အခန်း (၁၆)
Vol. 2 Ch. 16
“သူ နားတဲ့အခန်းထဲမှာ .. အဟင့် “
ဆုဟီးချက်ချင်းပဲ နားနေခန်းဆီသို့ထွက်သွားလိုက်သည်။
မြောင်ဟွန်းကြိုးပုခက်ပေါ်တွင် ထိုင်နေပြီး ကော်ဖီသောက်နေသည်။ ဆုဟီးလာနေသည်ကိုမြင်လျင် မြောင်ဟွန်းခေါင်းမော့လိုက်ပြီး အေးဆေးအနားယူနေသောလေသံဖြင့် မေးလိုက်သည်။
“ဟေး ဟေး လီဆုဟီး, အခြေအနေဘယ်လိုလည်း? နေ့လည်စာသွားမစားဘူးလား?”
“ငါနင့်ကို ရုံးမှာဆိုအဲ့လိုမခေါ်ဖို့ပြောထားတယ်မလား?”
ဆုဟီး အခြားလူများမရှိသောနားနေခန်းကိုတစ်ချက်ဝှေ့ကြည့်လိုက်ပြီး မကျေမနပ်ဖြင့်ပြန်မေးလိုက်သည်။ မြောင်ဟွန်းမတ်တပ်ရပ်လိုက်ပြီး အတည်ပေါက်လေသံဖြင့် ပြန်ဖြေလိုက်သည်။
“တောင်းပန်ပါတယ် မဒမ်။ အဖွဲ့ခေါင်းဆောင် လီ ဆု ဟီး။”
သူမသက်ပြင်ချလိုက်သည်။ ဒါကတကယ်ကိုပြင်လို့မရတဲ့ ကိုယ်ကျင့်စရိုက်ပဲ။ သူမတို့ ကျောင်းသားဘဝမှအခုထိကို ယင်းအကျင့်ကမပြောင်းလဲသေးပါ။ ခဏ ခဏ အချိန်ပိုဆင်းနေရ၍ များနေသောစိတ်ဖိအားများက ယခုမြောင်ဟွန်းရဲ့ ပုံစံကြောင့် ဒေါသအဖြစ်ပေါက်ကွဲထွက်လာသည်။
“အခုကကောဘာဖြစ်ပြန်ပြီလည်း?”
ဆုဟီးတိုက်ရိုက်မေးလိုက်သည်။
မြောင်ဟွန်းရယ်လိုက်ပြီး ပြန်ထိုင်လိုက်သည်။ သူ့လက်ထဲတွင်လုံးချေထားသော အေဖိုးစာရွက်ကိုယမ်းပြလိုက်သည်။ ဒါကဟေးမီ ရေးဆွဲထားသော ဇာတ်ကောင်ဒီဇိုင်းဖြစ်သည်။
“ဟေးမီလို့ခေါ်တဲ့ အဲ့မိန်းမက ကောလိပ်မှာတုန်းက အစားသောက်နဲ့ အဟာရမေဂျာကလို့ မင်းပြောဖူးတယ်မလား? ငါသူအလုပ်လုပ်တာကိုကြည့်ပြီးအကြံပေးချင်တာတစ်ခုရှိတယ်။ သူ့အေနနဲ့ နက်ဇွန်ကနေထွက်ပြီး အထက်တန်းကျောင်းကန်တင်းမှာ အဟာရပညာရှင်သွားလုပ်တာ ပိုမကောင်းဘူးလား?”
“ငါ့ကိုပြဿနာကဘာလဲပဲပြောပါ”
ဆုဟီးဒေါသတွေကိုကြိုစားမြိုသိပ်ရင်းပြောလိုက်သည်။ မြောင်ဟွန်းရယ်လိုက်ပြီး လက်ထဲမှစာရွက်ကို ထပ်လုံးချေလိုက်ကာ ပြန်ဖြေလိုက်သည်။
“ပြဿနာလား။ သူဒါမျိုးပဲဆွဲနိုင်တာကပြဿနာပဲ။ အစားသောက်အမျိုးစားကနေ အပြင်အဆင်ထိတစ်ခုမှမကြိုက်ဘူး။ ဂတ်စ်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့ အသက်နှစ်ဆယ်အရွယ်မိန်းကလေးက ပြိုင်ကားမောင်းတဲ့သူနဲ့တွေတယ်လား? ပြီးတော့ အချင်းချင်းချစ်ကြိုက်သွားကြတယ်ပေါ့? ဒီလိုဆွဲဆောင်မှုတွေက ကန့်သတ်ချက်တွေရှိတယ်။ ဒီလိုမျိုးအဆင့်မမှီတဲ့ဒီဇိုင်းနဲ့ ငါ့ကို ဇာတ်အိမ်ရေးခိုင်းတယ်တဲ့ …”
မြောင်ဟွန်းလက်ထဲမှာစာရွက်ကို ဆုတ်ဖြဲလိုက်ပြီးနောက် ဦးတည်ရာမဲ့ပစ်ထုတ်လိုက်သည်။ စာရွက်အပိုင်းစများက လေထဲတွင်ခဏသာဝဲသွားပြီးကြမ်းပြင်ပေါ်သို့ကျသွားသည်။
“ဒါကဒီလိုမျိုးတွေပဲဖြစ်မယ်ဆိုရင် အလုပ်ဆက်လုပ်ဖို့ခက်သွားပြီ”
“ဒါကြောင့်ငါ့ကို ပိုကောင်းတဲ့ ဒီဇိုင်းမျိုးယူလာခဲ့ပေး”
မြောင်ဟွန်းခြေချိတ်ထိုင်လိုက်ပြီးပြန်ပြောလိုက်သည်။ စုဟီး၏အကြည့်များက စက္ကန့်နှင့်အမျှ တင်းမာလာသည်။
“ပြဿနာက မင်းရဲ့အကျင့်စရိုက်မဟုတ်ပဲ ဒီဇိုင်းဆိုတာဟုတ်ရဲ့လား?”
“ဝိုး ဒါက အဖွဲ့ခေါင်းဆောင်ငါ့ကို ကိုယ်ရေးကိုယ်တာအရ တိုက်ခိုက်နေတာလား?”
“….တော်လိုက်တော့”
ဆုဟီး အစောက မြောင်ဟွန်းပစ်လိုက်သောစာရွက်အပိုင်းစများကိုပြန်ကောက်လိုက်သည်။
“ငါ့အတွက်တော့ ဟေးမီက အတော်လေးတော်တဲ့ဝန်ထမ်းတစ်ယောက်ပဲ။ သူမရဲ့ဘွဲ့နဲ့မဆိုင်ပေမယ့် သူမကအလုပ်ကြိုစားပြီး အခြားတစ်စုံတစ်ယောက်လိုလည်း ရွံဖို့ကောင်းတဲ့ အကျင့်စရိုက်မရှိဘူး။”
တစ်ချိန်လုံးပြုံးနေသော မြောင်ဟွန်း၏မျက်နှာကတင်းမာသွားသည်။ သူမက သူ့ကိုမျက်လုံးချင်းဆုံအောင်ကြည့်ပြီး ဆက်ပြောသည်။
“ကိုယ်ရေးကိုယ်တာကိုတိုက်ခိုက်တယ်လို့ပြောချင်တာလား? အဟာရ မေဂျာအကြောင်းနဲ့ အလုပ်ကထွက်ပြီး အဟာရနဲ့ပတ်သက်တဲ့ကုမ္ပဏီမှာအလုပ်ဝင်ဖို့ဘယ်သူအရင်စပြောတာလည်း? လွန်ခဲ့တဲ့ စက္ကန့်သုံးဆယ်လောက်ကပြောခဲ့တာတွေကို မေ့သွားတာတော့မဟုတ်ဘူးမလား? ဂုဏ်သိက္ခာရှိတယ်ဆိုတဲ့စာရေးဆရာဆီကနေ ရွံဖို့ကောင်းတဲ့ အောက်လုံးတွေလေ။”
“တော်လိုက်တော့ ဒါကပိုဆိုးဖို့ပဲရှိတယ် ဆုဟီး”
မြောင်ဟွန်းမျက်နှာတဖြည်းဖြည်းနီလာသည်။ ဆုဟီး ရယ်လိုက်ပြီး အခြေအနေများကို ဆက်ပြောလိုက်သည်။
“သုံးရက်အတွင်းမူကြမ်းလိုချင်တယ်။ အချိန်ဇယားအရ ငါတို့မစောင့်နေနိုင်ဘူး”
“ဒီလိုမျိုးအမှိုက်ဒီဇိုင်းတွေနဲ့ဆို ရက်သုံးဆယ်ပေးရင်တောင် ဇာတ်အိမ်ဖွဲ့နိုင်မှာမဟုတ်ဘူး”
“မင်းမလုပ်နိုင်ဘူးဆို ငါအခြားစာရေးဆရာတစ်ယောက်ရှာလိုက်မယ်”
မြောင်ဟွန်းမျက်လုံးပြူးသွားသည်။ တစ်စက္ကန့်လောက်ကြောင်သွားပြီးနောက် မျက်နှာကျက်ကိုခေါင်းမော့ကာ အားရပါးရရယ်လိုက်သည်။ ဆုဟီးက ယုံကြည်ချက်ရှိစွာပြုံး၍ သူ့ကိုအေးဆေးကြည့်နေသည်။
“မင်းကတခြားစာရေးဆရာရှာမယ်ပေါ့? သုံးရက်အတွင်းမှာ သူက ဇာတ်ကောင်သုံးယောက်ရဲ့ ဇာတ်အိမ်ကိုရေးရမယ် ပြီးတော့ အခြား အရံ ဆယ်ယောက်ရဲ့ဇာတ်အိမ်တွေကော မင်းက ဒီလိုမျိုးရေးနိုင်မယ့်လူကိုရှာတွေ့နိုင်မယ်ထင်နေတာလား? ဇာတ်လမ်းတစ်ခုလုံးကိုနားလည်ဖို့တောင် အချိန်တစ်ရက်ယူဖို့လိုသေးတယ်”
“ငါရှာရင်တွေ့လိမ့်မယ်”
“အလုပ်ကတစ်ခုပဲရှိတယ်, မင်းကသူ့ကိုဘယ်မှာသွားရှာမှာလည်း? သုံးရက်အတွင်းမှာ ငါ့လိုမျိုးအဆင့်ရှိတဲ့ စာရေးဆရာတစ်ယောက်ကို ရှာပြီး အလုပ်စာချုပ်ချုပ်မယ်ပေါ့? ဟား ဟား အဖွဲ့ခေါင်းဆောင်လီဆုဟီး, မင်းကို လောကကြီးအကြောင်းမသိတဲ့ မိန်းမငယ်လေးတစ်ယောက်လို့ ငါတကယ်မထင်ထားခဲ့မိဘူး”
“နင်ပြောစရာမရှိတော့ရင် ငါသွားတော့မယ်”
လီဆုဟီးပြန်လှည့်ထွက်လာသည်။ မြောင်ဟွန်းတင်းမာသောအကြည့်များဖြင့် သူမနောက်ကျော်ကိုကြည့်နေသည်။ ဒီနေရာက ရုံးခန်းမဟုတ်ပဲ သူ့အိမ်သာဆိုလျှင် လက်ထဲရှိသောက်လက်စ ကော်ဖီခွက်ကို ပေါက်ခွဲလိုက်ပြီဖြစ်သည်။
ဆုဟီး သူ့အလုပ်စားပွဲကိုပြန်ရောက်ပြီးနောက် ဖုန်းထုတ်ကာ ဖုန်းနံပါတ်များကိုရှာနေသည်။ သူမ ပတ်ဂျောင်ဂျင်းဖုန်းနံပါတ်ကိုတွေ့သွားသည်။ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ဖုန်းခေါ်ဆိုသည့်ခလုတ်ကိုနှိပ်လိုက်သည်။
-ဟေး, လီဆုဟီးလား? ဘာတွေဖြစ်နေတာလည်း? ထူးထူးဆန်းဆန်းငါ့ကိုတောင်ဖုန်းခေါ်လို့ပါလား?
“မတွေ့တာတောင်ကြာပြီနော် နင်ကောအဆင်ပြေရဲ့လား?”
ဂျောင်ဂျင်ကိုနှုတ်ဆက်ပြီးနောက် သူ့စားပွဲပေါ်မှစာအုပ်ကိုလက်လှမ်းလိုက်သည်။ သူ့မ၏ ပုလဲဖြူရောင်လက်ချောင်းကလေးငါးချောင်းဖြင့် စာရေးဆရာ ပျမ်ချွမ်ယု ဟူသော စာတန်းကိုထိကိုင်လိုက်သည်။
…..
“ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဒါလေးယူသွားလိုက်ပါ”
“အာ, ကျွန်တော်ဒီအအေးကိုကြိုက်တာသိတယ်လား။ တစ်ခုခုဆိုခေါ်လိုက်ပါ”
“ကောင်းပါပြီ, ဘေးကင်းတဲ့ခရီးလေးဖြစ်ပါစေ”
ပို့ဆောင်ရေးဝန်ထမ်းပြန်ထွက်သွားသည်။
ဂျယ်ဂန်း သူမရဲ့အိပ်ရာပေါ်တွင်လှဲနေသော ရီခါ့ကိုငုံ့ကြည့်လိုက်သည်။ သူ့နောက်တွင်တော့ အရည်အသွေးမြင့် လေအေးပေးစက်ရှိသည်။
ဂျယ်ဂန်းလေအေးပေးစက်ကိုညွှန်ပြရင်း
“ဒါကိုကြည့်ဦးရီခါ, ဒါကို အဲလ်ကွန်းလို့ခေါ်တာ မိုက်တယ်မလား?”
“…မြောင်?”
“အခုကဂျူလိုင်လဆိုတော့ မကြာခင်မှာ ရူးလောက်အောင်ကိုပူတော့မှာ ဒါပေမယ့်ငါတို့ စိတ်ပူစရာမလိုတော့ဘူး။ အရင်နှစ်ကလို နာရီဝက်တစ်ခါ ရေအေးနဲ့ရေချိုးစရာမလိုတော့ဘူးပေါ့။ ဒါတွေအားလုံးဘာကြောင့်လည်းလို့မင်းသိချင်တယ်မလား ဟီး ဟီး? မင်းသိချင်ရင် ငါပြောပြမှာပေါ့ ဒါက ဒီအဲကွန်းကြောင့်ပဲ”
“မြောင်? မြောင်?”
ရီခါစိတ်ရှုပ်သွားသောအမူအရာဖြင့် ခေါင်းခါကာအော်လိုက်သည်။ ဂျယ်ဂန်း ရီခါ့ရဲ့ ချစ်စရာကောင်းသောအမူအရာကြောင့် တောင်မခံနိုင်တော့ဘဲ ကောက်ဖက်လိုက်သည်။
“ငါ့မှာစိတ်ပူစရာတွေမရှိတော့ဘူး။ ခက်ခဲတဲ့အချိန်တွေပြီးသွားတဲ့နောက်မှာ အောင်မြင်မှုရဲ့အသီးအပွင့်တွေကို ခံစားရတယ်ဆိုတာဒါကိုပြောတာများလား။ အခုဆို ငါရေးချင်တဲ့စာအုပ်အမျိုးအစားတွေကို ဘာမှပူစရာမလိုပဲရေးနိုင်ပြီ”
ခေတ်သစ်အဆင့်များနှင့် သိုင်းပညာအဆင့်များစာအုပ်တို့ကြောင့် လက်ရှိသူ့လစဉ်ဝင်ငွေက ဒေါ်လာငါးသောင်းလောက်ရှိသည်။ ဟီတဲမီဒီယာမှတစ်ဆင့်ထုတ်ဝေသော ပီဂယ်လွန်ရဲ့မှော်ဆရာ စာအုပ်ကလည်းတုန့်ပြန်ချက်များအတော်လေးကောင်းမွန်ပြီး မိတ္ထုအုပ်ရေ ၁၅၀၀ ထုတ်ဝေပြီးဖြစ်သည်။ ဒါကြောင့် ဂျောင်ဂုလက်ရှိအထွေထွေမန်နေဂျာရာထူးကို ထိန်းထားနိုင်ဆဲဖြစ်သည်။
ဘီးးး!
ဂျယ်အန်ဆီမှဖုန်းဝင်လာသည်။ ဂျယ်ဂန်း ရီခါ့ကို ချပေးလိုက်ရင်း အိပ်ရာပေါ်လှဲကာ ဖုန်းပြန်ဖြေလိုက်သည်။
“ဟုတ် အမ?”
-နင်အလုပ်ရှုပ်နေလား? အမေက ဒီနေ့ညနင့်အတွက် ငါးဟင်းရည်လုပ်ကျွေးမယ်ပြောတယ်
“မနေ့ကပဲ ဘဲသားစွပ်ပြုတ်စားထားတာလေ။ ဒီနေ့ကျဘာလို့ ထပ်ပြီး ငါးစွပ်ပြုတ်လည်း။”
-စာရေးဆရာတစ်ယောက်ကသူ့ရဲ့သက်လုံကိုထိန်းသိမ်းဖို့လိုတယ်။ ပြီးတော့နင်က လေ့ကျင့်ခန်းတွေလုပ်တဲ့ပုံလည်းမပေါ်ဘူး
ဂျယ်ဂန်းလက်ရှိမှာ သူ့အမေနှင့် အမ ဆီမှ ဆက်တိုက် ညစာစားဖို့ခေါ်တာတွေကြောင့် ခံစားနေရသည်။ သူပေးခဲ့သော ဒေါ်လာသုံးသောင်းကအိမ်ငှားခပြဿနာကိုဖြေရှင်းလိုက်ပြီ ဖြစ်သောကြောင့် အိမ်တွင် ရာသီဥတုအတော်လေးကောင်းနေသည်။ (အဆင်ပြေနေတာကိုပြောတာပါ)
-ဂျယ်ဂန်း ဒီလိုလုပ်မနေပဲ အိမ်ပြန်လာခဲ့လိုက်တော့။ နင်အဲ့ဒီ့ တစ်ယောက်ခန်းပဲပါတဲ့ အိမ်မှာ ဆက်နေစရာအကြောင်းမှမရှိတော့တာ
ဂျယ်ဂန်းပြန်မဖြေပဲ ဖုန်းကိုင်ထားရင်းအခြားတစ်နေရာသို့ကြည့်လိုက်သည်။ သူနှင့် သူ၏အဖေကြားက ဆက်ဆံရေးက အတော်လေးဆိုးရွားသည်။ သူ့အနေဖြင့် ရလာဒ်ကောင်းများရရှိနေသည်တောင်မှ ချီးကျူးမှုအနည်းငယ်မပြောနှင့် မည်သည့် တုံ့ပြန်မှုမှလည်းမရရှိပါ။
နောက်ထပ် အရေးကြီးသောပြဿနာတစ်ခုလည်းရှိနေသေးသည်။
ဂျယ်ဂန်းဒီအခန်းမှထွက်မသွားချင်ပါ။ အတိအကျဆိုလျင် သူဒီနေရာမှအခြားကိုပြောင်းရွှေ့ချင်စိတ်မရှိပေ။ အကြောင်းပြချက်ရေရေရာရာမရှိသော်လည်း ဒီနေရာက စာရေးဆရာတစ်ယောက်အနေဖြင့် သူ့ဘဝကို ပြောင်းလဲစေခဲ့သောနေရာဖြစ်သည်။
“အခြားဖုန်းဝင်လာလို့။ ငါပြန်ခေါ်လိုက်မယ်’
-မြန်မြန်လုပ်
ဂျယ်ဂန်းသူ့အမဆီမှဖုန်းကိုချလိုက်ပြီး အသစ်ဝင်လာသောဖုန်းခေါ်ဆိုမှုကို ကိုင်လိုက်သည်။
“ဘာဖြစ်လို့လည်း?”
-မင်းဖုန်းကောမရဘူး?
“အစမရှိအဆုံးမရှိ ဘယ်ကဖုန်းကောလည်း?”
-အာ, မခေါ်ရသေးဘူးလား။ ကြည့်ရတာအလျင်လိုနေတယ်ထင်တာကို။ ဆုဟီးဖုန်းခေါ်ပြီး မင်းရဲ့ဖုန်းနံပါတ်နဲ့ နေတဲ့နေရာမေးသွားလို့ ငါပြောလိုက်တယ်။ အဆင်ပြေတယ်မလား?
“ဆုဟီး…? ဘာအတွက်လည်းသိလား?”
-မသိဘူး။ ဒါပေမယ့်သူမ မင်းကိုမေးစရာတစ်ခုခုရှိတယ်လို့ခံစားရလို့ ပေးလိုက်တာ။ ပြီးတော့ ငါတို့ အားလုံးတွေ့တုန်းက မြောင်ဟွန်းပြောတာရှိတယ်လေ။ သူက ဆုဟီးအလုပ်လုပ်နေတဲ့ နက်ဇွန်ကုမ္ပဏီအတွက် ဇာတ်လမ်းဖွဲ့ပေးနေရတာ။ ကြည့်ရတာ သူမက မြောင်ဟွန်းကြောင့် အတော်လေးစိတ်ညစ်နေရပြီး မင်းကိုအလုပ်ကိစ္စမေးချင်နေတာထင်တယ်။
“မဖြစ်နိုင်ပါဘူး”
-ယုံကြည်မှုရှိစမ်းပါ။ မင်းစာအုပ်တွေကအခု ရောင်းအားကောင်းနေပြီ။ ဒါနဲ့ ညကျရင်ငါ့ကိုခေါ်ဦး နေ့လည်စာစားချိန်သိပ်မကျန်တော့ဘူး။ အခုဆေးလိပ်သွားသောက်ဖို့လိုနေပြီ။
“ကောင်းပြီ။ ခေါ်လိုက်မယ်”
ဂျယ်ဂန်းအိပ်ရာပေါ်လှဲချင်းရင်း မျက်နှာကျက်ကို မယုံကြည်နိုင်စွာကြည့်နေသည်။
လီဆုဟီး….
သူ့တွင်အာမခံချက်ကော အခြားပါ ဘာမှမရှိသော ကောလိပ်ကျောင်းသားဘဝတွင် အနာဂတ်က မရေရာသောကြောင့် လက်လွတ်ခဲ့ရသော အချစ်ဦး။ လက်ရှိတွင် သူမသူ့ကို ဘာကြောင့်ရှာနေမှန်း သူမတွေးနိုင်ပါ။
ဘီးးး!
ဂျယ်ဂန်း ဖုန်းသံကြောင့်အံဩသွားပြီး ထိုင်လိုက်သည်။ ဖုန်းမျက်နှာပြင်တွင် နာမည်မမှတ်ထားသောနံပါတ်တစ်ခုကိုမြင်လိုက်ရသည်။ သူ၏ပြတင်းပေါက်အပြင်ဘက်တွင်လည်း အင်ဂျင်သံတစ်ခုက တစ်ဖြည်းဖြည်းကျယ်လောင်လာသည်။