← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

-ဒီနေ့လား?

“ဟုတ်တယ်, မင်းမှာတခြားစီစဉ်ထားတာများရှိလို့လား?”

-အမ်…။

ဂျယ်ဂန်းချက်ချင်းပြန်မဖြေသေးပါ။

ဖုန်းတစ်ဖက်မျာတော့ဖုန်းအသံတစ်ခုကဆက်တိုက်ထွက်ပေါ်နေသည်။

တဲဝမ်စိတ်ရှုပ်သွားမိသည်။

သူအယ်ဒီတာအနေနဲ့အလုပ်လုပ်လာတာကြာပြီမလို့သူ့မှာဝမ်းတွင်းအသိစိတ်တစ်ခုရှိသည်။ အခုကြည့်ရတာဒါကသူ့ဆီကိုဦးတည်ပြီးလာနေပြီဖြစ်သည်။ ဒါက ဂျယ်ဂန်းလို့ခေါ်တဲ့စာရေးဆရာက…

-တောင်းပန်ပါတယ်။

ဂျယ်ဂန်းရဲ့အသံကဖုန်းတစ်ဖက်မှတစ်ဖန်ပြန်ထွက်လာသည်။

-ကျွန်တော်ဖုန်းခလုတ်တစ်ခုခုကို မတော်တဆ နားနဲ့တိုက်မိသွားလို့။ အစောက ကျွန်တော်တို့ ညစာစားဖို့ပြောနေကြတာမလား?

“ဟုတ်ပါတယ် မင်းအဆင်ပြေလောက်လားမသိဘူး?”

-ဒါပေါ့။ သေချာတာပေါ့ဗျာ။ လက်ရှိမှာစီးရီးကိုအပြီးသတ်ပြီးသွားလို့ကျွန်တော် အားနေတာ။ ဘယ်မှာတွေ့ချင်လည်းမသိဘူး? အရင်နေရာပဲလား?

“ငါမင်းနေတဲ့နေရာနားလာခဲ့လိုက်မယ်”

-မရဘူး။ ဒီမှာက စားစရာဆိုင်သိပ်မရှိဘူး။ သိပ်မဝေးတဲ့နေရာဆို ဂုလိုဘူတာရုံဆိုရင်ကော? ၇ နာရီလောက်တွေ့ကြမလား?

“ဒါပေါ့ အဆင်ပြေပါတယ် ဒါဆို…”

တဲဝမ်စကားကိုအရှိန်လျော့ပြောလိုက်ပြီး အယ်ဒီတာတွေရဲ့ရုံးခန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဆိုမီကကွန်ပြူတာမျက်နှာပြင်ကို အာရုံစိုက်ပြီး ကီးဘုတ်ကိုဆက်တိုက်ရိုက်နေသည်။ သူမက ဂျယ်ဂန်းရဲ့စာအုပ်ကို ထုတ်ဝေမယ့်စာအုပ်စာရင်းထဲသို့ ထည့်ပြီးဖြစ်သည်။

သူမကအမြဲတမ်းခိုင်းတာကိုပြီးပြည့်စုံအောင်လုပ်နိုင်သည်။ သူမက သူမရဲ့အလုပ်ကိုသေချာနားလည်ပြီး ဘယ်လောက်ပဲ အလုပ်တွေပိနေပါစေ အဆင်ပြေအောင်ကိုင် တွယ်နိုင်စွမ်းရှိသည်။

သူ ဆိုမီးကိုချီးကျူးစွာကြည့်လိုက်ပြီး ဖုန်းဆက်ပြောလိုက်သည်။

“မင်းအဆင်ပြေမယ်ဆို အယ်ဒီတာခေါင်းဆောင်တစ်ယောက်ကိုကောခေါ်ခဲ့လို့ရမလား စာရေးဆရာ ဟာ?”

အယ်ဒီတာခေါင်းဆောင်တစ်ယောက်အတွက် စာရေးဆရာကောင်းနဲ့ အဆက်သွယ်ရှိတာကကောင်းတယ်မလား။ အထူးသဖြင့် ဂျယ်ဂန်းလိုမျိုး အောင်မြင်ခါနီးစာရေးဆရာ တစ်ယောက်နဲ့ပေါ့။ တဲဝမ်အနေနဲ့ ဆိုမီကို အတွေ့ကြုံပြည့်ဝပြီး အောင်မြင်တဲ့ အယ်ဒီတာတစ်ယောက်ဖြစ်လာစေချင်သည်။

ဂျယ်ဂန်းကမငြင်းပဲ လက်ခံလိုက်သည်။

-ဒါကကျွန်တော့်အတွက်ပိုကောင်းတာပေါ့။ ကျတော်တို့အချင်းချင်းမြင်ပြီး မိတ်ဖွဲ့လို့ရတာပေါ့ဗျာ။

“ကောင်းပါပြီ မစ္စတာစာရေးဆရာ။ ဒါဆို ကျွန်တော်တို့ ခုနှစ်နာရီကျ တွေ့ကြတာပေါ့”

-ကောင်းပါပြီ ကျေးဇူးပါ။

တဲဝမ်ဖုန်းချလိုက်ပြီး အညောင်းဆန့်လိုက်သည်။

သူဖုန်းပြောပြီးနောက် ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ သူရဲ့အလိုလိုသိစိတ်က ဖုန်းပြောတာကြာတာနဲ့အမျှ သူ့ကိုတစ်ခုခုသတိပေးသလိုခံစားနေရသည်။ သူကအလုပ်နဲ့ပတ်သက်ရင် အတော်လေးသတိထားတတ်တဲ့ သူမျိုးဖြစ်သည်။

“ကိုယ်စားလှယ် . “

တဲဝမ်အံ့အားတကြီး မတ်တပ်ထရပ်လိုက်သည်။ ဆံပင်တစ်ဝက်လောက်သာရှိတဲ့ အသက် ၆၀ အရွယ် ထိပ်ပြောင်လူကြီးတစ်ယောက်က လက်သီးဆုပ်ရင်းလက်နောက်ပစ်ကာ သူ့နောက်မှာရပ်နေသည်။ ဒါက ကြယ်ပွင့်စာပေ ရဲ့ ကိုယ်စားလှယ်ပတ်ဂျီဂု ဖြစ်သည်။

“ဟေး ရတယ် မရပ်နဲ့ ထိုင်နေ”

ဂျီဂု တဲဝမ်ရဲ့ပုခုံကိုဖိလိုက်ပြီး သူ့ကိုဆက်ထိုင်နေစေသည်။ သူဘေးနားကခုံတစ်လုံးယူထိုင်လိုက်ပြီး မေးလိုက်သည်။

“ကောင်းတာတစ်ခုခုများဖြစ်သွားသေးလား?”

“သိုင်းပညာအဆင့်များ စာအုပ်ကလွဲရင် ကျန်တာတွေကမျှော်မှန်းထားသလိုပါပဲ”

“အခုဈေးကွက်ကအတော်လေးလှုပ်ခတ်နေတယ်”

ဂျီဂုလည်ပင်းအညောင်းဆန့်ရင်းညည်းလိုက်သည်။ သူတဲဝမ်ရဲ့ အချိန်ဇယားကိုလှမ်းကြည့်လိုက်ပြီး သူ့မေးခွန်းကိုဆက်လိုက်သည်။

“အဲ့စာအုပ်က ရောင်းအားအဆင်ပြေလား?”

“တုန့်ပြန်မှုတွေကအတော်လေးကောင်းတယ်။ လေးအုပ်မြောက်ကနေစပြီး ပိုပြီး ထုတ်ဝေဖို့စီစဉ်ထားတယ်။ တကယ်လို့ ရလာဒ်တွေသာပိုကောင်းတာကိုမြင်ရရင် ပိုပြီးအုပ်ရေတိုးဖို့လည်း လုပ်ထားပါတယ်”

“ဟမ်.. ကြားရတာကောင်းတယ်။ သူစာအုပ်ကို မြန်မြန်အဆုံးသတ်နိုင်ရင်ကောင်းမှာပဲ။ ဒါဆို ပုံနှိပ်ပြီးသွားရင် အွန်လိုင်းစာအုပ်အနေနဲ့ပြန်ထုတ်ဝေပြီး အေးဆေးအမြတ်တွေကိုစောင့်နေရုံပဲ။ ဒီနေ့ခေတ်မှာ လူတွေကစာအုပ်လိုက်ကြီးဝယ်မဖတ်ချင်ကြတော့ဘူး။ သူတို့ကဖုန်းနဲ့ပဲသုံးချင်ကြတာ”

“ဘာပဲပြောပြောကမ္ဘာကြီးကခေတ်နဲ့အလိုက်ပြောင်းလဲနေတာ”

“မဟုတ်သေးဘူး ငါတို့စာအုပ်ပုံနှိပ်တာထက် အွန်လိုင်းဖြန့်ချီရေးကိုပဲအရင်ဦးစားပေးရင်ကောဘယ်လိုထင်လည်း အယ်ဒီတာ?”

“ဒါကိုပြောမှပဲ ကျွန်တော်ပြောစရာတစ်ခုရှိသေးတယ်။ ကျွန်တော်တို့စီးရီးရဲ့ဇာတ်သိမ်းပိုင်းစာအုပ်ကိုရပြီးပြီ”

“ဘာကြီး? ဘယ်တုန်းတည်းကလည်း?”

“မနေ့တည်းကသူပို့ထားတာပါ။ ဆိုမီကိုစစ်ခိုင်းထားတာ သူမစစ်ကြည့်တစ်လောက်တော့ ဘာမှမှားတာမတွေ့ဘူးပြောတယ်။”

“သူဆယ်အုပ်လုံးကိုပို့ပြီးပြီလို့ပြောတာလား? နေပါဦးသူက စာအုပ်ဆယ်အုပ်နဲ့ပဲ ဇာတ်သိမ်းလိုက်တာလား? မင်းပဲ တုန့်ပြန်မှုတွေကကောင်းတယ်ဆို ဒါဆိုငါတို့အနေနဲ့ စာအုပ်နှစ်ဆယ်ကျော်လောက်ထိဆွဲဆန့်ပြီးမှ စီးရီးကိုအဆုံးသတ်လိုက်လို့မရဘူးလား?”

ထုတ်ဝေသူတိုင်းက အောင်မြင်မယ့်စီးရီးတွေဆိုရင် တတ်နိုင်သမျှစာအုပ်များများလိုချင်ကြတာဖြစ်သည်။ တဲဝမ် ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“ဒီနေ့ညနေကျ စာရေးဆရာဟာနဲ့ ညစာစားဖို့စီစဉ်ထားတယ်။ ကျွန်တော်တို့ နောက်စာချုပ်တွေအတွက်လည်း စကားပြောရင်းပေါ့။ ကျွန်တော်သူ့ကို စီးရီးကို ဆွဲဆန့်ဖို့ စိတ်ကူးရှိလား တစ်ခါတည်းမေးကြည့်လိုက်ပါမယ်”

“အင်း ကောင်းတယ်”

ဂျီဂု တဲဝမ်ရဲ့ပုခုံးကိုပုပ်ပြီးချီးကျူးပြီးနောက် ထရပ်လိုက်သည်။

“သူ့ကိုညစာကောင်းလေးတစ်ခုဝယ်ကျွေးလိုက်ပါ ဒေါ်လာ သုံးရာ လေးရာလောက်သုံးရရင်တောင် ကိစ္စမရှိဘူး။ သူ့ကို အရေးပေးတယ်လို့သာခံစားရအောင်လုပ်ခဲ့။ ငါတို့သူ့ကိုတစ်ခြားဘယ်မှမထွက် သွားအောင်ဆွဲထားရမယ်။”

“ဟား ဟား ဟုတ်ကဲ့ပါ”

“ငါတို့သူ့ကိုဆွဲထားဖို့လိုတယ်။ ဒီလိုအချိန်မျိုးမှာ ငါတို့ရောင်းအားကောင်းတဲ့ စာရေးဆရာတစ်ယောက်ကိုရှာတွေ့ထားတာက တကယ့်ကိုသတင်းကောင်းပဲ။ ဒီအခွင့်အရေးကိုလွဲချော်လို့ဘယ်ဖြစ်မလည်း ဟင်း”

ဂျီဂု သူရုံးခန်းထဲဝင်လာခဲ့တုန်းကအတိုင်းပဲ လက်နောက်ပစ်ရင်းပြန်ထွက်သွားသည်။

တဲဝန် ဂျီဂုရဲ့နောက်ကျောကိုကြည့်ရင်းအတွေးနက်သွားသည်။ သူကြယ်ပွင့်စာပေမှာအလုပ်ဝင်တာကိုးနှစ်ရှိပြီ ဖြစ်သည်။ သူအလုပ်ဝင်စက ကိုယ်စားလှယ်သည် လူပျိုကြီးသာဖြစ်နေသေးသည်။ ယခုတော့သူက ကလေးနှစ်ယောက်၏ဖခင်ဖြစ်နေပြီ ဖြစ်သည်။ တကယ်ကိုပြောင်းလဲကုန်ပြီပဲ။

“ဆိုမီ ညနေကျရင်ငါတို့သွားစရာရှိတယ် တခြားအလုပ်တွေကို ၆:၃၀ မတိုင်ခင် အပြီးသတ်ထားပေး”

“ဟုတ်ကဲ့ပါ အယ်ဒီတာချုပ်”

ဆိုမီတက်ကြွစွာပဲပြန်ဖြေလိုက်သောအသံက သူ့နောက်မှထွက်ပေါ်လာသည်။

တဲဝမ် ကုမ္ပဏီရဲ့အီးမေးမှတစ်ဆင့်စာအုပ်တွေကိုဒေါင်းလုတ်ဆွဲချလိုက်ပြီးဖတ်လိုက်သည်။ သူကအယ်ဒီတာတစ်ယောက်အနေနဲ့ စာအုပ်တွေကိုသူ့ရဲ့အလုပ်အနေနဲ့သာဆက်ဆံရမှာဖြစ်ပေ မယ့်လည်း သူ့ကိုသူ ဝတ္ထုစာအုပ်ဖတ်တာဝါသနာပါသူအဖြစ်လည်းပြောင်းလဲထားသည်။

‘ငါသွားဖို့အတွက် ပြင်သင့်ပြီ’

ခြောက်နာရီထိုးနေပြီးဖြစ်သောကြောင့် ဂျယ်ဂန်းအပြင်ထွက်ဖို့အတွက် ပြင်ဆင်နေသည်။

-ဘီးးးး!

သူဖိနပ်ကြိုးချည်နေစဉ် သူ၏အိတ်ကပ်ထဲမှ ဖုန်းသံမြည်လာသည်။ သူဖုန်းနံပါတ်ကိုကြည့်လိုက်ပြီး မျက်နှာထားတင်းသွားသည်။

ဟီတဲမီဒီယာ လက်ထောက်မန်နေဂျာ ပတ်ဂွမ်ဆို…

‘ဒီတစ်ခါကောဘာလည်း?’

သူဖုန်းကိုချက်ချင်းပြန်မဖြေပဲတွေးနေသည်။

သူမာဂျောင်ဂုရဲ့ဖုန်းနံပါတ်ကိုဖျက်လိုက်ပြီး ပတ်ဂွမ်ဆိုရဲ့နံပါတ်ကိုမဖျက်တာအကြောင်းရှိသည်။

သူက ကုမ္ပဏီမှာ အာဏာသိပ်မရှိပေမယ့်လည်း ဂျယ်ဂန်းကို အဲ့အချိန်တုန်းက တတ်နိုင်သလောက်ကူညီခဲ့တဲ့လူတစ်ယောက် ဖြစ်သည်။

‘ငါနဲ့စာချုပ်ချုပ်နိုင်အောင်လို့ ဂွမ်ဆိုကိုအသုံးချနေတာလား? ဒါဆိုရင်တော့ မင်းတို့အကွက်ရွေ့တာမှားသွားပြီ’

ဂျယ်ဂန်းခပ်ဟဟရယ်လိုက်သည်။ အလုပ်က အလုပ်ပဲ။ ဂွမ်ဆိုရဲ့ ကူညီမှုကလည်း ကသပ်သပ်ဖြစ်သည်။

ဂျယ်ဂန်းဖုန်းကိုင်လိုက်သည်။

“လက်ထောက်မန်နေဂျာပတ်?”

-အာ မင်းငါ့ဖုန်းနံပါတ်မှတ်ထားသေးတာပဲ။ ဟယ်လို စာရေးဆရာဟာ တစ်ခုခုထူးသေးလား?

ဒါကနည်းနည်းအလျင်လိုပြီး စိတ်ရှုပ်နေသောအသံဖြစ်နေသည်။

ဂျယ်ဂန်းတိတ်တဆိတ်သာအားနာလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ဘာမှထွေထူးမရှိပါဘူး မင်းကောအဆင်ပြေတယ်မလား?”

-ဒါပေါ့ ငါအဆင်ပြေပါတယ် ဟားဟား ငါတကယ့်ကိုအဆင်ပြေနေတာ

ဂျယ်ဂန်းမျက်လုံးများက နံရံပေါ်ကနာရီ၏ မိနစ်လက်တံများကိုကြည့်နေသည်။ သူအနေနဲ့အခုမထွက်သေးဘူးဆိုလျင် သူနောက်ကျမှာဖြစ်သည် ဒါကြောင့် သူ့နေနဲ့ ဖုန်းပြောရင်း လမ်းလျောက်ရန်သာ ရွေးချယ်လိုက်သည်။

“အထွေထွေမန်နေဂျာမာက မင်းကိုစာချုပ်လက်မှတ်ထိုးဖို့ပြောလိုက်လို့လား?”

ဂျယ်ဂန်း အခန်းတံခါးပိတ်ပြီး အိမ်မှလျောက်ထွက်လာသည်။

ဂွမ်ဆိုက စာရေးဆရာတိုင်းကိုစကားပြောတိုင်း လေးလေးစားစားပြောတတ်သူတစ်ယောက်လည်း ဖြစ်သည်။ သူကလှည့်ပတ်ပြီးပြောတာတွေဆို နည်းနည်းဝေးတဲ့လူစားမျိုးလည်းဖြစ်သည်။ သူ့ကို တည့်ပြောခြင်းကသာအကောင်းဆုံးဖြစ်သည်။

-အာ ဒါက… ဒါနဲ့ပတ်သတ်ပြီး မင်းဘယ်လိုလုပ်ချင်လည်းလို့မေးချင်တာလည်း ပါပေမယ်…

“စိတ်မကောင်းပါဘူး လက်ထောက်မန်နေဂျာပတ်, ကျွန်တော် ဟီတဲမီဒီယာနဲ့ စာချုပ်ချုပ်ဖို့ စိတ်ကူးမရှိဘူး။ ပြီတော့ ဒါကလည်း လုပ်ငန်းသဘောအရပဲလေ ဒါကြောင့် မင်းမျက်နှာမထောက်လည်းအဆင်ပြေတယ်မလား? ကျွန်တော် လက်ထောက်မန်နေဂျာကိုတော့ တကယ်အားနာပါတယ်”

ဂျယ်ဂန်းရဲ့စကားတွေပြတ်သားလာသည်နှင့်အမျှ ဂွမ်ဆိုကအလောတကြီးပြောလိုက်သည်။

-ဒါပေါ့ စာရေးဆရာဟာ, အထွေထွေမန်နေဂျာကလည်း သူဘယ်လိုရလာဒ်ကိုမဆိုလက်ခံမယ်ပြောထားတယ်။ ပြီးတော့ မင်းကိုလည်း အကောင်းဆုံးတွေပေးချင်တယ် ပြောလိုက်သေးတယ်။ မင်းတကယ်နောက်တစ်ခေါက်လောက် နားမထောင်ချင်တော့ဘူးလား?

“လက်ထောက်မန်နေဂျာပတ်, မင်းနားလည်လိမ့်မယ့်လို့မထင်ပေမဲ့…”

ဂျယ်ဂန်းဆက်မပြောပဲရပ်လိုက်သည်။

ရှေ့ဆယ်လှမ်းလောက် ကားတစ်စီးရဲ့ဘေးမှာ ဂွမ်ဆိုကျုံ့ကျုံလေးဖုန်းကိုင်ပြီးစကားပြောနေတာကို သူတွေ့လိုက်သည်။

-အာ…မစ္စတာဟာ?

ဂွမ်ဆို ဂျယ်ဂန်းကို မြင်သွားပြီး ဖုန်းချကာ ကြောင်တောင်တောင်ဖြင့် သူ့ဆီသို့လျောက်လာသည်။ ဒါပေါ့ ဂျယ်ဂန်းမပြုံးနိုင်တော့ပါ။ ဆူဝွန်ရဲ့လူတွေအပြင် သူနေတာကိုသိတာက ကြယ်ပွင့်စာပေကလူတွေသာရှိသည်။ အခုတော့ သူရဲ့အချက်အလက်တွေက တစ်နေရာရာကနေ ပေါက်ကြားသွားပြီဖြစ်သည်။

All Chapters