← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

“ဒီလိုအမျိုးအစားတွေက ခေတ်မစားတော့ပေမယ့် စာရေးဆရာတွေက စာအရေးအသားကောင်းရင်ရောင်းရနေတုန်းပါ” ဂျယ်ဂန်းအမြန်ပြန်ဖြေလိုက်သည်။

သူ့ရဲ့ဘဝအကြောင်းကို အတန်းဖော်တွေရှေ့မှာမပြောချင်ဘူး။ ဒါပေမယ့် မြောင်ဟွန်းကစကားလမ်းကြောင်းလွဲဖို့စိတ်ကူးမရှိပုံရသည်။

“မဟုတ်ဘူး ငါတို့တခြားစာရေးဆရာအကြောင်းပြောနေတာမဟုတ်ဘူး မင်းကိုပြောနေတာ။ မင်းရဲ့စာအုပ်တွေရောင်းကောင်းမယ်လို့ မင်းထင်လား?” သူကထပ်ပြောသည်။

“ငါမသေချာဘူး စာအုပ်ဖြန့်ချီတော့မှသိမှာ”

“မင်းအနေနဲ့ စာအုပ်ကော်ပီဘယ်နအုပ်လောက်ရောင်းရမယ်ထင်လည်း? ဒါတွေက အခန်းအလိုက်ပိုက်ဆံရတာမဟုတ်ဘူးမလား? ဒါဆိုမင်း နေ့တိုင်းစာအုပ်ရေးနေရမှာပဲ။ မဟုတ်သေးဘူး အဲ့လိုဆိုရင်တောင် မင်းငွေရေးကြေးရေးပြဿနာကရှိနေဦးမှာပဲ။”

“စာရေးဆရာတစ်ယောက်ဖြစ်ဖို့ စာရေးဆရာတစ်ယောက်အနေနဲ့ငွေရှာရမယ်။ ဒါကြောင့်ပဲလူတွေက ဆင်းရဲတဲ့စာရေးဆရာတွေကိုဟာသလုပ်နေကြတာ”

-ချလွမ်းးးး

ဂျောင်ဂျင်သူ့ရဲ့သောက်ပြီးသားခွက်ကိုစားပွဲပေါ်ဆောင့်ချလိုက်သည်။

“ဟေး အိုမြောင်ဟွန်းး ငါမင်းရဲ့စကားထဲမှာဝှက်ထားတဲ့အဓိပ္ပါယ်တွေပါနေတာ ငါကြားနေရတယ်နော်”

“ဘာကို ဝှက်ထားတဲ့အဓိပ္ပါယ်လည်း?” မြောင်ဟွန်းလန့်သွားပြီး ခေါင်းခါရင်းပြန်ပြောလိုက်သည်။ သူဂျောင်ဂျင်းရဲ့မျက်လုံးတွေကတစ်ဆင့်ဒေါသလှိုင်းတွေကမြင်နေရသည်။

“မင်းမသိသလိုပြောမနေနဲ့ ငါမသောက်ခင်ထပ်သတိပေးလိုက်မယ် ဒီကလိုက်လျောညီထွေဖြစ်နေတဲ့ အခြေအနေကောင်းကိုမဖျက်စီးနဲ့” ဂျောင်ဂျင်းသူ့ကိုအော်လိုက်သည်။

မြောင်ဟွန်းရဲ့ အကျင့်ကထိုအတိုင်းသာဖြစ်သည်။ အခွင့်ရေးရတိုင်းသူ့ကိုယ်ကို ဂုဏ်ဖော်ရတာကြိုက်သည်။ မိန်းကလေးတွေအနေနဲ့တောင် သူ့ကိုနားလည်အောင်ကြိုးစားဖို့ ခက်သည်။

ဂျောင်ဂျင်အနေနဲ့ ဘာလို့မြောင်ဟွန်း ဂျယ်ဂန်းကိုတိုက်ခိုက်နေလည်းသိသည်။ ခုထိရောက်မလာသေးတဲ့ ကျောင်းနေဖက် လီဆုဟီးကြောင့် ဘောက်ချာစုတ်နေခြင်းဖြစ်သည်။

“ကောင်းပြီ ကောင်းပြီ ငါတခြားကျောင်းနေဖက်တွေကိုသွားကြည့်လိုက်ဦးမယ် ဒီလိုမျိုးဒေါသကြီးနေဖို့ မလိုအပ်ပါဘူး” မြောင်ဟွန်းမကျေမနပ် စကားလမ်းကြောင်းလွဲလိုက်သည်။

အေးတိအေးစက်အခြေအနေကိုသတိထားမိပြီး ဟိုဂျင်ကအကြောင်းအရာပြောင်းလိုက်သည်။

“ငါတို့အားလုံးစုံကြပြီမလား?”

“စုဟီးကျန်နေသေးတယ်”

ဂျယ်ဂန်းနားပင့်သွားသည်။ သူမရဲ့ လှပတဲ့အပြုံးက သူ့အတွေးထဲပေါ်လာသည်။

“ဟုတ်သားပဲ ငါသူမကိုဖုန်းဆက်ကြည့်ဦးမယ်။” မီနာသူ့ရဲ့ဖုန်းကိုထုတ်လိုက်ပေမယ့် မြောင်ဟွန်းကတားလိုက်သည်။

“မလိုပါဘူး”

“ဘာလို့လည်း?”

“သူမမီတင်ရှိလို့ နောက်ကျတဲ့အထိအလုပ်လုပ်ရမယ်ပြောတယ်”

“နင်ဘယ်လိုသိတာလည်း? နင်တို့နှစ်ယောက်ဒိတ်နေကြတာလား?” မီနာကအံ့အားတကြီးမေးလိုက်သည်။

မြောင်ဟွန်းကျယ်လောင်စွာရယ်လိုက်ပြီး “မဟုတ်ဘူး နင်သူမ အလုပ်လုပ်နေတဲ့ ဂိမ်းကုမ္ပဏီကိုသိတယ်မလာ? နက်ဇွန်မိုဘိုင်းလေ”

“အဲ့တော့?”

“အခုသူတို့ ပြိုင်ပွဲဂိမ်းတစ်ခုထုတ်ဖို့လုပ်နေတာ။ ရိုမန့်အခန်းလေးတွေပါတယ်လေ အဲ့တော့ငါ့ကို ဂိမ်းအခန်းဆွဲဖို့အတွက် အကူညီတောင်းထားတာရှိတယ်။ ငါလည်းဘယ်တတ်နိုင်မလည်း ကျောင်းနေဖက်အချင်းချင်းမျက်နှာသာပေးတဲ့အနေနဲ့ ငါလက်ခံထားတာ”

မိန်းကလေးတွေအားလုံးသူ့ကို တောက်ပတဲ့စိန်ပွင့်လိုမျိုးကြည့်လိုက်ကြသည်။

“ဒါတကယ် အံဩဖို့ကောင်းတာပဲ ဒါဆိုနင်ကအခုဂိမ်းအခန်းရေးဆွဲသူအနေနဲ့ပါလုပ်နေတာလား?”

“သူတို့နင့်ကိုပိုက်ဆံဘယ်လောက်တောင်ပေးလည်း? နက်စွန်ကနိုင်ငံရဲ့အကောင်းဆုံးတွေထဲကတစ်ခုပဲ။ စုဟီးလိုခေါင်းမာတဲ့သူတောင် နင့်ကိုမေးတာဆိုတော့ နင်ကတစ်ကယ့်ကိုထိပ်တန်းတစ်ယောက်ပဲ”

မြောင်ဟွန်းဆိုဖာပေါ်မှာ ဇိမ်ရှိရှိထိုင်လိုက်ပြီး သူရလိုက်တဲ့ အာရုံစိုက်မှုတွေအတွက် ပျော်ရွင်နေသည်။

“ဟားဟား ဒါအတွက်ငါနည်းနည်းအပြစ်ရှိသလိုခံစားရတယ်။ သူမအခုဒီမှာမရှိတာငါ့ကြောင့်ပဲမလား? ငါဒါကိုဘယ်လိုလုပ်ကျော်သွားနိုင်မှာလည်း ဒီစားပွဲကိုငါရှင်းပါရစေ မင်းတို့လိုတာရှိရင်ထပ်မှာကြပါ အားလုံးကိုငါရှင်းမယ်”

“တကယ်လား? နင်ကတကယ်ကိုလန်းတာပဲ မြောင်ဟွန်း”

“အားလုံးပဲ အောင်မြင်တဲ့စာရေးဆရာကငါတို့ကိုဒကာခံမှာတဲ့ အားလုံးအသင့်ပြင်ထားလိုက်တော့”

ဆူညံနေတဲ့ပတ်ဝန်းကျင်မှာ ဂျယ်ဂန်းဘီယာဗူးကိုဖွင့်လိုက်သည်။ သူလောင်းမထည့်ခင် အခြားလက်တစ်ဖက်က သူ့ကိုလာတားသည်။

“မင်းသောက်ဖို့ကို ကိုယ်တိုင်ထည့်နေတာလား အရူး”

“ဒါကဘာမှားလို့လည်း?”

ဂျယ်ဂန်းနဲ့ ဂျိုဂျင်းခွက်ချင်းတိုက်လိုက်သည်။ လည်ချောင်းထဲကိုဘီယာအေးအေးလေးလောင်းထည့် လိုက်ရင်း သူ ဂျိုဂျင်းကိုတိတ်တဆိတ်ပဲကျေးဇူးတင်မိသည်။ သူသာမရှိရင် ဒီအခြေအနေကိုကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။

ဂျယ်ဂန်းနဲ့ ဂျိုဂျင်းတွေ့ဆုံပွဲကနေခွဲထွက်လာလိုက်သည်။

ဂျိုဂျင်ကသူ့ကိုတိတ်ဆိတ်တဲ့ အရက်ဆိုင်တစ်ခုကိုခေါ်သွားပြီး သောက်စရာထည့်ပေးသည်။

“တိတ်ဆိတ်တဲ့နေရာမှာ သောက်ရတာက တကယ့်ကိုကောင်းတယ်”

“တောင်းပန်ပါတယ်”

“ဘာအတွက်လည်း?”

“မင်းငါ့အတွက်ဒါကိုလုပ်ပေးတယ်ဆိုတာသိပါတယ်။”

“အဓိပ္ပါယ်မရှိတာတွေမပြောစမ်းပါနဲ့ ဒါတွေအားလုံးက ဟိုအရူးကောင် မြောင်ဟွန်းကြောင့်ပဲ”

“ဒီမှာမှားနေတာဘာမှမရှိဘူး စာရေးဆရာတွေလည်းပိုက်ဆံရဖို့အတွက်ပဲ စာရေးဆရာလုပ်တာမဟုတ်လား”

“ဟေး တော်တော့ ချီးပဲ ငါအဲ့စောက်ရူးရယ်နေတာကို ကြည့်နေရတာ ရွံတာကွာ မင်းအတွက်တော့ လီဆုဟီးကြောင့်ပါ အတော်ခံစားရမှာပဲ”

ဂျယ်ဂန်းမဲ့ပြုံးပြုံးလိုက်သည်။

လီဆုဟီး

ကောင်လေးတွေအားလုံးရဲ့စိတ်ဝင်စားမှုကိုသိမ်းပိုက်ထားတဲ့မိန်းကလေး။ တခြားမိန်းကလေးတွေနဲ့လည်းအဆင်ပြေတဲ့ အမှုကျင့်ရှိတဲ့မိန်းကလေးတစ်ယောက်။ ဂျယ်ဂန်းလည်း သူမအပေါ်ခံစားချက်တွေရှိသည်။

ကျောင်းသားဘဝတုန်းက မြောင်ဟွန်းကသူမကိုဒိတ်ဖို့ပြောပေမယ့် အငြင်းခံခဲ့ရတယ် ဒါကြောင့်ပဲ သူကျောင်းကိုတစ်ပတ်လောက်တောင်မလာခဲ့ဘူး။

အဲ့ကိစ္စပြီးလအနည်းငယ်အကြာ ကျောင်းပွဲတော်မှာ စုဟီးကတစ်စုံတစ်ယောက်ကို ချဉ်းကပ်ခဲ့သတယ်။ အဲ့တစ်ယောက်က ဂျယ်ဂန်းပေါ့။ အကြောင်းရင်းကတော့ သူရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အရေးအသားတွေကြောင့်။

ဂျယ်ဂန်းအနေနဲ့ အဲ့တုန်းကလက်မခံခဲ့ဘူး။

အကြောင်းပြချက်တွေကများလွန်းသည်။ သူ့မှာပိုက်ဆံမရှိဘူး။ ကျောင်းတက်ဖို့တောင် အချိန်ပိုင်းအလုပ်တွေနဲ့ လုံးပမ်းနေရတာ အချစ်အတွက် သုံးရမယ့် ပိုက်ဆံကော အချိန်ကောပါသူ့မှာမရှိခဲ့ဘူးလေ။

မှတ်ဉာဏ်ထဲကအကြောင်းရာတွေကို ပြန်တွေးရင်း ဂျယ်ဂန်းနောက်တစ်ခွက်သောက်လိုက်သည်။

ဒါကတကယ်ကိုစိတ်ပျက်စရာပဲ ဒါပေမယ့်သူနောင်တမရပါ။

တကယ်တော့ဒါတွေကအရေးမပါပါဘူး။ သူလက်ခံခဲ့ရင်တောင်မှ ခုချိန်လောက်ဆိုသူမနဲ့ ပြတ်ပြီးနေလောက်ပြီ။ လက်ရှိမှာသူက အိမ်ငှားခပေးဖို့စိုးရိမ်နေရပြီး ဂတ်စ်ဖိုးတောင်ချွေတာနေရတဲ့ ဆင်းရဲတဲ့ စာရေးဆရာတစ်ယောက်ဖြစ်နေသည်။

-ဘီးးး!

ဂျောင်ဂျင်းရဲ့ဖုန်းကိုမက်ဆေ့ဝင်လာသည်။ သူဖွင့်ကြည့်လိုက်ပြီး ပုံကိုမြင်တော့ မျက်နှာကရှုံ့သွားသည်။

“ဝိုး”

ဟိုဂျင်းဆီကမက်ဆေ့ပို့လိုက်တာဖြစ်သည်။ ပုံထဲမှာ မြောင်ဟွန်းနဲ့ မီနာအပြင်တခြားကျောင်းနေဖက်တွေပါပါသည်။ လူတိုင်းက ပြုံးရင်းဝိုင်ခွက်ကိုကိုင်ထားကြသည်။

“စောက် ဝိုင်တွေ”

“ဝိုင်?”

“မြောင်ဟွန်းက ကောင်းတဲ့ဝိုင်ဆိုင်ကိုသိတယ် သူပေးမယ်ဆိုပြီးအားလုံးကိုခေါ်သွားတယ်လေ ဒီမိန်းမတွေက အလကားရတဲ့ဟာတွေအတွက်နဲ့သူခေါ်ရာနောက်ကို လိုက်နေကြတာပဲ”

ဂျောင်ဂျင်းကဖုန်းကို ဂျယ်ဂန်းရဲ့မျက်နှာရှေ့ပြလိုက်တယ်။ ဂျယ်ဂန်းသူ့ရဲ့လွတ်နေတဲ့ခွက်ထဲ ဘီယာထည့်လိုက်ရင်း “မင်းဟိုဂျင်းကိုစိတ်ဝင်စားနေတာလား?”

“အရမ်းသိသာနေတာလား?” ဂျောင်ဂျင်းမငြင်းပဲပြန်မေးလိုက်သည်။ သူတို့ကအတော်လေးရင်းနှီးတဲ့ဆက်ဆံရေးရှိတာပဲမဟုတ်လား။

ဂျယ်ဂန်းအပြုံးနဲ့မေးလိုက်သည် “ဘယ်တုန်းတည်းကလည်း?”

“အင်း နောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းကပဲ။ ကျောင်းမှာတုန်းကတော့သူမကသာမန်လောက်ပဲ ဒါပေမယ့်အခုသူမက ပိုပြီးလှလာတယ် သူမက အားအင်အပြည့်နဲ့ သန်မာတဲ့မိန်းကလေးတစ်ယောက်ပဲ ငါကအဲ့လိုပုံစံမျိုးကိုကြိုက်တယ်လေ”

“ဟုတ်တယ် သူမမှာကအဲ့လိုမျိုးအမှုအကျင့်နဲ့ပဲ ပြီးတော့သူမမျက်နှာကလည်းလှတယ်လေ”

“ဘာဂရုစိုက်ရမှာလည်း သူမကိုမြောင်ဟွန်းနဲ့သာပျော်ဖို့ပြောလိုက်စမ်းပါ ခုကစပြီးသူမအပေါ်ဘာမှခံစားမနေတော့ဘူး ဆက်ပဲသောက်ကြရအောင်”

-ဘီးးးး

ဒီတစ်ခေါက်တော့ဂျယ်ဂန်းရဲ့ဖုန်းဖြစ်သည်။

အယ်ဒီတာချုပ်ဆီကဖုန်းဝင်လာတာဖြစ်သည်။ ဂျယ်ဂန်မျက်နှာထားတည်လိုက်ပြီး ဂျိုဂျင်းကို “ငါဖုန်းခနသွားဖြေလိုက်ဦးမယ်”

“မြန်မြန်ပြန်လာခဲ့ဦး”

ဂျယ်ဂန်း ဆိုင်ထဲကထွက်ပြီးဖုန်းပြန်ဖြေလိုက်သည်။ “ဟယ်လို?”

“ဟယ်လို မစ္စတာဟာ မင်းရဲ့စာကြမ်းကိုငါဖတ်ပြီးပြီ ငါတို့ဖုန်းပြောဖို့အချိန်ခဏလောက်ရနိုင်မလား?”

All Chapters