← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

“ကော်ဖီသောက်ကြဦးမလား သွားယူလိုက်မယ်”

“ကျွန်တော်တို့သောက်လာခဲ့ပြီးပြီ ကျေးဇူးပါ”

သုံးယောက်သား ဂျယ်ဂန်းအခန်းထဲမှကူရှင်ပေါ်တွင်ထိုင်နေကြသည်။ အခန်းထဲတွင် အတော်တန်ကြာသည်အထိ တိတ်ဆိတ်မှုကပြည့်နှက်နေသည်။ ဂျယ်ဂန်းစပြောလိုက်သည်။

“အလုပ်နဲ့မဆိုင်တာတွေအကုန်လုံးကိုကျွန်တော်မေ့လိုက်ပြီ ဒါကြောင့်အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘာမှပြောမှာမဟုတ်တော့ဘူး”

“အာ, ဟုတ်…”

မန်နေဂျာမာကသူ့ကိုယ်သူအနည်းငယ်အပြစ်ရှိသလိုခံစားနေရ၍ ခေါင်းသာငုံ့ထားသည်။ သူ့ကိုယ်သူသိသည်။ အတိတ်မှာ နာမည်မရှိသေးတဲ့ဂျယ်ဂန်းလိုစာရေးဆရာအပေါ်ခက်ထန်ခဲံတာက အမှန်သာဖြစ်သည်။ သူ့အပေါ်မှာ နည်းနည်းပိုကောင်းပေးလို့ရပေမယ့် သူမလုပ်ခဲ့ပါ။

“ဂျောင်ဆုကိုပြောလိုက်တဲ့အခြေအနေတွေကို သိပြီးပြီမလား? အဲ့ကနေပဲဆက်ပြောကြရအောင်”

“ပုံနှိပ်စာအုပ်တွေအတွက်အခြေအနေက အဆင်ပြေပါတယ် ဒါပေမယ့်ဆရာ အွန်လိုင်းစာအုပ်တွေအတွက်အခြေအနေကနည်းနည်း…အင်း ဆရာဟာအနေနဲ့ စာချုပ်ရဲ့သက်တန်းကိုတိုးပေးနိုင်မလား ဒါမှမဟုတ် အွန်လိုင်းစာအုပ်အတွက် အမြတ်ကို ပိုပေးနိုင်မလား? တစ်ခုခုများလုပ်ပေးလို့ရမလား?”

ဂျောင်ဂုဒီလိုပြောနေတာကအထက်ဘက်ကဆိုတာထက် ဂျယ်ဂန်းကို တောင်းဆိုနေတာပဲဖြစ်သည်။

ဂျယ်ဂန်းက ကလေးလိုမျိုးပြုမူတတ်တဲ့ပုံစံမျိုးမဟုတ်ပေမယ့်လည်း သူတို့ကိုကြည့်ပြီး စိတ်ပျက်သွားသောပုံစံဖြင့် သက်ပြင်းချလိုက်သည်။ ဂျယ်ဂန်းရဲ့ ဒီပုံစံက ဂျောင်ဂုနဲ့ ဂျောင်ဆုကို လန့်သွားစေသည်။

“ဒါဆိုလည်း အဲ့လိုပဲလုပ်တာပေါ့”

ဂျယ်ဂန်း အစောတည်းက ဒီကိစ္စကိုတွေးမိပြီးသားဖြစ်သည်။

“ကျွန်တော် ပုံနှိပ်စာအုပ်တွေကနေ ဆယ်ရာခိုင်နှုန်းပဲယူမယ်။ ကျွန်တော့်အတွက် ထုတ်ဝေမှုအာမခံမလိုဘူး။ ပြီးတော့ စာအုပ် အုပ်ရေ မိတ္ထူလေးထောင်ကျော်သွားတာနဲ့စပြီး တစ်ရာခိုင်နှုန်းစီ ပိုပြီးပေးပါ။ ဒါပေမယ့် စာချုပ်သက်တန်း နှစ်နှစ်နဲ့ အွန်လိုင်းစာအုပ်အတွက် အမြတ်ခွဲဝေတာကို ခုနှစ်ပုံ သုံးပုံကနေတော့ မပြောင်းပေးနိုင်ဘူး”

ဂျောင်ဂုအတွေးများရှုပ်ထွေးနေသည်။ ဂျယ်ဂန်းက နှစ်လိုဖွယ်ကောင်းစွာပဲ အချက်အလက်တွေကို ပြင်ဆင်ပေးခဲ့သည်။

“ငါနှစ်လိုဖွယ်ကောင်းတယ်မလား အဆင်ပြေအောင်ညှိပေးထားတာက”

“အာ ဟုတ်.ကဲ့..”

ဂျောင်ဂုအတွက်ဒီလိုမျိုးစာချုပ်က တကယ်ကို ကြောင်တောင်တောင်နိုင်သည်။

ဈေးကွက်မှာ စာအုပ်တွေကဘယ်လောက်ကောင်းကောင်းရောင်းရမယ်ဆိုတာသိဖို့ မလွယ်ပါဘူး။ ဂျယ်ဂန်းရဲ့စာအုပ်တွေကျိန်းသေပေါက်အောင်မြင်မယ်လို့ အာမခံချက်မရှိပါ။ ဒါကြောင့်ပဲသူ့အနေနဲ့ အွန်လိုင်းစာအုပ်များမှသာ အကျိုးအမြတ်ကိုပို၍ခွဲဝေယူမည်ဟု ရိုးရိုးရှင်းရှင်းတွေးထားတာ ဖြစ်သည်။

ထို့နောက် ဂျယ်ဂန်းကလက်ညိုးတစ်ချောင်းထောင်ပြပြီး ဆက်ပြောသည်။

“နောက်ပြီး ကျွန်တော်ရဲ့ကိုယ်ရေးကိုယ်တာဆန်တဲ့ တောင်းဆိုချက်တစ်ခုကိုလက်ခံပေးမယ်ဆိုရင် ကျွန်တော့်အနေနဲ့ စာချုပ်သက်တန်းကို နောက်တစ်နှစ်ပေါင်းထည့်ပေးတာ ဒါမှမဟုတ် အွန်လိုင်းအမြတ်ဝေစုကို နောက်တစ်ပုံထပ်တိုးပေးလို့ရတယ်”

“ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်?”

ဂျယ်ဂန်းလက်ခလယ်နဲ့လက်သူကြွယ်ကို ထောင်လိုက်ရင်းပြောလိုက်သည်။

“ဒေါ်လာ သုံးသောင်းကိုပထမဆုံးပေးချေပေးပါ”

(ဝမ် ၃၀,၀၀၀,၀၀၀ ပါ)

ဂျောင်ဂုပါးစပ်က ယင်ဝင်ဥလောက်သည်အထိဟသွားသည်။

ဂျယ်ဂန်းဘာစာအုပ်ကိုရေးမယ် ဘယ်နှစ်အုပ်ရေးမယ်ဆိုပြီး အခုစာချုပ်ရဲ့အလုပ်အတွက် တိကျတဲ့အချက်အလက်တစ်ခုမှမရှိပါ။ ပြီးတော့ ဒေါ်လာသံဒးသောင်းဆိုတာ တကယ်ကိုများပြားလှတဲ့ ပမာဏတစ်ခုဖြစ်သည်။

“စာရေးဆရာဟာ..”

အခုထိအံ့အားသင့်၍မပြီးသေးသောဂျောင်ဂုအစား ဂျောင်ဆုမှပြောလိုက်သည်။

“ဒါကနည်းနည်းတော့ရိုင်းသလိုဖြစ်လိမ့်မယ် အကယ်၍ကျွန်တော်တို့နဲ့လက်မှတ်ထိုးပြီးရင် စီးရီးတွေအတွက်က အုပ်ရေဘယ်နှအုပ်စီလောက်ရေးဖြစ်မလည်း”

“အနည်းဆုံးဆယ်အုပ်”

ဂျောင်ဆုခေါင်းညိတ်လိုက်ပြီး တွက်ချက်လိုက်သည်။

ဆယ်အုပ်ပါတဲ့ စာအုပ်စီးရီးအတွက် တစ်အုပ်ကို အုပ်ရေသုံးထောင် မိတ္ထူထုတ်ဝေမည်ဆိုလျင် ဒေါလာ နှစ်သောင်းလေးထောင်ကျသင့်မည်ဖြစ်သည်။ ပြီးတော့ဆုံးရှုံးမှုတွေကာမိအောင် အုပ်ရေးသုံးထောင်လုံးရောင်းထွက်ရမည် သို့မဟုတ် ဂျယ်ဂန်းအနေဖြင့် အုပ်ရေကိုဆွဲဆန့်ရမည်ဖြစ်သည်။ အုပ်ရေသုံးထောင် ရောင်းကုန်ဖို့ရန်အတွက် အာမခံချက်ကမသေချာပါ။

‘အကယ်လို့များ စာချုပ်ချုပ်ပြီးမှ မရောင်းရရင်…’

နောက်ဆုံးကျန်ခဲ့သည်က အွန်လိုင်းစာအုပ်ဈေးကွက်သာဖြစ်သည်။

ပုံနှိပ်ထုတ်ဝေမှုတွင် ရောင်းအားမရှိပါက အွန်လိုင်းစာအုပ်အနေဖြင့်ထုတ်ဝေရမည်ဖြစ်သည်။ ဟီတဲမီဒီယာအနေဖြင့် အွန်လိုင်းစာပေဈေးကွက်ကို အခြားအပြိုင်ကုမ္ပဏီများထက် နောက်ကျပြီးမှသာဝင်ရောက်ခဲ့သည်။ သူတို့အနေဖြင့် အွန်လိုင်းဈေးကွက်မှအမြတ်ရရန် ကြီးထွားဖို့အချိန်လိုအပ်နေသေးသည်။

“ဟမ်..”

ဂျောင်ဂုအတွေးလွန်နေတုန်းဖြစ်သည်။

ဂျောင်ဂုက ဝင်ငွေမဖြောင့်တဲ့စာရေးဆရာတွေဆို ဂရုမစိုက်နေကြဖြစ်သည်။ ဒါကြောင့်ပဲ သူကြောက်ရွံ့နေမိသည်။ ဂျယ်ဂန်းကလည်း သူလုပ်ခဲ့သလိုပဲ ဟီတဲမီဒီယာကို ဂရုမစိုက်မှာ စိုးရွံ့သည်။

“ဆယ်အုပ်…ကျေနပ်စရာပဲ ဆရာဟာအနေနဲ့ ဘာပဲဖြစ်လာဖြစ်လာ ဆယ်အုပ်တော့ရေးရမယ်နော်”

“ဒါကကျွန်တော်ကိုယ်တိုင်ပြောတဲ့စကားပါ ပရောဂျက်လိုအပ်ချက်အရ ပိုပြီးရေးရမယ်ဆိုတောင် ကျွန်တော်ရေးနိုင်တယ်”

ဂျောင်ဂုအနည်းငယ်စိတ်သက်သာရရသွားတော်လည်း လုံးဝတော့မဟုတ်သေးပါ။ ဂျယ်ဂန်းဖုန်းကိုထုတ်ကာစစ်ကြည့်ပြီး ဂျောင်ဂုကိုပြလိုက်သည်။

“မင်းဒါကိုတစ်ချက်ကြည့်နိုင်မလား?”

ဂျောင်ဂုနှင့် ဂျောင်ဆုတို့၏အကြည့်များက စခရင်ထက်သို့ရောက်သွားသည်။ ဒါက ကြယ်ပွင့်စာပေမှ ဆိုမီ၏မက်ဆေ့ဖြစ်သည်။

- ခေတ်သစ်အဆင့်များ စာအုပ်ကို အုပ်ရေနှစ်ထောင်ထပ်ပြီးထုတ်ဝေနေတယ်။ သိုင်းပညာအဆင့်များစာအုပ်ကလည်းထောင်နဲ့ချီပြီး ပြန်လည်ထုတ်ဝေရနိုင်ခြေရှိသေတယ်။ အခုလက်ရှိမှာ မိတ္ထူလေးထောင်ပြီးလို့ နောက်ထပ်အုပ်ရေငါးထောင်ကို ဈေးကွက်ထဲထုတ်ဝေထားတယ်။ စုစုပေါင်းအုပ်ရေကိုးထောင်တောင် မိတ္ထူထုတ်ဝေပြီးပြီ။ ဒါကသတင်းကောင်းပဲ ဒါကြောင့် ကြားကြားချင်းပဲဆရာဟာကိုလှမ်းပြောလိုက်တာ။ ဒီနေ့လည်းကောင်းကောင်းလုပ်ခဲ့တာပဲ။

“ဟမ်…”

ဂျောင်ဂု၏ပါးစပ်မှ ထူးထူးဆန်းဆန်းအသံတစ်ခုထွက်ပေါ်လာသည်။ ဂျယ်ဂန်းမသိချင်ယောင်သာဆောင်၍ ဆက်ပြောလိုက်သည်။

“စာရေးဆရာတစ်ယောက်အနေနဲ့ ကျွန်တော့်တန်ဖိုးက မိနစ်နဲ့အမျှပိုပိုပြီး မြင့်လာပြီ။ စာချုပ်ရဲ့ အခြေအနေတွေကလည်း အမျိုးမျိုးပြောင်းလဲနိုင်ခြေရှိတယ်နော်”

“ငါ-ငါတို့စာချုပ်ချုပ်မယ်”

ဂျောင်ဂုဆုံးဖြတ်ချက်ပြတ်သားသောမျက်နှာဖြင့် ဖုန်းကိုထုတ်လိုက်သည်။

“ကိုယ်စားလှယ်ကိုဖုန်းခေါ်ဖို့ အချိန်ခဏပေးပါ”

“အဆင်ပြေပါတယ်။ မင်းဖုန်းပြောနေတုန်း ကျွန်တော်အပြင်ခဏထွက်ပြီး ကော်ဖီသောက်လိုက်ဦးမယ်”

ဂျယ်ဂန်းအခန်းထဲမှထွက်ပြီး အခန်းတံခါးပြန်စေ့လိုက်သည်။ တံခါးနားကပ်ပြီးနားထောင်နေသော ဂျယ်အန်းလန့်သွားပြီး မြန်မြန်ပုံစံပြင်လိုက်သည်။

“မင်းဘာလုပ်နေတာလည်း?”

“ငါ-ငါ ရေလာသောက်တာပြီးတော့ တစ်ချက်…ဂျယ်ဂန်း, အခုလေးတင် ဒေါ်လာ သုံးသောင်းလို့ကြားလိုက်လားလို့? ငါကြားတာမှန်တယ်မလား? နင်ရေးနေတဲ့စာအုပ်က အဲ့လောက်တောင်ရနေပြီလား?”

“ငါအမေ့ကို ပိုက်ဆံအချို့ပေးချင်လို့ ဒေါ်လာသုံးထောင်နဲ့ သူနောက်က သိပ်အရေးမကြီးတဲ့ သုညနောက်တစ်လုံးလောက်ပဲ ဒါကဘာမှမဟုတ်ပါဘူး”

သူစာချုပ်မချုပ်ခင်ထဲကတွေးနေတာဖြစ်သည်။ သူ့ရဲ့ဝမ်းနည်းစရာကောင်းတဲ့ မိသားစုအတွက် စာချုပ်ပိုက်ဆံတွေကိုပေးမှာဖြစ်သည်။ ဂျယ်အန်းစိတ်လှုပ်ရှားသွားသည်။

“ဒီ-ဒီလောက်အများကြီးမလိုပါဘူး။ နင်ဒီပိုက်ဆံတွေနဲ့ဆို တစ်ဘဝလုံးအတွက်အခန်းခတောင်ပေးလို့ရတယ်..”

ဂျယ်ဂန်းပျော်ရွင်နေပြီး ကော်ဖီခွက်ထဲကော်ဖီလောင်းထည့်လိုက်သည်။

ရေနွေးက ကော်ဖီကိုသေချာစွာအရည်ပျော်စေသည်။ အကြိမ်အနည်းငယ်မှုတ်လိုက်ပြီးနောက် အနည်းငယ်တေ့ပြီး သောက်ကြည့်သည်။ သူသောက်လို့မပြီးသေးခင်မှာပဲ သူ့ကောင့်ထဲသို့ ဒေါ်လာသုံးသောင်းဝင်လာသည်။

“ကျွန်တော်တို့ ပေးချေလိုက်ပြီ, ဆရာဟာ”

အခန်းထဲတွင်ကျန်ခဲ့သော ဂျောင်ဂုဆီမှအသံထွက်ပေါ်လာသည်။

ဂျယ်ဂန်းခေါင်းညိတ်လိုက်ပြီး

“ကျွန်တော် မက်ဆေ့နိုတီကနေစစ်ကြည့်ပြီးပြီ ကျေးဇူးပါ”

ဂျယ်အန်း ပါးစပါအဟောင်းသားဖြစ်သွားသည်။ သူ့မောင်လို နာမည်မရှိတဲ့စာရေးဆရာတစ်ယောက်ကို တကယ်ကြီး ဒေါ်လာသုံးသောင်းကြိုတင်ပေးချေ သွားတာလား?

ဂျယ်အန်းသူ့မောင်ကို သူ့ရဲ့အလုပ် သို့မဟုတ် သူ့မောင်ရဲ့ စာရေးဆရာဘဝအကြောင်း မေးချင်ခဲ့သည်။ သို့သော် ပင်ပန်းနေသောသူ့မောင်လေးကို ဖိအားတွေပေးမိမည်စိုးသောကြောင့် တစ်ခါမှထုတ်မမေးခဲ့ပါ။ ပြီးတော့ သူ့မောင်ရဲ့စာအုပ် တုန့်ပြန်ချက်တွေကို တိတ်တိတ်လေးဖတ်တုန်းက အတော်လေးဆိုးရွားနေတာကိုတွေ့ခဲ့ပြီး နောက်တစ်ကြိမ် ထပ်ဝင်မကြည့်ဖြစ်တော့ပါ။ ဒါကြောင့်ပဲ ဂျယ်ဂန်းရဲ့နောက်ဆုံးစာအုပ်ကပေါက်သွားတာကို သူမ မသိပါ။

“မင်းကောင်းကောင်းလုပ်မယ်လို့မျော်လင့်ပါတယ် ဆရာဟာ”

တံခါးရှေ့တွင် ဂျောင်ဂု ဂျယ်ဂန်းဖြင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။

နှစ်ဖက်စလုံး၏ မျက်နှာထက်တွင်အပြုံးများတပ်ဆင်ထားပြီး ထိုအရာက စိတ်ရင်းမဟုတ်ပဲ လုပ်ငန်းကိစ္စအတွက်သာဖြစ်သည်။

“ကျေးဇူးပါ။ ကျွန်တော် ဒီအပတ်အတွင်းငါးအုပ်ပို့ပေးနိုင်အောင်ကြိုးစားလိုက်ပါမယ်”

မင်းအနေနဲ့မိတ်ဆွေမဖြစ်နိုင်ရင်တောင်မှ ရန်သူတော့မဖြစ်စေနဲ့။

ဂျောင်ဂုနှင့် ဂျောင်ဆုကို ပြန်ပို့ရင်း သူ့အဖေသူ့ကိုဆုံးမဖူးသောစကားကို တွေးရင်းပြုံးမိသွားသည်။ သူ့စိတ်ထဲမှာ ဟီတဲမီဒီယာကိုပို့ပေးဖို့ရန်အတွက် စာအုပ်စီးရီးကိုပြင်ဆင်ပြီးသွားပြီဖြစ်သည်။

---- -

“အဖွဲ့ခေါင်းဆောင်, နေ့လည်စာမစားသေးဘူးလား?”

“သွားစားကြပါ။ ကျွန်မ စာဖတ်ရင်းစားဖို့ အသားညှပ်ပေါင်မုန့်ဝယ်ထားတယ်”

နက်ဇွန်မိုဘိုင်းဂိမ်းအဖွဲ့ ရုံးခန်း။

အဖွဲ့ခေါင်းဆောင်လီဆုဟီးက ပခုံးထက်သို့ပြေကျနေသောဆံစများကို ဆံထုံးထဲသို့ပြန်သပ်တင်လိုက်သည်။ ကျန်လက်တစ်ဖက်ဖြင့် အသားညှပ်ပေါင်မုန့်ကိုစားလိုက်ပြီး ဒူခေါင်းပေါ်တင်ထားသောစာအုပ်ကို ပြန်ပြီးဖတ်လိုက်သည်။

‘တကယ်ရယ်ရတာပဲ, ဟဟား..’

သူမအခုဖတ်နေသောစာအုပ်က ‘ပီဂယ်လွန်ရဲ့ မှော်ဆရာ’ ဆိုသည့် ဖန်တဆီအမျိုးအစား ဝတ္ထုဖြစ်သည်။ ဒါက စာရေးဆရဦ ပျမ်ချွမ်ယုရဲ့စာအုပ်အသစ်လည်းဖြစ်သည်။ သူမအရင်စီးရီးကိုပြီးဆုံးအောင်ဖတ်ပြီးသည့်နောက် ‘ပီဂယ်လွန်ရဲ့ မှော်ဆရာ’ စီးရီး၏ ပထမဆုံးသောစာအုပ်ကိုဖတ်နေခြင်းဖြစ်သည်။

ဆုဟီး ပျမ်ချွမ်ယုကိုသိသည်။ သူပထမဆုံးစာအုပ်ကိုပွဲဦးထွက် ထုတ်ဝေတည်းက ကံမကောင်းစွာပဲ ဆက်တိုက်ကျရှုံးခဲ့သည်။ သူရေးထားသောစာအုပ်တွေအကုန်လုံးကို သူမ၏စာအုပ်စင်တွင် စုဆောင်းထားသည်။ ပျမ်ချွမ်ယုက အခုသူ့အသက် ၂၇ နှစ်ရောက်တာတောင် သူ့နှလုံးသားကိုခံစားစေ နိုင်သော လူတစ်ယောက်လည်းဖြစ်သည်။

“အဟင့်, ဟင့် . “

ဆုဟီး ငိုသံကြားရာဆီသို့လှည့်ကြည့်လိုက်သည်။ လုပ်ဖော်ကိုင်ဖက်များတွင် အငယ်ဆုံးဖြစ်သော ဟေးမိက မျက်ရည်များသုတ်ရင်း သူမခုံဆီသို့လာနေသည်။

“ဟေးမီ, ဘာဖြစ်တာလည်း? တစ်ခုခုမှားလို့လား?”

ဆုဟီးသူမကိုနှစ်သိမ့်ရန်အတွက်မေးလိုက်သည်။ သူမငိုထားသောမျက်ရည်များကို တစ်သျှူးဖြင့်သုတ်လိုက်သည်။

“အဟင့်, စိတ်မကောင်းပါဘူးခေါင်းဆောင်။ ကျွန်မစာရေးဆရာအို နဲ့ဆက်ပြီးအလုပ်မလုပ် နိုင်တော့ဘူး ဒါကတကယ်ကိုခက်တယ်”

ဆုဟီးအံ့ဩသွားသည်။

မြောင်ဟွန်းဒီလိုပြဿနာဖြစ်စေတာလေးကြိမ်တောင်ဖြစ်ခဲ့ပြီးဖြစ်သည်။ အခုဒီပြဿနာကလည်း စကားလုံးအချို့ဖြင့်ရှင်းနိုင်မည့်ပုံမပေါ်ပါ။

“စာရေးဆရာအိုကော အခုဘယ်မှာလည်း?”

All Chapters