ ဟား ဟား။

‘ခွေးကောင်တွေ . ‘ ရုပ်ဆိုးတဲ့အမူအရာတစ်ခုက ဂျယ်ဂန်းမျက်နှာမှာပေါ်လာသည်။

ဒီကောင်တွေက သူနိမ့်ကျတုန်းကတော့ စာရေးဆရာလို့တောင်မသတ်မှတ်ပဲ စော်ကားခဲ့သည်။ အခုတော့ ဒီကောင်တွေကပဲ သူ့ကိုလာပြီးချီးကျူးနေပြန်သည်။

-အစောကပြောခဲ့သလိုပဲ ငါကမင်းကိုသတိရလိုက်လို့လေ ဒါနဲ့ မင်းအရင်နေရာမှာပဲ နေတုန်းမလား? ငါမင်းကိုညစာဝယ်ကျွေးချင်ဖို့စဉ်းစားထား…

“တော်ပါပြီ”

ဂျယ်ဂန်းလုံးဝကိုငြင်းလိုက်သည်။ သူတို့က သူ့ကို ဈေးကြီးတဲ့အစားသောက်တွေဝယ်ကျွေးပြီး စာချုပ်အကြောင်းစကားခေါ်ဖို့လုပ်နေတာဖြစ်သည်။ သူ့မှာ ဟီတဲမီဒီရာနဲ့ စာချုပ်ရေးထိုးချင်စိတ် တစ်စက်ကလေးတောင်မရှိပါ။

“ကျွန်တော်တစ်နပ်ကလေးတောင်မလွတ်ပဲ ကောင်းကောင်းစားနေတယ်။ ကြည့်ရတာ ပြောစရာမရှိတော့ဘူးထင်တယ်။ ဖုန်းချလိုက်တော့မယ်။”

-စာရေးဆရာဟာ? ခ-ခနလေး မချလိုက်နဲ့ဦး ဖုန်းမချသေးပဲ ကျတော်တို့ဘက်ကပြောတာကို…

-ဘီး!

ဂျယ်ဂန်းဟိုဘက်ကဆက်ပြောနေတာကိုဆုံးအောင်မစောင့်တော့ပဲ ဖုန်းချလိုက်သည်။ ဆယ်စက္ကန့်လောက်ကြာတော့ ဖုန်းနောက်တစ်ခေါက်ထပ်တင်လာသည်။ ဂျယ်ဂန်းဖုန်းမဖြေတော့ပဲ ဘလော့လိုက်တော့သည်။

ကမ္ဘာကြီးကတကယ်ကိုတိတ်ဆိတ်နေသည်။

All Chapters