အခန်း (၁၇)
Vol. 2 Ch. 17
ဂျယ်းဂန်း ရှုပ်ထွေးသောလေသံဖြင့် ဖုန်းပြန်ဖြေလိုက်သည်။
“ဟယ်လို?”
-ဂျယ်ဂန်းလား?
ရင်းနှီးနေသောလေသံက သူ၏စိတ်ထဲတွင် ပုံရိပ်တစ်ခုအဖြစ်ထွက်ပေါ်လာသည်။ သူ၏အရှေ့တွင် ပြုံးပြနေသော မိန်းမလှလေးကိုသူမြင်နေရသည်။
-ငါဆုဟီးပါ။ လီဆုဟီးလေ။ ရုတ်တရက်ကြီးခေါ်လိုက်ရတာ အားနာပါတယ်။ နင်အဆင်ပြေတယ်မလား?
ကားအင်ဂျင်စက်သံရပ်တန့်သွားသည်။
ဂျယ်ဂန်းပြတင်းပေါက်ဆီသို့ လျောက်သွားလိုက်သည်။ လမ်းတစ်ဘက်တွင် အဖြူရောင်ကားတစ်စီးက ရပ်နေသည်။ သူနှင့် မီတာအနည်းငယ်ကွာဝေးသော်လည်း ကားမောင်းလာသောသူက မည်သူမှန်းသူသိနေသည်။
-ဟယ်လို? ဂျယ်ဂန်း?
“ဆောရီး, ငါနားထောင်နေတာ , ငါအဆင်ပြေပါတယ် နင်ကော?”
-အဆင်ပြေပါတယ်။
အချိန်အတော်ကြာအဆက်သွယ်ပြတ်ပြီးနောက် အခုစကားပြောရတာက မူလတန်းတုန်းက စကားပြောအတန်းတက်ရသည်နှင့်ဆင်တူသည်။
“ငါဂျောင်ဂျင်းဆီက နင့်ဖုန်းနံပါတ်ကိုတောင်းလိုက်တာ”
“အင်း, ငါသိတယ်”
-ငါကျောင်းသားဟောင်းတွေ့ဆုံပွဲကိုမလာဖြစ်လိုက်တာ စိတ်မကောင်းပါဘူး။ ငါနင်စာဆက်ရေးနေတုန်းပဲလို့ကြားတယ်။ တကယ်ကိုအလုပ်ကောင်းပဲ။
“မဟုတ်တာ။ အဲ့တာကလွဲလို့တစ်ခြားဘာမှမလုပ်တတ်လို့ပါ”
-နင်အလုပ်ရှုပ်နေလား? ငါတို့ခဏလောက်တွေ့ကြရအောင်?
ဂျယ်ဂန်းလက်ခံရန်ပြင်နေစဉ် ဆုဟီးဆီမှနောက်ထပ်စကားများကြားလိုက်ရသည်။
-ငါနင့်ကိုအလုပ်ကြောင့်အဆက်သွယ်လုပ်လိုက်တာ။ ငါနည်းနည်းအလျင်လိုနေလို့ နင့်အိမ်နားကိုလာပြီးစောင့်နေတာ”
ဂျယ်ဂန်းပြုံးလိုက်သည်။
သူမကအခုထိမပြောင်းလဲသေးပါ။ သူမကအမြဲ စကားကြားကောင်းအောင်ဘယ်လိုပြောရမလည်းမသိပဲ တည်းတိုးဆန်နေတုန်းဖြစ်သည်။
-ဆောရီး ငါနည်းနည်းအလျင်လိုသွားတယ်
“ရပါတယ်။လမ်းရဲ့အဆုံးမှာ လိမ္မော်ရောင်လေးထပ်တိုက်ကိုတွေ့လား?”
-လေးထပ်တိုက်လား ကောင်းပြီ ငါတွေ့တယ် နင်ကအဲ့မှာလား?
“အင်း နှစ်လွှာမှာ.. ခဏ”
ဂျယ်ဂန်းမှန်ကိုကြည့်လိုက်ပြီး လန့်သွားသည်။ အဲကွန်းကြောင့် သူခုထိရေချိုး သန့်ရှင်းရေးမလုပ်ရသေးပါ။
သူ့ဆံပင်များကဖွာကြဲနေပြီး မုတ်ဆိတ်များကလည်းရှည်နေသည်။
“ဆုဟီး ဆောရီးဟာ အိမ်ရှေ့မှာ ငါ့ကိုခဏလောက်စောင့်ပေးမလား ငါးမိနစ်လောက်ပဲ။ ငါအဲ့လာခဲ့မယ်”
-အေးဆေးလုပ်။
ဂျယ်ဂန်း ရေချိုးခန်းကိုပြေးသွားသည်။
မုတ်ဆိတ်ရိတ်ပြီးနောက် ခေါင်းကိုလက်တစ်ဘက်ဖြင့်အမြန်လျော်လိုက်ပြီး ကျန်လက်က သွားတိုက်နေသည်။ ရေသုတ်ပြီးနောက် အချိန်က ငါးမိနစ်ကွက်တိပြည့်သွားသည်။
“နင်ပြီးပြီလား?”
ဆုဟီး ကားပါကင်ရှေ့မှပြုံးပြလိုက်သည်။
ဂျယ်ဂန်း လှေကားမှ ခေါင်းမှရေများကိုလက်ဖြင့်ခါရင်းဆင်းလာသည်။
“နင်ကဘာမှမပြောင်းလဲသွားဘူးပဲ။ ဒါကဘယ်နှနှစ်တောင်ကြာပြီလည်း?”
“ငါမမှတ်မိတော့ဘူး။ ဝင်ခဲ့ပါ။”
“ကျေးဇူး”
ဆုဟီး ဂျယ်းဂန်း၏တိုက်ခန်းထဲသို့လိုက်ဝင်သွားသည်။
အခန်းလယ်တွင်ရပ်နေသော ဆုဟီးကို ဂျယ်ဂန်းမေးလိုက်သည်။
“ပူလို့ရှိရင် ပြတင်းပေါက်ပိတ်ပြီး အဲကွန်းဖွင့်ပေးရမလား?”
“အဆင်ပြေပါတယ် မလိုပါဘူး။ အိုး နင်ကြောင်မွေးထားတာပဲ”
ကြောင်အိမ်ဖြင့်ဆော့နေသော ရီခါကို ဆုဟီးမြင်သွားပြီး ပျော်ရွင်သောမျက်နှာထားဖြစ်သွားသည်။
ရီခါဆုဟီး၏မျက်နှာကိုကြည့်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ အပျင်းကျောဆန့်ပြလိုက်သည်။
“ချစ်ဖို့ကောင်းလိုက်တာ…သူ့နာမည်ကဘာတဲ့လဲ?”
“ရီခါ.”
ဆုဟီး ရီခါ့လည်ပင်းကိုဂရုတစိုက်ထိလိုက်သည်။ ရီခါကသူမ သူ့ကိုထိသည်ကိုမငြင်းပဲငြိမ်နေသည်။ ဆုဟီးဘေးဘက်ကိုတစ်ချက်ဝေ့ကြည့်ပြီးပြောလိုက်သည်။
“နင့်ရဲ့အခန်းကိုကြည့်ပြီး နင့်စရိုက်ကိုငါပြောနိုင်သည်။”
“အကျင့်စရိုက်လား?”
“နင်အတွက်က အသက်ရှင်ဖို့လိုအပ်တဲ့ပစ္စည်းတွေပဲလိုအပ်တယ်။ ဒါကကျောင်းတုန်းက နင့်ကျောပိုးအိတ်နဲ့တောင်တူးသေးတယ်။”
ဆုဟီး ဂျယ်ဂန်းနှင့်အကြည့်ချင်းဆုံသွားပြီး ရယ်လိုက်သည်။ ဂျယ်ဂန်းလိုက်ရယ်သည်။ သူရဲ့နှလုံးက ဘောင်ဘင်ခတ်နေသည်။ ဆုဟီးရှိနေခြင်းက အခန်းကိုပိုပြီး အသက်ဝင်လာသလိုခံစားရသည်။
“ဟုတ်သား အလုပ်အကြောင်းဆိုတာက?”
“အာ, ငါမေ့တော့မလို့”
ရီခါ့ကိုကိုင်ထားသောလက်များကိုဖယ်လိုက်ပြီး သူမ၏ဘေးအိတ်ထဲမှစာရွက်အချို့ကိုထုတ်လိုက်သည်။
“ဒါက ငါတို့ကုမ္ပဏီက ဖန်တီးနေတဲ့ဂိမ်းပဲ။ ဒါကပြိုင်ပွဲဂိမ်းအမျိုးအစားဖြစ်ပြီး ချိန်းတွေ့တဲ့ ရိုမန့်ခန်းအချို့လည်းပါတယ်။ ငါ ဒီမိန်းကလေးဇာတ်ကောင်အတွက် ဇာတ်အိမ်ဖွဲ့ပေးနိုင်မယ့် စာရေးဆရာလိုနေလို့။”
“ဟမ်..”
ဂျယ်ဂန်း ဆုဟီးဆီမှစာရွက်ကိုသေချာဖတ်နေသည်။
ဆုဟီးစိတ်ပူပြီး လည်ချောင်းများတောင် ခြောက်နေသည်။ မြောင်ဟွန်းခဲ့သို့ သူသည်လည်း သူမကိုလှောင်ရယ်မှာ စိတ်ပူမိသည်။
“ဟ . “
သူမတွေးနေတုန်း ဂျယ်ဂန်းရယ်လိုက်သည်။
ဆုဟီး မျက်နှာဖြူဖြော့သွားပြီးမေးလိုက်သည်။
“ဘာလို့ရယ်တာလဲ?”
“ဒါကရယ်ရလို့လေ”
“ဘယ်ဟာက?”
စာရွက်ကိုသေချာဖတ်နေဆဲဖြစ်သောဂျယ်ဂန်းက ရယ်ရင်းပြန်ဖြေလိုက်သည်။
“ဂတ်ဆိုင်မှာအလုပ်လုပ်နေတဲ့ကောင်မလေးက ပြိုင်ပွဲဝင်တစ်ယောက်နဲ့တွေ့ပြီး ချစ်ကြိုက်သွားတာက တကယ်ရယ်ရတယ်။ ဒါကကောင်းပါတယ် ဘာလို့ဆို တကယ်ဖြစ်နိုင်တယ်လေ။ ဒါကလူတွေအတွက်လည်း အကြောင်းသင့်တယ်”
“ငါ သိပြီ”
ဆုဟီးသက်ပြင်းချနိုင်သွားသည်။ ဂျယ်ဂန်းရယ်တာက အကောင်းဘက်မှဖြစ်သည်။
“နောက်ထပ်ဇာတ်ကောင် ချဆယ်လင်ကလည်းအတော်လေးကောင်းတာပဲ။ ဒါပေါ့ ဆောက်လုပ်ရေးဆိုဒ်မှာလုပ်တဲ့ကောင်မလေးဆိုတာက တကယ့်ဘဝမှာတော့မဖြစ်နိုင်ပေမယ့် ဒါကဂိမ်းပဲလေ။ နင်တို့သာ ဆောက်လုပ်ရေးဆိုဒ်ကိုအသေးစိတ်ပုံဖော်နိုင်ရင် ဒါကဇာတ်သွားကိုဆွဲ ခေါ်သွားဖို့လုံလောက်တယ်။ ဟေး ဒါကတကယ်ကိုကောင်းတာပဲ။ နင်လုပ်ထားတာလား?”
ဂျယ်ဂန်း စာရွက်မှအကြည့်မခွာသေးပဲမေးလိုက်သည်။
ဆုဟီး ဂျယ်ဂန်းကိုကြည့်ရင်းအတွေးထဲနစ်မြောသွားသည်။ အတိတ်က ဂျယ်ဂန်းနှင့် လက်ရှိဂျယ်ဂန်းက မခြားနားကြပါ။ သူတို့နှစ်ယောက်က ထပ်တူကျသွားကြသည်။
အတိတ်တုန်းကလည်းယင်းသို့သာဖြစ်သည်။
သူစာဖတ်နေချိန်တွေင် အခြားအတွေးများမည်သည်မျှမရှိပါ။
သူခေါက်ဆွဲခြောက်ဗူးထဲသို့ရေနွေးလောင်းထည့်လိုက်ပြီး စာအုပ်စဖတ်လိုက်သည်။ပြီးတော့ သူအမြဲလိုလို ခေါက်ဆွဲပွပြီး ရေနွေးများအေးသွားမှသာစားလေ့ရှိသည်။ (စာအုပ်ဖတ်နေလို့ ခေါက်ဆွဲပါမေ့)
“ငါဖတ်ကြည့်ပြီးပြီ”
ဂျယ်ဂန်းခေါင်းကိုသူမဘက်သို့လှည့်လိုက်သည်။
ဆုဟီးတံတွေးမြိုချပြီး မေးလိုက်သည်။
“ဘယ်လိုလည်း? နင်လုပ်နိုင်လား?”
ဂျယ်ဂန်း “ဘာလို့ငါလဲ” လို့မေးချင်ပေမယ့်ရပ်လိုက်သည်။
အရေးပါတာက ဆုဟီးကသူ့ကို စာရေးဆရာတစ်ယောက်အဖြစ်ကော လူသားတစ်ယောက်အဖြစ်ပါ အသိမှတ်ပြုထားသည်။ ဒါကြောင့်သူဆုံးဖြတ်ချက်ချကာ သူ့ခေါင်းကိုညိတ်ပြလိုက်သည်။
“ငါကြိုးစားလိုက်မယ်။ ငါဂတ်စ်ဆိုင်မှာကော ဆောက်လုပ်ရေးဆိုဒ်မှာပါအလုပ်လုပ်ဖူးတယ်။ ငါ့အနေနဲ့ တကယ်ကိုရယ်ရတာမျိုးတွေကိုရေးနိုင်မှာပါ။”
ဆုဟီး သူပြောတာကြားသည်နှင့် မျက်နှာတောက်ပသွားသည်။
“ကျေးဇူးပါ။ စာချုပ်ကလည်းမျှတပါတယ်။ ဂိမ်းထုတ်ပြီး ဝယ်လိုအားက တစ်ရာ့ငါးဆယ်ရာခိုင်နှုန်းကိုရောက်တာနဲ့ တစ်စိတ်တစ်ပိုင်ခံစားခွင့်ရပြီးတော့ … “
“ဒါကအဆင်ပြေပါတယ်”
ဂျယ်ဂန်းသူမကို ရယ်ရင်း လက်ကာပြလိုက်သည်။
“နင် ငါ့အတွက်ဂရုစိုက်ပေးမယ်ဆိုတာသိပါတယ်”
“ကောင်းပြီ”
“ငါဘယ်တော့လောက်စလုပ်ပေးရမလည်း?”
“ဒါကလည်းပြဿနာတစ်ခုပဲ, နင်သုံးရက်အတွင်းပြီးနိုင်လား? ငါနင့်ကိုမပြပေးရသေးပေမယ့် နင့်အနေနဲ့ ဂိမ်းနဲ့ပတ်သက်တဲ့ ဇာတ်ကြောင်းကိုလည်းနားလည်ဖို့လိုသေးတယ် နောက်ထပ် အချိန်ကလည်းအတော်လေးကြပ်နေပြီ”
“သုံးရက်လား, ငါလုပ်လိုက်မယ်”
ဂျယ်ဂန်း ယုံကြည်ချက်ရှိရှိပြောလိုက်သည်။
သူ့တွင် တစ်နာရီကို စာလုံးရေတစ်သောင်းရေးနိုင်စွမ်းရှိသည်။ နှစ်ရက်အတွင်းမှာ အခြားလုပ်စရာက ကြယ်ပွင့်စာပေကို ခေတ်သစ်အဆင့်များ စာအုပ်ရဲ့ ခြောက်အုပ်မြောက်ကို ပို့ပေးဖို့သာရှိသည်။ ထို့ကြောင့် သူအရမ်းအလုပ်ရှုပ်မနေပါ။
“ငါမြန်မြန်လုပ်လိုက်မယ်”
“ကျေးဇူး။ ဒါဆိုငါသွားလိုက်ဦးမယ်။ ငါတစ်ခြားလုပ်စရာလေးတွေလည်းရှိသေးလို့။”
ဆုဟီးသူမအိတ်ကိုယူကာ မတ်တပ်ထလိုက်သည်။ သူတို့ဆွေးနွေးစရာတွေအများကြီး ရှိနေသေးသော်လည်း စောင့်ရဦးမည်ဖြစ်သည်။ သူမ ရီခါကို တစ်ကြိမ်ထပ်ပွတ်လိုက်ပြီး တံခါးရှေ့သို့သွားကာ ဖိနပ်ဝတ်လိုက်သည်။
“အဆင်ပြေတဲ့အချိန်ငါ့ကိုဖုန်းခေါ်လို့ရတယ်။ ပြီးတော့ တစ်ရက်ရက် ညစာအတူစားကြတာပေါ့”
“ကောင်းပြီ။ ဂရုစိုက်သွားဦး”
ဂျယ်ဂန်းသူမကိုနှုတ်ဆက်ပြီးနောက် လက်တော့ရှေ့သို့ပြန်ထိုင်လိုက်သည်။ ရီခါသူ့ခြေထောက်များပေါ်သို့ခုန်တက်လာပြီး နေရာယူလိုက်သည်။
“ဆုဟီးကချစ်စရာလေးမလား?”
“မြောင်..!”
“ဒါကတကယ်ကိုတိုက်ခိုက်တာပဲ နာတယ်ဟ။ ကောင်းပြီး မင်းကချစ်ဖို့အကောင်းဆုံးပဲ ဆုဟီးကနေ့မင်းနောက်မှာပေါ့ အဆင်ပြေတယ်မလား?”
ရီခါသူ့ကို ခေါင်းဖြင့်ပွတ်သပ်ရင်း အစွမ်းကုန်ချစ်စဖွယ်လုပ်နေသည်။
သုံးနာရီကြာပြီးနောက် …
ဆုဟီးသူမဖုန်းကိုထုတ်လိုက်သည်။ သူမနားနေခန်းထဲတွင်ထိုင်ရင်းကော်ဖီသောက်ကာ အနားယူနေတုန်း မက်ဆေ့တစ်စောင်ဝင်လာသောကြောင့်ဖြစ်သည်။
- ငါ အိုဆူမင် နဲ့ ချဆယ်လင် တို့ရဲ့ဇာတ်ကောင်အတွက် ဇာတ်အိမ်တွေပို့လိုက်ပြီ။ စစ်ကြည့်ပြီး မက်ဆေ့ပြန်ပို့ပေးပါ။
ဆုဟီး မျက်လုံးပြူးသွားပြီး နာရီကိုကြည့်လိုက်သည်။ သုံးနာရီသာကြာသေးပြီး ဇာတ်အိမ်အကြမ်းထည်တွေကပြီးသွားပြီလား? ဒါကမဖြစ်နိုင်တာပဲ။
“ဒါကတကယ်ကိုထူးဆန်းတယ်။ ငါသူ့ကိုရှင်းပြတာတစ်ခုခုများလိုသွားလို့ သူတလွဲတွေများရေးပြီးပို့လိုက်တာများလား?”
သူမအနေဖြင့်မူကြမ်းကို ယနေ့အတွင်းရမည်ဟုမျော်လင့်မထားခဲ့ပါ။ အရမ်းမြန်မယ်ဆိုရင်တောင် အနည်းဆုံး တစ်ရက်လောက်ကြာမည်ဟုမျော်လင့်ထားသည်။ ဆုဟီး လက်တော့ရှိရာသို့လမ်းလျောက်သွားသည်။
“ငါတကယ်ကို မယုံနိုင်ဘူး…. !”
ဆုဟီး ဖိုင်တွဲကိုဖွင့်ကြည့်ကာ ရှော့ရသွားသည်။ သူမပါးစပ်အဟောင်းသားငေးနေမိသည်။
ဇာတ်အိမ်မူကြမ်းတွင် စာလုံးရေ ၃,၂၀၀၀ ရှိသည်။ စကားလုံးအမှားများမရှိပဲ ဂျယ်ဂန်းရဲ့ စာရေးတဲ့ပုံက တိကျကာစကားလုံးအနည်းငယ်ဖြင့် ဇာတ်ကောင်နှစ်ယောက်၏ ဇာတ်အိမ်အခြေအနေများကို တိကျကောင်းမွန်စွာဖော်ပြထားသည်။
ဆုဟီးစိတ်ငြိမ်အောင်ထိန်းလိုက်သည်။ ထို့နောက် စာမူကြမ်းကို အစအဆုံးဖတ်ကြည့်သည်။ ထို့နောက် စာကြမ်းဖိုင်ကို မိတ္ထူကူးစက်ဖြင့်ထုတ်လိုက်ကာ အဖွဲ့သားများကိုပေးလိုက်သည်။
“ဒါက အိုဆူမင်နဲ့ ချဆယ်လင်တို့ရဲ့ ဇာတ်ကောင်တွေအတွက် ဇာတ်အိမ်ပဲ။ ဖတ်ကြည့်ပြီး ဝေဖန်ပေးကြဦး”
“ဝိုး, ဒါကတကယ်မိုက်တယ်”
ပထမဆုံးပြောလိုက်သူက စာဖတ်တာမြန်သောဝန်ထမ်း, ဟေမီ ဖြစ်သည်။
“ဇာတ်ကောင်ကလေးနက်ပြီး ဇာတ်ကြောင်းကလည်းတကယ်ကိုကောင်းတယ်”
ခဏကြာပြီးနောက် အခြားဝန်ထမ်းတစ်ဦးကပြောသည်။
“ကျွန်တော်ထင်တာတော့ ဇာတ်အိမ်က မစ်ရှင်ပွိုင့်တွေကိုလည်းစိတ်ထဲရောက်စေတယ်။ ဒါကတကယ်ကိုတစ်မူထူးခြားတာပဲ ဂိမ်းဇာတ်လမ်းနဲ့ ဇာတ်အိမ်က ကွက်တိပေါင်းလို့ရတယ်”
“စာရေးဆရာအို့ ထူးဆန်းတာတစ်ခုခုများဖြစ်သွားသလား? သူဒီလောက် ကောင်းကောင်းရေးနိုင်မယ် မထင်ထားခဲ့ဘူး။ သူအရင်တည်းကဒီလိုသာလုပ်ခဲ့မယ်ဆိုရင် အဖွဲ့ဝင်တွေသိပ်ပြီးအဆူခံရမှာမဟုတ်ဘူး”
ဆုဟီးပြန်မဖြေပဲပြုံးသာပြုံးနေလိုက်သည်။ ဒါကသေချာသွားပြီ။ ယခုထိုအရာက သူမတစ်ယောက်တည်းရဲ့ စာရေးပုံအပေါ်ရွေးချယ်မှုမဟုတ်တော့ပေ။
ထိုအချိန်မှာပဲ မြောင်ဟွန်းဖုန်းခေါ်လာသည်။ ‘သူကဘယ်တော့မှလူကြီးလူကောင်းဆန်မှာမဟုတ်ဘူး’ ဟုတွေးလိုက်ပြီး ဖုန်းကိုင်လိုက်သည်။
“ဟယ်လို”
-ငါအစောကနည်းနည်းဒေါသကြီးသွားတယ်။ ငါအိုဆူမင်းအတွက်ဇာတ်အိမ်ကိုချိန်းထားတယ်။ သူမရဲ့အလုပ်ကို မိသားစုစားသောက်ဆိုင်လုပ်ငန်းအဖြစ်ပြောင်းလိုက်ပြီ။ မင်းရဲ့မေးလ်ထဲကို ပို့ထားပြီးပြီ စစ်ကြည့်ပေးဦး။ ဒီလိုမျိုးနိမ့်ကျတဲ့အဆင့်မျိုးထိရေးရတာ ငါ့အတွက်တကယ်ကိုခက်တယ်။ မင်းသာဒါကိုလက်မခံဘူးဆိုရင် ငါ့မှာတခြားပြောစရာမရှိတော့ဘူး။ နောက်ထပ်စာရေးဆရာပဲရှာလိုက်ပါ။
ဒီအချိန်မှလား?
မြောင်ဟွန်း၏အသံက အရင်နေ့များထက်တောင်ပိုပြီး မောက်မာနေသည်။
ဆုံးဖြတ်ချက်ချရန်အတွက် အချိန်အများကြီးမယူလိုက်ရပါ။ ဆုဟီးစိတ်ကိုတင်းလိုက်ပြီး မေးလိုက်သည်။
“မင်းရဲ့ဘဏ်အကောင့်နံပါတ်ပြောပြနိုင်မလား?”
-ဘဏ်နံပါတ်လား? ဟားဟား, ဒါကဘာလည်း? ငါ့အတွက်စာချုပ်ပိုက်ဆံမလိုသေးဘူး။ ငါက ဘဝကိုအဲ့လိုနေစရာမလိုဘူး။ စာကြမ်းဖိုင်ကိုသာဖတ်လိုက်ပါ။
“မဟုတ်ဘူး, ငါတို့မင်းကိုနောက်ဆုံးပေးချေမှုပြုလုပ်ပေးချင်လို့ပါ။”
-နောက်ဆုံး…ပေးချေမှု?
မြောင်ဟန်းရယ်နေရင်းအသံပျောက်သွားသည်။
ဆူဟီး နောက်ထပ်ဇာတ်ကောင်ဒီဇိုင်းကိုရှာလိုက်ပြီး ဂျယ်ဂန်းဆီသို့ပို့လိုက်ပြီးနောက် ဖုန်းဆက်ပြောလိုက်သည်။
“နက်ဇွန်က စာရေးဆရာ အိုမြောင်ဟွန်းရဲ့ စာချုပ်ကိုဖျက်သိမ်းတော့မှာဖြစ်တယ်။ ကျွန်မတို့အနေနဲ့ စာချုပ်အရ ရှင့်ရဲ့ပိုက်ဆံကိုပေးသွားမှာပါ။ ရှင်အနေနဲ့ ရုံးကိုလာတယ်ဆိုရင်တောင် ရှင်ကပုံမှန်ဝန်ထမ်းတစ်ယောက်မဟုတ်ပါဘူးပြီးတော့ ဒါကလူတိုင်းကို အနှောင့်အယှက် ဖြစ်စေတယ်။”
“ဆု, ဆုဟီး? နင်ဘာတွေပြောနေတာလည်း..”
“ကျွန်မအလုပ်ရှုပ်နေလို့ ဖုန်းချလိုက်ပြီ။ ကျွန်မကို ဘဏ်နံပါတ်ပို့ပေးထားပါ။”
ဘိ!
ဆုဟီးဖုန်းချလိုက်သည်။ ဖုန်းခေါ်ဆိုမှုနောက်တစ်ကြိမ်ထပ်ဝင်လာသောအခါ သူမဖုန်းကိုအလုပ်စားပွဲထက်သို့မှောက်လိုက်သည်။ အခြားဝန်ထမ်းများက အချိန်အတော်ကြာ ပျောက်ဆုံးနေသော အားအင်များကိုပြန်လည်တွေ့ရှိသွားပြီး သူတို့နှင့်သက်ဆိုင်ရာအလုပ်များကိုလုပ်ရန် ထွက်သွားကြသည်။