အခန်း (၁၃)
Vol. 2 Ch. 13
“ဖုန်းပြောတုန်းကပြောခဲ့တဲ့တုန်းက စာရေးဆရာဟာ မင်းရဲ့ပရောဂျက်အတွက် အယ်ဒီတာခေါင်းဆောင်ဆိုတာသူမလေ။ ထိုင်ပါမစ္စ”
ဆိုမီ တဲဝမ်ဘေးတွင် ထိုင်လိုက်သည်။ သူမခွက်ထဲသို့ ရေထည့်လိုက်သည်။ ဂျယ်ဂန်းက
“ငါ့ရဲ့ မပြည့်ဝတဲ့ စာအုပ်ကိုဖတ်ရတာ မင်းအတွက်အတော်ပင်ပန်းခဲ့မှာပဲ”
“မဟုတ်တာ။ စာအုပ်တွေက အတော်လေးစိတ်ဝင်စားဖို့ကောင်းလို့ စာအုပ်ဖတ်ရတာကို အလုပ်လုပ်နေတယ် လို့တောင်မခံစားရဘူး”
“ဒီလိုစကားလုံးတွေအတွက်ကျေးဇူးပါ။”
ဆိုမီမတရားသလိုခံစားလိုက်ရပြီး နှာခေါင်းကိုရှုံ့လိုက်သည်။
“မစ္စတာ ကျွန်မတကယ်ပြောနေတာပါ။ သိုင်းစာအုပ်တွေကိုဖတ်နေကျမဟုတ်ပေမယ့် မစ္စတာရဲ့စာအုပ်တွေကိုတော့ ကောင်းကောင်းဖတ်လိုက်ရတယ်။”
ဂျယ်ဂန်းရှက်ရွံ့စွာရယ်လိုက်ပြီး ခေါင်းခါလိုက်သည်။
စာရေးဆရာတွေကို အယ်ဒီတာတွေက မြောက်ပင့်စကားတွေပြောတယ်ဆိုတာ ပုံမှန်သာဖြစ်သည်။
တကယ်တော့ စာရေးဆရာတွေအတွက် ချီးကျူးတာတွေထက် ကူညီလိုက်တာက ပိုအဆင်ပြေသည်။
အတိတ်မှာ ဂျယ်ဂန်းစာအုပ်တွေရောင်းအားမကောင်းခင်တုန်းက သူ့ကိုချီးကျူးတာတွေကို တစ်ဖက်နားကဝင် တစ်ဖက်နားကထွက်သာ သဘောထားခဲ့သည်။ သို့သော် ယခု သူ့ရဲ့စာအုပ်အသစ် ဈေးကွက်အခြေအနေအရမတူတော့ပါ။ ဆိုမီရဲ့ချီးမွန်းမှုတွေက နောက်ဆုံးတော့ နှလုံးသားထဲထိပါခံစားနိုင်ပြီဖြစ်သည်။
လူတိုင်းရဲ့ခွက်တွေကဆိုဂျူးထည့်ထားကြသည်။ ဆိုမီရဲ့အတော်လေးကောင်းတဲ့ အကင်စကေးတွေကြောင့် အသားများကလည်း အသင့်ဖြစ်နေပြီဖြစ်သည်။
“ဆရာဟာ, အစောကကျွန်တော်ပြောခဲ့တဲ့ အကြံပြုချက်ကို…”
ဂျယ်ဂန်း အသားကိုဝါးရင်းခေါင်းခါလိုက်သည်။
သူရဲ့မျက်လုံးတွေက မီးဖိုပေါ်မှာပဲစိုက်ကြည့်နေပြီး အတွေးထဲနစ်မြောနေသည်။ တဲဝမ် မနှောင့်လျက်ပဲ စောင့်နေသည်။
“စိတ်မကောင်းပါဘူး ကျွန်တော်စာအုပ်ကိုထပ်ဆန့်မှာမဟုတ်ဘူး”
“သိပြီ…”
“ဆယ်အုပ်နဲ့ပဲ စီးရီးကိုပြည့်ပြည့်စုံစုံအဆုံးသတ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ စာအုပ်ကို ထပ်ဆန့်လိုက်ရင် အကျိုးအမြတ်အတော်လေးထပ်ရမှာဆိုပေမယ့်လည်း စာဖတ်သူတစ်ယောက် ရဲ့ရှုဒေါင့်ကနေကြည့်လိုက်ရင်ကျ ဒါကအဆင်မပြေဘူးလို့ ကျွန်တော်ခံစားရတယ်။”
တဲဝမ်ရဲ့မျက်နှာတွင်စိတ်ပျက်မှုများထင်ဟပ်နေသည်။
ဆိုမီကတော့ ဒီလိုမျိုးကိစ္စတွေကိုအတွေ့အကြုံမရှိသောကြောင့်ဝင်မပြောပဲထိုင်နေသည်။ သူမရဲ့နားရွက်များက အခြေအနေကို လိုက်လျောညီထွေဖြစ်အောင်ကြိုးစားနေသလို အပေါ်ထောင်နေသည်။ (နားစွင့်တာကိုပြောချင်တာထင်တယ်)
“ဆရာဟာအနေနဲ့ မလုပ်ချင်ဘူးဆိုရင် ကျွန်တော်တို့လည်းအတင်းမတွန်းပါဘူး။ တကယ်တော့ အခုစီးရီးကလည်း ဆယ်အုပ်နဲ့အဆုံးသတ်လိုက်တာလည်း အတော်လေးကောင်းပါတယ်။”
“ဒါပေမယ့်…”
စကားကိုဆက်ပြောနေတဲ့တဲဝမ် လက်နှစ်ဖက်ဖြင့်ခွက်ကိုကိုင်ထားရင်း များလုံးများကျယ်သွားကာအံ့အားသင့်သွားသည်။ ဂျယ်ဂန်းက ဆိုဂျူကိုလောင်းထည့်လိုက်ပြီး ဖြတ်ပြောလိုက်သည်။
“ကျွန်တော် အခုနောက်ထပ်အလုပ်အတွက် စာချုပ်ချုပ်ချင်တယ်။”
“နောက်ထပ်စာချုပ်လား?”
ဂျယ်ဂန်းရယ်လိုက်ပြီး စနောက်သောလေသံဖြင်ပြန်ပြောလိုက်သည်။
“ဘာလို့အရမ်းအံ့ဩသွားတာလည်း? နောက်ထပ်စာချုပ်ချုပ်ဖို့ကို ခင်ဗျားတို့ဘက်ကနေအရင် စပြောမယ်လို့တောင်ကျွန်တော်တွေးထားတာ။”
“အဲ့လိုမဟုတ်ပါဘူး။ တကယ်ကိုစာချုပ်ထပ်ချုပ်မယ်ဆိုဝမ်းသာစရာပဲ။ ဒါပေမယ့်လည်း စီးရီးကအခုမှပြီးထားတာမလား ဆရာဟာ အနေနဲ့ အနားယူဖို့အချိန်…”
ဂျယ်ဂန်းလက်ကာပြပြီး စကားစဖြတ်လိုက်သည်။
“ကျွန်တော်အဆင်ပြေတယ်။ အောင်မြင်တုန်းဆက်လုပ်ထားမှဖြစ်မယ်။ မနက်ဖြန် ဇတ်လမ်းအကျဉ်းကိုပို့လိုက်မယ် ပြီးတော့ နောက်တစ်ပတ်အတွင်းမှာ ငါးအုပ်လောက်အပြီး သတ်ဖြစ်မယ်။”
တဲဝမ်သောက်နေတဲ့ ဆိုဂျူးတောင် ပြန်ထွက်ကျမတတ်ဖြစ်သွားသည်။
“တစ်ပတ်ထဲငါးအုပ်လား? ဒါကတယ်ကြီးပြောနေတာလား? ဖြစ်နိုင်လို့လားဆရာဟာ?”
“တကယ်တော့ ကျွန်တော့်မှာ အခြားအရန်ထားထားတဲ့ ဇာတ်လမ်းတွေရှိတယ်လေ။ ကျွန်တော်လုပ်နိုင်မယ်ထင်တယ်”
ဒါကလိမ်တာပဲ။
သူမှာအရန်ထားထားတဲ့ဇာတ်ကြောင်းက စာလုံးတစ်လုံးတောင်မရှိပါ။ သူမှာတစ်နာရီကို စာလုံးရေပေါင်း တစ်သောင်းလောက်ရေးနိုင်တဲ့လက်ရည်ရှိသည်မဟုတ်လား။ ယင်းကြောင့်သာ သူထိုသို့ပြောခဲ့ခြင်းဖြစ်သည်။
“ပြဿနာက အရန်ဇာတ်ကြောင်းကို အဓိကစာအုပ်အနေနဲ့ပြန်ပြင်ရေးရတဲ့နေရာပဲရှိမှာ ဒါပေမယ့်လည်း သိုင်းအဆင့်များစာအုပ်လိုပဲ ကျွန်တော်အကောင်းဆုံးကြိုးစားပေးမှာပါ။”
“ငါတို့မင်းရဲ့ စာအရေးအသားကိုယုံကြည်ပါတယ်။ ဆရာဟာမှာလည်းတကယ်ကိုခံစားချက် ကောင်းတွေရှိနေတယ်လို့ ကျွန်တော်ထင်တယ် ဒါကြောင့် ဆက်တိုက်လုပ်တာကလည်း အဆင်ပြေမှာပါ။”
ဂျယ်ဂန်းခွက်ထဲကျန်တဲ့ဆိုဂျူးကိုသောက်လိုက်သည်။
အခုကခက်ခဲတဲ့ အကြောင်းအရာတွေကိုပြောရမယ့်အချိန်ကျပြီဖြစ်သည်။
အခုသူက “ရောင်းအားကောင်းတဲ့ စာရေးဆရာ” မဟုတ်လား ဒါကြောင့်ဒီအချိန်မှာ သူ့ရဲ့တန်ဖိုးကို မြင့်ရမည်။
တဲဝမ်က ဂျယ်ဂန်း နာမည်မရှိခင်တည်းက အခုထိကိုကူညီခဲ့တဲ့ တကယ့်ကိုစိတ်ထားပြည့်ဝသော အယ်ဒီတာတစ်ယောက်ဖြစ်သည်။ ဒါကဂျယ်ဂန်းကို ဒီအကြောင်းအရာကိုပြောဖို့ ပိုပြီးခက်ခဲစေသည်။
“ဆရာဟာ, ဘာတွေများဒီလောက်နက်နဲတကြီး စဉ်းစားနေတာလည်း? အဆင်ပြေရဲ့လား?”
“အာ ဟုတ်သားပဲ, ကျွန်တော်တို့အရင်ကအချက်အလက်တွေအတိုင်းစာချုပ်မလုပ်ပါဘူး ဒါပေါ့”
“ကျွန်တော်ကအခုထိ အောင်မြင်မှုကြီးကြီးမားမားမရသေးတော့ မဖြစ်နိုင်တဲ့ အခြေအနေတွေကိုမတောင်းဆိုပါဘူး။ ကျွန်တော့်အနေနဲ့ အမြတ်ရဲ့ ကိုးရာခိုင်နှုန်းနဲ့ အုပ်ရေ ၃၀၀၀ ကျော်သွားတိုင်း…”
ရုတ်တရက် တဲဝမ်သူ့အိတ်ထဲက ဖိုင်တစ်ခုကိုထုတ်လိုက်သည်။ အထဲမှစာချုပ်ကိုထုတ်လိုက်ပြီး ဂျယ်ဂန်းဆီသို့ လက်လှန်းလိုက်သည်။
“ဒါကိုတစ်ဆိတ်လောက်အရင်ကြည့်ပေးနိုင်မလား?”
“…စာချုပ်လား?”
“ကျွန်တော်ဆရာဟာနဲ့ စာချုပ်ဆက်ချုပ်ဖြစ်မယ်ထင်လို့ တစ်ခါတည်းကြိုပြင်ဆင်ထားတာပါ။ ကျေးဇူးပြုပြီးသေချာလေးဖတ်ပေးပါဦး”
ဂျယ်ဂန်းစာချုပ်ကိုကြောင်တောင်တောင်နှင့်ယူဖတ်လိုက်သည်။ သူစာချုပ်ကိုလှန်လိုက်တိုင်း ပိုပိုပြီး အံ့အားသင့်သွားရသည်။ စာချုပ်ပါအချက်အလက်များက ဂျယ်ဂန်းလိုချင်တာထက်ကို ပိုမိုကောင်းမွန်သည်။
“အယ်ဒီတာ, ဒါက…?”
ဂျယ်ဂန်းဘာပြောရမှန်းမသိတော့ပါ။
အခြေခံအချက်အလက်များအနေဖြင့် ဂျယ်ဂန်းအနေနဲ့ အမြတ်ငွေဆယ်ရာခိုင်နှုန်းနှင့် ထပ်တိုးတစ်ရာခိုင်နှုန်ကို အခြေခံ အုပ်ရေ သုံးထောင်အပြင်ကိုမှ နောက်ထပ်အုပ်ရေတစ်ထောင် ပုံနှိပ်ထုတ်ဝေတိုင်းထပ်တိုးရရှိမည်ဖြစ်သည်။ အွန်လိုင်းစာအုပ်အတွက် ဝေစုကလည်း ခြောက်ပုံ လေးပုံဖြစ်ပြီး ဂျယ်ဂန်းက ခြောက်ပုံဖြစ်သည်။
ဂျယ်ဂန်းအရင်စာချုပ်က ပုံနှိပ်စာအုပ်တွေအတွက်သာဖြစ်သည်။
ပုံနှိပ်ရတဲ့စာအုပ်တွေက ကုန်ကျစားရိတ်များပြီး ဆုံးရှုံးနိုင်ခြေလည်းပိုများသည်။
ထုတ်ဝေသူတွေအနေဖြင့်အရင်တည်းက အွန်လိုင်းစာအုပ်ဈေးကွက်အတွက် စာချုပ်ကိုလုပ်ဖို့ စီစဉ်ထားတာဖြစ်သည်။ ဒါကြောင့် တကယ့်ကိုနာမည်ကျော် စာရေးဆရာမဟုတ်ရင် ဆယ်ပုံငါးပုံရဖို့တောင်မလွယ်ကူပါ။ ဂျယ်ဂန်းလို စာအုပ်တစ်အုပ်သာပေါက်သေးတဲ့ စာရေးဆရာမျိုးအတွက်ဒါက တကယ်ကို မမျော်လင့်နိုင်စရာအခြေအနေဖြစ်သည်။
“အယ်ဒီတာ ဒါကိုတကယ်ကြီးကြိုပြင်လာတာလား?”
“စတင်တဲ့သူတွေအတွက် ဒီလောက်တော့လုပ်ပေးသင့်တယ်လို့စဉ်းစားမိတယ်လေ။ ဒီလောက်ပဲလုပ်ပေးနိုင်လို့တောင် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့သာ ကောင်းကောင်းတွဲလုပ်ဖြစ်မယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ အခြေအနေတွေရဖို့ ကိုယ်စားလှယ်ကိုထပ်ပြောပေးမယ်။”
ဂျယ်ဂန်းနှလုံးသားထဲမှကို ကျေးဇူးတင်မိနေသည်။
သူ့အနေနဲ့ ခေါင်းခါရုံသာတတ်နိုင်သည်။
“အခုတော့ အရေးကြီးတဲ့ကိစ္စတွေလည်းပြောပြီးပြီဆိုတော့ စားတာကိုပဲ အာရုံစိုက်ကြတာပေါ့”
“ဒါပြောစားကြတာပေါ့ မိန်းကလေးလည်း သုံးဆောင်ပါ။”
“စားပြီးတော့ အားတင်းထားပါ စာရေးဆရာ”
သုံးယောက်သားခွက်တိုက်လိုက်ကြသည်။
ဆိုင်ထဲတွင်လူများလာသည်နှင့်အမျှပိုပြီးဆူညံလာသည်။ စားသောက်ဆိုင်ထဲတွင် အတော်လေးဆူနေသော်လည်း ဂျယ်ဂန်းနောက်ဆက်တွဲစာအုပ်အကြောင်းသာတွေးနေသည်။ သူ့စိတ်ထဲတွင် စာအုပ်ဇာတ်လမ်းက အလျင်အမြန်ပဲဖွဲ့တည်နေပြီဖြစ်သည်။
… .
‘မဟုတ်တာ ဒါကဘာလည်း?’
ဟီတဲ မီဒီယာ ရဲ့ အဓိက အယ်ဒီတာအဖွဲ့။
လက်ထောက်မန်နေဂျာ ပတ်ဂျောင်ဆုက ကွန်ပြူတာမော်နီတာ စခရင်ကိုကြည့်နေသည်။
စခရင်ပေါ်တွင် ကြယ်ပွင့်စာပေမှ စာရေးဆရာ ပျမ်ချွမ်ယုရဲ့ စာအုပ်အသစ် သိုင်းအဆင့်များ စာအုပ်ရဲ့ တုန့်ပြန်ချက်များဖြင့်ပြည့်နေသည်။
အသက်နှစ်ဆယ်လူသား : သုံးအုပ်မြောက်ကဘယ်တော့ထွက်မှာလည်း?
အသက်သုံးဆယ်မိန်းမပျို: ဒါကတကယ်ကိုဖတ်လို့ကောင်းတယ်။
ဆယ်နှစ်အရွယ်လည်ပတ်သူကျောင်းသား : ကျောင်းက ငါ့ဘော်ဒါတစ်ယောက်က သိုင်းပညာအဆင့်များ စာအုပ်ကလွဲရင်တခြားစာအုပ်တွေမဖတ်ဘူး။ ပထမစာအုပ်က ရောင်းတဲ့ ပမာဏကုန်သွားလို့ငါတို့စာအုပ်မရလိုက်ဘူး။ တကယ်ကိုဝမ်းနည်းမိတယ်။
ဂျောင်ဆု မြင်နေရတာကိုမယုံနိုင်ဖြစ်နေသည်။
သူဂျယ်ဂန်းနဲ့တွေ့ပြီးတာ ရှစ်ရက်သာရှိသေးသည်။ ဒါပေမယ့်လည်း နောက်ဆက်တွဲစာအုပ်ကထွက်ရှိလာပြီး အရင်အပတ်ကထက်တောင်ပိုပြီး လူစိတ်ဝင်စားမှုများနေသည်။
ထိုအချိန်မှာပဲ။
“အထွေထွေမန်နေဂျာမာ ဘယ်ရောက်နေလည်း?”
ကိုယ်စားလှယ်က အယ်ဒီတာရုံးခန်းထဲသို့ ဒေါသထွက်စွာဖြင့် ဝင်လာသည်။
ဂျောင်ဆုမျက်နှာဖြူဖျော့သွားပြီး တုန်တုန်ယင်ယင်ဖြင့်ထရပ်လိုက်သည်။
“သူ-သူ အခုထိအလုပ်မရောက်သေးဘူးထင်တယ်…”
“သူအလုပ်ချိန်မှာတောင် ရုံးမရောက်သေးဘူးဟုတ်လား? အထွေထွေမန်နေဂျာဖြစ်တာနဲ့ပဲ ရုံးနောက်ကျလို့ရတယ်ထင်နေတာလား? သူ့ကိုချက်ချင်းလာခဲ့ဖို့ ဖုန်းခေါ်လိုက်။ ရောက်တာနဲ့ သူ့ကို ငါ့အခန်းဆီလွှတ်လိုက်။”
“ဟုတ်ကဲ့ပါ ကိုယ်စားလှယ်။”
ကိုယ်စားလှယ်က ဒေါသတကြီးပြန်ထွက်သွားသည်။
ဂျောင်ဆု သူ့ခုံပေါ်ထိုင်ချလိုက်သည်။ နာမည်ကြီးစာရေးဆရာတစ်ယောက်ကို လွတ်သွားတဲ့အတွက် မန်နေဂျာအနေနဲ့ ဘယ်လောက်တောင်အထောင်းခံရမလည်းတွေးတာနဲ့ကို အတော်လေးကြောက်စရာကောင်းသည်။