← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

အထွေထွေမန်နေဂျာ မာဂျောင်ဂုက ဖုန်းရပြီး တစ်နာရီအကြာ ရုံးကိုရောက်လာသည်။

သူကစာရေးဆရာတစ်ယောက်နဲ့စာချုပ်ကိစ္စဆွေးနွေးနေခဲ့တာဖြစ်ပြီး ချွေးများဖြင့်စိုနေသည်။

မန်နေဂျာမာ ရုံးခန်းထဲသို့ဝင်လိုက်သည်နှင့် ကျယ်လောင်သောအော်သံများက တစ်ရုံးလုံးကြားနိုင်သည်အထိထွက်ပေါ်လာသည်။ ‘မင်းဘာလုပ်ထားလည်းသိတယ်မလား မင်းဘာသာပြန်ပြင်နိုင်အောင်လုပ်’ ဆိုတာက အော်သံများမထွက်ပေါ်လာခင်အရင်ကြားရသည်။

ထို့နောက် ရုံးခန်းတံခါးပွင့်သွားပြီး မန်နေဂျာမာထွက်လာသည်။ သူ့ကတုံ့ဆိုင်းပြီးနောက် ဂျောင်ဆုဆီသို့သွားကာ

“မင်းရဲ့ဖုန်းနဲ့ခေါ်လိုက်”

“ဘယ်-ဘယ်ကိုလည်း?”

“ဟာဂျယ်ဂန်း။ ဟာဂျယ်ဂန်းကိုခေါ်လိုက် အဲ့အရူးကောင်က ငါ့ဖုန်းကို ဘလော့ထားရဲတယ် စောက် ရူး ကောင် …”

မန်နေဂျာမာ လက်သီးဆုပ်ကို ခုံပေါ်သို့ထုရင်းအော်လိုက်သည်။

လန့်နေတဲ့ဂျောင်ဆုက ဖုန်းကိုအမြန်ထုတ်လိုက်သည်။ မန်နေဂျာမာက လက်ဆစ်များချိုးရင်း သူ့နားမှာရပ်နေသည်။

တစ်ချိန်တည်းမှာပဲ။

ဂျယ်ဂန်း သူ့မိဘတွေရဲ့ အိမ်တံခါးဘဲလ်ကိုနှိပ်လိုက်သည်။ သူ့အမ ဂျယ်အန်းရဲ့အသံကိုကြားလိုက်ရသည်။

“ဘယ်သူ…ဂျယ်ဂန်းလား?”

လူခေါ်ဘဲလ်မှတစ်ဆင့် ဂျယ်ဂန်းကိုသတိထားမိသွားပြီး တံခါးဖွင့်လိုက်သည်။ ဂျယ်ဂန်းပြုံးပြီး အိမ်ထဲဝင်လိုက်သည်။

“ဘာလို့လည်း? ငါ့ကိုဖုန်းလည်းမဆက်ထားပါဘူး”

“မဟုတ်ဘူး, ဒီနေ့ကမင်းရဲ့နားရက်လေ”

“ရယ်ရတယ်။ ဒါကြောင့်နင်မနေ့က ငါ့နားရက်ကိုမေးတာလား? ဒီနေ့ဘယ်လေတွေတိုက်နေတာလည်း? ငါလာဖို့ခေါ်ရင်တောင်မလာတာကို”

ဂျယ်ဂန်းရယ်သာရယ်လိုက်သည်။

သူကနာမည်မရှိတဲ့စာရေးဆရာတစ်ယောက်အနေနဲ့သူ့ခန္ဓာကိုယ်ကိုကျန်းမာအောင်တောင်မနည်း နေထိုင်ခဲ့သည်။ သူ့အနေဖြင့် သူ့မိသားစုကို မျက်နှာပြဖို့တောင်ရှက်ခဲ့သည်မလား ဒါကြောင့်သူမရဲ့ဖိတ်ခေါ်မှုတွေကို ငြင်းခဲ့တာဖြစ်သည်။

ဒါပေမယ့်, အခုကအခြေနေတွေမတူတော့ပါ။

သိုင်းပညာအဆင့်များစာအုပ်နှင့် နောက်ဆက်တွဲစာအုပ်ရဲ့ တုန့်ပြန်မှုတွေကအောင်မြင်နေပြီဖြစ်သည်။ အခုတော့အောင်မြင်မှုကိုခံစားရင်း သူ့မိသားစုကို မျက်နှာပြရန်ဆုံးဖြတ်လိုက်သည်။ သူ့အမေကိုလက်ဆောင်ပေးရင်း သူ့ကြောင်းကိုလည်းပြောရမည်။

“အမေနဲ့ အဖေကော?”

“အမေက ဆံပင်ညှပ်ဆိုင်မှာ အဖေက မနေ့တည်းက မနက်ပိုင်းအလုပ်ဆင်းနေတယ်”

ဂျယ်ဂန်းရဲ့အဖေသည် လွန်ခဲ့သောသုံးနှစ်က ကယ်ဆယ်ရေးအလုပ်တွင် အလုပ်ဆုံးရှုံးခဲ့ရသည်။ အဲ့တည်းက ကွန်ဒိုမှာ လုံခြုံရေးအလုပ်ကိုလုပ်ခဲ့သည်။ ဒါက နေ့ဆိုင်း ညဆိုင်းများဖြင့် ခက်ခဲသော အလုပ်တစ်ခုဖြစ်သော်လည်း သူ့အဖေအနေနှင့် နားရက်များကလွဲ၍ အလုပ်ပျက်လေ့မရှိပေ။

“မနက်စာစားပြီးပြီလား?”

“အင်း နောက်တောင်ကျနေပြီ ခဏ ဖုန်းဝင်လာလို့”

ဖုန်းထုတ်လိုက်ရင်း ဂျယ်ဂန်းမျက်ခုံးများတွန့်သွားသည်။

“ဟယ်လို . “

-စာရေးဆရာဟာ, ကျွန်တော် ဟီတဲမီဒီယာက ဂျောင်ဆုပါ

“ဟုတ် ဘာကိစ္စများလဲ?”

ဂျယ်ဂန်းခပ်တန်းတန်းသာပြန်မေးလိုက်သည်။ သူမျော်လင့်ထားသောစကားလုံးများကို ဂျောင်ဆုဆီမှကြားလိုက်ရသည်။

-အာ ဒါက ကျွန်တော်တို့အနေနဲ့ ပြောခဲ့ဘူးတဲ့စာချုပ်ကိစ္စပါ။ ကျွန်တော်ဆရာဟာနဲ့တွေ့ပြီး စာချုပ်ကိစ္စပြောချင်လို့ပါ ပြီးတော့ ကျွန်တော်တို့အနေနဲ့ သဘောတူညီမှုကိုရရှိနိုင်မယ်လို့လည်း ထင်တယ်။ အဆင်ပြေရင် ဒီနေ့တွေ့လို့ရနိုင်မလား?

“အဲ့နေ့တည်းကပြောခဲ့ပြီးပြီပဲ။ ကျွန်တော့်အနေနဲ့ အဖြေကိုအဲ့နေ့တွင်းချင်းတန်းလိုချင်တာ အခုက တစ်ပတ်တောင်ရှိပြီ”

-ဒါ-ဒါက ကျွန်တော်တို့ ရုံးတွင်းမှာကိစ္စလေးတွေဖြစ်သွားလို့ အခြားအစည်းအဝေးအချို့ အရေးပေါ် ပေါ်လာလို့ပါ။

“ဟီတဲမီဒီယာရဲ့ အတွင်းအစည်းအဝေးပွဲတွေက ကျွန်တော်နဲ့မှမဆိုင်ပဲ။ အရေးကြီးတာက ကျွန်တော့်အနေနဲ့ ဘာအကြောင်းကြားမှုမှမရခဲ့ဘူးလေ။ တခြားပြောစရာမရှိတော့ဘူးဆို ကျွန်တော်ဖုန်းချလိုက်ပြီ”

ဂျယ်ဂန်းဖုန်းချခါနီးတွင် တစ်ဖက်ဖုန်းမှလာသောအသံက ပြောင်းလဲသွားသည်။

-စာရေးဆရာဟာ, အခုပြောနေတာ အထွေထွေမန်နေဂျာ မာဂျောင်ဂုပါ။ ကျွန်တော့်အနေနဲ့ ဆရာ့ကိုတိုက်ရိုက်မဆက်သွယ်နိုင်တာ စိတ်မကောင်းပါဘူး။ ကျေးဇူးပြုပြီး ငါတို့ကိုအခွင့်ရေး နောက်တစ်ကြိမ်လောက်ပေးနိုင်မလား? ကျွန်တော်တို့ ဆရာဟာကို နောက်တစ်ကြိမ်စိတ်မပျက်ရအောင် အကောင်းဆုံးကြိုးစားမှာပါ။ ကျေးဇူးပြုပြီး ဖုန်းမချပါနဲ့ဦး ကျွန်တော်တောင်းဆိုပါတယ်

မန်နေဂျာမာက ဂျယ်ဂန်းဖုန်းမချခင် စကားများကိုဆက်တိုက် အမြန်ပြောလိုက်သည်။ ဂျယ်ဂန်းမျက်နှာကျက်ကိုကြည့်ရင်းတွေးလိုက်သည်။ သူ့အနေနဲ့ ဒီလောက်ထိတောင်းပန်နေတာကြောင့် နေရခက်နေသည်။

-ဟယ်လို? စာရေးဆရာဟာ? ဆရာ?

“ကျွန်တော်စဉ်းစားနေတယ်”

-တောင်း-တောင်းပန်ပါတယ်။ ကျွန်တော်တို့စောင့်နေပါတယ်။

ဂျယ်ဂန်းသူ့ကိုကြည့်နေသည့် ဂျယ်အန်းရဲ့အကြည့်များကို လျစ်လျူရှုလိုက်ပြီး မျက်လုံးများမှိတ်ချလိုက်သည်။ မန်နေဂျာမာရဲ့ သောကရောက်နေသော အသက်ရှုသံပြင်းပြင်းများက ဖုန်းတစ်ဘက်ကနေတောင်ကြားနေရသည်။

“ကောင်းပြီ။ ကျွန်တော်တို့တွေ့ကြတာပေါ့”

ဂျယ်ဂန်းနောက်ဆုံးတော့ ဆုံးဖြတ်ချက်ချပြီးပြောလိုက်သည်။

“မန်နေဂျာမာ ကျွန်တော့်ကိုနောက်တစ်ခေါက်စိတ်မပျက်စေရပါဘူးဆိုတဲ့စကားကို ယုံကြည်မယ်နော်”

-ကျေးဇူးတင်ပါတယ် ဆရာဟာ။ တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဘယ်မှာတွေ့ကြမလည်း? ကျွန်တော်အိမ်ကိုလာခဲ့ရမလား။

“ခုကဆုဝမ်အိမ်ရာ။ နောက်လေးငါးနာရီလောက်ဆိုအဲ့ရောက်မှာ…”

မန်နေဂျာမာသူ့ကိုဖြတ်ပြောလိုက်သည်။

-ဆုဝမ်အိမ်ရာက မင်းရဲ့မိသားစုနေတဲ့နေရာမလား? အဲ့တာဆိုကျွန်တော်အဲ့ပဲလာခဲ့လိုက်မယ်။ နောက်တစ်နာရီနေရင်ကျွန်တော်ရောက်မယ်။

ဒီအိမ်လိပ်စာက သူပွဲဦးထွက်စာချုပ်ချုပ်တုန်းက နေရာလည်းဖြစ်သည်။ ဂျယ်ဂန်း အနည်းငယ်အံ့အားသင့်သွားပြီး နာရီကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ အဲ့လိုလည်းရတယ်။ စောင့်နေပါမယ်”

-ဟုတ်ကဲ့ပါ မကြာခင်ရောက်ပါမယ်။

ဂျယ်ဂန်းဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်သည်။ ရေခဲသေတ္တာထဲမှနို့ဘူးကိုထုတ်လိုက်သည်။ ဂျယ်အန်းကသူ့ကိုမေးရန်စောင့်နေသည်။

“ဘာလဲ? ထုတ်ဝေသူလား? နားထောင်ကြည့်ရသလောက် သူတို့ကနင့်ကိုတောင်းဆိုနေတာလား?”

“သူတို့ကနောက်ထပ်စာချုပ်တစ်ခုအကြောင်းမေးနေတာ”

“..နောက်ထပ်?”

ဂျယ်အန်းတခြားမေးခွန်းများကို ခနမျိုချရင်း မေးလိုက်သည်။

သူမသာဆက်မေးနေရင် သူ့မောင်ရဲ့ ထိရှလွယ်တဲ့စိတ်အပိုင်းကိုပါထိမိသွားလိမ့်မည်ဟုခံစားနေရသည်။

ဒါကနာကျင်ရမယ်ဆိုတာသူမသိသည်။ သူ့မောင်က ထုတ်ဝေသူတွေဒီလောက်တောင်းဆိုရတဲ့ စာရေးဆရာတစ်ယောက်မဟုတ်ပါ။ သူကစာရေးဆရာများကြားတွင်လည်း နာမည်မရှိပါ။ သူမအနေနှင့် အစောက ဖုန်းကောကိုသာပို၍ စိတ်ဝင်စားသည်။

“သူတို့လာရင်ကော်ဖီဆိုင်ခနသွားလိုက်ဦးမယ်။ သူတို့ကဆိုးလ်ကနေလာမှာဆိုတော့ တစ်နာရီလောက်ပဲကြာမှာ”

ဂျယ်ဂန်းခန့်မှန်းမှုကမှားယွင်းခဲ့သည်။

မိနစ်သုံးဆယ်လောက်ကြာတော့ တံခါးဘဲလ်ကမြည်လာသည်။ တံခါးဘဲလ်ဆက်သွယ်ရေး မျက်နှာတွင် မန်နေဂျာမာဣျင့် ဂျောင်ဆု၏မျက်နှာများကိုမြင်လိုက်ရသည်။ သူတို့ကျန်တာတွေကို ဘေးချိတ်ပြီး ဒီကိုတန်းခါလာတာဖြစ်မည်။

“ငါအခန်းထဲသွားလိုက်ဦးမယ်”

“တောင်းပန်ပါတယ် ငါအမြန်ကိစ္စဖြတ်လိုက်မယ်”

“ဘာမှမဖြစ်ဘူး။ အေးဆေးလုပ်”

ဂျယ်အန်းအခန်းထဲသို့ဝင်သွားသည်။ ထို့နောက် ဂျယ်ဂန်းတံခါးဖွင့်လိုက်သည်။

“ဟယ်လို ဆရာ”

မန်နေဂျာမာနှင့် ဂျောင်ဆုတို့လက်ထဲတွင် ဈေးကြီးသော အမဲနံရိုးနှင့် ဂျင်ဆင်းဘူး ကိုယ်စီကိုင်ထားကြသည်။

မန်နေဂျာမာက ပစ္စည်းများကိုလှမ်းလိုက်ပြီး

“ငါတို့အလျင်စလိုလာခဲ့တာအတွက်လက်ဆောင်ကောင်းကောင်းမရွေးလိုက်ရဘူး။ ဒါတွေက စာရေးဆရာဟာ လက်ခံဖို့အဆင်ပြေမယ်လို့မျော်လင့်ပါတယ်။”

“ကျေးဇူးပါ။ ကျွန်တော်လက်ခံလိုက်ပါမယ်”

ဂျယ်ဂန်းမထင်မှတ်ထားခဲ့ပါ။

သူ့တစ်ခါမှဒီလိုဈေးကြီးသောလက်ဆောင်များကိုမရခဲ့ဖူးပါ။ နေ့ကြီးရက်ကြီးတွေမှာတောင်မှပေါ့။

သူအကောင်းဆုံးရဖူးသည်က တူနာငါးလက်ဆောင်ဘူးနှင့် အသားပြားလက်ဆောင်ဘူးများတာဖြစ်သည်။

လက်ဆောင်လက်ခံနေရင်းပင်သူ့တန်ဖိုးကမြင့်တက်သွားသည်ကို သူသိလိုက်သည်။

“ဝင်လာခဲ့ပါ”

ဂျယ်ဂန်း အနည်းငယ်ဖယ်လိုက်ပြီး ဝင်ခဲ့ရန်ပြောလိုက်သည်။ သူတို့ကိုအိမ်ထဲသာခေါလိုက်ပြီး ကော်ဖီဆိုင်သို့မသွားတော့ပေ။ သူ့အခန်းထဲတွင်ပြောရသည်ကပိုကောင်းသည်။ မန်နေဂျာမာနှင့် ဂျောင်ဆု ဖိနပ်များချွတ်ပြီး လိုက်ဝင်လာသည်။

All Chapters